Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Tuesday, December 12, 2017

Talent Acquisition & Talent Management


ဒီနေ့ခေတ်မှာ Talent နဲ့ ပတ်သတ်တဲ့ အသုံးအနှုန်းတွေ တော်တော်များများ လုပ်ငန်းအဖွဲ့အစည်းတွေမှာ သုံးလာတာ တွေ့သလို ၊ တကယ်လည်း Talent War (or) War for Talent ဖြစ်နေတဲ့ခေတ်မှာ အရည်အသွေးပိုင်းနဲ့ ပတ်သတ်ြ
ပီး လုပ်ငန်းခွင်မှာ ၀န်ထမ်းတွေအတွက် မေးခွန်းထုတ်စရာဖြစ်စရာ ဖြစ်လာပါတယ် ။

ဒီတော့ Talent Management ဟာ အရေးပါဆုံးသော လူသားအရင်းအမြစ်ကို ဘယ်လို ဖွံ့ဖြိုးအောင် လုပ်မလဲ ဆိုတာကို ၀န်ထမ်းရေးရာ ကျွမ်းကျင်သူတွေအတွက် ခေါင်းခဲစရာ ဖြစ်သလို ၊ လွယ်ကူလှတဲ့ လုပ်ငန်းစဉ်လည်းမဟုတ်ပါဘူး ။

Talent ကို အဘိဓာန်မှာ ဖွင့်ဆိုထားတာက ပင်ကိုစွမ်းရည် ၊ပါရမီထူးသော လို့ဆိုထားပါတယ် ၊ ဒီတော့ Talent Person ဆိုတာက ပါရမီထူးသော ပင်ကိုအရည်အသွေးကို ပိုင်ဆိုင်ထားသူလို့ဆိုရပါမယ် ။ တော်တော်များများ ဒီအပိုင်းမှာ ကွဲပြားနေတာက Talent ဆိုတာကို ပင်ကိုအရည်အချင်း (သို့) မွေးရာပါ စွမ်းဆောင်ရည်လို့ သတ်မှတ်ကြတာပါပဲ ။

လူမှုစိတ်ပညာနဲ့ ဆင့်ကဲဖြစ်စဉ်အရ လူဟာ မွေးရာပါ ကျွမ်းကျင်မှုပါဝင်တဲ့ အမျိုးအစားထဲ မပါဝင်ဘူးလို့ ဆိုထားတာလည်း တွေ့ရပါတယ် ။ ဥပမာအားဖြင့် မွေးရာပါ ရေးကူးတတ်တဲ့ ပျံသန်းနိုင်တဲ့ ၊ အစရှိတဲ့ အခြားသော သတ္တ၀ါတွေ အများကြီးရှိကြပေမဲ့ လူသားဟာ သင်ယူလေ့လာခြင်းအားဖြင့်သာ ကျွမ်းကျင် တတ်မြောက်နိုင်တယ်လို့ စိတ်ပညာဆိုင်ရာ အယူအဆတွေမှာ တွေ့ရပါတယ် ။ တစ်ချို့သော လူသားတွေမှသာ ချွင်းချက်အနေနဲ့ ထူးခြားသော စွမ်းရည်များ ပါဝင်လာတာကို တွေ့ရမှာပါ ။ ဥပမာ အားဖြင့် မှတ်ညဏ်အားအရမ်းကောင်းတယ် ၊ အသံပါဝါအရမ်းအားကောင်းတယ် ၊ တစ်ခြားသော ထူးခြားသော ၀ိသေသများနဲ့ လူသားတွေလည်း ရှိကြပါတယ် ။

အနှစ်ချုပ်ပြောရရင် ပါရမီထူးခြားသော ပင်ကိုအရည် အချင်းဆိုတာကို လေ့ကျင့်သင်ကြားခြင်းဖြင့်သာ ကျွမ်းကျင်တတ်မြောက်နိုင်ပါတယ် ။

Talent is Right Practice လို့ သတ်မှတ်လို့ရပါတယ် ။

အောင်မြင်ကျော်ကြားပြီး ပါရမီထူးခြားတဲ့ စွမ်းရည်ပိုင်ဆိုင်ထားသူတွေက များစွာသော လေ့ကျင့် သင်ကြားမှုတွေကို ဇွဲ အပြည့်နဲ့ ကြိမ်ဖန်များစွာ လေ့ကျင့်ထားသူတွေပါ ။ တနည်းဆိုရရင် လေ့ကျင့်သူတိုင်း Talent Person မဖြစ်ပေမဲ့ Talent Person တိုင်းကတော့ Practice ရှိသူတိုင်းဖြစ်ကြမှာပါ ။ ဒါကတော့ Talent နဲ့ပတ်သတ်ပြီး တစ်ဦးတည်း ဖွင့်ဆိုချက်ဖြစ်ပါတယ် ။

လုပ်ငန်းခွင်ထဲမှာလည်း အရည်အချင်းရှိတဲ့ ပါရီမီရှိတဲ့ ပင်ကိုစွမ်းရည်ကို ပိုင်ဆိုင်ထားသူဝန်ထမ်းတွေကို ပိုင်ဆိုင်ထားနိုင်ဖို့ အရေးကြီးပါတယ် ။ Talent War လို့ ခေါ်တဲ့ ပင်ကိုစွမ်းရည်ရှိသူတွေ ၊ ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေ အလုအယက်အပြိုင်အဆိုင် ခေါ်ယူနေရတဲ့ ခေတ်ထားမှာ ၀န်ထမ်းရေးရာ လုပ်ငန်းဆောင်ရွက်နေရသူတွေ အနေနဲ့ အဓိကထားလုပ်နေရတဲ့ အပိုင်းက Talent Person တွေကို ရှာဖွေစုဆောင်းတာနဲ့ သူတို့ရဲ့ အရည်အချင်းတွေကို ဖော်ထုတ်မွေးမြူ ရတဲ့ အပိုင်းက လုပ်ငန်းတွေအတွက် အရေးကြီးတဲ့ အပိုင်းဖြစ်လာပါတယ် ။

အရင်တုန်းကတော့ Recruitment and Selection လို့ သုံးခဲ့ပေမဲ့ တစ်ချို့ နိုင်ငံတကာ လုပ်ငန်းတွေမှာ Talent Acquisition ဆိုတဲ့ စကားရပ်တွေအဖြစ် အသုံးချလာတာကို တွေ့နေရပါတယ် ။ ဒါဆိုရင် Talent ရှိသူတွေ မိမိအဖွဲ့အစည်းကို ရောက်ဖို့ အရေးကြီးနေတဲ့ အချိန်အခါမှာ ဘာတွေ ကြိုတင်ပြင်ဆင်ထားဖို့လိုမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒီနေ့ ဆောင်းပါကနေ တစ်ဆင့်တင်ပြချင်ပါတယ် ။ Recruitment and Selection တစ်ခုထက် ပိုပြိး 
ကျယ်ပြန်လို့ ထိရောက်ပြီး အရည်အချင်းရှိသူတွေကို ရွေးချယ် စုဆောင်းရတဲ့လုပ်ငန်းစဉ်တွေက Recruitment နဲ့ ကွဲပြားခြားနားနေတာကို တွေ့ရမှာပါ ။

The Recruitment is a part of Talent acquisition လို့ ဆိုထားတာကြောင့် Recruitment Function ထက်ပိုပြိး နက်နဲပါတယ် ။ မိမိလုပ်ငန်းအတွက် လိုအပ်တဲ့ သူကို ခေါ်ယူနိုင်ဖို့ ၊ ထမ်းဆောင်ရမယ့် တာဝန်တွေ ၊ လုပ်ငန်းတာဝန်သတ်မှတ်ချက် (JD) တွေနဲ့ ပြည့်စုံယုံတင်မကပဲ အဖွဲ့အစည်းအတွက် လိုအပ်တဲ့ အနာဂတ်ကာလကို မျှော်မှန်းပြီး ရောက်ရှိလာမယ့် Talent Person ကို လုပ်ငန်းအတွက် အသုံးပြုနိုင်ဖို့ ရွေးချယ် စုဆောင်းရတာမို့ လွယ်ကူတဲ့ လုပ်ငန်းစဉ်တော့မဟုတ်ပါဘူး ၊ ဒီတော့ အခြေခံကျနဲ့ 
လုပ်ငန်းစဉ်တွေကို တင်ပြပေးချင်ပါတယ်။

1️Planning and Strategy

အရင်ဆုံး မိမိလုပ်ငန်းရဲ့ လိုအပ်ချက် ၊ အနာဂတ်ကာလအတွက် Workplace ရဲ့ လိုအပ်ချက်ကို နက်ရှိင်းစွာ 
နားလည်သဘောပေါက်ရမှာဖြစ်သလို ၊ စီးပွားရေးဆိုင်ရာ
ရပ်တည်မှုအတွက် အနာဂတ်ကာလမှာ ဖြစ်လာမယ့် Local and Global Labor Markets ကိုလည်း ကြိတင် ရှမြင်သုံးသပ်နိုင်ဖို့ လိုပါတယ် ။ ဒါတွေကို သေချာစွာ ချိန်ဆနိုင်ပြီဆို
ရင်တော့ လိုအပ်တဲ့ Planning and Strategy ကို မိမိအဖွဲ့အစည်းအနေနဲ့ ဘယ်လို သုံးသပ်ဆောင်ရွက်မလဲ 
ဆိုတာကို ရေးဆွဲ ပြင်ဆင်ထားရမှာပါ ။

2️Workforce Segmentation

Talent Acquisition အတွက် Workforce Segmentation အပေါ် ဘယ်လောက်နားလည်ထားသလဲ ဆိုတဲ့ အပေါ်မူတည်ပါတယ် ။ မိမိလုပ်ငန်းခွင်အတွင်းက ကွဲပြားခြားနားတဲ့ Workforce Segment တွေကို ကောင်းစွာ နားလည်သဘောပေါက်ဖို့လည်း လိုအပ်ပါတယ် ။ လုပ်ငန်းခွင်ထဲက မတူကွဲပြားတဲ့ လုပ်ငန်းစဉ်တွေ ၊ ရာထူး နေရာတွေ ၊ Skill and Competencies တွေ လုပ်ငန်းအတွေ့အကြုံတွေက အောင်မြင်မှုအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကို position တစ်ခုချင်းစီအလိုက် ကောင်းစွာ ပြင်ဆင်ထားဖို့လိုပါတယ် ။

3️Employer Branding

ဒီဘက်နှစ်ထဲမှာ Employer Branding နဲ့ပတ်သတ်ပြီး Award တွေ ပေးလာတာကို တွေ့ရမှာပါ ။ ဘာကြောင့်လဲဆိုတော့ Employer Branding ကို ဦးစားပေးတာဟာ အဖွဲ့အစည်းရဲ့ ပုံရိပ်ကို မြှင့်တင် စေတာဖြစ်သလို Talent Employee တွေကို ဆွဲဆောင် နိုင်တာတွေ ၊ Top Candidates တွေကို မိမိအဖွဲ့အစည်းအတွင်းရောက်လာအောင် လုပ်ဆောင်နေကြခြင်းပါပဲ ။ မိမိလုပ်ငန်းအဖွဲ့အစည်းအပေါ် ကောင်းမွန်တဲ့ ပုံရိပ်နဲ့ ဂုဏ်သတင်းအတွက် တည်ဆောက်နေကြတာပါပဲ ။ နောက်တစ်ချက်ကို Marketing အတွက်လည်း ကြီးမားတဲ့ လုပ်ငန်းအထောက်အပံ့ဖြစ်စေမှာပါ ။ နိုင်ငံတကာ လုပ်ငန်းတွေက Employee Branding ကိုပိုပြိး အလေးထား ဆောင်ရွက်ကြတာဟာ ဒီအခြေခံကျနဲ့ အချက်တွေကြောင့်ပါပဲ။

4️Talent Scoping and Management

အရည်အချင်းရှိသူ ၀န်ထမ်းလောင်းတွေက မတူကွဲပြားတဲ့ နေရာများစွာမှာ ရှိကြပါတယ်။ Internal & External မှာလည်း ရှိတတ်ပါတယ်၊ လုပ်ငန်းခွင်မှာ Talent ရှိပါလျက်နဲ့ မကျွမ်းကျင်တဲ့ နေရာမှာ လုပ်ကိုင် ဆောင်ရွက်နေရတဲ့ ၀န်ထမ်းတွေလည်း ရှိကြပါတယ် ။ဒါကြောင့်မို့ အလားအလာရှိတဲ့ ၀န်ထမ်းလောင်း တွေကို ရွေးချယ်ရှာဖွေရာမှာ လိုအပ်တဲ့ ဆက်သွယ်ချိတ်ဆက်ရမယ့် နေရာတွေ ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ရှာဖွေ သိရှိထားနိုင်ဖို့လိုအပ်ပါတယ်။ သူတို့တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ထားနိုင်ဖို့ လိုအပ်ပါတယ်။ မိမိအဖွဲအစည်းအတွက် လိုအပ်တဲ့အချိန်မှာ သူတွေကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ သင့်တော် အခြေအနေတစ်ရပ်မှာ ထည့်သွင်းနိုင်ဖို့ စီစဉ်ထားနိုင်ဖို့ပါ။

5️Matrices and Analytics

နောက်ဆုံးအချက်အနေနဲ့ မိမိရဲ့ Talent Acquisition Strategy ဟာ Key Matrices ကို အသုံးမပြုပဲ မပြည့်စုံဘူးလို့ဆိုထားပါတယ် ။ ဒါကြောင့် မိမိရဲ့ Strategy ကို ပြန်လည်သုံးသပ် Analysis လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာ မိမိလုပ်ငန်းဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ ၊ ရွေးချယ်စုဆောင်းထားခဲ့တဲ့ Talent Person တွေက Organization Goals အတွက် Effective ဘယ်လောက်အထိဖြစ်သလဲ ဆိုတာမျိုး ကအစ တိုင်းတာ လေ့လာလို့ရပါတယ် ၊ နောက်ပိုင်း Talent Matrices တွေနဲ့ နှိုင်းယှဉ်ချိန်ဆပြီး မိမိ ရဲ့ Talent Acquisition Strategy ကို ပြန်လည်လေ့လာသုံးသပ်ရမှာပါ

ဒီအပိုင်းအထိကတော့ Talent Acquisition ရဲ့ အခြေခံကျတဲ့ အချက်လောက်တွေကိုသာ အနည်းငယ်မျှဝေပေးခဲ့ခြင်းဖြစ်ပါတယ် ။ ဒိထက်ပိုမိုကျယ်ပြန်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရတာမို့ အရည်အချင်းရှိသူ ၊ပင်ကိုစွမ်းရည်ရှိသူတွေကို ရှာဖွေရတာ လွယ်ကူတဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ပါဘူး ။ ဒါတွေအားလုံးကတော့ Talent Management ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆောင်ရွက်ရတာမို့ Talent Management အကြောင်းကိုလည်း အနည်းငယ် ရေးသားလိုပါသေးတယ်။

Talent Management Process မှာ အခြေခံအားဖြင့် သိထားရမယ့် Process တွေကတော့

1. Understanding the Requirement
2. Sourcing the Talent
3. Attracting the Talent
4. Recruiting the Talent
5. Selecting the Talent
6. Training and Development
7. Retention
8. Promotion
9. Competency Mapping
10. Performance Appraisal
11. Career Planning
12. Succession Planning ဆိုပြီး process တွေ 
သတ်မှတ်ထားတာရှိပါတယ် ။

ဒါကတော့ အခြေခံအားဖြင့် လုပ်ရတဲ့ လုပ်ငန်းစဉ်တွေပါ ။ မိမိ အဖွဲ့အစည်းအတွက် အရေးအချင်းရှိသူတွေ ရွေးချယ်ရတာ မလွယ်ကူသလို ၊ ဖွံ့ဖြိုးတိုးတတ်အောင် လုပ်ပြီး ထိန်းသိမ်းရတာ မလွယ်ကူလှပါဘူး ။ ၀န်ထမ်းတွေမှာ ပါလာတဲ့ တစ်ဦးချင်းစီတို်င်းရဲ့ Talent ကို ဖော်ထုတ်အကောင်အထည်ဖော်ခြင်း အားဖြင့် အဖွဲ့အစည်းအတွက် အရေးပါအတဲ့ ပန်းတိုင်ကို ရောက်ရှိစေဖို့ဆိုတာ Human Resource Management ကို အကောင်အထည်ဖော်နေရတဲ့ HR သမားများအတွက် စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ 
အနာဂတ်ဆိုတာကို ကြိုတင် တွေးတော စဉ်းစားစေချင်ပါတယ် ။

Credit : ထိန်လင်းကျော် (HR)
Ref : Talent Management : A Focus on Excellence ( Managing Human Resource in a Knowledge Economy ) Patrick Merlevede

Wednesday, December 6, 2017

ချက်ချင်း အလုပ်ဖြုတ်သင့်သူများ

အချိန်သည် ငွေဟု ဆိုရိုးပြုကြသည်။ ကျားစီးဖားစီး စီးပွားရှာနေသူတို့သည် ဤအချက်ကို ပို၍သဘောပေါက် ကြသည်။ လုပ်ငန်းတစ်ခု အဆင်ပြေစွာ လည် ပတ်နေရာမှ အရှိန် အဟုန် ရပ်တန့်၊ သို့မဟုတ် လျော့ကျသွားသည်နှင့် လျော့ကျသည့် အချိုးကျဝင်ငွေ ထိခိုက် စမြဲပင် ဖြစ်သည်။ ထို့ကြောင့် အဟန့် အတားအနှောင့် အယှက်ဖြစ်မှုကို မလိုလားသလို ထိုအဟန့် အတား အနှောင့် အယှက် ဖြစ်စေနိုင်သူကို မလိုလားချေ။ သို့သော် မတစ်ရာ သားဘုံ လောကတွင် အမျိုးမျိုးအဖုံဖုံသော စုန်းပြူးသဘာဝရှိသူများကို ဝန်ထမ်းများ ထဲတွင် မလွဲမသွေကြုံရ တတ်သည်။ ဤသူတို့ကို သတိချပ်မိရန် သူတို့၏ စရိုက် လက္ခဏာကို သိ တတ်ရန်လိုသည်။

