Monday, December 23, 2013

ဂျိမ်းစဘွန်း ဇာတ်ရုပ်ဖန်တီးသူ ဂျိမ်းစဘွန်း ဖြစ်ခဲ့




ယနေ့တိုင် ကမ္ဘာကျော်သွားစေတဲ့ ဂျိမ်းစဘွန်း 007 ဇာတ်ကောင် ဖန်တီး သူ ဟာ တကယ် ဂျိမ်းစဘွန်း ဖြစ်ခဲ့ ပါတယ်။ 

Ian Fleming လို့ အမည်ရတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး အမေရိကန် Naval မှ ထိပ်တန်း အေးဂျင့် တစ်ဦး ဖြစ်ပါတယ်။ ၁၉၀၈ ခုနှစ် မေလ က မွေးဖွားပြီး ၁၉၆၄ ခုနှစ် သြဂုတ်လမှာ ကွယ်လွန်ခဲ့တဲ့ Ian Fleming ဟာ သူ့ သက်တမ်း တစ်လျှောက်မှာ နိုင်ငံရေး နဲ့ အနုပညာမှာ နှစ်မြှုပ်ခဲ့သူ ဖြစ်ပါတယ်။ ရေတပ် ထိပ်တန်းအရာရှိတစ်ဦး ဖြစ်လာပြီး ဗြိတိန်က ဖွဲ့စည်းတဲ့ လျှို့ ဝှက်အေးဂျင့် MI6 မှာလည်း သူလျှိုတစ်ဦး ဖြစ်ခဲ့ ပါတယ်။ 

ဒုတိယ ကမ္ဘာစစ်ကာလအတွင်းက ဂျာမနီရဲ့  Code book နဲ့ စစ်လက် နက် ထောက်လှမ်းရေး Mission မှ ခေါင်းဆောင် အရာရှိ တစ်ဦး ဖြစ်ခဲ့ပြီး Mission အောင်မြင်ခဲ့ပါတယ်။ ပြီးတော့ အခြားသော စစ်ဆင်ရေး ပေါင်းမြောက် များစွာမှာလည်း ပါဝင်ပြီး ဗြိတိန်က အထူးအားထား ရတဲ့ အေးဂျင့်ဖြစ်ခဲ့ ပါတယ်။ စစ်ပြီးတဲ့ ကာလမှာတော့ သူလျှို အလုပ်မလုပ်တော့ပဲ ဗြိတိန်ရဲ့  ဂျာနယ်လောကကို ဝင်ရောက်ခဲ့ ပါတယ်။ သတင်းစာ၊ ဂျာနယ် ထုတ်ဝေပြီး ကိုယ်တိုင်ရေး ဝတ္ထုများလည်း ထုတ်ဝေ ပါတယ်။ 

အအောင်မြင်ဆုံးကတော့ အခန်းဆက်ရေးသားတဲ့ ဂျိမ်းစဘွန်း 007 ဖြစ်ပြီး ရုပ်ရှင် အဖြစ် ပြန်လည် ရိုက်ကူးယူတဲ့အထိ အောင်မြင်ခဲ့ ပါတယ်။ ဇာတ်လမ်း ကလည်း သူကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်များ၊ စစ်ဆင်ရေး များကို ပြန်လည်အခြေခံထားခြင်း ဖြစ်တာမို့ ကမ္ဘာကျော် လူကြိုက် များရခြင်း ဖြစ်ပါတယ်။ ဗြိတိန် MI6 ရဲ့  ကြီးမြတ်မှုကို ဖော်ပြနိုင်ခဲ့ တဲ့ ဂျိမ်းစဘွန်းရုပ်ရှင်များကြောင့် ယနေ့မှာ 007နေ့အဖြစ်တောင် သတ်မှတ် ခဲ့ကြောင်း သိရ ပါတယ်။
.
Ref: wiki
( www.innewsmyanmar.com )

အအေးမမိအောင်ကာကွယ်နည်းများ




ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ...........
ဆောင်းရာသီက အအေးမိ တတ်တဲ့ရာသီပါ ။ကြာရှည်စိတ်ဖိအားများပြီးအလုပ်လုပ်နေသူက
သာမာန်ရိုးရိုးသုထက် အအေးမိလွယ်တာ အဆ 5 ဆဖြစ်၏ အအေးမမိအောင်ကာကွယ်နည်းတွေလည်းရှိပါတယ် ။
ပိုက်ဆံမကုန် လုမပင်ပန်း လွယ်ကုစွာနဲ့ အအေးမမိအောင်လုပ်ကြရအောင်........

(၁) ဆားရေဖြင့်ပလုပ်ကျင်းနည်း (အငံ အပေါ့ ကိုယ်တိုင်ချင့်ချိန်ပါ) နေ့တိုင်းမနက် ည အစားစားပြီးတိုင်းဆားရေဖြင့်ပလုပ်ကျင်းပါ ။ ဆားရေကခံတွင်း(ပါးစပ်)ထဲမှာရှိတဲ့ ဗက်တီးရီးယား(bacteria.) ပိုးကို သေစေ၏ ။

(၂) ရေအေးဖြင့်မျက်နှာသစ် ရေနွေးဖြင့်ခြေဆေးနည်း နေ့တိုင်း မနက် ည ရေအေးဖြင့်မျက်နှာသစ်ပါ ။ ရေနွေးဖြင့်ခြေဆေးခြင်းက ကိုယ်ခန္ဓာကဖျားနာခြင်းကို ခံနိင်ရည်ရှိစေ၏ ။

(၃) ဂျင်းနှင့်သကြားနီ (ထညက် ကြံသကာ) ကြိုချက်ပြီး သောက်ရေလို သောက်ပါ ။(ဂျင်းနှင့်သကြား ကိုယ်တိုင်ချင့်ချိန်ပါ) 
*အအေးမိခြင်းကိုကာကွယ်ပေးတဲ့အကောင်းဆုံးနည်းပါ ။

(၄) ရေနွေးငွေ့ဖြင့် နှာခေါင်း လည်ချောင်းမှအချွဲများကိုသန့်ရှင်းနိင်ခြင်း ( ဆေးရုံမှာ Steam inhalation လုပ်နည်းနှင့်တု၏) ရေခွက်ထဲသို့ရေနွေးထည့်ပါ ။ ရေနွေးငွေ့ကို ပြင်းပြင်းရူလိုက်ပါ ရေအေးတဲ့အထိလုပ်ပေးပါ ။ (တနေ့တည်း အခါ များများလုပ်နိင်၏) ဒီနည်းကတော့ စစချင်း အအေးမိတဲ့အချိန်မှာလုပ်နိင်ရင် အကောင်းဆုံး အသင့်တော်ဆုံးပါ ။ချောင်းဆိုးနှာပိတ် နှာမွန်းခြင်း ကိုသက်သာစေ၏ ။

(၅) ပင်ပန်းခံ ခြင်းကိုလျှော့ပါ ။ အနားယုအိပ်စက်ရမည့်အချိန် များများပေးပါ ။ ပင်ပန်းတဲ့အချိန်မှာခန္ဓာကိုယ်ခုခံအားကျဆင်းပြီး အားလျှော့သောကြောင်းဗိုင်းရပ်များအလွယ်တကုဝင်လာတတ်ပါတယ် ။ (တစ်ရက်တွင်သုံးနာရီလျှော့အိပ်ပါကခန္ဓာကိုယ်ခုခံအားကျဆင်းပါတယ်)

(၆) ရေနွေးဖြင့်ရေချိုးပါ ။

(၇) အအေးမိတဲ့အခါ ရေနွေးများများသောက်ပါ ။ ရေမသောက်ချင်ရင်လည်း (သံပရာ + ပျားရည်+ရေနွေး ) ဖျော်သောက်ပါ ။ ကြက်စွပ်ပြုတ်လည်းသောက်ပေးပါ ။

* ချစ်ခင်လေးစားရသောသူငယ်ချင်း ...
နေမကောင်းတဲ့အချိန် ဘေးအနားမှာပြူစုမဲ့သူ မရှိရင်အလွန်အားငယ်စရာကောင်းတယ် ။ ဖျားနာနေတဲ့ အထဲ ဘယ်မှမသွားချင် ဆေးဝါးခဈေးကြီး ......
ကျန်းမာရေးကိုဂရူစိုက်ကြပါ ။
ချစ်ခင်လေးစားရသောသူငယ်ချင်းတို့
အားလုံး ကျန်းမာပျော်ရွှင်နိင်ကြပါစေ ..............

