Friday, August 30, 2013

ကမ္ဘာကျော် ပုဂ္ဂိုလ် (၃) ယောက် အကြောင်း

အဲလ်ဘတ်အိုင်းစတိုင်း

 

သမိုင်းမှာ အကြီးကျယ်ဆုံး ရူပဗေဒပညာရှင်ကြီး တစ်ဦးဖြစ်ပြီး သူ့ရဲ့အမည်ဟာ ပါရမီဥာဏ် ကြီးကျယ်မှုရဲ့ အမှတ်သညာ တစ်ခုလည်း ဖြစ်ပါတယ်။ သူ့ရဲ့အကျော်ကြားဆုံး လုပ်ဆောင်ချက်
တစ်ရပ်ဖြစ်တဲ့ ရီလေတစ်ဗတီ သီအိုရီကို ၁၉၁၉ ခုနှစ်မှာ သက်သေပြ ဖော်ထုတ်ခဲ့ချိန်ကစလို့ သူဟာ ကမ္ဘာ့အထင်ရှားဆုံး  သိပ္ပံပညာရှင် တစ်ဦးဖြစ်လာခဲ့ပြီး ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ၁၉၂၁ ခုနှစ်မှာ ဆွတ်ခူးခဲ့ပါတယ်။ သူဟာ ငြိမ်းချမ်းရေး ဝါဒီတစ်ဦးဖြစ်ပေမဲ့ သူ့ရဲ့ သိပ္ပံသီအိုရီတွေက အမေရိကန် ပြည်ထောင်စုကို  အဏုမြူဗုံး ထုတ်လုပ်ဖို့  အကူအညီ ပေးခဲ့ပါတယ်။ သူမသေဆုံးမီ ရက်သတ္တတစ်ပတ် အလိုမှာ  အိုင်းစတိုင်းက နျူကလီးယား ဆန့်ကျင်ရေး လှုံ့ဆော်သူ တစ်ဦးဖြစ်တဲ့ ဗြိတိသျှ ဒဿနိကဗေဒ ပညာရှင် ဘာထရန်ရပ်ဆဲကို နိုင်ငံအားလုံး နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ကြဖို့ ကြေညာစာတမ်း တစ်ခုမှာ သူ့အမည်ထည့်သွင်း ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဒေါ့ဖ်ဟစ်တလာ

 


ဟစ်တလာဟာ ၁၉၃၃ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဂျာမနီနိုင်ငံရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။  အဲဒီကာလဟာ ကမ္ဘာ့သမိုင်းမှာ ပျက်စီးဆုံးရှုံးမှု အများဆုံး ဒုတိယ ကမ္ဘာစစ်ကြီး ဆီကို 
ဦးတည်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဟစ်တလာရဲ့ ဂျူးလူမျိုးတွေကို မုန်းတီးမှုက သူ့ကို ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ဂျူး ခြောက်သန်း သုတ်သင်သတ်ဖြတ်မှုကို ဦးတည်စေခဲ့ပါတယ်။  ဂျူးအများစုဟာ အရှေ့ဥရောပ ဒေသက အကျဉ်းစခန်းတွေမှာ သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

မဟတ္တမ ဂန္ဓီ

 

ဂန္ဓီဟာ သူ့ရဲ့ဘဝကို  ရှေ့နေတစ်ဦးအဖြစ် စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ   ကြီးကျယ်တဲ့ နိုင်ငံရေးနဲ့ ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။  သူဟာ ဗြိတိသျှ အစိုးရအပေါ် ငြိမ်းချမ်းစွာ
အာခံဆန္ဒပြမှုကို ဗြိတိသျှ အစိုးရနဲ့၁၉၄၇ ခုနှစ်မှာ စေ့စပ်ဆွေးနွေးချိန်အထိ ဦးဆောင်ခဲ့ပါတယ်။၁၉၄၇ ခုနှစ်မှာပဲ အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ဂန္ဓီဟာ အိန္ဒိယ ပြည်သူတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုကနေ ပြန်လည် ရုန်းကန်ခဲ့ရာမှာ ပထမဆုံး ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ရိုးရှင်းတဲ့ လူနေမှုဘဝပုံစံနဲ့ ဘာသာရေးဆိုင်ရာ သည်းခံမှုတွေမှာ သူ့ရဲ့ ယုံကြည်ချက်တွေက သူ့ကို သန့်ရှင်းငြိမ်းချမ်းတဲ့  အမှတ်သညာတစ်ခု ဖြစ်လာစေခဲ့ ပါတယ်။ 

Thursday, August 22, 2013

" စိန်" အကြောင်းသိကောင်းစရာ.....



စိန်ဈေးနှုံးကိုသတ်မှတ်ရာတွင် အောက်ပါအချက်၎ချက်ဖြင့်သတ်မှတ်ပါသည်။4Cဟုအတိုကောက်မှတ်နိုင်သည်။

၁။ Carat -စိန်၏အလေးချိန်
၂။ Clarity -စိန်၏သန့်စင်မှု
၃။ Cut -စိန်၏သွေးကွက်ပုံကျမကျ
၎။ Color -စိန်၏အရောင်အသွေး

အထက်ပါအချက်၎ချက်သည်တချက်ကိုတချက်မှီခိုမှုရှိသည် ။

ဥပမာစိန်၏အရွယ်မှာ၃ကာရက်ရှိပြီးအရောင်မှာအညိုရောင်ဖြစ်နေသည်။ စိန်ကိုရှေးစိန်သွေးကွက်ဖြင့်သွေးထားမည်။သာမန်မျက်စေ့(မှန်ဘီလူးမပါ )ကြည့်ပါကစိန်အတွင်းသားနှင့် မျက်နှာပြင်တွင်အမည်းစက်နှင့်အနာရှိနေပါက စိန်အရွယ်၁ကာရက်ရှိပြီး အ၀ါရောင်အနေမရှိသောစိန်ကသာလျှင်ပိုတန်ဖိုးရှိလေသည်။


၁။Carat

ရတနာများ၏အလေးချိန်ကိုဖော်ပြရာတွင် ကာရက်ချိန်ကိုသုံးပါသည် မြန်မာပြည်တွင်ရတီချိန်ကိုသုံးသော်လည်း ကမ္ဘာ့ဈေးကွက်တွင်ကာရက်ကိုသာသုံးပါသည်။ ၁ကာရက်=၁.၁ရတီ


၂။ Clarity

စိန်၏သန့်စင်မှုကိုအောက်ပါအတိုင်းသတ်မှတ်ပါသည်။
F=Flawless
IF=Internally Flawless
VVS1=Very Very Small Inclusion
VS=Very Small Inclusion
S1=Small Inclusion
I=Inclusion
P=Commercial Use
F&IF အဆင့်များသည်၁၀ဆမှန်ဘီလူးဖြင့်ကြည့်ပါကလုံးဝအနာအဆာမရှိခြင်းဖြစ်သည်။ VVS1 မှာသာမန်မျက်စိဖြင့်အနာမမြင်နိုင်ပဲ၁၀ဆချဲ့မှန်ဘီလူးဖြင့်ကြည့်လျှင် အပ်ခေါင်းလောက်ရှိသောအမှုန်ကို
ကျောက်မျက်ပညာရှင်ကတွေ့နိုင်ပါသည်။ မြန်မာအခေါ်အရအစင်အသန့်ဟုခေါ်နိုင်ပါသည်။ ဈေးကွက်တွင်VVS1 VVS2 ဟူ၍ထပ်မံခွဲထားပါသည်။ VVS2တွင်အမှုန်၂စက်၃စက်ခန့်ပါနိုင်ပါသည်။ VSSတွင်လည်းVS1 VS2 ဟူ၍ထပ်
ခွဲပါသည်။အစက်အပြောက်အနာအဆာများပါနိုင်ပါသေးသည်။ S1တွင်လည်း S1, S2, S3ဟူ၍ခွဲထားပါသည်။ အနာကြီးအမည်းစက်များပါနိုင်ပြီးမျက်စိဖြင့်မြင်နိုင်ပါသည်။Iတွင်လည်း I1,I2ဟူ၍ခွဲကြပါသည် ။မြန်မာအခေါ်ရေခဲသားဟုခေါ်သည်။ေ ရခဲတုံးကိုကြည့်
လျှင်အသားမကြည်ဘဲအက်ကြောင်းများတွေ့ရသကဲ့သို့ ၄င်းစိန်တွင်လည်းစိန်၏အလင်းမရှိတော့ဘဲ ရေခဲတုံးကဲ့သို့ဖြစ်နေပါသည်။ နောက်ဆုံးအမျိုးအစားပီမှာအလွန်ညံ့သောစိန်ဖြစ်ပြီးလုံးဝမ၀ယ်သင့်ပေ။
မြန်မာလူမျိုးများအနေဖြင့် ပွင့်အားကောင်းလျှင်(မီးအားကောင်းလျှင်) ကြိုက်ကြသည်။ စိန်၏သဘောမှာအကြမ်းအားဖြင့်အနည်းငယ်ဝါနေလျှင်မီးပိုအားကောင်းသည်။


၃။Cut

စိန်၏သွေးကွက်ပုံမကျလျှင်လည်းစိန်၏မီးကောင်းမှု၊ လင်းလက်မှုအလှကိုမဖော်ပြနိုင်ပေ။ စိန်တပွင့်လျှင်အကွက်၅၇ကွက်ရှိပါသည်။ အချို့စိန်တွင်၅၈ကွက်ရှိနေတတ်ပါသည်။ အပိုကွက်ကို extra
Facetedဟုခေါ်သည်။ ၄င်းအပိုကွက်၁ကွက်ပါခြင်းသည်လည်းစိန်၏ဈေးနှုံးကိုကျစေပါသည်။ သာမန်မျက်စိဖြင့်မမြင်နိုင်ပေ။ မြန်မာပြည်တွင်ရှေးအခါကစိန်များကို ၅၇ကွက်နည်းဖြင့်မသွေးကြပါ။ စိန်အလေးချိန်မလျော့စေရန်နှင့် နည်းပညာအားနည်းမှုများကြောင့်ဖြစ်သလိုသွေးထားကြလေသည်။ ထို့ကြောင့်ပုံပန်းမကျဖြစ်ပြီးစိန်၏ပွင့်အားနှင့် အလှအပကိုမဖော်ပြနိုင်ပေ။ ယနေ့ခေတ်တွင် အပါးရိုင်းပုံကျ၅၇ကွက်စိန်ကိုသာ ကမ္ဘာ့ဈေးကွက်ဝင်ပါသည်။ ထို့ကြောင့်ရှေးစိန်များအရွယ်ကြီးပြီးမလှပသဖြင့်တန်ဖိုးနည်းပါသည်။