၁။ ဘဝင်ရူး
...................
ဤသူမျိုးများကို လောကတွင် များစွာတွေ့ရ တတ်သည်။ ကိုယ့်ကိုယ်ကိုယ် ရွှေဇွန်းကိုက် မွေးလာသူ၊ နရဏီသိင်္ဂီရွှေ ခွက်က ခြင်္သေ့ဆီ၊ ခြင်္သေ့သွေးဟု ကိုယ့်ကိုယ်ကိုယ် ထင်မှတ် တတ်သည်။ သို့သော်တကယ် တမ်းတွင် ဘဝင် က အထက်၊ အတတ်က အောက်ရောက် နေသော ဇော်ကန့်လန့်များ ဖြစ် တတ်သည်။ သူ့ဘာသာသူ အပြင်မှာ နေ၍ ဝတိံဖျား ထိရောက်နေခြင်းက အကြောင်း မဟုတ်တတ် ပါသော်လည်း လုပ်ငန်းခွင် အတွင်းတွင်မူ ထို အသွင်နှင့် ထိုမူများက အလျဉ်းအံမဝင်ချေ။ သူ့ကိုယ်သူ အားလုံးသိ အားလုံး တတ် အများ တကာ ထက်နှံ့စပ်ဟူသော အတွေးကြောင့် လုပ်ငန်း ခွင်တွင် မည်သူ့ကိုမျှ ကြည့်မရ သည့် အနေရှိသည်။ တန်းတူ လုပ်ဖော် ကိုင်ဘက် များကို ဒီလောက်လေးတောင် မသိ မတတ်ဘူးလား၊ သို့မဟုတ် ဒီလောက် လေး တောင် သိတတ်စွမ်း မရှိသူများအဖြစ် သဘော ထား ဆက်ဆံသလို အထက်လူ၊ အထက်အရာရှိများကို ကံကောင်း၍၊ သူဌေးနှင့်အကြောင်း ပေါင်းသင့်၍ နေရာရထား သူများအဖြစ်သာ မြင်တတ်သည်။ စိတ်ပိုင်း၊ နှလုံး ရည်ပိုင်း အား နည်းသော ဤဘဝင်ရူးများသည် ရုပ်ပိုင်း အားကောင်း တတ်သည်။ ရုပ်ရည် အရ သော် လည်း ကောင်း၊ ဥစ္စာဓနအရသော် လည်း ကောင်း အင်အား အထိုက်အလျောက် ရှိတတ် သည်။ ခြေစွမ်းသည့်အတိုင်း အတာ အလျောက်ရံပေးမည့် သူများရှိတတ်သည့် လောက ထုံးအရ ဤသူတို့သည် သူတို့၏ အားသာချက်များ အကျိုးကြောင့် သူတို့၏အပါး ရပ်မည့် သူများ၊ ရံမည့်သူများ ရတတ်သည်။ ရလွယ်ကြသည်။ ဘဝင်သမားက အထက် အောက် ဘေး လျှောက်ရမ်း အတင်း အဖျင်းတုတ်သမျှကို သူ့အပါး ကပ်၊ အလကားရသမျှ စားလုပ် လာ သူတို့က အားဖြည့် သောအခါ လုပ်ငန်း ခွင်တွင် သင်းကွဲအုပ်စုရှိ လာတတ် သည်။

ထို့ထက်ဆိုးသည့် အချက်ကား အထက်ကို အကြည်ညိုတန်၊ ဖီဆန်မှုများ ရှိလာတတ်ခြင်း ပင်ဖြစ်သည်။ ဤသို့လျှိုဝင် လာသည့် 'သပ်' ကို အရေးယူ ဖြေရှင်းရန် အကောင်းဆုံး နည်း လမ်းကား တစ်ပါးသူ၊ အထက် လူများက မတတ်၊ သူသာတတ်သည်ဟု မပြတ်မလပ် ဌာန တွင်း၌ ဆီမန်းမန်းသလို လျှောက်ပြောနေခဲ့ သော အလုပ်တာဝန် ကြီးတစ်ခုကို သတ်သတ် မှတ်မှတ် တာဝန်ပေး လိုက်ရန်ပင် ဖြစ်သည်။ ထိုတာဝန် ပေးသည့်အတိုင်း သူဖြစ် ထွန်း အထမြောက်အောင် ဆောင်ရွက်နိုင်လျှင် သူသည် အပြောသမား သက်သက် ဘဝင်ရူး တစ်ယောက် မဟုတ်ဟု အထိုက်အလျောက် လက်ခံ ပြီး ပိုကြီးသော တာဝန်ပေးပါ။ ထိုသို့ အဆင့်ဆင့်စမ်းသပ် လက်တွဲ ခေါ်မှုကို သူလိုက်နိုင် ပါလျှင် ဘဝင်အမှန်မြင့် ထိုက်ခဲ့သူဟု လက်ခံလိုက်ပါ။ ကနဦး စမ်းသပ်မှုမှာပင် သူ့လေနှင့်သူ့လက် လိုက်ဖက်မှုမရှိခဲ့လျှင် ချက်ချင်း အလုပ် ဖြုတ် ပစ်လိုက်ပါ။ ထိုသို့မပြုလျှင် အချိန်ကြာလာသည်နှင့်အမျှ လုပ်ငန်းတွင်း ဘက်စုံ ပွန်းပဲ့မှု များကြုံရမည်မှာမလွဲချေ။

၂။ လှေကြုံစီးနေသူ
.............................
ယေဘုယျပြော ရလျှင် အလုပ်တစ် ခုကို မကျွမ်းကျင်သူတို့သည် ရေသာခို လှေ ကြုံစီး လိုက် တတ်ကြသည်။ သို့သော် ထိုသူတို့သည် လုပ်ရင်းကိုင် ရင်း လုပ်ငန်း ကျွမ်းကျင် လာလျှင် အကျိုးအမြတ် များကို ခံစား လာရလျှင် စိတ် နေစိတ်ထား ပြောင်းပြီး စေတနာထား လုပ် ကိုင်လာ တတ်သည်။ သို့တိုင် အောင် အလုပ်ကိုသိတတ်၊ အကျိုးအမြတ်ကိုလည်း ရယူ ခံစားနေရ ပါသော်လည်း တာဝန်ကျေအောင်ပင် မလုပ်ဆောင် ချင်သူများ ရှိတတ်သည်။ ထိုလူ စားတို့သည် သူတို့၏ပုံမှန်အလုပ်ဟု သတ်မှတ်ထားသည့် အတိုင်းအတာ ထက် နှမ်းတစ်စေ့၊ ပဲတစ်လုံးစာပင် အပိုမလုပ်ချင် တတ်ချေ။ ထိုသူတို့၏ လက်သုံး အကြောင်း ပြချက်များက ခေါင်းကိုက်တယ်၊ ဖင်နာတယ်ဖြစ် တတ်သည်။ သို့မဟုတ် ဧကာဒသမ မြောက် ဘကြီးဆုံး၍၊ ဒွါဒသမမြောက် ခယ်မ လင်နောက်လိုက်၍ ဖြစ်တတ်သည်။ အဓိက သူ၏ရည်ရွယ်ချက်မှာ အဆင် ပြေပြေ မပင်မပန်းနှင့် ရက်ပေါင်း ၃၀ စီကို အေးအေးလူလူ ဖြတ်သန်း ရေး ပင် ဖြစ်သည်။ သို့သော် ထိုလူစားသည် အလုပ်ကပေးသည့် အခွင့်အရေး မှန်သမျှ ယူမည်။ အလုပ်သမား ဥပဒေအရ သတ်မှတ်ထား သည့် အခွင့် အရေးနှင့် ခံစားခွင့် အပြည့်အဝ မရခဲ့လျှင် အကျယ်လောင်ဆုံး ကန့်ကွက် ဆန္ဒ ပြမည့်သူဖြစ်သည်။ အချိန်ပိုဆင်း ရလျှင် ဘာလုပ်ရန်ရှိ၍ဟု မမေးဘဲ အချိန်ပိုကြေးက ဘယ်လောက်လဲဟု မေးတတ်သော လူစား ဖြစ်သည်။ ကိုယ့်ကို ထမင်းကျွေးသော အလုပ်ကို စေတနာမဲ့ ဈေးတွက်တွက်၊ အပေး အယူ သဘောထားလုပ်နေသော သူအကျင့်စရိုက် လောင်းရိပ်သင့်လာပါ လျှင် လုပ်ငန်းခွင် တစ်ခုလုံး ထိခိုက်နိုင်သည်။ ထို့ကြောင့် သူလို အကျင့်ရှိ သူများ မတိုးပွားလာခင် သူ့ကို လုပ်ငန်း ခွင်မှ ရှင်းထုတ် ပစ်ရန်လိုသည်။ ထို သို့သော သူများ၏ အကျင့်စရိုက်များမှာ သန္ဓေ အကျင့် စရိုက်များဖြစ် သော ကြောင့် ပြုပြင်ရခက်သည်။ သူ၏ချို့ယွင်းချက်နှင့် ပတ်သက်၍ သူ့ကိုထိပ် တိုက်တွေ့၊ တည့်ရှင်းလင်းလျှင် ပြုပြုင်မည်ဟု ကတိကဝတ်ပြုမည် မုချဖြစ် သော် လည်း ခွေးမြီးကောက် ကျည် တောက်စွပ် သဘာဝသာရှိမည်။

၃။ ထော်လော်ကန့်လန့်သမား
...........................................
ဤလိုလူစားတို့၏ ရည်ရွယ်ချက်သည် စည်းကမ်းဖောက် ဖျက်ရေးပင်ဖြစ် သည်။ သာမန် ရုံးတက် ရုံးဆင်း သတ်မှတ် ချိန်မှသည် လုပ်ငန်း၏ အကြီး ဆုံး ကိစ္စရပ်အထိ ပတ်သက်ရာ စည်းမျဉ်းစည်းကမ်း အဝ၀ကို တစ်စိတ်ဖဲ့ရ ရ၊ နှစ်စိတ်ဖဲ့ရရ ဖောက် ဖျက်ရန် ကြိုးစားလေ့ ရှိသူများပင် ဖြစ်သည်။ ရုံးဝတ်စုံ သတ်မှတ်ချက် ရှိပါလျှင် ဤလူစားက ပြူးပြူးပြောင်ပြောင် စာတမ်းများ၊ အရုပ်များနှင့် တီရှပ်ကို အလျဉ်းသင့်သလို ဝတ်ဝတ် လာမည်။ အလုပ် တစ်ခု လုပ်ရိုးလုပ်စဉ် စည်းကမ်းသတ်မှတ်ချက် ရှိပါလျှင် ဤသူ့ကို အချိန် တိုင်း ထိုအစဉ်အလာကို ရှင်းပြနေရတတ် သည်။ သူသည် စည်းကမ်းကို တမင်သက် သက်ချုပ်ကိုင်ရန် သတ်မှတ် ထားချက်ဟု ယူ ဆသည်။ ယေဘုယျ ပြောရလျှင် ဤသူတို့၏ လောက အမြင်သည် လူများစု အမြင်နှင့် မတူ သလို သူသည် အစဉ်အလာကို လိုက်နာကာ အများနောက်က တစ် ယောက်အဖြစ် မျှောလိုက်ရန် ဆန္ဒမရှိချေ။ သို့သော် သူ၏သွေးတိုးစမ်း စည်းကမ်း ဖောက် နေ မှုများ၊ ကန့်လန့် တိုက်နေမှုများကို သည်းခံနေ၍ မရချေ။ ယင်းသည် လုပ်ငန်းခွင်ကူး စက်ရောဂါ တစ်ရပ်ဖြစ်သည်။ သူ့ကို ပေယျာလကန်ထား လျစ်လျူရှုလိုက်လျှင် ကျန်လူများ လည်း အကျင့် စရိုက် ကူး ဖောက်ပြန်မှုပြုလာမည်။ သို့ကြောင့် ထိုထော်လော် ကန့်လန့် သမားသည် ကိုယ့်လူရင်း ဖြစ်ပါလျှင်ပင် အလိုလိုက်ခွင့်ပြုထား၍ မရချေ။ လူကို ခင်၍ မူကို ပြင်သည့် စည်းကမ်း ဖောက်ဖျက်မှုမျိုး လုပ်ငန်းခွင်တွင် ရှိ၍ မရချေ။ ကျောသားရင် သားမခွဲ တစ်ပြေးညီ သဘောသဘာဝ အလိုဆုံး အရပ်မှာ လုပ်ငန်းခွင်တွင်ဖြစ်သည်။ အကယ်၍ ထိုထော်လော်ကန့် လန့် သမားသည် အစဉ်လာသွေ ဖည်ရေးသမားတစ်ဦး ဖြစ်နေလျှင် အခြေအနေတို့ကို ဆန်းစစ်ရန် လိုမည်။ အများနှင့် ဖီလာတတ်သူ တချို့တွင် သမားရိုးကျ ဘောင်၏ အပြင် ဖောက်ထွက်သည့် အကျင့်များရှိတတ်သည်။ ထိုသူတွင် ဆန်းသစ်သော အတွေးခေါ်အမြင်များရှိ၍ လုပ်ငန်းအကျိုး ပြုနိုင်သည် ဆိုလျှင် အလွန်ကောင်းပေသည်။ ထိုသို့မဟုတ်ပါဘဲ ဝသီကြောင့် စည်း ဖောက် နေသည် ဆိုပါလျှင် ချက်ချင်း အလုပ်ထုတ် ပစ်ခြင်းက အကောင်း ဆုံးဖြေ ရှင်းနည်းပင် ဖြစ်သည်။
Credit: B2B Myanmar

Monday, December 4, 2017

ကောင်းမွန်သော Performance Appraisal တစ်ခုတည်ဆောက်ဖို့ ဆိုရင်



လုပ်ငန်းတော်တော်များများက ဒီနေ့ခေတ်မှာရာထူးတိုး၊ လစာတိုးတာတွေအတွက်မဖြစ်မနေလုပ်နေကြတာလေးတွေမှာ Performance Appraisal ကိုတော်တော်များများသုံးလာတာတွေ့ကြတော့ ဒီနေ့ဆောင်းပါးလေးကို ရေးဖြစ်တာပါ။ အသိတပည့်လေးတစ်ယောက်ကကျွန်မဆီကနေ သူတို့ရုံးအတွက် နှစ်ကုန်မှာရာထူးတိုး၊ လစာတိုးဖို့အတွကPerformance Appraisal လေးလှမ်းတောင်းပါတယ်။ ဆရာမတို့ဆီမှာသုံးတဲ့Performance Appraisal နမူနာပုံစံလေး ပေးပါဆိုပြီးတော့ပေါ့။ ကျွန်မအနေနဲ့သူလိုချင်တာကိုပေးဖို့ထက်သူတကယ်လိုအပ်တာကိုသေချာစွာသိစေလိုတဲ့အကြောင်းကြောင့်သေချာစွာရှင်းပြလိုက်မိပါတယ်။
Performance Appraisal ဆိုတာ ရုံးတိုင်း ပုံမှန်ထပ်တူကျသုံးလို့ရတဲ့အရာမဟုတ်ပါဘူး။ တခြားရုံး တစ်ခုမှာသုံးနေတဲ့ခွင့်ဖောင်လိုမျိုး အလွယ်တကူလိုက်သုံးစွဲလို့ရတဲ့အရာလည်းမဟုတ်ပါဘူး၊ မိမိအဖွဲ့အစည်း ရဲ့သဘောသဘာဝကို သေချာစွာသိအောင်လုပ်ရပါမယ်၊ နောက်တစ်ချက် က မိမိအဖွဲ့အစည်းကနေလိုချင်တဲ့တန်ဖိုး၊ ပန်းတိုင်၊ ရည်ရွယ်ချက်၊ ဝန်ထမ်းအများစုရဲ့ လုပ်ကိုင်နိုင်စွမ်း ဒါတွေကိုခွဲခြားတိုင်းတာရမယ့်အရာဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုတည်းမှာတောင်အင်ဂျင်နီယာနဲ့ ရုံးဝန် ထမ်းကိုတိုင်းတာရမယ့်Performance KPI တွေမတူပါဘူး။ Technical Skill ပိုပြီးလိုအပ်တဲ့ ဝန်ထမ်းကို Performance Appraisal မှာ Technical Skill ပိုင်းကိုပိုပြီးအလေးပေးပြီး Evalution လုပ်ရမှာပါ။ နောက်ပြီး သူလိုအပ်မယ့်အရည်အချင်းတွေကိုလည်း တိုင်းတာသတ်မှတ်ရမှာပါ။ နောက်တစ်ခုကလုပ်ငန်းတစ်ခုတည်းမှာဌာနတူတာတောင်ကိုင်တွယ်ရတဲ့လုပ်ငန်းစဉ်တွေ၊ ရာထူးအခြေအနေတွေကွဲပြားရင်လည်း ပုံသေသတ်မှတ်ပြီး Permonance Appraisal လုပ်လို့မရပါဘူး။ 
မတူညီတဲ့လုပ်ငန်းသဘောသဘာဝတွေကို အဖွဲ့အစည်းရဲ့ လိုချင်တဲ့Goals တွေနဲ့တိုင်းတာသတ်မှတ်ပြီး အကဲဖြတ်ရမှာပါ။ အရင်ဆုံး မိမိအဖွဲ့အစည်းကဘာကိုလိုချင်တာလဲဆိုတာသိရမှာပါ၊ နောက်တစ်ချက်ကမိမိအဖွဲ့အစည်းရဲ့ သဘောသဘာဝပါ၊ ကိုယ့်အဖွဲ့အစည်းကဖန်တီးမှုကိုအားပေးပြီးလုပ်ရတဲ့လုပ်ငန်းဖြစ်တယ်ဆိုရင် Innovation, Creation တွေကိုဦးစားပေးပြီး Evluation လုပ်ပေးရမှာပါ။ ပုံမှန်ရုံးတွေမှာ လုပ်နေကျအလုပ်ကြိုးစားခြင်း၊ စည်းမျဉ်းစည်းကမ်းလိုက်နာမှုအစရှိတဲ့သတ်မှတ်ချက်တွေကယေဘုယျဆန်ပါတယ်၊ ဒါတွေကတော့ခြေခံကျတဲ့အချက်အလက်တွေလောက်ပဲထည့်သွင်းရမှာပါ။ ဒီလိုဆိုရင်ဖြင့်မိမိအဖွဲ့အစည်း အတွက်ကောင်းမွန်သောPerformance Appraisal တစ်ခုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုတင်ပြပေးချင်ပါတယ်။

