Sunday, January 29, 2017

U Ko Ni

အမြင်တူမှ မဟုတ်ဘူး
ဘာသာတူမှ မဟုတ်ဘူး
လူမျိုးတူမှ မဟုတ်ဘူး
နိုင်ငံသားတစ်ဦး ဆုံးရှုံးတာဟာ ဆုံးရှုံးတာပဲ
မတရားတာ မတရားတာပဲ
မင်းဟာမင်း ဘာယုံယုံ ဘယ်ဘက်ကဖြစ်ဖြစ်
-------


Tuesday, January 10, 2017

HR Sales & Service


HR Call Center
ကုမ္ပဏီမှာဆို ဖုန်းလက်ခံရဆုံးကတော့ Reception ပါ။ ဒုတိယလက်ခံရဆုံးကတော့ HR ဌာနမှာရှိသော R&S service ပါ။ ကြေငြာလိုက်တဲ့ လစ်လပ်နေရာတွေအတွက် ဝန်ထမ်းလိုသေးလား? ဘယ်မှာလုပ်ရမှာလဲ? ဘာလုပ်တဲ့ ကုမ္ပဏီလဲ? လစာကကော? စုံလို့ပါပဲ။ Call တွေက နည်းတာမဟုတ်ဘူး။ ရုံးဖုန်းပါ မလောက်တော့ external ဖုန်းတစ်လုံးပါဆောင်ထားရတယ်။ ဒါကြောင့် ၀င်လာတဲ့ ဖုန်း call တိုင်းဟာ ကိုယ့်ကုမ္ပဏီကို အကျိုးပြုနိုင်မဲ့ ၀န်ထမ်းကောင်းတွေ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးလေ။ဒါကြောင့် Call center က အသံချိုချို၊ ကြားလိုက်တာနဲ့ အင်တာဗျူး ချက်ချင်းဝင်သွားစေမယ့် လေသံမျိုးနဲ့ ပြောရပါတယ်။ လိုအပ်ရင် လမ်းညွန်းမှုတွေပြန်ပေးရပါတယ်။ Conversation တစ်ခုမှာ ကိုယ့်ရဲ့ အပြောအဆိုဟာ ကိုယ့်ကုမ္ပဏီရဲ့ image ကို ထိခိုက်စေနိုင်ပါတယ်။ ငါတို့က အလုပ်ခန့်မယ်သူမယ် ငါတို့ကဘာလို့ချိုသာရမှာလဲ၊ မအားသေးဘူး နောက်မှ ဆက်လို့ လုပ်လို့မရပါဘူး။ R&S ကို တာဝန်ယူထားရင် Candidate တစ်ယောက် ကိုယ့်ကုမ္ပဏီ ထိုင်ခုံမှာ လာထိုင်နိုင်တဲ့အထိ ၀န်ဆောင်မှု ပေးရပါမယ်။ ပထမခြေလှမ်းကတော့ call တစ်ခုကစတာပါပဲ။ ကိုယ့်ရဲ့ စိတ်နေသဘောထားဟာ ဒီနေရာမှာ အရေးကြီးပါတယ်။
---------------------
HR Customer Service
HR ဌာနတစ်ခုဟာ Customer service ဆိုလည်းမမှားပါဘူး။ နေ့စဉ်ပေးနေရတဲ့ ၀န်ဆောင်မှုတွေဟာ ကုမ္ပဏီနဲ့ ၀န်ထမ်းတွေကြား အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ပါတယ်။ လူလူချင်း ချိတ်ဆက်လုပ်ကိုင်ရသည့်အပြင် ပြောဆိုဆက်ဆံရေးပါကောင်းရပါတယ်။ နေ့စဉ်လက်ခံရရှိလာတဲ့ Customer (Staffs) complain တွေကို စိတ်ရှည်စွာ နားထောင်ပေးရပြီး အကြံဥာဏ် ၀န်ဆောင်မှုတွေပါ ပြန်ပေးရပါတယ်။ ဆိုးဆိုးဝါးဝါးအခြေအနေမှာ ရှိနေတဲ့ customer တွေရဲ့ အပြုမူတွေကိုပါ HR ကဒဏ်ခံရပါတယ်။ HR ကပေးနေတဲ့ Service တွေကတော့ အများကြီးပါ။ R&S service , T&D service, Payroll service , PR service စသော ပေးနေတဲ့ service တွေကတော့ ပုံစံမတူပါဘူး။ R&S မှာဆို Candidate တွေဟာ မတူကွဲပြားတဲ့ လုပ်ငန်းအတွေ့အကြုံ နောက်ခံတွေလာကြတဲ့အတွက် ကိုယ့်ကုမ္ပဏီနဲ့ ကိုက်ညီမယ့်သူကို R&S က စစ်ထုတ်ပြီးရွေးပါမယ်။ ခန့်အပ်ထားတဲ့ ၀န်ထမ်းတစ်ယောက်ကိုလည်း follow လိုက်ပြီး Performance Appraisal လုပ်ရပါမယ်။ တိုင်းတာချက်တွေအရ လိုအပ်ရင် T&D service ကိုသုံးရပါမယ်။ Organization ထဲမှာ T&D အတွက် သင်တန်းနေရာ၊ ပေးသူ၊ ယူသူ၊ ကျွမ်းကျင်သူ
 