၎။ Color

စိန်၏အရောင်ကိုအောက်ပါအတိုင်းအဆင့်ခွဲထားပါသည်။
D, E, F, G, H, I, J, K, L, M, N,…………X
D, E, F =Colorless
G, H, I=Tinted White
K, L, M = Faint Yellow
N, O, P, Q, R, S, T =Very Ligh Yellow
U, V, W, X = Light Yellow
မြန်မာအခေါ်အရ I color ကိုအဖြူဟုခေါ်သည်။ အမှန်တကယ်တွင် အတွေ့အကြုံရှိသူများသာ- G-Iကိုမှန်ဘီလူးဖြင့်ကြည့်ပါက အနည်းငယ်ဝါနေကြောင်းမြင်နိုင်ပါသည် ၊မြန်မာလူမျိုးများ၏အကြိုက်မှာအနည်းငယ်ဝါပြီဲး J-N အရောင်၊သန့်စင်မှုအဆင့် VVS2ကိုကြိုက်ကြသည်။ အရောင်နိမ့်ပြီးသန့်စင်မှုမြင့်သည်ကိုပိုမိုနှစ်သက်ကြပါသည်။ အမေရိကားတွင်မူလူအများစုမှာအရောင်မြင့်င်္ပြီ F, G, H သန့်စင်မှုအဆင့် S1, Iကိုသာအများဆုံးဝယ်ယူဝတ်ဆင်ကြသည်။
ဈေးကွက်တွင်မူ D, E, Fမှာ၎င်း၏ရှားပါးမှုကြောင့် တန်ဖိုးကျခြင်းမရှိသဖြင့် ရတနာစုသူများဝယ်သင့်ပါသည်။
နိုရာ စုစည်းတင်ပြသည်။

Credit to Natural Jade ရတနာဆိုင်

မှတ်ချက်။ ။ မန္တလေးဂေဇက် သြဂုတ် ၂၀၀၆ တွင်ပါသော ဆောင်းပါးကို ပြန်ဖေါ်ပြခြင်းဖြစ်သည်။

ရာဇ၀င်ကြားက စိန်ပွင့်များ



ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ကျောက်မျက်ရတနာဟာ စိန်ရယ်လို့ လူအများက လက်ခံကြသလို စိန်ဆိုတာဟာလည်း အမျိုးသမီးများရဲ့ သည်းခြေကြိုက် ရတနာတစ်ပါးဖြစ်ပါတယ်.. ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်ကို ပိုင်ဆိုင်ခွင့်သာရမယ်ဆိုရင် ဘယ် အမျိုးသမီး မဆို လိုချင်ကြလိမ့်မယ် ထင်ပါတယ် ။ တကယ်လို့များ စိန်ထည် လက်ဝတ်ရတနာ လက်ဆောင် ပေးမယ်ဆိုရင်လည်း ငြင်းပယ်မဲ့သူ ဆိုတာ အင်မတန်မှ ရှားမယ် ထင်ပါတယ်. စိန်ဆိုရင် ကြီးကြီးသေးသေး လေဒီမမတို့က ကြိုက်ပြီးသား ဖြစ်ကြပါတယ်.. စိန်တစ်ပွင့်ဖြစ်လာဖို့ ကမ္ဘာမြေကြီးရဲ့ အောက်ခြေမှာ ဖိနှိပ်အားတွေနဲ့ ဖိနှိပ်ခံရပြီး နှစ်သန်းပေါင်းများစွာ အချိန်ကြာတဲ့အခါမှ စိန်ဆိုတာ ဖြစ်ပေါ်လာတာပါ။ စိန်ဟာ ရတနာအားလုံးထဲမှာ အမာကြောဆုံးနဲ့ အတောက်ပဆုံး ရတနာလည်း ဖြစ်ပါတယ်.. ဒါကြောင့်လည်း စိန်ကို ကျောက်မျက်ရတနာ လောကမှာ ရှားပါး တန်ဖိုးကြီးရတနာအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

စိန်စီသောညလို တန်ဖိုးကြီးမားတဲ့ စိန်အလုံးကြီးတွေ မ၀တ်နိုင်ဘူးဆိုရင်တောင် စိန်သေးလေးတွေနဲ့ လှလှပပ ယှက်သွယ်ထားတဲ့ လက်ဝတ်ရတနာတွေကို ၀တ်ဆင်တတ်ကြသေးတယ်လေ။ စိန်ရဲ့အရောင်ဟာ အဖြူရောင်ရယ်လို့ လူသိများကြပေမဲ့ အရောင်မရှိတဲ့ အရောင်မဲ့ကနေ အရောင်မျိုးစုံ ရှိနိုင်ပါတယ်.. စိန်ကို တောင်အာဖရိက၊ အိန္ဒိယ၊ ဥရောပ စတဲ့ဒေသတွေက ထွက်ရှိပြီး အာဖရိက ကတော့ စိန်တွင်းတွေ များစွာရှိတဲ့ အရပ်ဒေသအဖြစ် နံမည်ကျော်ပါတယ်.. ကျောက်မျက်ရတနာတွေဟာ တန်ဖိုးကြီး လှပလာလေ လူတွေရဲ့ လိုချင်ရမ္မက်ဇော ပြင်းထန်လေဘဲ ဖြစ်ပါတယ်.. ပြီးတော့လည်း ကျောက်မျက် ရတနာတိုင်းမှာ အစွမ်းသတ္တိတွေ ကိုယ်စီ ရှိကြတယ်လို့လည်း မှတ်သားရဖူးပါတယ်.. ၀တ်ဆင်သူကို အကျိုးပေးတဲ့ အစွမ်းသတ္တိရှိသလို အချို့သော ရတနာတွေဟာ ၀တ်ဆင်သူကို ခိုက်စေတတ်တဲ့ ဂုဏ်သတ္တိ ရှိတယ်လို့ သိရပါတယ်.. အခု ပြောပြချင်တာက ကမ္ဘာပေါ်မှာ ထွက်ရှိပြီး စိန် တန်ချိန်များစွာထဲကမှ ရှေးနှစ်ပေါင်း များစွာကတည်းက ပေါ်ပေါက်ခဲ့ပြီး ပိုင်ဆိုင်သူ အဆက်ဆက်နဲ့အတူ ထူးခြားတဲ့ရာဇ၀င်တွေ ရှိခဲ့တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်ပွင့်တွေ အကြောင်း ပြောပြချင်ပါသေးတယ်..


(၁) Kohe Noor Diamond

ပါရှန်ဘာသာအရ တောင်တန်းရဲ့ အလင်းရောင်လို့ အဓိပ္ပါယ်ရတဲ့ ကိုဟီးနူး Koh-i-Nur ခေါ် Koh-e Noor လို့လည်း စားလုံးပေါင်းကြတဲ့ စိန်ပွင့်ကြီးဟာ ယခုချိန်မှာတော့ ၁၀၅.၆ ကာရက်( ၂၁.၆ ဂရမ်) အလေးချိန်ရှိပြီး သန့်စင်တဲ့ အဖြူရောင် စိန်ပွင့်ကြီးဖြစ်ပါတယ်.. တစ်ချိန်က ၇၉၃ ကာရက် ရှိခဲ့တာကြောင့် ကမ္ဘာ့အကြီးဆုံး စိန်ပွင့်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်.. ရတနာကုန်သည် Borgio လက်ထက်မှာ ၄င်းစိန်ကြီးကို ပိုမိုတောက်ပပြီး လင်းလက်လာစေရန်အတွက် ၁၈၆ ကာရက်အထိ ဖြတ်တောက်လိုက်ကာ ခုချိန်မှာတော့ ၁၀၅.၆ ကာရက်သာ ရှိတော့ကြောင်း သိရပါတယ်.. စိန်ကြီးကို ပိုင်ဆိုင်တဲ့ မူလပိုင်ရှင်တွေဟာ အိန္ဒယနိုင်ငံမှ ဖြစ်ပြီး ကမ္ဘာပေါ်မှာ စိန်တွေကို အစောဆုံး တူးဖော်ထုတ်လုပ်ခဲ့တဲ့ စိန်တွင်းတွေ ရှိတဲ့ ဒေသကနေ တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်..

အချို့သော ဟိန္ဒူကျမ်းဂန်များအရ ၄င်း စိန်ပွင့်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက ရာဇ၀င်တွေထဲမှာ ပါဝင်ခဲ့တဲ့ စိန်ပွင့်ကြီးဖြစ်တယ်လို့ဖတ်ရဖူးပါတယ်... အများနဲ့မတူ တမူထူးခြားတဲ့ ဒီစိန်ကြီးဟာ ကျိန်စာသင့်တဲ့စိန်လို့လည်း ဆိုကြပါသေးတယ်။ ဒီစိန်ကြီးကို စစ်နိုင်သူက အဆင့်ဆင့် သိမ်းပိုက်ခဲ့ကြတာကြောင့် ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြတဲ့ ဟိန္ဒူ၊ မဂိုရ်၊ အာဖဂန်၊ ဆခ် ဘုရင် မင်းညီမင်းသားများ၊ မဟာရာဇာ စော်ဘွားများ၊ ပါးရှန်းဘုရင်များဟာ ထီးနန်းလက်လွတ် ဆုံးရှုံးရတာတွေ ကံဆိုးမိုးမှောင်ကျခဲ့တာတွေ ထူးဆန်းစွာ တိုက်ဆိုင်မှု ရှိခဲ့ကြတော့ ကိုဟီးနူးစိန်ဟာ ပိုင်ဆိုင်ထားတဲ့သူ (အမျိုးသားများ) ကို ခိုက်စေတယ်ဆိုတဲ့ ယုံကြည်မှုတွေ ပြင်းထန်ခဲ့ကြပါတယ်.. ၄င်းစိန်ကို လက်ဝယ်ပိုင်ဆိုင်ထားသူ၊ ၀တ်ဆင်သူဟာ အမျိုးသမီးဖြစ်ခဲ့ရင်တော့ ကျိန်စာဟာ အကျိုးသက်ရောက်မှု မရှိဘူး လို့လည်း ဆိုကြပါတယ်..

အိန္ဒိယဟာ ကိုလိုနီနိုင်ငံအဖြစ် အင်္ဂလန်နိုင်ငံ လက်အောက် ကျရောက်ပြီးတဲ့နောက် ၄င်း ကိုဟီးနူးစိန်ဟာ အင်္ဂလန် ဘုရင်မ ၀ိတိုရိယရဲ့ သရဖူမှာ တတ်ဆင်ဖို့ သိမ်းပိုက်ခြင်း ခံလိုက်ရပါတယ်.. ယခုချိန်ထိလည်း ဘုရင်မရဲ့ သရဖူမှာ တတ်ဆင်ထားတဲ့ နန်းစဉ်ရတနာအဖြစ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်.. ထူးဆန်းတဲ့ တိုက်ဆိုင်မှုကတော့ ဘုရင်မ ၀ိ တိုရိယ လက်ထက်မှာတော့ ကျိန်စာ အကျိုးသက်ရောက်မှုကို မတွေ့ခဲ့ရပါဘူး။ ပြီးတော့လည်း ၀ိ တိုရိယဘုရင်မဟာ ဒီ ကိုဟီးနူးစိန် တတ်ဆင်ထားတဲ့ သရဖူကို ဆောင်းခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီး ဧကရာဇ်ဖြစ်ပါတယ်.. ခုချိန်မှာတော့ အဲလီဇဘက် ဘုရင်မကြီးက ဒီသရဖူကို ဆက်ခံသူဖြစ်နေပါပြီ။ ကိုဟီးနူး စိန်ကြီးဟာ အရည်အသွေးအားဖြင့်ရော သမိုင်းဝင် ရတနာအဖြစ်ပါ တန်ဖိုးကြီးမားလှတာကြောင့် ဘယ်ရွေ့ ဘယ်မျှရယ်လို့ တန်ဖိုးဖြတ်မရတဲ့ ကမ္ဘာ့ အဖိုးထိုက်တန်ဆုံး စိန်ကြီးတစ်ပွင့်အဖြစ် သတ်မှတ်ထားကြရပါတယ်..


