Wednesday, January 29, 2014

အနီးဆုံး ရှိချင်သူ


အခုချိန်မှာလွမ်းမောနေရတဲ့အချိန်တွေအစား
ချစ်သူရဲ့လက်ကလေးကိုဆုပ်ကိုင်ချင်လှပါပြီ...

တစ်ယောက်တည်းအထီးကျန်နေခဲ့ရတဲ့နေ့ရက်
တွေအစား ချစ်သူနဲ့အတူတူပျော်ရွှင်ချင်လှပါပြီ...

ဖြစ်နိုင်မယ်ဆိုရင် အချိန်ဆိုတာကြီးကိုလာဒ်ထိုးလိုက်
ချင်ပါတော့တယ်...

ချစ်သူနှစ်ယောက်ရဲ့အကြားမှာ အကွာဝေးဆိုတာကြောက်ဖို့
မကောင်းပါဘူး ပေါင်းစပ်ထားတဲ့နှလုံးသားလေးနှစ်ခုမဝေးဖို့
ပဲအရေးကြီးတာပါ...

အခုချိန်မှာသူများချစ်သူတွေလိုအတူတူမရှိသေးပေမဲ့ တစ်နေ့
ကျရင်ဘဝတစ်ခုကိုအတူတူဖြတ်သန်းရမယ်ဆိုတာယုံကြည်
ထားလိုက်ပါ ချစ်သူ... 


ဟက်တူဟက်

What is Team System?


Management သင်တန်း တက်နေစဉ် ဆရာက အတန်းသားတွေကို မေးတယ်..........
ဒီ အတန်းထဲမှာ "Team System" ရှိတဲ့သူ လက်ညိုးထောင်ပါတဲ့
ခိခိ ကျွန်တော် မထောင်လိုက်ဘူး.......
ရှိတော့ရှိတော့ ဒါပေမယ့် လူမညီဘူး.......
Team System ဆိုတာ လူအနည်းဆုံး နှစ်ယောက်ရှိရင်တောင် ဖြစ်ပါတယ်။ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အပေးယူမရှိရင် Team စနစ်လို့ ခေါ်လို့မရပါဘူး။
ဒါကြောင့် ကျွန်တော် လက်ညိုး မထောင်တာပါ။
အထက်က ချပေးထားတဲ့ တာဝန်ကိုသာ လုပ်နေရရင် ပြီးရောဆိုတဲ့ စိတ်မထားလိုက်ကြပါနဲ့ ဒီလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့သူဟာ သူများအလုပ်ကိုလည်း လိုအပ်ရင် ကိုယ့်အလုပ်ဆိုပြီး လုပ်ပေးကြည့်လိုက်ပါ။ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ လုပ်ငန်းတော်တော်များများဟာ Team စနစ် အားအရမ်းနည်းပါတယ်။International က လုပ်ငန်းတွေ ၀င်ရောက်လာတဲ့အခါမှာ Team စနစ်ပါလာပြီသာပါ။သူတို့ဟာ ဒီစနစ်မှာ ကောင်းကောင်း ကျွမ်းကျင်နေပါပြီ။လုပ်ငန်းတိုင်းမှာ အဖွဲ့အစည်းဆိုတာရှိတယ် အဲဒီအဖွဲ့ထဲက လူတွေ ညီညွတ်မှ လုပ်ငန်းတိုးတက်မှာပါ။Team စနစ်ကောင်းမွန်တဲ့ လုပ်ငန်းတွေဟာ မြန်မြန် တိုးတက်ပါတယ်။ဂျပန်ဟာ ဒီစနစ်မှာ အထူးကောင်းမွန်တာ တွေ့ရပါတယ်။Team ထဲမှာ ပါဝင်တဲ့ သူတွေဟာ Conflicts ဖြစ်ရပါတယ်။ Conflicts ဖြစ်မှ ဘာတွေလိုအပ်လဲ၊ဘာတွေ ပြင်ဆင်ရမလဲဆိုတာ သိရပါတယ်။ Conflicts ဖြစ်တာ မကြောက်ပါနဲ့၊တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ဆွေးနွေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။Conflictsဖြစ်ရင်လည်း တစ်ယောက်နဲ့တစ်ယောက် မခေါ်ပြောတာမျိုးလည်း မရှိသင့်ပါဘူး။ဒါဟာ ကျွန်တော်မြင်တဲ့ Team System ပါ။

ဆရာချစ်

“ ကိုကာကိုလာ ကုမ္ပဏီ စီအီးအို၏ ၃၀ စက္ကန့်သာကြာသော မိန့်ခွန်း ”




ဘဝကို လေပေါ်မှာ ဘောလုံး (၅)ခု မကျအောင် ထိန်းနေရတဲ့ ဂိမ်းတစ်ခုလို့ ယူဆပါ။

ယင်းဘောလုံး (၅)ခုကတော့ .....

၁။ အလုပ်
၂။ မိသားစု
၃။ ကျန်းမာရေး
၎။ သူငယ်ချင်း
၅။ စိတ်ဓာတ် တို့ ဖြစ်ပါတယ်။

အလုပ်ဆိုတဲ့ ဘောလုံးဟာ ရာဘာဘောလုံး နဲ့တူတယ်ဆိုတာကို သင်တစ်နေ့နားလည်လာပါလိမ့်မယ်။ သူဟာ မတော်လို့လွတ်ကျခဲ့ရင် ယင်းအားကြောင့် ပြန်လည်ခုန်တက်လာပါတယ်။

ကျန်တဲ့ ဘောလုံး(၄)ခုဖြစ်တဲ့ မိသားစု၊ ကျန်းမာရေး၊ သူငယ်ချင်း၊ စိတ်ဓာတ် စတာတွေကတော့ ဖန်ဘောလုံးနဲ့တူပါတယ်။ လွတ်ချလိုက်မိပြီဆိုရင် ထိမယ်၊ ရှမယ်၊ ကွဲမယ်၊ ပျက်ဆီးမယ်။ သူတို့ဟာ အမြဲတမ်းတူညီနေတော့မှာ မဟုတ်ပါဘူး။ သင်ဒါတွေကိုနားလည်းထား ရပါမယ်။

အလုပ်လုပ်ချိန်မှာ ကြိုးကြိုးစားစားလုပ်ပါ။ ပြီးတဲ့အခါမှာ ထားခဲ့ပါ။ ကျန်တဲ့အချိန်တွေကို မိသားစု၊ မိတ်ဆွေ၊ ကျန်းမာရေး နဲ့ သင့်တင့်မျှတတဲ့ အနားယူအပန်းဖြေမှုမျိုးများအတွက် အချိန်ပေးပါ။

တန်ဖိုးသိမှ တန်ဖိုးဆိုတာ ရှိလာမှာ ဖြစ်ပါတယ်။

Saturday, January 25, 2014

Steve Jobs Biography



လူတွေရဲ့ ဘ၀ကို ပြောင်းလဲ ပစ်ခဲ့တဲ့ ပန်းသီး သုံးလုံး ရှိပါတယ်။ Adam's Apple၊ ကမ္ဘာ့ဆွဲငင်အားကို စတင်တွေ့ရှိခဲ့တဲ့ Newton's Apple ပြီးတော့အခု နည်းပညာခေတ်မှာ Steve Job 's Apple တို့ဖြစ်ပါတယ်။ ဒီပန်းသီး သုံးလုံးထဲက Knowledge 101 ပရိသတ်ကြီးကို နောက်ဆုံး ပန်းသီးရဲ့ ပဲ့ကိုင်ရှင်၊ ကျွန်တော်တို့ရဲ့ သီချင်း နားထောင်ခြင်း အလေ့အကျင့်ကို iPod ဖြင့်ပြောင်းလဲ စေခဲ့သူ၊ ဂီတ လောကကို iTunes ဖြင့်လှုပ်ခါ နိုင်ခဲ့သူ၊ ဖုန်းယဉ်ကျေးမှုကို iPhone ဖြင့်အစားထိုး ခဲ့တဲ့ တီထွင် ဖန်တီးသူကြီး Steve Job အကြောင်း မိတ်ဆက် ပေးပါမယ်။

၂၁ရာစုရဲ့ အကြီးကျယ်ဆုံး တီထွင် ထုတ်လုပ်သူ တစ်ဦးလို့ ဆိုလို့ရတဲ့ Steve Jobs ကို၁၉၅၅ခုနှစ် ဖေဖော် ၀ါရီလ ၂၄ရက်နေ့က San Francisco မြို့တော်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးမိခင်က တက္ကသိုလ် ကျောင်းသူ တစ်ဦး ဖြစ်ပြီး သူ့ရဲ့ မွေးဖခင် ကတော့ နိုင်ငံရေးသိပ္ပံနဲ့ သင်္ချာဌာနရဲ့ ပါမောက္ခ တစ်ဦး ဖြစ်ပြီး လက်မထပ်ဘဲနဲ့ မွေးခဲ့တဲ့ ကလေး ဖြစ်တာကြောင့် မွေးစားဖို့ သူတပါးကို ပေးလိုက် ကြပါတယ်။ ပညာတတ် ကျောင်းသူ တစ်ဦး ဖြစ်တဲ့ မိခင်က ကလေးကိုလဲ ပညာတတ် မိဘတွေကိုပဲ မွေးစားစေ ချင်ပေမယ့် မွေးစားမိဘ Paul နဲ့ Clara Jobs တို့က သူမရဲ့ မျှော်မှန်းချက်နဲ့ မကိုက်ညီ ခဲ့ပါဘူး။ Paul ဟာ အထက်တန်း ကျောင်းတောင် မပြီးခဲ့တဲ့ မက္ကင်းနစ် တစ်ဦးပါ။ နောက်ဆုံးတော့ ကလေးကို ကောလိပ်ကျောင်းရောက် အောင်ထားပေးမယ် ဆိုတဲ့ ကတိကြောင့် သူတို့ကိုပဲ မွေးစားဖို့ ပေးလိုက် ရပါတယ်။ Paul နဲ့ Clara တို့က Jobs ကို Steven Paul လို့ခေါ်ခဲ့ ကြပါတယ်။ နောက်သုံးနှစ် အကြာ Steve လမ်းလျှောက် တတ်ခါစ အရွယ်မှာ သူတို့စုံတွဲဟာ Silicon Valley ကိုပြောင်းရွှေ့ သွားကြ ပါတယ်။

Steve ငယ်ငယ်က ခပ်ဆိုးဆိုး ကလေး တစ်ယောက်ပါ။ သူ Grade 4 ရောက်တော့ သူ့ကို ပြောင်းလဲ ပေးမယ့် ဆရာ Teddy Hill နဲ့တွေ့မှ ကျောင်းကို ပြန်စိတ်ဝင်စား လာခဲ့တာပါ။ သူတက်တဲ့ ကျောင်းက သိပ်မကောင်း တဲ့အပြင် တခြားကလေး တွေရဲ့ အနိုင်ကျင့် တာကိုလဲ ခံခဲ့ရ ပါတယ်။ နောက်ဆုံး သူ့ကို တခြားကျောင်း ပြောင်းမပေးရင် ကျောင်းထွက်မယ်လို့ မွေးစားမိဘ တွေကို ပြောခဲ့ပါတယ်။ Paul နဲ့ Clara တို့က သဘောတူပြီး တခြား Junior High School တစ်ခုကို ပြောင်းပေး ခဲ့ရပါတယ်။ Steve ဟာငယ်ငယ် ကတည်းက အဲ့ဒီလို ဆုံးဖြတ်ချက် ပြတ်သား ခဲ့တာပါ။ အထက်တန်းကျောင်း ရောက်တဲ့အခါ မှာတော့ သူဟာ electronic အတန်းကို တက်ဖို့ လျှောက်ခဲ့ပြီး သူ့ဆရာ Mr.Mc Collum နဲ့တွေ့ဆုံ ခဲ့ပါတယ်။ နွေရာသီမှာ HP Company ရဲ့စက်ရုံမှာ အလုပ်ဝင် လုပ်ခဲ့ပြီး သူ့ရဲ့စီးပွားရေးမှာ စွန့်စားလိုစိတ်ဟာ အဲ့အရွယ် ကတည်းက စတင် ခဲ့တာပါ။ အဲ့ဒီနောက်မှာ Steve ဟာသူငယ်ချင်း တစ်ယောက်ရဲ့ မိတ်ဆက် ပေးမှုနဲ့ ကွန်ပျူတာဂျပိုး Stephen Wozniak (ခေါ်) Woz နဲ့တွေ့ဆုံ ခင်မင်ခဲ့ပြီး Woz ဟာအဲဒီ အချိန်တုန်းက computer board တစ်ခုကို တပ်ဆင်နေတာ ဖြစ်ပါတယ်။ Steve ကလဲ အဲဒါကို တော်တော်လေး စိတ်ဝင်စား ခဲ့ပါတယ်။ အဲဒီတုန်းက သူတို့ဟာ အသက် ၁၄နှစ်နဲ့ ၁၉နှစ်ပဲ ရှိကြပါ သေးတယ်။

ဒီဆယ်ကျော်သက် လေးတွေက Computer hacker တွေပြုလုပ် ထားတဲ့ နယ်ဝေး ဖုန်းခေါ်ဆိုမှုကို အခမဲ့ ရအောင် ပြောင်းပေးတဲ့ blue boxes လေးတွေ အကြောင်း ကြားမိတဲ့အခါ စာအုပ်ထဲကနေ ဖတ်ပြီး သူတို့လက်တွေ့ တပ်ဆင် ကြည့်ကြ ပါတယ်။ အောင်မြင် သွားပြီး Steve ကစီးပွားဖြစ် Steve Jobsတစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ရောင်းချဖို့ အကြံရ ပါတယ်။ တရား ဥပဒေနဲ့ မညီညွတ် တာကြောင့် ရဲဖမ်းတော့မှ သူတို့ လုပ်ငန်းကို ရပ်နားလိုက် ပါတယ်။ Steve အထက်တန်းကျောင်း ပြီးသွားတဲ့ အခါသူဟာ Oregon ပြည်နယ်က Reed ကောလိပ်ကို သွားခဲ့ပါတယ်။ သူ့မွေးစား မိဘတွေဟာ ငွေကြေး သိပ်မတတ် နိုင်ပေမယ့် သူ့ရဲ့ မွေးမိခင်ကို ပေးခဲ့တဲ့ ကတိအတိုင်း ဈေးကြီးတဲ့ ကျောင်းကို ထားပေးခဲ့ ကြပါတယ်။ ၁၉၇၄ခုနှစ် လောက်မှာ Steve ဟာငွေလို လာ တာကြောင့် Video Game Company တစ်ခုဖြစ်တဲ့ Atari မှာအလုပ် ၀င်ခဲ့ပြီး Pinball စက်ကို တီထွင်ခဲ့တဲ့ Atari တည်ထောင်သူ Nolan Bushnell ကိုအားကျ ခဲ့တာပါ။ သူဟာ အဲ့ဒီကတည်းက ကိုယ်ပိုင် electronic စီးပွားရေး လုပ်ငန်းကို လုပ်ချင်တဲ့ စိတ်ကူး ရှိခဲ့တာပါ။ Steve ဟာ Germany အထိသွားပြီး Atari ရဲ့စက်တွေကို ပြင်ဆင်ပေး ခဲ့ရသလို အိန္ဒိယ ကိုလဲ ပညာရှာဖို့ သွားခဲ့ပါ သေးတယ်။ အဲ့အချိန် တွေမှာ Woz ကအင်ဂျင်နီယာတွေ စုစည်းရာ HP company မှာအလုပ်လုပ် နေခဲ့ပြီး keyboard ရယ်၊ screen ရယ်နဲ့ တွဲဖက် သုံးနိုင်တဲ့ chips အနည်းငယ်သာ ပါဝင်တဲ့ ကိုယ်ပိုင် computer board တစ်ခုကို တီထွင် နိုင်ခဲ့ပါတယ်။