သူဌးကြီး ဦးနာအောက် အကြောင်းပါ။



အတုယူစရာမြန်မာ့ သူဌေးကြီး တချို့လည်း သိပြီးသားပါ၊ ဒါပေမယ့် မသိသေးတဲ့သူအတွက် ရည်ရွယ်ပါတယ်။ သူဌးကြီး ဦးနာအောက် အကြောင်းပါ။ သူက ဘာလို့ နာမည်ကြီးလဲဆိုရင် သူခေတ်က သူတစ်ဦးပဲ အင်္ဂလိပ်တွေနဲ့ စီးပွားရေး ပြိုင်လုပ်ရဲလို့ပါ။ ၁၈၃၂ မေလ ၁၇ ရက် ဘားအံ့မြို့နယ်၊ ခရဲရွာမှာ မွေးပါတယ်။ ငယ်စဉ်က ဆင်းရဲလို့ ကျွဲကျောင်းရပါတယ်။ အသက် ၃၅ နှစ် ရောက်တော့ ကတိုးကော့နပ်ရွာ က သစ်ကုန်သည် ဦးထော်မှာ ကူလီ ၀င်လုပ်ပါတယ်။ အလုပ်ကြိုးစာတော့ ကူလီခေါင်း ဖြစ်လာပါတယ်။ အဲ့လို အလုပ်ကြိုးစားရင်း ယိုးဒယား မှာ သစ်လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ရင်း သိန်း ၅၀ ကျော်လောက် ချမ်းသာလာပါတယ်။ ပိုက်ဆံရှိလာတော့ ဟေးလား၊၀ါးလား မလုပ်ပါဘူး။ ပရိယတ္တိသာသနာ ပြန့်ပွားရန် ကျောင်းတိုက်တွေ၊ စာသင်တိုက်တွေ လှူဒါန်း ပါတယ်။ ဦးနာအောက်က ကကိုးကော့နှပ်မှာ ချစ်တီး၊ဘာဘူ ကုလားတွေ နဲ့ ပြိုင်ပြီး ငွေးချေးလုပ်ငန်း၊ စပါး အရောင်းအ၀ယ် လုပ်ငန်းတွေ လုပ်ပါတယ်။ သူဆီချေးရင် အတိုးနည်းပြီး၊ စပါးဆို ဈေးကောင်းကောင်းပေးဝယ်ပါတယ်။ အဲတာကြောင့် တစ်ခါ စီးပွားပျက်သွားသေးပါတယ်။ ဒါပေမယ့် အလုပ်ပြန် ကြိုးစားတော့ ပြန်ချမ်းသာလာပါတယ်။ဦးနာအောက် စီးပွားပျက်တာ အကြိမ်ပေါင်းမနည်းပါဘူး၊ သူက စီးပွားရေးကို စေတနာနဲ့ လုပ်လို့ပါ။ ဒါပေမယ့် နောက်ဆုံး ပြန်ချမ်းသာလာတာပါပဲ။ နောက် အမြတ်များလာတော့ မီးသင်္ဘောဝယ်ပြီး အင်္ဂလိပ် နဲ့ အပြိုင် ဈေးချပြီး ပြေးဆွဲပါတယ်။ နောက်ဆုံး အလကားပေးစီးသည့်တိုင်အောင် အပြိုင်ကြမ်းခဲ့ပါတယ်။ နောက်ဆုံး မီးသင်္ဘောလုပ်ငန်း ကို ရပ်လိုက်ရပါတယ်။ ဒါပေမယ့် သူရဲ့ ပြိုင်ရဲသည့် သတ္တိကိုတော့ အင်္ဂလိပ်တွေ လေးစားခဲ့ရပါတယ်။ သူရဲ့ အမည်ရင်းက ဦးအောက် ဖြစ်ပါတယ် အလုပ်သမားတွေက လေးစားတော့ အနိုင်အောက် ဟုခေါ်ရာမှ ဦးနာအောက်ဖြစ်သွားတာပါ။(အနိုင်က မွန်လို ဘကြီး လို့ခေါ်ပါတယ်) ဦးနာအောက် နာမည်ကြီးတော့ တချို့ အနောက်နိုင်ငံ သဌေး တွေသူ့ဆီ လာလေ့လာကြပါတယ်။ ဦးနာအောက်ကို မြင်တော့ အားလုံး အံ့သြသွားရပါတယ်။ ဦးနာအောက်က ရိုးရိုးတဲမှာ အလုပ်လုပ်နေလို့ပါ။ သူဌေးဆို အားလုံးက ဇိမ်နဲ့ နေတဲ့ထဲမှာ ဦးနာအောက် ကတော့ အလုပ်သမားတွေကြားမှာပဲ အလုပ်လုပ်နေပါတယ်။ ဦးနာအောက် ဟာ အသက် ၈၁ မှာ ကွယ်လွန်ခဲ့ပါတယ်။ 
 Credit to သုတစွယ်စုံကျမ်း Z.K

Bluetooth လို့ခေါ်ရခြင်း အကြောင်း



တစ်ချိန်တုန်းက ဒိန်းမတ်ဘုရင်တစ်ပါး ရှိပါတယ်။ Harald Bluetoothလို့ အမည်ရ ပါတယ်။ c.935 တုန်းကပါ။ ဒိန်းမတ်နဲ့ နော်ဝေ နှစ်နိုင်ငံ ဘုရင်ဖြစ်ခဲ့ ပါတယ်။ စစ်ခဏခဏ ဖြစ်ပြီး ကွဲပြားနေတဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးရအောင် ကြားကနေ ဆက်စပ်ပေးပြီး သူ့ရဲ့  ထူးချွန် ထက်မြတ် တဲ့ စကားပြော စွမ်းရည်ကြောင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဆင်ပြေပြီး ဘုရင် တစ်ပါး ဖြစ်လို့လာပါတယ်။

ဒီတော့ ဆွီဒီအခြေဆိုက် Ericsson ကုမ္မဏီက မိုဘိုင်းဖုန်း တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေ မျှဝေတဲ့အခါ အသုံးပြုတဲ့ နည်းပညာ Protocol ကို Bluetooth လို့ အမည်ပေး ပါတယ်။ နှစ်ဖက် စလုံးက ဖွင့်မယ် ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် ချိတ်ဆက်မှု အကြောင်းပြန်ပြီး အချက်အလက်တွေ ပေးပို့မယ် အစရှိသဖြင့် အဆင်ပြေမြန်ဆန်တဲ့ ကြိုးမဲ့ အချက်အလက် ကူးပြောင်းရေး စနစ် တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ Bluetooth ဆိုတာ သွားပြာ မဟုတ်ပါဘူး။ Harald Bluetooth ရဲ့ အမည်သာ ဖြစ်ပြီး သူ့ကို ဂုဏ်ပြုလို့ အမည်ပေးထားတဲ့ protocol တစ်ခု ဖြစ်ကြောင်း ရှင်းလင်းလိုက်ရ ပါတယ်။ 


( smart.com.mm )

ဖုန်းကို Original စစ်မစစ် ဘယ်လို စမ်းမလဲ




ဖုန်းကိုင်တဲ့ လူတိုင်း သိသင့်တယ် ထင်လို့ ရေးသား လိုက်ရခြင်း
ဖြစ်ပါတယ်။ဖုန်းတစ်လုံး ဝယ်ယူပြီ ဆိုရင် မျက်လုံးနှင့် ကြည့်လိုက်
ရုံမျှ Original စစ်မစစ် ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါကြောင့် ဖုန်းဝယ်ပြီ
ဆိုတာနဲ့ Original စစ်မစစ် စမ်းသပ်နိုင်အောင် စမ်းသပ်နည်းလေးကို
ရေးသား လိုက်ရပါတယ်။

(၁) လူကြီးမင်း၏ ဖုန်းကို *#06# ရိုက်ပြီး Call ခေါ်လိုက်ပါ။
International Mobile Equipment Identity - IMEI ဂဏန်း
၁၅ လုံးကို မြင်တွေ့ရမှာပါ။

(၂) အဲဒီ ဂဏန်း ၁၅ လုံးမှ ၇ လုံးမြောက်နှင့် ၈ လုံးမြောက်ဟာ
၁၃ ဖြစ်မယ်ဆိုရင် Quality အရမ်းနိမ့်တယ်လို့ သတ်မှတ်နိုင်ပါတယ်။
ထိုဖုန်းဟာ သင့်အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

(၃) ဒါမှမဟုတ် ၇ လုံးမြောက်နှင့် ၈ လုံးမြောက်ဟာ ၀၈ (သို့) ၈၀
ဖြစ်နေပါက ဂျာမနီက ထုတ်လုပ်ထားတာပါ။ Quality အသင့်အတင့်
ရှိတယ်လို့ ဆိုရမှာပေါ့။

(၄) ၇ လုံးမြောက်နှင့် ၈ လုံးမြောက်ဟာ ၀၁ (သို့) ၁၀ ဖြစ်နေရင်
ဖလင်န်နိုင်ငံက ထုတ်လုပ်ထား တာပါ။ Quality ရှိတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။

(၅) တကယ်လို့ ၇ လုံးမြောက်နှင့် ၈ လုံးမြောက်ဟာ ၀၀ ဖြစ်နေရင်တော့
မှုရင်းစက်ရုံကနေ ထုတ်လုပ် ထားတဲ့ အတွက် အကောင်းဆုံး Quality ရှိတယ်လို့
သတ်မှတ်နိုင်ပါတယ်။

အထက်ပါ ဖော်ပြချက်များကို လေ့လာပြီး လူကြီးမင်း၏ ဖုန်းဟာ ဘယ်လို
အရည်အသွေး ရှိသလဲ ဆိုတာကို စမ်းသပ်ကြည့်နိုင်ပါတယ်။ အဆင်ပြေမယ်
လို့လည်း မျှော်လင့်မိပါတယ်။



  (www.smart.com.mm)

ရွေးချယ်ရာ လမ်းကြောင်းမှာ ယုံကြည်မှု ရှိပါ




ရွေးချယ်ရာ လမ်းကြောင်းမှာ ယုံကြည်မှုရှိပါလို့ပေးလိုက်တဲ့ ခေါင်းစဉ်က အရမ်းကြီးလွန်းအားကြီးတယ်။ လိုရင်း ကိုတော့ အရှင်းဆုံး ပြောပြ၊ ရှင်းပြ ပါမယ်။ လက်ရှိမှာပေါ့။ အိုင်တီ လုပ်ငန်းရယ်လို့ မဟုတ်ပဲ သက်ဆိုင်ရာ နယ်ပယ် အသီး သီး အသက်မွေး ဝမ်းကျောင်း ပညာရပ်ပေါ် လျှောက်လမ်း လာကြတဲ့ အခါ ယုံကြည်မှု ဆုံးရှုံးတဲ့ ပြဿနာကို ကြုံတွေ့ရပါတယ်။ ဘယ်လို ပြဿနာတွေလဲ ဆိုတော့

