Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Thursday, December 28, 2017

အပိုင်း (၁၀) - အလုပ်သမားအဖွဲ့အစည်းနှင့်အလုပ်ရှင်အဖွဲ့အစည်းများ


 သတ်မှတ်ထားသည့် အသက်ပြည့်/အရွယ်ရောက်ပြီးသူ အလုပ်သမားတိုင်းသည်
• အလုပ်သမားအဖွဲ့အစည်းတွင် ၄င်းတို့၏ဆန္ဒအလျှောက်ပါဝင်ခွင့်/နှုတ်ထွက်ခွင့်ရှိသည်။
• အလုပ်သမားများသည် ၄င်းတို့လုပ်ကိုင်နေသည့် လုပ်ငန်းကဏ္ဍတွင် အနည်းဆုံး အလုပ်သမားအဖွဲ့အစည်းတစ်ခုတွင် ပါဝင်နိုင်သည်။
• အခြေခံအလုပ်သမားအဖွဲ့အစည်းကို သက်ဆိုင်ရာကဏ္ဍတွင် အနည်းဆုံးအလုပ်သမားဦးရေ (၃၀)ရှိပါကဖွဲ့စည်းနိုင်သည်။
• အလုပ်သမားအဖွဲ့အစည်းတစ်ရပ်ကိုဖွဲ့စည်းရာတွင် စုစုပေါင်းအလုပ်သမားဦးရေး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကထောက်ခံရမည်။
• (မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီး၊ အဖွဲ့ချုပ်၊ အလုပ်သမားရေးရာအဖွဲ့) အလုပ်သမားအဖွဲ့အစည်းများကိုဖွဲ့စည်းနိုင်သည်။
 “အလုပ်ရှင်” အဖွဲ့အစည်းများကိုလည်း ယှဉ်ပြိုင်အဖွဲ့အစည်းများနည်းတူ ယှဉ်ပြိုင်ဖွဲ့စည်းနိုင်ခွင့်ရှိသည်။
• အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်နှင့်ညှိနှိုင်းဆွေးနွေးနိုင်သည်။ ညှိနှိုင်းဆွေးနွေးမှုမအောင်မြင်ခဲ့ပါက တောင်းဆုမှုပြုနိုင်သည်။
• အလုပ်သမားအဖွဲ့အစည်းအနေဖြင့် ဥပဒေနှင့်အညီတောင်းဆိုမှုများကို လွတ်လပ်စွာဖော်ထုတ်နိုင်သည်။
• မိမိ၏တောင်းဆိုချက်များအတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ ဖျန်ဖြေခြင်း၊ ခုံသမာဓိနည်းလမ်းအရ အဆုံးအဖြတ်ခံယူခြင်း စသဖြင့်အဆင့်ဆင့်လုပ်ဆောင်ပြီးနောက် အလုပ်သမားအဖွဲ့ချုပ်၏ သဘောတူခွင့်ပြုချက်ဖြင့် သပိတ်မှောက်ဆန္ဒပြနိုင်သည်။ အလုပ်ရှင်မှာလည်း အလုပ်ကိုပိတ်ပစ်နိုင်သည်။
• အလုပ်ရှင်များသည် အလုပ်သမားတစ်ဦးကို အလုပ်သမားအဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ပါဝင်မှုကြောင့်ဖြစ်စေ၊ သပိတ်မှောက်ရာတွင် ပါဝင်မှုကြောင့်ဖြစ်စေ အလုပ်မှထုတ်ပယ်ခြင်း၊ မပြုရ။
• တရားဝင် ခွင့်ပြုထားခြင်းမရှိသည့် ဥပဒေနှင့်ဆန့်ကျင်သော သပိတ်မှောက်ရာတွင်ပါဝင်သော အလုပ်သမားအား (၃၀၀၀၀) ကျပ်ထက်မပိုသော ငွေဒဏ်ရိုက်နိုင်ပါသည်။
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership

Monday, December 11, 2017

အပိုင်း (၉) - သင်တန်းများ


(၁) အလုပ်ရှင်သည် အလုပ်သမားများ ကျွမ်းကျင်မှု ပိုမိုတိုးတက်လာစေရန်နှင့် လုပ်ငန်းလိုအပ်ချက်အရ အမြဲတမ်း ၀န်ထမ်းများကို သင့်လျော်ကိုက်ညီသော သင်တန်းများပို့ချသင့်သည်။
(၂) အလုပ်ရှင်များသည်
(က) အလုပ်သမား တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း အလုပ်သင်တန်းများ၊ လုပ်ငန်းခွင်ကျွမ်းကျင်သင်တန်းများ ပြင်ပသင်တန်းများသို့စေလွှတ်ခြင်းများလုပ်ဆောင်သင့်ပါသည်။
(ခ) အလုပ်သင်အဖြစ်ခန့်ထားသော အသက် (၁၆)နှစ်အထက် အလုပ်သမားများကိုလည်း သင်တန်းများပေးနိုင်ပါသည်။
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership

Thursday, December 7, 2017

အပိုင်း (၈) - လူမှုဖူလုံရေးအာမခံစနစ်နှင့်လျော်ကြေးပေးခြင်း

အလုပ်ရှင်နှင့်အလုပ်သမားသည် အလုပ်သမားအခြေခံလစာ၏ (၃%)နှင့် (၂%)အသီးသီးကို လူမှုဖူလုံရေးအာမခံအတွက် လစဉ်ပေးဆောင်ရမည်။
အလုပ်ရှင်နှင့်စီမံခန့်ခွဲသူများသည် မိမိတို့အလုပ်သမားများ လူမှုဖူလုံရေးရုံးများတွင်အာမခံထားရှိမှုများအတွက် လိုအပ်သော လုပ်ဆောင်မှုများကို ပြုလုပ်ထားရမည်။
အကျိုးခံစားခွင့်အမျိုးအစားများ
ကျန်းမာရေးနှင့်လူမှုဖူလုံရေးအာမခံစနစ်
မိသားစုအထောက်အပံ့အာမခံစနစ်
နာရေးထောက်ပံ့ကြေး အာမခံစနစ်
အလုပ်လက်မဲ့ထောက်ပံ့ကြေးစနစ်
လူမှုဖူလုံရေး အိမ်ယာအထောက်အပံ့စနစ်
အလုပ်သမားလျော်ကြေးဥပဒေ (အလုပ်သမားများနှင့် ၄င်းတို့၏ မှီခိုသူများအတွက် အောက်ပါအခြေအနေမျိုးတွင် အထောက်အကူရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်)
အလုပ်ခွင်တွင်ထိခိုက်ဒဏ်ရာရပြီးသေဆုံးခြင်းများ
အလုပ်ကိုအကြောင်းပြု၍ ဖြစ်ပွားသည့်ထိခိုက်ဒဏ်ရာရမှုကြောင့် အမြဲတမ်းတစ်စိတ်တစ်ဒေသ မသန်စွမ်းမှု (သို့) အမြဲတမ်းလုံးဝ မသန်စွမ်းမှုဖြစ်ပွားပေါ်ပေါက်ခြင်း
အလုပ်ကိုအကြောင်းပြု၍ ဖြစ်ပွားသည့် ထိခိုက်ဒဏ်ရာရမှုကြောင့် အမြဲတမ်းတစ်စိတ်တစ်ဒေသ မသန်စွမ်းမှု (သို့မဟုတ်) အမြဲတမ်းလုံးဝ မသန်စွမ်းမှုဖြစ်ပွားပေါ်ပေါက်ခြင်း
အလုပ်ကိုအကြောင်းပြု၍ ဖြစ်ပွားသည့် ထိခိုက်ဒဏ်ရာရမှုကြောင့် ယာယီတစ်စိတ်တစ်ဒေသမသန်စွမ်းမှု။ ယာယီလုံးဝမသန်းစွမ်းမှု ဖြစ်ပွားပေါ်ပေါက်ခြင်း
အလုပ်သမားများအနေဖြင့်လျော်ကြေးရပိုင်ခွင့်ရှိသည့် သတ်မှတ်ချက်များ အဆိုပါမတော်တဆဖြစ်မှုသည်
အလုပ်ချိန်အတွင်း၌ ဖြစ်ပွားခြင်း
သက်ဆိုင်ရာလုပ်ငန်း၏ ဥပစာအတွင်း၌ဖြစ်ပွားခြင်း
အလုပ်လုပ်ကိုင်နေစဉ်အတွင်း ဖြစ်ပွားခြင်း
အလုပ်ကိုအကြောင်းပြ၍ ဖြစ်ပွားခြင်း
ကိုယ်လက်အင်္ဂါဆုံးရှုံးမှု (သို့မဟုတ်) သေဆုံးမှုဖြစ်ရခြင်း
လျော်ကြေးရပိုင်ခွင့်မရှိသည့် ထိခိုက်ဒဏ်ရာရမှုဖြစ်ခြင်းအခြေအနေမျိုးမှာ
အရက်သေစာ သောက်စားထားခြင်း (သို့မဟုတ်) ဘိန်း/မူးယစ်ဆေးဝါး သုံးစွဲထားခြင်း
ဘေးအန္တရာယ် ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းများနှင့် ညွန်ကြားချက်များကို ဂရုမထားခြင်း
ထိခိုက်မှု အကာအကွယ်ပစ္စည်းများကို အသုံးပြုရန် ပျက်ကွက်ခြင်း (သို့ရာတွင် သေဆုံးသည့် ကိစ္စမျိုးတွင်မူ ဤကန့်သတ်ချက်များသည် အကျုံးဝင်ခြင်းမရှိဘဲ လျော်ကြေးခံစားခွင့်ရှိသည်။)
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership



Wednesday, December 6, 2017

အပိုင်း (၇) - လုပ်ငန်းခွင် ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး



 စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းခွင်အခြေအနေ ကောင်းမွန်ရေးအတွက် အလုပ်ရှင်က ဆောင်ရွက်ပေးရန် လိုအပ်ချက်များ -
• အလုပ်သမားများအတွက် ဘေးအန္တရာယ်ကာကွယ်ရေးပစ္စည်းများ စီမံပေးခြင်း။
• အရေးပေါ်ဆေးသေတ္တာနှင့်အရေးပေါ်ကုသမှုအတွက် စီမံပေးခြင်း။
• အလုပ်သမားများအတွက် ထမင်းစားခန်း၊ အပန်းဖြေအနားယူခြင်း၊ နေ့ကလေးထိန်းဌာနနှင့် သက်သာချောင်ချိရေးဆိုင်ထားရှိပေးခြင်း။
• စက်ရုံပစ္စည်းများ၊ ယိုဖိတ်မှုများ၊ အခိုးအငွေ့အမှုန်အမွှားနှင့်ဆိုးရွားသည့် အနံ့အသက်များကင်းစင်ပပျောက်ရန် ကောင်းစွာ စီမံလုပ်ဆောင်ခြင်း။
• ကုန်ထုတ်လုပ်မှုဖြစ်စဉ်မှ ထွက်ပေါ်လာသည့် အသံကျယ်လောင်မှုအဆင့်ကို ထိန်းသိမ်းလုပ်ဆောင်ခြင်း
 စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆဖြစ်မှုနှင့်လုပ်ငန်းခွင်ကြောင့် ဖြစ်ပွားရသည့်ရောဂါများ လျော့နည်းစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် အလုပ်ရှင်၊ စီမံခန့်ခွဲရေးပိုင်းအနေဖြင့် လုပ်ငန်းခွင့်ဘေးအန္တရယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းများသို့တက်ရောက်ခြင်း
 မတော်တဆဖြစ်မှုကို အသိပေးအကြောင်းကြားခြင်း
• အကယ်၍ မတော်တဆဖြစ်မှုကြောင့် သေဆုံးမှုဖြစ်ပွားပါက အလုပ်ရှင်သည် သက်ဆိုင်ရာမြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနသို့ ဆောလျှင်စွာ အကြောင်းကြားရပါမည်။
• အကယ်၍မတော်တဆဖြစ်မှုကြောင့် အလုပ်သမားဖြစ်သူသည် (၄၈)နာရီထက်ကျော်၍ မသန်မစွမ်းဖြစ်နေသည်ဟုဆိုပါက အလုပ်ရှင်အနေဖြင့် သက်ဆိုင်ရာမြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနသို့ မတော်တဆဖြစ်သည့် အချိန်မှ(၇၂) နာရီထက် နောက်မကျစေဘဲ အသိပေးအကြောင်းကြားရပါမည်။
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership

အပိုင်း (၆) - ခွင့်ရက်နှင့်အလုပ်ပိတ်ရက်များ


အများပြည်သူအလုပ်ပိတ်ရက်များ
 အလုပ်သမားများသည် အများပြည်သူအလုပ်ပိတ်ရက်ကို လုပ်ခမပျက်ခံစားခွင့်ရှိသည်။
 လုပ်သက်ခွင့်
• တစ်ဆက်တည်း (၁၂)လ လုပ်ကိုင်ခဲ့သည့်အလုပ်သမားများသည် လုပ်သက်ခွင့် (၁၀)ရက်ကို တစ်ဆက်တည်း ပျမ်းမျှလုပ်ခဖြင့် ခံစားခွင့်ရှိသည်။
• တစ်လအလုပ်ဆင်းရက် (၂၀)ရက်မပြည့်ဘဲ လုပ်ကိုင်ခဲ့သည့်လအတွက် အလုပ်သမားသည် စုစုပေါင်းလုပ်သက်ခွင့်ရက်မှ (၁)ရက်ကျစီဖြတ်ခံရမည်။
• မိမိ၏လုပ်သက်ခွင့်ရက်များကို အများဆုံး (၃)နှစ်အထိ စုဆောင်းထားနိုင်ခွင့်ရှိသည်။

