Monday, April 29, 2013

ကြွက်သားတွေနာကျင် ကိုက်ခဲနေတဲ့အခါ


ကြွက်သားတွေနာကျင် ကိုက်ခဲနေတဲ့အခါ



(၁) ရေခဲကပ်ပါ
နာကျင်ကိုက်ခဲတဲ့နေရာကို ရေခဲကပ်ထားပြီးရောင်ကိုင်းနေတဲ့ ဒဏ်ရာကို ရေခဲနှင့်ပတ်တီး စည်းပေး ပါ။ရေခဲကပ်တဲ့အခါမိနစ်(၂၀) ထက် ပိုမကြာစေဘဲနားလိုက်ကပ်လိုက်ပြု လုပ်ပေးပါ။ နာကျင်တဲ့ကြွက်သား တွေကိုလည်း ရက်အနည်း ငယ်ခန့် အနားပေးထားပါ။
(၂) ညင်သာစွာဆွဲဆန့်ပါ
ကြွက်သားတွေနာကျင်နေပေမယ့် ညင်ညင်သာသာဆွဲဆန့်ပေးတဲ့အခါ ကြွက်သားတင်းမာမှုကို လျှော့ချနိုင်ပါတယ်။ နာကျင်မှုကြောင့်အလိုလိုကျုံ့နေတဲ့ ကြွက်သားကို ညင်သာစွာ ဆန့်ပေးခြင်းဖြင့် ကြွက်သားများအား အနားယူပြေ လျော့စေပါတယ်။
(၃) ဒဏ်ကျေဆေးလိမ်းပါ
နာကျင်ကိုက်ခဲနေတဲ့နေရာကို ဒဏ်ကျေဆေးလိမ်းပြီးပလတ် စတစ် နှင့်ပတ်ထားလျှင်ဒဏ်ကြေ လိမ်း ဆေးရဲ့ပူတဲ့အာနိသင်ကို ကြာရှည်ခံ စေပါတယ်။ တစ်ခုသတိ ထားရမှာက ဒဏ်ကျေလိမ်းဆေးကို စမလိမ်းခင် အရေပြားပေါ် အနည်း ငယ်တို့ထိပြီး အပူဒဏ်ဘယ်လောက်ခံနိုင်ရည်ရှိသလဲစမ်းကြည့်ဖို့ပါ။
(၄) မြေပဲပူပူလေးနဲ့စမ်းကြည့်ပါ
ခြေအိတ်၊ လက်အိတ် တစ်ခုထဲ ကိုဆန်စေ့ဖြစ်စေ၊ မြေပဲစေ့ဖြစ်စေ လက်တစ်ဆုပ်စာလောက်ထည့်ပြီး အလုံပိတ်ပါ။ မိုက်ခရိုဝေ့ဗ်မီးဖိုထဲ (၃၀) စက္ကန့်မှ (၁) မိနစ်အထိထည့် ထားပြီး အပူပေးပါ။ သိပ်မပူအောင် ဂရုစိုက်ပြီး နာကျင်ကိုက်ခဲနေတဲ့နေ ရာကို ကပ်ပေးပါက နာကျင်မှုသက် သာစေပါတယ်။
(၅) အပ်စိုက်ကုထုံးနှင့်စမ်းကြည့်ပါ
အပ်စိုက်ကုထုံးဟာ နာကျင် ကိုက်ခဲနေ တဲ့နေရာကို သွေးစီးဆင်းမှု များစေပါတယ်။ နာကျင်မှုဝေဒနာ၊ ရောင်ရမ်းတဲ့ပြဿနာ တွေဟာ သွေး စီးဆင်းမှုများပြားလာတဲ့ အခါထက် ၀က်နီးပါးသက်သာလာမှာဖြစ်ပါ တယ်။

No comments:

Post a Comment