(၂) Sancy Diamond

စိန်ပွင့်ကြီးဟာ အ၀ါရောင်ဖျော့ဖျော့ရှိပြီး ၅၅ ကာရက် အလေးချိန် ရှိပါတယ်.. ထူးခြားတဲ့ အရှေ့ရော အနောက် မျက်နှာစာပါ သရဖူပုံကဲ့သို့ နှစ်ဖက်ချွန် စိန်တစ်ပွင့် ဖြစ်ပါတယ်.. ရှေ့ကကြည့်လျှင် ဒိုင်း ပုံသဏ္ဍာန်ရှိပြီး အိန္ဒိယနိုင်ငံကနေ တူးဖော်တွေ့ရှိခဲ့တယ်လို့ ခန့်မှန်းကြပါတယ်.. ၁၅ရာစုနှစ်မှာ မြို့စားကြီး ချာလ်းဘိုလ်းက ၄င်းစိန်ကြီးကို ပိုင်ဆိုင်ခဲ့ပြီး ကံကောင်းစေတဲ့ အဆောင် ကျောက်မျက်ရတနာအဖြစ် အသုံးပြုခဲ့သော်လည်း စစ်ပွဲမှာ ကျရှုံးခဲ့ပြီးတဲ့နောက် သူပိုင်ဆိုင်တဲ့ စိန်ကြီးကိုလည်း ဆုံးရှုံးခဲ့ရပါတယ်.. ဒီစိန်ကြီးကို ပိုင်ဆိုင်ခဲ့သူတစ်ဦးဖြစ်တဲ့ Nicholas Harlai de Sancy ဟာ ကျောက်မျက်ရတနာတို့ရဲ့ ဂုဏ်သတ္တိကို နားလည်သူဖြစ်ပါတယ်..

သူဟာ ၄င်းစိန်ကြီးကို ပြင်သစ်ဘုရင်ထံ လူယုံတော် သံတမာန်လွှတ်ပြီး ဆက်သစေခဲ့ရာ လူယုံတော် သံတမန်ဟာ နန်းတွင်းသို့ ရောက်ချိန်တန်လို့မှ ရောက်မလာတဲ့အတွက် သံတမာန်ဟာ ဘုရင်ထံမရောက်ဘဲ စိန်ကြီးကို ခိုးယူထွက်ပြေးသွားတယ်လို့ ယူဆခဲ့ကြပါတယ်.. သို့သော်လည်း သူ့လူယုံတော်ရဲ့ သစ္စာရှိမှုကို ယုံကြည်တဲ့ de Sancy ဟာ လူယုံသွားတဲ့ လမ်းအတိုင်း ပြန်လိုက်တဲ့အချိန်မှာ ဓားပြတွေသတ်လို့ သေနေတဲ့ အလောင်းကို တွေ့ရပါတယ်.. အလောင်းကို ဗိုက်ခွဲစစ်ဆေးကြည့်တော့ အစာအိမ်ထဲမှာ ဒီစိန်ကြီးကို ပြန်တွေ့ခဲ့ရပါတယ်.. လူယုံဟာ ဓားပြတွေ ရန်ကနေ ကာကွယ်ဖို့ စိန်ကြီးကို မျိုချပြီး ကာကွယ်ခဲ့ပုံရပါတယ်.. Nicholas Harlai de Sancy ကို အစွဲပြုပြီး ၄င်းစိန်ကိုလည်း Sancy Diamond လို့ အမည်မှည့်ခေါ်ခဲ့ကြပါတယ်..

အဆင့်ဆင့် ပိုင်ရှင် ပြောင်းလဲလာပြီးနောက် ပြင်သစ်ဘုရင် လူဝီ ၁၄လက်ထက်မှာ ပြင်သစ်တော်လှန်ရေးကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်ချိန်မှာ ၄င်းစိန်ဟာ အခိုးခံလိုက်ရပြီး နှစ်အနည်းငယ် ကြာတဲ့အခါမှာတော့ ပြန်လည်ပေါ်ထွက်လာပြီး ရုရှား မင်းသားတစ်ပါးထံ ရောင်းချခြင်းခံရပြန်ပါတယ်.. ၁၉၀၆ခုနှစ်မှာ Waldorf Astor ဟာ သူ့သားအတွက် မင်္ဂလာလက်ဖွဲ့အဖြစ် ၀ယ်ပေးခဲ့ပြီး ခုချိန်မှာတော့ ပြင်သစ်နိုင်ငံရဲ့ အကျော်ကြားဆုံး လုဗ် ပြတိုက်မှာ ခင်းကျင်းပြသထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်.. တန်ဖိုးအားဖြင့် မခန့်မှန်းနိုင်တဲ့ စိန်တစ်ပွင့်ဖြစ်ပါတယ်..


(၃) Cullinan Diamond

အဖြူရောင်ရှိ Cullinan Diamond ကို ၁၉၀၅ခုနှစ် ဇန်န၀ါရီလ ၂၆ရက်နေ့မှာ Premier Diamond Mining Company က စိန်တွင်းမန်နေဂျာ Frederick Wells က တောင်အာဖရိက စိန်တွင်းကနေ တူးဖော်ရရှိခဲ့တာ ဖြစ်ပါတယ်.. ၄င်း စိန်အရိုင်းတုံးကို တောင်အာဖရိက ကနေ အင်္ဂလန်ကို ပို့ဆောင်တဲ့အခါမှာ စိန်ကြီးကို လိုချင်တပ်မက်တဲ့ သူခိုးဓားပြ ရန်ကနေ ကာကွယ်ဖို့အတွက် လုံးခြုံရေးအခြေအနေအရ သင်္ဘောနဲ့ သယ်ဆောင်မယ်လို့ သတင်းလွှင့်လိုက်ကြပါတယ်.. တကယ်တမ်း သင်္ဘောပေါ်မှာ စိန်အတုသာ ပါသွားခဲ့ပြီး စိန်အစစ်ဟာ စာတိုက်ကနေ မထင်မရှား ပို့ပြီး လမ်းကြောင်းလွှဲခဲ့ကြပါတယ်.. စိန်တွင်းပိုင်ရှင် Sir Thomas Cullinan ကို အစွဲပြုပြီး Cullinan Diamond လို့ အမည်ပေးခဲ့ပြီး ၄င်း စိန်ပွင့်ကြီးဟာ တူးဖော်ရသမျှ စိန်တွေထဲမှာ ကမ္ဘာပေါ်မှာ အကြီးဆုံး အရိုင်းတုံးဖြစ်ပါတယ်..

Great of Africa ခေါ် Cullinan Diamond ခန့်မှန်းတန်ဖိုး ဒေါ်လာသန်းလေးရာဖြစ်ပါတယ်

မသွေးခင် အရိုင်းတုံးအဖြစ် ၃၁၀၆ ကာရက် ( ၆၂၁.၃၅ ဂရမ်) ရှိပြီး စိန်တုံးကြီးရဲ့ အလယ်မှာ အနက်ရောင် အစက်များ ထင်ထင်ရှားရှား ပါရှိနေတာကြောင့် ဖြတ်တောက် သွေးလိုက်တဲ့ အချိန်မှာတော့ အရွယ်အစားကြီးမားတဲ့ စိန်ပွင့် ၉ပွင့်နဲ့အတူ သေးငယ်သော စိန်ပွင့်ပေါင်းများစွာ ပေါ်ထွက်လာပါတယ်.. ၄င်းတို့ထဲမှာ အကြီးဆုံးစိန်၂ပွင့်က ၅၃၀.၄ ကာရက်( ၁၀၆.၁ ဂရမ်) ရှိနေတဲ့ တောက်ပလင်းလက်နေသော စိန်ပွင့်ကြီး Great of Africa သို့မဟုတ် Cullinan I Diamond နဲ့ ၃၁၇.၄ ကာရက်ရှိ Cullinan II သို့မဟုတ် Lesser Star of Africa လို့ ဖြစ်ပါတယ်.. ၁၉၈၅ ခုနှစ် Golden Jubliee Diamond မတွေ့ခင် အချိန်ထိ Great of Africa ဟာ ကမ္ဘာ့အကြီးဆုံး စိန်ပွင့်ကြီးအဖြစ် ရပ်တည်ခဲ့ပါတယ်.. Cullinan II ကတော့ ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အကြီးဆုံး စိန်ပွင့်ဖြစ်ပါတယ်.. ယခုချိန်မှာ ၄င်း စိန်ပွင့်ကြီး ၂ခုလုံးဟာလည်း အင်္ဂလန်ပြည့်ရှင်ဘုရင်မကြီးရဲ့ သရဖူမှာ တတ်ဆင်ထားတာ ဖြစ်ပါတယ်..

ကျန်ရှိနေသေးတဲ့ နောက်ထပ် ကမ္ဘာ့တန်ဖိုးအကြီးဆုံး အလှပဆုံးသော စိန်ပွင့်များ အကြောင်းကိုတော့ အလျဉ်းသင့်သလို ဖော်ပြပေးပါဦးမယ်။ ဒီပိုစ့်လေးကိုတော့ ကျွန်တော် ရှာဖွေ ဖတ်မိတာလေးကို ချစ်ခင်ရပါသော မိတ်ဆွေများ ဗဟုသုတအတွက် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်.. အားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Credit to အစိမ်းရောင်လွင်ပြင် (ချော)

Tuesday, August 13, 2013

မှားဖျက်မိတဲ့ ဖိုင်များကို ပြန်ရှာနည်းများ







Shift + Deleteနဲ့ ဖျက်မိလို့  Recycle Binမှာလည်း ရှာလို့ မတွေ့တော့တဲ့ ဖိုင်တွေကို ပြန်ရှာဖို့ နည်းအမျိုးမျိုး ရှိပါတယ်။ ဒီဆောင်းပါးမှာ မှားဖျက်မိတဲ့ဖိုင်၊ ပျောက်ဆုံးနေတဲ့ ဖိုင်တွေကို အောင်မြင်စွာ ပြန်ရှာနိုင်ဖို့  နည်းလမ်းတွေကို ရေးပေးပါမယ်။

တကယ် ဖျက်မိလားဆိုတာ သေချာအောင် အရင်စစ်ပါ
သင်ရှာနေတဲ့ ဖိုင်မတွေ့တော့တာဟာ တကယ် ဖျက်မိတာလား၊ နေရာထား မှားသွားတာလားဆိုတာ အရင် စစ်ဆေးသင့်ပါတယ်။ Recycle Binထဲသွားပြီး ဖိုင်ကို ပြန်ရှာပါ။ ဖိုင်တွေများပြားနေရင် Right Clickနှိပ်ပြီး Sort By>Date Deletedနဲ့ Filter လုပ်ပြီးရှာရင် ပိုလွယ်ကူပြီး မြန်မြန် ရှာတွေ့နိုင်ပါတယ်။


နေရာထားမှားသွားတာကို ပြန်ရှာဖို့  Windows Explorer ကနေ သင်ဖိုင်ကို သိမ်းထားတဲ့ Drive အောက်ကိုသွားပြီး Search Box ကနေ Drive တစ်ခုလုံးမှာပြန်ရှာပါ။


တကယ်လို့ သင့် ဖိုင်တွေကို Dropbox, Google Drive, or SkyDriveတို့လို Cloud Storageမှာ သိမ်းတတ်တဲ့သူဆိုရင် အဲဒီမှာပြန်ရှာပါ။ ရှာမတွေ့ ရင် Trashထဲမှာ ရှာနိုင်ပါသေးတယ်။ Trashကလည်း Cloud Storageရဲ့  Recycle Binတစ်ခုပဲ ဖြစ်ပါတယ်။

