Wednesday, December 6, 2017
ကုမ္ပဏီအဖွဲ့အစည်းတွေမှာ HR ဌာန ရှိသင့်/မရှိသင့်
HR ဌာန မရှိသင့်/
၁၉ရာစုနှစ် အတွင်း စက်မှုလုပ်ငန်းတွေစတင်ထွန်းကားတဲ့ ခေတ်တုန်းက လူတွေကို စီမံခန့်ခွဲတဲ့ ကြားခံအဖွဲ့စည်းတွေ မရှိခဲ့သေးပါဘူး။ Taylor (1856-1917) တို့ခေတ်ကဆိုရင် ဒီလူဘာလုပ်တတ်လဲ ဥပမာ-  အလေးတွေမနိုင်လား၊ ပေါက်ပြားကိုင်နိုင်လား၊ တူးထုတတ်လား စတာတွေ လက်တွေ့စစ်ဆေးပြီ သင့်တော်ရာ နေရာတွေမှာ ချထားပေးပြီ အလုပ်ကို ပြီးမြောက်စေခဲ့ပါတယ်။ နောက်ပိုင်းမှသာ လူနေရာတွေမှာ System တွေ Machine တွေက ၀င်ရောက်နေရာယူ အစားထိုးလာခဲ့ပါတယ်။ အဲဒီခေတ်တုန်က လူစွမ်းအားအရင်းမြစ်ဆိုတဲ့ HR ဌာနတွေ ရှိမနေခဲ့ပါဘူး။
HR ဌာနမရှိဘဲ လုပ်ကိုင်နေတဲ့ ကုမ္ပဏီလုပ်ငန်းတွေဟာ မြန်မာပြည်မှာ အများကြီးရှိနေပါတယ်။ Administration ကပဲ တွဲကိုင်လေ့ရှိပြီး HR ကို တစ်သီးတစ်သန့်ထားတာမျိုးမရှိတာများပါတယ်။ ပြည်တွင်းကုမ္ပဏီတွေအများစုက HR ဌာနမရှိဘဲ လုပ်ကိုင်ခဲ့တဲ့နှစ်တွေ မနည်းတော့ပါဘူး။ တကယ်တော့ HR ဌာနဟာ ကုန်ကျစရိတ်တစ်ခုလို ထင်တဲ့အတွက် လုပ်ငန်းရှင်တွေက မထားကြတာပါ။
လုပ်ငန်းတစ်ခုမှာ HR ဌာနမရှိဘဲနဲ့ လုပ်ငန်းလည်ပတ်နိုင်ပါတယ်။ လက်ရှိပြောင်းလဲလာတဲ့ အလုပ်သမားဥပဒေဥပဒေတွေ အခွန်ကိစ္စတွေ နိုင်ငံရေးအပြောင်းလဲတွေကြောင့်သာ ကုမ္ပဏီအဖွဲ့အစည်းတွေမှာ HR ဌာန ရှိသင့်/မရှိသင့် ဆိုတာတွေ ဖြစ်လာခဲ့ပါတယ်။ လုပ်ငန်းရှင်တွေက အလုပ်ရှုပ်မခံချင်တော့တဲ့အတွက် ဌာနတစ်ခုမဟုတ်ရင်တောင် Admin/HR တွဲလိုက်ပါတော့တယ်။ ဒါဆိုရင်တော့ HR Manager လည်းမလိုသလို HR ဌာနမရှိလည်း ရပါတယ်။
လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီတစ်ခုမှာဆိုရင် Admin ပိုင်းအများဆုံးလုပ်ရပြီ HR ရဲ့အပိုင်းတစ်ပိုင်းဖြစ်တဲ့ recruitment ပိုင်းလောက်ပဲ သုံးပါတယ်။ ၀န်ထမ်းရှာတဲ့အပိုင်းဆိုတာလည်း Agency ကိုသာ Package နဲ့အပ်လိုက်မယ်ဆိုရင် မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူရနိုင်ပါတယ်။ Recruitment Agency တွေဟာ ကိုယ်လိုချင်တဲ့ ၀န်ထမ်းမျိုးကို ကိုယ်ကုမ္ပဏီမှာ HR ဌာနကဲ့သို့ သေချာရွေးချယ်ပေးနိုင်ပါတယ်။ ကိုယ်ကုမ္ပဏီမှာ HR ဌာန ရှိနေပြီ Agency နဲ့ချိတ်ဆက်နေရတုန်ဆိုရင်တော့ အဆင်မပြေပါဘူး။
Recruitment ပြီရင်တော့ Interview & Selection လုပ်ပါမယ်။ တကယ်ရွေးချယ်မှာကတော့ Owner or MD ကပဲဖြစ်ပါတယ်။ HR ကပဲ ရွေးပြီခန့်တာမဟုတ်ဘူးလားလို့မေးစရာရှိပါတယ်။ HR ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နောက်ဆုံး ရွေးချယ်သွားတာကတော့ Owner or MD ဖြစ်ပါတယ်။ ဒါကြောင့် HR မရှိလည်းရပါတယ်။