Steve ကအင်ဂျင်နီယာပိုင်းနဲ့ ပတ်သက်ပြီး သိပ်မသိ ပေမယ့် Woz နဲ့တိုင်ပင်ပြီး software ရေးဖို့အတွက် computer သုံးချင်ကြတဲ့ သူတွေအတွက် computer တွေတပ်ဆင် ရောင်းချခဲ့ ပါတယ်။ အဲ့တုန်းက Steve ကဘာပြောခဲ့ သလဲ ဆိုတော့ "တို့ပိုက်ဆံတွေ အရှုံးပေါ် ခဲ့ရင်တောင် ကိုယ်ပိုင် company ဆိုတာ ရှိသွားပြီ။ ဘ၀မှာ ပထမဆုံး ကိုယ်ပိုင် company ဖြစ်ပြီပေါ့'' တဲ့။ သူတို့ ကုမ္ပဏီ အတွက် လိုအပ်တဲ့ငွေ ဒေါ်လာ တစ်ထောင်ကို Steve ရဲ့ Volkswagen ကားနဲ့ Woz ရဲ့ HP 65 calculator ရောင်းပြီး ရှာဖွေခဲ့ ရပါတယ်။ ကုမ္ပဏီ နာမည်ကို အမျိုးမျိုး စဉ်းစားပြီး နောက်ဆုံးမှာ Apple လို့ပေးခဲ့ ပါတယ်။ ပထမဆုံး မှာယူသူက Byte Shop Computer စတိုးဆိုင် ပိုင်ရှင်ပါ။ သူက ကွန်ပျူတာ အလုံးငါးရာ မှာပြီး တစ်လုံးကို ဒေါ်လာငါးရာ ပေးတာကြောင့် သူတို့ဟာ ဒေါ်လာ နှစ်သောင်းခွဲကို စတင် ရရှိပါတယ်။ ကွန်ပြူတာ တစ်လုံးအတွက် အမှန်တကယ် ကုန်ကျငွေက ဒေါ်လာ၂၂၀ ဖြစ်ပြီး ဆိုင်ရောင်းဈေးက ဒေါ်လာ ၆၆၀ပါ။ သူတို့ နှစ်ယောက်က တစ်ဆိုင်ပြီး တစ်ဆိုင် သွားပြီး လိုက်ရောင်းချခဲ့ ရပါတယ်။ ဒါက Apple ကွန်ပျူတာရဲ့ အစပါ။ နောက်တော့ Ron Wayne လို့ခေါ်တဲ့ သူတစ်ယောက်ပါ ပါဝင်လာပြီး သုံးယောက် ပေါင်းပြီး ၁၉၇၆ခုနှစ် ဧပြီ ၁ရက်နေ့မှာ Apple company ကိုစတင် တည်ထောင်ခဲ့ ကြပါတယ်။

အဲ့အချိန်မှာပဲ Woz ကသုံးရတာ ပိုမြန်ပြီး ရုပ်ထွက် resolution ကောင်းကောင်း ပါတဲ့ colour TV တွေနဲ့ တွဲသုံးလို့ ရတဲ့ Apple II ကိုဒီဇိုင်းထွင် နေခဲ့ပြီး ထုတ်ဖို့ အဆင်သင့် ဖြစ်တဲ့ အချိန်မှာ  Steve ကရင်းနှီး မြှပ်နှံမယ့် ငွေရှင်တွေကို လိုက်လံ ရှာဖွေ ပါတယ်။ Mike Markkula ဆိုတဲ့ Steve Jobsရှယ်ယာရှင်နဲ့ တွေ့ပြီး သူက ဒေါ်လာနှစ်သိန်းခွဲ အရင်းထည့် ပါတယ်။ Mike က apple ကိုကြေငြာ ချင်တာကြောင့် ကြော်ငြာသမား တွေနဲ့ ဆက်သွယ် ပါတယ်။ Steve ကတော့ logo ကိုချစ်စဖွယ် ပုံစံမျိုး မဖြစ်စေ ချင်တာကြောင့် design ဆရာက ပန်းသီးကို ခရမ်းချဉ်သီးနဲ့ မတူအောင် ကိုက်ရာလေး ထည့်ပေး လိုက်ပါတယ်။ ပြီးတော့ Apple ရဲ့ color graphics capability ကိုသက်သေပြဖို့ အရောင်စုံ အစင်းတွေ ထည့်လိုက် ပါတယ်။ သူတို့ရဲ့ Apple II ကို West Coast ကွန်ပျူတာ ပြပွဲမှာ ၀င်ရောက် ပြသခဲ့ပြီး သူတို့ကို လူကြိုက်များ သွားစေတာက VisiCalc လို့ခေါ်တဲ့ spreadsheet software ကြောင့်ပါ။ အဲ့ခေတ်က Personal Computer ဆိုတာ မရှိတော့ စာရင်းအင်းနဲ့ အလုပ်လုပ် ရတဲ့ သူတွေက အလုအယက် ၀ယ်ယူ ကြပါတယ်။ Steve လည်းချမ်းသာ သွားပါတယ်။ ကုမ္ပဏီ ကလည်း ပိုကြီးလာပြီး ရှယ်ယာရှင် တွေလည်း တိုးလာ ပါတယ်။ သူတို့ထဲက ကွန်ပျူတာ သိပ္ပံပညာရှင် Raskin ကစပြီး ပေါင်မုန့် မီးကင်စက် (toaster) တစ်လုံးလို အသုံးပြုရ လွယ်တဲ့ ကွန်ပျူတာ ဖြစ်အောင် ဖန်တီးဖို့ စိတ်ကူး ရပြီးအဲဒီ project ကို Apple Macintosh လို့နာမည် ပေးလိုက် ပါတယ်။

Steve ကတော့ ဒီပရောဂျက် ထဲမှာ မပါဝင် ပါဘူး။ သူ့မှာ Lisa ဆိုတဲ့ ပရောဂျက် သတ်သတ် ရှိပါတယ်။ ဒီ Lisa ဆိုတဲ့ နာမည်က Steve ရဲ့အထက်တန်း ကျောင်းတုန်းက ရည်းစားရဲ့ သမီး ကလေး နာမည်ပါ။ အဲ့ကလေးက Steve ရဲ့ကလေးမှန်း တော်တော် များများက လက်ခံခဲ့ ကြပေမယ့် Steve ကတော့ တူးတူးခါးခါး ကြီးကို ငြင်းခဲ့ပြီး ချမ်းသာနေ ပေမယ့်လည်း ကလေး စရိတ် ပေးဖို့ကို ငြင်းဆိုခဲ့ ပါတယ်။ ဒါတွေ ဖြစ်ခဲ့တာ တောင်မှ အဲ့ပရောဂျက်ကို Lisa လို့ပေးခဲ့ပြီး မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ ပေမယ့်လည်း မအောင်မြင် ခဲ့ပါဘူး။ လက်စား ချေတဲ့ အနေနဲ့ Steve က Macintosh ပရောဂျက်ကို အားထည့်ပြီး လုပ်ဆောင် ပါတယ်။ ပိုပြီး သေးငယ် ဈေးသက်သာပြီး icons တွေ၊ drop-down တွေနဲ့ mouse တွေပါဝင် လာပြီး သုံးနှစ်ကျော် အချိန်ယူ ခဲ့ရတာပါ။ ၁၉၈၄ခုနှစ်မှာ Macintosh ကိုကုမ္ပဏီရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ မိတ်ဆက် ခဲ့ပြီး ပစ္စည်း စဖြန့်တဲ့ အခါ အရမ်းပဲ အောင်မြင် ခဲ့ပါတယ်။ ဒါပေမယ့် တစ်နှစ် အကြာမှာ ထိုးဆင်း လာတဲ့ အရောင်းစံချိန်နဲ့ အတူ အကွဲအပြဲ ဇာတ်လမ်းက စလာပါတယ်။

Steve Jobs

Steve ကအရောင်း ကျတယ် ဆိုတာကို လက်မခံ ခဲ့ပါဘူး။ Steve နဲ့အရမ်း ရင်းနှီးခဲ့တဲ့၊ Macintosh ပရောဂျက် အတွက် အားဖြည့်ဖို့ ခေါ်ယူခဲ့တဲ့ CEO John Sculley တို့နှစ်ယောက် ကြားမှာ မခေါ်မပြောတဲ့ အထိ ဖြစ်သွား ခဲ့တာပါ။Steve Jobs ဒါရိုက်တာ အဖွဲ့ဝင်တွေက John Sculley ဘက်က ရပ်တည်ခဲ့ပြီး Steve ကို chairman နေရာမှာ ဆက်ထား ခဲ့ပေမယ့် ဘာမှ လုပ်ကိုင်ခွင့် မပေးတော့ တာဟာ သူ့ကို ချောင်ထိုး လိုက်တဲ့ သဘောမျိုးပါ။ Apple ကိုသူ့ဘ၀လို့ ခံယူထားတဲ့ Steve ကနောက်လေးလ အကြာမှာ အရင်က Apple ၀န်ထမ်းဟောင်း တွေနဲ့ ကုမ္ပဏီ တစ်ခု ထထောင် လိုက်ပါတယ်။ သူ့ရဲ့ အကြံအစည် တွေကို Apple ဘက်က သိသွားတဲ့ အခါမှာ သူကို အရေးပါတဲ့ အချက်အလက်တွေ ပေါက်ကြား စေတယ်လို့ တရားစွဲ ပါတော့တယ်။ ဒီကြား ကာလတွေမှာ Steve ရဲ့မိသားစု ဘ၀မှာလဲ အရေးပါတဲ့ အပြောင်းအလဲ တွေဖြစ်ပေါ် ခဲ့ပါတယ်။ သူဟာ သူ့ကို မွေးခဲ့တဲ့ မိခင်၊ဖခင် အရင်းတွေကို ရှာတွေ့ ခဲ့ပါတယ်။ အဲဒီအချိန်က သူ့အမေရင်း Joanne Carole Schieble ဟာအသက် ထင်ရှား ရှိနေဆဲပါ။ သူမဟာ Steve ကိုမွေးပြီး နောက်မှာ သူ့ရဲ့အဖေနဲ့ ခဏတာ လက်ထပ်ပြီး သူ့အစ်မ Mona Simpson ကိုလဲ မွေးခဲ့ပါ သေးတယ်။ Mona ဟာငယ်ရွယ် ပေမယ့် စာပေဆုပေါင်း များစွာ ရခဲ့တဲ့ Anywhere But Here ဆိုတဲ့စာအုပ်ကို ရေးသားသူ ဖြစ်ပါတယ်။ သူ့အစ်မရင်းဟာ အနုပညာရှင် စာရေးဆရာ တစ်ယောက် ဖြစ်နေတာကြောင့် Steve ကအံ့အားသင့် သွားပါတယ်။

Steve JobsSteve က၁၉၈၅မှာ ရှယ်ယာတွေ အားလုံး ရောင်းချပြီး Apple ကထွက်ခဲ့ ပါတယ်။ ဒါပေမယ့် သူ့မှာ အကြံ ရှိပြီးသား ဖြစ်ပြီး NeXT နဲ့ပူးပေါင်း လိုက်ပါ တော့တယ်။  NeXT ကိုအကောင်းဆုံး ဖြစ်စေချင်တဲ့ ရည်မှန်းချက် မြင့်မြင့် ထားခဲ့တာပါ။ အမှန်တကယ်လည်း NeXT Cube ကတကယ် ကောင်းပေ မယ့်လည်း ဈေးကြီး လွန်းနေ ပါတယ်။ ၀ယ်သူ ဘက်က ဒေါ်လာ၃၀၀၀ လောက်ပဲ သုံးချင် ပေမယ့် ဒေါ်လာ တစ်သောင်း လောက်ထိ ကျသင့် နေတာကြောင့် မရောင်းရ ပါဘူး။ ကုမ္ပဏီ ကလည်း ယိုင်လာပြီး နောက်ဆုံး hardware ကနေ software ဘက်ကို ကူးပြောင်း လိုက်ပါ တော့တယ်။ Steve ကနောက် တစ်ကြိမ် အရှုံးနဲ့ ထပ်ရင်ဆိုင် လိုက်ရတော့ အလုပ် တွေဘက် စိတ်လျော့လိုက်ပြီး မိသားစုဘက် အချိန်ပေး ပါတော့တယ်။ သူ့ဇနီး Laurene နဲ့၁၉၉၁မှာ လက်ထပ်ခဲ့ပြီး Reed ဆိုတဲ့ သားတစ်ယောက် ရှိပါတယ်။ နောက်တော့ Pixer နဲ့ဇာတ်လမ်း စပါတယ်။ အဲ့အချိန်မှာ George Lucas ကလင်မယား ကွာရှင်း စရိတ်ကြောင့် ငွေလိုနေ တာကြောင့် သူ့ Lucasfilm ရဲ့ computer graphics ဋ္ဌာနကို ရောင်းချ ပါတယ်။ Apple ကရှယ်ယာ တွေကို ရောင်းချ လိုက်တဲ့ အခါ Steve လက်ထဲမှာ ငွေအများကြီး ရှိနေ ပြီးတော့ အဲ့အရောင်းအ၀ယ်ကို သူက စိတ်ဝင်စား ပါတယ်။ ၁၉၈၆မှာ အဲ့ဋ္ဌာနကို ၀ယ်လိုက်ပြီး Pixar ဆိုတဲ့ နာမည်နဲ့ ပူးပေါင်း ဆောင်ရွက် ပါတယ်။

Pixar မှာလည်း hardware ပိုင်းက အလုပ် မဖြစ်ခဲ့ပါဘူး။ ဒါနဲ့ software ကုမ္ပဏီ အဖြစ် ပြောင်းလဲ ခဲ့ပြီး 3D TV ကြော်ငြာတွေ လုပ်ပြီး ငွေရှာခဲ့ ပါတယ်။ အလှည့်အပြောင်းက Disney နဲ့ computer-animated ဇာတ်ကားတွေ ထုတ်ဖို့ သဘောတူ ခဲ့ရာက စပါတယ်။ Disney ရဲ့ marketing ပိုင်းပံ့ပိုးမှုနဲ့ အတူ Toy Story ကာတွန်းကားက အောင်မြင် ခဲ့ပါတယ်။ Pixar ကိုကိုးနှစ် လုံးလုံး အိတ်စိုက် ခဲ့ရတဲ့ Steve ကခုမှ အကျိုး ပြန်ခံစား ရတာပါ။ Toy Story ရဲ့အောင်မြင်မှုနဲ့ အတူ Pixar ရဲ့ရှယ်ယာ တန်ဖိုး တွေက Wall Street မှာတက်လာ ပါတယ်။ Pixar ရဲ့၈၀ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ Steve ကဒေါ်လာ ၁.၅ဘီလီယံထိ ချမ်းသာ သွားပါ တော့တယ်။ အဲ့ပမာဏက ၁၉၈၀တုန်းက Apple မှာသူရှာဖွေ ခဲ့တဲ့ ပမာဏထက် ငါးဆလောက် ပိုများပါတယ်။ Steve ဘက်က အခြေအနေ ကောင်းနေပေမယ့် Apple ကတော့ ပြောင်းပြန်ပါ။ ၁၉၉၅မှာ Microsoft ရဲ့ Windows 95 ထွက်လာခဲ့ပြီး Macintosh ကိုအထိနာ စေခဲ့ပါတယ်။ CEO အသစ် Gil Amelio ရောက်လာခဲ့ပြီး မလိုအပ်တဲ့ အသုံးစရိတ်တွေ ဖြတ်တောက် ပစ်ပြီး OS အသစ်ကို ရေးမယ့် အစား ရှိပြီးသား တစ်ခုကို ၀ယ်ယူမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ နောက်တော့ NeXT ရဲ့ OS ဖြစ်တဲ့ NeXTSTEP ကိုဒေါ်လာ $400 million နဲ့ဝယ်ယူ လိုက်ပြီး Steve လည်း Apple ကိုပြန်ရောက် သွားပါ တော့တယ်။