Let your employee talk
PA လုပ်တော့မယ်ဆိုရင်အရင်ဆုံးအရေးကြီးတာကအဆင့်ဆင့်သွား ဖို့ပါ။ မိမိအဖွဲ့အစည်းအတွက်လိုအပ်တဲ့ရည်မှန်းချက်၊ အလေ့အကျင့်နဲ့အကဲဖြတ်ခံရမယ့် ဝန်ထမ်းတွေ အကဲဖြတ်ဖို့လိုအပ်တဲ့Skငူ တွေကိုသိဖို့လိုပါတယ်။ သူတို့ရဲ့အောင်မြင်မှု၊ ဆောင်ရွက်ချက်တွေကိုလည်း သိရှိနိုင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ ဝန်ထမ်းနဲ့စကားပြောဖို့လိုပါတယ်။ ဏဗကိုဘာကြောင့်လုပ်ရတယ်ဆိုတာသူတို့သိဖို့လိုပါတယ်။ ဒီအချက်ကိုနားလည်အောင်သေချာရှင်းပြထားပြီး မှန်ကန်တဲ့အကဲဖြတ်မှုကိုစတင်မယ်ဆိုတာကြိုသိထားပါစေ။
Focus on objective
ဒီအချက်က PA ရဲ့ အရေးကြီးတဲ့အပိုင်းပါ၊ ကိုယ်အကဲဖြတ်ချင်တဲ့ရည်ရွယ်ချက်ကိုသာ အာရုံစိုက်ပြီး အကဲဖြတ်ဖို့လိုအပ်ပါတယ်၊ ဝန်ထမ်း တိုင်းမှာအားသာချက်၊ အားနည်းချက်ကမတူညီကြပါဘူး၊ ဒါပေမဲ့မိမိအဖွဲ့အစည်းအတွက်လိုအပ်တဲ့ရည်ရွယ်ချက်အပေါ်မှာသာအကဲဖြတ်မယ့်ပုံစံတွေကို ရေးဆွဲထားရပါမယ်။ ဥပမာ - ဝန်ထမ်းတစ်ယောက်က ရုံးစည်းကမ်းလိုက်နာတယ်၊ ဒီအပိုင်းမှာကောင်းတယ်ဆိုပေမယ့်လုပ်ငန်းစွမ်းဆောင်ရည်လျော့ကျနေတယ်ဆိုရင်သင့်အနေနဲ့ဘယ်အပိုင်းကိုဦးစားပေး အကဲဖြတ်ရမလဲ၊ Focus on Objective ပါ။ ကိုယ်အဖွဲ့အစည်းအတွက်ရည်ရွယ်ချက်ကိုဏဗမလုပ်ခင်ကတည်းက ဒီအချက်ကိုသေချာစဉ်းစားဖို့ပါ။
Focus on performance results
ကျွန်မတို့ဆီမှာ Results နဲ့ Activity ကိုသိပ်မကွဲပြားကြသေး ဘူးဖြစ်နေတော့ ဒီအပိုင်းကိုလည်း သေချာစွာသိဖို့လိုပါတယ်။ လုပ်ငန်းဆောင်ရွက်ချက်တစ်ခုမှာရလဒ်ကောင်းမွန်ခြင်း ရှိ/မရှိကိုသာအဓိကထားတိုင်းတာရပါမယ်။ အလုပ်တွေများနေလို့တစ်လလုံး အလုပ် တွေသာရှုပ်နေပြီး ရလဒ်ကောင်း ထွက်မလာရင် အဲဒီဝန်ထမ်းအနေနဲ့ Activity သာရှိတယ်လို့ဆိုရမှာပါ။ လုပ်ငန်းစွမ်း ဆောင်ရည်အကဲဖြတ်တဲ့အခါမှာလည်း ဒီအချက်ကိုကွဲပြားစွာသိဖို့လိုသလို၊ အဓိကထား အကဲဖြတ်ရမှာဖြစ်ပါတယ်။
Focus on critical incidents
ဝန်ထမ်းတစ်ယောက်ချင်းစီအလိုက် အရေးပါတဲ့ဖြစ်စဉ်တွေ၊ လုပ်ငန်းစဉ်တွေဟာ မတူညီနိုင်ပါဘူး။ ဒါကြောင့်သူဆောင်ရွက်နေရတဲ့ area တွေကိုသတ်မှတ်ရမှာပါ၊ ဒါမှသာမိမိအကဲဖြတ်ရမယ့် ဝန်ထမ်း တွေအလိုက်အကဲဖြတ်ရာမှာပိုမိုလွယ်ကူနိုင်စေမှာဖြစ်ပါတယ်၊ သတ်မှတ်တဲ့နေရာမှာလည်း အကဲမဖြတ်ခင်ကတည်းက ဝန်ထမ်း တွေရဲ့ လုပ်ငန်းတာဝန်တွေကို နားလည်စေဖို့လိုပါတယ်။
Focus on the overall rating
နောက်ဆုံးမှာတော့အားလုံးခြုံငုံစုပေါင်းပြီး ပြန်လည်အကဲဖြတ်ခြင်းကိုပြုလုပ်ရပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့အခြေခံအချက်အလက်တွေကျွမ်းကျင်မှုတွေ၊ လုပ်ငန်းခွင်အတွင်းကစွမ်းဆောင်ချက်တွေကိုဘယ်လိုစုပေါင်းဆုံးဖြတ်မလဲဆိုတဲ့စံသတ်မှတ်ချက်တွေတော့သတ်မှတ်ထားရပါမယ်။
အထက်ကတင်ပြခဲ့တာတွေကမိမိအဖွဲ့အစည်းအတွင်းမှာ ဝန်ထမ်းစွမ်း ဆောင်ရည်အကဲဖြတ်ခြင်းအတွကPA တစ်ခုတည်ဆောက်ရမှာအသုံးပြုရမယ့်အရာတွေပါ။ ဒါတွေနဲ့တည်ဆောက်ပြီးပြီဆိုရင်တော့အကဲဖြတ်မှုပုံစံတွေကိုသတ်မှတ်ရပါမယ်။ ကျွန်မတို့ဆီကလုပ်ငန်းတော်တော်များများက (TOP Down) အထက်မှအောက်သို့အကဲဖြတ်တဲ့ပုံစံတွေသာအများဆုံးအကဲဖြတ်ကြတာများပါတယ်။ (Bottom Up) အောက်မှအထက်သို့ပြန်လည်အကဲဖြတ်ခြင်းပုံစံကိုသုံးတာတော့သိပ်မတွေ့ရသေးပါဘူး။ တချို့တွေကလည်း ၃၆၀ ဒီဂရီ Performance Appraisal ပုံစံမျိုးသုံးကြတာကအနည်းအကျဉ်းရှိပါတယ်၊ ဒါကလည်း ဘက်လိုက်မှုတွေ၊ အားနာမှုအစရှိတာတွေကြောင့်တိကျတဲ့ပုံစံတော့မဟုတ်ပါဘူး။
အထက်အောက်အဆင့်ဆင့်အကဲဖြတ်တဲ့ပုံစံကရှင်းပါတယ်၊ မိမိအထက်အရာရှိကမိမိကိုယ်အကဲဖြတ်မယ်၊ ကိုယ်နဲ့အနီးကပ်ကြီးကြပ်ရတဲ့သူပေါ့၊ နောက်တစ်ဆင့်ကမိမိဌာနမန်နေဂျာတွေ၊ ဒါရိုက်တာတွေ က အဆင့်ဆင့်အကဲဖြတ်ပြီး သူတို့အကဲဖြတ်မှတ်တမ်းအပေါ်မှာမိမိရဲ့လိုအပ်ချက်၊ အားနည်းချက်၊ ထပ်မံဖြည့်သွင်းရမယ့်အရည်အချင်းတွေကိုဖော်ပြပေးမှာပါ။ သူတို့သတ်မှတ်ထားတဲ့အောင်မြင်မှုကိုတကယ်ရရှိခြင်း၊ လုပ်ငန်းသက်မှတ်ချိန်အတွင်း ထိရောက်တဲ့လုပ်နိုင်စွမ်းအား၊ ပြီးစီးအောင်မြင်မှု ဒါတွေကိုအဓိကထားတိုင်းတာကြပါတယ်။
အောက်ကနေအထက်ကိုပြန်လည်အကဲဖြတ်တဲ့ပုံစံမျိုးကခပ်ရှား ရှားပါ။ မိမိဌာနရဲ့မိမိအောက်ငယ်သူတွေကမိမိကိုယ်ပြန်လည်အကဲဖြတ်မယ်။ သူတို့အပေါ် ခေါင်းဆောင်နိုင်မှုရှိမရှိ၊ လုပ်ငန်းခွင်အတွင်းတိကျတဲ့ညွှန်ကြားချက်တွေပေးနိုင်မပေးနိုင်၊ လုပ်ငန်းကျွမ်းကျင်မှုအရေအသွေး အစရှိတာတွေပါ။ ဒီအချက်ကခေါင်းဆောင်မှုပုံစံတွေကိုအသားပေးတာမို့Leadership Skill ပိုပြီးလိုအပ်တဲ့Position တွေနဲ့ပိုပြီး လိုက်ဖက်ပါတယ်။
၃၆၀ ဒီဂရီ Performance Appraisal ကတော့အထက်အောက်၊ အဆင့်တူလုပ်ဖော်ကိုင်ဖက်၊ အခြားဌာနများ၊ ဖောက်သည်များနဲ့မိမိနဲ့ဆက်စပ်လုပ်ကိုင်ရတဲ့Sကစစူငနမများပါမကျန်အကဲဖြတ်ရတဲ့စနစ်ပါ။ အဆင့်လုပ်ငန်းစဉ်တွေများပြားသလို၊ မတူညီတဲ့ရှုထောင့်အမြင်များကိုပါအခြေခံတွက်ချက်တာကြောင့်မိမိလုပ်ကိုင်ရတဲScope က ကျယ်ဝန်း လေလေအကဲဖြတ်ရတာခက်ခဲလေလေပါပဲ။
ဝန်ထမ်းကို အကဲဖြတ်တဲ့လုပ်ငန်းစဉ်ပြီးတဲ့အခါ ဝန်ထမ်းရေးရာ ဌာနအနေနဲ့သူနဲ့အသေးစိတ်ပြန်လည်ဆွေးနွေးရပါတယ်။ လိုအပ်ချက်တွေရှိရင်ပြန်လည်ထောက်ပြရသလိုအောင်မြင်မှုတွေချီးကျူး ဂုဏ်ပြုမှုတွေကိုလည်း ဖော်ထုတ်ရပါတယ်။ အဖွဲ့အစည်းအနေနဲ့ ဝန်ထမ်းအပေါ် မျှော်လင့်ချက်၊ ဝန်ထမ်းရဲ့အဖွဲ့အစည်းပေါ်အမြင် ဒါတွေကိုသိရှိအောင်လုပ်ရမှသာအကဲဖြတ်မှုဖြစ်စဉ်ပြီးဆုံးတာပါ၊ အကောင်အထည်ဖော်မှုမရှိတဲ့အကဲဖြတ်ဖြစ်စဉ်တွေဟာ မထိရောက်ပါဘူး။
အထက်ကတင်ပြခဲ့တဲ့အချက်တွေကိုသေချာစွာလုပ်နိုင်ခဲ့ရင်တော့သင့်ရဲ့Performance Appraisal က ထိရောက်ကောင်းမွန်မယ်ဆိုတာအသေအချာပါပဲ။
Credit : Goldie Kyaw

Overtime (OT) ခေါ်ကြတဲ့အခါ



စက်ရုံ၊ အလုပ်ရုံများဟာ ပုံမှန်အလုပ်ချိန် (၈)နာရီအတွင်း ထုပ်လုပ်တဲ့ကုန်ထုတ်လုပ်မှုဟာ ပမာဏ Products ကိုမြှင့်တင်ချင်တာပဲဖြစ်ဖြစ်၊ သတ်မှတ်ထားတဲ့ရက်အပိုင်းအခြားအတွင်း သတ်မှတ်ထားတဲ့ကုန်ထုတ်လုပ်မှု Target မရနိုင်တာကြောင့်ပဲဖြစ်ဖြစ်အချိန်ပိုလုပ်ကိုင်ခြင်း Overtime(OT) ကိုမဖြစ်မနေခေါ်ယူကြရပါတယ်။
ကိုယ့်အလုပ်ကိုယ်လုပ်တာပဲဆိုပြီး အချိန်ပို OT ကိုမိမိသဘောမိမိဆန္ဒ အတိုင်းခေါ်လို့မရပါဘူး။ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန Factory and General Labour Laws Inspection Department (FGLLID) ရဲ့ ခွင့်ပြုချက်ရမှာသာ OT ကို ခေါ်ယူခွင့်ရမှာဖြစ်ပါတယ်။
အချိန်ပိုဆောင်ရွက်ပိုင်ခွင့် OT permit (၃)မျိုးသတ်မှတ်ထားပြီး သူ့အမျိုး အစားအလိုက်လိုက်နာဆောင်ရွက်ရမယ့်စည်းကမ်းချက်များ၊ ဝန်ခံကတိပြုချက်များကိုလိုက်နာကြရမှာဖြစ်ပါတယ်။
OT Permit က (၃)မျိုးရှိပါတယ်။ အဲဒါတွေက
(၁) ရက်သတ္တပတ် (တနင်္လာ မှ စနေနေ့) အတွင်းနေ့စဉ်ခေါ်ယူသော OT
(၂) ရက်သတ္တပတ်အလုပ်ပိတ်ရက် (တနင်္ဂနွေ) Sunday တွင်ခေါ်ယူသော
OT
(၃) အစိုးရသတ်မှတ်ထားသောအများပြည်သူအလုပ်ပိတ်ရက်(Gazette) OT စသည်တို့ဖြစ်ပါတယ်။
(၁) ရက်သတ္တပတ်အချိန်ပိုခေါ်ယူခြင်း
(က) OT ဆင်းမည့်ဝန်ထမ်းလုပ်သား အားလုံး၏ မိမိတို့သဘောဆန္ဒအရ OT ဆင်းရခြင်းကိုသဘောတူညီကြောင်း လက်မှတ်ရေးထိုးထားသည့်မှတ်တမ်း (မူရင်း)ပါရှိရမည်။
(ခ) FGLLID ရုံးချုပ်သို့ OT ပြုလုပ်ခွင့်တောင်းခံသည့်လျှောက်လွှာပါရှိရပါမည်။
(ဂ) OT ခွင့်ပြုခြင်းတွင်ပါရှိသည့်စည်းကမ်းသတ်မှတ်ချက်များကိုကျူးလွန်ဖောက်ဖျက်မိပါကဥပဒေနှင့်အညီ အရေး ယူခံရမည်ကိုသိရှိကြောင်း အလုပ်ရှင်နှင့်ကိုယ်စားအုပ်ချုပ်သူမန်နေဂျာမှလက်မှတ် ရေး ထိုးထားသည်။ ဝန်ခံကတိပါရှိရမည်။
(ဃ) OT ခေါ်ယူမည့်နေ့အတွက်အလုပ်ချိန်ဇယားနှင့်အလုပ်သမား ဦးရေပါရှိရပါမည်။
(၎င်းပုံစံတွင်အလုပ်(ပုံမှန်)စတင်ချိန်၊ နား ချိန်၊ ပြီးဆုံးချိန်၊ OT အလုပ်မစတင်ခင်အနားပေးချိန်၊ OT အလုပ်စတင်ချိန်၊ OT အလုပ်ပြီးဆုံးချိန်စသည်တို့ကိုတိတိကျကျဖော်ပြထားပါသည်။)
အဲဒီမှာသိရှိထားရမှာက OT အလုပ်ချိန်ကိုတနင်္လာနေ့မှစနေနေ့အထိနေ့စဉ် (၃)နာရီထက်ပိုပြီးခေါ်ယူခွင့်မရှိတဲ့အချက်ပဲဖြစ်ပါတယ်။
(၂) တနင်္ဂနွေ (ရက်သတ္တပတ်အလုပ်နားရက်) OT အချိန်ပိုခေါ်ယူခြင်း
(က) OT ဆင်းမယ့်ဝန်ထမ်းလုပ်သားအားလုံးရဲ့ သဘောတူညီကြောင်း လက်မှတ်(မူရင်း) မှတ်တမ်းပါရှိရပါမည်။
(ခ) OT အလုပ်ချိန်ကို (၈)နာရီထက်ပိုခိုင်းလို့မရပါ။
(ဂ) အလုပ်ချိန် (၅)နာရီတစ်ဆက်တည်းခိုင်းပြီးသည်နှင့်နားချိန်အနည်း ဆုံး (၃၀)မိနစ်ပေးနားရပါမည်။
(ဃ) တနင်္ဂနွေနေ့သည် တရားဝင်သတ်မှတ်ထားသည့် ရက်သတ္တပတ်နားရက်ဖြစ်သောကြောင် OT ခေါ်ယူမည့် တနင်္ဂနွေနေ့၏ မတိုင်ခင် (၃)ရက် (ကြာသပတေး၊ သောကြာ၊ စနေ)ထဲမှ (၁)ရက် (သို့မဟုတ်) တနင်္ဂနွေနေ့နောက်ပိုင်း (၃)ရက် (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး)ထဲမှ (၁)ရက်ရက်စားအနားပေးမှုပြုလုပ်ပါမည်ဆိုတဲ့ ဝန်ခံကတိပါရှိရပါမည်။
ဒီနေရာမှာသိရှိထားရမည့်အချက်က OT ခေါ်တဲ့ တနင်္ဂနွေနေ့အတွက်ရက်စားအနားပေးခြင်းကို အမှန်တကယ်ဆောင်ရွက်ရမည်ဆိုတာရယ် အနားမပေးဘဲလုပ်အားခပိုပြီးပေးကာဆက်တိုက်အလုပ်ခိုင်းလို့မရဘူးဆိုတာပါပဲ။
နောက်တစ်ချက်ကှကညိပေ OT ကိုတစ်ပတ်ခြားသာခွင့်ပြုတာမို့တစ်လကို (၂)ကြိမ်ထက်ပိုခွင့်မပြုပါဘူး။
သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရမှာဆိုရင်တော့ Sunday OT ကို အတတ်နိုင်ဆုံး မခေါ် တာပိုကောင်းပါတယ်။ ခေါ်ယူလိုက်တဲ့ တနင်္ဂနွေအချိန်ပို Sunday OT အတွက်နားရက်အစားထိုးပြန်ပေးရတာမို့ Overtime အချိန်ပိုအလုပ်လုပ်တယ်သာအမည်ခံရတာပါ။ တစ်ရက်အစား အနားပြန်ပေးရတာနဲ့ဆိုရင်ဘာမှမထူးပါဘူး။ ပုံမှန်အလုပ်ဆင်းရက်ကရရှိမည့် Productivity က Sunday OT ကနေရရှိမည်။ ထုတ်ကုန်ထွက်ရှိမှုထက်သာလွန်တာကိုအတွေ့အကြုံအရသိရှိခဲ့လို့ပါပဲ။
(၃) အများပြည်သူအလုပ်ပိတ်ရက် Gazette တွင် OT ခေါ်ယူခြင်း
(က) OT ဆင်းမယ့် ဝန်ထမ်းလုပ်သားတွေအားလုံးရဲ့ OT ဆင်းရန်သဘောတူညီကြောင်း ဝန်ခံ ဂတိပြုလက်မှတ်အပြည့်အစုံပါရှိရပါမယ်။
(ခ) FGLLID ရဲ့ OT Permit နဲ့ပတ်သက်တဲ့စည်းကမ်းချက်များ လိုက်နာရပါမယ်။
(ဂ) Sunday OT ရော Gazette Holiday OT ပါအလုပ်ချိန် (၈)နာရီထက်ကျော်လို့မရပါဘူး။
(ဃ) အများပြည်သူရုံးပိတ်ရက်ဟာ Sunday နဲ့မတူပါဘူး။ နေ့ကြီး ရက်ကြီးတွေဖြစ်တဲ့အတွက် ဝန်ထမ်းလုပ်သားတွေရဲ့ အပန်းဖြေမှု၊ လူမှုရေးကိစ္စတွေသွားလာဆောင်ရွက်မှုတွေရှိတတ်ကြတဲ့ရက်တွေမို့ ဝန်ထမ်းလုပ်သားတော်တော်များများက အဲဒီ OT ခေါ်ယူမှုကိုမလိုလားကြတဲ့အတွက်တင်းပြည့်ကျပ်ပြည့်လုပ်အား Full Capacity မရနိုင်လောက်ပါဘူး။
(င) Gazette OT ရဲ့သိရမည့်အချက်ကရက်စားအနားပေးစရာမလိုတဲ့အချက်ဖြစ်ပါတယ်။
အထက်ဖော်ပြပါ OT ပုံစံ (၃)မျိုးစလုံးမှာညဘက် (၉)နာရီထက်အချိန်လွန်ခေါ်ယူခွင့်မရှိသလိုလူငယ်အလုပ်သမား Young Worker တွေကိုလည်း မည်သည့် OT အမျိုးအစားတွင်မှ ခေါ်ယူခြင်း ခွင့်မပြုတဲ့အချက်ဖြစ်ပါတယ်။
အချိန်ပိုခေါ်ယူခြင်း OT ကိုဖြစ်ပေါ်စေခဲ့တဲ့အလုပ်ရှင်ရောအလုပ်သမားပါ OT ရဲ့ ကောင်းကျိုးကိုဆက်စပ်ခံစားကြရပါတယ်။
အလုပ်ရှင်အနေနဲ့ကပုံမှန်အလုပ်ချိန် (၈)နာရီအတွင်း သတ်မှတ်ထားတဲ့အလုပ်ပြီးစီးမှုပမာဏကိုရရှိမယ်ဆိုရင် OT ကို ခေါ်ယူမှာမဟုတ်ပါဘူး။ သို့သော်ပုံမှန်ကုန်ထုတ်လုပ်မှုထက်ပိုမိုထုတ်လုပ်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင်လည်း OT ကို ခေါ်ယူနိုင်ပါသေးတယ်။ ဒီဘက်ခေတ်အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ချက် Minimum Wages ထွက်ပေါ်လာပြီး နောက်ပိုင်းမှာတော့ OT တွေကို ခေါ်ယူမှုလျော့နည်းလာပြီး ပုံမှန်အလုပ်အချိန်အတွင်း Production Target ကိုတိုးမြှင့်သတ်မှတ်တာတွေရှိလာပါတယ်။ ဟုတ်တယ်လေ Minimum Wages က တစ်နာရီကို (၄၅၀)ကျပ်ဆိုတော့ OT တစ်နာရီနှုန်းက (၉၀၀)ကျပ်ဖြစ်လာတာမို့လား။
ဒီမှာတင် ဝန်ထမ်းလုပ်သားတွေဘက်ကလည်း ယခင်ကာလတွေတုန်း က OT ဆင်းဖို့တော်တော်ကို စည်းရုံးကြရပါတယ်။ Minimum Wages ပြီး လစာစာတိုင်တွေထဲက Bonus အမျိုးမျိုးတွေကိုလျှော့ချ၊ ဖြုတ်ချသွားတဲ့အတွက်လစာပမာဏကလျော့ကျသွားသလို၊ OT Rate က တက်လာတဲ့အတွက်တစ်လလုံးဆင်းရင် OT Payment Amount က တက်လာတာကြောင့်မို့လို့ OT ဆင်းဖို့ကို စိတ်ဝင်စားမှုရှိလာ ကြတာတွေ့ရပါတယ်။
Credit : အလယ်လူ