ငါလုပ်နေတာ ဟုတ်ကော ဟုတ်ရဲ့လား၊ ဖြစ်ကော ဖြစ်နိုင်ရဲ့ လား အစရှိသဖြင့် သံသယပေါင်း များစွာပေါ့။

စာရေးသူ သူငယ်ချင်းတစ်ယောက်ဆိုရင် Web design ကိုလေ့လာ တယ်။ နောက်တော့ Web Design ထက် Developing ပညာရပ်က ပိုအလုပ်ရလွယ်၊ ပိုက်ဆံရလွယ်တယ်ဆိုပြီးတော့ PHP Programming ဘက်ကို ရွေးလိုက်တယ်။ နောက်တော့ PHP လုပ်နေရင်းကတော့ မိုဘိုင်း App ဘက်ကို စိတ်ပါလို့ဆိုပြီး PHP လမ်းပေါ် ၁ နှစ်လောက်လျှောက်ပြီး Java ဘက်ကိုရွေးလိုက်တယ်။ နောက်တော့ အားလုံး အနှစ်ချုပ်လိုက်တဲ့အခါ သူ တတ်တဲ့ Programming ပညာရပ်က ဘယ် Language ကိုမှ ကျွမ်းကျွမ်းကျင် ကျင်မဟုတ်တော့ပဲ Generalist တစ်ဦး ဖြစ်လာ ပါတယ်။ Web Design ဆိုလည်း မဆွဲတာကြာတော့ Tool အသုံးပြုမှု အရင်ကလို မမြန်တော့ ပါဘူးတဲ့။ ဒီတော့ သူ အင်တာဗျူးသွားတဲ့အခါ တွေ့ရ တဲ့အခက် အခဲ က ဘယ်ဟာကိုမှ ကောင်းကောင်း မသိတော့ အလုပ်မရပဲ ဖြစ်ရပါတယ်။ အလုပ်ရပြန်တော့လဲ လခ ၁သိန်း ဝန်းကျင်လောက်မှာပဲ သံသရာ လည်ရတဲ့ အထိ ဖြစ်သွားရပါတယ်။

အဲ့ဒီမှာ ပြဿနာ အရင်းအမြစ်ကို သွားတွေ့တယ်။ သူဟာ သူယုံကြည် တဲ့လမ်း ကို သေချာ မလျှောက်လို့ပါပဲ။ Web Design ဆရာကြီးတွေ Template ဆွဲပြီး မီလျံနာ ဖြစ်နေတာကိုလည်း သူအားကျဖူးတယ်။ ဇူကာဘတ်လို PHP သမားကိုလည်း အားကျတယ်။ နောက်တော့ မိုဘိုင်းရေစီးကြောင်း နောက်ကို လိုက်တယ်။ နောက်တော့ သူ့မှာ တွယ်စရာ သစ်ပင်ကောင်းကောင်း မရှိတော့ပဲ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်သွားရပါတယ်။

ဒီတော့ မိမိလျှောက်လမ်းနေတဲ့ လမ်းအပေါ် ယုံကြည်ချက်ထားမှုက အရေးကြီးဆုံး လိုအပ်နေတဲ့ အရာ တစ်ခုပါပဲ။ အိုင်တီ လုပ်ငန်းရယ်ကိုမှ မဆိုလိုပါဘူး။ အခြား ပညာရပ်တွေမှာလည်း ဒီလိုပါပဲ။ ကိုယ်တကယ် လုပ်ချင်၊ တတ်နေတာက ပညာတစ်ခြား။ အဆင်ပြေရာနိုးနိုး တစ်ခုပြီး တစ်ခု ပြောင်းတော့ နောက်ဆုံး ကိုယ်ဟာ ဘယ်အရာကိုမှ Specialize မလုပ်နိုင်တဲ အထွေထွေသမားတစ်ဦး ဖြစ်သွားရပါတော့တယ်။ လုပ်ငန်းတစ်ခုမှ ဘက်စုံတော်သူဆိုတာကလည်း လိုအပ်တယ်ဆိုပေမယ့် သူဘက်စုံတော်တယ်ဆိုတာ တစ်ခုခုမှ Expert Level အထိ သွားထားနိုင်သူများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဟိုမှာလည်း Beginner, ဒီမှာလည်း Beginner ဆိုရင် အားလုံး ပေါင်းလိုက်တဲ့အခါ Beginner အဆင့်ကနေ မတတ်တော့ပါဘူး။ ဒါကို လူငယ်ထု အားလုံး အထူး သတိထားစေချင်ပါတယ်။

ကိုယ်က အသက်ငယ်သေးတယ်ဆိုပေမယ့် ငယ်ဂုဏ်ကိုအကြောင်းပြုပြီး ဟိုခုန်ဒီခုန် ဆက်လုပ်နေသေးရင် အနာဂတ်ဆိုတာ မသေချာတော့ပါဘူး။ ဒီတော့ ကိုယ်ဟာ ခုကတည်းက သေချာ နားခိုမယ့် အပင် တစ်ပင် ကို ရွေးချယ် ရမယ်။

ဒီအတွက် ရေတိုကိုမကြည့်ရ။ ရေရှည်ကိုကြည့်ရပါမယ်။ မြန်မာပြည်မှာ အားလုံး ဖြတ်သန်းဖူးခဲ့သလို ၁ နှစ်၊ ၂ နှစ်အတွင်းကို အိုင်တီ လုပ်ငန်းများက သိသိသာသာကို ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ အလားတူပါပဲ။ အခြားသော လုပ်ငန်း နယ်ပယ် အသီးသီးကလည်း သူ့ကဏ္ဍနဲ့သူ အရှိန်နဲ့မဟုတ်တောင် သူ့အတိုင်းအတာနဲ့သူ တိုးတက် လာတာကို အားလုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီတော့ အရင်က မဖြစ်နိုင်ပါဘူးလို့ ထင်ထားတဲ့ လုပ်ငန်းတွေ၊ အလုပ်အကိုင်တွေ၊ ရာထူးတွေ၊ လစာတွေလည်း မြင်တွေ့ရတာ အားလုံး မျက်မြင်ပါပဲ။ ဒီတော့ ရေရှည်ကို ကြည့်နိုင်ဖို့ဆိုတာ ပြည့်ဝတဲ့ ဗဟုသုတ ရှိထားဖို့ လိုအပ်ပါတယ်။ ဒီအတွက် စာတွေ များများ ဖတ်ရမယ်။ ပတ်ဝန်းကျင် သတင်းအချက်အလက်ကို အမြဲတမ်း ထိတွေ့နားဆင်ရမယ်။ အခွင့်အလမ်းကောင်းတွေကို အမြဲတမ်း ရှာဖွေဆည်းပူးနေဖို့ လိုအပ် ပါတယ်။ ဒါကြောင့် ကိစ္စတစ်ခု၊ အရာတစ်ခုကို ရည်မှန်းချက် လုပ်ပြီဆိုရင် ရေရှည်အတွက်စဉ်းစားပြီး ယုံကြည်ချက်အပြည်နဲ့ လုပ်ရင် အိပ်မက် ဆိုတာ တကယ်ဖြစ်လာနိုင်ပါကြောင်း ကြိမ်းသေပြောကြားရင် နိဂုံးချုပ်အပ် ပါတယ်။


Smart.com.mm 

Wednesday, December 18, 2013

လေးစား အတုယူထိုက်တဲ့ စိတ်ဓါတ် ( ဘေဖန်လီ)



လွန်ခဲ့သော ၁၉၈၇ ခုနှစ် မှာ ဘေဖန်လီ ဆိုတဲ့ ဆိုက်ကား သမား တစ်ယောက် ရှိပါတယ်။ အဲဒီ ခုနှစ်မှာ သူ၏ အသက်က ၇၄ နှစ် ဖြစ်ပါ တယ်။ သူဟာ အသက်ကြီး သောကြောင့် အလုပ် မလုပ်တော့ ဖို့ ဆုံးဖြတ် လိုက်တယ်။ တစ်နေ့မှာ သူဟာ လယ်ကွင်းပြင် ထဲမှာ အလုပ်လုပ် နေသော ကျောင်းနေ အရွယ် ကလေးတွေ ကို မြင်တွေ့ ခဲ့ပါတယ်။ ဒါကြောင့် သူ့စိတ် ထဲမှာ အလွန်ပဲ စိတ် မကောင်းဖြစ် သွားပါ တယ်။ ဒါကြောင့် ထိုကလေးတွေ ကို ကျောင်းထား ပေးဖို့ သူ စိတ်ကူး လိုက်တယ်။