ဝန်ထမ်းတွေရဲ့ Motivation ကျသွားတာမျိုးမဖြစ်အောင် Taget တွေ Incentive တွေဖန်တီပေးထားမယ်။ ပြိုင်ဆိုင်မှုတွေနဲ့ ၀န်ထမ်းတွေကို Challenge အမြဲဖြစ်နေအောင်လုပ်ပေးထားမယ်ဆိုရင် ကုမ္ပဏီအတွက်ကော ၀န်ထမ်းတွေရဲ့ ဘ၀အတွက်ပါ အကျိုးဖြစ်ထွန်းစေမှာပါ။ ကောင်းကောင်း လစာပေးပြီး ကောင်းကောင်းအသုံးပြုပါမယ်။ ဒါဆို Talent War ဖြစ်သွားပါပြီ။ လုပ်ရင်လုပ်သလောက်ရတယ်ဆိုတဲ့ ခံစားချက်ဟာ လူတိုင်းကြိုက်တဲ့ သည်းခြေတစ်ခုပါ။ ၀န်ထမ်းတိုင်းကို တာဝန်ယူမှုနဲ့အတူ ထိုက်တန်တဲ့ရာထူးတစ်ခုစီပေးထားမယ်ဆိုရင် ယားလို့တောင် ကုတ်အားမှာမဟုတ်ပါဘူး။ အားလုံးအပြိုင်အဆိုင်တွေနဲ့ Talent War ဖြစ်နေမှာပါ။ လူမှန်နေရာမှန်ချထားပေးရေးလို့ ဆိုတဲ့ HR ရဲ့ ဆောင်ပုဒ်ဟာ အဲဒီချိန်မှာ Owner ကပဲ ယူသုံးပြီ သူကိုယ်တိုင်ပဲ ၀င်ရောက် ကစားတော့မှာ ဖြစ်ပါတယ်။ ကြားခံဖြေရှင်းပေးရမယ့် အခြေအနေတွေ မရှိတော့တဲ့အတွက် HR ဌာနဆိုတာလည်းမလိုတော့ပါဘူး။ “လူမှန်နေရာမှန်” ဆိုတဲ့နေရာမှာ “လုပ်ရင်လုပ်သလောက်ရစေရမယ်” လို့ ပြောင်းသွားခဲ့မယ်ဆိုရင် HR ဌာနကတော့ ဆွေ့ဆွေ့ ခုန်နေပါတော့မယ်။
ကြားဖူးတာ တစ်ခုရှိပါတယ်။ နောက်ဆို လူတွေဟာ အလုပ်လက်မဲ့ဖြစ်လာပြီး System တွေသာ အစားထိုးလာတော့မယ်ဆိုတာပါ။ I Robot ရုပ်ရှင်ကြည့်ဖူးရင် သိမှာပါ။ HR ဌာနမှာ လူအစား System တွေ အစားထိုးလို့ရတဲ့နေရာတွေ ရှိနေပါတယ်။ HR ရဲ့တန်ဖိုးဟာ လူလူချင်းဆက်သွယ်တာတစ်ခုပဲ ရှိပါတယ်။
HR ဌာနရှိနေရတဲ့အကြောင်းရင်းကတော့ လုပ်ငန်းထဲက ၀န်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေ မြင့်တင်ပေးဖို့၊ လေ့ကျင့်သင်ကြားပေးဖို့၊ စည်းကမ်းတွေလိုက်နာကြဖို့၊ ၀န်ထမ်းကောင်းတွေ ထိန်းသိမ်းပေဖို့ အတွက်လောက်သာ အသုံးဝင်တာဖြစ်ပါတယ်။ တကယ်တော့ ကုမ္ပဏီတစ်ခုမှာ Rule and regulation တွေခိုင်မာနေမယ်၊ do and don’t တွေသေချာဖော်ပြထားမယ်၊ Employee Handbook ကောင်းကောင်းတစ်ခုရှိနေမယ်ဆိုရင် လုံလောက်ပါတယ်။ Employement Contract ပေါ်ပေါက်နေပြီးဆိုတော့ အဲဒီအထဲမှာ ၀န်ထမ်းနဲ့ လုပ်ငန်းရှင်ကြား နားလည်မှုတွေ သဘောတူညီမှုတွေ အားလုံးပါနေပါမယ်။ HR ဌာနမလိုပဲ လုပ်လို့ရပါတယ်။ ခုဆိုရင် HR Consultant Service တွေ Payroll Outsoucing Service တွေ Soft  Skills Traing တွေ စတဲ့ HR ဌာနကလုပ်ပေးသကဲ့သို့  ရွေးချယ်အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။