Annual training plan


Training Manager တစ်ယောက်အတွက် လုပ်ဆောင်စရာတွေ အများကြီးအထဲကနေ Annual Training Plan တစ်ခု ဘယ်လိုရေးဆွဲရမလဲဆိုတာလေးကို ပြောပြချင်ပါတယ်။ HR နဲ့ပတ်သက်တဲ့ လေ့လာစရာတွေကတော့ အများကြီးဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ ကိုယ်တကယ်လုပ်ရတာတွေနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့ အတော်ခက်ခဲတတ်တာကို သတိထားမိပါတယ်။ Learning & Development နဲ့ ပတ်သက်ပြီး သင်ကြတာတွေ အများကြီးဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကို နောက်လာမယ့်နှစ်အတွက် Training Plan တစ်ခုဆွဲပါလို့များ လူကြီးကနေ ခိုင်းလာခဲ့မယ်ဆိုရင် ကိုယ်ဘယ်နေရာကနေစလုပ်မလဲ။ အတော်တော့ အဆင်မပြေတဲ့ကိစ္စဖြစ်ပါတယ်။ HR စာအုပ်အထဲမှာပါတဲ့ သီအိုရီတွေကို ထိုင်ရွတ်နေလို့ လည်း ဒီ Plan က ကိုယ့်ရဲ့အရှေ့ကို ရောက်လာမှာ မဟုတ်တော့ အတော်လေးခက်ပါတယ်။ 
ဒီနေရာမှာ အကြံပေးချင်တာက ကိုယ့်ရဲ့ကုမ္ပဏီမှာ အရင်က Annual Training Plan တွေလုပ်ခဲ့ဖူး လား၊ ဘယ်လိုလုပ်ခဲ့ကြလဲ၊ ဒါကို လေ့လာ သင့်ပါတယ်။ နောက်တစ်ခုက Annual Training Plan လို့ဆိုပေမဲ့ ကိုယ့်ကို တာဝန်ပေးတဲ့လူကြီးရဲ့စိတ်ထဲမှာ ဘာကိုလို ချင်တာလဲဆိုတာကိုလည်း သေသေချာချာ သိအောင်လုပ်ရမယ်။ ကိုယ့်အထင်နဲ့ ကိုယ် လုပ်လိုက်ပေမယ့် သူမျှော်လင့်ထားတာမျိုး မဟုတ်ခဲ့ရင်လည်း ကြိုးစားထားသမျှ အရာ မထင်ဖြစ်သွားနိုင်သေးတယ်။ ဒီတော့ သူ့ကို Annual Training Plan နဲ့ပတ် သက်ပြီး ဘယ်လိုမျိုးကိုလိုချင်တာလဲဆို တာကို ပြန်ပြီးသေသေချာချာ မေးမြန်း သင့်ပါတယ်။
ပုံမှန်အားဖြင့်ဆိုရင် Annual Training Plan တစ်ခုမှာ (1) Executive Summary, (2) Schedule of the program, (3) Budget, (4) Training Calendar, (5) Course Description ဆိုတာတွေပါ ဝင်တတ်ပါ တယ်။
Executive Summary မှာဆိုရင် ကိုယ့်ကုမ္ပဏီရဲ့ Goals တွေနဲ့ Objectives တွေပါဝင်တယ်။ ဒီနေရာမှာ Goal ဆိုတာက လိုချင်တဲ့ Outcome တွေဖြစ်ပါ တယ်။ အဲ့ဒါကို ရရှိဖို့ strategy တွေချရပါတယ်။ ဒီ strategy တွေအောင်မြင် ဖို့အတွက် လုပ်ဆောင်ရမယ့်အဆင့်တွေကို တော့ objectives တွေလို့ အကြမ်းဖျဉ်း ယူဆလို့ ရပါတယ်။ ပြီးရင် ကိုယ်လုပ်ခဲ့ တဲ့ Training Needs Analysis တွေရဲ့ ရလဒ်အကျဉ်းတွေကို ဖော်ပြရပါတယ်။ နောက်တစ်ခု ကိုယ့် Training Plan ရဲ့ ooverview ကို တင်ပြသင့်ပါတယ်။ ကိုယ့် ရဲ့ Plan အထဲမှာ ဘယ်လို program တွေပါဝင်သလဲ၊ ဘာကြောင့်လဲဆိုတဲ့ အ ကျဉ်းချုံးလေးကို ဆိုလိုတာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကိုယ့်ရဲ့ Training Plan က ထိရောက်မှုရှိတယ် မရှိဘူး ဆိုတာကို ဘယ်လိုအရာတွေနဲ့ တိုင်းတာနိုင်မလဲဆိုတာလေးတွေပါသင့်ပါတယ်။
Schedule of the program ဆိုတာကတော့ ကိုယ့်ကုမ္ပဏီမှာရှိတဲ့ ဝန် ထမ်း level အမျိုးအစားအလိုက် ဘယ်လို Program တွေကို တစ်နှစ်မှာ ဘယ်နှစ် ကြိမ်လုပ်မှာလဲ၊ တစ်ကြိမ်မှာ လူဘယ်နှစ် ယောက် မှန်းထားလဲ၊ တစ်နှစ်လုံးအတွက် လူဘယ်နှစ်ယောက်စာလောက်လျာထား လဲ၊ စာသင်ချိန် ဘယ်နှစ်နာရီလောက်ရှိမလဲ၊ ဆိုတာတွေကို အကြမ်းဖျင်းတင်ပြထားရ မှာဖြစ်ပါတယ်။
Budget ဆိုတာကတော့ ခုနက စဉ်း စားထားတဲ့ program တွေအရ ကုန်ကျ စရိတ်ခန့်မှန်းငွေ ဘယ်လောက်ရှိမှာလဲ ဆိုတာကို အကြမ်းဖျင်းတွက်ချက်ထား တာကို ဆိုလိုပါတယ်။ ဝန်ထမ်း level အမျိုးအစားအလိုက် လုပ်ပေးထားတဲ့ Program တွေ တစ်နှစ်မှာ ဘယ်နှစ်ကြိမ် လုပ်မှာလဲ၊ ဘယ်နှစ်ယောက်တက်မှာလဲ၊ တစ်ယောက်ကို ဘယ်လုပ်ကုန်မလဲ။ ဒီလိုပြောတဲ့နေရာမှာ trainer fees တွေ၊ development fees တွေ၊ material cost တွေ၊ rental/refreshment cost တွေ၊ travelling cost တွေအားလုံးကို ထည့်သွင့်စဉ်းစားထားရမှာ ဖြစ်ပါတယ်။
Training Calendar ဆိုတာကတော့ ပြက္ခဒိန်တစ်ခုလို လအလိုက် ဘယ်လရဲ့ဘယ်ရက်တွေမှာ ဘာသင်တန်းတွေကို လျာထားတယ်ဆိုတဲ့ (၁၂)လစာ ပြက္ခဒိန်ပုံစံကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့ အခါမှာ တစ်နှစ်အတွင်းမှာ ရှိနိုင်တဲ့ ရုံးပိတ်ရက်တွေ၊ လုပ်ငန်းအလုပ်များမယ့်ကာလတွေ၊ လူအများ မအားမယ့်အချိန်တွေကို ထည့်သွင်းစဉ်းစားထားရမှာ ဖြစ်ပါတယ်။
Course Description ဆိုတာကတော့ လိုအပ်ချက်အရ ကိုယ်စီစဉ်ပေးမယ့် program တစ်ခုချင်းဆီရဲ့အကြောင်းလေးတွေကို catalog ပုံစံလုပ်ထားတာကို ဆိုလိုပါတယ်။ ဒီ catalog မှာ course title တွေ၊ course ရဲ့ objectives တွေ၊ ကြာချိန်၊ ဘယ်သူသင်မှာလဲ၊ လူအများဆုံးဘယ်လောက် တက်နိုင်မလဲ၊ ဘယ်လိုလူတွေ တက်သင့်သလဲဆိုတဲ့အချက်တွေ ပါဝင်သင့်ပါတယ်။
အခုပြောပြခဲ့တာတွေကတော့ Annual Training Plan တစ်ခုမှာ ပါဝင်လေ့ရှိတဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ဘယ် program တွေကို ထည့်သွင်းသင့်သလဲလို့ စဉ်းစားဖို့အတွက် လိုအပ်တဲ့ Training Needs Analysis ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ Annual Training Plan ဟာ လိုအပ်ချက်အရ ပြင်ဆင်ထားတာဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလိုလုပ်ဖို့နည်းလမ်းတွေကတော့ အမျိုးမျိုးပြောကြပါတယ်။ ကိုယ်နဲ့အဆင်ပြေတဲ့နည်းလမ်းကို ရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။ တကယ်လို့ ဘယ်လိုလုပ်ရမှန် မသိဘူးဆိုရင်တော့ အောက်မှာ ပြောပြထားသလို လုပ်ကြည့်နိုင်ပါတယ်။
ပထမအဆင့်အနေနဲ့ ကိုယ့်လုပ်ငန်းရဲ့ အကြီးအကဲကို ချဉ်းကပ်ပြီး ကုမ္ပဏီရဲ့အခြေအနေ (SWOT)၊ တကယ့် training လိုအပ်ချက်တွေ၊ နောက်နှစ်အတွက်ထားရှိချင်တဲ့ raining focus တွေ၊ target တွေကို မေးမြန်းဆွေးနွေးသင့်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ ကိုယ့်လုပ်ငန်းမှာရှိတဲ့ဌာနမှူးကြီးများနဲ့ တွေ့ဆုံမေးမြန်းသင့်ပါတယ်။ ဌာနရဲ့ development လိုအပ်ချက်တွေ၊ trainng လိုအပ်ချက်တွေ၊ နောက်နှစ်အတွက်ထားရှိချင်တဲ့ training focus တွေ၊ target တွေကို ဆက်လက်မေးမြန်းဆွေးနွေးသင့်ပါတယ်။
တတိယအဆင့်အနေနဲ့ ဝန်ထမ်းများကို တွေ့ဆုံမေးမြန်းရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ဝန်ထမ်း အားလုံးကို ပါဝင်စေဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် randomly ရွေးချယ်လို့ focus group တွေကိုသာ မေးမြန်းရမှာဖြစ်ပါတယ်။ အဓိကကတော့ သူတို့မှာ ဘာ challenges တွေရှိနေလဲ၊ အရင်က ရရှိခဲ့ဖူးတဲ့ သင်တန်းတွေအပေါ်သုံးသပ်ချက်တွေ၊ သူတို့အလုပ်ကို ပိုပြီးထိထိရောက်ရောက်လုပ်နိုင်ဖို့ ဘယ်လို program တွေလိုအပ်ပါသလဲ စတာတွေကို မေးမြန်းသင့်ပါတယ်။
လိုအပ်ပါက Training Needs Analysis Survey ကို လုပ်ကိုင်နိုင်ပါတယ်။ အပေါ်မှာ ပြောထား တဲ့အချက်နဲ့ပဲ လုံလောက်ရင်လည်း မလုပ်လို့ ရပါတယ်။ TNA survey လုပ်မယ်ဆိုရင်တော့ အရင်ဆုံး မေးခွန်းကို design လုပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် survey ကို ဘယ်လို မေးမြန်းမယ်ဆိုတဲ့ administration ကို စဉ်းစားရပါမယ်။ ရလာတဲ့ရလဒ်တွေကို analysis လုပ်ရပါမယ်။ ပြီးရင် report တွေ၊ မှန်မမှန် verify လုပ် တာတွေကို လုပ်ဆောင်ပြီး ဘယ်လိုအပ်ချက်ကို ဦးစားပေးလုပ်ဆောင်မလဲဆိုတာ ကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
အခုပြောခဲ့တဲ့အဆင့်တွေကို လုပ်ဆောင်ခြင်းအားဖြင့် ကိုယ့်လုပ်ငန်းရဲ့ Learning & Development လိုအပ်ချက်တွေကို အနည်းနဲ့အများဖော် ထုတ်လာနိုင်မှာဖြစ်ပြီး ဒီလိုအပ်ချက်တွေအပေါ်မူတည်ပြီး အစမှာရှင်းပြခဲ့ တဲ့အတိုင်း Annual Training Plan တစ်ခုကို ရေးဆွဲသွားရမှာဖြစ်ပါတယ်။ ဒီအကြောင်း အရာတွေကတော့ အပြောကလွယ်ပေမယ့် လက်တွေ့မှာတော့ အတော်လေးကြိုးစားအားထုတ်ရမှာဖြစ်ပါ တယ်။ ဒါပေမဲ့လည်း ဒီကြိုးစားအားထုတ်မှုဟာ အလကားမဖြစ်သွားပါဘူးဆိုတာကို ရှင်းပြရင်း Annual Training Plan တွေကို လုပ်ငန်းလိုအပ်ချက်အရရေးဆွဲသွားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
Creidt : စောကယ်ရီဝင်း (KC Myanmar)

Sunday, December 3, 2017

"Best Follower"



ဒီနေ့ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေကြသူတွေကို ကြည့်လိုက်ရင် အများစုဟာ နောက်လိုက်ကောင်း ဖြစ်ခဲ့ကြတာကို တွေ့ရမှာပါ..။ “အောက်သက်ကြေတယ်” ဆိုတာ ခေါင်းဆောင် ဖြစ်ဖို့ လမ်းစ ပါပဲ..။ ခေါင်းဆောင် ဆိုတဲ့ နေရာကို နေ့ချင်းညချင်း ရောက်မယ်လို့ ထင်ပြီး ခေါင်းဆောင်နည်း သင်တန်းတွေကို တက်ထားရုံနဲ့ မဖြစ်နိုင်ပါဘူး..။ ခေါင်းဆောင်နည်း သင်တန်းတွေက “ခေါင်းဆောင်လုပ်နည်း” ကိုပဲ သင်ပေးတာပါ.. ခေါင်းဆောင် ဖြစ်အောင် လုပ်ပေးတာ မဟုတ်ပါဘူး..။ ခေါင်းဆောင် ဖြစ်လာရင် ဘာတွေ လုပ်ရမယ်..။ ခေါင်းဆောင်ဖြစ်ချင်ရင် ဘယ်လို နေထိုင်ကျင့်ကြံရမယ် ဆိုတာ တွေကို သင်ပေးတာပါ..။ ခေါင်းဆောင်ဖြစ်အောင် လုပ်ပေးလိုက်တာ မဟုတ်ပါဘူး..။ ခေါင်းဆောင်ဖြစ်ချင်ရင်တော့ ကိုယ်တိုင် ကြိုးစား ရမှာပါ..။ ကိုယ်ဦးဆောင်ချင်တဲ့ နယ်ပယ် အကြောင်းကို သေသေချာချာ ထဲထဲဝင်ဝင် သိဖို့က တော့ “အောက်သက်ကြေ” ခဲ့ဖို့ လိုပါလိမ့်မယ်..။ အောက်သက်ကြေဖို့ ဆိုရင် သူများနောက်ကို အရင်လိုက်ရမှာပေါ့..။ အပေါ်မှာ နေရာယူပြီး အောက်သက်ကြေချင်လို့ မရနိုင်ပါဘူး..။ 
ကိုယ်ဦးဆောင်လို့ ရနိုင်မယ့် နယ်ပယ်ကို အရင်ရွေးရပါမယ်..။ ကိုယ်ရွေးလိုက်တဲ့ နယ်ပယ်အကြောင်းကို အသေးစိတ် ထဲထဲဝင်ဝင် သိဖို့လိုပါတယ်..။ သိဖို့ လိုတယ်ဆိုလို့ အရာရာကို လက်တွေ့ကျကျ ကျွမ်းကျင်ရမယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး..။ နှံ့နှံ့စပ်စပ် ထိုးထိုးထွင်းထွင်း သိနိုင်ဖို့ လိုတယ် လို့ ပြောတာပါ..။ ပြီးတော့ ဆုံးဖြတ်နိုင်စွမ်း.. ညှိနှိုင်းနိုင်စွမ်း ဆိုတာကလည်း သိပ်ကို အရေးပါပါတယ်..။ ညှိနှိုင်းတယ် ဆိုတာ နားဝင်ချိုအောင် ပြောတာပါ..။ တကယ်တော့ “အပေးအယူ” လုပ်ရတာပါ..။ ကိုယ်က တစ်ခုခုလိုချင်တယ်.. ဒါဆိုရင် ကိုယ့်ဖက်ကလဲ တစ်ခုခု ပြန်ပေးမှ ဖြစ်မှာပေါ..။ ပေးချင်သူနဲ့ ယူချင်သူ.. ။ ပေးနိုင်တာနဲ့ လိုချင်တာ အံဝင်ခွင်ကျ ဖြစ်သွားရင် ညှိနှိုင်းမှု အောင်မြင်တာပါပဲ..။ ပြောရတာ လွယ်ပေမယ့် လုပ်ရတာ ခက်ပါတယ်..။ လူ့သဘာဝအတိုင်း ကိုယ်ကပဲ ယူချင်တာ ကိုယ့်ဖက်က ပြန်ပေးရမှာတော့ နှမျောတယ်လေ..။ ဒါကြောင့် ညှိနှိုင်းမှုတစ်ခုအောင်မြင်ချင်ရင် ပေးတတ်ပါစေ.. ပေးတတ်ဖို့ လိုပါတယ်..။ မပေးရင် ဘာမှ မရပါဘူး..။ အဲဒီ အလေ့အကျင့်ကို နောက်လိုက်ဘဝမှာကတည်းက ကျင့်ကြံထားဖို့ လိုပါတယ်..။ ပေးမှ ရမယ် ဆိုတာ သိထားရပါမယ်..။
နောက်လိုက် ဘဝမှာ လေ့ကျင့်ထားရမယ့် နောက်ထပ် အရည်အချင်းတစ်ခုက နာခံတတ်ဖို့ပါ..။ ကိုယ့်ထက် အတွေ့အကြုံများသူ ကိုယ့်ထက် ဝါသမ္ဘာကြီးသူက လမ်းညွှန်ရင် လိုက်နာ တတ်ရပါတယ်..။ ခေါင်းဆောင်တွေ ဟာ လိုက်နာတဲ့ သူတွေကို နှစ်သက်လေ့ရှိပါတယ်..။ ကိုယ့်ကို ပေးတဲ့ လမ်းညွှန် မှုက မရှင်းလင်းလို့ နားမလည် လို့ ဆိုရင် ပြန်မေးသင့်ပါတယ်..။ ရှင်းရှင်းလင်းလင်း ရှိပါရက်နဲ့ မနာခံတာ.. ဆန့်ကျင်တာ ဆိုရင်တော့ နောက်လိုက်ကောင်း လို့ မဆိုနိုင်တော့ပါဘူး..။