 ရှောင်တခင်ခွင့်
• အလုပ်သမားများသည် တစ်နှစ်လျှင် ရှောင်တခင်ခွင့်(၆)ရက်ကို လစာအပြည့်ဖြင့် ခံစားခွင့်ရှိသည်။
• တစ်ကြိမ်ခွင့်ယူပါက တစ်ဆက်တည်း (၃)ရက်ထက်မပိုစေရ။
• အထူးကိစ္စရပ်များအတွက် တစ်ကြိမ်လျှင်တစ်ဆက်တည်း (၃)ရက်ပို၍ ယူနိုင်သည်။
• ရှောင်တခွင့်ကို အခြားခွင့်ရက်များနှင့်ပေါင်း၍ ခံစားခွင့်မပြု။
• တစ်နှစ်အတွင်း ခံစားခြင်းမရှိပါက ခံစားခွင့် ပျက်ပြယ်မည်ဖြစ်သည်။
 ဆေးခွင့်
• အလုပ်သမားတစ်ဦးသည် ဆေးခွင့်ရက်ပေါင်း (၃၀)ကို လုပ်ခ၊လစာမပျက် ခံစားခွင့်ရှိသည်။
• အလုပ်သမားသည် လုပ်သက်အနည်းဆုံး (၆)လပြည့်ပြီးသူဖြစ်ရမည်။
• လုပ်သက် (၆)လမပြည့်ပါက ဆေးခွင့်ကို လစာမဲ့ဖြင့်ခံစားခွင့်ရှိသည်။
• ဆေးခွင့်ကို တစ်နှစ်အတွင်း မခံစားပါက ပျက်ပြယ်မည်ဖြစ်သည်။
 ခွင့်မဲ့ပျက်ကွက်ခြင်း
• ခံစားခွင့်ရှိသည့်ခွင့်ရက်များထက် ကျော်လွန်ခံစားပြီး သက်ဆိုင်ရာသို့ခွင့်ပြုချက်တောင်းခံခြင်းမပြုဘဲ အလုပ်ဆင်းရန် ပျက်ကွက်မှုကို ခွင့်မဲ့ပျက်ကွက်ခြင်းဟု သတ်မှတ်ပါသည်။
• ထိုသို့ခွင့်မဲ့ပျက်ကွက်သည့် နေ့ရက်အတွက် လုပ်ခ၊လစာခံစားခွင့်ရှိမည် မဟုတ်ပါ။ အလုပ်ရှင်၏ ခွင့်ပြုချက်မရရှိဘဲ တစ်ဆက်တည်း (၃)ရက်ဆက်တိုက် အလုပ်ဆင်းရန်ပျက်ကွက်ပါက ထိုအလုပ်သမားကို အလုပ်ရှင်ကအလုပ်မှ ထုတ်ပယ်ခွင့်ရှိသည်။ ထိုသို့အလုပ်မှထုတ်ပယ်ခံရသည့် အလုပ်သမားအတွက် အလုပ်ရှင်က နစ်နာကြေး လျော်ကြေးပေးရန် လိုမည်မဟုတ်ပါ။
 မီးဖွားခွင့်
• ကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားများသည် မီးဖွားခွင့်အဖြစ် မမွေးဖွားမီ ရက်သတ္တပတ် (၆)ပတ်၊ မွေးဖွားပြီး ရက်သတ္တပတ် (၈)ပတ်ကို မီးဖွားခွင့်အဖြစ် ပျှမ်းမျှလုပ်ခဖြင့် ခံစားခွင့်ရှိသည်။
• မီးဖွားခွင့်ကို လုပ်သက်ခွင့်နှင့်ပေါင်း၍ ခံစားနိုင်သည်။
 ဖခင်ဖြစ်ခွင့်
• အလုပ်သမားများ၏ မွေးကင်းစကလေးငယ်အား စောင့်ရှောက်ရန် ဖခင်ဖြစ်သူမှ ခွင့်(၁၅)ရက် ခံစားခွင့်ရှိသည်။
 လစာမဲ့ခွင့်
 အလုပ်ရှင်နှင့်သဘောတူညီချက်ယူကာ အလုပ်သမားသည် လစာမဲ့ခွင့်ယူနိုင်သည်။ ထိုရက်များအတွက် မည်သည့်လုပ်ခ၊ လစာမှ ရရှိမည်မဟုတ်ပါ။
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership

အပိုင်း (၅) - အချိန်ပိုလုပ်ကိုင်ခြင်း



 အချိန်ပို လုပ်ကိုင်ရန်အတွင် အလုပ်ရှင်နှင့်အလုပ်သမား နှစ်ဦးစလုံးက သဘောတူရပါမည်။
 အချိန်ပို လုပ်ကိုင်သည်ဆိုခြင်းမှာ တစ်နေ့အလုပ်ချိန် (၈)နာရီထက်ပို၍ လုပ်ကိုင်ရခြင်းဖြစ်ပါသည်။
တစ်နည်းဆိုပါက
• တစ်ဆက်တည်း လည်ပတ်လုပ်ကိုင်ရသည့် လုပ်ငန်းများအတွက် ရက်သတ္တပတ် တစ်ပတ်လျှင် (၄၈)နာရီထက်ပို၍ လုပ်ကိုင်ရခြင်း။
• တစ်ဆက်တည်း လည်ပတ်လုပ်ကိုင်ခြင်းမပြုသည့် လုပ်ငန်းများအတွက် ရက်သတ္တပတ်လျှင် (၄၄)နာရီထက် ပို၍လုပ်ကိုင်ရခြင်း။
 ၂၀၁၂ ခုနှစ်တွင် အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ညွန်ကြားချက်များအရ အလုပ်သမားတစ်ဦး အများဆုံး လုပ်ကိုင်ခွင့်ပြုသည့် အချိန်ပိုနာရီမှာ
• ရက်သတ္တပတ်လျှင် (၁၆)နာရီထက် မပိုစေရ (တစ်ဆက်တည်း လည်ပတ်လုပ်ကိုင်ရသည့် လုပ်ငန်း)
• ရက်သတ္တပတ်လျှင် (၂၀)နာရီထက် မပိုစေရ (တစ်ဆက်တည်း လည်ပတ်လုပ်ကိုင်ရန် မလိုသည့်လုပ်ငန်း)
(တနလာင်္နေ့မှ သောကြာနေ့အတွင်းတွင် တစ်ရက် (၃)နာရီထက် မပိုရ၊ စနေနေ့ (၅)နာရီထက်မပိုရ)
 အချိန်ပိုလုပ်ခနှုန်းထားသည် သာမန်လုပ်ခ/လစာ၏ (၂)ဆဖြစ်သည်။
 ရက်သတ္တပတ် အလုပ်ပိတ်ရက် (သို့) အများပြည်သူအလုပ်ပိတ်ရက်များတွင် အချိန်ပိုလုပ်ကိုင်ရပါက အချိန်ပိုလုပ်ခသည် အခြေခံလုပ်ခ/လစာ၏ (၂)ဆဖြစ်သည်။
 နားရက်များတွင် လုပ်ကိုင်ရသည့် အချိန်ပိုလုပ်ခမှာလည်း တစ်ရက်လုပ်ခ၏ (၂)ဆဖြစ်ပါသည်။
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership

အပိုင်း (၄) - အလုပ်ချိန်နှင့်နားရက်များ



 ပုံမှန် တစ်နေ့အလုပ်ချိန်သည် (၈)နာရီဖြစ်သည်။
 ပုံမှန်ရက်သတ္တပတ် အလုပ်ချိန်သည် တစ်ဆက်တည်းလည်ပတ်လုပ်ကိုင်ခြင်း မပြုရသည့်လုပ်ငန်းများအတွက် (၄၄)နာရီ၊ တစ်ဆက်တည်း စဉ်ဆက်မပြတ်လည်ပတ်လုပ်ကိုင်ရသည့် လုပ်ငန်းများအတွက် (၄၈)နာရီ
ခေတ္တနားချိန်
 အလုပ်သမားတစ်ဦးကို အနည်းဆုံးမိနစ် (၃၀) ခေတ္တနားချိန်မပေးဘဲ (၄)နာရီထက်ပို၍ တစ်ဆက်တည်း ခိုင်းစေခြင်းမပြုရ။
 အလုပ်သမားတစ်ဦးကို အချိန်ပိုအလုပ်မခိုင်းစေမီ အနည်းဆုံးမိနစ် (၃၀) ခေတ္တနားချိန်ပေးရမည်။
နားရက်များ
 အလုပ်ရှင်သည် အလုပ်သမားများကို ရက်သတ္တပတ် တစ်ပတ်လျှင် အနည်းဆုံးနားရက်တစ်ရက် လုပ်ခအပြည့်ဖြင့်ခွင့်ပြုပေးရမည်။
 တနင်္ဂနွေနေ့ဖြင့်စေ အလုပ်ရှင်နှင့်အလုပ်သမားသဘောတူညီသည့်နေ့ဖြစ်စေ ရက်သတ္တပတ်အလုပ်နားရက်အဖြစ် သတ်မှတ်နိုင်သည်။
 အကယ်၍အလုပ်သမားတစ်ဦးသည် တနင်္ဂနွေနေ့တွင် အလုပ်ဆင်းရပါက ထိုတနင်္ဂနွေနေ့မတိုင်ခင် (၃)၇က်တနင်္ဂနွေနေ့အပြီး (၃)ရက် တစ်ရက်ရက်တွင် ရက်စားပေးရမည်။
 အကယ်၍ ထိုသို့နည်းဖြင့် တနင်္ဂနွေနေ့အတွက် ရက်စားမပေးနိုင်ပါက ပြက္ခဒိန်လ (၂)လအတွင်း တစ်ရက်ကို သက်ဆိုင်သည့်အလုပ်သမားအား အသိပေး၍ ရက်နားပေးရမည်။
 အလုပ်ရှင်သည် နားရက်တွင် အလုပ်သမားအား အလုပ်ခိုင်းလိုပါက အလုပ်သမား၏ သဘောတူညီချက်ကို ရယူရမည်။
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership

အခန်း (၃) - အနည်းဆုံးအခကြေးငွေနှင့်လုပ်ခပေးချေမှု



 အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက်မှာ အလုပ်ချိန်တစ်နာရီအတွက် (၄၅၀)ဖြစ်သည်။ (၂၀၁၅ ခုနှစ်၊ စက်တင်ဘာ-၁ရက် ၈ နာရီအတွက် ကျပ် ၃၆၀၀ သတ်မှတ်သည်)
 အနည်းဆုံးအခကြေးငွေနှုန်းထားသည် မြန်မာတစ်နိုင်ငံလုံးအတွက် လုပ်ငန်းအမျိုးအစားအားလုံးအတွက် တစ်ပြေးညီဖြစ်သည်။
 ဤအနည်းဆုံးအခကြေးသတ်မှတ်ချက်သည် မိသားစုလုပ်ငန်းများနှင့် အလုပ်သမား (၁၅)ယောက်နှင့်အောက်လုပ်ငန်းများအတွက် အကျုံးမ၀င်ပါ။
 အလုပ်ရှင်များသည်
o အနည်းဆုံးအခကြေးငွေထက် လျော့နည်း၍မပေးရ၊ ထိုသို့လျော့နည်း၍ပေးပါက ထောင်ဒဏ် (သို့) ငွေဒဏ်အပြစ်ပေးခံရမည်။
o အနည်းဆုံးအခကြေးငွေထက် ပိုပေးနိုင်သည်။
o အနည်းဆုံးအခကြေးငွေနှုန်းထားမတိုင်မီက ထိုနှုန်းထားထက် ပိုမိုရရှိထားပါက ထိုပိုမိုရရှိထားသည့် နှုန်းထားကို အလုပ်သမားများသိရှိစေရန်ကြော်ငြာသင်ပုန်းတွင်ကြေညာထားရမည်။
o အလုပ်သမားများလုပ်ခသည် အနည်းဆုံးအခကြေးငွေထက်လျော့နည်းနေပါက ၄င်းတို့အနေဖြင့်သက်ဆိုင်ရာ တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးရှိ ကော်မတီများနှင့် အလုပ်သမားညွန်းကြားရေးဦးစီးဌာနခွဲများသို့ဖြစ်စေ တရားရုံးတစ်ခုခုသို့ဖြစ်စေ တိုင်ကြားနိုင်သည်။
အခကြေးငွေကိုမည်သည့်အချိန်တွင်ပေးရမလဲ?
 နာရီအလိုက်၊ နေ့တွက်အလိုက် ရက်သတ္တပတ်အလိုက် အချိန်ပိုင်းယာယီ (သို့) ပုတ်ပြတ်လုပ်ငန်းများအတွက် အလုပ်သမားဖြစ်သူ၏ သဘောတူညီချက်အရ လုပ်ငန်းများ ပြီးဆုံးသည့်အခါ ပေးချေရမည်။
 ပုံမှန်လုပ်ငန်းများအတွက် လုပ်ခ/လစာကို လစဉ်ပေးချေရမည်။
 အလုပ်သမားဦးရေ (၁၀၀)ထက်မပိုသော လုပ်ငန်းများအတွက် လုပ်ခပေးရန် ကာလကုန်ဆုံးသည့် နောက်ဆုံးနေ့တွင်ပေးရမည်။
 အလုပ်သမားဦးရေ (၁၀၀)ထက်ပိုသော လုပ်ငန်းများအတွက် လုပ်ခပေးရန်ကာလကုန်ဆုံးပြီး (၅)ရက်အတွင်းပေးချေရမည်။
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership

အပိုင်း (၂)- အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်များ


 ပုံမှန်အလုပ်သမားများအဖြစ်ခန့်ထားပြီးနောက် ရက်ပေါင်း (၃၀)အတွင်း အလုပ်ရှင်က ထိုအလုပ်သမားများနှင့် “အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်”ကိုလက်မှတ်ရေးထိုး ချုပ်ဆိုရမည်
• အစိုးရအဖွဲ့အစည်းများနှင့် ဌာနများရေးထိုးချုပ်ဆိုလုပ်ဆောင်ရန်မလိုပါ။
• အလုပ်ခွင်မ၀င်မီ အကြိုသင်တန်းကာလအတွက်လည်း ထိုသို့ချုပ်ဆိုရန်မလိုပါ။
 အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ သတ်မှတ်ဖော်ပြချက်များတွင်တွင် တည်ဆဲဥပဒေများပါ အနိမ့်ဆုံးပြဌာန်းချက်များထက် ပိုမိုသာလွန်ကောင်းမွန်သည့် အခွင့်အရေးများကို ပေးနိုင်သည်။
 အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ သတ်မှတ်ဖော်ပြချက်များနှင့် စည်းကမ်းချက်များတွင် တည်ဆဲဥပဒေပါ အနိမ့်ဆုံးခွင့်ပြုချက်ထက် မလျော့နေစေရပါ။
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership

အပိုင်း (၁)- အလုပ်သမားတစ်ဦးကို ခန့်ထားလုပ်ကိုင်ခြင်း


 အမြဲတမ်းအလုပ်သမားများ ခေါ်ယူခန့်ထားရာတွင် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကအလုပ်ရှင်များက အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများမှ တစ်ဆင့်အလုပ်နေရာလစ်လပ်မှုများကို အကြောင်းအရာခေါ်ယူခန့်ထားမှုများရှိပါသည်။
 ကျွမ်းကျင်မှုမရှိသည့် သာမန်လုပ်သားများကို “အလုပ်သင်”အဖြစ်အလုပ်ခွင်မ၀င်မီ အကြိုသင်တန်းကာလထားရှိပြီး ခေါ်ယူခန့်ထားလေ့ရှိပါသည်။
• ထိုကာလအတွင်း သင်တန်းသားများကို ပုံမှန်လုပ်သားများအဖြစ် ခန့်ထားခြင်းမပြုသေးပါ။
• ၄င်းတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရန် မလိုသေးပါ။
• “အလုပ်သင်”(ကျွမ်းကျင်မှုအတွက်သင်ကြားပေးသည့်သင်တန်းသား)များ၏ ရပိုင်ခွင့်နှင့်တာဝန်များကို အလုပ်ရှင် နှင့်သဘောတူညီချက် ရယူလုပ်ဆောင်နိုင်ပါသည်။
• အလုပ်သင်ကာလသည် (၃)လထွက် မပိုစေရပါ။
• “အလုပ်သင်”၏ လစာသည်အခြေခံလစာနှုန်း၏ ၅၀ ရာခိုင်နှုန်းထက် မနည်းစေရပါ။
 အလုပ်သမားများအလုပ်ခန့်ထားရာတွင် အလုပ်ရှင်က အစမ်းခန့်ကာလ (၃)လအထိ ထားရှိနိုင်သည်။
 အစမ်းခန့်အလုပ်သမားတစ်ဦး၏လစာသည် အခြေခံလစာ၏ ၇၅ ရာခိုင်နှုန်းထက်မနည်းစေရပါ။
 အလုပ်ရှင်သည် အစမ်းခန့်ကာလအတွင်း အလုပ်သမားနှင့်စာချုပ်ချုပ်ထားနိုင်ပါသည်။ သို့သော် ဥပဒေအရ မလုပ်မနေရ ဖော်ပြထားခြင်းမရှိပါ။
 အစမ်းခန့်ကာလကုန်ဆုံးသည့်အခါ အလုပ်ရှင်သည် ထိုအလုပ်သမားကို “အလုပ်ခန့်ထားမှု သဘောတူညီချက်စာချုပ်” ချုပ်ဆို၍ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားနိုင်သည်။
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership

Wednesday, June 18, 2014

အနမ်းနဲ့ ကျမ်းမာရေး


သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။
ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး ဖတ်ကြည့် ပေါ့နော်။
တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် နမ်းတယ် ဆိုတာ ခံစားချက် အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အရပါ ချစ်ခင် နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံ ရတဲ့သူကို ချစ်ပါတယ် ဆိုတဲ့ အဓိပ္ပါယ် ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ ပတ်သတ်တဲ့ Definiton လေး တစ်ခုလောက် ထုတ်ကြည့် ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်း ယုံကြည်မှု အရတော့ နမ်းတယ် ဆိုတာ “နှစ်လိုဖွယ် ခံစား ဆက်ယှက်မှုကို ပါးစပ်က မပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့ သင်္ကေတ” လို့ ဖော်ပြ ထားပါတယ်။
နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလို ရရှိနိုင် တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …
၁။ တစ်ယောက်ကို တစ်ယောက် နမ်းနေကြတဲ့ အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့သွေးကြော တွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်း ကိုလည်း မြန်လာ စေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေ ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်း စေပါတယ်။
၂။ နမ်းနေတဲ့ အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာ ပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှား လာအောင် ဦးနှောက်က လှုံ့ဆော် ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာ ရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှား သန့်စင်စေပြီး မျက်နှာ တစ်ပြင်လုံး ပိုမို ချောမွေ့ လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြော တွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီး ကောင်းလာ စေပါတယ်။
၃။ နောက်တစ်ခု ကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့် ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်း စေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများ နမ်းကြပါ။
၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာ ရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှု တွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော် ပေးတဲ့ ဟိုမုန်းဓာတ် တစ်မျိုး ဦးနှောက်က ထုတ်ပေးတာ ကိုလည်း တားဆီး ပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီး တွေလို့ ထင်မှတ်လာတတ် တယ်လို့ သုတေသီတွေက အတည်ပြု ထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ
ကုထုံး တစ်ခုပါပဲ။
၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါ ကာကွယ်ဆေး တစ်မျိုး ပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦး ဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝ ကိုယ်ခံစွမ်းအား တွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေ တဆင့် ပေါင်းစပ် သွားပါတယ်။ အဲဒီကနေ တဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာ ကိုယ်ထဲ ပေါင်းစပ် ရောက်ရှိ လာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင် တွေက နာမည် ပေးထား ပါတယ်။
၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွ ပေးပါတယ်။ ဘယ်လို အချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံး အကြိမ် နမ်းဖူးတဲ့ အခါ ပေါ်ပေါက် လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင် ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက် အရည်အသွေးဟာ ထိပ်ဆုံး အဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည် ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ် တယ်လို့ ဆိုပါတယ်။
၇။ နောက်ဆုံး တစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန် ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား၊၊၊ အခု ရေးသား ဖော်ပြချက် အနမ်းကို ပြုစုရေးသားသူ ကမ္ဘာကျော် အချစ် သုတေသန ဆရာကြီး ဒေါက်တာ ၀ီလျံစတိုင်းဘတ်၏ ကိုယ်တွေ့များ ဖြစ်ကြောင်းပါ ခင်ဗျား။
NLABR

Tuesday, April 8, 2014

သံပုရာသီးလေးတွေရဲ့ အသုံးဝင်ပုံ



ခံတွင်း ကျန်းမာရေး .....
သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။တောက်ပစေပါတယ်။
ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။
နှုတ်ခမ်းကွဲခြင်း .....
မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။
ဆံပင်ကျွတ်ခြင်း .......
အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။
ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက် ....
ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။
တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။
အသားအရေခြောက်သွေ့ခြင်းအတွက် .....
ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။
ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။
နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊
တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်
အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း
စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။
အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက် ......
သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။
တံတောင်ဆစ်မည်းခြင်းအတွက် ......
သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ
တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။
လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင် ....
သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။
ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့
ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။
ခြေထောက် .....
သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။
တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်
မယ်။
နွေအပူမှာ ချွေးထွက်သက်သာအောင် အကောင်းဆုံးသစ်သီး
ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်း
ကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့
သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။
myawady

Tuesday, April 1, 2014

AIDS ပိုးက လေထဲမှာ ဘယ်လောက်အချိန်ထိ နေနိုင်ပါသလဲ၊ AIDS ပိုးပာာ လေပာာနယ်မှ ကူးစက်တတ်ပါသလား?



ဘယ်လို ကိုယ်ခန္ဓာ-အရည်တွေမှာ HIV ပိုးတွေ ပါနေနိုင်သလဲ။
၁။ သွေး၊
၂။ သုတ်ရည်၊
၃။ ဗဂျိုင်းနား အရည်၊
၎။ နို့ရည်၊
၅။ တခြား သွေးပါနိုင်တဲ့ အရည်တွေ။

• HIV ဘယ်လိုကူးသလဲ
- HIV ဗိုင်းရပ်စ် ပိုးတွေဟာ လူ့ကိုယ်ခန္ဓာ အရည်တွေနဲ့ (တစ်ရှူး) တွေထဲမှာ နေနိုင်တယ်။ ဒါပေမဲ့ သွေး၊ သုတ်ရည်၊ ဗဂျိုင်းနာ-အရည် နဲ့ နို့ရည်တွေ ကနေသာ အများဆုံး ကူးနေတာ သိရတယ်။ ဒီအရည်တမျိုးမျိုးဟာ တခြားလူရဲ့ အပေါ်ဖုံး-အပါးလွှာ၊ ထိခိုက် ပျက်စီးနေတဲ့ အရေပြား (တစ်ရှူး) နဲ့ သွေးထဲကို ဆေးထိုအပ်လိုမျိုးနဲ့ တိုက်ရိုက် ထိုးသွင်းတာခံရမှ ကူးစက်တယ်။
- သုတေသန ကျကျနန လုပ်နေတဲ့ အမေရိကားမှာဆိုရင် စအိုလမ်းနည်း-လိင်ဆက်ဆံမှု နဲ့ (ဗဂျိုင်းနား) ကနေ လိင်ဆက်ဆံမှုတွေကနေ ကူးစက်တာ အများဆုံးလို့ သိရတယ်။ နောက်များတာ တခုက ဆေးထိုးအပ်ကနေ ကူးတာ ဖြစ်တယ်။ ပါးစပ်ကို လိင်ဆက်ဆံရာ သုံးတာနဲ့ မိခင်ကနေ ကလေးကို မွေးနေတုံးဖြစ်ဖြစ် နို့တိုက်လို့ ဖြစ်ဖြစ်၊ ထမင်း ဝါးခွံတာကနေဖြစ်ဖြစ် ကူးစက်တာ နည်းတယ်။ ကျန်နည်းတွေကတော့ မသန့်တဲ့ သွေး နဲ့ သွေးနဲ့ဆိုင်တာတွေ သွင်းတာ၊ အင်္ဂါ-အစားထိုးတာတွေ ကနေကူးတယ်။ ဆေးရုံနဲ့ ကျန်းမာရေး ဌာနမှ အလုပ်လုပ်သူတွေကိုလဲ အပ်-ဒါး စတာတွေ ကနေတဆင့် ကူးစက်နိုင်တယ်။

• တခြား ဖြစ်နိုင်ခြေရှိတဲ့ အရည်တွေ
- ဦးနှောက်နဲ့ ခါးရိုးထဲက အာရုံကြောကြီးရဲ့အရည်၊
- အဆစ်ထဲကအရည်၊
- ရေမြွှာရည်၊
- မျက်ရည်၊
- တံတွေး၊

• ကိုယ်ခန္ဓာ အပြင်ဘက်မှာ HIV ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်သလဲ၊ သိပ္ပံပညာရှင် အားလုံးလောက် နီးနီး လက်ခံကြတာက ပိုးဟာ ကိုယ်ခန္ဓာအပြင်ဘက်မှာ ကြာကြာ မရှင်နိုင်ဘူး။

• စအိုလမ်းသုံး လိင်ဆက်ဆံတာကနေ ကူးနိုင်သလား၊ (ကွန်ဒွမ်) မသုံးရင် သေခြာပေါက် ကူးနိုင်တယ်။

• (ဗဂျိုင်းနား) ကို လိင်ဆက်ဆံရင် ကူးသလား၊ (ကွန်ဒွမ်) မသုံးရင် သေခြာပေါက် ကူးနိုင်တယ်။ မ-လိင်လမ်းကြောင်း (ဗဂျိုင်းနား၊ သားအိမ်ဝ) နဲ့ ကျား-ဆီးသွားပေါက်တွေမှာ မျက်စိနဲ့ မမြင်နိုင်အောင် သေးငယ်တဲ့ အရှ-အနာလေးတွေကနေ ပိုးဝင်နိုင်တယ်။ အနာ-အဆာ ရှိရင်လဲ ဝင်မယ်။ တယောက်ယောက်မှာ (STD) လိင်ကတဆင့်ကူးစက်ရောဂါရှိနေရင် ပိုဖြစ်နိုင်တယ်။

• ပါးစပ်သုံး လိင်ဆက်တာကနေ ကူးသလား၊ လက်ခံသူဖြစ်ဖြစ် ပြုလုပ်ပေးသူဖြစ်ဖြစ် ကူးမယ်။ ထုံးစံလမ်းသုံး လိင်ဆက်ဆံနည်း လောက်တော့ အဖြစ်မများဘူး။ ပါးစပ်နဲ့ လည်ချောင်းတဝှိုက်မှာ အနာအဆာ ရှိရင် ပိုဖြစ်နိုင်ခြေ များမယ်။ သုတ်ရည်ကို ပါးစပ်ထဲ ထုတ်မိရင် ပိုဖြစ်နိုင်ခြေ များမယ်။ (STD) ရှိနေရင် ပိုဖြစ်နိုင်ခြေ များမယ်။

• Sex toys လိင်သဲုးကရိယာတွေသုံးရင် ကူးနိုင်သလား၊ Dildos တို့ Vibrators တို့သုံးရင် ကူးစက်နိုင်လို့ (ကွန်ဒွမ်-အသစ်) သုံးပါ။

• ဆေးထိုးလို့ ကူးသလား၊ ကူးနိုင်တယ်။ ထိုးဆေး၊ ဆေးဝါး-ကရိယာ၊ သွေးပါနေမဲ့ ဆေးထိုးပိုက်၊ မိုးရေ ပြန်သုံးတာ၊ ပုလင်း၊ အဖုံး၊ ဇွန်း၊ အစစ်၊ ဆေးရည်၊ ပတ္တီး၊ ဝါဂွမ်း၊ စတာတွေကို မျှသုံးတာ၊ လမ်းဘေးရောင်း ဆေးထိုးပိုက်-အပ်တွေက ပြန်ထုပ်တာတွေ ဖြစ်နိုင်တယ်။ စိတ်မချရဘူး။

• HIV နဲ့ တခြား လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ ဆက်စပ်မှု ရှိသလား၊ ရှိတယ်။ အဲလိုရောဂါ တခုခုရှိနေသူမှာ HIV ပိုပြီး ကူးစက်နိုင်တယ်။ ဥပမာ ဆစ်ဖလစ်၊ လိင်လမ်း-ရေယုံ၊ ရှန်ကာ၊ ကလာမိုင်ဒီးယား၊ ဂနိုးရီးယား၊

• ဆေးရုံ-ဆေးခန်း အလုပ်လုပ်သူတွေကို ကူးစက်သလား၊ ကူးစက်နိုင်တယ်။ ကြိုတင် ကာကွယ်ရေး နဲ့ တကိုယ်ရေ အကာအကွယ်တွေ သုံးရမယ်။ အဓိက သတိထားဘို့က အပ်၊ ဓါးလို ပြတ်ရှတာနဲ့ မတော်တဆ ထိခိုက်မိရင် ပိုဖြစ်နိုင်တယ်။ ၁% လောက်နီးနီး ရှိတယ်။