ထို့ကြောင့် ဘေဖန်လီ ဟာ သူ၏ ဆိုက်ကား နင်းတဲ့ အလုပ် ကို ပြန်လုပ် ပါတော့တယ်။ အိမ်လခ ပေးရမှာ စိုးသော ကြောင့် သူဟာ ဘူတာရုံ မှာ နေပါတယ်။ အဝတ်အစား ဆိုလျှင် လည်း ဝယ်ပြီး မဝတ်ပါဘူး။ လမ်းဘေးမှာ သူများ တွေ ပစ်ထားသော အဝတ်အစား တွေ ကိုပဲ ဝတ် ပါတယ်။ အစား အသောက် ဆိုလျှင် လည်း ချို့ချို့ တည့်တည့် စားပြီး ပိုက်ဆံ ကို စုဆောင်း ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ၂၀၀၁ ခုနှစ် အရောက် မှာ သူ၏ အသက် ဟာ ၉၀ ရှိပါပြီ။ တရုတ် နိုင်ငံမှ တန်ဂျင် ရိုဟ ဆိုတဲ့ အလယ်တန်း ကျောင်းကို သွားခဲ့ ပါတယ်။ ထို့နောက် သူဟာ အခုလို ပြောပါတယ်။ " ကျွန်တော် အလုပ် မလုပ်နိုင် တော့ ပါဘူး၊ ဒီ ပိုက်ဆံ ဟာ ကျွန်တော် ၏ နောက်ဆုံး ထောက်ပံ့ ငွေပါ။ " ထို အချိန်မှာ အဲဒီ ကျောင်းမှ ဆရာမနှင့် ကျောင်းသား တွေ ဟာ မျက်ရည် တွေ ကြခဲ့ ကြပါတယ်။ဘေလီဖန် ဟာ ၃၅၀၀၀၀ ယွမ် ကို ဆင်းရဲသော ကျောင်းသား များ အတွက် လှူဒါန်း လိုက် ပါတယ်။ ၎င်းဟာ ၂၀၀၅ ခုနှစ်မှာ လူ့လောကကြီး ကို ကျောခိုင်း ထွက်ခွာ သွားခဲ့ပါတယ်။

အချုပ်အား ဖြင့် ဆိုရလျှင် လေလီဖန် ဟာ အလွန် ဆင်းရဲသော လူ့ အသိုင်း အဝိုင်း မှာ ပေါင်ဖွား ကြီးပြင်း လာခဲ့ တယ်။ သူဟာ ဆိုက်ကား နင်းတဲ့ အလုပ် ကို လုပ်ကိုင် ခဲ့တယ်။ သူဟာ ပညာ မတတ်ပါဘူး။ သို့သော်လည်း ပဲ သူဟာ ကျောင်းသား ၃၀၀ ကို ပညာတတ် အောင် သင်ကြား ပေးနိုင် ခဲ့တယ်။ ဒါကြောင့် ဘေလီဖန် ဟာ ဂုဏ်ယူ လေးစား ထိုက်တဲ့ လူ တစ်ယောက် ဆိုလည်း မမှားပါဘူး။ လောက မှာ ဖြစ်ချင် တဲ့ စိတ်၊ လုပ်ချင် တဲ့ စိတ် တစ်ခု တည်းသာ ရှိပါစေ အရာ အားလုံး၊ အခက် အခဲ အားလုံး ကို ကျော်လွှား နိုင်မှာ အလွဲ ဧကန်ပါ။

တန်ဖိုး ရှိတဲ့ လူ တစ်ယောက် ဖြစ်ချင်တယ် ဆိုလျှင် မိမိ တစ်ယောက် တည်း အောင်မြင် နေရုံ ဖြင့် မလုံလောက် ပါဘူး။ မိမိ ပတ်ဝန်းကျင် မိမိ အသိုင်း ကိုပါ ပြုပြင် ပြောင်းလဲ ပေးနိုင်ရ လိမ့်မယ်။
 ( ရိုးရာလေး )


https://www.facebook.com/PhoChitNotes

Monday, December 16, 2013

“လူတစ်ယောက်ရဲ့ အောင်မြင်မှုကို ဘာနဲ့တိုင်းတာမလဲ”


သာမန်လိုအပ်တဲ့အချက်ကနေ ပိုအရေးအကြီးတဲ့အချက်များကို အစဉ်လိုက် ဖော်ပြသွားပါမယ်။

 


၂။ ပညာ

ပညာက အရေးကြီးတယ်။ သူကတော့ ဘာဘွဲ့ရတယ်။ သူကတော့ ဘာ အဆင့်၊ဘယ်ဂုဏ်ကိုရောက်တယ် ဆိုတဲ့အချက်ကို ကြည့်ပြီးတော့လည်း လူတစ်ယောက်ရဲ့  အောင်မြင်မှုကို တိုင်းတာပါတယ်။ ဒီပညာမှာ သမာရိုးကျ သင်ကြားလိုက်စားနေတဲ့ ပညာထက်၊ စွန့်ဦးတီထွင်၊လမ်းသစ်ဖောက်ပေး လိုက်နိုင်တဲ့ ပညာက ပိုပြီးတော့ ကြီးမားတဲ့ အောင်မြင်မှု တစ်ခုပါ။

၁။ ငွေ

အချို့ တွေက ငွေရှိတိုင်းအောင်မြင်တယ်မဆိုဘူးသာ ပြောနေတာ။ ကြိုးစားလိုက်လို့ ငွေဘယ်လောက်ချမ်းသာလာတယ်ဆိုတာကို ကြည့်ပြီး စိတ်ထဲမှာ ကြိတ် လေးစားတာတို့၊ မခံမရပ်ဖြစ်တာတို့ ရှိချင်ရှိ မှုာပေါ့။ ပေါ်တင်လည်း လေးစားချင်လေးစားမှာပါ။ သို့ပေမယ့် ဓားပြတိုက်လို့ရတဲ့ ငွေမျိုးတော့ ဘယ်ပြောမလဲလေနော်။ သမာ အာဇီဝနဲ့ ကြိုးစားရလာတဲ့ ငွေကို ဆိုလိုတာပါ။

ငွေက သိပ်တော့ အရေးမကြီးဘူးနော။ ဂန္ဓီက လူအလေးစားခံရတယ်။ အတုယူခံရတယ်။ သူ့မှာ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ရှိပါတယ်။ ငွေမရှိ ပါဘူး။

၃။ ကောင်းကျိုးပေးမှု

ဒါက အပေါ်က ၂ ချက်ထပ် ပိုအရေးကြီးတဲ့အချက်ပါ။ ပညာရတာမှန် တယ်။ ငွေရတာ မှန်တယ်။ သို့ပေမယ့် ကိုယ့်လုပ်ရပ်က အများအတွက် ကောင်းကျိုးမပေးနိုင်ရင် အလကားပါပဲ။ ပညာရှိလို့၊ ငွေရှိလို့ စီးပွားရေး တစ်ခု ထလုပ်တယ်။ ကိုယ့်ကသာ ကြီးပွားသွားပြီး ကိုယ်နဲ့ ဆိုင်ရာ လူတွေတိုးတက်မသွားရင် အောင်မြင်တယ်လို့ မခေါ်ပါဘူး။

၎။ ထားရမည့် ခံယူချက်

ဒီမှာ အရမ်းအရေးကြီးပါတယ်။ အများစု ထားရှိတဲ့ ခံယူချက်က ငါတစ်နေ့ ချမ်းသာရမယ်။ ငါတစ်နေ့ ဘီလ်ဂိတ်လို ဖြစ်ရမယ်။ ဘယ် မဂ္ဂဇင်းမှာ အဖော်ပြခံရတဲ့ ပညာရှင်တစ်ဦး ဖြစ်ရမယ် အစရှိသဖြင့် အမျိုးမျိုး ကြွေးကျော် ခံယူချက်ထားလို့ ကြိုးစားကြတယ်။ ဒါလည်း မဟုတ် သေးပါဘူး။

"ဘဝမှာ သူတစ်ပါးနဲ့ နှိုင်းယှဉ်လို့ ပန်းတိုင် တစ်ခုထားပြီး ကြိုးစားနေရင် ဘယ်တော့မှ မပြီးပြည့်စုံဘူး"

ဥပမာ - ကိုယ်ကသာ ချမ်းသာဖို့ ကြိုးစားနေတာ။ ချမ်းသာတဲ့ သူ တစ်ယောက်နဲ့ အပေါင်းအသင်း လုပ်ကြည့်ပါလား။ ငါ ချမ်းသာအောင် ကြိုးစားနေတာပါလို့ သူ့ရှေ့ သွားပြောရင် ရယ်မှာပေါ့။ အသက်ကြီးကြီး ပရော်ဖက်ဆာ တစ်ယောက်နဲ့ ရင်းနှီးအောင် နေကြည့်ပါလား။ ကျနော့ ဘဝ ရည်မှန်းချက်က ပရော်ဖက်ဆာဖြစ်ဖို့ပါဆရာလို့ ပြောရင် သူ့အတွက် ပဲလှော် ဝါးရတာထက် ဘာမှ ထူးခြားတဲ့ စကားတစ်ခွန်း ဖြစ်မလာဘူး။

အားအင် နည်းလာတဲ့တစ်နေ့၊ မလုပ်ချင်တော့တဲ့ တစ်နေ့ကျ ငါဒီလောက်နဲ့ တော်ပါပြီလေလို့ ရပ်တန့်သွားတတ်ကြတယ်။ ပတ်ဝန်းကျင်မှာလည်း ရှိမှာပါနော။ ကိုယ်တိုင် ပြန်ရှာကြည့်ပေါ့။ ပြီးတော့ ငါလုပ်ခဲ့တယ်ကွလို့ ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်အားပေးပြီး ရောင့်ရဲကြ တယ်လေ။

၅။ ဘဝ အဓိပ္ပါယ်အစစ်က ဘာလဲ -


စက္ကန့်တိုင်း၊ နာရီတိုင်း၊ နေ့စဉ်တိုင်း ကိုယ့်ရဲ့  လုပ်ဆောင်ချက်၊ လုပ်ရပ်များက တန်ဖိုးရှိနေရမယ်။ တန်ဖိုးရှိဆိုလို့ စိန်တွေစီနေဖို့ မဟုတ်ဘူး နော်။

တစ်ပတ်စာ ပန်းတိုင်၊ ၁ လစာ ပန်းတိုင်၊ ၁ နှစ်စာ ပန်းတိုင်၊ ၂ နှစ်စာ ပန်းတိုင်၊ ၅ နှစ်စာ ပန်းတိုင်၊ ၁၀ နှစ်စာ ပန်းတိုင်၊ တစ်သက်စာ ပန်းတိုင် အစရှိသဖြင့် Plan အသေအချာ ဆွဲထား။ ဆွဲထားတဲ့ စီမံကိန်းအတိုင်း ပြည့်မှီအောင် ကြိုးစား လုပ်ကြည့်။

