Wednesday, February 14, 2018

Job Pricing (Pay Rates, Pay Grades & Pay Range)

Job Pricing လုပ်ပြီဆိုရင်အဓိကထားပြီးစဉ်းစားရမယ့်အချက်က ကိုယ့်အဖွဲ့အစည်းရဲ့ မူဝါဒတွေ၊ ဝန် ထမ်းဈေးကွက်ရဲ့အခြေအနေတွေ၊ လုပ်ငန်းရဲ့အခြေအနေတွေပဲဖြစ်ပါတယ်။ Job Evaluation လုပ်ပြီးတဲ့ အခါမှာကျွန်တော်တို့ Job Hierarchy တခုရလာမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Senior Accountant တစ်ယောက်ရဲ့ အလုပ်တာဝန်က Computer Operator တစ်ယောက်ထက် ပိုပြီးတန်ဖိုးမြင့်တယ် လို့ ပြောလို့ရသလို Computer Operator တစ်ယောက်ရဲ့တာဝန်က  Data Entry clerk တစ်ယောက်ထက် ပိုပြီးတန်ဖိုးမြင့်တယ်ဆိုတာ ပြောပြနိုင်သလိုပါပဲ။ သတိထားရမှာက ခုနကပြောခဲ့တဲ့ တန်ဖိုးမြင့်တယ် ဆိုတာ အလုပ်တခုနဲ့တခုနှိုင်းယှဉ်ပြီး ပြောတာသာဖြစ်ပြီး ဘယ်ဝန်ထမ်းက ဒါမှမဟုတ်ဘယ်အလုပ်က တန်ဖိုးမရှိဘူးလို့ဆိုလိုတာ မဟုတ်ဘူးဆိုတာပါ။
Job Pricing လုပ်ရာမှာ Pay Rates, Pay Grades နဲ့ Pay Range ( ၃ ) မျိုးကိုသုံးကြတာတွေ့ရပါတယ်။

Job Pricing – 2 ( Pay Rates )
တကယ်လို့အဖွဲ့အစည်းတခုဟာ မိမိအဖွဲ့အစည်းအတွင်းမှာရှိတဲ့ ဝန်ထမ်းတွေကို ၄င်းတို့နဲ့  လုပ် ငန်း သဘောသဘာဝချင်း အလားသဏ္ဍာန်တူညီတဲ့ တခြားအဖွဲ့အစည်းတွေက ဝန်ထမ်းတွေနဲ့ အလား တူလစာမျိုး ပေးချင်တယ်ဆိုရင်အလုပ်တခုချင်းအတွက် Market Research လုပ်ပြီး ရလာတဲ့အချက် တွေကို အခြေခံပြီး Key Jobs တွေအတွက် သတ်မှတ်သင့်ပါတယ်။ တကယ်လို့ Survey ၂ခု ၃ခု လောက်ယူသုံးမယ်ဆိုရင်တော့ ရလာတဲ့ Survey တွေရဲ့ ယုံကြည်စိတ်ချရမှု၊ အလုပ်နဲ့ဆက်နွယ်မှုတွေ အပေါ်မှာအခြေခံပြီး မျှခြေယူအသုံးပြုရမှာ ဖြစ်ပါတယ်။

