မိတ်ဆက် (Introduction)
လက်ရှိမြန်မာနိုင်ငံ၏နိုင်ငံရေးစီးပွားရေးအခြေအနေအရ ပြောရမည်ဆို ပါကအသင်းအဖွဲ့အစည်းတွေ၏ စုပေါင်းလုပ်ရပ်အားအင်တွေအရင်ကထက် စာရင် ပိုမိုအားကောင်းလာတာတွေ့နေရပါတယ်။ ပညာရပ်ဆိုင်ရာအဖွဲ့အစည်း တွေ ဥပမာ မြန်မာနိုင်ငံလူ့စွမ်းအားစီမံခန့်ခွဲမှုပညာအသင်း (MSHRM) ကဲ့ သို့သောအဖွဲ့အစည်းအတော်များများ နယ်ပယ်အသီးသီးမှာတည်ထောင်ပြီး ကောင်းကျိုးပြုလျက်ရှိတာကိုတွေ့ရပါတယ်။ ဒါ့အပြင် လက်ရှိနိုင်ငံတော် အစိုးရ၏အလုပ်နှင့် အလုပ်အကိုင်အတွက်လိုအပ်သော ထိန်းကျောင်းမှုဆိုင်ရာ ဥပa’၊ နည်းဥပa’ အစရှိသည်တို့ကိုလည်း တတ်စွမ်းသမျှစီမံပံ့ပိုးဆောင် ရွက်ပေးနေတာတွေတွေ့နေရပါတယ်။ ဒါကြောင့် ယနေ့ ဒီဆောင်းပါးမှာတော့ မြန်မာနိုင်ငံရှိလူ့စွမ်းအားစီမံခန့်ခွဲမှု၏ အဓိကအစိတ်အပိုင်းဖြစ်သော “နှိုင်းယှဉ်လေ့လာ အလုပ်အကိုင်နှင့် အလုပ်သမားဆက်ဆံရေး (CERs) ပညာ” အကြောင်းနှင့်ပတ်သက်၍ သိထားသင့်သည့်အခြေခံသဘောတရားများကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
အလုပ်အကိုင်နှင့်အလုပ်သမားဆက်ဆံရေးပညာရပ်သည် နိုင်ငံရေး၊ စီး ပွားရေးရပ်ဝန်း (Political Economy) ထဲမှာကျင်လည်နေပါသည်။ ဒါ ကြောင့် အခြေခံအားဖြင့် ဤပညာရပ်သည်အလုပ်ရှင်၊ စီမံခန့်ခွဲသူ၊ အလုပ် သမား၊ ပြင်ပအဖွဲ့အစည်း၊ သမဂ္ဂ၊ နိုင်ငံတော်အစိုးရတို့အကြား လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ၊ အလုပ်နှင့် အလုပ်အကိုင်အခြေအနေဆိုင်ရာ၊ အလုပ် သမားဖူလုံရေးဆိုင်ရာ အစရှိသည်တို့နှင့်ပတ်သက်ပြီးလုပ်ပိုင်ခွင့် (Power)၊ အကျိုးစီးပွား (Interest)တို့ ခွဲဝေအသုံးချပုံတို့နှင့် အကြီးအကျယ်ပတ် သက်ဆက်နွယ်နေပါသည်။ ဆက်ဆံရေးတိုင်းပူးပေါင်းဆောင်ရွက်ခြင်း (Coordination) နှင့် ပဋိပက္ခ (Conflict) ဆိုတာတွေဒွန်တွဲပါလာသဖြင့် ဖြေရှင်းရစမြဲဖြစ်ပါသည်။ ဒါ့အပြင် ဒီပညာရပ်နှင့် ပတ်သက်ပြီးနိုင်ငံတကာမှာ တခြားနိုင်ငံတွေ၏ အလုပ်အကိုင်နှင့် အလုပ်သမားဆက်ဆံမှုပုံစံတွေ (Employment Relations Models) ကို နှိုင်းယှဉ်လေ့လာကြည့်ရန် လိုအပ်ပါသည်။ သို့မှသာ မြန်မာနိုင်ငံအတွက် မည်သို့မည်ပုံ Employment Relations Moedels ကို တည်ဆောက်ကျင့်သုံးသင့်သည်ကို စဉ်းစားဆုံး ဖြတ်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
