Wednesday, November 27, 2013

ကမ္ဘာမှာအချမ်းသာဆုံး၁၀ယောက်..မှ

ကမ္ဘာမှာအချမ်းသာဆုံး၁၀ယောက်..မှ နံပါတ်၁
(၁)Carlos Slim Helu&Family

သူရဲချမ်းသာကြွယ်ဝမူ့က ၆၉ဘီလီယံအထိရှိတယ်။ကမ္ဘာပေါ်မှာ နံပါတ်တစ်အချမ်းသာဆုံးဖြစ်တဲ့ ဘီလ်ဂိတ်ကို နံပါတ်(၂)နေရာပို့နိုင်ခဲ့တဲ့ သူ့ရဲချမ်းသာကြွယ်ဝမူ့က အံမခန်းပါပဲ။အသက်၇၂နှစ်ရှိပြီး မက္ကစီကိုနိုင်ငံသား ခလေး(၆)ယောက်ဖခင်တစ်ဥိးဖြစ်ပါတယ်။သူရရှိခဲ့တဲ့ ဘွဲပညာအရည်အချင်းတွေက တော့ Bachelor of Art Sience,Universidad Naccional Autonoma de mexico ဖြစ်ပါတယ်။သူရဲလုပ်ငန်းတွေက telecom,Self made ဆက်သွယ်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။ ။




(၂)Bill Gates

သူရဲချမ်းသာကြွယ်ဝမူ့က၆၁ဘီလီယံရှိတယ်။အမေရိကန်နိုင်ငံသားခလေး(၃)ယောက်ဖခင်ပါ။
အမေရီကန်နိုင်ငံရဲကမ္ဘာကျော် ဟားဗက် တက္ကသိုလ်ကျောင်းထွက်တစ်ဥိးပါ။သူရဲ စီးပွားရေးလုပ်ငန်းက အားလုံးသိထားပြီးသားဖြစ်တဲ့ Microsoft ကုမ္ပဏီ ဖြစ်ပါတယ်။



ကမ္ဘာမှာအချမ်းသာဆုံး၁၀ယောက်..မှ (၃) Warren Buffett

ကမ္ဘာမှာတတိယမြောက်အချမ်းသာဆုံးဖြစ်တဲ့ သူရဲပိုင်ဆိုင်မူ့က ၄၄ဘီလီယံရှိပါတယ်။သူ့စိးပွားရေး လုပ်ငန်းကတော့ Berkshire hathaway ပါ။အသက်၈၁နှစ်ရှိပြီး သားသမိး ၃ယောက်ဖခင် အမေရိကန် နိုင်ငံသားပါ။သူရဲ့ပညာအရည်အချင်းက bachelor of art science ကို University of Nebaraska lincon တက္ကသိုလ်နဲ Master of Science ကိုတော့ Colaumbia University ကရယူခဲ့တာပါ။







ကမ္ဘာမှာအချမ်းသာဆုံး၁၀ယောက်..မှ(၄)Bernard Arnault

(၄)Bernard Arnault
သူရဲပိုင်ဆိုင်မူ့က ၄၁ဘီလိယံရှိပါတယ်။သူရဲစိးပွားရေးလုပ်ငန်းတွေက Louis Vuitton Moet Hennessy ဖြစ်ပါတယ်။အသက်၆၁နှစ်ရှိပြီး ပြင်သစ်နိုင်ငံသား သားသမိး၅ယောက် ဖခင်တစ်ဥိးပါ။သူရဲပညာအရည်အချင်းကBachelor of Arts Science, Ecole Polytechnique de paris ဖြစ်ပါတယ်။



ကမ္ဘာမှာအချမ်းသာဆုံး၁၀ယောက်..မှ (၅)Omancio Lindi Ortega

(၅)Omancio Ortega
သူရဲပိုင်ဆိုင်မူ့က၃၇.၅ ဘီလီယံရှိပါတယ်။စီးပွားရေးလုပ်ငန်းရဲအမည်က Zara ပါ။အသက် ၇၆နှစ်ရှိပြီး သားသမိး(၃)ရှိပါတယ်။စပိန်နိုင်ငံသားပါ။

ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်

Thursday, November 21, 2013

ကိုကာကိုလာ၏ FIFA wORLD cUP ဆုဖလားခရီးစဉ် မြန်မာနိုင်ငံသို့  ဒီဇင်ဘာလအတွင်းရောက်ရှိမည်