Friday, January 6, 2017

မှတ်တမ်းတစ်ခုရဲ့ နောက်ကွယ်


--- နေ့စဉ်နှင့်အမျှ သွားလာလှုပ်ရှား ရုန်းကန်ရင် ပျော်စရာအချိန်လေးတွေရှိသလို စိတ်ညစ်စရာအချိန်လေးတွေလည်း လူတိုင်းကိုယ်စီမှာ ရှိကြပါတယ်။ တစ်နေ့တာဖြစ်ပျက်သမျှအကြောင်းအရာတွေဟာ အနာဂတ်အတွက် ဖြစ်တည်းမှုတစ်ခုပါ။ ခံစားချက်တွေ ရောထွေးနေတဲ့ လူတွေမှာ အားနည်းချက်တွေအများကြီးရှိကြတယ်။ စိတ်၏စေရာကို လိုက်နေရင် မသိစိတ်နဲ့ သိစိတ်ကြားထဲမှာ အဆင်ပြေသလိုနေနေရတယ်။ ကိုယ်စိတ်ကို ထိန်းနိုင်တဲ့သူတစ်ယောက်ဟာ ကမ္ဘာကြီးတစ်ခုကို အုပ်စိုးနေရသလိုပါပဲ။ ကိုယ်ဘယ်လိုရပ်နေလည်းဆိုတာ ကိုယ်အပေါ်မှာသာ မူတည်ပါတယ်။
--- ပုံစံတူတွေများထဲကြားထဲမှာ အတုမခိုးမိဖို့အရေးကြီးတယ်။ Simpler တွေများတဲ့ကြားထဲမှာ Different ဖြစ်နေဖို့လိုတယ်။ ဆန့်ကျင်နေဖို့ ပြောတာမဟုတ်ဘူးနော်။ ကိုယ်ရည်ကိုယ်သွေးကြောင့် ထင်ရှားပြီး ကိုယ့်ကိုကိုယ် လေးစားနေတဲ့လူတစ်ယောက်ဖြစ်နေဖို့လိုတယ်။ တစ်ချို့လူတွေဟာ လူဂွစာ ပေါင်းသင်းရခက်တယ်လို့ ဆိုကြတယ်။ ထိုသူတို့နဲ့ လူအများက မပေါင်းသင်းလိုကြဖူး။ တကယ်တော့ သူတို့ဟာ သူတို့ယုံကြည်ရာအတွက် ရပ်တည်နေကြတာပါ။ အစွန်းမရောက်သွားရင်တော့ အများထက်သာတယ်လို့ သတ်မှတ်လို့ရပါတယ်။
--- ကိုယ်ကိုကိုယ် အားကျနိုင်ဖို့ထက် အမြင်မှာပေါ်လာတဲ့သူတွေကိုပဲ အားကျမိတတ်ကြတာများပါတယ်။ ပတ်ဝန်းကျင်ကို သိပ်ဂရုစိုက်လွန်အားကြီးတယ်။ သူများတွေ ချမ်းသာနေရင် ကိုယ်လည်းချမ်းသာချင်တယ်၊ အောင်မြင်နေတာမြင်ရင် အောင်မြင်ချင်တယ်၊ လှနေပြန်ရင်လည်းလှချင်ပြန်တယ်၊ စသော အတော်မသတ်နိုင်သော လောဘတွေနဲ့ ဖြည့်ဆည်လို့ကို ဆုံးမှာမဟုတ်တော့ပါဘူး။ ကိုယ်မှာ ရှိနေတဲ့ ကောင်းမွန်တဲ့အရည်ချင်းလေးတွေနဲ့ ကိုယ့်ကိုကိုယ် ပြန်လည်းမွမ်းမံမယ်ဆိုရင် သူများထက်မသာရင်တောင် ကိုယ်ဘ၀မှာ ကိုယ်နေပျော်နေမှာပါ။ ဘ၀ဟာ ဓါတ်ပုံတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်ပါဘူး။
--- သင်တို့မြင်တွေ့နေရတဲ့ အားကျရတဲ့ ဓါတ်ပုံတွေရဲ့နောက်မှာ တစ်ချို့တွေဟာ အလိမ်အညာတွေပါ။ တစ်ချို့အရာတွေကတော့ ရာနှုန်းပြည့် မပြည့်စုံပါဘူး။ ခံစားချက်တွေနဲ့လူမှာ ဖွင့်ဟဖို့အတွက် နေရာတစ်နေရာလိုတယ်။ ကိုယ်ဘေးမှာ နားထောင်ပေးမယ့်သူရှိတဲ့အတွက် အကြောင်းမဟုတ်ပေမယ့် နားထောင်ပေးမယ့်သူမရှိတဲ့သူအတွက် ဖြေဖျောက်ရာတစ်ခုတော့လိုပါတယ်။ဒါကတော့ ဖုန်းတစ်လုံးပါ။ ခေတ်မှီလာတာမှန်ပေမယ့် သိသင့်တဲ့ ခေတ်အတွင်းက အရာတွေဟာ ခရေစေ့တွင်းကြ သိမလာခဲ့ကြတော့ပါဘူး။ ခေတ်ကျော်ခေတ်ပါ။
--- ပေါ်ပင်တွေ အပေါ်ယံတွေနဲ့သာ ဖြစ်တည်လာတဲ့ အတုအပခေတ်တစ်ခုပါ။ လူအများတွေရောက်နေကြတဲ့ နေရာကို ရောက်ဖူးချင်တယ်၊ ငါလည်းသွားနိုင်တယ်ဆိုတာမျိုးပေါ့။ ဒီလိုပဲ လူအများ . . . လူအများ . . . တွေရဲ့အရိပ်ဟာ ကိုယ်မှာ လွမ်းမိုးမှုတွေများလာတော့ ငါဆိုတာ ဘာလဲလို့တောင် ပြန်မေးချိန်တောင် မရှိတော့ဘူး။ သေချာစဉ်စားကြည့်ပါ။ သင့်ကျန်ခဲ့အချိန်တွေမှာ ဓါတ်ပုံတွေရဲ့ နောက်ကအကြောင်းအရာတွေ ပြန်မှတ်မိသေးရဲ့လား? အဲတုန်က ပျော်ခဲ့ရတဲ့အချိန်တွေကကော ခုချိန်ထိရှိနေတုန်လား? အဲတုန်က လူတွေကကော တကယ်ပဲ ကိုယ်အတွက် အရေးပါခဲ့ကြလား? သူအတွက်ကော ကိုယ်က အရေးပါတဲ့သူတစ်ယောက်ဖြစ်ခဲ့ရဲ့လား?
