Monday, April 29, 2013

ခုခံအားစနစ်ကို မြင့်တင်ပေးနိုင်သော အစားအစာ(၅)မျိုး


ခုခံအားစနစ်ကို မြင့်တင်ပေးနိုင်သော အစားအစာ(၅)မျိုး 



၁။ဒိန်ချဉ်
ဒိန်ချဉ်တွင် အူလမ်းကြောင်းအ တွင်းရှိ ကောင်းမွန်သော ပိုးမွှားများ ကို အထောက်အပံ့ပေးနိုင် သော အစွမ်းရှိပြီး သင့်ခန္ဓာကိုယ်က အာ ဟာရများကို ပိုမိုစုပ်ယူနိုင်ရန် ကူညီ ပေးနိုင်ပါတယ်။ သင့်ကိုလည်း ဖျားနာခြင်း မှ ကင်းဝေးစေနိုင်ပါတယ်။ လေ့လာမှု တစ်ခုတွင် ဒိန်ချဉ်သောက်ခြင်းက အအေးမိဖျားနာခြင်း၊ ရောဂါပိုးကူး စက်ခံရခြင်းတို့အား ၁၉%ပိုမိုသက် သာစေနိုင်ကြောင်း သိရပါတယ်။
၂။ နို့ဖျော်ရည်
ယင်း(Kefir)နို့ကို အချဉ်ဖောက် ထားသော နို့ဖျော်ရည် များတွင်လည်း အူလမ်းကြောင်းအတွင်းရှိ ပိုးမွှားများ ကိုအထောက်အပံ့ပေးနိုင်ပြီး ခုခံအား စနစ်ကို အထောက်အပံ့ပေးနိုင်ပါ တယ်။
၃။ အခွံမာသီးများ
အခွံမာသီးများဟာ Omega 3 fatty အက်စစ်များစွာပါဝင်ပြီး ယင်းက ဖျားနာခြင်းကို သက်သာစေ ကာ၊ လေ့လာမှုတစ်ခုအရ Omega 3 fatty အက်စစ်က လေပြန်တွင်း ပိုးဝင်ခြင်းကို သက်သာစေကြောင်း သိရပါတယ်။
၎။ အသီးအရွက်နှင့် သစ်သီးများ
၎င်းတို့က သင့်ရဲ့ခုခံအားစနစ် ကို မြှင့်တင်ပေးနိုင်ပြီး အထူးသဖြင့် ဗီတာမင်စီ ကြွယ်ဝစေတဲ့ အသီး များဖြစ်တဲ့ စတော်ဘယ်ရီ၊ ပန်ဂေါ်ဖီ စိမ်း၊ မုန်လာဥနီစတဲ့ အသီးတွေက ပိုပြီးမြှင့်တင်ပေးနိုင်ပါတယ်။
၅။ အသား
အသားများတွင်ပရိုတင်းဓာတ်များစွာပါဝင်ပြီး ယင်းက ခုခံအား စနစ်အား ပိုမိုကြံ့ခိုင်စေပါတယ်။ ထို့ပြင် အသားထဲတွင် ပါဝင်သော ဇင့်ဓာတ်ကလည်း၊ သွေးဖြူဥများကို ကူညီပြီး ရောဂါပိုးများ တိုက်ထုတ် ပေးနိုင်ကြောင်းသိရတယ်။ 

No comments:

Post a Comment