Wednesday, December 6, 2017

အရှိန်အ၀ါ


လုပ်ငန်းခွင်ထဲမှာ အမျိုးအဆွေတွေ ကိုနေရာသွင်းတာ သိပ်ဆိုးတယ်။ Recruitment Process တစ်ခုမှာ Candidate တွေကို ယှဉ်ပြိုင်ခွင့်ပေးရမယ်။ Job Post တစ်ခုတင်ပြီးဆိုတာနဲ့ စတင်ရက်နဲ့ CV ပိတ်ရက်ဆိုပြီး ထည့်ပေးရပါတယ်။ ကန့်သတ်ထားတဲ့ အချိန်အတွင်း ကိုယ့်ကုမ္ပဏီမှာ အလုပ်လိုချင်တဲ့သူတွေအတွက် အချိန်တစ်ခုထိ စောင့်ရပါတယ်။ အဓိကတော့ CV များများရဖို့အတွက်ပါ။ 
Close Date နောက်မှာ စပြီးတော့ ရလာတဲ့ CV တွေထဲက ကိုယ်ကုမ္ပဏီနဲ့ ကိုက်ညီမဲ့ Candidate ကိုရွေးမှာဖြစ်ပါတယ်။ ကုမ္ပဏီထဲမှာရှိတဲ့ ဌာနတစ်ခုဆီမှာလည်း သတ်မှတ်ထားတဲ့ ၀န်ထမ်းဦးရေရှိပါတယ်။ Level အဆင့်ဆင့်နဲ့ ရှိပြီး JD တွေသတ်မှတ်ထားပါတယ်။ ခန့်မဲ့ ၀န်ထမ်းရဲ့ လုပ်ဆောင်ရမဲ့ JD နဲ့ လစာအနေအထားကို သိထားရပါတယ်။ လုပ်ငန်းနဲ့ ကိုက်ညီမဲ့သူကို ထိုက်တန်တဲ့လစာနဲ့ ခေါ်ရပါမယ်။
Candidate က လိုချင်တဲ့လစာကတော့ အများကြီး လုပ်နိုင်တာက နည်းနည်းဆို မသင့်တော်ပါဘူး။ အနည်းဆုံး လုပ်ငန်းနဲ့ ၇၀ % လောက်တော့ ကိုက်ညီနေဖို့လိုပါတယ်။ ကျန် ၃၀ % လောက်က လုပ်ငန်း သဘောသဘာဝတွေကို လမ်းညွန်ပေးရင် ဖြစ်ပါတယ်။ Recruitment process (RP) မှာ စံသတ်မှတ်ထားတာတွေရှိပါတယ်။ တချို့လုပ်ငန်းခွင်ထဲမှာ အဆင့်ကျော်ပြီးလုပ်တာတွေက Recruitment ကို ထိခိုက်စေပါတယ်။ ကိုယ့်ညီအစ်ကို မောင်နှမ၊ သူငယ်ချင်းတွေ အလုပ်မှာ အတင်းခန့်တာမျိုး၊ လုပ်ငန်းတဲ့ လုပ်ငန်းအတွေ့အကြုံမတူဘဲ လုပ်ငန်းအတွေအကြုံရှိသယောင်နဲ့ ခေါ်ခန့်ထားတာမျိုးတွေ တွေ့ရပါတယ်။ တကယ်တော့ အလုပ်ဆိုတာ သူစိမ်းတွေနဲ့ပဲ လုပ်တာအကောင်းဆုံးပါ။ မျက်နှာနာစရာမလိုတော့တဲ့အပြင် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အတင်းပြောတာလည်း မခံရတော့ဘူး။ ပြီးတော့ ခေါ်သွင်းထားတဲ့သူက ကိုယ့်အားကိုးနဲ့ လုပ်ချင်သလို မလုပ်ချင်သလိုဆိုရင် ကိုယ်ပဲ စိတ်ညစ်ရပါတယ်။ 