Steve ပြန်ရောက်ပြီး ပထမ လေးလပတ်မှာ Apple က $700 million အရှုံးပေါ် ခဲ့ပြီးနောက် CEO Gil Amelio လည်းပြုတ်သွား ပါတယ်။ ဒီကာလတွေက Steve အတွက်တော့ အင်မတန် ခက်ခဲတဲ့ အချိန်တွေပါ။ Board အဖွဲ့က ဒါရိုက်တာတွေကို ပြန်လည် ဖွဲ့စည်း၊ အရေးကြီးတဲ့ Steve Jobsဆုံးဖြတ်ချက် တွေချခဲ့ပြီး Steve ကိုယ်တိုင်လည်း CEO ရာထူးကို ပြန်ရခဲ့ ပါတယ်။ Mac OS X နဲ့ The Digital Hub strategy ကြောင့် Apple ကပြန် ဦးမော့ လာသလို retail stores တွေကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ တာကလည်း မှန်ကန်ခဲ့ပြီး Apple ကလမ်းကြောင်းမှန် ပေါ်ပြန်တက် လာပါပြီ။ အဲ့ဒါက ၂၀၀၀ ခုနှစ်ပိုင်း လောက်မှာပါ။ ဒါ့အပြင် လူငယ်ပိုင်းက ရုပ်ရှင်တွေ ဘက်က နေ MP3 သီချင်းတွေ ဘက်ကို အားသန် လာတာကို သတိထား မိတဲ့ Steve ကသူ့ကုမ္ပဏီ ဦးတည်ချက်ကို ရုပ်ရှင်တွေ ဘက်ကနေ တေးဂီတ ဘက်ကို ပြောင်းလဲ လိုက်ပြီး iTunes ပေါ်ပေါက် လာပါတယ်။ ခက်တာက သူနဲ့တွဲ သုံးမယ့် player တွေက အဆင်မပြေ တာပါ။ ၂၀၀၁ခုနှစ် မတ်လမှာ Apple တံဆိပ်နဲ့ MP3 player ကိုထုတ်ဖို့ ဆုံးဖြတ် လိုက်ပြီး အောက်တိုဘာ မှာတော့ ဒီချစ်စရာ အဖြူရောင် player ကိုမိတ်ဆက်ခဲ့ပြီး '1,000 songs in your pocket' လို့ကြွေးကြော် ခဲ့ပါတယ်။ ဒီပစ္စည်း သေးသေးလေးက ကုမ္ပဏီရဲ့ အနာဂတ်ကို ပြောင်းလဲ ပစ်နိုင်မယ်လို့ အဲ့အချိန်က Steve အပါအ၀င် ဘယ်သူမှ မထင်မှတ် ထားခဲ့ပါဘူး။

ရေကန် အသင့်၊ ကြာအသင့် လို့ဆိုရမှာပါ။ အဲ့အချိန်မှာ လူတွေက သီချင်း နားထောင်ဖို့ player ကောင်းကောင်း တောင့်တ နေချိန်မှာ iPod ထွက်လာခဲ့ပြီး ဈေးကြီး ပေမယ့်လည်း လူတွေက အလုအယက် အားပေး ကြပါတယ်။ Apple ကလည်း သီချင်းတွေ ဘက်က အကျိုးအမြတ် ရနိုင်မှန်း သိသွားတဲ့ အခါမှာ တရားနည်းလမ်း ကျကျ သီချင်းတွေ ဒေါင်းလုတ် လုပ်ဖို့ Label တွေနဲ့ ညှိနှိုင်း ဆွေးနွေးပြီး iTunes Music Store ကိုဧပြီ ၂၀၀၃မှာ စခဲ့ပါတယ်။ နောက်တော့ iPod mini, iPod shuffle, iPod nano, iPod video တွေဆက်ထုတ်ပြီး 'iPod nation' ကိုတည်ထောင် ခဲ့ပါတယ်။ Apple ဘက်က ထိုးတက် ခဲ့သလို Pixer ဘက်ကလည်း Disney နဲ့ပေါင်းပြီး A Bug's Life (1998), Toy Story 2 (1999), Monsters Inc. (2001) နဲ့ Finding Nemo (2003) စတဲ့ ရုပ်ရှင်တွေနဲ့ အောင်မြင်မှုတွေ ဆက်တိုက် ရလာပါတယ်။ ဒါတွေနဲ့ မရပ်တန့် သွားပါဘူး။ Steve ကိုယ်တိုင် ပြောခဲ့ဖူးတဲ့ သူ Apple ကိုပြန်လာရတဲ့ အကြောင်းအရင်းက Apple နဲ့ကမ္ဘာကြီးကို ပိုကောင်းတဲ့ နေရာ ဖြစ်အောင် တည်ဆောက်မယ်။ Apple မရှိလို့ မဖြစ်တဲ့ ကမ္ဘာတစ်ခုလို့ ဆိုသလိုပဲ သူနောက်ထပ် ရွေ့လိုက်တဲ့ အကွက်က Touch Screen နည်းပညာ ဘက်ပါ။

Steve Jobs၂၀၀၇မှာတော့ iPod, ဖုန်းနဲ့ အင်တာနက် ကိုပစ္စည်း တစ်ခုတည်းနဲ့ သုံးလို့ရမယ့် iPhone ထွက်လာ ပြီး Steve ရဲ့ career မှာအကောင်းဆုံးနဲ့ အမှတ်တရ အရှိဆုံး ပစ္စည်း တစ်ခု သာမက လူတွေရဲ့ ဖုန်းယဉ်ကျေးမှု၊ ဖုန်းဈေးကွက် ကိုပါ ပြောင်းလဲပစ် ခဲ့ပါတယ်။ iPod တုန်းကလိုပဲ Steve ကဖုန်းဝန်ဆောင်မှု carrier ဖြစ်တဲ့ AT&T ညှိပြီး လုပ်ဆောင် ပါတယ်။ iPhone ကဈေးမြင့်ပေ မယ့်လည်း အောင်မြင်ပြီး သားပါ။ ဒီအောင်မြင်မှုမှာ iPhone App Store ရဲ့အကျိုး သက်ရောက်မှု တွေပါဝင်သလို developer တွေကလည်း iPhone apps တွေရေးလာ တာတွေ ကြောင့်လည်း တခြား ကုမ္ပဏီတွေ လိုက်မမှီအောင် ရှေ့က ပြေးနိုင် ခဲ့တာပါ။ ၂၀၀၇ခုနှစ် မှာတော့ စတော့ တစ်ခုရဲ့ တန်ဖိုးဟာ $199.99 အထိ ရှိခဲ့ပြီး $1.58 billion အထိ အကျိုးအမြတ် ရရှိခဲ့ပြီး အကြွေး ကင်းရှင်းတယ် လို့ကုမ္ပဏီက ခပ်ကြွားကြွားလေး ပြောဆို နိုင်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ Apple ရဲ့ဝင်ငွေ တစ်ဝက် လောက်က iTunes နဲ့ iPod ကလာတာ ဖြစ်ပြီး iPod အလုံးပေါင်း သန်း၂၀၀နဲ့ သီချင်းပေါင်း ၆ကုဋေလောက် download ပြုလုပ်ရာမှ ရရှိတာ ဖြစ်ပါတယ်။ ဒီလိုအချက် တွေကြောင့် Fortune မဂ္ဂဇင်းက ပေးတဲ့ နံပါတ်၁ နေရာ ရခဲ့ပါတယ်။

Apple ဘက်က အောင်မြင်မှု ထိပ်တန်း ရောက်ချိန်မှာ ကျဆင်း လာတာက Steve ရဲ့ကျန်းမာရေး အခြေအနေပါ။ ၂၀၀၃ အောက်တိုဘာမှာ Steve ရဲ့ပန်ကရိယမှာ အကျိတ် တည်နေတာကို တွေ့ရှိခဲ့ ပါတယ်။ ခွဲစိတ် ကုသလို့ ရနိုင်ပေ မယ့်လည်းSteve Jobs သူကကိုးလ ကြာအောင် ကုဖို့ ငြင်းနေခဲ့ပြီှး ၂၀၀၄ သြဂုတ်လမှ Stanford Medical Center မှာခွဲစိတ်မှု ခံယူခဲ့ တာပါ။ နောက်ငါးနှစ် လုံးလုံး ကျန်းမာနေပုံ ပေါက်ပြီး ကင်ဆာကို ကုသ ပျောက်ကင်း သွားခဲ့ပြီလို့ ထင်မှတ်ခဲ့ ကြပါတယ်။ ၂၀၀၈ခုနှစ်မှာ ပိန်ချုံးနေတဲ့ Steve ကိုမြင်တော့ အားလုံးက အံ့အားသင့် သွားကြပါတယ်။ Apple ကခြောက်လလောက် ခွင့်ယူခဲ့ပြီး အသည်း အစားထိုး ကုသခဲ့ ပါတယ်။ ၂၀၀၉ နွေမှာ မပြီးပြတ် သေးတဲ့ iPad ပရောဂျက်ကို အချောသတ်ဖို့ Apple ကိုစိတ်အား ထက်သန်စွာနဲ့ ပြန်လာခဲ့ ပါတယ်။ ၂၀၁၀မှာတော့ သူ့ရဲ့ နောက်ထပ် ဂုဏ်ယူရမယ့် iPad ထွက်ရှိ လာပါတယ်။ ဒီကြားထဲမှာ သူ့ကျန်းမာရေး အခြေအနေက တက်လိုက်၊ ကျလိုက် အခြေအနေပါ။ ဒါပေမယ့် Apple ရဲ့တကယ့် အရေးကြီး ပွဲနှစ်ပွဲ ဖြစ်တဲ့ iPad2 နဲ့ iCloud မိတ်ဆက်ပွဲ တွေကို ပြုလုပ်ခဲ့ ပါသေးတယ်။

Steve ကသူ့ကျန်းမာရေး အခြေအနေကို သူသိပြီး Apple ကိုသူမရှိလည်း ပုံမပျက် ဆက်သွား နိုင်အောင် ကြိုတင် စီမံခဲ့ ပါတယ်။ 'Apple University' တည်ထောင် ခဲ့သလို သူရဲ့ နောက်ဆက်ခံသူ Tim Cook ကိုလည်း Board အဖွဲ့တွေနဲ့ သဘော တူညီမှုယူ ရွေးချယ် ခဲ့ပါတယ်။ Steve ကိုလူမြင်ကွင်းမှာ နောက်ဆုံး တွေ့ခဲ့ရတာက ၂၀၁၁ဇွန်မှာပါ။ ကျဆင်းလာတဲ့ ကျန်းမာရေး အခြေအနေကြောင့် သြဂုတ်၂၄မှာ Apple CEO အဖြစ်က အနားယူ ခဲ့ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး စီမံခဲ့သလို သူ့ကိုယ်ပိုင် ဘ၀ အတွက်လည်း အစီအစဉ်တွေ ထားရှိခဲ့ပါတယ်။ ဂျာနယ်လစ် Walter Isaacson နဲ့သူ့ရဲ့ ပထမဆုံး ကိုယ်ရေးစာအုပ် အတွက် အင်တာဗျူး ခံခဲ့ပါတယ်။ မိသားစုနဲ့ ခရီးထွက်ဖို့ သဘောင်္ တစ်စီးကို ကိုယ်တိုင် ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့ ပေမယ့်လည်း သေခြင်းတရားက လက်ဦးသွား ပါတယ်။ အောက်တိုဘာလ ၄ရက်မှာ Apple ရဲ့ iPhone 4S မိတ်ဆက်ပွဲကို ကုတင်ပေါ်က ကြည့်ခဲ့ပြီး နောက်တစ်ရက် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၅ရက်နေ့ မှာတော့ Steve Job ကမိသားစုဝင်တွေ ၀န်းရံလျက် Palo Alto ကနေအိမ်မှာ အေးချမ်းစွာ ကွယ်လွန် သွားခဲ့ပါတယ်။ ဆယ်စုနှစ် တစ်ခုစာ ကင်ဆာရောဂါကို ရင်ဆိုင်ခဲ့ ရပြီး ကွယ်လွန်ချိန်မှာ အသက် ၅၆နှစ်သာ ရှိပါသေးတယ်။

Apple က Steve Jobs ကွယ်လွန်ကြောင်း ကြေညာချက် ထုတ်ခဲ့ပြီး သူ့ website မှာ Steve ဓာတ်ပုံနဲ့ "Steve Jobs 1955-2011" လို့ရေးသား ခဲ့ပါတယ်။ CEO Tim Cook က Apple အနေနဲ့ အရာရာကို ကြိုတင် တွေးမြင် နိုင်တဲ့ ပါရမီရှင် ခေါင်းဆောင် တစ်ဦး ဆုံးရှုံးခဲ့ ရသလို ကမ္ဘာကြီး အနေနဲ့ အံ့သြဖို့ အကောင်းဆုံး လူသား တစ်ဦး ဆုံးရှုံးခဲ့ ရပါတယ်။ သူမရှိတော့ ပေမယ့် သူရဲ့ ၀ိညာဉ်က Apple နဲ့အတူ ရှိနေဦး မှာပါလို့ ရည်ညွှန်း ခဲ့ပါတယ်။ Fortune Magazine ကသူ့ကို CEO of the decade အဖြစ် သတ်မှတ် ပေးခဲ့သလို သူ့မွေးရပ်မြေ California က California Hall of Fame မှာသူ့ကို ထည့်သွင်း ထားခဲ့တာတွေ အပါအ၀င် ဂုဏ်ပြုခံ ဆုတွေ အများကြီး ချီးမြှင့်ခံ ခဲ့ရပါတယ်။ ဒါတင်မက တေးဂီတ ပိုင်းနဲ့ ပတ်သက်ပြီး သူလုပ်ခဲ့တဲ့ အပြောင်းအလဲ တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ၂၀၁၂ ခုနှစ်မှာ Grammy Trustees Award ကိုချီးမြှင့် ခံခဲ့ရပါတယ်။ Disney ရဲ့ John Carter ဇာတ်ကားနဲ့ Pixer ရဲ့ Brave ဇာတ်ကား တွေက သူ့ကို ရည်ညွှန်းတဲ့ ရုပ်ရှင် တွေဖြစ်ပြီး Walter Isaacson ရေးသား ခဲ့တဲ့ သူ့ရဲ့ ဘ၀အကြောင်း စာအုပ် Steve Jobs က၂၀၁၁မှာ ထွက်ရှိခဲ့ ပါတယ်။