နောက်ထပ်တစ်ခုကတော့ ကိုယ့်ကို ပေးထားတဲ့ တာဝန်ပြီးဆုံးအောင် ဆောင်ရွက်ပြီးရင် အကြီးအကဲကို ပြန်ပြီး သတင်းပို့ဖို့ လိုပါတယ်..။ လုပ်တော့ လုပ်လိုက်တယ်..။ ပြီးလဲ ပြီးသွားတယ်..။ ဒါပေမယ့် ကိုယ့်တာဝန်ပြီးဆုံးကြောင်း ပြန်သတင်းမပို့ရင် ပြီးဆုံးပြီလို့ မယူဆနိုင်ပါဘူး..။ ကိုယ်တာဝန်ယူဆောင်ရွက်လိုက်ရတဲ့ ဆောင်ရွက်ချက်ဟာ အောင်မြင်သွားတာတဲ့ ဖြစ်နိုင်သလို ဆုံးရှုံးသွားတာလဲ ဖြစ်နိုင်ပါတယ်..။ ကိုယ့်အထက်က တာဝန်ရှိသူ (ကိုယ့်ကို ညွှန်ကြားသူ) ကို ပြန်ပြီး သတင်းပို့ထားမှ ရှေ့ဆက် ဘာလုပ်ရမယ် ဆိုတာ သိနိုင်မှာပါ..။

အောက်သက်မကြေခဲ့ရင် ….. နောက်လိုက်ကောင်း မဖြစ်ခဲ့ရင် .. ခေါင်းဆောင်ကောင်း မဖြစ်နိုင်တော့ ဘူးလား လို့ မေးနိုင်ပါတယ်..။ ဖြစ်နိုင်ပါတယ်..။ အောက်သက်မကြေခဲ့တဲ့ အတွက် လက်အောက်ငယ်သားတွေရဲ့ ခံစားချက် ကို မသိနိုင်တာ တစ်ခုပဲ ရှိပါတယ်..။ အဲဒီကိစ္စက တော်တော်အရေးကြီးတဲ့ (Qualitative factor) ဖြစ်ပါတယ်..။ တခြား ကျွမ်းကျင်မှုတွေ နှံ့စပ်အောင် လေ့လာလို့ ရနိုင်ပေမယ့် .. ငယ်သား ဘဝရဲ့ ခံစားချက် .. သံယောဇဉ် သစ္စာတရား ဆိုတာတွေကို ခံစား နားလည်ဖို့တော့ ခက်ပါလိမ့်မယ်..။ 
ဒါကြောင့် နောင်တစ်ချိန်မှာ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင် ဖြစ်လိုသူတွေ “အောက်သက်ကြေ” တဲ့ နောက်လိုက်ကောင်းတွေ ဖြစ်ခဲ့စေချင်ပါတယ်..။ 
ချစ်ခင်စွာဖြင့်
ကောင်းလွန်း (၂.၁၂.၂၀၁၆)

Wednesday, November 29, 2017

ဝမ်းစာပြည့်လူငယ်ဖြစ်အောင်ကြိုးစား


စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည့် လူ့ဘောင်လောကတွင် ရှင်သန် လှုပ်ရှားနေသော မျိုးဆက်သစ် လူငယ်လူရွယ်များ အတွက် တစ်ခုတည်းသော အနာဂတ်မျှော်လင့်ချက်မှာ သင့်တင့်ကောင်းမွန်သည့် အလုပ် အကိုင် အခွင့်အလမ်းရရှိရေးဖြစ်ရာ ထိုအခွင့်အရေးရရှိနိုင်ရန် ဆိုင်ရာဆိုင်ရာ ပညာရပ်များကို ဆည်းပူးလေ့လာ ဖြည့်ဆည်းကြရသည်။

သို့သော် လူငယ်အများစုအနေဖြင့် ၎င်းတို့မျှော်မှန်းထားရာ အလုပ်အကိုင်များရရှိရေး ကြိုးပမ်းအားထုတ် နေကြသော်လည်း ထင်သလောက် ခရီးမပေါက်ခြင်း၊ တတ်မြောက်ထားသည့် ပညာရပ်နှင့် အလုပ်အကိုင် အံဝင်ခွင်ကျမဖြစ်ခြင်း၊ မျှော်မှန်းထားသလောက် ခရီးမရောက်ခြင်းတို့ ဖြစ်တတ်ကြသည်တို့ကို အဖြေမှန် ရှာဖွေ၍ ဝိုင်းဝန်းတည့်မတ် လမ်းမှန် ညွှန်ပြပေးရန်လိုအပ်မည်ဟု ထင်မြင်ယူဆပါသည်။

လူငယ်လူရွယ်များ အလုပ်အကိုင်ရရှိရေး၌ ပုံမှန်အဆင့်မြင့်ပညာ ရေးထက် အသက်မွေးဝမ်းကျောင်း ပညာရပ်များက အလုပ်ခွင်ဝင်ရောက် ရေးအတွက် ပိုမိုထိရောက်မှုရှိသည်ကို တစ်ချိန်သော ကာလက အသက် မွေးဝမ်းကျောင်းပညာသင်ကြားပြီးလျှင် သင်ယူမှုအဆင့်နှင့် လိုက်လျော ညီထွေရှိသည့် ဆိုင်ရာ အလုပ်အကိုင်များ ရရှိကြသည်ကို တွေ့ရသည်။ ယင်းမှာ သင်ယူမှုပညာရပ်နှင့် အလုပ်အကိုင် အံဝင်ခွင်ကျ ဖြစ်နေသည်ဟု ဆိုနိုင်သည်။နောက်ပိုင်းကာလများတွင် သင်ယူခဲ့မှု ဝမ်းစာအရည်အချင်း မပြည့်မီခြင်း ကြောင့်လော၊ သင်ကြားမှုစံနှုန်းများနှင့် လုပ်ငန်းခွင် အဆင့်အတန်း ကိုက်ညီခြင်းမရှိသောကြောင့် လော ရရှိသောဘွဲ့ပညာ များနှင့် လုပ်ငန်းခွင်၌ ပတ်သက်ခြင်းရှိစေကာမူ အံမဝင်၊ ခွင်မကျ၊ အလုပ် မဖြစ်မှုများလာသည်ကို ကြုံတွေ့လာကြရသည်။ အသက်မွေးဝမ်းကျောင်း ဆိုင်ရာနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်တွင် သင်ကြားမှု၊ သင်ယူမှုသာမက စိတ်ပါဝင်စားမှု၊ ဝါသနာပါမှုနှင့် လက်တွေ့ လုပ်ဆောင်မှုများမှာ ပဓာနကျပြီး ထိုအချက်များနှင့်ကိုက်ညီပါက အလုပ်အကိုင်နှင့် အခွင့်အလမ်း အံဝင်ခွင်ကျဖြစ်မည်မှာ သေချာပါသည်။

မျက်မှောက်ကာလ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်လာမှုများနှင့် နိုင်ငံ တကာနှင့် ဆက်နွှယ်ကူးသန်းပြီး ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုများ တိုးတက် ဖြစ်ထွန်းလာသောအခါတွင် အလုပ်အကိုင်အခွင့်အလမ်းများမှာ သူ့နေရာနှင့်သူ၊ သူ့လုပ်ငန်းဘာသာရပ်အလိုက် ရှင်သန်ဖွံ့ဖြိုးနေပြီး လူတစ်ဦးချင်း ကျွမ်းကျင်မှု အရည်အသွေးအလိုက် အလုပ်ရရှိမှုနှင့် လစာအနည်းအများ ကွာခြားချက်သာရှိပါသည်။ အဓိကမှာ လိုအပ်သောလုပ်ငန်းအလိုက် မိမိတို့တွင် ဝမ်းစာပြည့်နေရန်သာ လိုအပ်ပါသည်။

ဝမ်းစာပြည့်ရေးဆိုရာ၌ စာမေးပွဲဖြေဆိုအောင်မြင်ခြင်း၊ ကျောင်းသင်ပညာ အသိအမှတ်ပြု လက်မှတ် တစ်ခုနှင့် ပြည့်စုံလုံလောက်ခြင်း ဖြစ်မည်မထင်ပါ။ လူမှုဆက်ဆံရေး၊ ပြင်ပဗဟုသုတနှင့် ကျောင်းသင် ပညာ တို့နှင့်သက်ဆိုင်သည့် ဘာသာရပ်ဆိုင်ရာ နယ်ပယ်တို့၌ ကျွမ်းကျင် နှံ့စပ်မှုရှိနေရန် လိုအပ်မည် ထင်သည်။ လူငယ်လူရွယ်များနှင့်ပတ်သက်၍ အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသော သူတို့သည် ကျောင်းသား ဆိုသည်မှာ အတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှ ဟူသော အများအယူအဆတိမ်ခြင်း အဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်နောက်ကျသည့် အယူအဆသာဖြစ်ပေသည်။ ပညာရေး ကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကရေး၊ ဓမ္မရေး၊ ပြဿနာအရပ်ရပ်တို့ကို စိစစ် ဝေဖန် ဖြေရှင်း တတ်သောပညာ၊ စာအုပ်စာပေကို အံ၍ရသော အမှတ်သညာ နှစ်မျိုးကို ခွဲခြားထားသည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ရေးသားညွှန်ပြခဲ့သည်။

သို့ဖြစ်ရာ ယနေ့ လူငယ်လူရွယ်များအနေဖြင့် မိမိတို့၏အနာဂတ်ကို မျှော်မှန်းလျှောက်လှမ်းရာတွင် သင်ယူမှု လက်မှတ်များရရှိရန် ကြိုးပမ်း အားထုတ်မှုလိုအပ်သလို ထိုလက်မှတ်နှင့်လုပ်ငန်းခွင် အံဝင် ခွင်ကျဖြစ်စေမည့် အတတ်ပညာ၊ အသိပညာများ ကုံလုံကြွယ်ဝစေမည့် ဝမ်းစာများ ဖြည့်တင်းထာရန် လိုအပ် ပါသည်။ ထို့အပြင် လောကအရေး၊ ကမ္ဘာ့အရေး ဗဟုသုတအဖုံဖုံတို့ကို လေ့လာဆည်းပူးကြကာ လူ့ဘောင် လောကနှင့် ဝင်ဆံ့သော၊ စိန်ခေါ်မှုများကို ကျော်လွှားတတ်သော လူငယ်လူရွယ်များ ဖြစ် အောင် ကြိုးပမ်းအားထုတ်ကြဖို့ အလေးအနက် တိုက်တွန်းချင် ပါသည်။ ။

Credit : The Mirror News

Sunday, November 19, 2017

Business Planning – စီးပွားရေး အစီအစဉ်ရေးဆွဲခြင်း


အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့ အရင်ဆုံး သင်လုပ်ဆောင်ရမှာကတော့
Business Plan တစ်ခု ရေးဆွဲဖို့ ပါပဲ။ Plan မှမရှိပဲ ကြုံသလိုစီးပွားရေးလုပ်လျှင် အရင်းအနှီးဘယ်လောက် ကောင်းကောင်း ရည်မှန်းထားတဲ့ လုပ်ငန်းဟာ အောင်မြင်မှာမဟုတ်ပါဘူး။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်အောင် Business Plan တစ်ခုကို ကြိုတင်ပြီးရေးဆွဲသင့်ပါတယ်။

၁။ (R&D) သုတေသနလုပ်ခြင်း
ရည်ရွယ်ထားတဲ့ လုပ်ငန်းနဲ့ သက်ဆိုင်မယ့် အချက်အလက်မှန်သမျှကို သုတေသန လုပ်သင့်ပါတယ်။ ဥပမာ IT Business လုပ်မယ်ဆိုရင် လက်ရှိအောင်မြင်နေတဲ့ IT Company တွေကို လေ့လာသင့်ပါတယ်။ သူတို့ ရဲ့ ဝန်ဆောင်မှုတွေ၊ ၀န်ထမ်းဖွဲ့ စည်းပုံ၊ ဈေးကွက်အနေအထား၊ Customer တွေရဲ့ တုံ့ ပြန်မှု စတာတွေကို စနစ်တကျ သုတေသနပြု လေ့လာသင့်ပါတယ်။ အတွေ့ အကြုံရှိသူ ကျွမ်းကျင်ပညာရှင်တွေနဲ့ လည်း တိုင်ပင်သင့်ပါတယ်။ Google Search ကလည်း သင့်သုတေသနလုပ်ငန်းအတွက် အကောင်းဆုံးကူညီ နိုင်ပါတယ်။ သင့်သုတေသနအတွက် လိုအပ်တဲ့ အချက်အလက်တွေကို Google ကနေရှာဖွေနိုင်ပါတယ်။

၂။ (Planning on Paper) အစီအစဉ်တွေကို စာရွက်ပေါ်တွင်ချရေးခြင်း
သင်သုတေသန လုပ်ထားတဲ့ အချက်အလက်တွေကို စာရွက်ပေါ်မှာချရေးထားသင့်ပါတယ်။
ဦးနှောက်ထဲမှာပဲ သိမ်းထားရင် တချို့ အရေးကြီးတဲ့ အချက်အလက်တွေ မေ့သွားနိုင်ပါတယ်။ စာရွက်ပေါ်မှာ ချရေးခြင်းဟာ စေ့စပ်သေချာတဲ့ အလုပ်ဖြစ်ပြီး Business Plan တစ်ခု တည်ဆောက်ဖို့ ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ စီးပွားရေးတခုလုံးမှာပါဝင်နေတဲ့ လူ၊ ငွေ၊ အရာဝတ္တု၊ မဟာဗျူဟာ၊ ဈေးကွက် စတဲ့အချက်တွေလည်းဖြစ်နိုင်ပါတယ်။

၃။ (Mission) ဦးတည်ချက်
သင့်လုပ်ငန်းရဲ့ ဦးတည်ချက်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို စာရင်းပြုစုသင့်ပါတယ်။ ဥပမာ သင်က အမျိုးသမီးသုံးအလှကုန်ထုတ်မယ့် စီးပွားရေး လုပ်မယ်ဆိုရင် ကျွန်တော်တို့ ရဲ့  Target က အမျိုးသမီးတွေဖြစ်ရမယ်ပေါ့။ ဒီလောက်နဲ့ ဦးတည်ချက်က မလုံလောက်သေးပါဘူး။ အမျိုးသမီးတွေမှာမှ အသက်အပိုင်းအခြား ဘယ်နှနှစ်ကနေ ဘယ်နှနှစ်အတွင်းကို ဦးတည်မှာလဲ စသဖြင့် သင့်လုပ်ငန်းရဲ့ ဦးတည်ချက် အလိုက် စနစ်တကျလေ့လာပြီး အစီအစဉ်ဆွဲထားသင့်ပါတယ်။

၎။ (Completitor) ပြိုင်ဘက်များ
သင်ဟာ စီးပွားရေး လုပ်ငန်း လုပ်နေပြီဆိုမှတော့ ပြိုင်ဘက်နဲ့ မကင်းနိုင်ပါဘူး။ ဒါဆို ပြိုင်ဘက်တွေကို ရင်ဆိုင်ဖို့  Plan တစ်ခု ကြိုတင်ရေးဆွဲ ထားသင့်ပါတယ်။ သင့်စီးပွားရေး နယ်ပယ်ထဲမှာ ရှိနှင့်ပြီးသား ပြိုင်ဘက်တွေသာမက နောင်အနာဂတ်မှာ ရင်ဆိုင်ရဖွယ်ရှိတဲ့ ပြိုင်ဘက်အသစ်တွေကိုပါ ကြိုတင်တွက်ဆထားရပါမယ်။
ပြိုင်ဘက်တွေရဲ့  အားသာချက်၊ အားနည်းချက်တွေကိုပါ ကြိုတင်စဉ်းစားထားရပါမယ်။

၅။ (Marketing Strategy) ဈေးကွက်မဟာဗျူဟာ
စီးပွားရေးလုပ်ငန်းတစ်ခုရဲ့  အသက်သွေးကြောကတော့ ဈေးကွက်မှာနေရာရဖို့ ပဲဖြစ်ပါတယ်။ သင့်လုပ်ငန်းရဲ့ အောင်မြင်မှု၊ မအောင်မြင်မှုဟာ သင့်ဈေးကွက် ကျယ်ပြန့် မှုဘယ်လောက် အတိုင်းအတာရှိသလဲဆိုတဲ့ အချက်ပေါ် မူတည်ပါတယ်။ ဥပမာ သင်က Mobile Application ရေးဆွဲတဲ့ ၀န်ဆောင်မှုလုပ်ငန်း လုပ်တယ်ဆိုပါစို့ ။
အရင်ဆုံး သင့် ၀န်ဆောင်မှုကို ဈေးကွက်မှာ နေရာရဖို့  Customer တွေရဲ့ စိတ်ဝင်စားမှုလိုအပ်ပါတယ်။
Free Service တွေ၊ ကံစမ်းမဲတွေ၊ ကြော်ငြာ အဆန်းအပြားတွေနဲ့ သင့်လုပ်ငန်းကို လူသိများအောင် လုပ်ပြီး ဈေးကွက်ကို ကျယ်ပြန့် အောင်လုပ်နိုင်ပါတယ်။

