( ၅ ) အင်တာဗျူးနည်းလမ်းများ Interview Methods
ကုမ္ပဏီအဖွဲ့အစည်းတွေဟာ အင်တာဗျူးကိုနည်းမျိုးစုံလုပ်တတ်ကြပါတယ်။ ဘယ်လိုအင် တာဗျူး မျိုးကို
လုပ်သင့်လဲဆိုတာကတော့ဆိုတာကလစ်လပ်ရာထူးနေရာနဲ့ Labor Market ပေါ်မှာ မူ တည်ပါလိမ့်မယ်။ Interview Method ( ၅ )မျိုးလောက်ရှိပါတယ်။ အဲဒါတွေကတော့ -
( ၁ ) One to one Interview – မေးမြန်းသူနဲ့ဖြေဆိုသူတစ်ဦးချင်း တွေ့ဆုံမေးမြန်းတာမျိုးပါ။ အထူးသ ဖြင့်တော့ Executive Levelတွေကို ရွေးချယ်တာမျိုးမှာ သုံးပါတယ်။
( ၂ ) Group interview - Applicant ( ၃ / ၄ ) ဦးခန့်နဲ့ မေးမြန်းသူ ၃/၄ဦးခန့် စုစည်းပြီး စကားပြော ဆိုကြတာမျိုးပါ။ကျွန်တော်တို့ဆီမှာမတွေ့ဖူးသေးပါဘူး။ အဓိကတော့ တစ်ဦးချင်းစီရဲ့ ပေါင်းသင်းဆက် ဆံရေးစွမ်းရည်ကိုအကဲဖြတ်ဖို့ဖြစ်ပါတယ်။
( ၃ ) Board Interview ။ ကုမ္ပဏီကတာဝန်ရှိသူ ၄ျ / ၅ ဦးခန့်က ဖြေဆိုသူတစ်ဦးချင်းစီကို တွေ့ဆုံတာ မျိုးပါ။ အများအားဖြင့်ခန့်ထားမယ့်ရာထူးနှင့် အလားတူရာထူးမှာတာဝန်ထမ်းဆောင်နေသူတွေ၊ ကြီး ကြပ်သူတွေ၊ လက်အောက်မှာတာဝန်ထမ်းဆောင်ရမယ့်ဝန်ထမ်းတွေစုစည်းပြီး Applicant ကို တွေ့ဆုံ မေးမြန်းတာမျိုးဖြစ်ပါတယ်။
( ၄ ) Stress Interview ။ အင်တာဗျူးတော်တော်များများမှာ ဖြေဆိုသူကို Stress အနည်းဆုံးဖြစ် အောင် စီစဉ်ထားလေ့ရှိပါတယ်။ဒါပေမယ့်တခါတရံတော့ တမင်တကာကိုပဲ ဖြေဆိုသူကို စိတ်တို အောင်ပြုလုပ်ပြီး မေးမြန်းရတာမျိုးလည်းရှိပါတယ်။အဓိကရည်ရွယ်ချက်ကတော့ ဖြေဆိုသူရဲ့စိတ်ဓာတ် ခွန်အားဘယ်လောက်ရှိသလဲ၊ လုပ်ငန်းခွင်ထဲဝင်ရောက်တဲ့အခါ Stressဒဏ်ကိုဘယ်လောက်ထိ ခံနိုင် ရည်ရှိမလဲ၊ အဲဒီလိုမျိုး Stress တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာတွေကိုသိဖို့အတွက်ပြုလုပ်တာဖြစ်ပါတယ်။ ( ဥပမာ ဖြေဆိုမယ့်သူကို ခြေထောက်တချောင်း ( ဒါမှမဟုတ် ) နှစ်ချောင်းတိုနေတဲ့ ထိုင်ခုံမျိုးပေးထိုင်ပြီး
အင်တာဗျူးလုပ်တာမျိုးပေါ့၊ တခါတရံကျတော့ ဘယ်လိုမှကိုမသိနိုင်တဲ့ မေးခွန်းမျိုး ကို မေးတတ်ပါတယ်။
( ၆ ) Realistic Job Preview