မမေ့သင့်တဲ့ ဖေဖော်ဝါရီ ၁၃


ဖေဖေါ်ဝါရီ ၁၃ ဆိုရင် နိုင်ငံရဲ့အထိပ်အမြတ် ခေါင်းဆောင်တစ်ယောက်၊ သေတဲ့အထိ နိုင်ငံ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် တည်တည်တံ့တံ့ ရပ်တည်ပေးခဲ့ပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းပေးသွားတဲ့ ကျွန်ုပ်တို့နိုင်ငံရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ကျရောက်လာတော့မှာ ဖြစ်ပါတယ်။  ကျွန်မတို့လို လူငယ်တွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ နိုင်ငံအတွက် စွမ်းစွမ်းတမံ အကျိုးဆောင်ပေးခဲ့တဲ့ ကမ္ဘာ့သမိုင်းဝင် လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သိသင့်သိထိုက်တယ် ထင်တဲ့အတွက် ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးတစ်စုံတစ်ရာ မပါဝင်ဘဲ အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့သာ ကျွန်မတို့ MYMC ကနေ ဗိုလ်ချုပ်ရဲ့ သမိုင်းနဲ့ သူရဲ့ရဲရင့်စွာ လုပ်ဆောင်ခဲ့ပုံများကို ဂုဏ်ယူစွာ တင်ပြပေးမှာဖြစ်ပါတယ်။။   အမှားတစ်စုံတစ်ရာ ရှိခဲ့တယ်ဆိုရင်လည်း နားလည်ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်ရှင်။ ကဲ.. ဒါဆို ဗိုလ်ချုပ်ရဲ့ ငယ်ဘ၀အကြောင်းကနေ စလိုက်ရအောင်နော်။


2အောင်ဆန်းဇာနည်
ဖေဖေါ်ဝါရီ ဆယ်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာ တစ်ဆယ်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး၊
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား၊
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။


မွေးဖွားရာအချိန်နှင့် ဇာတိ

မြန်မာနိုင်ငံကိုချစ်တဲ့ မျိုးချစ်သူရဲကောင်း၊ တော်လှန်ရေးတွေမှာ အဆက်မပြတ် ပါဝင်ခဲ့တဲ့ 1 နိုင်ငံရေးကောင်း သမားတစ်ဦး ဖြစ်တယ် ဗိုလ်ချုပ် အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က  အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူရဲ့ဖခင်ကတော့ ရှေ့နေဦးဖာ ဖြစ်ပြီး မွေးမိခင်ကတော့ ဒေါ်ခင်စု ဖြစ်ပါတယ်။ 3သူမွေးဖွားတဲ့ အချိန်မှာ ပထမ ကမ္ဘာစစ်ကြီးရဲ့ ဒုတိယနှစ် ထဲကို ရောက်နေ ပြီးတော့ ဂျာမနီက ရေငုပ် သင်္ဘောများနဲ့ ဗြိတိသျှ ရေတပ်ကို အကြီးအကျယ် ဒုက္ခပေးနေတဲ့ အချိန် လည်းဖြစ်ပါတယ်။ အဲ့ဒီနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့၊ မြန်မာခုနှစ်အရ ၁၂၇၆ ခုနှစ် တပေါင်းလဆန်း တစ်ရက် စနေနေ့ မနက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားလာခဲ့ပါတယ်။ နက္ခတ်ဗေဒင်ဆရာကြီး ကီရို ဟောပြောချက်အရ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မွေးဖွားသူတို့က တိုင်းပြည်တစ်ပြည်ရဲ့ အစိုးရထီးနန်းကို ဖြိုဖျက်နိုင်စွမ်းသူများကို မွေးဖွားတဲ့ဇာတာလို့ ဟောခဲ့ပါသေးတယ်။

အမည်နာမနှင့် မွေးချင်းမောင်နှမ

ဇာတာအရ မှည့်ထားတဲ့ နာမည်ကတော့ မောင်ထိန်လင်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ဘယ်သူကမှ ထိန်လင်းလို့ ခေါ်လေ့ခေါ်ထမရှိဘဲ သူ့အကို ကိုအောင်သန်းရဲ့ နာမည်နဲ့ လိုက်အောင် မှည့်ထားတဲ့ မောင်အောင်ဆန်း လို့သာ ခေါ်ကြတော့တယ်။ နောက်ပိုင်း ဒို့ဗမာ အစည်းအရုံးကို ၀င်ရောက်တဲ့အခါ သခင်အောင်ဆန်း ဖြစ်လာခဲ့တယ်။ သခင် အောင်ဆန်းရဲ့ ဂျပန်အမည်ကတော့ အိုမိုဒါမွန်ဂျီ ဖြစ်ပါတယ်။ အဲ့ဒီနောက် ထိုင်းနိုင်ငံ ဗန်ကောက် ရဲဘော် သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာကနေ ဗိုလ်တေဇဖြစ်လာခဲ့တယ်။ နောက်ဆုံးကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်တဲ့ နေရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်းအမည်နဲ့ ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမှာ သူအပါအ၀င် မွေးချင်းမောင်နှမ ၈ ယောက်ရှိပါတယ်။ သူတို့တွေကတော့
1) မခင်ညွှန့် (လယ်ဝန်ကတော်) ကွယ်လွန်
2) မ၀က် (အိပ်ထောင်မပြု) ကွယ်လွန်
3) မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်နဲ့ အတူလုပ်ကြံခံရ)
4) မရွှေမှန် (ငယ်စဉ်ကကွယ်လွန်)
5) မောင်နေအောင် (အမိန်တော်အရရှေ့နေ ကွယ်လွန်)
6) ခုနှစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်း ကွယ်လွန်)
7) ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ်) ကွယ်လွန်
8) ဗိုလ်ချုပ်အောင်ဆန်း တို့ဖြစ်ပါတယ်။


ငယ်ဘ၀အကျဉ်းချုပ်

5ဗိုလ်ချုပ်မွေးဖွားတုန်းက သိပ်မထူးဆန်းပေမယ့် ထိုင်နိုင်ထနိုင်တဲ့ ကလေးဘ၀ကစပြီး ထူးခြားခဲ့တယ်လို့ သိရပါတယ်။ တော်တော်လည်း ဂွကျသူဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ငယ်ငယ်တုန်းက တော်တော်နဲ့ စကား မပြောတာကြောင့် လူကြီးမိဘများက ဆွံ့အ နေသလားဆိုပြီး စိုးရိမ် ကြောင့်ကြခဲ့ရပါတယ်။ ဗိုလ်ချုပ်က ငယ်ငယ် တုန်းက ချူချာတဲ့အပြင် အစားလည်းကြူးပြီး အမဲသား ငါးကို  အလွန်ကြိုက်ပါတယ်။ ငယ်ငယ်တုန်းက မိခင်နဲ့ ဈေးဝယ်လိုက်သွားရင်း အမဲသားစိမ်းမြင်တာနဲ့ အတင်းလုစားမယ်လုပ်တယ်လို့ သူရဲ့မိခင်က ပြောခဲ့ပါတယ်။ ဒါ့အပြင် ယဉ်ကျေးတဲ့သူတွေကို အမြင်မကြည်ဖြစ်ပြီး အဲ့လိုလူတွေကြားထဲမှာ သိပ်လည်းနေသားမကျခဲ့ပါဘူး။ ဗိုလ်ချုပ်နေချင်တဲ့ပုံစံက လူရိုင်းပြီး ကြမ်းတမ်းခက်ထန်ပေမယ့် တည်ကြည်ပြီး လွတ်လပ်သန်စွမ်းတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ 1-3ဗိုလ်ချုပ်ငယ်ငယ်တုန်းက အတီးအမှုတ်၊ အကအခုန် အတော် ၀ါသနာပါခဲ့တယ်။ အထူးသဖြင့် ဆိုင်းတီး တာကို အတော်ဝါသနာ ပါတယ်လို့ ပြောကြပါတယ်။ စားပွဲဖြစ်ဖြစ်၊ ခေါက်စရာတွေ့ရင် လက်ကွဲတဲ့အထိ အမြဲတမ်း ခေါက်နေလေ့ ရှိပါတယ်။ များသော အားဖြင့် ဣနြေ္ဒကြီးပြီး ချောင်တချောင် မှာကပ်ပြီး မှိုင်ကာ စဉ်းစားနေလေ့ရှိပြီး ကစားခုန်စား သိပ်လုပ်လေ့လုပ်ထ မရှိပေမယ့် ကစားတဲ့အခါ ကြမ်းတမ်းပြီး ကြမ်းတမ်းတဲ့ ကစားနည်းကိုမှ နှစ်သက်တတ်ပါတယ်။ မျက်နှာလို မျက်နှာရနဲ့ အထက်လူကြီးတွေကို တိုင်တောခြင်းကို ငယ်ငယ်ကတည်းက အထူးစက်ဆုပ် ရွံ့မုန်းခဲ့သူဖြစ်တယ်။

ကျောင်းသားဘဝ

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိဘနှစ်ပါးလုံးမှာ ဥာဏ်ရည်ထက်မြတ်သောသူတွေ ဖြစ်ကြပါတယ်။ ဗိုလ်ချုပ်ရဲ့ဖခင်က ရှေ့နေစာမေးပွဲမှာ ဗမာပြည်တပြည်လုံး တတိယစွဲခဲ့ပါတယ်။ အကိုများ၊ ၀မ်းကွဲညီအစ်ကိုများ နဲ့ ဦးလေးတွေကလည်း သူတို့ရဲ့ ကျောင်းစာမေးပွဲမှာ ထိပ်တန်းကျကျ အောင်မြင်ခဲ့ကြသူချည်းပါပဲ။ ဗိုလ်ချုပ်ရဲ့မိဘ များကလည်း ပညာရေးကို အထူးလိုလားကြတဲ့အတွက် ဗိုလ်ချုပ်ရဲ့ အစ်ကိုတွေကိုငါးနှစ်သား အရွယ်ကစပြီး ကျောင်းထားခဲ့ကြသည်။ ဗိုလ်ချုပ်ကတော့ 6အငယ်ဆုံးဖြစ်ပြီး အလိုလိုက် ထားတာကြောင့် အသက် ၈နှစ်ရောက်မှ ကျောင်းစနေ ဖြစ်ခဲ့ပါတယ်။။ ဒါတောင် အစ်ကိုက ရှင်ပြုတာအားကျပြီး ရှင်ပြုချင်လို့ ကျောင်းနေခဲ့တယ်လို့ ဆိုပါတယ်။။ ကျောင်းတက်တော့လည်း အတန်းကျောင်း တက်ခဲ့ရတာကြောင့် စာသင်နှစ် ၄ နှစ်တည်းနဲ့ ၁၀တန်း အောင်မြင် ခဲ့ပါတယ်။။ အင်္ဂလိပ်-မြန်မာ သတ္တမတန်းစာမေးပွဲမှာ ဗမာတစ်နိုင်ငံလုံး န၀မစွဲခဲ့ပြီး အထက်တန်း စကေားလားရှစ် ရခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ကျောင်းနဲ့ အမျိုးသားကျောင်းများမှာလည်း ပထမစွဲခဲ့ပြီး ဦးရွှေခိုဆုကို ရရှိခဲ့ပါတယ်။

အထက်တန်းပညာရေးကို နတ်မောက်နဲ့ ရေနံချောင်းတို့မှာ သင်ယူပြီးနောက် ရန်ကုန် တက္ကသိုလ်မှာ ၆ နှစ်ခွဲလောက်နေခဲ့ပြီး အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံတို့ကိုလည်း သင်ယူခဲ့ပါသေးတယ်။။ နိုင်ငံရေးစိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့လာနိုင်တဲ့အတွက် (ဘီ-အေ) အတန်းအထိ အောင်ယုံသာအောင်ခဲ့ပြီး (ဘီ-အေ) အထက်တန်းနှစ်တွင် ကျောင်းသားသပိတ် ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတွက် အလုပ်ရှုပ်သဖြင့် (ဘီ-အေ) စာမေးပွဲကို တစ်နှစ်မဖြေဘဲ နေခဲ့ရပါသေးတယ်။ အဲ့ဒီနောက် (ဘီ-အယ်လ်) အတန်းကိုတက်တဲ့ အချိန်မှာတော့ အတန်းလည်းမှန်မှန်မတက်၊ စာအုပ်လည်းမရှိ၊ မှတ်စုလည်းမထား၊ စာလည်းမကြည့်၊ သူစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားခဲ့တာကြောင့် (ဘီ-အယ်လ်) ပထမနှစ်စာမေးပွဲကို ကျရှုံးခဲ့ပါတယ်။ အဲ့ဒါက ဗိုလ်ချုပ်ဘ၀တွင် ပထမဆုံးနှင့် နောက်ဆုံးကျရှုံးခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေရာဇ၀င် ပထမမေးခွန်းမှာတော့ ဗိုလ်ချုပ်က ပထမရခဲ့ပါတယ်။ ဒုတိယ (ဘီ-အယ်လ်) နှစ်မှာတော့ နှစ်စေ့အောင် ကျောင်းမနေတော့ပါ။ အကြောင်းအရင်းကတော့ ဥရောပတိုက်မှာ မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မလို ဖြစ်နေတဲ့ခြေအနေနဲ့ ဗမာပြည်မှာလည်း အထိကရုန်း အခြေအနေတွေကြောင့် တိုင်းပြည်အတွက် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့အတွက် နှစ်ဝက်မှာကျောင်းထွက်ပြီး သခင်ဘ၀သို့ ကူးပြောင်းခဲ့ပါတော့တယ်။

နိုင်ငံအတွက်လှုပ်ရှားခဲ့မှုများ

ဗိုလ်ချုပ်ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂတွင် အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး အဲ့ဒီအဖွဲ့ကထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းမှာ အယ်ဒီတာ အဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၃၆ခုနှစ် ဖေဖေါ်ဝါရီလမှာ တက္ကသိုလ်အုပ်ချုပ်ရေး အရာရှိကြီး တစ်ဦးကို ရည်ညွှန်းထားတဲ့ ဆောင်းပါးဖြစ်တဲ့ ငရဲခွေးကြီး လွတ်နေသည် ဆိုတဲ့ ဆောင်းပါးကို အမည်မဖော်ပြခဲ့တဲ့အတွက် ကိုနု (သခင်နု)နှင့် အတူတကွ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက် သမိုင်းမှာ ကျောင်းသားသပိတ်ဆိုပြီး ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ကျောင်းကထုတ်တဲ့ အမိန့်ကို ပြန်လည်ရုတ်သိမ်း ခဲ့ရတယ်။ ၁၉၃၈ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားသပိတ် မန္တလေးကို ကူးစက်ပြီး နောက်ပိုင်းဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံးမှာ ဥက္ကဌအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါသေးတယ်။ အဲ့ဒီနှစ်မှာပဲ အစိုးရက သူ့ကို ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီမှာ ကျောင်းသားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ် အောက်တိုဘာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားရေးသို့ ကူးပြောင်းခဲ့ပြီး ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမားတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။ ဒို့ဗမာအစည်းအရုံး ၀င်တစ်ဦး ဖြစ်လာသောအခါတွင် သခင်တစ်ဦးပါဖြစ်လာခဲ့ပါတယ်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတာဝန်ကို ထမ်းဆောင်နေစဉ် ၁၃၀၀ ပြည့် အရေးတော်ပုံလို့ လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့ပါတယ်။

ဗမာ့ထွက်ရပ်ဂိုဏ်းကြီးကို ထူထောင်ရာမှာလည်း ပါဝင်ခဲ့ပြီး အဲဒီအဖွဲ့ကြီးက ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊10 နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်းဖြစ်ပြီး ဗိုလ်ချုပ်က အဲဒီမဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှုး ဖြစ်လာခဲ့ပါတယ်။ မကြာခင်မှာပဲ ဗိုလ်ချုပ်က ပြည်သူ့တော်လှန်ရေးပါတီကို ထူထောင်ရာမှာ ပါဝင်ခဲ့ပါသေးတယ်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းမှာ အဲဒီအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လမှာတော့ အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့ပေမယ့် အစိုးရက ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တဲ့အတွက် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ရပြီး နောက်ဆုံးမှာတော့ နိုင်ငံရပ်ခြားကို ပြေးခဲ့ရပါတယ်။ စစချင်းမှာ ဗိုလ်ချုပ်ကတရုတ်ပြည်သို့သွားပြီး ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့ကိုအမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာသွားရန် တိုက်တွန်းခဲ့ပါတယ်။