၆။ (Needed Assessment) လိုအပ်ချက်များပြင်ဆင်ခြင်း
စီးပွားရေး လုပ်ငန်းလုပ်ပြီဆိုရင် သင်ဟာ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ရပါတော့မယ်။ ရှယ်ယာ၊ ၀န်ထမ်း၊ Company လိုင်စင် စသဖြင့်ပေါ့။ ဥပမာ Website Creation ၀န်ဆောင်မှုလုပ်ငန်း လုပ်မယ်ဆိုရင်အဓိက လိုအပ်ချက်တွေက Designer တွေ၊ ဖုန်း၊ ရုံးခန်း၊ ၀န်ထမ်း စသဖြင့် လုပ်ငန်းပေါ်မူတည်ပြီး လိုအပ်ချက်တွေကို ပြင်ဆင်ထားသင့်ပါတယ်။

၇။ (Challenging) အဟန့် အတားများ
အတားအဆီး အဟန့် အတားတွေကိုလည်း ကျော်ဖြတ်တတ်ဖို့ လိုပါတယ်။ ဥပမာ အတူလက်တွဲ လုပ်ဆောင်ခဲ့တဲ့ ရှယ်ယာရှင်၊ဒါမှမဟုတ် ပညာရှင်တွေ၊ ၀န်ထမ်းတွေ၊သင်နဲ့ အတူတူလုပ်ကိုင်နေရင်း အကြောင်းအမျိုးမျိုးကြောင့် သင့်လုပ်ငန်းက ထွက်ခွာသွားရင် လုပ်ငန်းကို မရပ်တန့် ပဲ ဘယ်လို လည်ပတ်မလဲ စသဖြင့် ကြိုတင်တွေးဆထားသင့်ပြီး ဖြစ်နိုင်စရာ ဖြေရှင်းချက်တွေကို ရှာဖွေထားသင့်ပါတယ်။

၈။ (HR & Communication) လူ့ စွမ်းအားနှင့် ပေါင်းသင်းဆက်ဆံရေး
သင့်မှာ ၀န်ထမ်းကောင်းတွေရှိဖို့ လိုအပ်ပါတယ်။ ထို ၀န်ထမ်းတွေရဲ့ လုပ်ကိုင်နိုင်စွမ်းအားကိုလည်း အမြဲမပြတ်လေ့လာ ဆန်းစစ်နိုင်ရပါမယ်။ သူတို့ ရဲ နောက်ခံအခြေအနေ၊ အားနည်းချက်၊ အားသာချက်တွေကိုလည်း သိရှိထားရပါမယ်။ သူတို့ ရဲ့ ကြိုးစား အားထုတ်မှုတွေကိုလည်း ချီးမွမ်းအသိအမှတ်ပြုသင့်ပါတယ်။ အမှားအယွင်းတွေ့ ရင်တောင် ရင်းမြစ်ကို သေချာစုံစမ်းသင့်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးဆိုတာ Customer တွေရဲ့ ပေါင်းသင်းဆက်ဆံရေး သာမက ၀န်ထမ်းတွေနဲ့ ပေါင်းသင်း ဆက်ဆံရေးလည်း ပါဝင်ပါတယ်။ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးက သင့် လုပ်ငန်း အောင်မြင်ဖို့  များစွာအထောက်အကူပေးနိုင်ပါတယ်။

၉။ (Orientation) ရှေ့ သို့ ချီတက်ခြင်း
ရှေ့ ကို ဘယ်လို ချီတက်ကြမလဲ။ သင်ရဲ့ လုပ်ငန်းကို လမ်းပြမြေပုံတစ်ခုလို့ သဘောထားကြည့် လိုက်ပါ။
သင်စီစဉ်ထားတဲ့လုပ်ငန်းတစ်ခုခု အောင်မြင်ပြီးမြောက်သွားရင် နောက်တစ်ခုကို ဘယ်လို ဆက်အကောင်အထည်ဖော်မလဲပေါ့ စသဖြင့် အစီအစဉ်ချထားဖို့ လိုအပ်ပါတယ်။
ဒါတွေကတော့ Business Plan တစ်ခုတည်ဆောက်ဖို့ ပါဝင်သင့်တဲ့အချက်တွေ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ကူးစိတ်သန်းချင်း မတူတဲ့ အတွက် Plan ဆွဲပုံချင်းကလည်း ကွာခြားနိုင်ပါတယ်။ သင့် စိတ်ကူးရှိရင်ရှိသလို ကွန့် မြူးနိုင်ပြီး လိုနေတဲ့အချက်တွေကို ထပ်ဖြည့်နိုင်ပါတယ်။
အောင်မြင်သော Business Plan တစ်ခုကို မှန်ကန်ကောင်းမွန်စွာရေးဆွဲနိုင်ပါစေ။
Credit to: Tin Ko Ko (Ref: How To Make A Business Plan by Vera Kia Hughes)

Wednesday, November 15, 2017

အချိန်ကို ဘယ်လို စီမံခန့်ခွဲမလဲ (How to manage your time)


သင့်ရဲ့ဘ၀ကို ပိုကောင်းအောင်ပြောင်းလဲဖို့ ကြိုးစားရာမှာ အရေးကြီးဆုံးစည်းမျဉ်းတစ်ခုကတော့ အချိန်ကို စီမံခန့်ခွဲ တတ်ခြင်းပါပဲ။ လူတော်တော်များများဟာအလုပ်အကိုင်တွေ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ စိတ်ဖိစီးနေကြရပါတယ်။
ဒီအခြေအနေထဲကနေ ဘယ်လို ထွက်ရမယ်ဆိုတာ လည်း မသိကြဘူး။ သူတို့ပြောင်းလဲနိုင်တဲ့အရာ ဘာမှမရှိကြဘူးလို့ ထင်နေကြတယ်။ဒါပေမဲ့ အဓိက ပြဿနာဟာ အချိန်မလောက်ငှခြင်းကြောင့်လို့  စိတ်ပညာရှင်တွေကဆိုပါတယ်။
သင့်ကိုယ်သင် ပြောင်းလဲချင်စိတ် ရှိရပါမယ်။ အပြောင်း အလဲတွေ လုပ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ သင့်ရဲ့အချိန်ကို ထိထိရောက်ရောက်စီမံခန့်ခွဲတတ်ခြင်း ပါပဲ။အချိန်စီမံခန့်ခွဲမှုဆိုတာကတော့
ဘယ်ကိစ္စတွေက အရေးကြီးတယ်၊ ဘယ်ကိစ္စတွေက အရေးမကြီးဘူး ဆိုတာကို ခွဲခြားတတ်တဲ့ စွမ်းရည်တစ်မျိုးပါပဲ။ ဆိုလိုတာကတော့ဘယ်ကိစ္စတွေကို အရင်လုပ်ရမယ်၊ ဘယ်ဟာကိုတော့ နောက်မှ လုပ်ရမယ်ဆိုတာ ခွဲခြားတတ်ရမယ်ပေါ့။ ဒါပေမယ့် အချိန်စီမံခန့်ခွဲမှု (Time Management) ကို အသုံးမပြုခင်မှာသင်လုပ်ရမယ့် အရာတစ်ချို့ရှိပါတယ်။ အဲဒါတွေ မရှိဘူးဆိုရင်တော့ သင့်ရဲ့ အားထုတ်မှုတွေဟာ အရာထင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်ရဲ့အချိန်ကို ထိထိရောက်ရောက်
စီမံခန့်ခွဲနိုင်မယ့် နည်းလမ်း ၈ခုကို ပေးချင်ပါတယ်။ 
၁။ စာရင်းများ ပြုလုပ်ပါ သင် လုပ်စရာမှန်သမျှကို အစီအစဉ်ဆွဲထားပါ။ ပြီးတော့ အဲဒါတွေကိုစာရွက်ပေါ်မှာချရေးပါ။ (ကွန်ပျူတာနဲ့ ရေးမယ်ဆိုရင်တော့ notepad ဟာ အကောင်းဆုံးလို့ ထင်ပါတယ် )
၂။ သင့်ကိုယ်သင် အားပေးပါ သင့်ရဲ့ စာရင်းထဲက အလုပ်တစ်ခုကို လုပ်ပြီးတိုင်း အဲဒီအလုပ်အတွက် သင့်ကိုယ်သင် ဆုချီးမြှင့်ပါ။ လမ်းထွက်လျှောက်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်
သင်လုပ်ချင်တာတစ်ခုခုကို လုပ်လိုက်ပါ။
၃။ တစ်ကြိမ်မှာ တစ်ခု ကျနော်တို့ရဲ့ ဦးနှောက်ဟာ တစ်ကြိမ်မှာ အလုပ် ကိစ္စတစ်ခုကိုပဲအာရုံစိုက်မယ်ဆိုရင် ပိုပြီး ထိထိ ရောက်ရောက် စွမ်းဆောင်နိုင်ပါတယ်။ ဆိုလိုတာကတော့ တစ်ပြိုင်နက်တည်း အလုပ်တွေ အများကြီးလုပ်လေ၊ စွမ်းဆောင်ရည် ကျဆင်းလေပါပဲ။
၎။ အလုပ်တွေကို အချိန်မဆိုင်းပါနဲ့ ဒါကတော့ ရိုးရှင်းပါတယ်။ အချိန်ဆွဲခြင်းဟာ ကျနော်တို့အတွက် အဓိက ရန်သူပါပဲ။
၅။ ကိစ္စတိုင်းအတွက်နောက်ဆုံး အချိန်ကိုသတ်မှတ်ထားပါ သင့်ရဲ့လုပ်စရာကိစ္စတိုင်း အတွက် နောက်ဆုံးပြီးရမယ့် ရက်တွေကိုသတ်မှတ်ထားမယ်ဆိုရင် အချိန်တွေအများကြီး သက်သာတာကို
အသေအချာ တွေ့ရပါလိမ့်မယ်။
၆။ သင်ဝါးနိုင်တာထက် ပိုမကိုက်ပါနဲ့ (Don’t bite off more than you can chew) လူတော်တော်များများက အလုပ်တွေ အများကြီးကို လုပ်ကြတယ်။ အရာရာတိုင်းကိုလုပ်နိုင်ဖို့ ကြိုးစား ကြတယ်။ ဒါပေမဲ့ ရလာဒ်ကတော့ အမြဲတမ်း အနှုတ်လက္ခာပြနေတာပါပဲ။ ဒါကြောင့် တစ်ချိန်တည်းမှာ အလုပ်တွေအများကြီးလုပ်မယ်ဆိုရင် သင် မောပန်း လာပါလိမ့်မယ်။
၇။ ဒိုင်ယာရီ စရေးပါ သင့်ရဲ့ အတွေးတွေအားလုံးကို ချရေးနိုင်မယ့် ဒိုင်ယာရီ ကို စတင်ပါ။ ဒိုင်ယာရီထဲမှာ အစီအစဉ်တွေ ပြုလုပ်နိုင်တယ်။ အဲဒါတွေကို ပုံဖော်ကြည့်နိုင်တယ်။ အဲဒါအပြင် သင့်ရဲ့ ရလာဒ်တွေကိုပါ မှတ်သားထားနိုင်တယ်။ တိုတိုပြောရရင်၊ ဒိုင်ယာရီရဲ့အကူအညီနဲ့ သင့်ကိုယ်သင် ဆန်းစစ်နိုင်ပါလိမ့်မယ်။
၈။ မပင်ပန်းပါစေနဲ့ သင့်ရဲ့ အလုပ်တွေ၊ တာဝန်တွေနဲ့ ပင်ပန်းလာပြီဆိုရင် ရလာဒ်ကောင်းတွေကို မရနိုင်ပါဘူး။ ဒါ့အပြင် သင့်ရဲ့အချိန်ကို ဖြုန်းတီးသလိုတောင်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် သင့်ကိုယ်သင် မပင်ပန်းအောင် ဂရုစိုက်ပါ။ အလုပ်တွေတစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်မနေဘဲ အနားယူတတ်ပါစေ။
Ref: Time Management from 10 Steps to a Better Life by Roman Soluk

Tuesday, January 10, 2017

HR Sales & Service


HR Call Center
ကုမ္ပဏီမှာဆို ဖုန်းလက်ခံရဆုံးကတော့ Reception ပါ။ ဒုတိယလက်ခံရဆုံးကတော့ HR ဌာနမှာရှိသော R&S service ပါ။ ကြေငြာလိုက်တဲ့ လစ်လပ်နေရာတွေအတွက် ဝန်ထမ်းလိုသေးလား? ဘယ်မှာလုပ်ရမှာလဲ? ဘာလုပ်တဲ့ ကုမ္ပဏီလဲ? လစာကကော? စုံလို့ပါပဲ။ Call တွေက နည်းတာမဟုတ်ဘူး။ ရုံးဖုန်းပါ မလောက်တော့ external ဖုန်းတစ်လုံးပါဆောင်ထားရတယ်။ ဒါကြောင့် ၀င်လာတဲ့ ဖုန်း call တိုင်းဟာ ကိုယ့်ကုမ္ပဏီကို အကျိုးပြုနိုင်မဲ့ ၀န်ထမ်းကောင်းတွေ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးလေ။ဒါကြောင့် Call center က အသံချိုချို၊ ကြားလိုက်တာနဲ့ အင်တာဗျူး ချက်ချင်းဝင်သွားစေမယ့် လေသံမျိုးနဲ့ ပြောရပါတယ်။ လိုအပ်ရင် လမ်းညွန်းမှုတွေပြန်ပေးရပါတယ်။ Conversation တစ်ခုမှာ ကိုယ့်ရဲ့ အပြောအဆိုဟာ ကိုယ့်ကုမ္ပဏီရဲ့ image ကို ထိခိုက်စေနိုင်ပါတယ်။ ငါတို့က အလုပ်ခန့်မယ်သူမယ် ငါတို့ကဘာလို့ချိုသာရမှာလဲ၊ မအားသေးဘူး နောက်မှ ဆက်လို့ လုပ်လို့မရပါဘူး။ R&S ကို တာဝန်ယူထားရင် Candidate တစ်ယောက် ကိုယ့်ကုမ္ပဏီ ထိုင်ခုံမှာ လာထိုင်နိုင်တဲ့အထိ ၀န်ဆောင်မှု ပေးရပါမယ်။ ပထမခြေလှမ်းကတော့ call တစ်ခုကစတာပါပဲ။ ကိုယ့်ရဲ့ စိတ်နေသဘောထားဟာ ဒီနေရာမှာ အရေးကြီးပါတယ်။
---------------------
HR Customer Service
HR ဌာနတစ်ခုဟာ Customer service ဆိုလည်းမမှားပါဘူး။ နေ့စဉ်ပေးနေရတဲ့ ၀န်ဆောင်မှုတွေဟာ ကုမ္ပဏီနဲ့ ၀န်ထမ်းတွေကြား အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ပါတယ်။ လူလူချင်း ချိတ်ဆက်လုပ်ကိုင်ရသည့်အပြင် ပြောဆိုဆက်ဆံရေးပါကောင်းရပါတယ်။ နေ့စဉ်လက်ခံရရှိလာတဲ့ Customer (Staffs) complain တွေကို စိတ်ရှည်စွာ နားထောင်ပေးရပြီး အကြံဥာဏ် ၀န်ဆောင်မှုတွေပါ ပြန်ပေးရပါတယ်။ ဆိုးဆိုးဝါးဝါးအခြေအနေမှာ ရှိနေတဲ့ customer တွေရဲ့ အပြုမူတွေကိုပါ HR ကဒဏ်ခံရပါတယ်။ HR ကပေးနေတဲ့ Service တွေကတော့ အများကြီးပါ။ R&S service , T&D service, Payroll service , PR service စသော ပေးနေတဲ့ service တွေကတော့ ပုံစံမတူပါဘူး။ R&S မှာဆို Candidate တွေဟာ မတူကွဲပြားတဲ့ လုပ်ငန်းအတွေ့အကြုံ နောက်ခံတွေလာကြတဲ့အတွက် ကိုယ့်ကုမ္ပဏီနဲ့ ကိုက်ညီမယ့်သူကို R&S က စစ်ထုတ်ပြီးရွေးပါမယ်။ ခန့်အပ်ထားတဲ့ ၀န်ထမ်းတစ်ယောက်ကိုလည်း follow လိုက်ပြီး Performance Appraisal လုပ်ရပါမယ်။ တိုင်းတာချက်တွေအရ လိုအပ်ရင် T&D service ကိုသုံးရပါမယ်။ Organization ထဲမှာ T&D အတွက် သင်တန်းနေရာ၊ ပေးသူ၊ ယူသူ၊ ကျွမ်းကျင်သူ
 

Saturday, April 9, 2016

ရင်ခုန်မိတာ ..... လား?



