Sunday, December 3, 2017

Admin and HR ဆိုင်ရာလုပ်ငန်းတာဝန်များ

အဖွဲ့အစည်း ၏ အကြီးအသေးပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။

Admin ပိုင်းဆိုင်ရာလုပ်ငန်း တာဝန်များ
၁။ မော်တော်ယာဉ် ( Vehicle )
(က) ဌာနများ၏ မော်တော်ယာဉ် လိုအပ်ချက်အားဦးစားပေးအလိုက် စီစဉ်ဆောင်ရွက်ပေးခြင်း
( ခ) မော်တော်ယာဉ်များ၏ နေ့စဉ်/ အပါတ်စဉ်/ လစဉ် မောင်းနှင်သည့် ကီလိုမီတာ နှင့် ဆီသုံးစွဲမှု အားသတ်မှတ်ထားသည့် Norm နှင့် ကိုက်ညီမှု ရှိ/ မရှိစစ်ဆေးခြင်း
( ဂ) မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု Schedule ရေးဆွဲခြင်း၊ ရေးဆွဲထားသော Schedule အရဘတ်ဂျက် တောင်းခံခြင်း
(ဃ) မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းထားရှိခြင်း
(ဃ) လချုပ်စာရင်းပြုစုတင်ပြခြင်း
၂။ ပြုပြင်ထိန်းသိမ်းမှု (Maintenance)
(က) ကုမ္ပဏီပိုင် အဆောက်အဦများ၏ ပြုပြင်ထိန်းသိမ်းမှုကို တာဝန်ယူခြင်း
( ခ) အဆောက်အဦများ ပြုပြင်ထိန်းသိမ်းရန် ဘတ်ဂျက် ရေးဆွဲတင်ပြခြင်း/ တောင်းခံခြင်း
( ဂ) ကုမ္ပဏီပိုင် စက်ကိရိယာများ (မီးစက်၊ Air-con၊ ရေစက် နှင့် အခြား) ၏ ပြုပြင်ထိန်းသိမ်းမှု ကို တာဝန်ယူခြင်း၊ မှတ်တမ်း ပြုစုခြင်း
(ဃ) ရုံးလုပ်ငန်းသုံး Projector, Computer, Printer, fax, Internet modem, server စသည်တို့ ၏ ပြုပြင်ထိန်းသိမ်းမှု ကို တာဝန်ယူခြင်း၊ မှတ်တမ်းပြုစုခြင်း
( င) လချုပ်စာရင်းပြုစုတင်ပြခြင်း
၃။ ပုံသေပိုင်ပစ္စည်း (Fixed Assets Control)
(က) ကုမ္ပဏီပိုင် ပုံသေပစ္စည်းများ၏ စာရင်းကိုသက်ဆိုင်ရာဌာန/ Site အလိုက် တာဝန်ခံ များနှင့် ညှိနှိုင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်း
( ခ) သက်ဆိုင်ရာဌာန/ Site အလိုက် တာဝန်ခံများနှင့် ညှိနှိုင်း၍ ၀ယ်ယူ/ထုတ်ပေးစာရင်းများ ပြုစုခြင်း၊ မှတ်တမ်းထားရှိခြင်း
( ဂ) လချုပ်စာရင်းပြုစုတင်ပြခြင်း
၎။ ၀ယ်ယူခြင်း (Procurement Control)
(က) သက်ဆိုင်ရာဌာန/ Site များ၏ လိုအပ်ချက်များအား ပြင်ပမှ Supplier များနှင့် ညှိနှိုင်း ၀ယ်ယူခြင်း
( ခ) ၀ယ်ယူထားသော ပစ္စည်းများ၏ လက်ကျန်/ထုတ်ပေး/ပျက်စီး/ပြန်လည်အပ်နှံမှု စာရင်းများ ပြုစုထားရှိခြင်း
( ဂ) ၀န်ထမ်းတစ်ဦးချင်းအလိုက် Stationary ထုတ်ပေးမှု စာရင်းပြုစုထားရှိခြင်း/ စစ်ဆေးခြင်း
(ဃ) ဘတ်ဂျက်ရေးဆွဲတင်ပြခြင်း
( င) လချုပ်စာရင်းပြုစုတင်ပြခြင်း
၅။ ပြင်ပဆက်ဆံရေး( External Affairs)
(က) MD, CEO, ED , Director များနှင့် အခြား ၀န်ထမ်းများ၏ ပြည်တွင်း၊ ပြည်ပခရီးစဉ်များအတွက် လိုအပ်သည့် Visa, Passport, Stay, Hotel, Ticket ဆိုင်ရာကိစ္စများစီစဉ်ခြင်း
( ခ) ကုမ္ပဏီသက်တမ်းတိုးခြင်း၊ အသစ်ဖွဲ့စည်းခြင်း နှင့် အခြားလိုအပ်သည့် Documentation များ ပြင်ဆင်ပေးခြင်း
(ဃ) နှစ်စဉ်၊ လစဉ် ပေးသွင်းရသောအခွန်၊ လိုင်စင်ကြေးအစရှိသည့် ကိစ္စရပ်များအား Finance Dept နှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ခြင်း
( င) ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေသောအစိုးရဌာနဆိုင်ရာရုံးများ၊ အခြားအစိုးရမဟုတ်သောအဖွဲ့အစည်းများသို့ လုပ်ငန်းကိစ္စများသွားရောက်ဆောင်ရွက်ခြင်း
၆။ အထွေထွေ စီမံခန့်ခွဲခြင်း (Common Management)
(က) Reception, Security, Cleaner များ၏ လုပ်ငန်းများအား ကြီးကြပ်ခြင်း၊ work schedule များရေးဆွဲပေးခြင်း၊ သတ်မှတ်ပေးထားသော တာဝန်များအား လိုက်နာမှု ရှိ/မရှိစစ်ဆေးခြင်း
( ခ) အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့၏ ညွှန်ကြားချက်များအားဆောင်ရွက်ခြင်း
( ဂ) လချုပ်စာရင်းများ ပြုစုတင်ပြခြင်း
(ဃ) Functional Meeting များ ပြုလုပ်ခြင်း