ကုမ္ပဏီတစ်ခုဖြစ်တိုင်း HR ဌာနတစ်ခုရှိရမယ်လို့ ပြဌာန်းထားတဲ့ ဥပဒေမရှိသေးပါဘူး။ ဒါကြောင့် မလိုအပ်ဘဲ HR ဌာနမထားတာကောင်းပါတယ်။ ဘာကြောင့် HR ဌာနမရှိတာ ကောင်းလည်းဆိုရင် ဥပမာလေး တစ်ခုပြောပြပါရစေ... တစ်ခါက ပုရွက်ဆိတ်လေးတစ်ကောင်ဟာ သူအလုပ်ကိုအချိန်မှီပြီးစီအောင် အထက်ကခိုင်းထားတဲ့အတိုင်းလုပ်ပါတယ်။ အထက်လူကြီးကလည်း ဒီပုရွက်ဆိတ်လေး လုပ်ရည်ကိုင်ရည် သဘောကြတယ်။ ဒါကြောင့်ဒီထက်မက လုပ်နိုင်လိမ့်အုန်မယ်ထင်ပြီ ကြီးကြပ်သူ နှံကောင်တစ်ကောင် (HR ပေါ့) ခန့်လိုက်ပါလေရော၊ ကြီးကြပ်သူကလည်း သူ့အတွက်လိုအပ်တဲ့ ၀န်ထမ်းတွေ အသုံးအဆောင်တွေ (မကြာသင့်ဘဲကြာနေတဲ့ကိစ္စတွေ) စတာတွေနဲ့ ရှုပ်ယှက်ခတ်နေပြီ အလုပ်အရမ်းလုပ်တဲ့ ပုရွက်ဆိတ်လေးကို သွားသွား ဖိအားတွေပေးလေတော့ ဟိုအရင်လို ပုရွက်ဆိတ်လေးဟာ အလုပ်ထက် ကြီးကြပ်သူရဲ့ အလုပ်တွေ (မလိုအပ်ဘဲ Report ထိုင်ရေးနေရခြင်း) နဲ့သာ အချိန်ကုန်နေခဲ့ရပါတယ်။ နောက်ဆုံးမှာ လုပ်ငန်းကို အကျိုးပြုပေးနေတဲ့ ပုရွက်ဆိတ်လေးဟာ စိတ်ကုန်ပြီ အလုပ်ကထွက်သွားပါတော့တယ်။ အဲဒီတော့ စကားလေးတစ်ခွန်ကျန်ခဲတာက “ကုမ္ပဏီကို ကျောခိုင်းတာမဟုတ်ဘူး မန်နေဂျာကို ကျောခိုင်းတာ” ဆိုပြီး ဖြစ်လာပါတော့တယ်။ ဆိုလိုချင်တာက HR ဌာန ရှိနေချင်ဟာ ၀န်ထမ်းတွေအတွက် ၀န်ဖြစ်စေပြီး သူတို့ကို နှောက်ယှက်သူတွေအဖြစ် HR ဌာနက လူတွေကို မြင်ကြပါတယ်။ လက်တွေ့လုပ်ငန်းခွင်မှာလည်း HR ဌာနကလူဆိုရင် အမြင်မကြည်ကြပါဘူး။
ကုမ္ပဏီအဖွဲ့အစည်းတစ်ခုမှာ HR ဟာ လုပ်ငန်းရှင်နဲ့ ၀န်ထမ်းကြားထဲမှာ အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ပေးရမည့်အပြင် အဖွဲ့အစည်းတစ်ခုလုံးအတွက်လည်းကြည့်ရပါမယ်။ HR ဌာနဟာ ကုမ္ပဏီအတွက် လုပ်သင့်လုပ်ထိုက်တာ မလုပ်နိုင်ဘဲ လုပ်ငန်းရှင်ဘက်ကပါတာမျိုး၊ ၀န်ထမ်းဘက်က နေတာမျိုး၊ Emplyee Relation တွေ မတည်ဆောက်တာမျိုး၊ တစ်သီးတစ်ခြား ရပ်တည်နေတာမျိုးတွေ ရှိနေပြီဆိုရင်တော့ HR ဌာနမထားတာအကောင်းဆုံးပါ။ Local Owner အများစုဟာလည်း HR ဌာနကို လုပ်ပိုင်ခွင့် အပြည့်ပေးထားတယ်ဆိုတာမရှိပါဘူး။ HR ကိုကျော်ပြီး လုပ်လို့ရတဲ့အပိုင်းတွေ အများကြီးပါ။ HR ဆိုတာမရှိမကောင်း ရှိမကောင်းပါ။ ကျွန်တော် ခံယူထားတဲ့ HR ဌာနဆိုတာ နိုင်ငံတစ်နိုင်ငံမှာ အစိုးရမရှိသကဲ့သို့ ပြည်သူတွေ ကောင်းမွန်စွာနေနိုင်အောင် နောက်ကွယ်ကဖန်တီးပေးနေတဲ့ အစိုးရမျိုးဖြစ်ရမယ်လို့ ယူဆထားပါတယ်။ အဲလိုမှမဟုတ်ရင်တော့ ကုမ္ပဏီအဖွဲ့အစည်းတွေမှာ HR ဌာန မရှိသင့်ပါကြောင်း အဆိုတင်သွင်းလိုပါတယ်ခင်ဗျာ။။။။။
အဆိုတင်သွင်းသူ - Jimmy (Chit Min Hein)/23-09-16/1:00 PM
No comments:
Post a Comment