၂၀၁၄ခုနှစ်တွင် ကျင်းပမည့် FIFA wORLD cUP အား မျှော်မှန်းလျှက် ကိုကာ ကိုလာ၏ FIFA wORLD cUP ဆုဖလားခရီးစဉ်မြန်မာ နိုင်ငံသို့ ဒီဇင်ဘာ ၂၅ရက်မှ ၂၇ ရက်အထိရောက်ရှိ မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အစီစဉ်မှာ ကမ္ဘာဘောလုံးအဖွဲ့ ချုပ် (FIFA) နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ် (MFF) တို့ ပူးပေါင်းဆောင်ရွက်သည့် FIFA wORLD cUP ၏ တစ်ခု တည်းသော ဆုဖလားကိင မြန်မာနိုင်ငံသို့  ပထမဆုံးအကြိမ် ယူဆောင် လာမည်ဖြစ်ပြီး မြန်မာပြည်သူပြည်သားတို့ သည် ဘောလုံးလောက၏ အမြင့် ဆုံး ရွေသားအစစ်အတိပြီးသည့် ဆုဖလားကို အနီးကပ်ကြည့်ရူ့ ခွင့်ရမည် ဖြစ်ကြောင်းသိရသည်။

ကိုကာကိုလာနှင့် FIFA သည် လူသိများထင်ရှားလှသော FIFA wORLD cUP ၏ ဆုဖလားကို ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း၈၉ နိုင်ငံသို့ အကြီးကျယ်ဆုံးနှင့် အရှည်လျားဆုံးသော ကမ္ဘာဖလားခရီးစဉ် အတွင်း လှည့်လှည်ယူဆောင်လာ မည်ဖြစ်ပြီး ယခုတစ်ကြိမ်တွင် ယခင်လက်ခံပြသခဲ့ဖူးခြင်းမရှိသည့် မြန်မာ နိုင်ငံ အပါဝင် နိုင်ငံပေါင်း ၅၀ ထံသို့ ပထမဆုံးအကြိမ် အဖြစ်လှည့်လှည် ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

ကိုကာကိုလာမြန်မာ၏ အရောင်းမြှင့်တင်ရေးဆိုင်ရာ ဒါရိုက်တာ Rommel P.Fuentebella က " မြန်မာပြည်သူတွေကို ဒီကမ္ဘာလုံးဆိုင်ရာ အခမ်း အနားမြင်တွေ့ ခွင့်ရအောင် FIFA wORLD cUP ရဲ့ ဆုဖလားခရီးစဉ်ရောက် တဲ့နေရာတိုင်းမှာ ချက်ချင်းဓါတ်ပုံထုတ် ချက်ခြင်းကြည့်နိုင်အောင်စီစဉ် ထားပါတယ်။ ရောင်စဉ်တန်းများနဲ့ ပုံဖော်မူ (hologram) အစီစဉ်ကိုမြင်ရင်လဲ ဘောလုံးဝါသနာရှင်တွေရဲ့ စိတ်ကိုဖမ်းစားနိုင်မှာ အမှန်ပါပဲ " ဟုပြောကြား ခဲ့သည်။

ကိုကာကိုလာ၏ FIFA wORLD cUP ဆုဖလားခရီးစဉ်အတွင်း ဈေးကွက် ဖော်ဆောင်မူဆိုင်ရာ ကဏ္ဍပေါင်းစုံဖြင့် ဒီဇင်ဘာ၂၇ရက်နေ့ တွင်
သူဝဏမိုးလုံလေလုံ အားကစားကွင်းတွင် ခင်းကျင်းပြသထားမည်ဖြစ် ကြောင်းသိရသည်။

ယင်းဆုဖလားသည် အမြင့် ၃၆.၈စင်တင်မီတာ (၁၄.၅ လက်မ) အလေးချိန် ၆ယ၁၇၅ ဂ၇မ်( ၁၃.၆၁ ပေါင်)ရှိပြီး ၁၈ကာရတ် ရွေအတိဖြင့်ပြုလုပ်ထားခြင်း ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံသို့  FIFA ကမ္ဘာဖလားဆု လာရောက်မည့် အကြောင်းကိုwww.facebook.com/cocacolamyanmar တွင်ဝင်ရောက် ကြည့်ရူနိုင်ကြောင်း သိရသည်။

ပန်မိုးဝါ (ရိုးရာလေး)