12၁၉၄၅ ခုနှစ် ဖေဖေါ်ဝါရီမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်ကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ဖူမီမာရိုကိုနိုး အစိုးရဆီက လက်နက်နဲ့ ငွေကြေးထောက်ပံမယ်ဆိုတဲ့ ကတိရလာခဲ့ပါတယ်။ အဲ့ဒီနောက် စစ်သင်တန်းတက်ဖို့ ရဲဘော်သုံးကျိတ် အဖွဲ့ဝင်တွေနဲ့ ဂျပန်ပြည်ကို ခဏပြည်လည် ထွက်ခွာသွားခဲ့ပါတယ်။ ၁၉၄၂ ခုနှစ် မတ်လမှာ မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်ဟာ ဂျပန်တို့ လက်အောက်သို့ ကျရောက် သွားခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်နေ့မှာ ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေးကို ကြေညာပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ဗိုလ်ချုပ်ရဲ့တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမယ့် ဂျပန်တို့နဲ့ပူးပေါင်းမှုကတော့ ကြာကြာတော့မခံလိုက်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်များပြောတယ့် လွတ်လပ်ရေးဆိုတာကို သံသယဝင်လာတဲ့အပြင် ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေး ကိုလည်း မနှစ်မြို့ခဲ့ပါဘူး။ ဂျပန်တပ်များ မဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင် သတိပေးခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်များဖြစ်တဲ့ သခင်သန်းထွန်း၊ သခင်စိုးတို့၏ အကူအညီနဲ့ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဘီအင်အေတပ်ကို ဦးဆောင်ပြီး ဂျပန်ကျူးကျော်သူများကို မဟာမိတ်တို့နဲ့ ပူးပေါင်းပြီး တိုက်ထုတ်ခဲ့ပါတော့တယ်။ ဒါကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်အစိုးရမှ တပ်မတော်နေ့လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်ုးရဲ့မိသားစု



ဗိုလ်ချုပ်ဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၄၂ ခုနှစ် မှာ ဒေါ်ခင်ကြည်နှင့်14 လက်ထပ်ခဲ့ပြီး အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်စတဲ့ သား(၂)ယောက်၊ သမီး(၁)ယောက် ရခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဒေါ်ခင်ကြည်ရဲ့ ညီမကတော့ ကွန်မြူနစ် ခေါင်းဆောင် သခင်သန်းထွန်းနဲ့ လက်ထပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့သားအကြီးဆုံး ဦးအောင်ဆန်းဦးက အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိပြီး ဒုတိယမြောက်သား အောင်ဆန်းလင်းကတော့  ၈ နှစ်သား အရွယ်မှာ ခြံထဲကရေကန်မှာ ရေနစ်သေဆုံးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အငယ်ဆုံး သမီး ဒေါ်အောင်ဆန်းစုကြည် ကတော့ အခုအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်လျှက်ရှိပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

15ဗိုလ်ချုပ်က ဘာသာရေးဆိုင်ရာ စာပေများကို ရေးသားခဲ့ရုံသာမက ဘာသာရေးနဲ့သက်ဆိုင်တဲ့ အလုပ်တွေကိုလည်း လုပ်ခဲ့ပါသေးတယ်။ ၁၉၃၅ခုနှစ် ဂန္ဓလောက မဂ္ဂဇင်း ဧပြီလထုတ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး Burma and Buddhism ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးသားခဲ့ပါတယ်။ အသက် (၂၀)အရွယ်မှာ ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ ကျင့်သုံးနည်း' ဆိုတဲ့ဆောင်းပါးကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့ပါသေးတယ်။ စာပေနဲ့ပတ်သက်ပြီး အညာသားလေး ဆိုတဲ့ ကလောင်နာမည်နဲ့ သူရိယ မဂ္ဂဇင်းမှာ စာရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ရဲ့အရေး ကောင်းကျိုးကို လိုလားတာကြာင့် နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရပေမယ့် တကယ်တမ်းက စာရေးဆရာတစ်ယောက် ဖြစ်ချင်တာလို့ သိရပါတယ်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့က ကိုယ့်မင်းကိုယ့်ချင်း လမ်းရှိ ဖဆပလဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ဆရာများ အစည်းအဝေးမှာ ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဆိုပြီး သူဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းပြောခဲ့သေးတယ်။

ဗိုလ်ချုပ်မကွယ်လွန်ခင်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ 16တော်တော်များများကို ရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်ရေးသားခဲ့တဲ့ စာတွေကလည်း ဖတ်ရင် တိကျရှင်းလင်းပြီး ပေါ်ပေါ်လွင်လွင် ဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်က ‘တကမ္ဘာ လုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံ လိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီး ဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့ အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာ ဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ လို့ ပြောကြားခဲ့ပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းဟာ အနိုင်မခံဆိုတဲ့ ကဗျာကိုလည်း ၁၉၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်းရဲ့ အတွဲ ၆ အမှတ် ၁ တွင် ရေးသား ခဲ့ပါ သေးတယ်။


 အနိုင်မခံ
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓါတ်ကို ဖန်တီးပေးသည် နတ်သိကြားတို့အား ငါ ကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ခုပ်တွင်းသိုပ
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒါဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အားမတုန်လှုပ်သည်ကိုတွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရအံ့။
သုဂတိသို့ သွားရာတံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။
FROM:MYMC

ဲမြန်မာ့ မျိုးဆက်သစ်တွေ သိသင့်တဲ့ ဦးသန့် အကြောင်း


Biography/ ငယ်စဉ်ဘဝ

(Kyway Yote Lay) ဟုတ်ကဲ့... ဦးသန့်ရဲ့အကြောင်းကို စပြီးတော့ပြောရမယ်ဆိုရင် သူ့ရဲ့ငယ်ဘဝလေးကို တစ်ချက်ကြည့်ကြမယ်နော်။ ဦးသန့်ကို ဖခင်ဦးဖိုးနှစ်နဲ့ မိခင်ဒေါ်နန်းသောင်တို့က ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာမွေးဖွားခဲ့ပါတယ်။ ပန်းတနော်ဇာတိဖြစ်တဲ့အတွက် နောင်အခါမှာ ဦးသန့်ကို “ပန်းတနော်ဦးသန့်” လို့ ခေါ်တွင်ကြပါတယ်။ ဦးသန့်ရဲ့မိဘတွေဟာ အောင်မြင်တဲ့ မြေပိုင်ရှင်နဲ့ ဆန်ကုန်သည်တွေဖြစ်ကြပါတယ်။ ဖခင်ဦးဖိုးနှစ်က မွတ်စလင်နဲ့ ဗုဒ္ဓဘာသာသွေးနှောတဲ့မျိုးရိုးက ဆင်းသက်လာတဲ့သူဖြစ်ပြီးတော့ ရန်ကုန်မြို့မှာ သူရိယသတင်းစာကို ထူထောင်ခဲ့ပါတယ်။ 10မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာမှာလည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဖခင်ကွယ်လွန်စဉ်တုန်းက ဦးသန့်ဟာ အသက်၁၄နှစ်သား သာရှိပါသေးတယ်။ အမွေဆက်ခံမှု အရှုပ်အရှင်းတွေကြောင့် မိခင်ဒေါ်နန်းသောင်နဲ့ ကလေး၎ယောက်ဟာ စီးပွားရေး အကြပ်အတည်း ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။

ဦးသန့်ဟာ ငယ်စဉ်က ပန်းတနော်အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဘာသာရပ်ကို ဆက်ပြီးသင်ယူခဲ့ပါတယ်။ တက္ကသိုလ်ပြီးသွားတော့ ပန်းတနော်အမျိုးသားကျောင်းမှာ ကျောင်းဆရာ လုပ်ဖို့ပြန်လာခဲ့ပါတယ်။ အသက် ၂၅နှစ်မှာ အဲ့ဒီကျောင်းရဲ့ ကျောင်းအုပ်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အနီးအနားမှာရှိတဲ့ မအူပင်မြို့မှာ နေထိုင်ပြီး ပညာအုပ်ဖြစ်တဲ့ (နောင်တစ်ချိန်မှာ မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာမယ့်) ဦးနုနဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်။ ကဲ.. DollFace က ဆက်ပြောပေးပါဦးနော်။

(DollFace) ဟုတ်ကဲ့..။ ဦးသန့်ဟာ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတဲ့ “ဂန္တလောက” မဂ္ဂဇင်းရဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ၄ ကြိမ်တိုင်တိုင် ပထမဆုရရှိခဲ့သူ ဖြစ်ပါတယ်။ ဦးသန့်ရဲ့ ပထမဆုံးစာမူဟာ အင်္ဂလိပ်လို ရေးသားထားတဲ့ စာမူဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်မှာ ပုံနှိပ်ဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။ မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ်အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စတဲ့ စာအုပ်တွေကို ရေးသားခဲ့သလို နိုင်ငံရေးဝေဖန်ချက်၊ စာပေ ဝေဖန်ချက်တွေ အပါအဝင် ပညာရေး၊ လူမှုရေးဆိုင်ရာ ဆောင်းပါးတွေကို သီလဝ၊ မောင်သန့်၊ ဦးသန့် ဆိုတဲ့ ကလောင်အမည်တွေနဲ့ ရေးသားခဲ့ပါတယ်။ စာပေဝေဖန်ရေး နိုင်ငံရေးဝေဖန်ချက်တွေကို ရေးသားတဲ့အခါ သူ့ရဲ့အယူအဆတွေကို ပွင့်ပွင့်လင်းလင်း ရေးသားခဲ့သလို သူ့ရဲ့အတွေးအခေါ် အယူအဆတွေကလည်း ခေတ်မီတာကို တွေ့ရပါတယ်။

ပြည်သူ့ဝန်ထမ်းဘဝ

(DollFace) လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံမှာ ဦးနုဝန်ကြီးချုပ်ဖြစ်လာတဲ့အခါမှာ ဦးသန့်ကိုရန်ကုန်ကိုခေါ်ပြီး ၁၉၄၈ခုနှစ်မှာ အသံလွှင့်ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်ရှင်။ အဲ့ဒီနောက်ပိုင်း ၁၉၅၃ ခုနှစ်မှာ မြန်မာနိုင်ငံသတင်းနဲ့ ပြန်ကြားရေးဌာနအတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ၀န်ကြီးချုပ်ရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးနုအတွက် မိန့်ခွန်းတွေရေးသားပေးတာ၊ နိုင်ငံခြားခရီးစဉ်တွေ စီစဉ်ပေးတာ၊ နိုင်ငံခြားဧည့်သည်တော်တွေကို လက်ခံတွေ့ဆုံပေးတာ စသဖြင့်ဆောင်ရွက်ခဲ့ရင်းနဲ့ ဦးနုရဲ့ အယုံကြည်ရဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ conference 11အများအပြားကိုတက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာကျင်းပတဲ့ “ဘက်မလိုက်လှုပ်ရှားမှု” ကို မွေးဖွားပေးခဲ့တဲ့ ပထမအကြိမ် အာရှ-အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံမှာ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

(Craton) နောက်ပိုင်းမှာ အမြဲတမ်း ဖြောင့်ဖြောင့်မှန်မှန်လုပ်တတ်ပြီး မှန်တယ်ထင်ရင် အလျှော့မပေးတတ်တဲ့ ဦးသန့်နဲ့ တိုင်းပြည်ခေါင်းဆောင်ဦးနုတို့ မသင့်မမြတ်ဖြစ်လာတာကနေစပြီး ၁၉၅၇ခုနှစ်မှာ ဦးသန့်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်လိုက်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ New York ကိုစေလွှတ်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ဦးသန့်ဟာ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ်သာမက တစ်ချိန်တည်းမှာပဲ ယာယီကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရပါတယ်။ ၁၉၆၀ ခုနှစ်မှာ မြန်မာအစိုးရက ဦးသန့်ကို “ပြည်ထောင်စုစည်သူသင်္ဂဟ ပြန်တမ်း” အရ “မဟာသရေစည်သူဘွဲ့” နဲ့ ဗိုလ်ရာထူးကို ပေးအပ်ခဲ့ပါတယ်။ ကဲ.. ကျွန်တော်ကပဲ ကုလသမဂ္ဂအဖွဲ့ဝင်ထဲကို ဦးသန့် တဖြည်းဖြည်းဝင်ရောက်လာပုံကို အနည်းငယ်ဆက်ပြောသွားပါမယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (ဆောင်ရွက်ချက်များ)



(Craton) ဦးသန့်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို အာရှနိုင်ငံတွေထဲမှာ ပထမဦးဆုံးရရှိခဲ့တဲ့သူပါ။ 4၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ကစတင်ပြီး အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဂ် ဟမ်းမားရှိုးလ်ဒ် (Dag Hammarskjöld) ရဲ့ မကုန်ဆုံးသေးတဲ့သက်တမ်းကို ဖြည့်ဆည်းဖို့ အထွေထွေညီလာခံမှာ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့ ယာယီအထွေထွေ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရပါတယ်။ အဲ့ဒီနောက် ၁၉၆၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ အထွေထွေညီလာခံကနေ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ သက်တမ်းအထိ ခန့်အပ်ခြင်းခံရပါတယ်။ သူ့ရဲ့ပထမသက်တမ်းအတွင်းမှာ ဦးသန့်ဟာ ကျူးဘားဒုံးပျံပြဿနာ (Cuban Missile Crisis) ကိုဖြေရှင်းရာမှာ ပါဝင်စေ့စပ်ပေးခဲ့ပြီး ကွန်ဂိုပြည်တွင်းစစ်ကို ပြီးဆုံးအောင် ကိုင်တွယ်ဖြေရှင်း ပေးနိုင်ခဲ့တဲ့အတွက်ကြောင့် ကမ္ဘာက အသိအမှတ်ပြုခြင်းကိုခံခဲ့ရပါတယ်။ ဆက်လက်ပြီးတော့ ဦးသန့်ရဲ့ ဒုတိယရာထူး သက်တမ်းအကြောင်းလေးကို မကြွေရုပ်လေးကပဲ တင်ဆက်ပေးပါဦးမယ်။

Kyway Yote Lay) ဟုတ်ကဲ့ပါရှင်။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ လုံခြုံရေးကောင်စီရဲ့ တညီတညွတ်တည်း ထောက်ခံမှုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် သူ အငြိမ်စားယူမယ့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ခန့်အပ်ခြင်းခံရပါတယ်။ ဒီဒုတိယသက်တမ်းအတွင်းမှာ ဦးသန့်ဟာ အလုပ်တွေအများကြီးလုပ်ခဲ့ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းအတွင်းကို အာရှနဲ့ အာဖရိက,က နိုင်ငံတော်တော်များများ ဝင်ရောက်နိုင်ရေးကိစ္စတွေ၊ 5တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးတွေ၊ ၁၉၆၂ ခုနှစ်မှာ ယီမင်အရေးနဲ့ ၁၉၆၈ ခုနှစ်မှာ ဘာရိန်းအရေး၊ ၁၉၆၇ ခုနှစ်မှာ အာရပ်-အစ္စရေးခြောက်ရက်စစ်ပွဲ၊ ပရာ့ဂ်နွေဦးတော်လှန်ရေး (Prague Spring) နဲ့ ချက်ကိုစလိုဗက်ကီးယားကို ဆိုဗီယက်ကျူးကျော်မှုအရေးအခင်း၊ ဗီယက်နမ်စစ်၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွတ်လပ်ရေးရရှိစေမယ့် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ စတာတွေကို အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် အမေရိကန်-ဆိုဗီယက် စစ်အေးတိုက်ပွဲမှာတုန်းက သမ္မတနှစ်ဦးအကြား ဦးသန့်ဟာ “တတိယ ဘာသာစကားအသစ်” ကိုအသုံးချ၊ “တွေ့ဆုံအဖြေရှာရေး” ကိုအခြေခံပြီး စေ့စပ်ဆောင်ရွက်ပေးခဲ့တဲ့အတွက် ဆိုဗီယက်တို့က ဒုံးကျည်စခန်းတွေကို ရုပ်သိမ်းသွားပြီး အမေရိကန်တွေက ကျူးဘားကို ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့ပါတယ်။


