Wednesday, December 6, 2017

အပိုင်း (၄) - အလုပ်ချိန်နှင့်နားရက်များ



 ပုံမှန် တစ်နေ့အလုပ်ချိန်သည် (၈)နာရီဖြစ်သည်။
 ပုံမှန်ရက်သတ္တပတ် အလုပ်ချိန်သည် တစ်ဆက်တည်းလည်ပတ်လုပ်ကိုင်ခြင်း မပြုရသည့်လုပ်ငန်းများအတွက် (၄၄)နာရီ၊ တစ်ဆက်တည်း စဉ်ဆက်မပြတ်လည်ပတ်လုပ်ကိုင်ရသည့် လုပ်ငန်းများအတွက် (၄၈)နာရီ
ခေတ္တနားချိန်
 အလုပ်သမားတစ်ဦးကို အနည်းဆုံးမိနစ် (၃၀) ခေတ္တနားချိန်မပေးဘဲ (၄)နာရီထက်ပို၍ တစ်ဆက်တည်း ခိုင်းစေခြင်းမပြုရ။
 အလုပ်သမားတစ်ဦးကို အချိန်ပိုအလုပ်မခိုင်းစေမီ အနည်းဆုံးမိနစ် (၃၀) ခေတ္တနားချိန်ပေးရမည်။
နားရက်များ
 အလုပ်ရှင်သည် အလုပ်သမားများကို ရက်သတ္တပတ် တစ်ပတ်လျှင် အနည်းဆုံးနားရက်တစ်ရက် လုပ်ခအပြည့်ဖြင့်ခွင့်ပြုပေးရမည်။
 တနင်္ဂနွေနေ့ဖြင့်စေ အလုပ်ရှင်နှင့်အလုပ်သမားသဘောတူညီသည့်နေ့ဖြစ်စေ ရက်သတ္တပတ်အလုပ်နားရက်အဖြစ် သတ်မှတ်နိုင်သည်။
 အကယ်၍အလုပ်သမားတစ်ဦးသည် တနင်္ဂနွေနေ့တွင် အလုပ်ဆင်းရပါက ထိုတနင်္ဂနွေနေ့မတိုင်ခင် (၃)၇က်တနင်္ဂနွေနေ့အပြီး (၃)ရက် တစ်ရက်ရက်တွင် ရက်စားပေးရမည်။
 အကယ်၍ ထိုသို့နည်းဖြင့် တနင်္ဂနွေနေ့အတွက် ရက်စားမပေးနိုင်ပါက ပြက္ခဒိန်လ (၂)လအတွင်း တစ်ရက်ကို သက်ဆိုင်သည့်အလုပ်သမားအား အသိပေး၍ ရက်နားပေးရမည်။
 အလုပ်ရှင်သည် နားရက်တွင် အလုပ်သမားအား အလုပ်ခိုင်းလိုပါက အလုပ်သမား၏ သဘောတူညီချက်ကို ရယူရမည်။
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership

No comments:

Post a Comment