Sunday, April 28, 2013

Windows Firewall ကို အသုံးပြု၍ Software များကို Block လုပ်ခြင်း

Windows Firewall ကို အသုံးပြု၍ Software များကို Block လုပ်ခြင်း




ကျွန်တော်တို့ ကွန်ပျူတာကို သုံးစွဲကြတဲ့ User များအနေနဲ့ ကွန်ပျူတာကို Virus ဝင်ရောက်ခြင်းကနေကာကွယ်ဖို့ Antivirus အမျိုးအမျိုးကိုသုံးစွဲကြပါတယ်.. 
ဒီ Antivirus တွေဆိုတာလည်း တကယ့် Official Softwares တွေကို ဝယ်သုံးကြတာမဟုတ်ဘဲ Free ရတဲ့ဟာများကိုသာ များသောအားဖြင့် သုံးစွဲနေကြတာဖြစ်ပါတယ်..
ပြီးတော့ Free ရတဲ့ Softwares တွေ၊ စမ်းသပ်လိုတဲ့ Softwares တွေကို Computer မှာ Install လုပ်တတ်ကြပါသေးတယ်.. ဒီလို Softwares တွေကို Install လုပ်ကြတဲ့အခါ
OS နဲ့အဆင်ပြေတာရှိသလို အဆင်မပြေတာလည်း အများသား.. ဒီလိုဒီလိုနဲ့ ကျွန်တော်တို့သုံးတဲ့ ကွန်ပျူတာမှာ မလိုအပ်တဲ့ Softwares တွေ၊ ကောင်းကောင်းအလုပ်မလုပ်တဲ့ Softwares တွေနဲ့
ပြည့်နှက်လို့နေပါတယ်.. တကယ်တော့ Windows Operating System မှာ မသင်္ကာတဲ့ Software တွေ၊ OS နဲ့ မကိုက်တဲ့ Softwares တွေနဲ့ Network အတွင်းကနေ ကိုယ့် ကွန်ပျူတာကို
ဒုက္ခပေးမယ့် အခြေအနေတွေကို ကာကွယ်ဖို့ Firewall ဆိုတာ တခါတည်း ပါလာပြီးသားဖြစ်ပါတယ်.. ဒါကို User တော်တော်များများက Disable လုပ်ပစ်တတ်ကြပါတယ်..
Firewall ဟာ ကွန်ပျူတာမှာ Antivirus သွင်းမထားရင်. သွင်းမထားတဲ့အကြောင်း၊ သွင်းထားပြန်ရင်လည်း Update မဖြစ်တဲ့အကြောင်း၊ အနှောင့်အယှက်တွေ ဝင်ရောက်ဖို့
ကြိုးစားနေတယ်ဆိုတာကို Warning ပေးတတ်ပါတယ်.. ဒါ့အပြင် ကိုယ့်ကွန်ပျူတာမှာ မလိုအပ်ဘဲ Run နေတဲ့ Softwares တွေ၊ အလုပ်မလုပ် စေချင်တဲ့ Softwares တွေကို
ပိတ်ထား ( Block လုပ်ထား ) နိုင်ပါတယ်..
အဲဒီလို Block လုပ်ဖို့ Firewall မှာ ဘယ်လိုလုပ်ရတယ်ဆိုတာ သိသလောက်၊ လေ့လာမိသလောက် ပြောပြသွားချင်ပါတယ်.. Windows 7 ကိုပဲပြောပြသွားမှာပါ.. XP, Windows 8 တို့မှာလည်း အသွင်အပြင်သာ
ကွဲပြားသွားပါမယ်.. လုပ်ရမယ့်အချက်အလက်တွေက အတူတူပဲဖြစ်မှာပါ..

1. Start ထဲ Control Panel ကိုနှိပ်ပါ.. Control Panel ထဲက System and Security ကိုနှိပ်ပါ.. Windows Firewall ကိုမြင်ရမှာဖြစ်ပါတယ်..

2.Windows Firewall ရဲ့ ညာဘက်အောက်နားလေးမှာ Allow a program through Windows Firewall ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ..

3. ဒါဆိုရင် Program List တွေပါတဲ့ ဘောက်တစ်ခု ကျလာမှာဖြစ်ပါတယ်.. အဲဒီထဲမှာ ကိုယ် Block လုပ်ချင်တဲ့ Softwares ကို Uncheck (အမှန်ခြစ်ဖြုတ်) ပြီး OK. ကိုနှိပ်လိုက်ပါ..

တကယ်လို့များ Unblock လုပ်ချင်ဆိုရင် လုပ်ချင်တဲ့ Softwares ရဲ့ဘေးမှာ အမှန်ခြစ်လုပ်ပြီး OK ကိုနှိပ်ပေးရပါမယ်.. တစ်ချို့ Softwares ဟာ Virus မဟုတ်မှန်း သေချာနေပါလျက်
Virus ဆိုပြီး ပိတ်ခံနေရရင် Allow Another Program ကိုနှိပ်.. ပေါ်လာတဲ့ဘောက်ထဲက Browse ကိုနှိပ်ပြီး ကိုယ့်ခွင့်ပြုချင်တဲ့ Softwares ရှိရာကိုသွားပြီး Click တစ်ချက်နှိပ်.. Open ကိုနှိပ်ရမှာဖြစ်ပါတယ်..
ရောက်လာတဲ့ List ထဲမှာ အမှန်ခြစ်ပေးပြီး OK ကိုနှိပ်ပြီးထွက်ရင် ရပါပြီ..

Firewall ကို On ရန်
1.Start ထဲ Control Panel ကိုနှိပ်ပါ.. Control Panel ထဲက System and Security ကိုနှိပ်ပါ.. Windows Firewall ကိုမြင်ရပါမယ်.. အဲဒီအောက်နားက Check Firewall status ကိုနှိပ်ပါ..
2. ပေါ်လာတဲ့ဘောက်ထဲက ဘယ်ဘက်အခြမ်းမှာ Turn Windows Firewall on or off ဆိုတာကိုနှိပ်ပါ
3. ပေါ်လာတဲ့ဘောက်ထဲမှာ Turn on Windows Firewall ရဲ့ ဘေးက အ၀ိုင်းလေးထဲမှာ ကလစ်နှိပ်လိုက်ပါ.. ပြီးရင် Ok ကိုနှိပ်ပါ.. ပိတ်နိုင်ပါပြီ...

No comments:

Post a Comment