ဒီအရေးအခင်းတွေအားလုံးဟာ ငြိမ်းချမ်းရေးကို ထိပါးစေနိုင်တဲ့အပြင် စစ်ဖြစ်ကြမယ့်အရေးတွေဖြစ်ပြီး ဦးသန့်ရဲ့လိမ္မာပါးနပ်စွာ ကြားဝင်စေ့စပ်ပေးမှုတွေကြောင့်သာ စစ်ကိုရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က ၂ဝ ရာစုရဲ့ အထင်ကရပုဂ္ဂိုလ်များအကြောင်း စုစည်းထုတ်ဝေထားတဲ့ Who's Who in the 20th Century စာအုပ်မှာ ဦးသန့်ရဲ့အကြောင်းပါဝင်ပြီး နိုင်ငံတကာအရေးအခင်းတွေကို မတုန်မလှုပ်ဘဲ တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့သူဖြစ်တယ်လို့ အတ္ထုပ္ပတ္တိအကျဉ်းရဲ့ အစမှာ ဆိုထားပါတယ်။ တကယ်လည်း ဦးသန့်က သူ့လက်ထက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းပေါင်းမြောက်များစွာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့သူဖြစ်ပါတယ်ရှင်။


(Craton) ဟုတ်ကဲ့။ ဦးသန့်ဟာ UFO ယာဉ်ပျံတွေကိစ္စနဲ့ ပတ်သက်လို့ စိတ်ဝင်တစားလေ့လာခဲ့သလို ၁၉၆၇ ခုနှစ်မှာ အမေရိကန်လူမျိုး ရူပဗေဒပညာရှင် ဒေါက်တာ 6James E. McDonald ကို UFO နဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ စကားပြောနိုင်ဖို့ စီစဉ်ပေးခဲ့ဖူးပါတယ်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ ဦးသန့်က သူဟာဘယ်အကြောင်းပြချက်နဲ့မှ တတိယသက်တမ်း အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဆက်လက်လုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။ အဲ့ဒီတော့ လုံခြုံရေးကောင်စီကလည်း ဦးသန့်နေရာမှာ ဆက်ခံမယ့်သူကို သီတင်းပတ်ပေါက်များစွာ အပူတပြင်းလိုက်ရှာရတော့တာပေါ့။ နောက်ဆုံးမှာတော့ ကွတ်ရ်ထ် ဝါးလ်ဒ်ဟိုင်းမ် (Kurt Waldheim) ကို ရွေးချယ်လိုက်ပါတယ်။ ဦးသန့်က သူ့နောက်ဆုံး တာဝန်သက်တမ်းမကုန်ဆုံးမီ ၁၀ရက်အလိုမှာပဲ Kurt ကို တာဝန်ဝတ္တရားတွေအားလုံး လွှဲအပ်ပေးခဲ့ပါတယ်။ ဦးသန့်အငြိမ်းစားယူသွားတာနဲ့ ပတ်သက်ပြီး New York Times သတင်းစာရဲ့ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ အယ်ဒီတာ့အာဘော်မှာလည်း The Liberation of U Thant ဆိုတဲ့ခေါင်းစဉ်နဲ့ တခမ်းတနား ဂုဏ်ပြုရေးသားဖော်ပြခဲ့ပါတယ်။ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာ ဦးသန့်ဟာ Palisade နဲ့ Douglas Avenues လမ်းကြား၊ ၂၃၂ လမ်းအနီးမှာရှိတဲ့ ၄.၇၅ ဧကလောက်ကျယ်တဲ့ Riverdale, Bronx ခြံမှာ နေထိုင်ခဲ့ပါတယ်။

နောက်ဆုံးနေ့ရက်နှင့် မိသားစု

3(DollFace) ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာတော့ ဦးသန့်ဟာ အဆုတ်ကင်ဆာနဲ့ New York မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ ဦးသန့်ရဲ့ဆန္ဒအရ သူ့ရဲ့ရုပ်အလောင်းကို ရန်ကုန်ကိုပြန်ပို့ပေးခဲ့ပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ ဦးသန့်ရုပ်အလောင်းကို မြေမချခင် အများပြည်သူ နောက်ဆုံးဂါရဝ ပြုနိုင်ဖို့အတွက် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ပြသထားပါတယ်။ အဲ့ဒီမှာပဲ တသီးတသန့်မြှုပ်နှံဖို့ဆိုပြီး ကျောင်းသားနဲ့ပြည်သူတချို့က ဦးသန့်ရုပ်အလောင်းကို လုယူသွားပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနေရာဟောင်းမှာ မြှုပ်နှံသဂြိုလ်လိုက်ကြပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အတွင်း ကျောင်းသားတွေကပဲ ယာယီဦးသန့်ဗိမ္မာန်ပြုလုပ်လိုက်ကြပါတယ်။ အဲ့ဒီကစလို့ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်လင်းအားကြီးချိန်မှာ အစိုးရက ကျောင်းဝင်းထဲဝင်ရောက်ပြီး ဦးသန့်ရုပ်အလောင်းကို ပြန်လည်ယူဆောင်သွားပြန်ပါတယ်။ နောက်ဆုံးမှာတော့ ဦးသန့်ကို ရွှေတိဂုံစေတီတော် ခြေရင်းမှာ မြှုပ်နှံပေးလိုက်ပါတယ်။ အဲ့ဒီအချိန်တုန်းက လူထုအုံကြွမှုကိုပဲ “ဦးသန့်အရေးအခင်း” လို့ ခေါ်တွင်ပါတယ်။

ဦးသန့်ရဲ့ မိသားစုနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်... ဦးသန့်ဟာ ဒေါ်သိန်းတင်နဲ့ ထိမ်းမြားလက်ထပ်ခဲ့ပြီးတော့သမီးတစ်ဦး၊ မြေး ၄ဦးနဲ့၊ မြစ် ၃ဦး ထွန်းကားခဲ့ပါတယ်။ ဦးသန့်ရဲ့ တစ်ဦးတည်းသော မြေးယောက်ျားဖြစ်တဲ့ ဦးသန်းမြင့်ဟာ သမိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာဌာနမှာ ဝါရင့်ဝန်ထမ်းတစ်းဦးဖြစ်ပါတယ်။ The River of Lost Footsteps စာအုပ်ကိုလည်း ဦးသန်းမြင့်က ရေးသားထုတ်ဝေခဲ့ပါသေးတယ်ရှင်။

အတွေ့အကြုံ၊ အမြင်နှင့် ဂုဏ်ပြုမှုများ

(Kyway Yote Lay) ဦးသန့်ရဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး  သူပါဝင်ဖြေရှင်းခဲ့ရတဲ့ အရေးအခင်းတွေအကြောင်းကို ရေးသားထားတဲ့ "View From the UN" ဆိုတဲ့စာအုပ်ကို American Publishing House က ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီလိုဖြေရှင်းရတဲ့အခါ နိုင်ငံတကာခေါင်းဆောင်တွေကို တာဝန်အရ ချဉ်းကပ်တာမျိုးတွေအပြင် အပြန်အလှန် ခင်မင်မှုတွေနဲ့လည်း ချဉ်းကပ်ရတာတွေရှိပါတယ်။ ဒီကြားထဲက ထူးခြားတဲ့ တိုက်ဆိုင်မှုတွေ ရှိခဲ့ပုံတွေကိုလည်း စာအုပ်ထဲမှာ ရေးသားထားပါတယ်။ ၁၉၆၆ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့မှာ ဦးသန့်ကို နိုင်ငံတကာ ချစ်ကြည်ရေးနားလည်မှုရရှိရေး ကြိုးပမ်းချက်အတွက် နေရူးဆုပေးအပ်ခဲ့ပြီး ဆုနဲ့အတူပါရှိတဲ့ အိန္ဒိယငွေ ရူပီး တစ်သိန်းကို ဦးသန့်က ကုလသမဂ္ဂ နိုင်ငံတကာဆိုင်ရာ ကျောင်းရန်ပုံငွေကို လှူဒါန်းခဲ့ပါတယ်။ မာရှယ်တီးတိုးကပေးအပ်တဲ့ ယူဂိုဆလဗ်တံခွန်ဘွဲ့တံဆိပ်အပြင် နိုင်ငံတကာက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေါင်း ၁၇ ဘွဲ့ ရရှိခဲ့ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေးအပ်ဖို့တောင် လျာထားခြင်းခံခဲ့ရပါတယ်။ မြန်မာပြည်ကပေးအပ်တဲ့ ဘွဲ့ထူးတွေကတော့ ဝဏ္ဏကျော်ထင်၊ သီရိပျံချီ၊ စည်သူဘွဲ့နဲ့ မဟာသရေစည်သူဘွဲ့တွေဖြစ်ပါတယ်။

(DollFace) ဟုတ်ကဲ့။ ဦးသန့်ရဲ့အသက် ၁၀၀ ပြည့်အထိမ်းအမှတ်မွေးနေ့ပွဲမှာတော့  လက်ရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဂုဏ်ပြုသ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။ မစ္စတာဘန်ကီမွန်းရဲ့သ၀ဏ်လွှာမှာ ဦးသန့်ဟာ ရှေ့က အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒက်ဂ် ဟမ်းမားရှိုး ကွယ်လွန်ပြီးနောက် သူ့သက်တမ်းကာလအတွင်း ကမ္ဘာ့ပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ကျေပွန်ခဲ့သူတဦးဖြစ်ကြောင်း၊ ဦးသန့်ဟာ တစ်ခုတည်းသော ကမ္ဘာ့မိသားစုဖြစ်ရေးနဲ့ ကမ္ဘာ့မိသားစုကြီးရဲ့ ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက်ဆိုတဲ့ ဦးတည်ချက်နဲ့ လုပ်ကိုင်ဆောင်ရွက်သွားသူ ဖြစ်ကြောင်း ဂုဏ်ပြုပြောဆိုထားပါတယ်။ ဦးသန့်နဲ့ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း တစ်ဦးဖြစ်သူ ကိုဖီအာနန်ကလည်း ဦးသန့်ဟာ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးစတဲ့  ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်သွားသူဖြစ်ကြောင်း ၂၀၀၃ ခုနှစ်ကပြောကြားတဲ့ မိန့်ခွန်းတခုမှာ ထ8ည့်သွင်းပြောကြားခဲ့ဖူးပါတယ်။

(Craton) ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ U Thant Peace Award ဆိုတဲ့ ငြိမ်းချမ်းရေးဆုကိုတီထွင်ပြီး နှစ်စဉ်ချီးမြှင့်လာခဲ့ပါတယ်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ရဲ့ သံရုံလမ်းကိုလည်း Jalan U Thant (ဦးသန့်လမ်း) ဆိုပြီးတော့ ဦးသန့်ကိုဂုဏ်ပြုတဲ့အနေနဲ့ နာမည်ပေးထားပါတယ်။ ကုလသမဂ္ဂရုံးချုပ်ရဲ့ အရှေ့ဘက် မျက်နှာချင်းဆိုင်မြစ်မှာရှိတဲ့ Belmont Island ဆိုတဲ့ကျွန်းငယ်လေးကိုလည်း U Thant Island ဆိုပြီး ပြောင်းလဲခေါ်တွင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာဆိုလို့ရှိရင်လည်း တိုကျိုမြို့ရဲ့ United Nations University (UNU) ဌာနချုပ်မှာ “U Thant Honorary Lecture Series” ဆိုတဲ့ သင်ခန်းစာတွေကို ပုံမှန်သင်ကြားပေးနေပါတယ်။ အဲ့ဒီအပြင် အဲ့ဒီဌာနချုပ်က Conference ခန်းမကြီးကိုလည်း ဦးသန့်အမည်နဲ့ပဲ မှည့်ခေါ်ထားပါတယ်။ အဲ့ဒါတွေအပြင် United Nations International School မှာ U Thant Scholar ဆိုတဲ့ပညာသင်ဆုကိုတောင် ပေးအပ်ချီးမြှင့်ပါတယ်။

Quotes

(Craton) ကဲ.. နောက်ဆုံးအနေနဲ့ ဦးသန့်ရဲ့ မှတ်သားဖွယ်ရာ မိန့်မြွက်စကားတွေထဲကတချို့ကို MYMC ပရိသတ်တွေအားလုံးပဲ သိရအောင် ကျွန်တော်က ရွေးထုတ်ပြီးဖတ်ပြပေးသွားပါမယ်။

"Every human being, of whatever origin, of whatever station, deserves respect. We must each respect others even as we respect ourselves."
(လူတိုင်းဟာ ဘယ်အနွယ်ဘယ်အဖွားကပဲ ဆင်းသက်လာပါစေ... လေးစားသမှုနဲ့တော့ ထိုက်တန်ကြတာချည်းပါ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် လေးစားသမှုထားသလိုမျိုး လူတိုင်းအပေါ် တူညီစွာဆက်ဆံကြရမယ်။)

"Wars begin in the minds of men, and in those minds, love and compassion would have built the defenses of peace."
(စစ်ပွဲတွေဟာ လူသားတွေရဲ့စိတ်သန္တန်ထဲမှာ အစပြုတာပါ။ အဲ့ဒီစိတ်တွေထဲမှာပဲ လူသားတို့ရဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ်ချင်းစာနာမှုတရားတွေကသာ ငြိမ်းချမ်းရေးကို တကယ် ကာကွယ်စောင့်ရှောက်သွားမှာပါ။)
FROM: MYMC

ချစ်သူကို ဂရုစိုက်ပါ

အမြဲတမ်းကိုယ့်အပေါ် နားလည်
ပေးတတ်တဲ့လူတစ်ယောက်
အပေါ်လစ်လျှူမရူမိပါစေနဲ့...

အမြဲတမ်းကိုယ့်ရဲ့အနားမှာအဆိုး
ကောင်းတွေကိုအတူတူကျော်
ဖြတ်နေတတ်တဲ့လူတစ်ယောက်
ကို ကျောခိုင်းဖို့မစဉ်းစားမိပါစေ
နဲ့...

ကိုယ့်ရဲ့ချစ်သူကိုဘယ်လောက်ပဲ
အလုပ်များနေပါစေ Messages
လေးတစ်ကြောင်းနဲ့ဂရုစိုက်ပေး
ဖို့ရမေ့ပါနဲ့...

ကိုယ့်အနားမှာရှိနေတဲ့ချစ်သူကို
တန်ဖိုးထားပေးဖို့မမေ့ပါနဲ့ သူ့ရဲ့
လက်တစ်စုံကိုလွှတ်ချဖို့အတွေး
တွေမတွေးမိပါစေနဲ့...

တစ်ခါတစ်လေမှာတစ်ချို့အရာ
တွေကအနားမှာမရှိတော့မှကိုယ့်
အတွက်တကယ်လိုအပ်မှန်းသိ
လာတတ်ပါတယ်...
အဲဒီအချိန်ကြရင်သူကသင့်ကို
လိုအပ်ချင်မှလိုတော့အပ်တော့
မယ်...


Heart to Heart

"အရက်ဖိုး"



ကျေးညိုတစ်ယောက် သူ့ဘကြီးအိမ်ရောက်လာတယ်။
သူ့ဘကြီးက မေးတယ်... ...

