Monday, December 18, 2017

အပိုင်း ( ၂ ) ဝန်ထမ်းရွေးချယ်ခန့်ထားခြင်း (၃)

Job Analysis

အဲဒီတော့ Job Analysis ဘယ်လိုလုပ်ကြမလဲ။ Job Analysis လုပ်တဲ့နည်းတွေအများကြီး ရှိပါတယ်။ အဲဒါတွေကတော့
(၁) Questionnaires – ကြိုတင်ပြင်ဆင်ထားတဲ့မေးခွန်းတွေကို ဝန်ထမ်းတွေကို မေးတာမျိုးပါ။ ဘာဖြစ်လို့ Questionnaires လုပ်သလဲဆိုတော့ တစ်ချို့ဝန်ထမ်းတွေက သူတို့ဘာလုပ်ရမယ်။ ဘာလုပ် ရတယ်ဆိုတာသဘောပေါက်ကြပေမယ့်ပြောမပြတတ်ကြပါဘူး။ နောက်ပြီးတစ်ချို့ဝန်ထမ်းတွေက သူတို့ အလုပ်တွေအရမ်းလုပ်တယ်လို့ထင်ရအောင်တကယ်လုပ်တာထက်ပိုပြောတတ်ကြသလို တစ်ချို့ကျ တော့လဲ အလုပ်များများလုပ်ရမှာစိုးလို့ လျော့ပြောတတ်ကြတာမျိုးတွေလဲတွေ့ရတတ်ပါတယ်။

(၂) Observation – Job Analysis ပြုလုပ်တဲ့သူက ဝန်ထမ်းတစ်ဦးချင်းစီရဲ့ နေ့စဉ်လုပ်ငန်း ဆောင်ရွက်မှုကို တစ်နေရာကစောင့်ကြည့်ပြီးမှတ်တမ်းတင်တာမျိုးပါ။ ဥပမာ Receptionist တစ်ဦးဟာ ဖုန်းလာရင် ဖုန်းလက်ခံမယ်၊ သက်ဆိုင်တဲ့သူဆီကို ဖုန်းလွှဲပေးမယ်။ CVတွေလာတင်ရင် လက်ခံရယူတဲ့ အလုပ်ကိုလုပ်ပေးတယ်စသဖြင့်ပေါ့။

(၃) Interview။ နောက်ထပ်နည်းလမ်းတစ်ခုက ဝန်ထမ်းကိုရောဝန်ထမ်းရဲ့ ကြီးကြပ်သူကိုရော တွေ့ဆုံမေးမြန်းတဲ့နည်းလမ်းပါ။ဝန်ထမ်းကိုအရင်ခေါ်ရပါတယ်။ ပြီးရင် သူ့ရဲ့လုပ်ဆောင်ရတဲ့ တာဝန် တွေကိုဖော်ပြခိုင်းရပါတယ်။ ပြီးမှ သူ့ရဲ့ကြီးကြပ်သူနဲ့တွေ့ဆုံပြီးဝန်ထမ်းခုနကပြောခဲ့တဲ့အချက်တွေမှန် မမှန်စစ်ဆေးကြည့်ရပါမယ်။

(၄) Employee Recording -ဝန်ထမ်းတွေကို သူတို့ရဲ့ နေ့စဉ်ဆောင်ရွက်ရတဲ့ လုပ်ဆောင်ချက်တွေ ကို စာအုပ်တစ်အုပ်မှာ နေ့စဉ်သီးသန့်ရေးမှတ်ခိုင်းတာမျိုးပေါ့။ ဒီနည်းမှာလဲခုနကပြောခဲ့သလိုပဲ ပိုပြော တာတွေနဲ့ လျော့ပြောထား တွေရှိတတ်ပါတယ်။

(၅) Combination of Methods အကောင်းဆုံးနည်းလမ်းပေါ့။ အကောင်းဆုံးနည်းလမ်းဆိုလို့ ဘာ တွေများ ခက်ခက်ခဲခဲ ထူးထူးခြားခြားလုပ်ရမှာလဲလို့ မစဉ်းစားပါနဲ့။ အခုနကပြောခဲ့တဲ့နည်းလမ်းတွေ ကို ပေါင်းစပ်အသုံးပြုဖို့ဆိုလိုတာပါ။ နည်းလမ်းတစ်ခုရဲ့အားနည်းချက်ကိုနောက်ထပ်နည်းလမ်းတစ်ခုရဲ့ အားသာချက်နဲ့ ချေဖျက်ပစ်နိုင်ဖို့ပါ။အဲဒီ Personal Requisition Form ကို ဖြည့်ပြီးပြီဆိုတာနဲ့ HRဌာနက Job Announcement လုပ်ရပါ လိမ့်မယ်။ အဲဒါက InternalAnnouncement ဖြစ်နိုင်သလို၊ အခွင့်အလမ်းနဲ့HRJournal တွေ၊ ဒါမှမ ဟုတ် အခြားသတင်းစာ၊ ဂျာနယ်တွေမှာကြော်ငြာထည့်သွင်းတာမျိုးလဲဖြစ်နိုင်ပါတယ်။ နောက်ပြီးအခြား ဂျာနယ်တွေမှာ ကြော်ငြာထည့်သွင်းတာ၊ Internet Website တွေမှာ
ထည့်သွင်းကြော်ငြာတာတွေ၊ ဒါမှမ ဟုတ် Agent တွေနဲ့ ဆက်သွယ်တာတွေ ပါပါလိမ့်မယ်။ ဖြစ်နိုင်ရင်တော့လျှောက်ထားသူအများကြီးထဲ က ရွေးချယ်ရတာ အကောင်းဆုံးပေါ့။ အရေးကြီးတာတစ်ခုက Personal Requisition Form ထဲက ဝန်ထမ်းခန့်ထားလိုတဲ့ရက်ကို အခြေခံပြီး နောက်ဆုံးလျှောက်ထားရမယ့်ရက်ကို သတ်မှတ်ပေးဖို့ပါပဲ။
Credit : ဆရာမင်းခေါင် (AMARA)

No comments:

Post a Comment