လူက တစ်နာရီလောက် လုပ်သင့်တာမလုပ်ပဲ နေရင်တောင် ညအိပ်တဲ့အခါ ငါ့လေလွင့်နေပါလားလို့ ထင်ချင်ထင်တတ်တယ်။ စိတ်ကို အမြဲ သတိကပ်၊ ဒီနေ့ လူတွေ အကျိုးရှိတာ ငါဘာလုပ်ပေးရမလဲ။ ငါအကျိုးရှိအောင်လည်း ဘာတွေလုပ်ရမလဲ။

အမှန်တော့ အောင်မြင်မှုကို တိုင်းတာတဲ့ ပေတံက နှစ်မျိုးရှိတယ်။ လူအများတိုင်းတာတဲ့ ပေတံနဲ့ ကိုယ့်ကိုယ်ကို တိုင်းတာတဲ့ ပေတံ။ သူများ လက်ခုတ်သြဘာ တီးခံနေရပေမယ့် ကိုယ့်ပေတံနဲ့ ကိုယ်ပြန်တိုင်းကြည့် ငါတကယ်အောင်မြင်ကောအောင်မြင်ရဲ့ လား။ လိုအပ်ဆန္ဒတွေ ပြီးပြည်စုံရဲ့ လား။

အောင်မြင်ခြင်းမှာ လူအများကို အောင်မြင်ခြင်းနဲ့ ကိုယ့်ကိုယ် ကို အောင်မြင်ခြင်း နှစ်မျိုးရှိတယ်လို့ပဲ ဆိုပါတော့။ အတော်များများက အသက်ကြီးလာရင် ကိုယ့်ကိုယ်အောင် ပြန်အောင်မြင်သွားကြတယ်။ သူမလုပ်နိုင်တော့ဘူးလေ။ ရောင့်ရဲလို့ စိတ်ကိုအောင်မြင်သွားတာပေါ့။ (အမှန်တော့ မလုပ်နိုင်တော့မှန်း သိလို့ လက်မြောက်လိုက်တာ)။ အချို့ ဆို အသက်က ကောင်းတုန်း၊ လမ်းစပျောက်သွားတာနဲ့ ချောလဲရောထိုင် အဆင်ပြေသလို နေသွားကြ၊ လုပ်ကိုင်သွားကြတယ်။

- သူတစ်ပါးကို မြင့်တင်ပေးခြင်း

- ကိုယ့်ကိုယ်ကိုယ် မြင့်တင်ခြင်း

- မိမိစိတ်ကို ပြန်လည် အောင်နိုင်ခြင်း


သူတစ်ပါးကို မြင့်တင်ပေးခြင်း၊ ကိုယ့်ကိုယ် မြင့်တင်ခြင်းကို အသက်ရှိသရွေ့ ၊ လုပ်နိုင်သရွေ့ ၊ ကိုယ်စွမ်းရှိသမျှ၊ ဥာဏ်စွမ်းရှိသမျှ လုပ်ပြီး မိမိစိတ်ကို မိမိ ပြန်လည်အောင်နိုင်နေ ရင် အောင်မြင်ခြင်း အစစ်အမှန်ကို ရှာတွေ့မှာပါ။ မိမိစိတ်ကို မိမိအောင်နိုင်ဖို့ ကတော့ မိမိတို့ကိုးကွယ်ရာ ဘာသာတရား တိုင်းမှာ ပြန်လည်ရှာတွေ့နိုင် ပါတယ်။ အားလုံး အောင်မြင်မှု အစစ်အမှန်ကို ပြန်လည် တိုင်းတာယူနိုင်ကြပါစေ။

-
အောင်ခမ်း (ads.com.mm)

ဆီးဂိမ်းပြိုင်ပွဲမှ စည်းမျဉ်းနှင့်စည်းကမ်းများကို မသိဟု ဟတ်ဆောင်ဟွာဆို။


မြန်မာတစ်မျိုးသားလုံး၏နှလုံးသားအားနှုတ်ယူမှုအတွက် တောင်းပန်စရာစကားရှိလျင်တောင်းပန်ချင် 




ဆီးဂိမ်းပြိုင်ပွဲ အုပ်စုအဆင့်မှနှုတ်ဆက်ခဲ့ရပြီးနောက် မြန်မာနည်းပြပတ်ဆောင်ဟွာက မိမိအနေဖြင့် အင်ဒိုနှင့်မတိုင်မိ ကျော်ကိုကိုနှင့်ပြသနာဖြစ်ခဲ့ခြင်းကြောင့် ၄င်းအားပွဲအစတွင်ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲ၏ စည်းမျဉ်းနှင့်စည်းကမ်းများကိုသိရှိခြင်းမရှိခဲ့ကြောင်း၊ သရေ သို့မဟုတ် ရှုံးနိမ့်ခဲ့လျင်ပင် နေပြည်တော်သို့ အရောက်သွားနိုင်မည်ဟု ထင်ခဲ့ကြောင်း၊ မိမိ၏ အမှားများအတွက် တောင်းပန်ခဲ့ခြင်ကြောင်း၊ ကစားသမားများ၌အမှားမရှိပဲ မိမိတစ်ဦးတည်း၌သာ ပြသနာရှိကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။
ထို့အပြင် ၄င်းအနေဖြင့် အများများစွာပြုလုပ်ခဲ့သည် အပေါ်မြန်မာ တစ်မျိုးသားလုံးအားတောင်ပန်ကြောင်းလည်း ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ဖွင့်ဟသွားခဲ့သည်။ နည်းပြ ပတ်ဆောင်ဟွာက '' မြန်မာတစ်မျိုးသားလုံးအတွက် တောင်းပန်ပါတယ်။ ကတိအတိုင်းအိမ်ပြန်ပါမယ်ဆိုတာတွေထက် ပိုကောင်းတဲ့စကားရှိရင်ကျွန်တော်တောင်းပန်ခဲ့ခြင်ပါတယ်။
ကျွန်တော်အနေနဲ့ ဒီထက်ပိုလုပ်ဆောင်ပေးဖို့ ရည်မှန်းခဲ့တာပါ။ စည်းမျဉ်းတွေကိုသာကြိုသိခဲ့ရင် ဒီလိုလုပ်မှာမဟုတ်ပါဘူး။ ကစားသမားတွေမှာ အပြစ်မရှိပါဘူး။ အရာအားလုံးကကျွန်တော့်ပေါ်မှာပဲ ပြသနာရှိခဲ့တာပါ'' ဟု ထုတ်ဖော်ပြောကြားသွားခဲ့သည်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲအား မလုပ်ရန်ပင် အစောပိုင်းကရှိခဲ့သော်လည်း သတင်းထောက်များနှင့် မီဒီယာတာဝန်ခံကြားညှိနှိုင်းနေစဉ်မှာပင် ပတ်ဆောင်ဟွာရောက်ရှိလာခဲ့ကာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ခြင်းဖြစ်သည်။
သတင်းစာရှင်းလင်းပွဲတွင်လည်းပတ်ဆောင်ဟွာ၏ စည်းမျဉ်းနှင့်စည်းကမ်း (Rule and Regulation) မသိရှိမှုမေးခွန်းအပေါ် မြန်မာမိဒီယာသမားများ အထူးအံ့သြခဲ့ရသည် အထိ ရှိခဲ့ကြောင်းသိရှိရသည်။

EURO SPORTS Journal

Tuesday, December 10, 2013

"ဆေးဆရာ"



ကလေးသုံးယောက် စကားပြောနေကြရင်း၊ သူတို့ရွာက ဆေးဆရာတွေ ဘယ်လောက်တော်ကြောင်း အပြိုင်ကြွားနေကြတယ်... ...

ပထမကလေးကပြောတယ်... ...
"ငါတို့ရွာက ဆေးဆရာက အရမ်းတော်တာကွ"
"ဘယ်လို တော်တာလဲ"
"ခြေတွေလက်တွေ ပြတ်ရင် သူ့ဆီသွား၊ ကော်နဲ့ ကောက်ကပ်ပေးလိုက်တာ အကောင်းအတိုင်း ပြန်ဖြစ်ရော"

ဒုတိယတစ်ယောက်ကပြောတယ်... ...
""ငါတို့ရွာက ဆေးဆရာက ပိုတော်တာပေါ့ကွ"
"ဘယ်လို တော်တာလဲ"
"တခါက ခေါင်းပြတ်သွားတဲ့လူတစ်ယောက်ကို မုံညင်းဆီလေးလိမ်းပြီး ပြန်ဆက်ပေးလိုက်တာ ခုထိ အသက်ရှင်တုန်း"

တတိယတစ်ယောက် ပြောတယ်... ...
"ငါတို့ရွာက ဆေးဆရာက အတော်ဆုံးကွ"
"ပြောပါအုံး"
"င့ါဘကြီးတစ်ယောက် သစ်ပင်ပိလို့ အောက်ပိုင်းကြေသွားတယ်၊ ကြေနေတဲ့ အောက်ပိုင်းနေရာမှာ ဆိတ်ရဲ့အောက်ပိုင်းနဲ့ အစားထိုးပြီး ပြန်ဆက်ပေးလိုက်တယ်လေ"
"ဟင်... အဲဒါ အဆင်ပြေရဲ့လားကွ"
"ပြေပ့ါ၊ ခုဆို မနက်တိုင်း ငါ့ဘကြီးကို ညှစ်တာ နို့နှစ်ပုလင်း ရတယ်"
"အမ်..."