Human Resources ပိုင်းဆိုင်ရာလုပ်ငန်းတာဝန်များ
၁။ ၀န်ထမ်းရွေးချယ် ခန့်ထားရေး (Recruitment and Selection)
(က) ဌာနများ၏ လိုအပ်ချက်အရ ၀န်ထမ်းခေါ်ယူရေး ကြေငြာများ ပြုလုပ်ခြင်း/ကြေငြာခြင်း
( ခ) ရရှိလာသောလျှောက်လွှာများအားအကဲဖြတ် စိစစ်ခြင်း
( ဂ) အင်တာဗျူးခေါ်ယူမည့် လျှောက်လွှာရှင်စာရင်းအားထုတ်ပြန်ခြင်း
(ဃ) သက်ဆိုင်ရာဌာနခေါင်းဆောင်များနှင့် အင်တာဗျူးပြုလုပ်ခြင်း
( င) လိုအပ်ပါကဒုတိယအကြိမ် ထပ်မံ၍ MD နှင့် အင်တာဗျူး စီစဉ်ခြင်း
( စ) ရွေးချယ်ခံရသော ၀န်ထမ်းလောင်းများအား အကြောင်းကြားခြင်း
(ဆ) လချုပ်စာရင်းများ ပြုစုတင်ပြခြင်း
၂။ နေ့စဉ် ရုံးတက်/ရုံးဆင်း၊ ခွင့် ၊ ပျက်ကွက် ကိစ္စများ
(Attendance, Leaves, Late, absenteeism)
(က) နေ့စဉ် Attendance အားစစ်ဆေးခြင်း
( ခ) နေ့စဉ် ခွင့်၊ ပျက်ကွက်၊ နောက်ကျ များအားစစ်ဆေးခြင်း
( ဂ) နေ့စဉ် MD, CEO, Executive Director များထံသို့ အစီရင်ခံခြင်း
(ဃ) Attendance လချုပ်ပေါ် အခြေခံ၍ လစာပေးချေမှု ကိစ္စရပ်များအားFiance Department နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း
( င) လချုပ်စာရင်းများ ပြုစုတင်ပြခြင်း
၃။ ၀န်ထမ်း ကိုယ်ရေးမှတ်တမ်း (Employee Profile)
(က) ၀န်ထမ်းအားလုံး၏ ကိုယ်ရေးမှတ်တမ်းဖိုင် ပြုစုခြင်း
( ခ) ကိုယ်ရေးမှတ်တမ်းဖိုင် များအားအချိန်နှင့် တပြေးညီ ပြန်လည်ပြင်ဆင်ခြင်း
( ဂ) ဆုချီးမြင့်ခံရမှုများ၊ အပြစ်ပေးခံရမှုများအားစနစ်တကျ ကိုယ်ရေးမှတ်တမ်းတွင် သိမ်းဆည်းခြင်း
(ဃ) ကိုယ်ရေးမှတ်တမ်းဖိုင်များအားစနစ်တကျ လျှို့ဝှက် သိမ်းဆည်းခြင်း
၎။ စည်းကမ်း (Rules and Regulations)
(က) ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ(Rules and Regulations)/ ၀န်ထမ်းလက်စွဲစာအုပ် (Employee Manual) ရေးဆွဲထုတ်ပြန်ခြင်း
( ခ) ထုတ်ပြန်ထားသောစည်းမျဉ်း၊ စည်းကမ်းများအားလိုက်နာမှု ရှိ/မရှိစစ်ဆေးခြင်း
( ဂ) သတ်မှတ်စည်းကမ်းချက်များအားလိုက်နာ/ မလိုက်နာသော ၀န်ထမ်းများအား မှတ်တမ်းတင်ခြင်း၊ အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့သို့ တင်ပြခြင်း
(ဃ) လစဉ်/ နှစ်စဉ် အစီရင်ခံစာများ ပြုစုတင်ပြခြင်း
၅။ ၀န်ထမ်းများ၏ ရပိုင်ခွင့် (Benefits)
(က) ၀န်ထမ်းများ၏ ခွင့်ခံစားခြင်း၊ ဆေးကုသမှုဆိုင်ရာအကျိုးခံစားခွင့်များ နှင့် အခြားခံစားခွင့်များအားတည်ဆဲအလုပ်သမားဥပဒေနှင့် အညီခွင့်ပြုခြင်း၊ ဖြတ်တောက်ခြင်း နှင့် စာရင်းပြုစုခြင်း
( ခ) လစာ နှင့် အခြားခံစားပိုင်ခွင့်များအားတည်ဆဲအလုပ်သမားဥပဒေနှင့် အညီ ပြုစုခြင်း၊ ထုတ်ပြန်ခြင်း
( ဂ) ၀န်ထမ်းများ၏ လူမှုဖူလုံရေးရန်ပုံငွေနှင့် ၀င်ငွေခွန်များ စနစ်တကျပေးသွင်းမှု ရှိစေရန် စီမံဆောင်ရွက်ခြင်း
(ဃ) ၀န်ထမ်းများ၏ သာရေး/နာရေးကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း