CERs ၏ အခြေခံသဘောတရား (၂)မျိုး
“နှိုင်းယှဉ်လေ့လာအလုပ်အကိုင်နှင့် အလုပ်သမားဆက်ဆံရေးပညာရပ် (CERs)”တွင် အခြေခံသဘောတရား(၂)မျိုးရှိပါသည်။ ၎င်းတို့မှာ မူမတူ ယှဉ်တွဲမှုဝါဒီ(Pluralist) တစ်နည်းအားဖြင့် လက်ဝဲယိမ်းအယူနှင့် တစ်ခုတည်းဝါဒ(Unitarist) လက်ယာယိမ်းအယူဟူ၍ အကြမ်းအားဖြင့် နှစ်မျိုးခွဲခြား လေ့လာနိုင်ပါသည်။
၁။ မူမတူယှဉ်တွဲမှုဝါဒီ (Pluralist)
Pluralist သမားတွေရဲ့အလုပ်အကိုင်နှင့် အလုပ်သမားဆက်ဆံရေး Employment Relations (ERs) ကျင့်သုံးမှုပုံစံကိုနိုင်ငံရေး၊ စီးပွားရေး Political Economy ရှုထောင့်ကပြောလျှင် “ဟန်ချက်ညီ ညှိနှိုင်းဆောင် ရွက်မှုပြုဈေးကွက်စီးပွားရေး Coordinated Market Economy(CMEs) စနစ်ကိုကျင့်သုံးတယ်လို့ပြောနိုင်ပါတယ်။ ဒီဈေးကွက်စီးပွားရေးစနစ်ထဲမှာ လှုပ်ရှားနေတဲ့အလုပ်ရှင်၊ စီမံခန့်ခွဲသူ၊ အလုပ်သမား၊ အသင်းအဖွဲ့တွေရဲ့တစ်မူထူး ခြားတဲ့ အလုပ်အကိုင်အလေ့အကျင့် (Employment Practice)၊ လူ့စွမ်း အား စီမံခန့်ခွဲမှုအလေ့အကျင့် (HRM Practice) နှင့် ညှိနှိုင်းဆောင်ရွက်လှုပ် ရှားမှု (Coordination Activities) လေးတွေကိုသိထားဖို့လိုပါတယ်။ သူတို့ တွေဟာအလုပ်တစ်ခုလုပ်ရင်အဖွဲ့လိုက်၊ အသင်းလိုက်လုပ်ဆောင်ချက်တွေ ပေါ်မှာအထူးမှီခိုပါတယ်။ ဒါကြောင့် ဈေးကွက်စစ်စစ်ပေါ်မှာမမှီခိုပါဘူး၊ ဈေး ကွက်ပြင်ပမှာ သတင်းအချက်အလက်တွေကိုဖလှယ်ကြပါတယ်။ ဒီထက်ပိုပြော ရမည်ဆိုလျှင်အဖွဲ့အစည်းတစ်ခု၏ သို့မဟုတ် အဖွဲ့အစည်းများဖွဲ့စည်းထားသော သမဂ္ဂထဲမှာသာ သတင်းအချက်အလက်တွေကို ဖြန့်ဖြူးလေ့ရှိကြပါတယ်။ ပြီး တော့ သူတို့တွေဟာငွေကြေးဈေးကွက် Financial Market မှာ ရင်းနှီး မြှုပ်နှံမှုသိပ်မလုပ်ကြဘူး။ စွန့်စားမှုကိုစီမံခန့်ခွဲရာမှာတော့ အဖွဲ့ဝင် (Member of Association) တွေအချင်းချင်းအပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် အကျိုးပြုမှုတို့အပေါ်မှာ အထူးအားပြု လုပ်ဆောင်ကြပါတယ်။ အသင်းအဖွဲ့၏သတ်မှတ်ချက်သဘောတူညီချက်များသည် အဖွဲ့ဝင် (member) တို့၏အကျိုး စီးပွားနှင့် လုပ်ပိုင်ခွင့်ခွဲဝေမှုအပေါ် များစွာသက်ရောက်မှုရှိနေပါတယ်။ ဒါ့အပြင် အကျိုးဆိုင်သူတိုင်းရဲ့တန်ဖိုးနှင့် အကျိုးစီးပွားမျှဝေခံစားမှုကို ပိုမိုရှေးရှုပါတယ်။ ပြောရမယ်ဆိုရင် Stakeholder Value Model လို့ပြောနိုင်ပါတယ်။ ဥပမာ အနေဖြင့် (CMEs နိုင်ငံတွေထဲမှ စံနမူနာတင်ရသော ဂျာမနီနိုင်ငံ၏ ERs Model ကိုပြောပေးသွားပါမည်။ ဆရာကြီး Peter Hall & David Soskice (2001) ဟောပြောချက်အရဆိုလျှင် ဂျာမနီနိုင်ငံမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်တော့မည်ဆိုလျှင် ထိုရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့်သတင်းအချက် အလက်တွေကို Client များ၊ Supplier များနှင့် ချိတ်ဆက်နေသော ဆက်သွယ်မှုကွန်ရက် (Network) မှာသာ အပြည့်ရရှိနိုင်ပြီး employer တွေ အချင်းချင်းအပြန်အလှန်ရှယ်ယာ ထည့်ဝင်မှုရှိကြတယ်။ ဒါ့အပြင်သ မဂ္ဂအသင်းအဖွဲ့အစည်းတွေအတွင်း သတင်းစုဆောင်းဖလှယ်မှုမှလည်းရရှိကြပါတယ်။ ဒါကြောင့်ကုမ္ပဏီ၏ကုန် သွယ်မှုအရှုံးအမြတ်စာရင်း (Trading, Profit and Loss) နှင့် လက် ကျန်စာရင်းရှင်းတမ်း Balancesheet မှာဖော်ပြထား သောငွေကြေး အချက်အလက်တွေအပေါ်မှာ လုံးဝ မှီခို၍ ရင်းနှီး မြှုပ်နှံမှုပြုလုပ်လေ့နည်း ပါတယ်။
Top Management အတော် များများမှာ တစ်ဖက်သတ်ဆုံးဖြတ်လုပ် ကိုင်ခြင်းနည်းပါးပြီး၊ များသောအားဖြင့် ဆုံးဖြတ်ချက်တို့ကို အလုပ်သမား ကိုယ်စားလှယ်၊ စူပါဗိုက်ဆာအဖွဲ့နှင့် အခြားသောအရေးကြီးသော အကျိုး ဆိုင်သူများ (Major Stakeholder) များပါဝင်ပတ်သက်ပြီးမှ ဆုံးဖြတ်ချက်များချလေ့ရှိပါတယ်။ ဒါကြောင့် အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားကိုယ်စားလှယ်တို့၏ အခန်းဏ္ဍမှာ အတော်အရေးပါ အရာရောက်ပါတယ်။ ဂျာမနီ နိုင်ငံမှာထုတ်လုပ်မှုသည် ကျွမ်းကျင်မြင့်မားသောလုပ်သားအင်အားစုပေါ်မှာ အခြေခံထားတာတွေ့ရသည့် အပြင် လုပ်ပိုင်ခွင့်လည်း ပြည့်ပြည့်၀၀ပေးပြီး စဉ်ဆက်မပြတ်တိုးတက်ထုတ် လုပ်နိုင်မှုကို ဦးတည်ပြီးလုပ်ဆောင်ကြပါတယ်။