သန်၎ကို-ဘာသာပြန်သည်

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းဈေးကွက် စတင်နိုင်ရန် ဂျပန်ကုမ္ပဏီ Daiwa ပြင်ဆင်



၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းဈေးကွက် စတင်အသုံးပြုနိုင်ရန် ဂျပန်ကုမ္ပဏီဖြစ်သည့် Daiwa Institute of Research ကုမ္ပဏီက ပြင်ဆင်နေပြီး မိုဘိုင်းဖုန်းများ၌ပင် စတော့ရှယ်ယာ အရောင်းအ၀ယ် ပြုလုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု Daiwa Institute of Research ကုမ္ပဏီမှ စီနီယာ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr.Masahiro Ushiyama က ပြောပြသည်။

Daiwa Institute of Research ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရုံးခန်းလာရောက် ဖွင့်လှစ်ထားပြီးဖြစ်ပြီး မြန်မာစတော့အိတ်ချိန်း ဈေးကွက်အတွက် လိုအပ်သည့် ဈေးကွက်ဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊ အများပိုင် ကုမ္ပဏီများနှင့် ချိတ်ဆက်ခြင်းနှင့် ဘဏ်များဖြင့် စတော့အိတ်ချိန်း ဈေးကွက်ဆိုင်ရာများကို ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

See more >>>
http://thefirstmanagement.blogspot.com/2013/11/daiwa.html

ပြောဆိုတတ်ပါစေ…


ဂျက်နဲ့  မက်စ်တို့ ဟာ တစ်နေ့ တော့ ဘုရားရှိခိုးပြီး ပြန်လာကြတယ်။ အပြန်လမ်းမှာ ဂျက်က ဆုတောင်းနေတုန်းမှာ ဆေးလိပ်သောက်ရင် သင့်တော်ပါ့မလား ဆိုပြီးတွေးပြီး မက်စ်ကိုမေးတော့ မက်စ်က ဘုန်းတော်ကြီးကို မေးကြည့်ပါလား လို့ ပြန်ဖြေလိုက်တယ်။ ဒါနဲ့ ပဲ ဂျက်က ဘုန်းတော်ကြီးဆီကို သွားပြီးမေးလိုက်တယ်။

ဂျက်။      ။ဘုန်းတော်ကြီးခင်ဗျာ။ ဆုတောင်းနေတုန်းမှာ တပည့်တော် ဆေးလိပ်သောက်လို့ ရပါသလား

ဘုန်းတော်ကြီး။      ။ မရဘူး။ ဒါဟာ ဘာသာတရားကို မလေးစားရာ ရောက်တယ်။

ဒါနဲ့ ဂျက်က ဘုန်းတော်ကြီး သူ့ ကို ပြန်ပြောလိုက်တဲ့စကားကို မက်စ်ကို ပြန်ပြောပြလိုက်တယ်။ မက်စ်က အံ့သြစရာမရှိပါဘူးကွာ။ မင်းမေးနေတာကိုက မှားနေတာကွ။ ငါမေးကြည့်လိုက်မယ်။ မက်စ်က ဘုန်းတော်ကြီးဆီကို သွားပြီးမေးလိုက်တယ်။

မက်စ်။    ။ ဘုန်းတော်ကြီးခင်ဗျာ။ ဆေးလိပ်သောက်နေတုန်းမှာ တပည့်တော် ဆုတောင်းလို့ ရပါသလား။

ဘုန်းတော်ကြီး။      ။ ရတာပေါ့။ ရတာပေါ့။

ပြောချင်တာကတော့ ကိုယ်ရလိုက်တဲ့အဖြေတွေက ကိုယ်မေးတဲ့မေးခွန်းလေးတွေပေါ်မှာမူတည်နေတယ်။ ဥပမာ- ကျွန်မခွင့်ယူနေတုန်းမှာ ဒီဖရောဂျက်နဲ့  ပက်သက်ပြီး အလုပ်လုပ်လို့ ရမလား ဆိုတဲ့မေးခွန်းနဲ့ ဒီဖရောဂျက်လုပ်နေတုန်းမှာ ကျွန်မခွင့်ယူလို့ ရမလားလို့ မေးရင် ဘယ်မေးခွန်းရဲ့ အဖြေကြောင့် ခွင့်ရနိုင် မလဲ။ ဒါကြောင့် သူငယ်ချင်းတို့ လဲ ကိုယ်ပြောနေတဲ့စကားလေးတွေ၊ ကိုယ်မေးနေတဲ့မေးခွန်းလေးတွေအတွက် တုန့် ပြန်မှုကောင်းလိုချင်ရင် သေချာစဉ်းစား ဥာဏ်နဲ့ ယှဉ်ပြီး သူတပါး နာပျော်ဖွယ်၊ လုပ်ပေးချင်စဖွယ် ဖြစ်တဲ့ စကားမျိုး၊ မေးခွန်းမျိုးလေးတွေကို ပြောကြရအောင်နော်။

အင်တာနက်က ဖတ်ရတဲ့ ပုံပြင်လေးကို ဘာသာပြန်ဆိုခြင်းသာဖြစ်ပါတယ်။ မူရင်းအင်္ဂလိပ်လိုလည်း ထည့်ပေးထားပါတယ်။
စနိုး

မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ဆိုတာ

(မြန်မာလူငယ်များ ဖတ်ရန်) 


ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်နည်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင်ဖြစ် နည်း ဆိုတာ တကယ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်မှ၊ လုပ်ငန်းရှင်ဖြစ်မှ ရေးလို့ကောင်းတဲ့ အရာ ဖြစ်ပါတယ်။ ယခု ဒါကို စာရေးသူ မောင်အောင်ခမ်းမှ ရေးပါပြီ။ သို့ပေမယ့် ခေါင်းစဉ်ကို မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ ဆိုတာ လို့ပဲ ပေးထားပါတယ်။ ဒါဆို လုပ်ငန်းရှင်ဟုတ် မဟုတ် စာရေးသူများ သံသယ ဝင်စရာ ရှိပါတယ်။ စာရေးသူ လက်ရှိ အခြေအနေကို တင်ပြပါမယ်။

အသက်က ၉၂ခုနှစ် ဇွန်လ ဖွားဆိုတော့ ၂၁နှစ် ထဲ ဝင်နေပါပြီ။ အလုပ်အကိုင်ကတော့ နည်းပညာ ဂျာနယ် တစ်ခုမှာ အယ်ဒီတာ၊ အွန်လိုင်း သတင်းစုံမီဒီယာ ဝဘ်ဆိုဒ် တစ်ခုမှာ အယ်ဒီတာချုပ်၊ မော်တော်ယာဉ် အွန်လိုင်း သတင်းဝဘ်ဆိုဒ်တစ်ခုမှာ အယ်ဒီတာ၊ နာမည်ကြီး မဂ္ဂဇင်း အချို့ မှာ လစဉ်ဆောင်းပါးရှင်၊ အွန်လိုင်းစီးပွားရေး ကုမ္မဏီိတစ်ခုမှာ စီးပွားရေး အကြံပေး၊ ရုပ်သံချယ်နယ်လမ်းညွှန် ဂျာနယ်တစ်ခုမှာ ဘာသာပြန် အစရှိတဲ့ အလုပ်များ အပြင် ကလေးများကို စာသင်စာပြတဲ့ အချိန်ပိုင်း ဆရာလည်း လုပ်ပါသေးတယ်။ ဒါတွေက စာရေးသူကို လုပ်ငန်းရှင် မဖြစ်စေသေးပါဘူး။ စာရေးသူကို လုပ်ငန်းရှင် ဖြစ်စေမယ့် အရာကတော့ တစ်ဦးတည်း ကြိုးစား ပန်းစား ရေးသားတင်ဆက်နေ တဲ့ အွန်လိုင်းမီဒီယာ www.innewsmyanmar.com ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ စာရေးသူရဲ့  လစဉ် စုစုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၈၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိနေပါတယ်။ ကမ်းလှမ်းထားတဲ့ ပရောဂျက်များလည်း ရှိနေပါသေးတယ်။ စာရေးသူ လုပ်တဲ့ အလုပ်တိုင်းအတွက် ရုံးတက်စရာ မလိုပါဘူး။ အင်တာနက် လိုင်းရှိတဲ့ ဘယ်နေရာကနေ မဆို လုပ်လို့ရတဲ့ အလုပ်ဖြစ်တဲ့အတွက် အလုပ် ဒီထပ်တိုးလာလည်း ကိုယ်လုပ်နိုင်ဖို့ပဲ လိုတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတင် ကန်ဒေါ်လာ ၈၀၀ နဲ့ ၁၀၀၀ ဝန်းကျင်ကြား ဆိုတော့ မိသားစု တစ်ခု ရပ်တည်ဖို့ အတွက် လုံလောက်တဲ့ ငွေပမာဏ ဖြစ် ပါတယ်။ ပြီးတော့ International news for myanmar ကို အွန်လိုင်း မီဒီယာကြီး တစ်ခု ပီပီပြင်ပြင် ဖြစ်လာဖို့ စီးပွားရေး လုပ်ငန်းရှင်အချို့ ရဲ့  အကျိုးတူ ပူးပေါင်းဆောင်ရွက် မှု ရရှိအောင် ဆွေးနွေးတိုင် ပင်နေပြီ ဖြစ် ပါတယ်။ ဒီလောက်ဆိုရင် မြန်မာပြည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးဖို့ စာဖတ်သူတို့ လက်ခံပြီလို့ မျော်လင့်ပါ တယ်။