Backup မှာရှာပါ။

စက်ပစ္စည်းတွေဟာ ပျက်ဆီးတတ်တာကြောင့် သင့်ရဲ့ အရေးကြီးဒေတာတွေကို မှန်မှန် Backup လုပ်ဖို့  အကြံပေးပါတယ်။ သင်ဟာ Backupလုပ်ထားသူ တစ်ယောက်ဆိုရင်တော့ Backupမှာ ပြန်ရှာပါ။
Windowsမှာ Backup Toolsတွေ ပါရှိပြီး Windows 7မှာပါရှိတဲ့ Previous Version Toolက ဖိုင်တွေကို ပြန်ရှာဖို့ လွယ်ကူပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါပေါ်မှာ Right Clickနှိပ်ပြီး Propertiesကိုနှိပ်ပါ။ Previous Versions Tabမှာ Backupတွေကို တွေ့ မြင်နိုင်ပြီး Openကို နှိပ်ပြီးရှာပါ။


Windows 8ရဲ့  File History feature ကို အသုံးပြုရင်လည်း ဖိုင်တွေကို လွယ်လွယ်ကူကူ ပြန်ရှာနိုင်ပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါကို သွားပြီး History buttonကိုနှိပ်ပြီး ပြန်ရှာပါ။
Hard Disk Drive Vs Solid State Drive
အပေါ်ကနည်းတွေ သုံးပြီးသင့်ဖိုင်တွေကို ရှာမတွေ့ဘူးဆိုရင် File Recovery Softwareတွေ သုံးပြီး ရှာနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ Drive အမျိုးအစားပေါ်မှာ မူတည်ပါတယ်။ အများဆုံးအသုံးပြုတဲ့ Drive တွေကတော့ Hard Disk Drive(HDD) or Magnetic Hard Driveတွေ ဖြစ်ပြီး Solid State Drive တွေကတော့ အသုံးပြုမှု နည်းပါတယ်။ သင့်ကွန်ပျူတာရဲ့  Hard Driveက ဘာအမျိုးအစားလဲဆိုတာ Manufacturer Specificationမှာ ကြည့်ပါ။

HDDမှာ ဖိုင်တွေကို Pointersတွေနဲ့  ညွှန်ပြပါတယ်။ Pointersတွေက အဲဒီဖိုင်ရဲ့ ဒေတာအစနဲ့  အဆုံးနေရာတွေကို မှတ်သားညွှန်ပြတာပါ။ HDDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် ၀င်းဒိုးက အဲဒီဖိုင်ရဲ့  Pointer ကိုပဲ ဖျက်လိုက်တာဖြစ်ပြီး အဲဒီနေရာကို Free Spaceအနေနဲ့  သတ်မှတ်လိုက်ပါတယ်။ ဒေတာတွေကိုတော့ မဖျက်ပစ်သေးပါဘူး။

အဲဒီအတွက် ဒေတာတွေကို တစ်ခြား ဒေတာတွေ Overwriteမလုပ်ခင် File Recovery Softwareတွေနဲ့ အမြန်ပြန်ရှာနိုင်ပါတယ်။ အမြန်ပြန်မရှာဘဲ တစ်ခြားဒေတာတွေ Overwriteလုပ်သွားရင်တော့ ပြန်ရှာလို့ မရတာတွေ၊ တစ်ဝက်တစ်ပျက်ပဲ ပြန်ရှာလို့ ရတာတွေ ဖြစ်တတ်ပါတယ်။
SSDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် TRIM commandကို သုံးပြီး အဲဒီနေရာကို အပြီးဖျက်လိုက်တာ ဖြစ်တဲ့အတွက် Recovery Softwareတွေသုံးပြီး ပြန်ရှာလည်း မရနိုင်တော့ပါဘူး။ Modern solid-state drives တွေနဲ့  Windows 7 and 8စတဲ့ OSတွေမှာ TRIMကို အသုံးပြုကြပါတယ်။ ရှေးကျတဲ့ SSDတွေနဲ့  Windows XPမှာတော့ TRIMကို Supportမပေးပါဘူး။ အဲလို အခြေအနေမှာတော့ သင့်ဖိုင်တွေကို Recovery Software တွေနဲ့ ပြန်ရှာနိုင်ပါတယ်။

အန္တရာယ်အကင်းဆုံးနဲ့ အောင်မြင်မှု အရှိနိုင်ဆုံးနည်း
သင်ဖိုင် တစ်ခုကို မှားဖျက်မိလိုက်တာ သိသိခြင်းပဲ ကွန်ပျူတာကို ပိတ်ပါ။ မပိတ်ဘဲ File Recovery Software တွေကို အင်စတော လုပ်မယ်ဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ Free Spaceအဖြစ် သတ်မှတ်ထားတဲ့ သင့်ဖိုင်တွေကို Overwrite လုပ်ပြီးအပြီးတိုင် ပျက်သွားနိုင်ပါတယ်။ အင်စတောလုပ်ပြီးသား Softwareတွေ Backgroundမှာ Runနေတဲ့ Programsတွေကလည်း သင့်ဖိုင်တွေကို Overwrite လုပ်ကောင်း လုပ်သွားနိုင်ပါတယ်။ အဲဒီအတွက် သင့်ကွန်ပျူတာကို ပိတ်ပြီး Driveကိုစက်ကဖြုတ်ပြီး တစ်ခြားစက်တစ်လုံးမှာ Secondary Driveအနေနဲ့  တပ်ဆင်ပြီး Recovery Softwareတစ်ခုခုနဲ့ ရှာပါ။ ဒီနည်းက သင့်ဖိုင်တွေကို ပြန်ရဖို့ အန္တရာယ်အကင်းဆုံးနဲ့  အောင်မြင်မှု အရှိနိုင်ဆုံးနည်းပါ။

အမြန်ဆုံးနည်း ဒါပေမယ့် စွန့်စားရမယ့်နည်း
ဖျက်မိတဲ့ဖိုင်က အရေးမကြီးတဲ့ ဖိုင်ဆိုရင် အမြန်ဆုံးပြန်ရှာဖို့  File Recovery Softwareတွေကို သုံးနိုင်ပါတယ်။ Freeware တစ်ခုဖြစ်တဲ့ Recuvaကို ဒေါင်းပြီး အင်စတောလုပ်ပါ။ Recuva နဲ့  Driveကို Scanလုပ်ပြီး ဖိုင်ကို ပြန်ရှာနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းကို သုံးရင် သင့်ဖိုင်တွေကို ပြန်ရဖို့ မသေချာပါဘူး။ Recuva ကို အင်စတောလုပ်တဲ့အခါ ဖျက်လိုက်မိတဲ့ဖိုင်ရဲ့  ဒေတာတွေအပေါ်ကို Overwrite လုပ်သွားနိုင်ပါတယ်။ နောက်ပြီး တစ်ခြား Runနေတဲ့ Programsတွေ၊ Backgroundမှာ Runနေတဲ့ Programsတွေကလည်း Overwrite လုပ်သွားနိုင်ပါတယ်။


Professional Data Recovery Services
ဖျက်မိတဲ့ဖိုင်ဟာ သင့်အတွက် အလွန်အရေးကြီးတဲ့ ဖိုင်ဖြစ်ပြီး အပေါ်ကနည်းတွေနဲ့ ပြန်ရှာလို့မတွေ့ရင် စက်ကိုပိတ်ပြီး Professional Data Recovery Servicesတွေဆီကို ပို့ လိုက်ပါ။ အဲဒီ Servicesတွေ Dying Hard Drive, Overwrite ဖြစ်သွားတာတွေကိုပါ ပြန်ရှာပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာမတော့ မခံပါဘူး။ အဲဒီ Servicesတွေရဲ့ ဝန်ဆောင်ခဟာ ကြီးမြင့်ပြီး နိုင်ငံခြားမှာတော့ ရှိပါတယ်။

ဒီမှာတော့ မသိပါ။ သင့်ရဲ့  အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့ 
သင့်ရဲ့အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့  အမြဲတမ်း Backupလုပ်ဖို့ အရေးကြီးပါတယ်။ Windows Backup Toolsတွေကို သုံးနိုင်သလို တစ်ခြား Softwareတွေကိုလည်း သုံးနိုင်ပါတယ်။ Cloud Storageတွေမှာလည်း သင့်ဖိုင်တွေကို သိမ်းပြီး Backup လုပ်နိုင်ပါတယ်။

Ref : http://www.howtogeek.com/169344/how-to-recover-a-deleted-file-the-ultimate-guide/

Monday, August 5, 2013

အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ


ဂျင်း

သူက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံးသင့်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ နားကိုက်တာကို ပျောက်ကင်းစေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက် ကင်းစေပါတယ်။ ကြက်သွန်ဆီဆိုလို့ အခြားမဟုတ်ပါဘူး။ သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး အအေးခန်းထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။

လေးညှင်းပွင့်

သွားကိုက် ဝေဒနာ ခံစားရသူများအနေနဲ့ လေးညှင်းပွင့်ခြောက်မှုန့် နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု
ပျောက်ကင်းစေပါတယ်။


ပင်စိမ်းရွက်/ ပက်ပါမင့်ရွက်

Peppermint လို့ခေါ်တဲ့ အရွက်တစ်မျိုးက မြန်မာခေါ် ပင်စိမ်းရွက်နဲ့ နီးစပ်ပါတယ်။ သူ့မှရတဲ့ဆီကလည်း ကြွက်သား နာကျင်ကိုက်ခဲမှုကို ပျောက်ကွင်း စေပါတယ်။

စပျစ်သီး

စပျစ်သီး တစ်ခိုင်စာ နေ့စဉ် စားသုံးသူများအနေနဲ့ ကျောရိုးတစ်လျှောက် ဆက်စပ်တဲ့ ရောဂါများကို ပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိထားကြ ပါတယ်။

နာနတ်သီး

နာနတ်သီးက အစာအိပ် နာတာတို့၊ ဗိုက်ကြွက်သား နာကျင်မှုတို့ ကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။

ချယ်ရီသီး

ချယ်ရီသီးကတော့ ဦးခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းစေပါတယ်။

ခရမ်းချဉ်သီး

ခါးအောက်ပိုင်း အကြော၊ ကြွက်သား နာကျင်မှုကို ပျောက်ကင်း စေပါတယ်။ ခရမ်းချဉ်သီးဖျော်ရည် နေ့စဉ်စားသုံးခြင်းဖြင့် ခြေထောက် ကိုက်ခဲတာတို့၊ ထုံကျင်တဲ့ ဖြစ်လေ့ဖြစ်ထကို ပျောက်ကင်းစေပါတယ်။

Sunday, August 4, 2013

ရင်အုံဖြိုးမောက် မြင်သူကျလောက် (ယောက်ျားများအတွက်သာ)