• မိန်မချင်း လိင်ဆက်ဆံတာကနေ ကူးသလား၊ ရှားပါတယ်။ (ဗဂျိုင်းနား) အရည်နဲ့ ရာသီသွေးထဲမှာ ပိုးပါနိုင်တယ်။

• တက်တူး ထိုးတာ၊ ကွင်းတွေ ဖေါက်ဝတ်ဆင်တာကနေ ကူးသလား၊ ကူးနိုင်တယ်။ အသုံးအဆောင်တွေကို ပိုးသန့်တာ နည်းရင် ဖြစ်နိုင်တယ်။ တခါသုံး မဟုတ်ရင် ကူးနိုင်တယ်။

• နမ်းတာကနေကူးသလား၊ ဘယ်လိုနမ်းသလဲအပေါ်မှာ မူတည်တယ်။ ပြင်သစ်နည်းခေါ်တဲ့ နှုပ်ခမ်းစုပ်နမ်းနည်းနဲ့ကူးတာ အတော်တော့ ရှားတယ်။ နုတ်ခမ်းမှာ အနာရှိမှဖြစ်တယ်။ ပါးစပ်ပိတ်နမ်းတာ၊ ပါးကို နမ်းလို့ ကူးတာ မတွေ့ရသေးပါ။

• လူချင်းကိုက်လို့ ကူးသလား၊ ရှားတယ်။ ၁၉၉၇ တုံးကရှိဘူးတာကို ထုတ်ပြန်ဘူးတယ်။

• ခြင်ကောင်ကနေကူးသလား၊ မကူးပါ။

• မကူးစက်နိုင်တဲ့ ဆက်ဆံမှုတွေဆိုတာ ကုပ်မိလို့ မကူးပါ။ တံတွေးစင်လို့ မကူးပါ။ လက်ဆွဲ နုပ်တက်တာ၊ ရင်ချင်းအပ်တာ၊ ရေအိမ်အတူသုံးတာ၊ ဖန်ခွက်၊ နှာချေ၊ ချောင်းဆိုး တာကနေ မကူးပါ။ အလုပ်ဌာနတူတာ၊ Schools ကျောင်း အတူနေတာ၊ သာရေး-နာရေး အတူသွားတာ၊ တခါးဖွင့်ဘု ကိုင်မိတာ၊ ပန်းကန်ခွက်ယောက်၊ Pets အိမ်မွေး-တိရစ္ဆာန်၊ အားကစား၊

(အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) ကိန်းဂဏန်းများ
• ၁၉၈၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က အမေရိကန် ပြည်ထောင်စု လော့စ်အင်ဂျဲလိစ် က လူ ၅ ဦးမှာ HIV/AIDS (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) ရောဂါရှိခဲ့တယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနကနေ ထုတ်ပြန်ခဲ့တာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေမှာ နှစ် ၃ဝ တင်းတင်း ပြည့်သွားပြီ ဖြစ်တယ်။
• အဲဒီ ထုတ်ပြန်ချက်ကို HIV/AIDS ရောဂါရဲ့ ကနဦးလို့ သတ်မှတ်နိုင်ပြီး၊ အဲဒီကတည်းက HIV/AIDS ရောဂါကို လေ့လာဘို့ အတူးအဖွဲ့ကိုလဲ စတင်ဖွဲ့စည်းခဲ့တယ်။
• ၁၉၈၂ ဇူလိုင်လမှာ ဒီရောဂါလို့ နာမည်မတပ်ရသေးသူပေါင်း အမေရိကန် ပြည်ထောင်စု တဝက်လောက်မှာ ပြန့်နေတဲ့ လူနာပေါင်း ရာဂဏန်း ရှိနေပြီဖြစ်တယ်။

HIV ပိုးဟာ လူ့ကိုယ်အပြင်ဘက်မှာ ကြာကြာမရှင်နိုင်ပါ၊ ဆက်ပွါးများမှုမဖြစ်နိုင်ပါလို့သာ အခုထိလုပ်ထားတဲ့ သုတေသနတွေကဆိုပါတယ်။

ဒေါက်တာ တင့်ဆွေ

Saturday, January 25, 2014

သင့်ကို ပိုကောင်းကောင်း အိပ်ပျော် စေမယ့် နည်းလမ်း ၁၀ခု


၁။ နေ့စဉ် အချိန်ဇယား တစ်ခု သတ်မှတ် ထားပါ။
၂။ နေ့စဉ် သောက်သုံးလိုက်တဲ့ ကာဖင်း ပမာဏကို လျော့ချပါ။
၃။ အိပ်ခါနီး ဗိုက်တင်း နေအောင် မစားပါနဲ့။
၎။ ဘာမှ မစားဘဲလည်း မနေပါနဲ့။ သင့်တင့်အောင် စားပါ။
၅။ ကွန်ပျူတာ၊ တီဗီတွေကို ပိတ်ထားပါ။
၆။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
၇။ အိပ်ရာ ၀င်ခါနီး သောက်သုံးတဲ့ အရည် ပမာဏကို ကန့်သတ်ပါ။
၈။ သင့်ရဲ့ အိပ်ခန်းကို မှောင်ပြီး ဆိတ်ငြိမ်အောင် ထားပါ။
၉။ သက်တောင့် သက်သာ ရှိမယ့် မွေ့ရာ၊ ခေါင်းအုံး၊ အခင်းနဲ့ အိပ်ပါ။
၁၀။ နှိုးစက်ထက် ကိုယ့်ရဲ့ ကိုယ်တွင်းက ဇီဝနာရီကို သုံးပြီး အိပ်ချိန်တန်အိပ်၊ ထချိန်တန် ထပါ။

[source: diycraftprojects]

Monday, January 20, 2014

ဝမ်းပျက် ဝမ်းလျှောနေချိန် ဆောင်သင့်၊ ရှောင်သင့် သည့် အချက်များ



ဝမ်းလျှောတယ် ဆိုတာ ယေဘုယျ အားဖြင့် ပျော့ပျောင်းတဲ့ အရည်ကြည် ဝမ်းတွေ သွားနေပြီး မကြာခဏ ဝမ်းသွားနေတဲ့ အခြေအနေကို ခေါ်ပါတယ်။

ဝမ်းလျှော တာက အများအားဖြင့် နှစ်ရက် လောက်ပဲ ကြာပေမယ့် ကြာရှည် ဝမ်းသွားတဲ့ အခြေအနေ ဆိုရင် နှစ်ရက်ကျော် ကြာတဲ့အထိ ဝမ်းသွား တတ်ပါတယ်။ ဒီအခြေအနေမျိုးမှာ ရေဓာတ် ခမ်းခြောက်မှု ဖြစ်တတ် ပါတယ်။ ဝမ်းပျက် ဝမ်းလျှော တာက ဘက်တီးရီးယားပိုး ဝင်တာ၊ ဗိုင်းရပ်စ်ပိုး ဝင်တာ၊ အစာနဲ့ မတည့်တာ၊ ကပ်ပါးပိုးတွေ ဝင်တာ၊ ဆေးနဲ့ မတည့်တာနဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါ တွေကြောင့် ဖြစ်တတ်ပါတယ်။ ဝမ်းပျက်တဲ့အခါ ခံစားရတဲ့ လက္ခဏာတွေက ဗိုက်အောင့်တာ၊ လေထတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ အိမ်သာကို အလောတကြီး သွားချင်စိတ် ပေါ်တာ စတာတွေ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဝမ်းပျက်ပါစေ၊ ဝမ်းပျက် ဝမ်းလျှော နေချိန်မှာ ဆောင်သင့်၊ ရှောင်သင့်တဲ့ အချက်တွေကို သိနားလည်ထားဖို့ လိုပါတယ်။

