Monday, April 29, 2013

၂၀၁၃ခုနှစ်အတွက် ကမ္ဘာ့ကျန်းမာရေးနေ့


၂၀၁၃ခုနှစ်အတွက် ကမ္ဘာ့ကျန်းမာရေးနေ့



ဧပြီလ၇ရက်နေ့ကို ကမ္ဘာ့ကျန်း မာရေးနေ့အဖြစ် သတ်မှတ်ပြီး ယခု နှစ်အတွက်တိတ်တဆိတ်လူသတ် သမားဟု တင်စားကြသော သွေးတိုး ရောဂါကို ပစ်မှတ်ထားကျင်းပခဲ့ခြင်း ဖြစ်သည်။ သွေးတိုးရောဂါသည် ကမ္ဘာပေါ်တွင် အရွယ်ရောက်ပြီးသူ သုံးဦးတွင် တစ်ဦးခန့်ဖြစ်ပွားနေသော ရောဂါလည်းဖြစ်သည်။
သွေးတိုးရောဂါသည် နှစ်စဉ် ကမ္ဘာ့လူဦးရေကိုးသန်းကို သေဆုံးစေ ပြီးအဆိုပါအရေအတွက်သည် အစောပိုင်းကာလကတည်းက ရော ဂါရှိမရှိစစ်ဆေးခြင်း၊ လွယ်ကူသက် သာသော ကုထုံးများကိုပင် ပုံမှန်မခံ ယူခြင်း၊ သွေးပေါင်ချိန်ကို အချိန်မှန်မတိုင်းတာခြင်းများနှင့် ဆေးဝါးကုသ မှုများကို ငြင်းပယ်ခြင်းများကြောင့် ဖြစ်ရသည်။ သွေးတိုးရောဂါဆေးဝါး များသည်ဘ၀တစ်လျှောက်လုံး ပုံမှန် သောက်သုံးလျှင် သက်တမ်းစေ့ နေစေနိုင်သော အစွမ်းရှိပေသည်။
သွေးတိုးရောဂါကာကွယ်နိုင်ရန်-
- အငန်လျှော့စားပါ။
- နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းသို့မဟုတ် လမ်းလျှောက်ပေးပါ။
- ဟင်းသီးဟင်းရွက်၊အသီးအနှံများ များစားပေးပြီး အဆီကိုတတ်နိုင်သ မျှရှောင်ကျဉ်ပေးပါ။
- ဆေးလိပ်နှင့်ယမကာကို ရှောင် ကျဉ်ပါ။
- ကိုယ်အလေးချိန်ကို အစဉ်ထိန်း ချုပ် ပေးပါ။
- စိတ်ဖိစီးမှုကို လျှော့ချသောနည်း လမ်းများကို လေ့လာကျင့်သုံးပေးပါ။

No comments:

Post a Comment