ယောက်ျားဆိုတာ ကျားကျား လျားလျားနဲ့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားမှသာ ကြည့်ကောင်းရှုကောင်းပြီး လူအမြင် တင့်တယ်စေမှာ ဖြစ်တယ်။ အခုခေတ်ကြီးမှာ
မိန်းမတွေ ယောက်ျားတွေကို အရင်ဆုံးလေ့ကြည့်လေ့ရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းက အပေါ်ပိုင်း မိန်းမဆန်တဲ့ ယောက်ျား တွေမြင်တွေ့လာရတာ ယောက်ျားတို့အနေနဲ့ ဂုဏ်ယူစရာ တစ်ရပ် မဟုတ်ပါဘူး။ မော်ဒယ်လုပ်မလို့ပဲဖြစ်ဖြစ်၊ ကာယလေ့ကျင့်ခန်း လုပ်ရတာ ဝါသနာပါလို့ပဲဖြစ်ဖြစ်
အားကစားဆိုတာ လိုက်စားသင့်တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ဆရာကြီးကျောက်ဘီလူး တင်မောင်ဆွေ တစ်ခါက ပြောဖူးတာက “ကာယ လေ့ကျင့်ခန်းတွေဟာ တခြား အားကစား နည်းတွေထက် အသက်ကြီးလာရင် လူကိုပိုအကျိုး ရှိစေတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်မှာ ထင်ကျန်နေခဲ့လို့ပဲ ဖြစ်တယ်” လို့ပြောဖူးတယ်။
ရင်အုံကြွက်သားမောက်လာအောင် လုပ်ဆောင်ခြင်း
ခန္ဓာကိုယ် ကြွက်သားတွေကိုပဲ ဖြစ်တယ်။ ယောက်ျားတွေရဲ့ ရင်ခွင်ဟာ မိန်းမတို့ရဲ့ ခိုဝင်မှေးစက်ရာ နေရာဖြစ် သလို ဆော့ကစားရာ နေရာလည်းဖြစ်တယ်။ မိန်းမတွေရဲ့ အားကိုး ယုံကြည်မှုကို ပေးစွမ်းစေနိုင်တဲ့ နေရာလည်းဖြစ်တယ်။ ရင်အုံ ကြွက်သားတက်ဖို့ လုပ်ဆောင်နိုင်တဲ လေ့ကျင့်ခန်း သုံးမျိုးရှိတယ်။ ဝိတ်မတဲ့နည်း (Bench Press) ဒိုက်ထိုးတဲ့ ကိရိယာလွတ် လေ့ကျင့်နည်း (T-Press-up) ကြိုးဆွဲလေ့ကျင့်နည်း (Cable crossover Fly) တို့ပဲဖြစ်တယ်။
ဝိတ်မတဲ့နည်း
ဒီနည်းဟာ ရင်အုံကြွက်သား လေ့ကျင့်ခန်းထဲမှာ အကောင်းဆုံး လေ့ကျင့်ခန်းပဲဖြစ်တယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့ အခါမှာ ကိုယ်ချည်း သက်သက် တစ်ယောက်တည်း လုပ်ဆောင်တာထက် ဘေးနားမှာ ဆရာတစ်ယောက်ပဲဖြစ်ဖြစ်၊ အကူတစ်ယောက်ပဲဖြစ်ဖြစ် ဝိုင်းကူပေးဖို့လိုတယ်။ ဒီလေ့ကျင့်ခန်းဟာ ကြွက်သားတွေအများကြီး အလုပ်ပေးရတာဖြစ်တဲ့ အတွက် တက်တာအမြန်ဆုံးနဲ့ အကောင်းဆုံးလို့ ဆိုရတာဖြစ်တယ်။
ဒိုက်ထိုးနည်း
အားကစားရုံသွားပြီး မလေ့ကျင့်နိုင်တဲ့ညီငယ်များအတွက် ကိရိယာလွတ်လေ့ကျင့်နည်းပဲဖြစ်တယ်။ V-Shape ပုံသဏ္ဍာန် ဖြစ်ချင်ရင် လက်ကို ကျယ်ကျယ်လေးထားပြီး ဒိုက်ထိုးပေးပါ။ ခြေထောက်ကိုအမြင့်ပေါ်မှာထားပြီး ထိုးရင်ပိုတက်မြန် ပါတယ်။ ဒါပေမယ့် အရင်ဆုံး စတင် လေ့ကျင့်မယ့်သူတွေ အတွက်ကတော့ ရေပြင်ညီအနေအထားနဲ့ စတင်လေ့ကျင့် သင့်ပါတယ်။ တစ်ပတ်လောက်နေမှ အကြိမ်ရေနဲ့ ပုံစံပြောင်းပြီးထိုးသင့်ပါတယ်။ တစ်တောင်လောက်အမြင့်မှာ ခြေတင်ပြီးထိုးပေးပါ။ သုံးပတ်လောက်ပုံမှန်ထိုးလိုက်တာနဲ့ သိသာလာပါလိမ့်မယ်။ ဒါပေမယ့် အချိန်မှန်ရမယ်။ အကြိမ်ရေမှန်ရမယ်။ လုပ်နည်းမှန်ရမယ်။ အဲဒါတော့ မမှန်မဖြစ်မှန်ဖို့လိုတယ်။ ဒါမှမြန်မြန်နဲ့ အချိုးအစားကျကျ ကြွက်သားတွေ တက်လာမှာဖြစ်တယ်။
ကြိုးဆွဲလေ့ကျင့်နည်း
နောက်တစ်နည်းက Cable Machine ကိုသုံးပြီးလေ့ကျင့်ရတာ ဖြစ်တယ်။ မတ်တပ်ရပ်လေ့ကျင့်နိုင်သလို ထိုင်လျက်လည်းလေ့ကျင့်နိုင်ပါတယ်။ အဖော်အကူရှိဖို့ မလိုပါဘူး။
အစားအသောက်
ကာယလေ့ကျင့်ခန်းတွေလုပ်လို့ရှိရင် အစားအသောက်ကို ဂရုစိုက်နဲ့ စားသုံးပေးရပါမယ်။ အဆီနည်းတဲ့အသားတွေ ပရိုတင်းဓါတ်ပါတဲ့ အစားအစာတွေ စားပေးရပါမယ်။ များများစားပေးဖို့ မလိုပါဘူး။ ခန္ဓာကိုယ်အတွက် ကြွက်သားတွေတက်ဖို့အတွက် မှန်ကန်သင့်လျော်တဲ့ အစားအစာတွေပဲ စားသုံးပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေရရှိရင် ကြွက်သားတွေဟာ အမြန်တက်လာ မှာဖြစ်တယ်။
အအိပ်အနေ
စားတာသောက်တာအရေးကြီးသလို ခန္ဓာကိုယ်အတွက် မရှိမဖြစ်အနားယူဖို့လည်း လိုအပ်လှပါတယ်။ အထူးသဖြင့် အိပ်စက်တဲ့အခါမှာပေါ့။ နည်းစနစ်တကျနဲ့ အိပ်စက်တတ်ဖို့လိုသလိုလိုအပ်တဲ့ အိပ်ချိန်ပမာဏအိပ်စက်ပေးဖို့လည်း လိုအပ်ပါတယ်။ အနည်းဆုံး၇နာရီ အိပ်စက်အနား ယူပေးဖို့ လိုပါတယ်။ သက်သောင့်သက်သာရှိတဲ့ အိပ်ရာခင်းမှာ အိပ်စက်ပေး ရပါမယ်။ မအိပ်ခင်မှာ ညစ်ညမ်းကား၊ စာအုပ်၊ ကာတွန်းတွေ မဖတ်ပါနဲ့။
ထပ်တိုးလေ့ကျင့်ခန်းများ
ကာယလေ့ကျင့်ခန်းတွေမလုပ်ဆောင်ခင်မှာ အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးဖို့လိုတယ်။ နောက်တစ်ခုက ရေကူးတာတို့ကိုယ်ရဲ့ Program ထဲမှာ ထည့်သွင်းလုပ်ဆောင်ပေးပါ။ အသေအချာသိထားရမယ့် အချက်တစ်ခုကတော့ ရင်အုံဆိုတာ မိန်းမတွေကို ဆွဲဆောင်နိုင်ဆုံး နေရာဖြစ်ပေမယ့် သိပ်ကြီးပြီး မိန်းမရင်အုံလိုဖြစ်နေရင် မိန်းမတွေအတွက် ရင်ခုန်စရာမဖြစ်ပဲ စိတ်ကုန်စရာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရင်အုံကျယ်အောင်နဲ့ ကြီးအောင်လုပ်ဖို့ ပဲလိုပါတယ်။
Ref By - http://seinpanpyar.multiply.com/

credit & copy from >>>ရိုးရာလေး<<<Thanks

ဥာဏ်ကောင်းစေရန် နည်းလမ်း ၁၀ချက်

Posted in နည်းလမ်းများ


ဥာဏ်ကောင်းစေပါမယ်လို့တော့မဟုတ်ပါဘူ။ သေချာတာကတော့ ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေမယ့် နည်းလမ်းများ ဖြစ်တဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်။

1. Go for a walk with a friend

လုပ်ငန်းခွင်ရယ်လို့မဟုတ်ပါဘူး။ သင်တန်း၊ကျောင်း တက်သူများအနေနဲ့လည်း ရုံးတက်၊ ကျောင်းတက်ချိန် မိတ်ဆွေ သူငယ်ချင်း နဲ့သွားရပါမယ်။ အဲဒီလိုသွားခြင်းက လူမှုဆက်ဆံရေး၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊ စိတ်ပိုင်းဆိုင်ရာ တက်ကြွရေး တို့မှာ တိုးတက်စေမှာ ပြီး ဦးနှောက်ကို သန်မာစေပါတယ်။

2. Solve Puzzles, Play Games

ဥာဏ်စမ်းဂိမ်းများ၊ ပဟေဌိဂိမ်းများ ဆော့ကစားပေး ရပါမယ်။ ဖြေရှင်းရ ခက်သော ဆူဒိုခု၊ စာလုံးစီ တို့ကို ဆော့ကစား ပေးခြင်း၊ အလွယ်တ ကူ ဆော့ရသော ဖုန်းထဲမှ ဂိမ်း၊ ကွန်ပျူတာဂိမ်း၊ ကစားကွင်း ဂိမ်း အစရှိသဖြင့်တို့ကို မိနစ်ပိုင်း ဆော့ကစားပေးခြင်းတို့ ပြုလုပ်ပေးရပါမယ်။ ယင်းကဲ့သို့ ဆော့ကစားခြင်းက ဦးနှောက်သွေးဆဲလ်တွေကို တက်ကြွစေပြီး တစ်စုံတစ်ခုအပေါ် အာရုံစူးစိုက်နိုင်မှု အားကို ကောင်းစေပါတယ်။

3. Meditate

တရားထိုင်ခြင်းက လွယ်ကူသော အလုပ်ဖြစ်ပါတယ်။ အချို့ က ခက်ခဲသော အလုပ်လို့ ယူဆပါတယ်။ မထိုင်နိုင်လည်း ထိုင်နိုင် သလောက် မိနစ်ပိုင်း တရားထိုင်ပေးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ တရားထိုင်တဲ့ အလေ့အကျင့်ကို နေ့စဉ်မဟုတ်တာင် ၂ ရက်တစ်ခါလောက် ပြု လုပ်ပေးခြင်းဖြင့် မှတ်ဥာဏ်ကောင်းစေပါတယ်။

4. Eat healthy

မိမိစားသမျှ အစားအသောက်အားလုံးမှ အာဟာရနှင့် အောက်စီဂျင်များရဲ့  ၂၀ ရာခိုင်နှုန်းကို ဦးနှောက်က အသုံးပြုပါတယ်။ ဒါကြောင့် မိမိစားသောက် တဲ့အစားအစာများကို ဦးနှောက်အတွက် အရေးပါ တယ်ဆိုတာ သိထားရ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များ စားသောက်ပေးခြင်းဖြင့် ဦးနှောက်ကို ကျန်းမာဖွံ့ ဖြိုးစေမှာ ဖြစ်ပါတယ်။

