Thursday, December 28, 2017

အပိုင်း (၁၀) - အလုပ်သမားအဖွဲ့အစည်းနှင့်အလုပ်ရှင်အဖွဲ့အစည်းများ


 သတ်မှတ်ထားသည့် အသက်ပြည့်/အရွယ်ရောက်ပြီးသူ အလုပ်သမားတိုင်းသည်
• အလုပ်သမားအဖွဲ့အစည်းတွင် ၄င်းတို့၏ဆန္ဒအလျှောက်ပါဝင်ခွင့်/နှုတ်ထွက်ခွင့်ရှိသည်။
• အလုပ်သမားများသည် ၄င်းတို့လုပ်ကိုင်နေသည့် လုပ်ငန်းကဏ္ဍတွင် အနည်းဆုံး အလုပ်သမားအဖွဲ့အစည်းတစ်ခုတွင် ပါဝင်နိုင်သည်။
• အခြေခံအလုပ်သမားအဖွဲ့အစည်းကို သက်ဆိုင်ရာကဏ္ဍတွင် အနည်းဆုံးအလုပ်သမားဦးရေ (၃၀)ရှိပါကဖွဲ့စည်းနိုင်သည်။
• အလုပ်သမားအဖွဲ့အစည်းတစ်ရပ်ကိုဖွဲ့စည်းရာတွင် စုစုပေါင်းအလုပ်သမားဦးရေး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကထောက်ခံရမည်။
• (မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီး၊ အဖွဲ့ချုပ်၊ အလုပ်သမားရေးရာအဖွဲ့) အလုပ်သမားအဖွဲ့အစည်းများကိုဖွဲ့စည်းနိုင်သည်။
 “အလုပ်ရှင်” အဖွဲ့အစည်းများကိုလည်း ယှဉ်ပြိုင်အဖွဲ့အစည်းများနည်းတူ ယှဉ်ပြိုင်ဖွဲ့စည်းနိုင်ခွင့်ရှိသည်။
• အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်နှင့်ညှိနှိုင်းဆွေးနွေးနိုင်သည်။ ညှိနှိုင်းဆွေးနွေးမှုမအောင်မြင်ခဲ့ပါက တောင်းဆုမှုပြုနိုင်သည်။
• အလုပ်သမားအဖွဲ့အစည်းအနေဖြင့် ဥပဒေနှင့်အညီတောင်းဆိုမှုများကို လွတ်လပ်စွာဖော်ထုတ်နိုင်သည်။
• မိမိ၏တောင်းဆိုချက်များအတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ ဖျန်ဖြေခြင်း၊ ခုံသမာဓိနည်းလမ်းအရ အဆုံးအဖြတ်ခံယူခြင်း စသဖြင့်အဆင့်ဆင့်လုပ်ဆောင်ပြီးနောက် အလုပ်သမားအဖွဲ့ချုပ်၏ သဘောတူခွင့်ပြုချက်ဖြင့် သပိတ်မှောက်ဆန္ဒပြနိုင်သည်။ အလုပ်ရှင်မှာလည်း အလုပ်ကိုပိတ်ပစ်နိုင်သည်။
• အလုပ်ရှင်များသည် အလုပ်သမားတစ်ဦးကို အလုပ်သမားအဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ပါဝင်မှုကြောင့်ဖြစ်စေ၊ သပိတ်မှောက်ရာတွင် ပါဝင်မှုကြောင့်ဖြစ်စေ အလုပ်မှထုတ်ပယ်ခြင်း၊ မပြုရ။
• တရားဝင် ခွင့်ပြုထားခြင်းမရှိသည့် ဥပဒေနှင့်ဆန့်ကျင်သော သပိတ်မှောက်ရာတွင်ပါဝင်သော အလုပ်သမားအား (၃၀၀၀၀) ကျပ်ထက်မပိုသော ငွေဒဏ်ရိုက်နိုင်ပါသည်။
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership

1 comment:

  1. Lucky 7 Casino Resort in Las Vegas (NV) - JTM Hub
    Lucky 7 고양 출장안마 Casino Resort. 3131 South Las 대전광역 출장마사지 Vegas Boulevard. NV 남양주 출장마사지 89109. 보령 출장샵 Website. 천안 출장샵 http://www.lucky7casino.com/

    ReplyDelete