--- ဓါတ်ပုံဆိုတာ မှတ်တမ်းတစ်ခုပါပဲ။ ကိုယ်အသုံးပြုခဲ့အချိန်တစ်ခုမှာ ကိုယ်နဲ့ အနီးစပ်ဆုံးလူတွေနဲ့ ခဏတာရှိခဲ့တာပါ။ ဆက်ပြီးထိန်းထားနိုင်တဲ့ မှတ်တမ်းတွေတော့ တွေ့ဖူးပါတယ်။ များသောအားဖြင့် နည်းပါတယ်။ အချိန်တန်ရင် အိမ်ပြန်ရစမြဲပါ။ အိမ်မှာတော့ အမြဲအသစ်ဖြစ်နေတဲ့ မှတ်တမ်းစဉ်တစ်ခုတော့ရှိနေတယ်။အဲဒါ မိသားစု မှတ်တမ်းပါပဲ။ ပျော်ရွင်နေတဲ့ မိသားစု၊ ထမင်းဝိုင်းတစ်ဝိုင်းထဲမှာ ပျော်ရွင်စွာ စားသောက်နေတဲ့မိသားစု၊ ကလေးတွေအတွက် အချိန်ပေးနေတဲ့ မိသားစု။ အဖေပြန်မလာခင် အဖေကို စောင့်ပြီးမှ ညတူတူစားကြတဲ့ မိသားစု၊ စိတ်ကူးနဲ့တင်ပျော်စရာကောင်းနေတဲ့ မှတ်တမ်းတစ်ခုပါ။
--- ခေတ်အရ culture ချိန်းနေပေမယ့် မိသားစုမှတ်တမ်းမှာတော့ ထိန်းသိမ်းသင့်တဲ့ ယဉ်ကျေးမှုတစ်ခုပါ။ မိသားစုထက် ဖုန်းတစ်လုံးပေါ်မှာ အချိန်တွေ ပိုသုံးမိတဲ့အခါ ဖုန်းတစ်လုံးဟာ ကိုယ်အတွက်သီသန့် သူငယ်ချင်းဖြစ်လာတယ်။ အထူးသဖြင့် Facebook လိုနေရာမှာ အချိန်တွေရင်းနှီးမြှပ်နှံထားမယ်ဆိုရင် သင်ဟာ အတွေးအခေါ် ပညာရှင်ကြီးတစ်ယောက် သို့မဟုတ် ပရိတ်သတ်တစ်ယောက် ဒါမှမဟုတ် စိတ်ရောဂါသည်တစ်ယောက်တော့ ဖြစ်နေလောက်ပါပြီ။ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ နေ့စဉ်ဘ၀ထဲမှာ ဒီအရာဟာ အသက်ရှင်ဖို့အတွက် ဆေးတစ်လုံးလို လိုအပ်နေတယ်လို့ ထင်နေလို့ပါ။ လက်တွေ့ဘ၀ထဲပြန်လာခဲ့ကြပါတယ်။ ဟိုအရင်လို လူလူချင်း စကားတွေပြောကြမယ်လေ။
--- မြင်နေရတာလေးနဲ့ စကားသတ်ရရင် “လူတစ်ယောက် ဖုန်းတစ်လုံး ဘ၀တစ်ခု နိဂုံး” ။ ဒါပါပဲ … စိတ်ထဲပေါ်လာတာလေး ပြန်လည်းမျှဝေတာပါ။ ဒါဟာ ကျွန်တော်ရဲ့ ထင်မြင်ချက်တစ်ခုပါ။ ဆွေးနွေးနိုင်ပါတယ်။
#Jimmy_Hein