ပြီးမှ Key Jobမဟုတ်တဲ့အလုပ်တွေရဲ့ လစာတွေကို သတ်မှတ်ပေးဖို့ဖြစ်ပါတယ်။ Pay Structure ဆွဲမယ့်သူအနေနဲ့ပူးတွဲပါပုံမှာဖော်ပြထားသလို ဂရပ်ဖ်တခုရေးဆွဲဖို့လိုအပ်ပါတယ်။ ဒေါင်လိုက်ဝင်ရိုးမှာ ဆိုရင် ရရှိလာတဲ့ အချက်အလက်တွေကိုအခြေခံပြီး လုပ်ခလစာတွေကိုရေးသွင်းရပါမယ်။ အလျား လိုက် ဝင်ရိုးမှာတော့ အလုပ်တခုချင်းအတွက် Job Evaluation လုပ်လိုက်လို့ရလာမယ့် Point တွေကို ရေး သွင်းရပါမယ်။ပြီးရင်တော့ Key Job တခုချင်းစီအတွက် ရရှိလာတဲ့ Job Evaluation Point နဲ့ လုပ်ခလ စာတွေကိုနေရာချထားရပါမယ်။ နေရာချထားရင်းနဲ့ပဲ Pay Policy Line တခုရလာပါမယ်။ ပြထားတဲ့ပုံမှာ ဆိုရင် ဘယ်ဘက်ကနေညာဘက်ကို မြင့်တက်သွားတဲ့ Pay Policy Line လိုင်းဟာ Job Evaluation နဲ့ Pay Rate ကြားကဆက်နွယ်မှုကိုဖော်ပြပါတယ်။ ဘယ်ဘက်ကနေညာဘက်ကို မြင့်တက်သွားတဲ့ လိုင်း အရကြည့်မယ်ဆိုရင် Job Evaluation လုပ်လိုက်လို့ရလာတဲ့ပွိုင့်တွေများလေလေ ခံစားရရှိမယ့်လုပ်ခ လစာများလာလေလေဆိုတာ တွေ့ရမှာပါ။ ဥပမာ Job Evaluation Point ၃၁၅  ရတဲ့သူတယောက်ရဲ့ ခန့်မှန်းလို့ရတဲ့လစာဟာ ၆၄၈၆ ဖြစ်တာတွေ့ရပါမယ်။
တခါတလေကျတော့ Labor Market က Rate ကိုအခြေခံထားတာဖြစ်တဲ့အတွက် ကိုယ့်အဖွဲ့အ စည်း နဲ့မကိုက်ညီတာတွေလဲတွေ့ရနိုင်ပါတယ်။ တချို့အလုပ်တွေက Market Rate ထက်ပိုပြီးများနေ တာ၊ နည်းနေတာစတာမျိုးတွေပါ။ ဥပမာ – လုပ်ငန်းကျွမ်းကျင်သူရှားပါးတဲ့လေယာဉ်အင်ဂျင်နီယာလို အ လုပ်မျိုး၊ ဒါမှမဟုတ် စွန့်စားရမှုများတဲ့ သင်္ဘောအင်ဂျင်နီယာမျိုးပေါ့။ အဲဒီလိုဝန်ထမ်းမျိုးတွေကျတော့ ဈေးကွက်ထဲမှာရှိတဲ့ ဝန်ထမ်းဦးရေထက်လုပ်ငန်းလိုအပ်ချက်ကပိုများတဲ့အခါ အင်ဂျင်နီယာခြင်း တူပေ မယ့် တခြားအင်ဂျင်နီယာတွေထက်လစာပိုပေးပြီး ခန့်ထားရတာမျိုးဖြစ်တတ်ပါတယ်။