လူဆိုတာ စားဝတ်နေရေးအတွက်အလုပ်လုပ်ကြရတယ်။ အလုပ်တစ်ခုရှိမှလဲ လူတန်ဖိုးရှိမယ်။ ဒါဆို အလုပ်လုပ်နေကြတာလူတွေ အထူးသဖြင့် လခစား ၀န်ထမ်းတွေပေါ့ အလုပ်မှာ တစ်နေ့တာ ဘယ်လိုကုန်ဆုံးကြလဲ?
အလုပ်ချိန် မနက် ၉နာရီ - ညနေ ၅ နာရီ အထိဆိုပါစို့။ အဲဒီအချိန်အတောအတွင်းမှာ မိမိရဲ့ ပညာဖြင့် (သို့) ကျွမ်းကျင်မှုဖြင့် အလုပ်အတွက် Result တစ်ခုထွက်ရဲ့လားဆိုတာ သိဖို့လိုတယ်။ အလုပ်ဆိုတာ Result ရှိရတယ်။ လုပ်တော့လုပ်နေတာပဲ Result မရှိရင် အလုပ်လုပ်တာနဲ့ မတူတော့ဘူး။ အလုပ် “လုတ်”နေရုံသာဖြစ်တယ်။
လုပ်တော့ ဟဲ့.. လုပ်တော့နော် ဟဲ့..ဟဲ့ .. "ဟဲ့" ဆိုတာ ခိုင်းစေနေရတဲ့ စကားလုံးဖြစ်တယ်။ တစ်နေ့တာမှာ ခိုင်းမှာလုပ်တာလား? မခိုင်းဘဲလုပ်တာ လား? လူတိုင်း တစ်နေ့တာမှာ ၂၄ နာရီ ပိုင်ဆိုင်ကြတယ်။ ကိုယ်ပိုင်အချိန် ၈ နာရီကို ကျွန်တော်တို့တွေဟာ သူတစ်ပါးကို ပေးထားရတယ်။ အဲပေးထားရတဲ့အချိန် ၈နာရီဟာ တကယ်ကော ရတဲ့ လစာနဲ့ ထိုက်တန်ရဲ့လား? Reslut ထွက်ရဲ့လား? အလုပ်ဆိုတာ လေ့လာသင်ယူလို့ အကောင်းဆုံး နေရာတစ်ခုလို့ သတ်မှတ်လိုက်ရင် အလုပ်လုပ်နေတဲ့လို့တောင် ထင်မိမှာမဟုတ်ဘူး။ အလုပ်လုပ်တာ ရင်ခုန်ဖို့လိုတယ်၊ Professional ဆန်ဖို့လိုတယ်။ ငါကို လစာက ဒီလောက်ပေးထားတာ ဒီလောက်နဲ့ တန်အောင်ပဲလုပ်မယ် ဆိုတာမျိုးတွေ ၀န်ထမ်းစိတ်ထဲမှာရှိကြပါတယ်။ ဒါကြောင့်တစ်နေ့တာ အလုပ်မှာ ကိုယ့်အတွက် သူ့အတွက် ဘာအကျိုးရှိသွားစေလဲဆိုတာ Result ပဲ။ ၀န်ထမ်းဆိုတဲ့အတွက် အလုပ်ဝန်တွေကို ထမ်းတဲ့သူပေါ့. တစ်နေ့လာ ဒီအလုပ်လုပ်တယ်. နောက်တစ်နေ့လာ ဒီအလုပ်လုပ်တယ်။ ဒါနဲ့ပဲ ကိုယ်အလုပ်လေးထဲမှာပဲ ဒီလောက်နဲ့ ကျေနပ်နေကြတယ်။ ခုခေတ်က Idea ခေတ်ဖြစ်နေပြီ။ ခုချိန်ဟာ Business မှာရော Staff Life မှာရော သူတစ်လှမ်းလှမ်းနေရင် ကိုယ်က ဘယ်နှစ်လှမ်း ကျော်လှမ်းမယ်ဆိုတာမျိုးတွေ ဖြစ်လာပြီ။ ယှဉ်ပြိုင်မှုတွေ များလာပြီ။ ဒါဆို Innovation မရှိ၊ Challenging မရှိ၊ Vission မရှိနဲ့ဆိုရင် ပြိုင်ဖက်ကို ဘယ်လိုပြိုင်မလဲ?

Sunday, July 19, 2015

အရေးကြီးတာ အရင်လုပ်ပါ


တစ်ခါတုန်းက ဒသနိကဗေဒ ပါမောက္ခတစ်ယောက် က အတန်းမစခင်မှာ စားပွဲပေါ်မှာ ပစ္စည်း ပစ္စယ တချို့ တင်ပြီးတော့ ရပ်နေပါတယ် … ။
အတန်းလည်းစရော … ဘာမပြောညာမပြော နဲ့ ခရား အလွတ်တစ်ခု ကို ယူပြီးတော့ ကျောက်ခဲတွေ ထည့်လိုက်ပါတယ်။
ပြီးတော့မှ “ဒီ ခရားက ပြည့်နေပြီလား” လို့ ကျောင်းသားတွေကို မေးလိုက်ပါတယ် … ကျောင်းသား တွေကလည်း “ပြည့်နေပါပြီ” လို့ ဖြေကြပါတယ် … ။
အဲဒါနဲ့ ပါမောက္ခကြီးက ကျောက်စရစ်ခဲလေးတွေ ကောက်ပြီးတာ့ ခရားထဲကို လောင်းထည့် လိုက်ပါတယ် … ။ ခရားကို ဖြည်းဖြည်းခြင်း လှုပ်ပြီးတော့ ဆက်ထည့်ပါတယ် … ။ ကျောက်စရစ်ခဲလေး တွေက ပထမ ထည့်ထားတဲ့ ကျောက်ခဲတွေကြားက နေရာလွတ်လေးတွေကို … ရသလောက် နေရာဝင်ယူ ကြပါတယ်။
ပါမောက္ခကြီးက ကျောင်းသားတွေကို “ဒီ ခရားက ပြည့်နေပြီလား” လို့ ဆက်မေးပြန်ပါတယ် … ။
ကျောင်းသားတွေကလည်း “ပြည့်နေပါပြီ” လို့ ထပ်ဖြေကြပြန်ပါတယ် … ။
ဆက်ပြီးတော့ ပါမောက္ခကြီးက သဲတစ်ဗူးကို ယူပြီးတော့ ခရားထဲကို လောင်းထည့်ပြန်ပါတယ် … ။ သဲတွေကလည်း ခရားထဲမှာရှိတဲ့ နေရာလွတ်မှန်သမျှ နေရာဝင်ယူလိုက်ပါတယ် … ။
နောက်ထပ်တစ်ကြိမ် ဆက်ပြီးတော့ ပါမောက္ခကြီးက “ခရားက ပြည့်ပြီလား” မေးပြန်ပါတယ် … ။
ကျောင်းသားများကလည်း “ဟုတ်ကဲ့ပါ” လို့ တစ်ညီတစ်ညွတ်တည်း ဖြေကြပါတယ် …. ။

Tuesday, June 2, 2015

မိမိ ဘ၀ ကို ရှာဖွေနည်း။


ခေါင်းစဉ်ကိုတော့ မိမိ ဘ၀ကို ရှာဖွေနည်းလို့ ပေးထားပါတယ်။ အဓိက ရေးမှာကတော့ လူငယ်တွေ မိမိ ဘ၀ရဲ့ ဦးတည်ချက်ကဘာလဲ၊ မိမိ အနေနဲ့ ဘယ်ဘ၀၊ ဘယ် professional ကို ပိုင်ဆိုင်ချင်တာလဲ ဆိုတာကို ရေးသွားမှာပါ။
ကျွန်တော်တို့ လူတော်တော်များများဟာ ကြုံရာနေရာမှာ ကျရာတာဝန်ကို ထမ်းဆောင်နေကြပါတယ်။ အဲ့ဒီအတွက်လည်း တစ်ခါတလေ မိမိ လုပ်နေရတာကို မပျော်တာ၊ အလုပ်ခွင်စိတ်ကျေနပ်မှု မရှိတာတွေ ဖြစ်လာတတ်ပါတယ်။ ဘ၀မှာလည်း တစ်ခါတလေ အဓိပ္ပါယ်မဲ့ သလို ခံစားရတတ်ပါတယ်။ ဒါကြောင့် တစ်ခါတရံ ကိုယ့်ကိုကိုယ် ပြန်လည် သုံးသပ်ပြီး ကိုယ့် ရဲ့  ဘ၀ကို ပြောင်းလဲ သင့် ပြောင်းလဲ ရပါမယ်။ ဒါပေမယ့် နေရာတစ်ခု မှာ အထိုင်ကျနေတဲ့ သူအတွက်တော့ ပြောင်းလဲ ဖို့ ရာ အရမ်းကြီး မတိုက်တွန်းလိုပါ။ ဘာလို့ လဲဆိုတော့ သင့်ကို မှီခိုနေတဲ့ မိသားစုတွေ ရှိနိုင်ပါသေးတယ်။
လူငယ်တွေအတွက်ကတော့ ဘ၀ ခရီး မစခင်မှာ ကိုယ့် ဘ၀ကို ရှာဖွေ တတ်စေချင်ပါတယ်။ ဒါဆိုလျှင်တော့ ဘ၀မှာ ပိုပြီးအောင်မြင်တဲ့လူ၊ အဓိပ္ပါယ်ပြည့်စုံတဲ့သူတွေ ဖြစ်လာမှာပါ။ ဒါဆိုလျှင် ဘယ်လို ရှာဖွေကြမလဲ။ အောက်မှာ ဆက်ဖတ်ကြည့်ပါခင်ဗျာ။
၁။ သင့်ရဲ့ အပျော်ရွှင်ဆုံး အချိန်တွေကို ပြန်လည် စဉ်းစားသုံးသပ်ပါ။
သင့်ကိုသင် ဘယ်လို မျိုး အချိန်မှာ ပျော်ရွှင်လဲ၊ ဘ၀ကို တန်ဖိုးရှိတယ်လို့ ထင်လဲဆိုတာကို ရိုးရိုးသားသား သုံးသပ်ကြည့်ပါ။ လူတွေနဲ့ ဆက်ဆံပြီး လူတွေရဲ့ အခက်အခဲတွေ ဖြေရှင်းရတာကို ပျော်လား၊ ကျေနပ်လား။ ဒါမှ မဟုတ် ကွန်ပြူတာ တစ်လုံးနဲ့ ပဲ အလုပ်ရှုပ်နေရတာကို ဘ၀ခံယူလား၊ စီးပွားရေး လုပ်ငန်းတွေ အကြောင်းဖတ်နေရတာ၊ စဉ်းစားနေရတာ ကို သဘောကျလား။
လူတွေနဲ့ ဆက်ဆံရတာကို ပျော်တယ်၊ ကျေနပ်တယ်ဆိုယင်တော့ customer service လို အလုပ်မျိုး ကို ရွေးချယ်သင့်ပါတယ်။ ကွန်ပြူတာ နဲ့ ပဲ ပျော်တယ်ဆိုလျှင်တော့ IT လိုင်းလို မျိုး စဉ်းစားပေါ့။
၂။ သင့် ပင်ကိုဗီဇ ကျွမ်းကျင်မှုကို သုံးသပ်ပါ။

Tuesday, February 24, 2015

စစ်တုရင်ရှုံးတဲ့ ဘီလ်ဂိတ်



မိုက်ခရိုဆော့ကုမ္ပဏီတည်ထောင်သူ ဘီလ်ဂိတ်ဟာ Talk Show အစီအစဉ်တစ်ခုမှာပါဝင်ဖို့ ဖိတ်ကြားခံခဲ့ရလို့ ၂ဝ၁၄ခုနှစ် ဇန်နဝါရီလမှာ နော်ဝေးနိုင်ငံကို သူရောက်ရှိခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူက စမိတ်ဆက်ပြီးတာနဲ့ ဘီလ်ဂိတ်ကိုစိန်ခေါ်လိုက်ပါတယ်။
“ခင်ဗျားရဲ့ဉာဏ်ရည်က ၁၆ဝကျော်တယ်လို့ ကြားဖူးထားတယ်။ ခင်ဗျားဟာ ကမ္ဘာပေါ်မှာ အထူးချွန်အထက်မြက်ဆုံးသူဆိုတော့ ကျွန်တော်တို့နော်ဝေးနိုင်ငံက ကမ္ဘာ့စစ်တုရင်ချန်ပီယံနဲ့ စစ်တုရင်တစ်ပွဲလောက် ပြိုင်ရဲရဲ့လားမသိဘူး”
“ဒီပြိုင်ပွဲကို မျှော်လင့်မထားပါဘူး.. ဒါပေမယ့် ကျွန်တော်ပြိုင်ကြည့်ချင်ပါတယ်”လို့ ဘီလ်ဂိတ်ဟာ ရယ်ပြီး စိန်ခေါ်မှုကို လက်ခံလိုက်တယ်။
အစီအစဉ်တင်ဆက်သူက ယှဉ်ပြိုင်မှုမျှတအောင် ဘီလ်ဂိတ်ကို တစ်ကွက်ရွေ့တိုင်း ၂မိနစ်စဉ်းစားခွင့်ပေးလိုက်တယ်။ စစ်တုရင် ချန်ပီယံကတော့ စက္ကန့်၃ဝအတွင်းမှာရွေ့ပါတယ်။ ပြိုင်ပွဲကို ဘီလ်ဂိတ်ဖက်က အရင်စပါတယ်။ တစ်ကွက်ရွေ့တိုင်း သူတွေဝေနေခဲ့ပြီး ဘယ်အကွက်မှာချရမှန်း အမြန်မဆုံးဖြတ်နိုင်ဖြစ်ခဲ့ပါတယ်။ စစ်တုရင်ချန်ပီယံကတော့ သိပ်စဉ်းစား စရာမလိုဘဲ သွက်သွက်လက်လက် ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ၉ကွက်လောက် ကြံ့ကြံ့ခံရွေ့ပြီးတဲ့နောက်မှာ ချန်ပီယံက ၇၉စက္ကန့်နဲ့ ဘီလ်ဂိတ်ကိုအနိုင် ရသွားခဲ့ပါတယ်။
အစီအစဉ်တင်ဆက်သူက ဘီလ်ဂိတ်ကို ဒဲ့ဒိုးပဲမေးလိုက်ပါတယ်။
“ဘီလ်ဂိတ်ခင်ဗျား… ဘယ်လိုအခြေအနေမျိုးမှာ ခင်ဗျား မထူးချွန်မထက်မြက်ဘူးလို့ ခံစားရပါသလဲ”
“ကမ္ဘာ့စစ်တုရင်ချန်ပီယံနဲ့ စစ်တုရင်ကစားတဲ့အချိန်ပေါ့”လို့ ဘီလ်ဂိတ်က သက်ပြင်းချပြီးပြောပါတယ်။

Monday, December 15, 2014

®ဦးဖီးလစ်မောင်၏ဟောပြောချက် ®



မင်္ဂလာပါ....

ပထမဦးစွာ ပြောကြားလိုတာကတော့ ကျွန်တော့်ရဲ့ Story of lifeပါ...ကျွန်တော်က ငယ်စဉ်ကအရမ်းဆင်းရဲပါတယ်။ ဒါကလည်းကျွန်တော့်ဘ၀အတွက် အကောင်းဆုံး တွန်းအားတစ်ခုဖြစ်လာတာပါပဲ။ ကျွန်တော်အမေရိကန်ကို စထွက်တော့ 1987ခုနှစ်မှာပါ ဘွဲမရသေးပါဘူး။ လက်ထဲမှာပါတာဆိုလို့ အဲခေတ်က 13 ဒေါ်လာလောက်ပဲပါ ပါတယ်။ ကျွန်တော် California ရောက်ပြီးအလုပ်လုပ်ပါတယ်။ နောက်ကျွန်တော်လုပ်တဲ့အလုပ်က တစ်သက်လုံးလုပ်ဖို့ မဖြစ်သေးဘူးဆိုပြီး ကိုယ်ပိုင်အလုပ်စလုပ်ဖို ဆုဲံ့ဖတ်လိုက်ပါတယ်။ အဲ့အချိန်တုန်းက California မှာ ဆူရှီဆိုင်တွေ စခေတ်စားခါစ။ ကျွန်တော်ကလည်း ၀ါသနာပါတယ်ဆိုတော့ အစားအသောက်လိုင်းကို ရွေးချယ်မိတယ်။ လေ့လာတယ်။ဒေသတစ်ခုလုံးပတ်ပြီး နောက်ဆုံး မီးဖိုချောင်လေးကနေ ကျွန်တော့်ရဲ့ဆူရှီဆိုင်လေးကို အစပျိုးခဲ့ပါတယ်။ အခုတော့ ပြည်နယ်အနှံ့မှာ ဆိုင်ခွဲပေါင်း ၁ထောင်နီးပါးရှိနေပါပြီ။ Franchise ပေးထားတာပေါ့...။
 ကျွန်တော် အစပိုင်းကအလုပ်လုပ်တာ ငွေရဖို့ပဲသိခဲ့တာပါ။ နောက်ပိုင်း အလုပ်လုပ်ရတာ မပျော်ဘူးဖြစ်လာတယ်။ ငွေက၀င်နေပေမယ့် အောင်မြင်တယ်လို့မခံစားရဘူးလေ။ နောက်ပိုင်းမှ ၁၀နှစ်ကျော်လောက်ရှိမယ် စာအုပ်လေးတစ်ခုကိုဖတ်မိပြီး သဘောတွေ့သွားတယ်။ ကုမ္ပဏီ နှစ်မျိုးရှိပါတယ်...ကောင်းတဲ့ကုမ္ပဏီနဲ့ ကြီးကျယ်မြင့်မြတ်သော ကုမ္ပဏီ ပေါ့...။ ကောင်းတာက ၀င်ငွေတိုးတက်မှုရှိနေပြီး အမြတ်အစွန်းများများရနေတဲ့ ကုမ္ပဏီပေါ့။ နောက်တစ်ခုက ကြီးကျယ်မြင့်မြတ်သောကုမ္ပဏီ ...သူကျတော့ ငွေကြေးတစ်ခုတည်းတင်မကတော့ပါဘူး.. ၀န်ထမ်းတွေရဲ့ဘ၀နဲ့ ကုမ္ပဏီယဉ်ကျေးမှုတွေပါ ပါဝင်လာပါတယ်။
 အလုပ်စလုပ်မယ်ဆိုရင် 3Pကို မေ့ထားလို့မရပါဘူး။
1.Pacsion နှစ်ခြိုက်မှု
2.Purpose ရည်ရွယ်ချက်
3. Profit အမြတ်ပါပဲ။
 ဆိလြိုတာက မိမိအလုပ်ကို နှစ်ခြိုက်မှုရှိရမယ်။ စိတ်မ၀င်စားဘဲလုပ်နေရင်တော့ ဘာမှထူးလာမှမဟုတ်ဘူးလေ။ Purpose အနေနဲ့ကတော့ တိကျတဲ့ရည်ရွချက်ရှိရ်ယ်။ ငွေကြေးတစ်ခုတည်းမကတဲ့ရည်ရွယ်ချက်ပေါ့။ ကိုယ်အောင်မြင်လာရင် ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လိုထောက်ပံ့ပေးမလဲဆိုတာမျိုး။ဒါမှရှင်သန်ရတာ အဓိပ္ပါယ်ရှိမှာပေါ့။ တကယ်တမ်းအောင်မြင်လာတော့ ရှာဖွေရတာထက် ပေူဆပ်ရတာက ပိုအဓိပ္ပါယ်ရှိတယ်ဆိုတာ သိလာတယ်။ ဒါကိုအခြေခံ ကြိုးစားမယ်ဆိုရင် နောက်ဆုံးProfitက အလိုလိုရလာမှာပါ...။
 နောက်ပိုင်း Leadership နဲ့ပက်သက်ပြီး ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုသုံးသပ်ကြည့်ရမယ်။ ကျွန်တော်ဖတ်ဖူးတာ လူ၅မျိုးရှိတယ်...။
1. ရန်လိုတတ်တဲ့ လူမျိုး
2. အပျက်သဘောမြင်တတ်တဲ့လူမျိုး
3. ငါအတ္တများနေတဲ့လူမျိုး(49%in American)
 4. We...ငါတို့(22%in American)
 5. Target (2% in American eg; Iphone)
ကိုယ်နဲ့ ထိတွေ့လိုက်တဲ့လူမျိုးဟာ ဘယ်အမျိုးအစားထဲကလူဆိုတာ သိမှသူ့ကိုဘယ်လို စီမံခန်ခွဲရမလဲဆိုတာ သိလာမှာဖြစ်ပါတယ်။ HR အပိုင်းထဲရောက်သွား လိမ့်မယ်ထင်ပါတယ်။