5. Think positive

အရာအားလုံးကို အကောင်းမြင်ပေးဖို့ လိုအပ်ပါတယ်။ စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုမျးက ဦးနှောက်ထဲက Neuron တွေ ကို သေဆုံးစေ ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အခက်အခဲ၊ ပြဿနာများနဲ့ ကြုံကြုံ အကောင်းဘက်က မြင်းပေးတဲ့ စိတ်ထားနိုင်အောင် ကြိုးစားရပါမယ်။ ယင်းကဲ့သို့ အကောင်းဘက်က မြင်ပေး၊ စာနာပေးတတ်ခြင်းက ဦးနှောက်က ဆဲလ် အသစ်တွေ ပိုမို တိုးတက်စေပြီး စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုများကို ဖယ်ရှားပေးပါတယ်။

6. Laugh It Up

ရယ်မောတတ်တဲ့ အကျင့်ရှိဖို့လည်း လိုအပ်ပါတယ်။ ရယ်သော သူသည် အသက်ရှည်၏ ဆိုတဲ့အတိုင်း ရယ်မောခြင်းက ရုပ်ပိုင်း၊ စိတ်ပိုင်းနာကျင်မှု များကို လျော့ချပေးပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်သူ၊ ရယ်မောလွယ်တတ်သူများဟာ သဘာဝ အလျောက် စိတ်ဖိအား နည်းသူများ ဖြစ်ပါတယ်။ ဒါကြောင့် ဟာသရုပ်ရှင်များကြည့်ခြင်း၊ ဟာသနောက်ပြောင်ပြောဆိုခြင်း တို့က ဦးနှောက်ထဲက endorphin –level ကိုမြင့်တက်စေပါတယ်။

7. Listen To Music

သီချင်းနားထောင်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည်ဥာဏ်သွေး ကို မြင့်တက်စေပါတယ်။ အတွေးအခေါ် သစ်တွေရနိုင်ပြီး ထူးခြားတဲ့ စိတ်ကူးဆန်းတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သီချင်းနားထောင်ခြင်းက ဦးနှောက်ရဲ့  ညာဘက်အခြမ်းကို သန်မာစေတယ်လို့ ဆိုပါတယ်။

8. Do Self-Hypnosis

Hypnosis ဆိုတာ စိတ်ညို့ခြင်းကိုဆိုလိုပါတယ်။ ဒီတော့ Self-Hypnosis က မိမိကိုယ်ကိုယ် စိတ်ညို့ ခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ သို့သော် မိမိကိုယ်ကိုယ် စိတ်ညို့ခြင်း၊ အိပ်ငွေ့ချခြင်း ထူထူထွေးထွေးမဟုတ်ပါ။ ဥပမာ- လကုန် ရက် တစ်ရက်ရက်မှာ လုပ်စရာတစ်ခုရှိသည်ဆိုပါစို့။ ယင်းနေ့ကို အမှတ်ရနေပြီး တကယ်ပဲ ယင်းနေ့မှာ မမေ့မလျော့ လုပ်ဆောင်နိုင်တာမျိုး၊ မနက်အိပ်ယာ ၆နာရီထဖို့ စီစဉ်ထားရင် တကယ်ပဲ ၆ နာရီတိတိမှာ နှိုးဆက်မပါပဲ ကိုယ်တိုင် ထနိုင်အောင် ကြိုးစားတာမျိုးကို ဆိုလိုပါတယ်။ မမေ့မလျော့ပဲ အိပ်ဆက်နိုင်ခြင်းမျိုး ဖြစ်ပါတယ်။

အနာဂတ်မှာ ပြုလုပ်ရန် စီစဉ်ထားတဲ့ လုပ်ငန်းများကို တကယ်ပဲ မပြတ်မကွက်အောင် ပြုလုပ်နိုင်ပြီး အခြား သာမန် လုပ်ငန်းများအပေါ်လည်း ဆိုးကျိုးမသက်ရောက်စေတာမျိုး ဖြစ်ပါတယ်။ ဦးနှောက်ကို ဒီလို မှတ်သားခိုင်းစေနိုင်မှုက စိတ်ဖိအားလျော့ချနိုင်ပြီး အတွေးအခေါ်များကို ပိုမို ရှင်းလင်းပြတ်သားစေပါတယ်။

9. Set Goals

ရည်မှန်းချက်ထားရပါမယ်။ ခြောက်လအတွင်းဖြစ်လာမယ့်ရည်မှန်းချက်၊ တစ်နှစ်အတွင်း ဖြစ်လာမယ့် ရည်မှန်းချက် အစရှိသဖြင့် ပန်းတိုင်တစ်ခုခု ထားပြီး ကြိုးစားလုပ်ကိုင်တတ်ရပါမယ်။ ဘဝရည်ရွယ်ချက်မဲ့ လုပ်ကိုင်နေခြင်းက ဦးနှောက်ရဲ့  တွေးခေါ်စဉ်းစားနိုင်မှု စွမ်းအား လျော့ ချစေပါတယ်။ ရည်မှန်းချက် ပန်းတိုင် ထားတတ်သူများက ဦးနှောက်ဥာဏ် ရည် အမြဲ ဖွံ့ဖြိုးနေပြီး ဘဝမှာ အောင်မြင်မှုကို အတိုင်းအတာ တစ်ခုအတွင်း ရတတ်ကြပါတယ်။

10. Follow a Sleep and Wake up Routine

စောစောအိပ်၊ စောစောထ ဆိုတာထက် အချိန်မှန် အိပ်၊ အချိန်မှန် ထလို့ ပြောရင် ပိုမှန်ပါတယ်။ ညဘက် သန်းခေါင်ကျော်အောင် မအိပ်ပဲ နေပြီး မနက် အိပ်ယာထနောက်ကျသူများဟာ ဦးနှောက်လေးလံ ထိုင်းမှိုင်းပါတယ်။ ဒီမှာ အိပ်ဆေး အသုံးပြုပါက အိပ်ရေးဝပေမယ့် မှတ်ဥာဏ်ချို့ ယွင်းမှုကို ဖြစ်ပေါ်စေပါတယ်။ ညအိပ်နောက်ကျပြီး အိပ်ယာစောစောထရတာကလည်း စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ထိခိုက်စေပါ တယ်။ စောစော အိပ်ပေမယ့်၊ နောက်ကျမှ ထတာမျိုးကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။ ပုံမှန်ချိန်အိပ်ပြီး ပုံမှန်ချထားခြင်း က အိပ်ရေးဝဝ အိပ်စေပြီး စိတ်ရော၊ကိုယ်ရော ကျန်းမာစေပါတယ်။ ဦးနှောက်ကို လန်းဆန်းစေပါတယ်။

အထက်ပါအချက်များအတိုင်း ကျင့်သုံးသွားရင် ဥာဏ်ကောင်းမလာ ရင်တောင် လူမှုပတ်ဝန်းကျင်မှာ အမြဲ စမတ်ကျနေတဲ့ လူတစ်ယောက် ဖြစ်စေပါတယ်။ သာမန် နေထိုင်တတ်သူများနဲ့စာရင် အထက်ပါ ၁၀ချက်အတိုင်း လုပ်ဆောင်သွားသူများက ဥာဏ်ရည် ဖွံ့ဖြိုးမှု မြန်ဆန်ပြီး ဘဝအခက်အခဲများကြား အောင်မြင်မှု ရရှိရန် အခွင့် အလမ်းပိုများကြောင်း သုတေသန ဝဘ်ဆိုဒ် တစ်ခုက ဖော်ပြထားပါတယ်။

မစ်စတာဘင်းကို အတုယူပါ



မစ်စတာဘင်း ခေါ် Rowan Atkinson ဟာ လန်ဒန် အောက်စဖို့ (Queen's College) ကနေ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ပြီး မာစတာဘွဲ့ နဲ့ အောင်မြင်ထားပါတယ်။ အောက်စဖို့ တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဘွဲ့အချို့ကိုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။ တက္ကသိုလ်မှာ အချိန်ပိုင်း လက်တွေ့ဆရာတောင် လုပ်ခဲ့ပါသေးတယ်။

သို့ပေမယ့် သူဟာ လူတွေကိုဖျော်ဖြေရတဲ့ လူရွှင်တောင်ဘဝမှာ ပဲ ပျော်မွေ့ သူ ဖြစ်ပါတယ်။

သင်ခန်းစာ

ဒီလိုပါပဲ။ လက်ရှိ မြန်မာပြည်မှာပေါ့။ ကိုယ်က တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့တစ်ခုခုကို ရထားတယ်။ သို့ပေမယ့် ယင်းပညာရပ်ကို စိတ်မဝင်စားဘူး ဆိုရင် ကိုယ်စိတ်ဝင်စားတဲ့ လမ်းကြောင်းကို ရဲရဲဆုံးဖြတ်လို့ ပြောင်းနိုင် ပါတယ်။ သို့ပေမယ့် လေထဲမှာ တိုက်ဆောက်သလို စိတ်ကူးနဲ့တော့ မရ ပါဘူး။ စိတ်ဓာတ်လည်း ခိုင်မာသလို လက်တွေ့မှာလည်း တကယ် လုပ်နိုင် ကြောင်း ခိုင်မာတဲ့ စီမံကိန်းတော့ ရှိဖို့လိုအပ်ပါတယ်။

ဥပမာ - အင်ဂျင်နီယာနဲ့ဘွဲ့ရတယ်။ သို့ပေမယ့် ပရိုဂမ်မာပဲ ဖြစ်ချင် တယ်ဆိုရင် လည်း သဘောပါ။ အပြောင်းအလဲ ကာလကတော့ အခက် အခဲ သေချာ တွေ့မှာပါ။ စီမံကိန်းချ ပြီး ကြိုးစား လုပ်ယူ ရမှာပါ။ အလုပ် မှာပျော်မှ အောင်မြင်မှာ့ပါ။ ကိုယ်ရွေးလိုက်တဲ့ အသက်မွေး ဝမ်းကျောင်း ပညာတစ်ခုမှာ မပျော်ဘူး။ ဝါသနာ မပါဘူးဆိုရင် ဘယ်တော့ မှ အောင်မြင်မှာမဟုတ်ပါဘူး။ ဒီလိုပါပဲ။ ကွန်ပြူတာ တက္ကသိုလ်ကနေ ဘွဲ့ရတယ်။ ပရိုဂမ်းမင်း ဘာသာရပ် တစ်ခုကို လေ့လာ လိုက်စားဖြစ်တယ်။ သို့ပေမယ့် တကယ်စိတ်ဝင်စားတာက ဖက်ရှင်ဒီဇိုင်းဖြစ်နေလို့ ပရော်ဖက်ရှင်နယ်လိုင်းပြောင်းလိုက်တာ အချိန်တို အတွင်းအောင်မြင်သွားသူ တစ်ယောက် မိတ်ဆွေထဲမှာ ရှိပါတယ်။

အိုင်တီကို စိတ်ဝင်စားရင် အိုင်တီကိုလုပ်၊ စိတ်မဝင်စားရင် အခြား စိတ်ဝင်စားရာ တစ်ခုခုကို သေချာရင်လုပ်နိုင်ပါတယ်။ မဟုတ်ရင် ကိုယ့် ဘွဲ့လက်မှတ်က ထမင်းစားလက်မှတ်ပဲ ဖြစ်နေမှာပါ။ ထမင်းစားဖို့ ရရုံလေး ဖြစ်ပြီး အောင်မြင်မှု မှတ်တိုင်ဆိုက်ထူဖို့ လှံတစ်ချောင်း ဖြစ် မလာ နိုင်ပါဘူး။