Job Pricing –3 (Pay Grade )
Pay Grade ဆိုတာကတော့ Job Pricing လုပ်ရာမှာလွယ်ကူချောမွေ့ဖို့အတွက် တူညီတဲ့အ လုပ် တွေကို တူ ရာတူရာအုပ်စုခွဲထားတာဖြစ်ပါတည်။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ထမ်း ( ၂ဝဝ ) ရှိရင် ၂ဝဝ လုံးရဲ့ အလုပ်တခုချင်းလိုက်ပြီး တန်ဖိုးသင့်လစာသတ်မှတ်မယ့်အစား Pay Grade ၁၁ခုလောက်ခွဲ လိုက်ပြီး တန်ဖိုးသတ်မှတ်တာက ပိုပြီးလွယ်ကူမှာဖို့လို့ပါ။ ဥပမာပြောရရင် ကျွန်တော်တို့တက္ကသိုလ် တွေမှာ စာမေးပွဲရမှတ်တွေကို အမှတ် ၉ဝ နဲ့ ၁ဝဝကြားကို Grade A ၊ ၈ဝ နဲ့  ၈၉ အထိကို Grade B စသဖြင့်ခွဲသလိုမျိုးပါ။
တခါတလေကျတော့လဲ Pay Grade ရဲ့ မကောင်းတဲ့အချက်ကလေးတွေလဲတွေ့ရတယ်ပါတယ်။ အလုပ် တွေကို Job Evaluation လုပ်လိုက်လို့ရလာတဲ့ Point တွေအပေါ်အခြေခံပြီး အုပ်စုခွဲတဲ့အခါ၊ Pay သတ်မှတ်တဲ့အခါ လုပ်ငန်းရဲ့တကယ့်လိုအပ်ချက်နဲ့မကိုက်ညီတာမျိုးတွေ တွေ့ရပါတယ်။ ဥပမာ အားဖြင့် Job Evaluation လုပ်လိုက်တဲ့အခါမှာ Senior Accountant တစ်ယောက်နဲ့ Senior System Analyst တယောက်တို့ရဲ့ ရရှိတဲ့ Point ချင်းအနီးစပ်ဆုံးတူညီနေမယ်ဆိုရင် သူတို့ ( ၂ ) ဦးလုံးဟာ တူညီတဲ့ Pay Grade တခုထဲမှာရှိနေရမှာပါ။ ဒါပေမယ့် ခုနကပြောခဲ့သလိုပဲ လုပ်ငန်းတခုချင်းရဲ့ လိုအပ် ချက်အရ Senior System Analyst တဦးရဖို့ကပိုပြီးခက်ခဲတဲ့အခါမှာ ဈေးကွက်သဘောအရ Senior System Analyst ကလစာပိုပြီးများများရသင့်တာမျိုးကြုံတွေ့ရနိုင်ပါတယ်။ အဲဒီအခြေအနေမှာဆိုရင် အ ဖွဲ့အစည်းအနေနဲ့ Pay Grade အရ Senior System Analyst ကို Market Rate ထက် ပိုပေးလိုက်ရ တာမျိုး၊ Senior Accountant ကို Market Rate ထက် လျော့ပေးရတာမျိုးစတဲ့ အခက်အခဲတွေ ကြုံလာ ရနိုင်ပါတယ်။ ဒါဆိုရင်ဝန်ထမ်းခေါ်ယူရတာဒါမှမဟုတ် ဝန်ထမ်းထိန်းသိမ်းရတာ ခက်သွားပြီပေါ့။

Job Pricing – 4 ( Pay Ranges )
Pay  Grades တွေကို သတ်မှတ်ပြီးသွားပြီဆိုရင် စဉ်းစားသင့်တာတခုက တူညီတဲ့အလုပ်ကို လုပ် နေ ကြတဲ့ ဝန်ထမ်းတွေဟာ လစာလုံးဝတူညီအောင်ပေးမလား၊ သတ်မှတ် Pay Range တခု အတွင်း မှာ ပဲပေးမလားဆိုတာပါ။ Pay Range တခုမှာဆိုရင် အများဆုံးသတ်မှတ်နှုန်းရယ်၊ အနည်းဆုံးသတ်မှတ် နှုန်းရယ်ပါဝင်ပါမယ်။ Pay Range ထားရတဲ့ရည်ရွယ်ချက်ကတော့ ဝန်ထမ်းတွေရဲ့ နေထိုင်စားသောက် မှုစရိတ်နဲ့ အခြားအထွေထွေစရိတ်စကတွေမြင့်တက်လာတာကိုကာမိစေဖို့၊ အချိန်နဲ့အမျှသူတို့ရဲ့ လုပ် ငန်းပိုမိုကျွမ်းကျင်လာမှု၊ အတွေ့အကြုံတွေ ပိုမိုများပြားလာမှုတွေနဲ့ လိုက်လျောညီတွေဖြစ်တဲ့ လုပ်ခလ စာတွေ သတ်မှတ်ပေးသွားနိုင်ဖို့၊   Labor Market ရဲ့ ပြောင်းလဲမှု၊ အလုပ်ရဲ့ပိုမိုအရေး ပါ လာ နိုင် မှု၊ဝန်ထမ်းတွေရဲ့ လိုအင်အရ လစာတသမတ်တည်းဖြစ်နေတာကို မနှစ်သက်မှုစတဲ့ အချက်တွေကို ဖြေ ရှင်းနိုင်ဖို့အတွက် Pay Range ကိုအသုံးပြုသင့်ပါတယ်။ ဘာလို့လဲဆိုတော့