ကုမ္ပဏီတစ်ခုနှင့်တစ်ခု ကျွမ်းကျင်မှုပေါ်မူတည်၍လုပ်ခသတ်မှတ်ချက် စံနှုန်းကို လုပ်ငန်းနယ်ပယ်အလိုက် စနစ်တစ်ကျသတ်မှတ်ပြုလုပ်ထားကြပါတယ်။ လုပ်ခလစာတိုးပေးခြင်းကိုတော့ အဲဒီအလုပ်သမားဝန်ထမ်း၏အဖွဲ့ အစည်းအပေါ်စူးစိုက်နှစ်မြှုပ်လုပ်ကိုင်ပေးမှုအပေါ်မူတည်၍ လစာလုပ်ခတို့ကို တိုးပေးလေ့ရှိပါတယ်။ ကျွမ်းကျင်မှုမြှင့်တင်ခြင်း၊ အလုပ်ဖြုတ်ခြင်း အစရှိသည့် ကိစ္စတို့ကိုကုမ္ပဏီအဆင့်မှာထဲကိုက အလုပ်သမားကောင်စီဖွဲ့ခွင့်ပေးပြီး အ လုပ်သမားသမဂ္ဂ၏လမ်းညွှန်ချက်နှင့်အညီ စီစဉ်ဆုံးဖြတ်လေ့ရှိပါသည်။
အလုပ်သမားတွေ၏ကျွမ်းကျင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု (Training & Development) အတွက်ဂျာမနီမှာ တခြားနိုင်ငံတွေထက်မတူညီသော စနစ်တစ်ခုကို ကျင့်သုံးကြပါတယ်။ သူတို့မှာတိကျသောလုပ်ငန်း၊ အမျိုးစု အလိုက်ပညာရေးနှင့် လေ့ကျင့်ရေးကို အလုပ်ရှင်အဖွဲ့အစည်းနှင့် ကုန်သွယ်ရေး အဖွဲ့အစည်းတွေက ဦးဆောင်ပြီးစီစဉ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် ကုမ္ပဏီ အချင်းချင်း ကျွမ်းကျင်ဝန်ထမ်း ခိုးယူခြင်း Poaching of Skilled labor ဖြစ်ဖို့ အလွန်ခဲယဉ်းသွားရတာဖြစ်ပါတယ်။
၂။ တစ်ခုတည်းဝါဒီ (Unitarist)
Pluralist ၀ါဒီတွေရဲ့ အလုပ်အကိုင်နှင့် အလုပ်သမားဆက်ဆံရေး Employment Relations(ERs) ကျင့်သုံးမှုပုံစံကို Liberal Market Economy လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးတယ်လို့ ခေါ်ပါတယ်။ အဲဒီတစ်ခုတည်းဝါဒီ အယူအဆက ERs နှင့်ပတ်သက်လာရင် အလုပ်ရှင်နှင့် အလုပ်သမားဟူ၍ အဓိကဇာတ်ကောင်နှစ်ယောက်ပဲရှိတယ်။ အလုပ်သမားသမဂ္ဂတို့ ကုန်သည်ကြီးများသမဂ္ဂတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုကို မလိုလားသဖြင့် ရှောင်ရှားပြီးလုပ်ကိုင်တဲ့အလေ့အကျင့်ရှိတယ်လို့ပြောလို့ရပါ တယ်။ အကျိုးစီးပွားပဋိပက္ခဖြစ်ခြင်းဆိုတာဖြေရှင်းလို့မရတဲ့ ပြဿနာမဟုတ် ဘူး။ အလုပ်ရှင်နှင့် အလုပ်သမားကြားမှာ တူညီသောအကျိုးစီးပွားရှိတယ်။ ဒါကြောင့် တခြားတတိယလူ (တစ်ခြားအဖွဲ့အစည်း သို့မဟုတ် သမဂ္ဂတို့ကို ဆိုလိုခြင်းဖြစ်ပါတယ်) ဝင်ရောက်ပတ်သက်ဖြေရှင်းပေးစရာမလိုဟု ခံယူပြီး ဘုံအကျိုးစီးပွားဖြစ်သော ငွေကြေးအမြတ်အစွန်းကို အဓိကဦးတည်ပြီးလုပ် ဆောင်လေ့ရှိပါတယ်။ ဒါကြောင့် လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်မှာ ဈေးကွက်ဝါစဉ်လို့ခေါ်တဲ့ (Market Hierarchy) နှင့် ယှဉ်ပြိုင်မှုကို ဦးစား ပေးလုပ်ဆောင်သွားလေ့ရှိတယ်။ ဈေးနှုန်း (Price) သည်အဲဒီလွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်အတွက်ယန္တရားတစ်ခုဖြစ်ပြီး လွတ်လပ် သောဝယ်လိုအား (Demand) နှင့် ရောင်းလိုအား (Supply) ပေါ်မှာကိုယ်စီအကျိုးမြတ် အတွက် အလုပ်ရှင်နှင့် အလုပ်သမားတို့အလိုက်သင့် ပြုမူလုပ်ကိုင်ကြပါတယ်။လုပ်ငန်းရှင်များအနေဖြင့်လည်း ငွေကြေးဈေးကွက် (Financial Market) အပေါ်မှာ တော်တော်လေးအခြေခံကြတယ်။ ပြီးတော့ ရှယ်ယာကိုင်ဆောင်ထား သူတို့၏အကျိုးစီးပွားကို ပိုမိုစောင့်ရှောက်တဲ့အလေ့အထရှိကြပြီး အစိုးရဝင် ရောက်စွက်ဖက်မှုအနည်းဆုံးလည်းဖြစ်ပါတယ်။ အသင့်တော်ဆုံးစံပြဥပမာ နိုင်ငံတစ်ခုပြပါဆိုလျှင် မြောက်အမေရိကနိုင်ငံ၏အလုပ်အကိုင်နှင့် အလုပ် သမားဆက်ဆံရေးပုံစံ (USA ERs Model) ကို ပြောရမည်ဖြစ်ပါသည်။
အမေရိကန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ် (၁၉၄၅) အပြီးမှာ ဖို့ဒီဇမ်(Fordism) ထုတ်လုပ်ခြင်းအယူအဆကို အတော်လေးကျင့်သုံးပါတယ်။ ဟင်နရီဖို့ဒ် အယူအဆပေါ့။ လူ့စွမ်းအားစီမံခန့်ခွဲမှုစနစ်ကို တင်းကျပ်ထားပြီးလုပ်ခကောင်း ကောင်းချီးမြှင့်ပေးတဲ့အယူအဆပါ။ အဲဒီအချိန်တုန်းက သမ္မတ Franklin Roosevelt ရဲ့ New Deal သဘောတူညီမှုအသစ်လို့အမည်ရတဲ့အလုပ်သမားစီမံခန့်ခွဲမှုစနစ်ကို အစပျိုးပါတယ်။ အဲဒီထဲမှာ အဖွဲ့အစည်းတွေဟာသမဂ္ဂ ဝင်ဖို့ လိုအပ်ပြီး လုပ်ခလစာအမြင့်တွေပေးရမှာဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ government အလုပ်သမားဈေးကွက်ထဲမှာ လုပ်ခလစာကိစ္စကို ဝင်ရောက် သတ်မှတ်တဲ့သဘောပါပဲ။ ဒါပေမဲ့ ဒီစနစ်ရဲ့နောက်ကွယ်မှာ အင်မတန်မှ အင် အားကြီးမားတဲ့ကော်ပိုရေးရှင်းကုမ္ပဏီကြီးအချို့ကလုပ်ခ၊ ဈေးနှုန်း၊ အလုပ်အခြေ အနေနှင့် ထုတ်လုပ်မှုတွေကိုအဓိကထိန်းချုပ်ပါတယ်။ အဲတော့ အလုပ်သမား သမဂ္ဂရဲ့အခန်းကဏ္ဍကဘယ်ရွေ့သွားလဲဆိုတော့ အစိုးရနှင့်ပူးပေါင်းပြီး အလုပ် သမားတွေရဲ့ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်၊ လုပ်ပိုင်ခွင့်လို့ဆိုတဲ့ (Rights) ဘက်ကို ဦးတည်ပြီးလုပ်ဆောင်သွားပါတယ်။ အလုပ်သမားတွေကိုလည်း လွတ်လပ်စွာ အဖွဲ့အစည်းတွေဖွဲ့စည်းခွင့်ပေးပြီး Workplace Democracy ရရှိအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစနစ်မှာ ပြဿနာတစ်ခုက အလုပ် သမားနှင့် အလုပ်ရှင်များအကြား လုပ်ခ၊ လစာနှင့် အလုပ်အခြေအနေညှိနှိုင်း မှုအားအင်မမျှတခြင်းဆိုတဲ့ပြဿနာဖြစ်ခဲ့ပါတယ်။ အလုပ်ရှင်ဘက်ကလည်း စီးပွားရေးမပြေလည်တဲ့အခါမှာ မြင့်မားသောလုပ်ခမပေးနိုင်ခြင်းနှင့် သမဂ္ဂရဲ့ ဈေးကွက်ယှဉ်ပြိုင်မှုကို တည်ငြိမ်အောင်လုပ်ခြင်းအပေါ်မှာငြူစူမှုတွေရခဲ့ပါ တယ်။ ဒါကြောင့် အဲဒီစနစ်မှာ အလုပ်ရှင်အတွက် အထိနာစေတယ်လို့ အလုပ်ရှင်ကြီးတွေကဆိုကြပါတယ်။ အ္လဲါကြောင့် ၁၉၇၃ ခုနှစ်နောက်ပိုင်းမှစ၍ယနေ့အချိန်ထိ အမေရိကန်နိုင်ငံရဲ့ပုဂ္ဂလိကအခန်းကဏ္ဍမှာ သမဂ္ဂဝင် ကုမ္ပဏီအရေအတွက်သည် သိသိသာသာကျဆင်းနေပြီဖြစ်ပါတယ်လို့ Gerald Firedman မှ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါကြောင့် အရင်းရှင်ဝါဒီတွေဖြစ်တဲ့ ကုမ္ပဏီတွေဟာသူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို မထိခိုက်ဖို့အတွက် အလုပ်သမား တစ်ဦးချင်းစီရဲ့အရည်အချင်းနှင့် လုပ်ရပ်ပေါ် မူတည်ပြီး လုပ်ခ၊ လစာကို ခပ်မြင့်မြင့်ပေးပြီး သမဂ္ဂဝင်ရောက်စွက်ဖက်မှုကို ရှောင်ရှားနိုင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အလုပ်ရှင်တွေဟာ သမဂ္ဂကိုဆန့်ကျင်တဲ့အထိ ဖြစ်ခဲ့ကြပါတယ်။ အခကြေးငွေကြီးကြီး မားမားပေးပြီး ဥပဒေကျွမ်းကျင်သူများကို ငှားရမ်းပြီး သမဂ္ဂဖိအားပေးမှုကို ရှောင်နိုင်ခဲ့ကြပါတယ်။ ဒါဟာအမေရိကန် ER သမိုင်းမှာ တကယ်ဖြစ်ခဲ့တာတွေပါပဲ။ အစုအဖွဲ့လိုက်ညှိနှိုင်းတောင်းဆိုမှု Collective Bargaining နှင့် အလုပ်သမားထုဆန္ဒပြတောင်းဆိုမှုတို့ကို ရှောင်ရှားနိုင်ရန် ဥပဒေပြု စနစ်မှာတစ်ဦးတစ်ယောက်၏လုပ်ပိုင်ခွင့် ရပိုင်ခွင့်ဆိုတဲ့ Individual Rights ကိုဇောင်းပေး၍ပြု လုပ်ခဲ့ပြီးအဖွဲ့လိုက်အစုလိုက် ညှိနှိုင်းမှုစနစ်ကို အနိုင်ယူခဲ့ကြသည်မှာလည်း အမေရိကန် ER စနစ် ကိုထူးခြားစွာလုပ်ဆောင် နိုင်ခြင်းပင်ဖြစ်ပါတော့သည်။
Myanmar Employment Relations ဘာလဲ၊ ဘယ်လဲ၊