မိမိ ဝါသနာ၊ ပညာကို ကွဲကွဲပြားပြားသိလို့ ကြိုးစားနိုင်ကြပါစေ။
-
Credit @ copy from>>>အောင်ခမ်း (TSJ team)

VLC Player ကိုသုံးပြီး အင်တာနက်ဖြင့် TV Channel များကို ဖမ်းယူကြည့် ရှုနည်း



VLC Player ကိုသုံးပြီး အင်တာနက်ဖြင့် TV Channel များကို ဖမ်းယူကြည့် ရှုနည်း ၂၂.၆.၂၀၁၃၊ စနေနေ့ အင်တာနက်ဖွင့်ထားပြီး VLC Player ဖြင့် TV လိုင်းများကို ဖမ်းယူကြည့်ရှု လို့ရပါတယ်လုပ်နည်းကတော့ VLC Player ကိုဖွင့်ပါ Media ကိုနှိပ်ပြီး Open Network Stream ကိုနှိပ်ပါ အဲဒီမှာ URL လင့်ထည့်မယ့် Box တစ်ခုကျလာပါမယ် အဲဒီ box မှာ ကိုယ်ကြည့်မယ့် လိပ်စာကိုထည့်ပြီး Play လုပ်လိုက်ရုံပါပဲ ကြည့်လို့ရမယ် TV Channel လိပ်စာများကိုအောက်မှာဖော်ပြလိုက်ပါတယ်

-1-SONY TV rtsp:// 208.77.20.52:193 5/dmm1/ sonytv?by-.r.j ZEE TV rtsp:// 208.77.20.52:193 5/dmm1/ zeetv?by-.r.j STAR PLUS rtsp:// 208.77.20.52:193 5/dmm1/ starplus?by-.r.j SET MAX rtsp:// 208.77.20.52:193 5/dmm1/ setmax?by-.r.j ZEE SMILE rtsp:// 208.77.20.52:193 5/dmm1/ zeesmile?by-.r.j SONY SAB TV rtsp:// 208.77.20.52:193 5/dmm1/ sab?by-.r.j --------------- --------------- -------------- -2- SPORT CHANNELS -|- --------------- --------------- -------------- TEN CRICKET rtsp:// 208.77.20.52:193 5/dmm1/ten?by-r.j NEO CRICKET rtsp:// 208.77.20.52:193 5/dmm1/ neo?by-.r.j B4U MUSIC rtsp:// 217.146.95.166:5 54/live/ ch12zqcif.3gp?by -.r.j B4U REAL MUSIC rtsp:// 115.112.248.159: 554/prf0/ cid_75.sdp?=by-. r.j ZING rtsp:// 217.146.95.166:5 54/live/ ch28zqcif.3gp?by -.r.j 9XM rtsp://ss4c6.idc.mundu .tv:554/prf0/ cid_93.sdp?=by-. r.j T SERIES TV rtsp:// 217.146.95.166:5 54/live/ ch49yqcif.3gp?=b y-.r.j

မှတ်ချက်--- မြန်မာနိုင်ငံမှ မြ၀တီ TV Channel ကိုလဲ VLC နဲ့ကြည့်ရှုလို့ရပါတယ်

ဘာပဲဖြစ်ဖြစ် ဘာမှမဟုတ်ပါဘူး



ရှေ့ခပ်လှမ်းလှမ်းအရောက်
နောက်ပြန်လှည့်ကြည့်မိတယ်
ကြီးကျယ်တယ်လို့ထင်တဲ့အရာတွေဟာ မှုန်ပြပြမျှသာ
တကယ်တော့လည်း
ဘာမှမဟုတ်ပါဘူး

ဖြစ်ခဲ့သမျှ
သတိရလို့နောက်ပြန်ကြည့်မိတယ်
ဆုံးရှုံးတယ်လို့ ထင်တဲ့အရာတွေဟာ မှုန်ပြပြမျှသာ
တကယ်တော့လည်း
ဘာမှမဟုတ်ပါဘူး


ပီတိတွေလွှမ်း
အောင်ပန်းဝေတဲ့ အတိတ်တွေကို ပြန်ကြည့်မိတယ်
အောင်မြင်မှုလို့ ထင်တဲ့အရာတွေဟာ မှုန်ပြပြမျှသာ
တကယ်တော့လည်း
ဘာမှမဟုတ်ပါဘူး


ဝမ်းနည်းမှတ်တမ်း
မျက်ရည်လမ်းကို သတိရလို့ပြန်ကြည့်မိတယ်
ကြေကွဲမှုလို့ ထင်တဲ့အရာတွေဟာ မှုန်ပြပြမျှသာ
တကယ်တော့လည်း
ဘာမှမဟုတ်ပါဘူး။


ခုတော့သိပြီ
အောင်မြင်ဆုံးရှုံးအပြုံးအမဲ့၊အငိုအရယ်
လောကဇာတ်ခုံ ဘ၀ဇာတ်ရုပ်မို့
ဇာတ်ဆောင်ပြဇာတ် တစ်ခန်းရပ်က
နောက်ထပ်တစ်ခန်း ကရသည်သာ


တကယ်တော့လည်း
ဘာပဲဖြစ်ဖြစ် ဘာမှမဟုတ်ပါဘူး။

အမှိုက်များမှ လျပ်စစ်ဓာတ်အားနှင့် CNG ထုတ်ယူခြင်း

ရန်ကုန်မြို့တော်မှ ထွက်ရှိသော အမှိုက်များမှ လျပ်စစ်ဓာတ်အားနှင့် CNG ထုတ်ယူခြင်း လုပ်ငန်းများကို ၂၀၁၄ ခုနှစ်တွင် စတင်နိုင်မည်

ရန်ကုန်မြို့တော်၏ နေ့စဉ်ထွက်ရှိသော အမှိုက်များမှ ရန်ကုန်မြို့တော်အတွက် လိုအပ်နေသော လျှပ်စစ်ဓာတ်အားနှင့် CNG ထုတ်ယူရေး လုပ်ငန်းများကို လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် စတင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့တော်၏ နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ဓာတ်အားနှင့် CNG ဓာတ်ငွေ့ ထုတ်ယူရေး လုပ်ငန်းများ လုပ်ကိုင်လိုသည့် ကုမ္ပဏီများအား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တင်ဒါခေါ်ယူခဲ့ပြီး ယခုနှစ် မတ်လကုန်တွင် တင်ဒါပိတ်ခဲ့ကြောင်း၊ ပြည်တွင်းနှင့် ပြည်ပပူးပေါင်းသော ကုမ္ပဏီများ၊ ပြည်ပသီးသန့် ကုမ္ပဏီများလာရောက် တင်ဒါတင်သွင်းသော ကုမ္ပဏီပေါင်း ၄၃ ခုက လာရောက် တင်ဒါ တင်သွင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ တင်သွင်းလာသော တင်ဒါများကို ယခုနှစ် ဧပြီလနှင့်မေလ နှစ်လ အချိန်ယူပြီး အဆိုပါ ကုမ္ပဏီများမှ ပတ်ဝန်းကျင်အား မည်သို့ထိန်းသိမ်းနိုင်မည်၊ မည်သို့လုပ်ငန်းများ ဆောင်ရွက်မည်ကို အကဲဖြတ်ကာ ယင်းကုမ္ပဏီ ၄၃ ခုထဲမှ ထိန်ပင် အမှိုက်ပုံတွင် အမှိုက်များမှတစ်ဆင့် CNG ထုတ်ယူရေး လုပ်ငန်းများအတွက် ကုမ္ပဏီငါးခုနှင့် ထားဝယ်ချောင် အမှိုက်ပုံတွင် အမှိုက်မီးရှို့ တည်ထောင်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများ ပြုလုပ်ရန် ကုမ္ပဏီ ခြောက်ခုကို ပဏာမ ရွေးချယ်ခဲ့သည်ဟု သိရသည်။ အဆိုပါ ကုမ္ပဏီများ အနေဖြင့် သြဂုတ် ၇ ရက်တွင် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် Final Full Proposal အပြီးသတ် တင်ရမည်ဖြစ်ပြီး လုပ်ငန်း၏ ရာနှုန်းပြည့်ကို အပြည့်အ၀ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမည် ဖြစ်ကြောင်းနှင့် CNG စနစ်ဖြင့် ပြုလုပ်ရမည် ဖြစ်ကြောင်း၊ အပြီးသတ် တင်ပြချက်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြကာ ထိန်ပင်အမှိုက်ပုံတွင် အမှိုက်များမှ တစ်ဆင့် CNG ထုတ်ယူရေး လုပ်ငန်းများအတွက် ကုမ္ပဏီတစ်ခုနှင့် ထားဝယ်ချောင် အမှိုက်ပုံတွင် အမှိုက်မီးရှို့ တည်ထောင်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများ ပြုလုပ်ရန် ကုမ္ပဏီ တစ်ခုတို့ကို အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း၊ ကုမ္ပဏီများ ရွေးချယ်ရာတွင် မြေအသုံးပြုခ၊ အကျိုးအမြတ်ခွဲဝေမှု ရာခိုင်နှုန်း အများဆုံးပေးနိုင်သည့် ကုမ္ပဏီကို ရွေးချယ်မည်ဖြစ်ပြီး လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် လုပ်ငန်းများ စတင်ရန် မှန်းထားကြောင်း သတင်းရရှိသည်။

အဆိုပါ လုပ်ငန်းများမှ လျှပ်စစ်ဓာတ်အားများ ထွက်ရှိလာပါက ရန်ကုန်မြို့တော်၏ နေအိမ်၊ စက်မှုလုပ်ငန်းများအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းနိုင်ရန် ရောင်းချပေးမည်ဖြစ်ပြီး ယင်းအတွက် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့နှင့် ညှိနှိုင်းရမည်ဖြစ်ပြီး မော်တော်ယာဉ်များအတွက် လိုအပ်သော CNG များကိုလည်း ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများမှ လျှပ်စစ်ဓာတ်အားဖြင့် CNG ပမာဏ မည်မျှရရှိမည်ကိုမူ မသိရှိ နိုင်သေးကြောင်း သတင်းရရှိသည်။

https://www.facebook.com/IndustrialChemisrty

{Breaking News}

နေပြည်တော်အသင်းနှင့် ရန်ကုန်ယူနိုင်တက်အသင်းတို့ ရန်ပွဲဖြစ်
4-8-13


ယနေ့  သြဂုတ်လ ညနေ (၆း၀၀) နာရီ အချိန်တွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိ ကွင်း တွင် ယှဉ်ပြိုင်ကစားသော နေပြည်တော် အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့  ၏ ပွဲ စဉ် တွင် နေပြည်တော် အသင်း များ မှာ အားပေးရာတွင် လွန်လွန်ကျူးကျူး ဖြစ်ခဲ့ သည် အစပိုင်းတွင် ကွင်းအတွင်း သို့ ရေဗူးများ ပစ်ပေါက်ခဲ့သည်။

နောက်ပိုင်းတွင် ရန်ကုန် ကစားသမား တစ်ဦး အား နေပြည်တော် ကစားသမား တစ်ဦး မှ မျက်နှာအား ခြေထောက်နှင့် ကန်လိုက်ပြီးေ နာက်ပိုင်းတွင် နေပြည်တော်အသင်း အားပေးသူ

ပရိတ်သတ်များသည် ပွဲကြည့်စင်ပေါ်မှာ ကွင်းအတွင်းသို့ ခုန်ဆင်းပြီး
ရန်ကုန်အသင်းကစားသမား နှင့် အသင်းတာဝန်ရှိသူများ အား လက်သီးဖြင့်ထိုးခြင်း ခုံဟုယူဆရသော ဖိုက်ပါခုံ ဖြင့် ပစ်ပေါက်ခြင်းတို့ များ ဖြစ်ပေါ်ခဲ့ပါသည်။