Friday, October 31, 2014

HALLOWEEN


Halloween ရဲ့ဇစ်မြစ်က ရှေးဟောင်း Celtic လူမျိုးတွေရဲ့ Sa- mhain ပွဲတော်က လာပါတယ်။ ဒီ Celt လူမျိုးတွေရဲ့ဒေသ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင် ကအခု Ireland၊ UK နဲ့ ပြင်သစ် တောင်ပိုင်းမှာ ဖြစ်ပြီး သူတို့ရဲ့ နှစ်သစ်ကူးက နိုဝင်ဘာ တစ်ရက်နေ့ ဖြစ်ပါတယ်။ ဒီနေ့ ဟာ နွေရာသီ ကုန်လို့ သီးနှံတွေ ရိတ်သိမ်းပြီး အမှောင် ကြီးစိုးချိန်၊ အေး စက်တဲ့ ဆောင်းရာသီနဲ့ နှစ်တစ်နှစ်ရဲ့ လူတွေ သေဆုံးတာနဲ့ ဆက်စပ် တဲ့ အချိန် ကာလ ရယ်လို့ မှတ်သား ကြပါတယ်။ ဒါတင်မက သူတို့ဟာ နှစ်သစ်ကူး အကြိုနေ့ကို မရဏ လောက နဲ့လူ့လောက ကြားကစည်း တွေ ခြားနားမှုတွေေ၀၀ါး သွားတဲ့ အချိန်လို့လဲ ယုံကြည် ကြပါတယ်။ ဒါကြောင့် အောက်တိုဘာ ၃၁ညမှာ သူတို့က သေဆုံးသွား သူတွေ ပြန်လာ တယ်လို့ ယုံကြည်ပြီး Samhain ပွဲကို ကျင်းပ ကြပါတယ်။
ထို့အပြင် Druids လို့ခေါ်တဲ့ သူတို2့ လူမျိုးစု တရားဟော နတ်ဆရာ တွေကနေ အနာဂတ်မှာ သီးနှံတွေ ပျက်စီးမလား၊ ဘေးအန္တရာယ် ကြုံမလား ဆိုတာ ခန့်မှန်းရာမှာ ၀ိညာဉ်တွေ ရှိနေလို့ ပိုလွယ်ကူ စေတယ်လို့ ထင်ကြပါတယ်။ ဒါဟာ ပျက်စီး လွယ်တဲ့ သဘာဝကို မှီခိုနေရသူ လူသားတွေ အတွက်တော့ မှောင်မိုက် ကြာရှည်တဲ့ ဆောင်းတွင်းမှာ စိတ်သက်သာရာ ရစရာ တစ်မျိုးပါပဲ။ ဒီပွဲတော် အတွက် နတ်ဆရာ တွေက ကြီးမားတဲ့ ယဇ်မီးပုံတွေ ဖိုထားတယ်၊ ပြီးတော့ လူတွေ စုဝေးကြပြီး ကောက်ပဲသီးနှံ တွေနဲ့ တိရစ္ဆာန် တွေကို ယဇ်ပူဇော် ကြတယ်။ ဒီအခမ်းအနား အတွင်းမှာ Celtic လူမျိုး တွေဟာ တိရစ္ဆာန် ခေါင်းတွေ အရေပြား တွေနဲ့ စီယင်ထားတဲ့ ၀တ်စုံတွေ ၀တ်ပြီး တစ်ယောက် ကံကြမ္မာကို တစ်ယောက် နိမိတ်ဖတ် ကြတယ်။ ဒီပူဇော်ပွဲ ပြီးတဲ့အခါ မနေ့ ညနေ အစောပိုင်းက သူတို့ ငြိမ်းထားတဲ့ ကိုယ်ပိုင် မီးပုံလေး တွေကို ယဇ်မီးပုံက မီးကူးပြီး ပြန်ထွန်းညှိ ကြတယ်။ ဒါက သူတို့ကို လာမယ့် ဆောင်းတွင်းမှာ ကာကွယ် စောင့်ရှောက် ပေးစေဖို့လို့ ယူဆကြ ပါတယ်။
A.D.43 မှာတော့ ရောမ အင်ပါယာက Celtic တွေရဲ့ နယ်မြေ အများစုကို သိမ်းပိုက် လိုက်ပါတယ်။ သူတို့က Celts တွေကို အုပ်စိုးခဲ့တဲ့ နှစ်လေးရာကျော်ခုနှစ် အတော အတွင်းမှာ Celts ရိုးရာပွဲတော် Samhain ဟာရောမ ရိုးရာပွဲတော် နှစ်ခုနဲ့ ပေါင်းစည်း သွားတယ်။ ပထမ တစ်ခုက အောက်တိုဘာ နှောင်းပိုင်းမှာ ကျင်းပတဲ့ ရောမ တွေရဲ့ သေပြီး သားသူတွေ အမှတ်တရ ပွဲတော် Feralia နဲ့ဒုတိယ တစ်ခု ကတော့ အသီးနဲ့ အပင်တွေကို စောင့်ရှောက်တဲ့ ရောမ နတ်သမီး Pomona ကိုဂုဏ်ပြုတဲ့ ပွဲပဲ ဖြစ်ပါတယ်။ ရောမ နတ်သမီးရဲ့ သင်္ကေတဟာ ပန်းသီး ဖြစ်တာမို့ အခု ဟောလိုးဝင်း ရိုးရာ ကစားနည်း ဖြစ်တဲ့ ပေါလောပေါ် နေတဲ့ ပန်းသီး တွေကို ကိုက်ဖမ်းတဲ့ ကစားနည်းဟာ Samhain ပွဲက ပါလာတာ ဖြစ်ပါတယ်။ A.D. ၆၀၉ မေ၁၃ရက် မှာတော့ ပုပ်ရဟန်း မင်းကြီး Boniface IV ကရောမရဲ့ Pantheon မှာခရစ်ယာန် သူရဲကောင်း တွေကို ဂုဏ်ပြုပြီး ကတ်သလစ် သူရဲကောင်း အပေါင်းတို့ရဲ့ စားပွဲကို အနောက် နိုင်ငံတွေရဲ့ ဘုရားကျောင်း တွေအတွက် ပြဋ္ဌာန်း ပါတယ်။

Wednesday, October 29, 2014

အာဆီယံ (၁၀) နိုင်ငံ နှင့် အုပ်ချုပ်ခံခဲ့ရသည့်နိုင်ငံများ


ဗြိတိလျ အုပ်ချုပ်ခဲ့သည့် နိုင်ငံ (၄) နိုင်ငံရှိပါသည်။၎င်းမှာ-
1.Mynamar
2.Singapore
3.Malaysia
4.Brunei
ပြင်သစ် အုပ်ချုပ်ခဲ့သည့် နိုင်ငံ (၃) နိုင်ငံရှိပါသည်။၎င်းမှာ-
1.Cambodia
2.Laos
3.Vietnam
ဒတ်(ခ်ျ) အုပ်ချုပ်ခဲ့သည့် နိုင်ငံ (၁)နိုင်ငံရှိပါသည်။၎င်းမှာ-
1.Indonesia

စပိန်အုပ်ချုပ်ခဲ့သည့် နိုင်ငံ (၁)နိုင်ငံရှိပါသည်။၎င်းမှာ-
1.Philippines

* အုပ်ချုပ်ခွင့် မခံရသည့် နိုင်ငံ တစ်နိုင်ငံမှာ Thailand ဖြစ်ပါသည်။

- 1967 ခုနှစ်မှာ ASEAN လို့စတင်သတ်မှတ်ပြီး (၅)နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့သည်။၎င်း နိုင်ငံများမှာ -
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီရှား၊ ဖိလစ်ပိုင် တို့ဖြစ်သည်။ 1995 မှာ ဘရူးနိုင်း၊ 1997 မှာ မြန်မာ လာအို၊ 1999 မှာ ကမ္ဘောဒီယား တို့ အသီးသီး ၀င်ရောက်လာခဲ့သည်။

ဆရာချစ်
www.phochitnotes.blogspot.com

Thursday, October 9, 2014

ပညာတတ်များ မေ့လျော့နေသော အမှန်တရားများ



မြန်မာမှုနယ်ပယ်တွင် “သ တိမမူ ဂူမမြင်” ဟူသော မြန်မာစကား ပုံတစ်ခုရှိပေသည်။ မေ့လျော့ပေါ့ဆ ခြင်းမရှိစေရန် ဆုံးမထားသည့် စကား ပုံပင်ဖြစ်သည်။ လူဟူသည် အတတ် ပညာ၊ အသိပညာအနေဖြင့် မည်မျှ ပင် တတ်မြောက်သော်လည်း တစ်ခါ တစ်ရံတွင် သတိမပြုမိသော အချက် များရှိနေတတ်ပေသည်။ ပညာတတ် များအနေဖြင့် ထိုသို့သတိမပြုမိသဖြင့် အမှားများလည်း ကြုံတွေ့ရတတ်ပေ သည်။ ယခုဆောင်းပါးတွင် ပညာ တတ်များအနေဖြင့် သတိ မပြုမိတတ် သည့် အချက်အချို့ကို လေ့လာတင်ပြ လိုက်ပါသည်။

၁။ မည်မျှပင် ပညာတတ်မြောက် ပြီး၊ ဉာဏ်ရည်မြင့်မားပါစေ လက် တွေ့ လုပ်ဆောင်ချက် မရှိလျှင် မည့်သည့်အရာကိုမျှ အောင်မြင်ပြီး မြောက်အောင် မလုပ်ဆောင်နိုင် ချေ။

ပညာတတ်များအနေဖြင့် လက်တွေ့နှင့်စာတွေ့ကို ပေါင်းစပ် မှုမရှိလျှင် မအောင်မြင်နိုင်ကြောင်းကို သတိပေးထားခြင်း ဖြစ်သည်။ သင်ယူ ထားသည့်ပညာရပ်ကို လက်တွေ့နယ် ပယ်တွင် ပေါင်းစပ်အသုံးမချနိုင်လျှင် ဘွဲ့ဒီဂရီရရှိသူသာ ဖြစ်နေလိမ့်မည်။ အမှန်တကယ် ပညာတတ်မြောက် သူအဖြစ် မခေါ်ဆိုနိုင်ပေ။

၂။ ပျော်ရွှင်မှုနှင့် အောင်မြင်မှု သည် တစ်သီးတစ်ခြားစီရှိနေသော အရာများသာ ဖြစ်သည်။

ပညာတတ်များအနေဖြင့် သတိပြုသင့်သည်မှာ လူ့ဘ၀ဟူသည် ပျော်ရွှင်စွာနေတတ်ဖို့လည်း အရေး ကြီးပေသည်။ ပျော်ရွှင်မှုကို ဘ၀ အောင်မြင်မှုနှင့် ဟန်ချက်ညီအောင် ထိန်းထားနိုင်ဖို့ လိုအပ်ပေသည်။ အပျော်လွန်ခြင်းသည် ဘ၀အောင် မြင်မှုကို အဟန့်အတားဖြစ်နိုင်သလို အောင်မြင်မှုနောက်ကို လိုက်လွန်း သဖြင့် ဘ၀ပျော်ရွှင်မှုလည်း ပျောက် ဆုံးတတ်ပေသည်။

 ၃။ အလွန့်အကျွံ ရွေးချယ်မှုသည် ဆုံးဖြတ်ချက်ချရာတွင် အနှောင့် အယှက် ဖြစ်စေတတ်သည်။   

“အတတ်ကြူး အရူးဖြစ်” ဟူသော ဆုံးမစကားအတိုင်း အလုပ် တစ်ခုကို လုပ်ဆောင်ရာ တွင်ဖြစ်စေ၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင်ဖြစ်စေ တစ်ဖက်စွန်းရောက် တွေးခေါ်ဆုံး ဖြတ်မှုသည် အောင်မြင်မှုကို အဟန့် အတား ဖြစ်စေနိုင်ကြောင်းကိုလည်း ပညာတတ်များအနေဖြင့် သတိပြုသင့် ပေသည်။ ထို့ကြောင့် တစ်ခါတစ်ရံ တွင် အခွင့်အလမ်းကောင်းကို လက် လွှတ် ဆုံးရှုံးရတတ်ပေသည်။

၎။ လူသားတိုင်းတွင် အောင်မြင်မှု အထွေထွေနှင့် ကျရှုံးမှုအဖုံဖုံ ရှိနေ တတ်သည်။   

ဘ၀ဆိုသည်မှာ နိမ့်တုံ/ မြင့်တုံရှိသည့် တရားသဘောကိုလည်း ဆင်ခြင်သတိပြုဖို့လိုပေသည်။ အ ကောင်းဆုံးအတွက် ပြင်ဆင်ထားဖို့ လိုသလို အဆိုးဆုံးဖြစ်လာလျှင်လည်း ရင်ဆိုင်ရဲဖို့လိုအပ်ကြောင်း သတိပြု အပ်ပေသည်။ လူသားတိုင်းအတွက် လောကဓံသည် အကောင်းနှင့်အဆိုး ကို ဒွန်တွဲလျက် ဖန်တီးပေးထားသည်။

၅။ အမှားများမှတစ်ဆင့် တိုးတက် မှု တစ်စုံတစ်ရာကို ရှာဖွေနိုင်ရန် လိုအပ်ပေသည်။

ပညာတတ်များအနေဖြင့် အမှားကိုရင်ဆိုင်ရမှာ စိုးရိမ်လွန်ပြီး တစ်စုံတစ်ရာမပြုမိဘဲ နေခြင်းထက် အမှားများမှလည်း တိုးတက်မှု တစ်စုံ တစ်ရာရရှိနိုင်ကြောင်းကို သတိပြုရန် လိုအပ်ပေသည်။ အမှားပြုလုပ်မိ ခြင်းမှ သင်ခန်းစာယူနိုင်ပြီး ဘ၀ကို အောင်မြင်စွာ တည်ဆောက်နိုင်ဖို့ရာ အရေးကြီးကြောင်းကိုလည်း သတိပြု သင့်ပေသည်။ အမှားပြုလုပ်မိတိုင်း ကျဆုံးမှုကို ရင်ဆိုင်ရမည်ဟု ဧကန် မုချမသတ်မှတ်နိုင်ခြင်းကြောင့် ပင် ဖြစ်သည်။

၆။ မိမိ၏၀ါသနာနှင့် တစ်ထပ် တည်းမကျသည့် အလုပ်များတွင် လည်း အောင်မြင်မှုများ ရှိနေတတ် သည်။

လူသားတိုင်းသည် ၀ါသ နာနှင့်အလုပ်ကို ထပ်တူထပ်မျှရှိခြင်း ကိုသာ မျှော်လင့်ပေလိမ့်မည်။ သို့ သော် ဘ၀ဟူသည် မိမိမျှော်လင့်ထား သကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လှေနံ ဓားထစ်မှတ်ယူခြင်းငှာ မဖြစ်နိုင်ပေ တစ်ခါတစ်ရံတွင် လုပ်သလို မဖြစ်သ ဖြင့် ဖြစ်သည့်အရာပေါ်တွင် မှန်ကန် စွာ လုပ်ဆောင်ရင်းဖြင့် အောင်မြင်မှု များ ရရှိတတ်ကြောင်းကို ပညာတတ် များအနေဖြင့် သတိပြုရန် လိုအပ်ပေ သည်။

၇။ ပြဿနာကို ဖန်တီးသူမှာ တစ်ခါတစ်ရံတွင် မိမိကိုယ်တိုင် သာ ဖြစ်တတ်ပေသည်။

ပညာတတ်များအနေဖြင့် တစ်ပါးသူ၏ အမှားကို မြင်လွယ် တွေ့လွယ်သော်လည်း မိမိကိုယ်တိုင်၏ အမှားကို မမြင် တတ်ကြောင်း သတိ ပေးထားခြင်းဖြစ်သည်။ လူသားတိုင်း ၏ ဘ၀အောင်မြင်မှုအတွက် အ ကောင်းဆုံးသော နည်းလမ်းမှာ မိမိ ကိုယ်တိုင်ကို ပထမဦးစွာ ဆန်းစစ်သုံး သပ်ခြင်းဖြစ်ပေသည်။

၈။ ကောင်းမွန်သည့် ဆုံးချက်ကို ချမှတ်နိုင်ရန် စိတ်ခံစားမှုကို ဦးစား မပေးမိရန်သတိပြုဖို့ လိုအပ်ပေ သည်။

မိမိ၏ စိတ်ခံစားမှုကို ဦး စားပေးပြီး ချမှတ်သည့် ဆုံးဖြတ်ချက် သည် မှန်ကန်မှုနှင့်နီးစပ်ဖို့ရာ မဖြစ် နိုင်ပေ။ ကြောင်းကျိုး ဆီလျော်မှုဖြင့် စဉ်းစားဆုံးဖြတ်မှသာလျှင် မှန်ကန် သည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပေ လိမ့်မည်။ စိတ်ခံစားမှုကို ဦးစားပေး လွန်ခြင်းသည် အမှားများပင်ဖြစ် တတ်ကြောင်းကိုလည်း သတိပြုသင့် ပေသည်။

 ၉။ အခွင့်အလမ်းများကို ဆုပ်ကိုင် နိုင်ဖို့ရာ အဆင်သင့်မဖြစ်သေးဟု ထင်မြင်နေသမျှ အောင်မြင်မှု လမ်းကြောင်းနှင့် ဝေးကွာနေပေ လိမ့်မည်။

အခွင့်အလမ်းရှိသည်ဖြစ်စေ။ မရှိသေး သည်ဖြစ်စေ မိမိတို့အနေဖြင့် ပြုလုပ်ထားရမည့်အရာမှာ ကြိုတင် ပြင်ဆင်ထားခြင်းပင် ဖြစ်သည်။ ကြို တင်ပြင်ဆင်ထားခြင်းဖြင့် မိမိ၏ လက်တစ်ကမ်းတွင်ရှိသော အခွင့် အလမ်းများကို အမိအရဆုပ်ကိုင် နိုင်ပေလိမ့်မည်။ ပညာတတ်များ အနေဖြင့် မိမိသည် အခွင့်အလမ်း ကောင်းများကို အမိအရဆုပ်ကိုင်နိုင် ဖို့ရာ အဆင်သင့်မဖြစ်သေးကြောင်း ရံဖန်ရံခါ ထင်မြင်တတ်ပေသည်။ ထိုသို့ထင်မြင်နေလျှင် အောင်မြင်မှု နှင့် ဝေးကွာနေပေလိမ့်မည်။ ခြေလှမ်း ကိုရဲဝံ့စွာဖြင့် ရှေ့သို့ တစ်လှမ်းတိုး ခြင်းသည်သာ အောင်မြင်မှု၏ လမ်းစ ကို ရောက်ရှိခြင်းဖြစ်သည်။

ပညာတတ်များ အနေဖြင့် အထက်ပါအချက်များကို မမေ့မ လျော့ သတိပြုရန်လိုအပ်ပေသည်။ မိမိတို့သင်ယူထားသည့် အတတ် ပညာနှင့် အသိပညာများကို အစွန်း မရောက်ဘဲ အလယ်အလတ် လမ်း စဉ်ဖြင့်ဘ၀ကို လျှောက်လှမ်းနိုင်ပြီး အားနည်းချက်များကို ပြင်ဆင်ကာ အောင်မြင်မှုပန်းတိုင်ကို ဆုပ်ကိုင် နိုင်ပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

 လျှံဇွဲကို (စီးပွားရေးတက္ကသိုလ်)