Thursday, December 7, 2017

အပိုင်း (၈) - လူမှုဖူလုံရေးအာမခံစနစ်နှင့်လျော်ကြေးပေးခြင်း

အလုပ်ရှင်နှင့်အလုပ်သမားသည် အလုပ်သမားအခြေခံလစာ၏ (၃%)နှင့် (၂%)အသီးသီးကို လူမှုဖူလုံရေးအာမခံအတွက် လစဉ်ပေးဆောင်ရမည်။
အလုပ်ရှင်နှင့်စီမံခန့်ခွဲသူများသည် မိမိတို့အလုပ်သမားများ လူမှုဖူလုံရေးရုံးများတွင်အာမခံထားရှိမှုများအတွက် လိုအပ်သော လုပ်ဆောင်မှုများကို ပြုလုပ်ထားရမည်။
အကျိုးခံစားခွင့်အမျိုးအစားများ
ကျန်းမာရေးနှင့်လူမှုဖူလုံရေးအာမခံစနစ်
မိသားစုအထောက်အပံ့အာမခံစနစ်
နာရေးထောက်ပံ့ကြေး အာမခံစနစ်
အလုပ်လက်မဲ့ထောက်ပံ့ကြေးစနစ်
လူမှုဖူလုံရေး အိမ်ယာအထောက်အပံ့စနစ်
အလုပ်သမားလျော်ကြေးဥပဒေ (အလုပ်သမားများနှင့် ၄င်းတို့၏ မှီခိုသူများအတွက် အောက်ပါအခြေအနေမျိုးတွင် အထောက်အကူရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်)
အလုပ်ခွင်တွင်ထိခိုက်ဒဏ်ရာရပြီးသေဆုံးခြင်းများ
အလုပ်ကိုအကြောင်းပြု၍ ဖြစ်ပွားသည့်ထိခိုက်ဒဏ်ရာရမှုကြောင့် အမြဲတမ်းတစ်စိတ်တစ်ဒေသ မသန်စွမ်းမှု (သို့) အမြဲတမ်းလုံးဝ မသန်စွမ်းမှုဖြစ်ပွားပေါ်ပေါက်ခြင်း
အလုပ်ကိုအကြောင်းပြု၍ ဖြစ်ပွားသည့် ထိခိုက်ဒဏ်ရာရမှုကြောင့် အမြဲတမ်းတစ်စိတ်တစ်ဒေသ မသန်စွမ်းမှု (သို့မဟုတ်) အမြဲတမ်းလုံးဝ မသန်စွမ်းမှုဖြစ်ပွားပေါ်ပေါက်ခြင်း
အလုပ်ကိုအကြောင်းပြု၍ ဖြစ်ပွားသည့် ထိခိုက်ဒဏ်ရာရမှုကြောင့် ယာယီတစ်စိတ်တစ်ဒေသမသန်စွမ်းမှု။ ယာယီလုံးဝမသန်းစွမ်းမှု ဖြစ်ပွားပေါ်ပေါက်ခြင်း
အလုပ်သမားများအနေဖြင့်လျော်ကြေးရပိုင်ခွင့်ရှိသည့် သတ်မှတ်ချက်များ အဆိုပါမတော်တဆဖြစ်မှုသည်
အလုပ်ချိန်အတွင်း၌ ဖြစ်ပွားခြင်း
သက်ဆိုင်ရာလုပ်ငန်း၏ ဥပစာအတွင်း၌ဖြစ်ပွားခြင်း
အလုပ်လုပ်ကိုင်နေစဉ်အတွင်း ဖြစ်ပွားခြင်း
အလုပ်ကိုအကြောင်းပြ၍ ဖြစ်ပွားခြင်း
ကိုယ်လက်အင်္ဂါဆုံးရှုံးမှု (သို့မဟုတ်) သေဆုံးမှုဖြစ်ရခြင်း
လျော်ကြေးရပိုင်ခွင့်မရှိသည့် ထိခိုက်ဒဏ်ရာရမှုဖြစ်ခြင်းအခြေအနေမျိုးမှာ
အရက်သေစာ သောက်စားထားခြင်း (သို့မဟုတ်) ဘိန်း/မူးယစ်ဆေးဝါး သုံးစွဲထားခြင်း
ဘေးအန္တရာယ် ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းများနှင့် ညွန်ကြားချက်များကို ဂရုမထားခြင်း
ထိခိုက်မှု အကာအကွယ်ပစ္စည်းများကို အသုံးပြုရန် ပျက်ကွက်ခြင်း (သို့ရာတွင် သေဆုံးသည့် ကိစ္စမျိုးတွင်မူ ဤကန့်သတ်ချက်များသည် အကျုံးဝင်ခြင်းမရှိဘဲ လျော်ကြေးခံစားခွင့်ရှိသည်။)
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership



No comments:

Post a Comment