Sunday, April 28, 2013

ဘ၀လက်သမား..


ဘ၀လက်သမား..
-------------------

မစ္စတာ ခရစ်စ် မီယန်လာဟာ မကြာခင်အချိန်အတွင်းမှာ အနားယူတော့မယ့် လက်သမားဆရာကြီးတစ်ယောက်ရှိတယ်။ တစ်ရက်မှာ သူဟာ သူ့ ရဲ့ ကန်ထရိုက်တာအလုပ်ရှင်ကိုသူ့ ရဲ့ အစီအစဉ်တွေဖြစ်တဲ့ သူအိမ်ဆောက်တဲ့လုပ်ငန်းကို စွန့် လွတ်ပြီး ကျန်တဲ့သူ့ ဘ၀ကိုသူ့ ဇနီးရယ်၊ သူ့ မိသားစုရယ်နဲ့ ပျော်ရွှင်စွာနဲ့ အချိန် ကုန်ဆုံးတော့မယ့် အကြောင်းကိုပြောပြတယ်။

သူလစဉ်ဝင်ငွေကိုတော့ လက်မလွတ်ချင်ပေမယ့်တစ်ဖက်ကလည်း သူအနားယူချင်နေပြီလေ။ ဒါပေမယ့်လည်း သူတို့ အဆင်ပြေမှာပါလို့ လက်သမားဆရာကြီးကတွေးမိတယ်။ ကန်ထရိုက်တာကလည်း အလွန်တော်တဲ့ အလုပ်သမားတစ်ယောက် ထွက်သွားတော့မှကို စိတ်မကောင်းဖြစ်မိတယ်။ဒါနဲ့ သူက လက်သမားဆရာကြီးကို ပုဂ္ဂိုလ်ပိုင်းဆရာ ခင်မင်မှုအဖြစ် နောက်ဆုံးအနေနဲ့  အိမ်ကလေးတစ်လုံးဆောက်ပေးဖို့ တောင်းဆိုလိုက်တယ်။ မစ္စတာ ခရစ်စ်ကလည်း သူ့ ဘ၀ရဲ့ နောက်ဆုံးအလုပ်အနေနဲ့လုပ်ပေးဖို့ သဘောတူလိုက်တယ်။ ဒါပေမယ့်…

သူ့ ရဲ့ နောက်ဆုံးအလုပ်ဖြစ်တာကြောင့်လက်သမားကြီးက စိတ်မပါတပါနဲ့ လုပ်ခဲ့တယ်။ အပိုချိန်တွေဆိုလည်း မဆင်းတော့ဘူး။ အကောင်းဆုံးဘိလပ်မြေကိုရှာဖို့ လည်း စဉ်းစားမနေတော့ဘူး။ ဒီအိမ်ထဲမှာ ရေကူးကန်လေး ထည့်ဆောက်ဖို့ လည်း စဉ်းစားမနေတော့ဘူး။တံခါးတွေအတွက်လည်း အရည်အသွေးပြည့်မှီတဲ့ သစ်သားတွေကို သုံးမနေတော့ဘူး။ ပရိဘောကတွေကလည်းအရည်အသွေးမမှီတော့ဘူးပေါ့။ အိမ်တွင်း အပြင်အဆင်ကလည်း ခမ်းနားမှုမရှိဘူး။ ဒီလိုနဲ့ ပဲဆောက်လိုက်တာ၉လလောက် အချိန်ယူရမယ့် အိမ်တစ်လုံးဟာ ၂လလောက်နဲ့ ပြီးသွားတယ်။

အိမ်ဆောက်ပြီးတဲ့အခါမှာကန်ထရိုက်တာ လုပ်ငန်းရှင်က လက်သမားကြီးကို သူ့ ရုံးခန်းကို ခေါ်တွေ့ လိုက်တယ်။ သူက ဘာပြောလဲဆိုတော့ဒီအိမ်ကတော့ ခင်ဗျား ကျွန်တော့်ဆီမှာ ၈နှစ်ကျော် အကောင်းဆုံးအလုပ်လုပ်ခဲ့လို့ ခင်ဗျားကိုကျွန်တော်ပေးတဲ့လက်ဆောင်ပါ လို့ ပြောလိုက်ပြီးတော့ အခုပဲဆောက်ပြီးတဲ့ အိမ်အသစ်ရဲ့ သော့ကိုလက်သမားဆရာကြီးကို ပေးလိုက်တယ်။

လက်သမားဆရာကြီးက အရမ်းကိုတုန်လှုပ်သွားတယ်။ရှက်လည်းရှက်သွားတယ်။ သူသာ အရင်ကတည်းက သူ့ အိမ်ကို သူဆောက်နေရတယ်ဆိုတာကို သိရင် အခုလိုမဟုတ်ပဲအကောင်းဆုံးလုပ်မိခဲ့မှာပဲလေ။

အဲဒီလက်သမားလိုပါပဲ ကျွန်မတိုလည်း ကျွန်မတို့ ရဲ့ နေ့ စဉ်ဘ၀ကို ဆောက်နေကြတဲ့အခါမှာ တစ်ခါတစ်လေ အကောင်းဆုံးလုပ်နိုင်တာထက်ကိုလျှော့ပြီးလုပ်တတ်ကြတယ်။ ကိုယ်ဆောက်တဲ့ အိမ်မှာ ကိုယ်ပြန်နေရမှာပါလားဆိုတာကို သိလာတဲ့အခါကျတော့မှ တုန်လှုပ်တတ်သွားတတ်ကြတယ်။ အဆုံးအထိ လုပ်ပြီးသွားတဲ့အခါကျမှ ပြန်ပြင်ဖို့ကျတော့ ခက်သွားပြီ။ ကျွန်မတို့ ဟာ နေ့ စဉ်အသက်တာမှာ ဘ၀ရဲ့ သံတစ်ချောင်း၊ တူထုချက်တစ်ချက် တွေ၊ နံရံတစ်ချပ်စီနဲ့  ကိုယ့်ရဲ့ ကိုယ်ပိုင်အိမ်ဖြစ်တဲ့ ကိုယ်ပိုင်ဘ၀ကိုတည်ဆောက်နေတဲ့သူတွေပဲဖြစ်တယ်။

ဘ၀ဆိုတာ ကိုယ်ပိုင်တည်ဆောက်ရတဲ့စီမံချက်တစ်ခုပဲ။ ဒီနေ့ မှာ သင်ထားရှိတဲ့  သင့်ရဲ့ သဘောထား သင်ရဲ့  ရွေးချယ်မှုတစ်ခုစီတိုင်းဟာအနာဂတ်မှာ သင်နေရမယ့်အိမ်အပေါ် အကျိုးသက်ရောက်မှုရှိတယ် ဆိုတဲ့ စကားရှိတာကြောင့် ကျွန်မတို့ရဲ့ အိမ်ကို ပညာရှိရှိနဲ့ တည်ဆောက်ကြရအောင်နော်။
A Carpenter ဆိုတဲ့ပုံပြင်လေးကိုပြန်ဆိုထားခြင်းဖြစ်ပါတယ်။

No comments:

Post a Comment