စာရေးသူ ပညာရေးနှင့် မိသားစု

ကျွန်တော် မောင်အောင်ခမ်းက စင်္ကာပူပြန်လည်း မဟုတ်ပါ။ မျိုးရိုးစဉ်ဆက် ချမ်းသာသူလည်း မဟုတ်ရပါ။ ရေကြောင်းပညာကောလိပ် အပတ်စဉ် ၃ မှာ အင်ဂျင်နေယာအရာရှိလောင်း ဘာသာရပ်နဲ့ အဆင့် ၁ ရအောင် ယူလာ သူ ဖြစ်ပါတယ်။ အဲ့တုန်းကတော့ ခံယူချက် တစ်ခုတည်းနဲ့ ကြိုးစား ခဲ့ခြင်း ဖြစ်ပါတယ်။ အဆင့် ၁ နဲ့ ကျောင်းပြီးတဲ့အခါ သင်္ဘောသားအေး ဂျင့်များက အလွယ်တကူခေါ်ယူတယ်လို့ ကြားဖူးတော့ သူများတွေလို သီအိုရီ၊ လက်တွေ့ နှစ်မျိုးကို နားလည်မှ ကျက်မယ်၊မှတ်မယ်၊ လေ့လာ မယ်လို့ ခေါင်းမမာတော့ပဲ စာမေးပွဲမှာ အမှတ်ပြည့် ရဖို့ပဲ ကြိုးစားခဲ့ပါတယ်။ တကယ်လည်း ရခဲ့ပါတယ်။ သို့ပေမယ့် ကျောင်းပြီးတဲ့အခါ ထင်သလိုမဟုတ် ပဲ သင်္ဘောတက်ဖို့ဆိုတာ ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။ စာရေးသူက ဆင်းရဲပါတယ်။ အေးဂျင့်ဖိုး သိန်း ဆယ်ချီပေးပြီး သင်္ဘောပေါ်တက်ဖို့ မစွမ်းသာပါဘူး။ စာရေးသူက ပအိုဝ်းလူမျိုး တိုင်းရင်းသား စစ်စစ် ဖြစ်ပါတယ်။

ဒီမှာ ၁ ကစလို့ ပြန်စဉ်းစားကြည့်ပါတယ်။ “ငါဘာလို့ သင်္ဘောတက်ချင်တာ လဲ။ အရာရှိ ဖြစ်ချင်တာလဲ။ ငွေကြောင့်လား၊ ဂုဏ်ကြောင့်လား” အတွေးက နဂိုကတည်းက ရှိပါတယ်။ မြန်မာပြည်က လူငယ်တော်တော်များများမှာ လွမ်းမိုးနေတာက ငွေနဲ့ ဂုဏ်နဲ့ မိသားစု ခံယူချက် ဖြစ်ပါတယ်။ ဒီ သုံးခုရဲ့  လွမ်းမိုးမှုကို စာရေးသူ ခံခဲ့ရပါတယ်။ မိသားစု ဆင်းရဲတွင်းကလွတ် ရန်၊ ငွေချမ်းသာရန်၊ ဂုဏ်ချမ်းသာရန် ရည်ရွယ်ချက် အားလုံးနဲ့ သင်္ဘောသားအရာရှိ ဖြစ်ရမယ်လို့ မသိမလိုနဲ့ ခံယူချက်လေး တစ်ခု ကိန်းအောင်းခဲ့ပါတယ်။ သင်္ဘောတက်ရန် အခက်အခဲတွေတွေ့လာတော့ ယင်းခံယူချက်တွေ ရော့ရဲ လာပါတယ်။ ဘဝရဲ့  အဓိပ္ပါယ်ကို ပြန်လည်အဖြေ ရှာကြည့်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်လည် အဖြေရှာကြည့်ပါတယ်။

စာရေးသူ ကျောင်းပြီးပြီးချင်း အလုပ်လုပ်ပြီး ဘာသာရေးလည်း လုပ်ပါ တယ်။ အခုဆို အဘိဓမ္မာ အခြေခံ သုံးဆင့်အောင်၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) လည်း အောင်မြင်ပြီး ဖြစ်ပါတယ်။ ဒီထက် ပိုမို အဆင့်မြ့င်မားတဲ့ ဗုဒ္ဓဘာသာ စာပေများကို ဆက်လက်လေ့လာဆည်းပူး မှာ ဖြစ်ပါတယ်။ ကျောင်းပြီးပြီးချင်း ဘာသာရေးကျောင်း၊သင်တန်း ဆက်တက်ပြီး အလုပ်လည်းတွဲလုပ်ပါတယ်။ အဲ့တုန်းက အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သတင်းမီဒီယာဝဘ်ဆိုဒ် တစ်ခုမှာ ဘာသာပြန်အနေနဲ့ အခြေခံကစလုပ်ရခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်စာကလည်း သင်တန်းကြီးတွေ မတက်ဖူးထားပေမယ့် ပညာဒါန ကျောင်းတစ်ခုမှာ တက်ထားဖူး၊ ကိုယ်တိုင်လည်း လေ့လာအားလေးလည်း ရှိတော့ ဘာသာပြန်လုပ်ရတာ အဆင်ပြေတယ်လို့ ဆိုရပါမယ်။ ၁၀ တန်းကိုတော့ ရန်ကုန်မှာပဲ ဂုဏ်ထူး လေးဘာသာနဲ့ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ မိဘများ ဇာတိက တောင်ကြီးဖြစ်ပေမယ့် သားသမီးပညာရေးရှေးရှုလို့ ရန်ကုန်ကို မိသားစုဝင် အားလုံး ယာယီပြောင်းရွေ့ လာပေးပါတယ်။ စာရေးသူ ကျောင်းပြီးတော့ ဌာနေသို့ပြန်သွားခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာ မိဘနဲ့ ညီမကို လစဉ်ထောက်ပံ့လျက် ရှိပါတယ်။

ကျွန်တော်နှင့် အလုပ်ကြိုးစားမှု


အတုယူစရာ


ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…


၁၆၀၀၀ ကျပ်ဖြင့် လေယာဉ်စီးနိုင်ပြီ :)


မန္တလေးအနီးဝန်းကျင်ရှိ အထင်ကရ နေရာများအား တစ်ဦးလျှင် ကျပ် ၁၆၀၀၀ နှုန်းဖြင့် ဝေဟင်မှ ကြည့်ရှုနိုင်မည့် အပျော်စီးလေယာဉ်ခရီးစဉ် မြို့ခံများ စိတ်ဝင်စားမှုများပြား

မန္တလေး ချမ်းမြသာစည်လေဆိပ်အား အခြေပြု၍ မန္တလေးအနီးဝန်းကျင်ရှိ အထင်ကရ နေရာများအား ဝေဟင်မှ ကြည့်ရှုနိုင်ရန် အပျော်စီးခရီးစဉ်များ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လေကြောင်းမှ ခရီးသည် ၁၂ဦးဆံ့ 208B Grand CaravanEX (U.S.A) လေယာဉ်များအသုံးပြုကာ အပျော်စီးခရီးစဉ်အား တစ်ဦးလျှင် ကျပ် ၁၆၀၀၀ နှုန်းဖြင့် မန္တလေးမြို့၊ ဦးပိန်၊ စစ်ကိုင်း၊ မင်းဝံတောင်၊ ဧရာဝတီ၊ မန္တလေးတောင်နှင့် ရန်ကင်းတောင်များအား ၁၅ မိနစ်ခန့် ဝေဟင်မှ လှည့်လည်ပြသ ပျံသန်းမည်ဖြစ်ရာ မြို့ခံအများစုအပြင် ဓာတ်ပုံပညာရှင်များအနေဖြင့် စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

"လေယာဉ် အပျော်စီးခရီးစဉ်တွေကို အခြားနိုင်ငံတွေမှာလည်း ပြေးဆွဲပျံသန်းပေးနေတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အပျော်စီးခရီးစဉ်ကို မန္တလေးကနေစပြီး ပျံသန်းပြေးဆွဲဖို့ စီစဉ်နေပါတယ်။ ၁၅ မိနစ်လောက် မန္တလေးမြို့ အနီးဝန်းကျင် အထင်ကရတွေကို ကောင်းကင်ကနေ ကြည့်ရှုနိုင်မှာဖြစ်ပြီး လူတိုင်းစီးနိုင်အောင် တစ်ယောက်ကို ကျပ် ၁၆၀၀၀ လောက် သတ်မှတ်ပျံသန်းပေးသွားမှာပါ"ဟု မြန်မာ့လေကြောင်းမှ Chief Pilot ဦးထင်လင်းက ပြောသည်။

အပျော်ခရီးစဉ်အား တစ်ပတ်လျှင် နှစ်ကြိမ်ပျံသန်းပြေးဆွဲနိုင်ရန် စီစဉ်လျှက်ရှိပြီး အသေးစိတ်နှင့် အချိန်ဇယားများအား ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး Chief Pilot ဦးထင်လင်းက "လူတိုင်းစီးနင်းနိုင်မယ့် ဈေးနှုန်းဖြစ်တာကြောင့် စိတ်ဝင်စားမှုများပြီး စီးကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ခုမှဖွင့်တာမို့ အများစုက မသိရှိနိုင်သေးလို့ ဆက်သွယ်လာတာမျိုး မရှိသေးဘူး။ နောက်နှစ်ရက်လောက်ဆိုရင်တော့ ဆက်သွယ်လာနိုင်ပါတယ်"ဟု ဆက်လက်ပြောသည်။