နိုင်ငံတကာ Employment Relations Model တွေထဲကမှ လက်ဝဲဘက်တွင် စံနမူနာ တင်ရလောက်သော Germany Model နှင့် လက်ယာ ဘက်တွင်စံနမူနာတင်ရလောက်သော USA Model တွေကို အသိမျှဝေခဲ့ပြီး ယခုစာဖတ်ပရိသတ်များနှင့်တစ်ကွ မြန်မာနိုင်ငံသူ/သားများ အနေနှင့် မိမိနိုင်ငံ အတွက် ကောင်းမွန်သင့်တော်သော ERs Model ကိုအတူတကွတည် ထောင်သွားရမှာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်တည်းအနေဖြင့် တည်ထောင် ရန်အလွန်ပင် ခက်ခဲပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါအခြေအနေများကို စဉ်းစားထားဖို့လိုပါလိမ့်မယ်။
မြန်မာနိုင်ငံအနေဖြင့် ယခုလ္လိုDမိုကရေစီစနစ်ကို စတင်ကူးပြောင်းကျင့်သုံး သည့်ကာလမှစ၍ မိမိတို့မြန်မာနိုင်ငံသားတို့၏အမူအကျင့်ဖြစ်သောပုဂ္ဂိုလ်စွဲကြီး နေမှုအပေါ်အခြေခံပြီးအဖွဲ့ကွဲ အဖွဲ့အစည်းများ များပြားစွာရှိနေသည့်အပြင် လူမျိုးစုများလွန်းခြင်း (၁၃၅ မျိုး)၊ ဘာသာစကားကွဲ ပြားမှုများပြားခြင်းတို့ကြောင့် အကျိုးစီးပွားပဋိပက္ခဖြစ်စရာအလွန်ပင်များနေပါသည်။ ဒါကြောင့် Third Party (တတိယလူ) သမဂ္ဂများဖွဲ့စည်းတည်ထောင်ပြီး လုပ်ပိုင်ခွင့်ကို မျှတစွာဖြန့်ဝေအသုံးချကာ နိုင်ငံ့အကျိုးမျှော်၍ ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ကို စဉ်းစားဖို့လိုအပ်မယ်လို့စာရေးသူထင်မြင် မိပါသည်။ အ္လီဲလိုအဖွဲ့အစည်း၊ သမဂ္ဂတွေဖွဲ့ရာမှာလည်း အကျိုးဆိုင်သူတစ်ဦးတစ်ယောက် အတွက် ရှေးရှုမှုလွန်ကဲပြီး လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ခြင်းနည်းပါးအောင် ဘယ်လိုကိုင် တွယ်ဖြေရှင်း ရမယ်ဆိုတဲ့ လုပ်ထုံးယန္တရားကိုပါ ပူးတွဲတည်ဆောက်ကျင့်သုံးရမည်ကိုထည့်သွင်းစဉ်းစားသွားရမှာ ဖြစ်ပါတယ်။ ထို့အပြင်မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Industrial Sector အလိုက်နိုင်ငံ တစ်ကာ၏ကျွမ်းကျင်မှု အကူအညီဖြင့် နယ်ပယ်အသီးသီးအလိုက်ကျွမ်းကျင်မှုအဆင့်သတ်မှတ်ချက်၊ အခြေခံလုပ်ခအလုပ်ချိန်အစရှိသည်တို့ကို တိကျပြတ်သားစွာသတ်မှတ်ထုတ် ပြန်နိုင်ရပါမယ်။ ဒီအတွက် သက်ဆိုင်ရာအက်ဥပဒေ၊ နည်းဥပဒေတွေလည်း ခေတ်နှင့်လျော်ညီစွာ ပြုလုပ်သတ်မှတ် လိုက်နာကျင့်သုံးရဦးမည်ဖြစ်ပါသည်။ ဒါမှမဟုတ်မြန်မာနိုင်ငံ၏ ERs Model အနေဖြင့် လက်ယာယိမ်းဘက် ပိုမိုညွတ်တိမ်းလိုပါကအစိုးရ၏ အခန်းကဏ္ဍကဘယ်လိုပံ့ပိုးထိန်းကျောင်းသွား မှာလဲ ဥပမာ UK, USA တို့လိုနိုင်ငံကြီးတွေမှာ အစိုးရ(The State) သည် လူ့အဖွဲ့အစည်းအတွင်းသို့တိုက်ရိုက်စွက်ဖက်ခြင်းမပြုဘဲ နိုင်ငံရေးအရသာ Institutions များနှင့်ပတ်သက်မှုကိုပြု လုပ်လေ့ရှိပါတယ်။ ဒါမှမဟုတ် အစိုးရ အနေဖြင့် ပြင်သစ်နိုင်ငံ၏ ERs Model ကဲ့သို့လူမှုရေးကဏ္ဍမြှင့်တင်ပြီးပြည်သူနှင့် အစိုးရအကြားဆက်ဆံရေးကောင်းမွန်အောင် တွဲဖက်လုပ်ဆောင်သွားမှာ လားဆိုတဲ့ မူဝါဒကို အစိုးရမှ ပြတ်ပြတ်သားသားချမှတ်ကျင့်သုံးသွားဖို့လိုပါလိမ့်မယ်။
နိဂုံးချုပ်ပြောရမည်ဆိုလျှင် အလုပ်အကိုင်နှင့် အလုပ်သမားဆက်ဆံရေး ပညာ (ERs) သည် အလွန်ကျယ်ပြန့်ပြီးရှုပ်ထွေးသည့်သဘောရှိတယ်။ ဒီ ERs အတွက် သီအိုရီသဘောတရား၊ အယူအဆတို့ကို ပစ်ပယ်လို့လုံးဝမရပါ။ တစ်ခြားသောနိုင်ငံတွေ၏ကွဲပြားသော ERs Model တွေကို သေချာလေ့လာ သုံးသပ်ထားဖို့လိုအပ်တယ်။ စာရေးသူအနေဖြင့်လည်း ER နှင့်ပတ်သက်၍နိုင်ငံတကာတွင်ရှိသော HR ဆရာကြီး၊ HRဆရာမကြီးများနှင့်သုသေတန ပြုလုပ် လိုသူတို့၏စာတမ်းများ၊ စာအုပ်များကိုဖတ် မှတ်လေ့လာပြီးမှ အကျဉ်း ချုပ်အနေဖြင့်နား လည်လွယ်အောင် ပြန်လည်ရေးသားမျှဝေ ပေးခြင်းသာဖြစ်ပါသည်။
မြန်မာ့ ERs Model ကောင်းတစ်ခုဖြစ် ဖို့အတွက် တစ်ခြားသောနိုင်ငံတွေ ရဲ့ Model အတိုင်းလိုက်လုပ်ရန် မလိုအပ်ဘူးလို့ ထင်ပါတယ်။ သို့သော် ကောင်းသည့်အချက် များကိုတော့ ပစ်ပယ်ထားလို့မဖြစ်ပါဘူး။ မိမိနိုင်ငံ၏အမူအကျင့် (Culture) အလုပ် အကိုင်သဘောသဘာဝ၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ရည်မှန်းချက်များနှင့် ကိုက်ညီမှု ရှိသော ERs Model တစ်ခုဖြစ် မြောက် အောင်မြင်ရေးအတွက် မြန်မာနိုင်ငံသား တိုင်းမှာ တာဝန်အပြည့်ရှိနေပါတယ်လို့ ပြောရင်းဆောင်းပါးလေးကို နိဂုံးချုပ်ပါတယ်။ ERs ပညာရပ်ကို ဆက်လက်လေ့လာလို သူတွေအတွက် အောက်တွင်ဖော်ပြထားသော နိုင်ငံတကာ HR ဆရာကြီးများ၏စာစောင် များကို ဆက်လက်လေ့လာ၍နိုင်ငံအ တွက် ကောင်းသည်ထက်ကောင်းအောင်အကျိုးပြု နိုင်သူများဖြစ်ကြပါစေ။
Credit : HR Journal
Reference:
I. Carola Frege and John Kelly(2013), “Comparative Employment Relations in the Global Economy.”
II. Peter A.Hall and David Soskice(2011), “An Introduction to Varieties of Capitalism.”
III. Richard Hyman, “The State in Industrial Relations.”
No comments:
Post a Comment