Thursday, January 5, 2017

Mark Zuckerberg နိုင်ငံရေးဘက်ကို ကူးဖို့ပြင်ဆင်နေပြီလား လို့ ယူဆချက်တွေထွက်ပေါ်

 Facebook တည်ထောင်သူ Mark Zuckerberg ဟာ ယခုနှစ်
၂၀၁၇ မှာ အမေရိကန်မှာရှိတဲ့ ပြည်နယ်တွေအားလုံးကို အရောက်
သွားဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ပြောဆိုခဲ့တာကြောင့် ၎င်းဟာ
နိုင်ငံရေးဘက်ကို ကူးပြောင်းသွားကောင်းသွားနိုင်တယ်လို့ ထုတ်
ဖော်အရိပ်ပြလိုက်သလိုဖြစ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတစ်ရပ်
မှာ ဖော်ပြထားပါတယ်။

အရင်နှစ်တွေတုန်းကတော့ သူဟာမန်းဒရင်းတရုတ်စာကို သင်
ယူခဲ့သလို နေ့စဉ်ခရီးမိုင်တစ်မိုင်နီးပါးပြေးမယ်လို့ ကတိပြုပြော
ကြားခဲ့သူဖြစ်ပါတယ်။ အလားတူ သူရဲ့ နေအိမ်ကိုထိန်းချုပ်ဖို့အ
တွက် Jarvis လို့ခေါ်တဲ့ Virtual assistant ကိုပါ ဖန်တီးခဲ့သူဖြစ်
ပါတယ်။

ယခုနှစ်မှာတော့ ၎င်းအနေနဲ့ အမေရိကန်မှာရှိတဲ့ ပြည်နယ်တွေ
အားလုံးကို သွားရောက်လည်ပတ်ပြီး ပြည်နယ်တိုင်းက ဒေသခံတွေ
နဲ့ တွေ့ဆုံချင်တယ်လို့ ထုတ်ဖော်သွားခဲ့ပါတယ်။ ၎င်းဟာ လက်ရှိအ
ချိန်ထိ ပြည်နယ် ၂၀ အထိ သွားခဲ့ပြီး အခုနှစ်ကုန်မတိုင်ခင် ပြည်နယ်
၃၀ ခန့်အထိ သွားရောက်လည်ပတ်ဖို့ရှိနေတာလည်း ဖြစ်ပါတယ်။

" ဒီနှစ်ပိုင်းမှာတော့ ကျွန်တော်ဆန္ဒရှိနေတာက ဒီမှာရှိတဲ့ လူတွေ
သူတို့ ဘယ်လိုတွေ နေထိုင်နေကြတယ်၊ ဘယ်လိုတွေ အလုပ်လုပ်
နေကြတယ်၊ အနာဂတ်အတွက် သူတို့ဘာတွေတွေးနေကြတယ်ဆို
တာတွေ့ပြီး ပြောချင်မိပါတယ်" လို့ Zuckerberg ကသူရဲ့ ဖေ့
ဘွတ်ခ်ပို့မှာ ရေးသားထားခဲ့ပါတယ်။

သူသွားလာမယ့်ခရီးစဉ်တွေထဲမှာ ဇနီးသည် Priscilla Chan နဲ့
အတူ သွားမယ့်လမ်းခရီးစဉ်တွေပါဝင်ပြီး ဖေ့ဘွတ်ခ် ရုံးတွေကို ၀င်
ရောက်မှာဖြစ်သလို ဆရာဆရာမတွေ၊ သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံ
ဖို့ရှိတဲ့အပြင် မြို့ငယ်လေးတွေနဲ့ တက္ကသိုလ်တွေကိုပါ ၀င်ရောက်ဖို့
ရှိနေတယ်လို့ သိရပါတယ်။

ယခုပြောဆိုမှုဟာ သူ့အနေနဲ့ အစိုးရလုပ်ငန်းထဲကို ပါဝင်ပတ်သက်ဖို့
ရည်ရွယ်နေတယ်ဆိုတာကို ပြသလိုက်တဲ့ အရွေ့တစ်ခုဖြစ်တယ်လို့
လည်း ယူဆနေကြပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလအစပိုင်းကတော့
ထွက်ပေါ်လာတဲ့သတင်းတွေအရ Facebook CEO Zuckerberg
နဲ့ အခြားဘုတ်အဖွဲ့ဝင်နှစ်ဦးတို့ဟာ လက်ရှိကုမ္ပဏီကို ထိန်းချုပ်ရင်း
နဲ့ပဲ နိုင်ငံရေးဘက်ကို စီအီးအိုတစ်ယောက်အနေနဲ့ ဘယ်လိုမျိုး
ကူးပြောင်းလုပ်ဆောင်နိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြ
တယ်လို့လည်း သိရပါတယ်။
Credit to ; Strategy First Journal
photo;wired.com
source;https://www.theguardian.com/…/mark-zuckerberg-facebook-2017