ထိုဖြစ်စဉ် ဖြစ်ပွားနေချိန် တွင် ကွင်း အတွင်း နှင့် ပွဲကြည့်စဉ် အတွင်း တို့ တွင် လုံခြုံရေး ရဲ များ မရှိနေသည် ကို တွေ့ ရှိရပါသည်။

ထို့ ကြောင့် နောင်ကျင်းပမည့် 2013 အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ အား လက်ခံကျင်းပမည့်ကွင်းတွင် ယခုလို ဖြစ်သည် မှာ လုံခြုံရေးပေါ့ရော့မှု ကြောင့်ဟုတ် သုံးသပ်မိပါသည်။

ယခုလို ပဋိပက္ခ ဖြစ်ပွားမှု ကြောင့်ပွဲ အားရပ်တန့် လိုက်ရကြောင်း ထိုနေရာသို့ ရောက်ရှိနေသော Myanmar News International သတင်းထောက်မှ သတင်းပေးပို့ ထားပါသည်။
Posted from Myanmar News International

https://www.facebook.com/pages/နေ့စဉ်-ဖေ့ဘုတ်သတင်းများ/610354138988667

ဝင်ကြည့်သင့်တဲ့ ပညာရေးဆိုင်ရာ Website များ



မြန်မာနိုင်ငံ ဘယ်နေရာမှာပဲနေနေ... အင်တာနက် အဆင်ပြေခဲ့ရင် နိုင်ငံခြားတက္ကသိုလ်တွေက (၀ါသနာပါရာ) ပညာရပ်တွေကို သင်ယူလေ့လာနိုင်ကြပြီ.....

အထင်ကရ တက္ကသိုလ်သင်တန်းတွေ တက်နိုင်တဲ့ ၀ဘ်ဆိုက် ၇ ခုပါ။

လူတိုင်းအတွက် ပညာရေးနဲ့ပတ်သက်ပြီး ရယူနိုင်အောင် စီစဉ်ပေးထားတယ်။ ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေက အခမဲ့ပေးနေတဲ့ အွန်လိုင်း သင်ခန်းစာတွေကို ရယူလေ့ လာနိုင်ပါတယ်။ အထူးသဖြင့် Princeton နဲ့ Michigan တက္ကသိုလ်က သင်ကြား ပို့ချချက်တွေကို လေ့လာနိုင်ပါတယ်။ လေ့လာစရာ ခေါင်းစဉ်နဲ့ ဘာသာရပ်ဆိုင်ရာ အကြောင်းတွေကတော့ အများကြီးပါပဲ။ သင်ကြားမှု တွေကလည်း ဗ်ီဒီယို clip နဲ့ဆိုရင် တစ်ပုဒ်ကို ၁၅ မိနစ်စာလောက်ပဲ စီစဉ်ထားတာ များတယ်။ အပိုဆုအနေနဲ့ ဂိမ်းလေးတွေ ဆော့နိုင်သလို၊ ကိုယ်ကြိုက်တဲ့အချိန်မှာ လေ့လာသင်ယူနိုင်ခွင့်ရှိတဲ့အတွက် အား ထားစရာ site တစ်ခုဖြစ်ပါတယ်။


http://maukkha.org/index.php/book-store/book-refrence/2500-2012-11-06-08-43-26

Credit to Maukkha.org

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း



လူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။
အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အာဟာရတန်ဖိုး နည်းပါးပြီး ဆား(ဆိုဒီယမ်)၊ အဆီ၊ အချို မှုန့်၊ အရသာ စတဲ့ အရာတွေ ပါဝင်မှု များတာကြောင့်ပါ။
ဆား(ဆိုဒီယမ်) ပါဝင်မှု များတာ ကြောင့် အဆင်သင့် ခေါက်ဆွဲခြောက် ထုပ်တွေကို နေ့တိုင်းစားရင် သွေးတိုးရော ဂါ ဖြစ်စေနိုင်ပါတယ်။ အဲဒီကတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက် ကပ်ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ အ ရွယ်ရောက်သူနဲ့ လေးနှစ်ကျော်တဲ့ က လေးတွေရဲ့ တစ်နေ့မှာ ဆိုဒီယမ် စားနိုင် တဲ့ ပမာဏက ၁၅၀ဝ မီလီဂရမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ခေါက်ဆွဲထုပ်တစ်ထုပ် မှာ ပါဝင်တဲ့ ဆိုဒီယမ်က ၂၇၀ဝ မီလီဂ ရမ်ဖြစ်ပါတယ်။
ခေါက်ဆွဲ ခြောက်ထုပ်မှာ ပါဝင်တဲ့ ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန် ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။
အချိုမှုန့် (Flavour) ပါဝင်တာကြောင့် သွေးတိုးရော ဂါနဲ့ တခြားရောဂါဝေဒနာတွေကို ဖြစ်စေ နိုင်ပါတယ်။
အရသာ (Junk Food ) အဖြစ် အမဲ သားအနံ့၊ ပင်လယ်စာအနံ့ စတာတွေကို ထည့်သွင်းထားကာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး အမျိုးအစား မတူပေမယ့် အများအားဖြင့် အန္တရာယ်ရှိပါတယ်။
ခေါက်ဆွဲထုပ်ကို အများကြီး စား ရင် အစာမကြေဖြစ်တတ်ပါတယ်။ ခေါက် ဆွဲထုပ်ကို အဆင်သင့်အစာ (Junk Food) အဖြစ် ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အစာလို့ ဝေဖန်ကြပါတယ်။ ခေါက် ဆွဲထုပ်တစ်ထုပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှု များပေမယ့် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုက လျော့နည်းပါတယ်။

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း

ခေါက်ဆွဲထုပ်ကို ဖောက်ပြီး ခေါက် ဆွဲတွေကို အရင်ဆုံး ရေနွေးထဲ ထည့် ပြုတ်ပါ။ ပြီးရင် ရေကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင် ခေါက်ဆွဲတွေ မကပ်ငြိအောင် ကာကွယ်ပေးတဲ့ ဖယောင်း (Wax)ကွာ ကျသွားပါ လိမ့်မယ်။ ပြီးမှ ဟင်းအရည်နဲ့ စားချင်ရင် ရေနွေး ထပ်ထည့်ရပါမယ်။ ခေါက်ဆွဲကျက်မှ ဆီ၊ ဆား စတဲ့ ပါဝင်တဲ့ အရသာအမှုန့်တွေကို ထည့်ပေးရမှာ ဖြစ် ပါတယ်။ ဒီနည်းက လုံးဝ အန္တရာယ်ကင်း တာတော့ မဟုတ်ပါဘူး။ အရင်က လူအ များစုဟာ ရေနွေးပြုတ်ထဲ ခေါက်ဆွဲနဲ့ ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ထည့်ပြီး ခေါက်ဆွဲကျက်ရင် စားလေ့ရှိကြပါတယ်။ ဒီနည်းနဲ့ စာရင် အခုပြောပြတဲ့ ချက်ပြုတ် နည်းက အန္တရာယ် ပိုလျော့ပါးသွားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လတ်ဆတ်တဲ့ ဟင်းသီးဟင်း၇ွက်တွေ ထည့်ပြီး ပြုတ်စားရင် ခေါက်ဆွဲထုပ်မှာ ပါဝင်မှု နည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ရရှိစေနိုင်တာကြောင့် ကျန်းမာ ရေးအတွက် ကောင်းပါတယ်။
အန္တာရာယ်ကင်းချင်ရင် ခေါက်ဆွဲ ထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားချင်ရင် သုံးရက်ကြာမှ တစ် ထုပ်လောက်ပဲ စားပါလို့ ပြောချင်ပါတယ်။
BY GOOD HEALTH

https://www.facebook.com/IndustrialChemisrty

သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only)

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ မပြောပြချင်တော့လည်းပြောရတော့မယ့်အနေထားပါ။ ကျွန်တော်ကတော့ လူပြိန်းနားလည်အောင်ကြိုးစားပြီးရှင်းပြမယ်ဗျာ။ နားမလည်ရင် စာရေးသူညံ့တာထက် သင်တို့သေချာမဖတ်ကြလို့ပါ။ မသိသေးသူများအတွက်ပါ။ winkabarkyaw.net ကရေးတာမရှင်းလို့ဆိုလို့ပါ။ ကျွန်တော်လည်း လူပြိန်းပါပဲ။ ကျွန်တော် networkedblogs ကိုမနှစ်ကတည်းကသုံးနေတာပါ။ အလွန်အဆင်ပြေပါတယ်။



http://adf.ly/NUprJ ကိုဝင်လိုက်ပါ။ မရရင် {ဒီမှာကလစ်} ပါ။


ပြီးတာနဲ့ ကျွန်တော်ဝိုင်းထားတဲ့အတိုင်း Get Started Now ကိုဝင်ပါဗျာ။
Facebook အကောင့်ဖွင့်ထားရင်တော့ နောက်တစ်ဆင့်သွားပါ။ မဖွင့်ရသေးရင် ၀င်လိုက်ပါဗျာ။
Log in with Facebook ကိုကလစ်လိုက်ပါ။
Click here to continue  ကိုကလစ်လိုက်ပါ။
Register a Blog ကိုကလစ်ပါ။
ကျွန်တော်အနီရောင်နဲ့ဝိုင်းထားတဲ့နေရာမှာ သင့်ရဲ့ Blogger link ကိုထည့်ပါ။( ဥပမာ - http://techinblogging.blogspot.com ) ပြီးရင် Next ကိုကလစ်ပါ။
အကုန်ဖြည့်ပါ။ Terms of service* ရဲ့ညာဘက်က box ကိုအမှန်ခြစ်ပေးခဲ့ပါ။Language* မှာ English လို့ပေးပါ။ ပြီးတာနဲ့ Next ကိုကလစ်ပါ။
Yes ကိုကလစ်လိုက်ပါ။
မေးလ်ဝင်လာတာနဲ့ အိုခေပါပြီ။ ကဲ။ ဆက်ဖတ်ရအောင်။
Blogger Dashboard ကိုကလစ်လိုက်ပါ။
Syndication ကိုကလစ်လိုက်ပါ။

Grant Permissons ကိုကလစ်ပါ။
New window အနေနဲ့ ပေါ်လာလိမ့်မယ်။ Allow ကိုကလစ်ပါဗျာ။
(1) Choose a blog to syndicate ရဲ့အောက်မှာ သင့်ရဲ့ Blog နာမည်ကိုရှာပြီးထည့်လိုက်ပါ။ ကျွန်တော့် ဘလော့နာမည်က Tech in Blogging ပါ ဒါကြောင့် အဲ့ဒါပဲရွေးလိုက်ပါတယ်။

Add Facebook Target ကိုကလစ်ပါဗျာ။
ကျွန်တော်ကတော့ Pyae Phyo ဆိုတဲ့ page မှာပဲ Add လိုက်ပါတယ်ဗျာ။ ပြီးရင် Already added ပြပြီးရင် အောင်မြင်ပြီးဆုံးသွားပါပြီ။ ကျွန်တော့်လိုနလပိန်းတုံးများ နားလည်စေအောင်လို့တင်ပေးတာပါ။
Tech in Blogging ကိုထောက်ပံ့တဲ့အနေနဲ့ credit ပေးပါ။ share ပါဗျာ။