၆။ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး (Organization Development)
(က) ၀န်ထမ်းများ၏ တာဝန် နှင့် ၀တ္တရားများအား သက်ဆိုင်ရာဌာနခေါင်းဆောင်များနှင့် ညှိနှိုင်းလျှက် ရေးဆွဲပြုစုခြင်း
( ခ) လုပ်ငန်းလိုအပ်ချက်၊ ၀န်ထမ်းရရှိနိုင်မှု ပေါ်မူတည်လျှက် သက်ဆိုင်ရာဌာနခေါင်းဆောင်များနှင့် ညှိနှိုင်း၍ ဖွဲ့စည်းပုံဇယား (Organization Structure) အား ပြန်လည်ရေးဆွဲခြင်း၊
( ဂ) ဌာနချင်းဆက်သွယ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များအဆင်ပြေချောမွေ့စေရန် ညှိနှိုင်းဆောင်ရွက်ခြင်း
(ဃ) Standard Operating Procedure (SOP) များရေးဆွဲပေးခြင်း
( င) ၀န်ထမ်းများ၏ သက်ဆိုင်ရာလုပ်ငန်းအလိုက် လုပ်ဆောင်မှုများ မြင့်မားလာစေရန် သက်ဆိုင်ရာဌာနခေါင်းဆောင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း
၇။ ၀န်ထမ်းများ၏ စွမ်းဆောင်ရည် အကဲဖြတ်ခြင်း (Performance Appraisal)
(က) သတ်မှတ်ထားသောကာလတစ်ခုအတွင်း ၀န်ထမ်းများ၏ သက်ဆိုင်ရာသတ်မှတ်ထားသောလုပ်ငန်း တာဝန်များအား ကောင်းစွာဆောင်ရွက်နိုင်စွမ်း၊ ၀န်ထမ်းအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှု၊ သက်ဆိုင်ရာဌာနခေါင်းဆောင် (သို့) အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့မှ ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မှု ၊ စည်းမျဉ်း/စည်းကမ်းများအားလိုက်နာမှု အစရှိသည်ဖြင့် ၀န်ထမ်းစွမ်းဆောင်ရည်ကို အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့၏ တာဝန်ပေးအပ်လာမှု အရသက်ဆိုင်ရာဌာနခေါင်းဆောင်များနှင့် ပူးပေါင်းလျှက် အကဲဖြတ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊ ထုတ်ပြန်ခြင်း
( ခ) စွမ်းဆောင်ရည် သတ်မှတ်ချက် မမီသည့် (သို့) မရောက်ရှိသည့် ၀န်ထမ်းများအား အသိပေးခြင်း၊ သတ်မှတ်သည့် စွမ်းဆောင်ရည် သတ်မှတ်ချက်အားရောက်ရှိစေရန် အကြံပြုခြင်း
( ဂ) ဆုချီးမြင့်သင့်သည့် ၀န်ထမ်းများအား အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်ပေးအပ်လာမှုအရ သက်ဆိုင်ရာဌာနခေါင်းဆောင်များနှင့် ပူပေါင်းလျှက် ရွေးချယ် သုံးသပ်တင်ပြခြင်း
၈။ အထွေထွေ (Generalist)
(က) အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့မှ အခါအားလျော်စွာပေးအပ်လာသည့် တာဝန်များအား ဆောင်ရွက်ခြင်း
( ခ) ၀န်ထမ်းများ နှင့် အခါအားလျော်စွာတွေ့ဆုံ၍ ၄င်းတို့၏ သီးခြား ပြဿနာများအားဖြေရှင်းနိုင်ရန် အကြံပြုခြင်း
( ဂ) ၀န်ထမ်းသစ်များ ရောက်ရှိလာသောအခါ သက်ဆိုင်ရာ တာဝန်ထမ်းဆောင်ရသော ဌာနတွင် မြန်ဆန်စွာ အံဝင်ခွင်ကျဖြစ်စေရန် သက်ဆိုင်ရာဌာနခေါင်းဆောင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
Credit : Unknown Author


No comments:

Post a Comment