"ဟေ့ကောင် ငမူး... ဘာကိစ္စတုန်း"
"ကျနော့်ကို ပိုက်ဆံ တစ်သောင်းလောက် ပေးပါ ဘကြီး"

"ဘာလုပ်ဖို့တုန်းကွ"
"သမီးကြီးဖျားနေတာ ဆေးခန်းပြဖို့ ပိုက်ဆံမရှိဘူး၊ သားငယ်ကလည်း ကျူရှင်လခမပေးနိုင်လို့ ကျူရှင်မသွားနိုင်ဘူး၊ မိန်းမကလည်း ဈေးဖိုးမရှိလို့ ဆိုပြီး ထမင်းမချက်တော့ ကလေးတွေ ခုထိ ထမင်းမစားရသေးဘူး"

"ဟာ... ကလေးတွေ သနားပါတယ်၊ ကဲ ရော့... ရော့ တစ်သောင်း"

ဘကြီးပေးတဲ့ ပိုက်ဆံလေးလက်ထဲဆုပ်ပြီး ပြန်မလို့ပြင်တော့ သူ့ဘကြီးက သတိပေးတယ်... ....

"ဟဲ့ကောင် ငမူး၊ အဲဒီပိုက်ဆံတွေကို အရက်သောက်မပစ်နဲ့နော်"

ဒီတော့ ကျေးညိုက ပြန်ပြောတယ်... ...

"စိတ်ချပါ ဘကြီးရာ၊ အရက်ဖိုးက ကျနော့်မှာ တစ်သောင်းခွဲလောက် ရှိပါသေးတယ်"


"ငင်..."






သန်၎ကို-ဘာသာပြန်သည်။

သင့်ကို ပိုကောင်းကောင်း အိပ်ပျော် စေမယ့် နည်းလမ်း ၁၀ခု


၁။ နေ့စဉ် အချိန်ဇယား တစ်ခု သတ်မှတ် ထားပါ။
၂။ နေ့စဉ် သောက်သုံးလိုက်တဲ့ ကာဖင်း ပမာဏကို လျော့ချပါ။
၃။ အိပ်ခါနီး ဗိုက်တင်း နေအောင် မစားပါနဲ့။
၎။ ဘာမှ မစားဘဲလည်း မနေပါနဲ့။ သင့်တင့်အောင် စားပါ။
၅။ ကွန်ပျူတာ၊ တီဗီတွေကို ပိတ်ထားပါ။
၆။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
၇။ အိပ်ရာ ၀င်ခါနီး သောက်သုံးတဲ့ အရည် ပမာဏကို ကန့်သတ်ပါ။
၈။ သင့်ရဲ့ အိပ်ခန်းကို မှောင်ပြီး ဆိတ်ငြိမ်အောင် ထားပါ။
၉။ သက်တောင့် သက်သာ ရှိမယ့် မွေ့ရာ၊ ခေါင်းအုံး၊ အခင်းနဲ့ အိပ်ပါ။
၁၀။ နှိုးစက်ထက် ကိုယ့်ရဲ့ ကိုယ်တွင်းက ဇီဝနာရီကို သုံးပြီး အိပ်ချိန်တန်အိပ်၊ ထချိန်တန် ထပါ။

[source: diycraftprojects]

အမှိုက်မှ လျှပ်စစ်ထုတ်မည့် ကိုရီးယားကုမ္ပဏီ ကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည်


စွန့်ပစ်အမှိုက်မှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန် လုပ်ဆောင်နေသည့် ကိုရီးယားနိုင်ငံ အခြေစိုက် Chasson International Korean ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းဝင်းက ပြောကြားသည်။

ယင်းကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင် အမှိုက်ပုံရှိ စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်ဆယ် ထုတ်လုပ်မည် ဖြစ်ပြီး ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ၁၀ မဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်သည်ဟု ဦးထွန်းလင်းက ပြောကြားသည်။

ယင်းသို့ စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် လုပ်ဆောင်မှုကြောင့် အသုံးမဝင်ဘဲ စွန့်ပစ်ထားသည့် အမှိုက်များ ပပျောက်သွားမည် ဖြစ်ကြောင်း ဦးထွန်းဝင်းက ဆိုသည်။

Chasson International Korean ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် လုပ်ငန်း၏ ကနဦး ဆောင်ရွက်ချက်အဖြစ် ထိန်ပင် အမှိုက်ပုံတွင် ကွင်းဆင်း သုတေသနပြုချက်များ လုပ်ဆောင်လျက် ရှိကြောင်း၊ စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်ရာတွင် နိုင်ငံတကာ၌ အမှိုက်အသစ်များကိုသာ သုံးစွဲလေ့ ရှိသော်လည်း အဆိုပါ ကုမ္ပဏီသည် စွန့်ပစ် အမှိုက်အဟောင်းများကိုပါ သုံးစွဲမည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းကို ထိန်ပင်အမှိုက်ပုံရှိ မြေဧက ၁၅၀ ပေါ်တွင် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ဘီအိုတီ (Build-Operate-Transfer) စနစ်ဖြင့် သုံးနှစ်ကြာ လုပ်ကိုင်ခွင့် ရရှိပြီးလာမည့် ၂၀၁၇ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ ရောင်းချရမည် ဖြစ်ပြီး YCDC က ပြည်သူများထံ ပြန်လည် ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီက YCDC သို့ရောင်းချမည့် လျှပ်စစ်ဓာတ်အား တစ်ယူနစ်တန်ဖိုးနှင့် ပတ်သက်၍ ဆွေးနွေးလျက် ရှိကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ထိန်ပင် အမှိုက်ပုံသည် ရန်ကုန်မြို့၏ အကြီးဆုံး စွန့်ပစ်အမှိုက်ပုံ ဖြစ်ပြီး နေ့စဉ် အမှိုက် ၈၄၇ တန် ဝန်းကျင်ကို စွန့်ပစ်လျက် ရှိကြောင်းနှင့် ယင်းအမှိုက်ပမာဏသည် ရန်ကုန်မြို့မှ ထွက်ရှိသော စွန့်ပစ်အမှိုက် စုစုပေါင်း၏ ၅၆ ရာခိုင်နှုန်း ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တရားဝင်စာရင်းများအရ သိရသည်။

၂၀၁၃ ခုနှစ်အတွင်း စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူရေးအတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တင်ဒါခေါ်ပြီးနောက် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ကို Cha

ကွန်ပျူတာပေါ်မှာ Alt Key သုံးပြီး သင်္ကေတလေး ဖော်ကြမယ်

ကွန်ပျူတာပေါ်မှာ Alt Key သုံးပြီး သင်္ကေတလေးတွေ ရေးနိုင်အောင် ဖော်ပြပေးလိုက်ပါတယ် ...

Alt + 0153..... ™... trademark symbol
Alt + 0169.... ©.... copyright symbol
Alt + 0174..... ®....registered trademark symbol
Alt + 0176 ...°......degre­e symbol
Alt + 0177 ...±....plus-or­-minus sign
Alt + 0182 ...¶.....paragraph mark
Alt + 0190 ...¾....fractio­n, three-fourths
Alt + 0215 ....×.....multi­plication sign
Alt + 0162...¢....the cent sign
Alt + 0161.....¡..... .upside down exclamation point
Alt + 0191.....¿..... ­upside down question mark
Alt + 1...........smiley face
Alt + 2 ......☻.....bla­ck smiley face
Alt + 15.....☼.....su­n
Alt + 12......♀.....f emale sign
Alt + 11.....♂......m­ale sign
Alt + 6.......♠.....s­pade
Alt + 5.......♣...... ­Club
Alt + 3............. ­Heart
Alt + 4.......♦...... ­Diamond
Alt + 13......♪.....e­ighth note
Alt + 14......♫...... ­beamed eighth note
Alt + 8721.... ∑.... N-ary summation (auto sum)
Alt + 251.....√.....s­quare root check mark
Alt + 8236.....∞..... ­infinity
Alt + 24.......↑..... ­up arrow
Alt + 25......↓...... ­down arrow
Alt + 26.....→.....ri­ght arrow
Alt + 27......←.....l­eft arrow
Alt + 18.....↕......u­p/down arrow
Alt + 29......↔... left right arrow

ရန်ပွဲများ၏ အဓိက အကြောင်းအရင်း



သူစိမ်းများကြား၊ မိသားစုကြား၊ ညီအစ်ကိုကြား၊ လင်မယားကြား - လူလူ ချင်း ဖြစ်ပွားတဲ့ စကားများ၊ ရန်ဖြစ်မှုများကို သေချာ စစ်တမ်းကောက် လေ့လာကြည့်တဲ့အခါ အဖြေက ယခုလို ထွက်လာ ပါတယ်။

အယူအဆ အမြင်ကွဲလွဲမှုကြောင်း စကားများ၊ရန်ဖြစ်စေမှုက ၁၀ ရာခိုင်နှုန်းသာ ရှိပြီး ၉၀ ရာခိုင်နှုန်းသော အကြောင်းပြချက်က လေသံ အနိမ့် အမြင့်ကြောင့် ဖြစ်ပါတယ်။ လေသံ အနိမ့်အမြင့်ဆိုတာထပ် အသုံးပြုတဲ့ စကားလုံးပါ ပါဝင်ပြီး Voice tone ကြောင့် စကားများ၊ ရန်ဖြစ်မှုကို အဓိက ဖြစ်စေ ပါတယ်။

ဒါကြောင့် အယူအဆကွဲပြားလို့ ပြဿနာ ဖြစ်တော့မယ် ဆိုရင် နှုတ်ဖြင့် ပြော ဆိုမှုကို အထူးဂရုစိုက်ရန် လိုအပ်တယ်လို့ တိုက်တွန်းထားကြောင်း သိရပါ တယ်။
.
Ref: rawforbeauty

အောင်ခမ်း ( ရိုးရာလေး )

April Fool's Day ဖြစ်ပေါ်လာပုံ



သမိုင်းတစ်လျှောက် ရက်အတိုဆုံး လတစ်လ ရှိခဲ့ပါတယ်။ ယင်းကတော့ ၁၇၅၂ ခုနှစ်ရဲ့ စက်တင်ဘာလ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့ကို ရုတ်တရက် ရောက် သွားမှုပါ။ ကြားမှာ ၁၁ ရက်တောင် ပျောက်သွား ပါတယ်။ အကြောင်း ကတော့ ရိုမေနီးယား ဂျူးလီးယက် ပြက္ခဒိန် ကနေ ဂရီဂိုးရီးယမ်း ပြက္ခဒိန် ကို ပြောင်းလဲသွားလို့ ဖြစ်ပါတယ်။ အင်္ဂလန်ဘုရင် ရဲ့  အမိန့်ချမှတ်မှုကြောင့် ၁၁ ရက် ကို ပယ်ဖျယ်လိုက်ခြင်းဖြစ်ပြီး ယင်းလအတွက် လစာကိုယ်တော့ အားလုံး အပြည့်အဝ ရခဲ့ကြပါတယ်။

အဲ့မှာ တစ်ခု အငြင်းပွားစရာ ရှိလာပါတယ်။ ဂျူးလိယက် ပြက္ခဒိန် မှာက ဧပြီလ ဟာ နှစ်တစ်နှစ်ရဲ့  အစ ဖြစ်ပါတယ်။ Gregorian Calendar မှာတော့ ဇန်နဝါရီလက နှစ်တစ်နှစ်ရဲ့  ပထမလ ဖြစ်ပါတယ်။ သို့ပေမယ့် အဟောင်းနဲ့ မှတ်သားမှု အကျွမ်းတဝင် ရှိနေသူများက ဧပြီလမှာကို နှစ်သစ်ကူး ပွဲ (Happy New Year) ကျင်းပကြပြီး ဇန်နဝါရီလမှာလည်း ကျင်းပသူ အနည်း နဲ့ အများရှိခဲ့ပါတယ်။

ဒါကြောင့် ဧပြီလ ၁ ရက်နေ့မှာ နှစ်သစ်ကူးပွဲ ကျင်းပသူတွေကို အရူး ဖြစ် တယ်လို့ မိန့်လိုက်တဲ့ ဘုရင်ရဲ့ စကားကြောင့် ဧပြီလ ရက်နေ့ ကို အရူးတွေ ပျော်တဲ့နေ့အဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။ ဒါကြောင့် မို့ April Fool's Day ဆိုတာ ဖြစ်ပေါ်လာရပါတယ်။ ဧပြီ ၁ ရောက်တိုင်း တစ်ယောက် နဲ့ တစ်ယောက် အရူးလုပ် ပြောဆိုခြင်း၊ စနောက်ခြင်း ကို ပြုလုပ်ကြပြီး Apirl Fool's Day ဟာ ယနေ့တိုင် ရာဇဝင်တွင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref: dyknow

ဂျပန် ပင်လယ်ပြင်မှာ ကျွန်းတကျွန်းပေါ်



မြို့တော် တိုကျို ကနေ ကီလိုမီတာ ၁၀၀၀ လောက် အကွာမှာ ပင်လယ်ရေ အောက် မီးတောင် ပေါက်ကွဲရာ ကနေ ကျွန်းတကျွန်း ဖြစ်လာ ခဲ့ပါပြီ။ အစ ကတော့ အချိန်တို အတွင်းမှာ ပျောက်သွားမယ် မှန်းထား ပေမယ့် အခု ပိုပြီး ကြီးလာနေ ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၀ ရက်နေ့က ပစိဖိတ် သမုဒ္ဒရာ လှိုင်းလုံးတွေ အကြားက ကျွန်းငယ်လေး တခု ထွက်ပေါ် လာခဲ့ တာ ဖြစ်ပါတယ်။ အစပိုင်း မှာတော့ ဂျပန် သိပ္ပံ ပညာရှင်တွေ က ဒီကျွန်းငယ်ဟာ သိပ်မကြာခင် မှာပဲ ရေအောက်ကို ပြန်ရောက် ပျောက်သွား လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။

ဒါပေမယ့် ပေါက်ကွဲမှု တွေက ရပ် မသွားခဲ့ဘဲ ကျွန်းကလေး ကလည်း တဖြည်းဖြည်းနဲ့ ပို ပိုကြီး လာခဲ့ပါတယ်။ ဒီဇင်ဘာ လလယ် ရောက်တော့ ၃ ဆ လောက် ပိုကြီး လာပြီး အနီးက နီရှီနိုရှီးမား ကျွန်းနဲ့ ပိုပြီး ကပ်လာ ခဲ့ပါတယ်။

အခု သတင်းပတ် အတွင်း သွားရောက် ရိုက်ယူ ခဲ့တဲ့ ဗီဒီယို တွေထဲ မှာလည်း ဒီ ကျွန်းငယ်ဟာ အရှိန် ကောင်းကောင်းနဲ့ ကြီးမား ကျယ်ပြန့် လာနေဆဲ ဖြစ်တာ ကို တွေ့ရပါတယ်။ အခုဆို သူက နီရှီနိုရှီးမား ကျွန်းထက်ကို ပိုပြီး ကြီးသွား ခဲ့ပါပြီ။

သိပ္ပံ ပညာရှင် တွေကတော့ မနှစ် နိုဝင်ဘာ လကထက် အဆ ၃၀ လောက် ပိုပြီး ကြီးမား လာခဲ့ပြီလို့ ဆိုကြပါတယ်။ အဲဒီတော့ ဂျပန်ရဲ့ ရှိပြီးသား စီးပွားရေး ရေပြင် အထူးဇုန် ရဲ့ အရွယ် ကိုပါ ပြောင်းရတော့ မလောက် ဖြစ်လာ နေပါပြီ။