Selection လုပ်ဖို့အတွက် သတ်မှတ်ထားတဲ့ စံနှုန်းတွေရှိပါတယ်။ CV Screening လုပ်ကတည်းက Candidate ရဲ့ အချက်အလက်တွေကို သေချာဖတ်ပြီး သင့်တော်လား? မသင့်တော်လား? တစ်ခါတည်း ဆုံးဖြတ်ချက်ချရပါတယ်။ အထိက အချိန်ကုန်သက်သာစေဖို့ပါ။ ကိုက်ညီမဲ့ အနီးစပ်ဆုံးသောသူတွေက ရွေးထုတ်ပြီး အင်တာဗျူးခေါ်တွေ့၍ မေးမြန်းခြင်း၊ test တွေ စစ်ဆေးခြင်းတွေ ပြုလုပ်ရပါမယ်။ တစ်ခါတစ်လေကျရင် Selection ration က မညီမျှတတွေ ဖြစ်တတ်ပါတယ်။ လိုချင်တာက ၅ ယောက်၊ လာလျှောက်တာက ၄ယောက်ဆိုရင် ရွေးချယ်ဖို့အရမ်းခတ်သွားပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ RP နဲ့ source ကိုသိဖို့လိုပါတယ်။ 
ရာထူးအနိမ့်တွေအတွက် ကိစ္စမရှိပေမဲ့ ရာထူးကြီးတွေအတွက် Selection ration ဟာအရေးကြီးပါတယ်။ နောက်ကိုယ့်လုပ်ငန်းအကြောင်းသိထားဖို့လိုပြီး ဘယ်လိုရာထူးတွေက ဘာတွေအဓိကလုပ်ရလဲ? အဲလိုရာထူးတွေကို အပြင်မှာရှိရဲ့လား? လေ့လာထားသင့်ပါတယ်။ အလွယ်တကူရှာခန့်လိုရတဲ့ ရာထူးမျိုးတွေအများကြီးရှိပါတယ်။ JD အများစုကလည်းဆင်ပါတယ်။ ဒါကြောင့် Recruitment မှာ စိတ်ကြိုက်ရွေးလို့ရပါတယ်။ လာလျှောက်သူတွေအားလုံးကို ပြိုင်ဆိုင်ခွင့်ပေးရပါမယ်။ အမျိုးရော သူစိမ်းရော လာလျှောက်ပါ သတ်မှတ်ထားတဲ့ စံနှုန်းတွေ မှီရင် ခန့်ပါမယ်။ အဓိကအတွင်းလူတွေက HR process ကို ကျော်မလုပ်ဖို့ပဲလိုပါတယ်။ ကိုယ်အလုပ်ကိုယ်လုပ်နေကြတာပါ။ တာဝန်ယူမှု တာဝန်ခံမှုရှိပါစေ။ ကိုယ်အလုပ်ကို ထိခိုက်လာရင် ရဲရဲပြောပါ။ အားနာမှု အရှိန်အ၀ါကို လွန်ဆန်နိုင်ရပါမယ်။ Organization တိုးတက်ဖို့အတွက်သာ ရည်ရွယ်ပါတယ်။ 
ပြည်တွင်းကုမ္ပဏီအများစုမှာဆိုရင် ပြောလေ့ရှိတာ Family Type နဲ့သွားနေတာဆိုပြီး ကြားဖူးကြမှာပါ။ မိသားစု ပုံစံဆိုတော့ ကြားရတာသာကောင်းတာပါ။ လုပ်ငန်းထဲမှာ အလုပ်ချိန်အပိုတွေရှိလာတယ်။ ကိုယ်ရေးကိုယ်တာတွေနဲ့ရောနေတယ်။ လာချင်တဲ့အချိန်လာတယ်။ အမျိုးအဆွေတွေနဲ့ ဖွဲ့စည်းထားတယ်။ အဲအမျိုးအဆွေတွေကပဲ စည်းကမ်းဖောက်တယ်။ ဖရိုဖရဲနဲ့ လုပ်ငန်းခွင် တစ်ခုပါ။ ဌာနတွေမှာလည်း အဲလိုအဖြစ်မျိုးတွေရှိပါတယ်။ 

Jimmy Hein

No comments:

Post a Comment