Wednesday, December 6, 2017

အခန်း (၃) - အနည်းဆုံးအခကြေးငွေနှင့်လုပ်ခပေးချေမှု



 အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက်မှာ အလုပ်ချိန်တစ်နာရီအတွက် (၄၅၀)ဖြစ်သည်။ (၂၀၁၅ ခုနှစ်၊ စက်တင်ဘာ-၁ရက် ၈ နာရီအတွက် ကျပ် ၃၆၀၀ သတ်မှတ်သည်)
 အနည်းဆုံးအခကြေးငွေနှုန်းထားသည် မြန်မာတစ်နိုင်ငံလုံးအတွက် လုပ်ငန်းအမျိုးအစားအားလုံးအတွက် တစ်ပြေးညီဖြစ်သည်။
 ဤအနည်းဆုံးအခကြေးသတ်မှတ်ချက်သည် မိသားစုလုပ်ငန်းများနှင့် အလုပ်သမား (၁၅)ယောက်နှင့်အောက်လုပ်ငန်းများအတွက် အကျုံးမ၀င်ပါ။
 အလုပ်ရှင်များသည်
o အနည်းဆုံးအခကြေးငွေထက် လျော့နည်း၍မပေးရ၊ ထိုသို့လျော့နည်း၍ပေးပါက ထောင်ဒဏ် (သို့) ငွေဒဏ်အပြစ်ပေးခံရမည်။
o အနည်းဆုံးအခကြေးငွေထက် ပိုပေးနိုင်သည်။
o အနည်းဆုံးအခကြေးငွေနှုန်းထားမတိုင်မီက ထိုနှုန်းထားထက် ပိုမိုရရှိထားပါက ထိုပိုမိုရရှိထားသည့် နှုန်းထားကို အလုပ်သမားများသိရှိစေရန်ကြော်ငြာသင်ပုန်းတွင်ကြေညာထားရမည်။
o အလုပ်သမားများလုပ်ခသည် အနည်းဆုံးအခကြေးငွေထက်လျော့နည်းနေပါက ၄င်းတို့အနေဖြင့်သက်ဆိုင်ရာ တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးရှိ ကော်မတီများနှင့် အလုပ်သမားညွန်းကြားရေးဦးစီးဌာနခွဲများသို့ဖြစ်စေ တရားရုံးတစ်ခုခုသို့ဖြစ်စေ တိုင်ကြားနိုင်သည်။
အခကြေးငွေကိုမည်သည့်အချိန်တွင်ပေးရမလဲ?
 နာရီအလိုက်၊ နေ့တွက်အလိုက် ရက်သတ္တပတ်အလိုက် အချိန်ပိုင်းယာယီ (သို့) ပုတ်ပြတ်လုပ်ငန်းများအတွက် အလုပ်သမားဖြစ်သူ၏ သဘောတူညီချက်အရ လုပ်ငန်းများ ပြီးဆုံးသည့်အခါ ပေးချေရမည်။
 ပုံမှန်လုပ်ငန်းများအတွက် လုပ်ခ/လစာကို လစဉ်ပေးချေရမည်။
 အလုပ်သမားဦးရေ (၁၀၀)ထက်မပိုသော လုပ်ငန်းများအတွက် လုပ်ခပေးရန် ကာလကုန်ဆုံးသည့် နောက်ဆုံးနေ့တွင်ပေးရမည်။
 အလုပ်သမားဦးရေ (၁၀၀)ထက်ပိုသော လုပ်ငန်းများအတွက် လုပ်ခပေးရန်ကာလကုန်ဆုံးပြီး (၅)ရက်အတွင်းပေးချေရမည်။
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership

No comments:

Post a Comment