အဲဒီက တော်တော် ဝေးဝေး မှာရှိတဲ့ အရှေ့ တရုတ် ပင်လယ် အတွင်း မှာတော့ ဒီလို ကျွန်းစု တချို့ အတွက် ဂျပန်နဲ့ တရုတ်တို့ လုနေကြ ပါတယ်။ ဒါပေမယ့် ဒီပစိဖိတ် သမုဒ္ဒရာ ထဲမှာတော့ ဂျပန်ရဲ့ ပိုင်နက်က အရှိန် အဟုန်နဲ့ ကျယ်သထက် ကျယ်လာ နေပါပြီ။ ဒါပေမယ့် ဘယ်သူ ကမှ လာပြီး လုတာ မျိုးတော့ မရှိသေးဘူးလို့ သိရ ပါတယ်။

Monday, January 20, 2014

အလုပ်မှာ ပျော်စေရန် နည်းလမ်း



ယခု ဒီစာကို လာဖတ်နေသူ အများစုဟာ အလုပ်မှာ ပျော်ရွှင်မှုများ ပျောက် ဆုံး
နေတယ်ဆိုတာ ဖြစ်နိုင်ချေအများဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။ အလုပ်မှာ ပျော်မှာ လူဆိုတာကလည်း ပျော်တာ ဖြစ်ပါတယ်။ အလုပ်မှာမပျော်ပဲ အမြဲ စိတ်ညစ်နေသူ တစ်ဦးဟာ သူကိုယ်တိုင်ကလည်း မတိုးတက်သလို၊ သူ့အလုပ်လုပ်တဲ့ လုပ်ငန်း၊ ကုမ္မဏီကလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။

1. Surround yourself with people who love their work
တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးရယ်လို့လည်း မဟုတ်ပါဘူး။ သို့ပေမယ့် အလုပ်အကြောင်း အမြဲ ငြီးငြူပြီး မကောင်းပြောနေသူတွေနဲ့ အတူ နေဖြစ်တာများရင် သင်ကိုယ်တိုင် ကိုယ့်အလုပ်မှာ ချို့ ယွင်းချက်၊ အားနည်းချက်တွေ မသိမသာ ရှာနေမိမှာ အမှန်ပါပဲ။ ဒီတော့ မိမိလုပ်တဲ့အလုပ်ကို ချစ်မြတ်နှိုးသူများနဲ့ မိတ်ဆွေဖြစ်ခြင်း၊ ပြောဆို ဆက်ဆံခြင်း၊ သွားလာခြင်းဖြင့်လည်း မိမိကိုယ်တိုင် လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးလာစေမှာ ဖြစ်ပါတယ်။
2. Work to improve your strengths and talents
Personal Development ကိုပြောတာပါ။ တစ်ကိုယ်ရည် စိတ်စွမ်း၊ ဥာဏ်စွမ်း၊ ကိုယ်စွမ်း ဖွံ့ဖြိုးတိုးတက်နေရင် လူက စိတ်ဓာတ်မကျပါဘူး။ အမြဲတမ်း Update ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အလုပ်မှာ ပျော်တတ်ပါတယ်။ ဒါကြောင့် မိမိအလုပ်ကနေပဲ လုပ်ပိုင်ခွင့် တာဝန်ကနေ သင်ယူနိုင်တာ သင်ယူပြီး အချိန်တွေ ပိုနေရင်၊ အခွင့်အရေးတွေ ရနေရင် ပိုမြင့်တဲ့ ပညာရပ်တွေကို အလုပ်ထဲကနေပဲ တစ်ဆင့် လေ့လာ နိုင်ပါတယ်။
3. Identify the impact you want to have on the world
အချို့  က ငါလုပ်နေရတဲ့ အလုပ်က ဒီလောက်လေး။ င့ါတာဝန်က ဒီလောက်လေး။ အကျိုးကျေးဇူးအနေနဲ့ ဒီလူတွေကိုပဲ Effect ဖြစ်မှာ အစရှိသဖြင့် ခံယူချက် ထားရှိမှုတွေ မှားယွင်းသွား ပါတယ်။ မိမိရဲ့  Action တိုင်းအတွက် ကိုယ့်ကိုပဲ Reaction ရုံမကပဲ Effect က တစ်ဆင့်ပြီးတစ်ဆင့် လူအရေအတွက် ဘယ်လောက်ထိ များများသို့ ထိရောက်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်တွေးဖို့လိုပါမယ်။ ဒါမှ မိမိကိုယ့်ကို တန်ဖိုးထားမှု ဖြစ်လာပြီး အလုပ်မှာလည်း ပျော်လာ ပါမယ်။
4. Learn as much as you can about the life you want
ဘဝ အကြောင်းလေ့လာဖို့ပါ။ အလုပ်ဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလုပ်ကိုပဲ ဘဝလို့ထင်နေသူဟာ အလုပ်မှာ ပြဿနာ တစ်ခုကြုံရင်တောင် မခံနိုင်လောက်အောင် စိတ်သောက ရောက်ပါတယ်။ ဒီတော့ ယင်း အနိမ့်အမြင့် လောကဓံကို ခံနိုင်ရည်ရှိဖို့အတွက် ဘဝ အကြောင်း ကောင်းကောင်း လေ့လာဖို့လိုအပ် ပါတယ်။ ဘဝ အကြောင်းကို ဒဿန စာပေအပြင် ဘာသာရေး စာပေတွေထဲမှာလည်း အလွယ်တကူ ရှာတွေ့ နိုင်ပါတယ်။
5. Try, and try again
ဘယ် အလုပ်မဆို ကိုယ်နဲ့ လုံးဝ perfect ဖြစ်အောင် အဆင်ပြေ တယ်လို့တော့ ဘယ်ရှိနိုင်မလဲ။ အားလုံးက သူ့ အားနည်းချက်၊ အားသာ ချက်တွေချည်းပဲ ဖြစ်ပါတယ်။ အရမ်းကြီးဆိုးရွားတဲ့ အခြေအနေ တစ်ခု ခံနေရင်တော့ Career ကိုပြောင်းသင့်ရင် ပြောင်းရမှာပေါ့။ အခြေအနေ အားလုံးကို လက်ခံသိရှိထားရပါမယ်။ အခက်အခဲတွေ့တိုင်း လည်း စိတ်ညစ်နေဖို့မဟုတ်ပါဘူး။ ဖြေရှင်းစေဖို့ ဖြစ်ပါတယ်။ ဒီမှာ ကြိုးစားဖို့ လိုအပ်ပါတယ်။ အခက်ကြုံတိုင်း လက်မြောက်အရှံးပေးနေရင် အလုပ်မှာ မပျော်တော့ပါဘူး။ Try, and try again ပြုလုပ်ရမှာ ဖြစ်ပါတယ်။ လူတိုင်း အလုပ်မှာ ပျော်ရွှင်ဖို့အတွက် ရေးသား မျှဝေ ပေးလိုက် ရပါတယ်။ .
အောင်ခမ်း (ရိုးရာလေး)

ဝမ်းပျက် ဝမ်းလျှောနေချိန် ဆောင်သင့်၊ ရှောင်သင့် သည့် အချက်များ



ဝမ်းလျှောတယ် ဆိုတာ ယေဘုယျ အားဖြင့် ပျော့ပျောင်းတဲ့ အရည်ကြည် ဝမ်းတွေ သွားနေပြီး မကြာခဏ ဝမ်းသွားနေတဲ့ အခြေအနေကို ခေါ်ပါတယ်။

ဝမ်းလျှော တာက အများအားဖြင့် နှစ်ရက် လောက်ပဲ ကြာပေမယ့် ကြာရှည် ဝမ်းသွားတဲ့ အခြေအနေ ဆိုရင် နှစ်ရက်ကျော် ကြာတဲ့အထိ ဝမ်းသွား တတ်ပါတယ်။ ဒီအခြေအနေမျိုးမှာ ရေဓာတ် ခမ်းခြောက်မှု ဖြစ်တတ် ပါတယ်။ ဝမ်းပျက် ဝမ်းလျှော တာက ဘက်တီးရီးယားပိုး ဝင်တာ၊ ဗိုင်းရပ်စ်ပိုး ဝင်တာ၊ အစာနဲ့ မတည့်တာ၊ ကပ်ပါးပိုးတွေ ဝင်တာ၊ ဆေးနဲ့ မတည့်တာနဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါ တွေကြောင့် ဖြစ်တတ်ပါတယ်။ ဝမ်းပျက်တဲ့အခါ ခံစားရတဲ့ လက္ခဏာတွေက ဗိုက်အောင့်တာ၊ လေထတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ အိမ်သာကို အလောတကြီး သွားချင်စိတ် ပေါ်တာ စတာတွေ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဝမ်းပျက်ပါစေ၊ ဝမ်းပျက် ဝမ်းလျှော နေချိန်မှာ ဆောင်သင့်၊ ရှောင်သင့်တဲ့ အချက်တွေကို သိနားလည်ထားဖို့ လိုပါတယ်။

ရေနှင့် ဓာတ်ဆားသောက်ပါ - ဝမ်းပျက်ဝမ်းလျှောတာကို ကုသဖို့ အကောင်းဆုံးနည်းက ရေနဲ့ အရည်များများ သောက်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဝမ်းလျှောတာကြောင့် ခန္ဓာကိုယ်က အရည်ဆုံးရှုံးမှု များတဲ့အတွက် ရေများများ ပြန်သောက်ပေးသင့်တာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ရေနဲ့အတူ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ပါ ပြန်လည်ဖြည့်တင်းနိုင်ဖို့ ဓာတ်ဆားထုပ်ကို သတ်မှတ်ထားတဲ့ အချိုးအဆအတိုင်း ရေနဲ့ဖျော်ပြီး သောက်ပေး ရမှာ ဖြစ်ပါတယ်။ ရေသောက် ရာမှာ ရေသန့် ကို သောက်ပေးရမှာ ဖြစ်ပြီး ရေမသန့်ဘူး ထင်ရင် ကျိုချက်ပြီး သောက်ပါ။

နို့နှင့် နို့ထွက်ပစ္စည်းများ ရှောင်ပါ -ဝမ်းလျှော နေချိန်မှာ နို့ကို ချေဖျက်ဖို့ လိုအပ်တဲ့ အင်ဇိုင်း (lactase) ထောက်ပံ့မှု လျော့ကျ သွားတာကြောင့် နို့နဲ့ နို့ထွက် ပစ္စည်းတွေ ကို ရှောင်သင့် ပါတယ်။ နို့ကို ကောင်းကောင်း မချေဖျက် နိုင်တာကြောင့် ပိုပြီး ဝမ်းလျှောတာနဲ့ လေထတာတို့ ဖြစ်နိုင်ခြေ များပါတယ်။

ဆီကြော်စာ၊ ဟင်းခတ် အမွှေးအကြိုင် ကဲသော အစားအသောက် တို့ကို ရှောင်ပါ- ဝမ်းပျက် ဝမ်းလျှော နေချိန်မှာ အဆီအအိမ့်များတဲ့ အစာ၊ ဆီကြော်စာ၊ အမျှင်ဓာတ် များတဲ့ အစာနဲ့ ဟင်းခတ် အမွှေးအကြိုင်ကဲတဲ့ အစားအသောက် တို့ကို ရှောင်သင့် ပါတယ်။

သတ္တုဓာတ် ပါဝင်သော အစားအသောက်များ စားပါ - တချို့ သတ္တုဓာတ်နဲ့ အာဟာရ ဓာတ်တို့ ပါတဲ့ အစားအသောက် တွေကို စားပေးရင် အူလမ်းကြောင်း တစ်လျှောက် အစာဖြတ်သန်းမှု နှေးစေပြီး ဝမ်းပျက် ဝမ်းလျှော ဖြစ်တာကို သက်သာ စေပါတယ်။ ဥပမာ- ဆန်ပြုတ် ပျော့ပျော့၊ ငှက်ပျောသီး၊ ပေါင်မုန့်နဲ့ စွပ်ပြုတ်စတဲ့ အစာတွေကို စားပေးသင့်ပါတယ်။

အဆီ နည်းသော ဒိန်ချဉ် အသင့်အတင့် သောက်ပါ - ဝမ်းလျှောချိန်မှာ ဒိန်ချဉ် သောက်ရင် အစာခြေ အူလမ်းကြောင်း တစ်လျှောက်မှာ အစာကြေညက်စေတဲ့ အကျိုးပြု ဘက်တီးရီးယား တွေ ရရှိစေတာကြောင့် ဝမ်းပျက် ဝမ်းလျှောတာကို သက်သာ စေပါတယ်။

ချင်းလက်ဖက်ရည် သောက်ပါ -ချင်းလက်ဖက်ရည် သောက်တာက ဗိုက်အောင့်တာနဲ့ လေပွ တာကို သက်သာ စေပါတယ်။ မုန်လာဥနီ ဖျော်ရည်နဲ့ တလည်း သီး ဖျော်ရည် သောက်တာ ကြောင့်လည်း ဝမ်းအရည် သွားတာကို သက်သာစေပါတယ်။

ကဖင်းနှင့် အယ်လ်ကိုဟော ရှောင်ပါ - ဝမ်းပျက် ဝမ်းလျှော နေချိန်မှာ ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် အပြင် အရက်ကိုလည်း ရှောင်သင့် ပါတယ်။ ဆန်ပြုတ် ပူပူ သောက်ပါ ဆန်လုံး ညိုကို ရေနဲ့ ၄၅ မိနစ်ခန့်ပြုတ်ပြီး သောက်တာက ဝမ်းပျက် ဝမ်းလျှော ရောဂါကို သက်သာ အောင် ကုသ ပေးနိုင်ပါတယ်။ ဆန်လုံးညိုမှာ ဗီတာမင် ဘီ အုပ်စု ပါဝင်ပါတယ်။

ဗီတာမင်စီ ပါသော အစားအသောက်ကို ရှောင်ပါ - ဝမ်းလျှောနေချိန်မှာ ဗီတာမင်စီ ပါတဲ့ အစား အသောက်ကို အလွန်အမင်း စားတာကြောင့် ဝမ်းပျက်ဝမ်းလျှောကို ပိုဆိုး စေနိုင်ပါတယ်။

ပျားရည် သောက်ပါ - ပျားရည် ထမင်းစားဇွန်း လေးဇွန်းနဲ့ ရေတစ်ခွက် ရောသောက်ပေးရင် ဝမ်းပျက် ဝမ်းလျှောတာ သက်သာ သွားပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါး တက္ကသိုလ်)
Shan News

အသည်းရောဂါခံစားနေရသူများ (Bပိုး၊Cပိုး) အတွက် အထူးလက်ဆောင်



အသည်းရောဂါခံစားနေရသော လူသားများ အတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့် သခွတ်ပြုတ်ဆေးရည် ..…

ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်၏….( အသည်းရောဂါဖြစ်နေသော မိသားစုဝင်များအား စိတ်ချမ်းသာမှု့  ဖြစ်စေပြီး လူ့ သက်တမ်းအပြည့်နေနိုင်သောကြောင့် Mg Mandalay မှ လေးနက်စွာ မျှဝေပါသည် ။ )

အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို

့ သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။

ဆရာကြီးစီမှာ အသည်းအတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထို စီပိုးလူနာ၏ ကိုယ်တွေ့ ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို့  ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်း သောက် တကယ် စီပိုးပျောက်ခဲ့ရလို့  သူကိုယ်တိုင်လည်း ဆေးကုသိုလ် ပြု့ နေပါသေးသည် ။

လုပ်ဆောင်သောက်သုံးရန်မှာ ….

သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ ( လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည် ။

ဆေးရည်ကျိုနည်း ….

ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ

မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။

အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။

အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ်သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊

သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။

ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ…
အသက်ရာကျော် ရှည်ပါစေ .