ရေနှင့် ဓာတ်ဆားသောက်ပါ - ဝမ်းပျက်ဝမ်းလျှောတာကို ကုသဖို့ အကောင်းဆုံးနည်းက ရေနဲ့ အရည်များများ သောက်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဝမ်းလျှောတာကြောင့် ခန္ဓာကိုယ်က အရည်ဆုံးရှုံးမှု များတဲ့အတွက် ရေများများ ပြန်သောက်ပေးသင့်တာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ရေနဲ့အတူ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ပါ ပြန်လည်ဖြည့်တင်းနိုင်ဖို့ ဓာတ်ဆားထုပ်ကို သတ်မှတ်ထားတဲ့ အချိုးအဆအတိုင်း ရေနဲ့ဖျော်ပြီး သောက်ပေး ရမှာ ဖြစ်ပါတယ်။ ရေသောက် ရာမှာ ရေသန့် ကို သောက်ပေးရမှာ ဖြစ်ပြီး ရေမသန့်ဘူး ထင်ရင် ကျိုချက်ပြီး သောက်ပါ။

နို့နှင့် နို့ထွက်ပစ္စည်းများ ရှောင်ပါ -ဝမ်းလျှော နေချိန်မှာ နို့ကို ချေဖျက်ဖို့ လိုအပ်တဲ့ အင်ဇိုင်း (lactase) ထောက်ပံ့မှု လျော့ကျ သွားတာကြောင့် နို့နဲ့ နို့ထွက် ပစ္စည်းတွေ ကို ရှောင်သင့် ပါတယ်။ နို့ကို ကောင်းကောင်း မချေဖျက် နိုင်တာကြောင့် ပိုပြီး ဝမ်းလျှောတာနဲ့ လေထတာတို့ ဖြစ်နိုင်ခြေ များပါတယ်။

ဆီကြော်စာ၊ ဟင်းခတ် အမွှေးအကြိုင် ကဲသော အစားအသောက် တို့ကို ရှောင်ပါ- ဝမ်းပျက် ဝမ်းလျှော နေချိန်မှာ အဆီအအိမ့်များတဲ့ အစာ၊ ဆီကြော်စာ၊ အမျှင်ဓာတ် များတဲ့ အစာနဲ့ ဟင်းခတ် အမွှေးအကြိုင်ကဲတဲ့ အစားအသောက် တို့ကို ရှောင်သင့် ပါတယ်။

သတ္တုဓာတ် ပါဝင်သော အစားအသောက်များ စားပါ - တချို့ သတ္တုဓာတ်နဲ့ အာဟာရ ဓာတ်တို့ ပါတဲ့ အစားအသောက် တွေကို စားပေးရင် အူလမ်းကြောင်း တစ်လျှောက် အစာဖြတ်သန်းမှု နှေးစေပြီး ဝမ်းပျက် ဝမ်းလျှော ဖြစ်တာကို သက်သာ စေပါတယ်။ ဥပမာ- ဆန်ပြုတ် ပျော့ပျော့၊ ငှက်ပျောသီး၊ ပေါင်မုန့်နဲ့ စွပ်ပြုတ်စတဲ့ အစာတွေကို စားပေးသင့်ပါတယ်။

အဆီ နည်းသော ဒိန်ချဉ် အသင့်အတင့် သောက်ပါ - ဝမ်းလျှောချိန်မှာ ဒိန်ချဉ် သောက်ရင် အစာခြေ အူလမ်းကြောင်း တစ်လျှောက်မှာ အစာကြေညက်စေတဲ့ အကျိုးပြု ဘက်တီးရီးယား တွေ ရရှိစေတာကြောင့် ဝမ်းပျက် ဝမ်းလျှောတာကို သက်သာ စေပါတယ်။

ချင်းလက်ဖက်ရည် သောက်ပါ -ချင်းလက်ဖက်ရည် သောက်တာက ဗိုက်အောင့်တာနဲ့ လေပွ တာကို သက်သာ စေပါတယ်။ မုန်လာဥနီ ဖျော်ရည်နဲ့ တလည်း သီး ဖျော်ရည် သောက်တာ ကြောင့်လည်း ဝမ်းအရည် သွားတာကို သက်သာစေပါတယ်။

ကဖင်းနှင့် အယ်လ်ကိုဟော ရှောင်ပါ - ဝမ်းပျက် ဝမ်းလျှော နေချိန်မှာ ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် အပြင် အရက်ကိုလည်း ရှောင်သင့် ပါတယ်။ ဆန်ပြုတ် ပူပူ သောက်ပါ ဆန်လုံး ညိုကို ရေနဲ့ ၄၅ မိနစ်ခန့်ပြုတ်ပြီး သောက်တာက ဝမ်းပျက် ဝမ်းလျှော ရောဂါကို သက်သာ အောင် ကုသ ပေးနိုင်ပါတယ်။ ဆန်လုံးညိုမှာ ဗီတာမင် ဘီ အုပ်စု ပါဝင်ပါတယ်။

ဗီတာမင်စီ ပါသော အစားအသောက်ကို ရှောင်ပါ - ဝမ်းလျှောနေချိန်မှာ ဗီတာမင်စီ ပါတဲ့ အစား အသောက်ကို အလွန်အမင်း စားတာကြောင့် ဝမ်းပျက်ဝမ်းလျှောကို ပိုဆိုး စေနိုင်ပါတယ်။

ပျားရည် သောက်ပါ - ပျားရည် ထမင်းစားဇွန်း လေးဇွန်းနဲ့ ရေတစ်ခွက် ရောသောက်ပေးရင် ဝမ်းပျက် ဝမ်းလျှောတာ သက်သာ သွားပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါး တက္ကသိုလ်)
Shan News

အသည်းရောဂါခံစားနေရသူများ (Bပိုး၊Cပိုး) အတွက် အထူးလက်ဆောင်



အသည်းရောဂါခံစားနေရသော လူသားများ အတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့် သခွတ်ပြုတ်ဆေးရည် ..…

ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်၏….( အသည်းရောဂါဖြစ်နေသော မိသားစုဝင်များအား စိတ်ချမ်းသာမှု့  ဖြစ်စေပြီး လူ့ သက်တမ်းအပြည့်နေနိုင်သောကြောင့် Mg Mandalay မှ လေးနက်စွာ မျှဝေပါသည် ။ )

အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို

့ သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။

ဆရာကြီးစီမှာ အသည်းအတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထို စီပိုးလူနာ၏ ကိုယ်တွေ့ ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို့  ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်း သောက် တကယ် စီပိုးပျောက်ခဲ့ရလို့  သူကိုယ်တိုင်လည်း ဆေးကုသိုလ် ပြု့ နေပါသေးသည် ။

လုပ်ဆောင်သောက်သုံးရန်မှာ ….

သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ ( လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည် ။

ဆေးရည်ကျိုနည်း ….

ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ

မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။

အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။

အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ်သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊

သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။

ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ…
အသက်ရာကျော် ရှည်ပါစေ .