"ခုလိုအစီအစဉ်ကို စိတ်ဝင်စားတာပေါ့ဗျာ။ ၁၆၀၀၀ ဆိုတဲ့ ဈေးနှုန်းကလည်း သင့်တင့်ပါတယ်။ ဓာတ်ပုံအသင်းဝင်တွေ၊ ဓာတ်ပုံဝါသနာရှင်တွေဆိုတာ မန္တလေးဝန်းကျင် နေရာတွေကို လိုက်လံပြီး ဓာတ်ပုံရိုက်တာဆိုရင်ပဲ ဒီဈေးနှုန်းမက ကုန်ကျမှုရှိတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မန္တလေးမြို့ကို အပေါ်စီးကနေ ရိုက်ရမယ့်ပုံတွေ မြင်ရတွေ့ရမှာမို့ ဒီအစီအစဉ်ကို ကြိုဆိုပါတယ်"ဟု ဓာတ်ပုံပညာရှင် ကိုထိုက် (ခင်ဦး)က ဆိုသည်။

အဆိုပါ လေယာဉ်အသေးများအား အဓိကရည်ရွယ်ချက်အနေဖြင့် လက်ရှိဆင်းသက် ပျံသန်းနိုင်ခြင်းမရှိသည့် နယ်စပ်ဒေသများနှင့် ဝေးလံသောဒေသများတွင်ရှိသည့် ကွင်းတို၊ ကွင်းသေးများတွင် ဆင်းသက် ပျံသန်းသွားမည်ဖြစ်ပြီး ဂန့်ဂေါ၊ ကွတ်ခိုင်၊ တနိုင်း ၊ နောင်မွန်၊ လုံးခင်း၊ မန်အောင်နှင့် မြောက်ဦးဒေသများသို့ ဆင်းသက်နိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

(မန္တလေးချမ်းမြသာစည်လေဆိပ်တွင် မြန်မာ့လေကြောင်းမှ ခရီးသည် ၁၂ဦး ဆံ့လေယာဉ်များ မိတ်ဆက်ပြသနေသည်ကို တွေ့ရစဉ်)

Eleven

Thursday, December 5, 2013

ကြီးမြတ်လှတဲ့ မေ့မေတ္တာ...


တစ်ခါတုန်းက ဦးဏှောက် အကြိတ် ကင်ဆာရောဂါ ဝေဒနာ ခံစားနေရတဲ့ အမျိုးသမီးကြီးတစ်ဦးဟာ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူ နေရတယ်။ သူ့ နားမှတော့ သူ့ သားလေးနဲ့  သူ့ ဆွေမျိုးသားချင်းတွေ ၀ိုင်းနေတာပေါ့။ နာရီ အနည်းငယ်အတွင်းမှာပဲ အမျိုးသမီးကြီးဟာ ကွယ်လွန်သွားရှာတယ်။ သားဖြစ်သူက ၀မ်းနည်းတာကြောင့် တစ်နေ့ လုံးငိုကြွေးပြီး နေမကောင်းဖြစ်သွားရှာတယ်။


နောက်တစ်ရက် အိမ်ကိုပြန်ရောက်တော့ သားဖြစ်သူက မိခင်ရဲ့ ဗီဒိုကို ဖွင့် ကြည့်လိုက်တဲ့အခါမှာ သောက်ဆေးတွေနဲ့ စာတစ်စောင်ကို တွေ့ လိုက်ရတယ်။ စာထဲမှာ…


သားလေးရေ ဒီဆေးလေးတွေကို သောက်လိုက်နော်။ သားက ငိုပြီးတဲ့ အခါဆိုရင် အအေးမိလွယ်တာကို မေမေသိတယ်သားလေး တဲ့လေ။


မိခင်မေတ္တာဆိုတာ ဘယ်အရာနဲ့ မှ တုနှိုင်းလို့ မရနိုင်ပါဘူးနော်။ သားသမီးတွေ ဘယ်အရွယ်ပဲ ရောက်ရောက် မိခင်ဖြစ်သူရဲ့ မေတ္တာ၊ စေတနာ၊ အကြင်နာ၊ စိတ်ပူပန်မှု၊ ဂရုစိုက်မှုတွေက လျော့မသွားဘူးနော်။ အရွယ်ရောက်လာတဲ့ သားသမီးတွေကတော့ မိခင်ဖြစ်သူရဲ့ ပူပန် စိုးရိမ်မှုနဲ့  ဂရုတစိုက်ပြောဆိုတဲ့အခါ မကြိုက်တတ်ကြဘူး။ သမီးကလေးမဟုတ်တော့ဘူး အမေ လို့ စောဒက တတ်ကြတာလည်း သဘာဝလို့ ဆိုရမလား ဖြစ်နေတယ်။


တကယ်တော့ မိခင်မေတ္တာက အလွန်ပဲ အေးမြပြီး ငြိမ်းချမ်းပါတယ်။ ကျွန်မတို့ တွေလည်း မိမိတို့ ရဲ့  မိခင်ကို ဘယ်လို သဘောထား ဆက်ဆံ ကြလဲ ဆိုတာကို ဆန်းစစ်ကြည့်ရအောင်။ ကျွန်မတို့ အတွက် ကျွန်မတို့ မိခင်က ဂုဏ်ယူဝင့်ကြွားနိုင်ရဲ့ လား၊ ဒါမှ မဟုတ် ပူပင် သောက ရောက်နေရလား ဆိုတာကို ပြန်လည် ဆင်ခြင်တွေးတော့ပြီး မိခင်အပေါ် ပြစ်မှားမိတာများ ရှိပါကလည်း တောင်ပန်ကြရအောင်နော်။ မိခင်တိုင်း ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်း ဆန္ဒပြုကြရအောင်နော်။ ချစ်သော မေမေ ကျန်းမာပျော်ရွှင်ပါစေ။


အင်တာနက်က ဖတ်ရတဲ့ ကဗျာတိုလေးကို ဘာသာပြန်ဆိုခြင်းသာဖြစ်ပါတယ်။
စနိုး

Sunday, December 1, 2013

blogspot သမားတွေအတါက် အလွယ်ကူဆုံး ပို့စ်ခေါက်နည်း ၊ Read More ထည့်နည်း

မိမိ Blog ပင်မစာမျက်နှာ Loading မြန်စေဖို့နဲ့ သေသပ်လှပဖို့အတွက် ပို့စ်တွေ တင်တဲ့အခါ အရမ်းရှည်တာတွေ ရှိပါတယ် နည်းပညာပို့စ်တွေဆိုရင်   ပုံတွေ အများကြီးနဲ့ ရှင်းပြရတာ။တစ်ခါတစ်လေ Video ဖိုင်တွေ ၊ SWF ဖိုင်တွေတောင် ပါသေးတယ်။ ပို့စ်တစ်ပုဒ်လုံးကို ဒီအတိုင်းတင်လိုက်တဲ့အခါ ပင်မစာမျက်နှာမှာ ပို့စ် ၅ ပုဒ်လောက်ပဲ တင်ထားရင်တောင် ပုံတွေ ၊ Flash ဖိုင်တွေ အားလုံးပေါ်ဖို့ အကြာကြီးကို Loading ဖတ်နေမှာပါ။ လိုင်းမကောင်းတဲ့လူတွေသာ ကိုယ့်ဆိုဒ်ကို ရောက်လာခဲ့ရင် စိတ်ပျက်ပြီး ပြန်လှည့်သွားမယ်။ တစ်ချို့ အဲဒါတွေသိပေမယ့် ပို့စ်မခေါက်တတ်လို့ ဒီအတိုင်း တင်နေကြတာလည်း ရှိပါတယ်။ ခုတော့ ကျနော် သုံးတဲ့ နည်းလေးက
အလွယ်ကူဆုံး ပို့စ်ခေါက်နည်း ၊ Read More ထည့်နည်းလေး ပြောပြပေးပါမယ်။
အရမ်းကို လွယ်ပါတယ်။
( ဒီနည်းလေးက wall.fm ဆိုက်မှာ သုံးတာမဟုတ်ပေမဲ့ လိုအပ်သူတွေအတွက် မျှဝေပေးခြင်းသဘောပါ)


ပထမဦးဆုံး ပို့စ်ကို ပြီးအောင် အရင်ရေးလိုက်ပါ။ ပြီးရင် ကိုယ်ခေါက်ချင်တဲ့နေရာလေးကို မောက်တစ်ချက်ထောက်ပြီး

အောက်က ပုံထဲမှာ အောက်ကပုံ ကျနော် ဝိုင်းပြထားတာလေးကို နှိပ်ပါ။
Jump icon in the toolbar
အဲဒါဆို အောက်ကပုံလို မျဉ်းကြောင်း တစ်ကြောင်း ပေါ်လာပါလိမ့်မယ်။


ပို့စ်ကို Publish လုပ်ပြီးရင် ပင်မစာမျက်နှာမှာ သွားကြည့်လိုက်ပါ။ ခုန မျဉ်းအထိပဲ ပေါ်ပြီးတော့ သူ့ အောက်မှာ Read More ဆိုပြီး ရှိနေမှာပါ။ ပို့စ်ကို အပြည့်အစုံဖတ်ချင်တယ်ဆိုရင် အဲဒီ Read More ကို နှိပ်လိုက်ရုံပါပဲ။

အဲဒီ Read More ကို တစ်ခြားစာပြောင်းရေးချင်တယ်ဆိုရင် Design >> Layout ကို သွားပြီးတော့
Blog Posts ရဲ့ ညာဘက်အောက်က Edit ကို နှိပ်ပြီး ပြင်ရေးနိုင်ပါတယ်။ ဥပမာ အပြည့်အစုံ ဖတ်ရန် ၊ ဆက်ဖတ်ရန် စသည်ဖြင့်ပေါ့။


 
ကျနော်ဆိုက်မှာ သုံးနေတဲ့  နည်းလေးကို ဒီဆိုက်မှ မျှဝေပေးတာပါ။

အားလုံးအဆင်ပြေပါစေ