အများအားဖြင့်တော့ အလုပ်အင်တာဗျူးလာရောက်ဖြေဆိုသူအများစုဟာ မိမိတို့ လျှောက်ထားတဲ့အလုပ်နဲ့ ပတ်သက်ပြီးသေချာဂဃနဏသိရှိကြလေ့မရှိပါဘူး။ အထူးသဖြင့် Interviewer က သေချာမပြောပြခဲ့ရင် အကျိုးဆက်ကသိပ်မကောင်းတတ်ပါဘူး။အဲဒါမျိုးဆိုရင် လူမှန်နေ ရာမှန်ရဖို့ခက်ခဲပါတယ်။ ပိုဆိုးတာက လာရောက်ဖြေဆိုသူက သူရဲ့အရည်အချင်းကိုရှိတာထက် ပိုပြောတဲ့အခါမျိုးကျရင် ပိုပြီးလွဲသွားတတ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့လုပ်သင့်တာက Realistic Job Preview ပါ။Realistic Job Preview မှာ ကုမ္ပဏီနှင့်ပတ်သက်တဲ့ အားသာချက်တွေကော၊ အားနည်း ချက်တွေကောအားလုံးကိုအရှိအတိုင်းပြောပြသွားရမှာဖြစ်ပါတယ်။ ပြီးတော့ ခေါ်ယူတဲ့ရာထူးနဲ့ပတ် သက်ပြီး ရှိရမယ့်အရည်အချင်းတွေ စိတ်သဘောထားတွေကိုပွင့်ပွင့်လင်းလင်းပြောပြရမှာ ဖြစ်ပါတယ်။
အဲဒီလိုမျိုးပြောပြထားခြင်းအားဖြင့်ဝန်ထမ်းအနေနဲ့ ကုမ္ပဏီအကြောင်းဂဃနဏ သိရှိ သွားမှာ ဖြစ်လို့
သူရဲ့လက်ရှိအရည်အချင်းများနဲ့ ကိုက်ညီမှုရှိ /မရှိ၊ မိမိနဲ့သင့်တော်မှုရှိ /မရှိ သိသွားပြီး ဆုံးဖြတ်ရလွယ်ကူစေမှာဖြစ်ပါတယ်။
Realistic Job Preview လုပ်လိုက်တဲ့အခါမှာ Result ( ၂ ) မျိုးရလာနိုင်ပါတယ်။အဲဒါတွေကတော့-
( ၁ ) အလုပ်ဝင်တဲ့လူအရေအတွက် နည်းသွားတာ
( ၂ ) အလုပ်ဝင်လာတဲ့သူတွေဟာ အလုပ်မှာစွဲစွဲမြဲမြဲဆက်လက်လုပ်ကိုင်လျက်ရှိတာတို့ဖြစ်ပါတယ်။
Realistic Job Preview သုံးခြင်းအားဖြင့် ကိုယ်ကိုယ့်ကို အရည်အချင်းမပြည့်ဘူးလို့ယူဆတဲ့ Applicants တွေဟာသူအလိုလိုနောက်ဆုတ်သွားကြတဲ့အတွက် အရည်အချင်းမပြည့်မီသူတွေ ကိုယ့် ကိုယ်ကိုယုံကြည်မှုမရှိတဲ့သူတွေကိုဖယ်ထုတ်ပြီးဖြစ်ပါတယ်။Selection နည်းလမ်းတွေအားလုံးထဲမှာတော့အင်တာဗျူးလုပ်တာဟာ ဘက်လိုက်ဆုံးဖြတ်မှုအဖြစ် နိုင် ဆုံးနည်းလမ်းတခုပါ။သာမန်အားဖြင့် အင်တာဗျူးတခုမှာ Interviewer နဲ့ Interviewee လွတ်လပ်စွာ ပြောဆိုနိုင်တာဟာကောင်းမွန်တဲ့အချက်တချက်
ဖြစ်တာမှန်ပေမယ့်အဲဒီအချက်ကပဲ အားနည်းချက် ဖြစ် နေတာလဲအမှန်ပါပဲ။Intenieviewer တဦးအနေနဲ့ တူညီတဲ့ရာထူးတခုအတွက် ၊ လာရောက်ဖြေဆိုသူတွေကို တူညီ တဲ့မေးခွန်းတွေကိုပဲမေးမြန်းသင့်ပါတယ်။ ပြီးတော့ ဖြေဆိုတဲ့အဖြေအားလုံးကို သေချာမှတ်တမ်းတင် ထားသင့်ပါတယ်။ Applicantကအလုပ်နဲ့မသက်ဆိုင်တဲ့အဖြေမျိုးတွေဖြေဆိုတဲ့အခါမှာ မူလမေးခွန်း လမ်းကြောင်းပေါ်ကို ပြန်လည်တည့်မတ်ပေးဖို့တာဝန်ရှိပါတယ်။
Credit : ဆရာမင်းခေါင် (AMARA)
No comments:
Post a Comment