Friday, May 31, 2013


ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့သုံးနည်း


လိုအပ်ချက်တွေကတော့

1.PC ( Personal Computer ) မှာ အင်တာနက်ချိတ်ထားရပါမယ်..
2. မိမိအသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသားဖြစ်ရပါမယ်..
3. မိမိဖုန်းနဲ့ချိတ်ဆက်မယ့် USB ကြိုးဟာ ကောင်းမွန်မှန်ကန်နေရမှာဖြစ်ပါတယ်..

လုပ်နည်း

1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာဖြစ်ပါတယ်... သာမန်အားဖြင့် Settings>>Application>>Development>>USB Debugging မှာအမှန်ခြစ်ရပါတယ်.. Android 4.2 နှင့်အထက် သမားတွေကတော့          ဒီမှာ > http://sharegeneralknowledge.blogspot.com/2013/04/android-42-os-usb-debugging-mode-enable.html      ဖတ်ကြည့်ပါ...

2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ... Driver Install လုပ်ပြီးရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက်လိုက်ပါ...
3. အောက်မှာပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...

ဒေါင်းရန်------> http://www60.zippyshare.com/v/31287315/file.html





4. ဒေါင်းလို့ရလာတဲ့ဖိုင်ကို ဖြည်လိုက်ပါ... အဲဒီထဲက Android ပုံလေးနဲ့ Android Tool.exe ကို Run လိုက်ပါ...
5. ပေါ်လာတဲ့ဘောက်မှာ Select Device ဆိုတဲ့အကွက်ကိုနှိပ်ပြီး ကိုယ့်ဖုန်းအမျိုးအစားကို ရွေးပေးပါ... မတွေ့သေးရင် Refresh ကိုနှိပ်ပါ... (ဒါမှ မတွေ့ရင်တော့ Driver ပြန်တင်ပါ.. Driver မသိလို့ပါ) ကိုယ့်ဖုန်းကိုသိပြီဆိုရင် Connect ကိုနှိပ်လိုက်ပါ... လိုအပ်တဲ့ ဖိုင်တွေကို Install လုပ်နေပါလိမ့်မယ်..

6. ခဏကြာရင်တော့ မိမိရဲ့ဖုန်းမှာ SuperUser Request တောင်းတာကို မြင်ရပါလိမ့်မယ်.. Remember ကို အမှန်ခြစ်ပြီး Allow ကိုနှိပ်ပေးလိုက်ပါ...


7. အားလုံးပြီးသွားရင်တော့ ဖုန်းကနေ ကွန်ပျူတာရဲ့ Internet ကို ယူသုံးလို့ရပါပြီခင်ဗျာ...

တစ်ချို့ အခက်အခဲတွေ့နိုင်ပါတယ်... သေသေချာချာ လုပ်ကြည့်ပါ.. အဆင်ပြေပါတယ်.

ဒါလုပ်ပြီးသွားရင်တော့ ကိုယ့်ဖုန်းကနေ Wi-Fi နဲ့တောင် ပြန်လွှင့်နိုင်ပါသေးတယ်...

အဆင်ပြေကြပါစေခင်ဗျာ...

Credit to : မောင်ပေါက်

Sunday, May 26, 2013

သံပရာရည်၏ ကျန်းမာရေး အကျိုးကျေးဇူး



သံပရာရည်မှာ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်တွေ အကောင်းဆုံး ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ် တွေကို ဖယ်ရှားပေးကာ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

သံပရာရည်ဟာ ပိုးဝင် ကူးစက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပြီး ဓာတ်မတည့်မှုကို လျော့ကျစေပါတယ်။ ပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အနာကျက် မြန်စေပါတယ်။

လည်ချောင်း နာတာ၊ အာသီး ရောင်တာတွေကို သက်သာ စေပါတယ်။ သံပရာရည်ဟာ အစာခြေစနစ်ကို ကျန်းမာရေး ကောင်းစေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို အားပေးကာ ဝမ်းချုပ်တာ၊ အစာ မကြေတာ၊ ပျို့ချင်အန်ချင် ဖြစ်တာ၊ ရင်ပူတာစတဲ့ အစာခြေစနစ် ပြဿနာတွေကို မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

သံပရာရည်ဟာ ခန္ဓာကိုယ်တွင်း စနစ်တွေကို သန့်စင်စေပြီး အဆိပ်တွေကို ပြေစေပါတယ်။ သံပရာရည်ဟာ ဆီးသွားစေတဲ့ အာနိသင် ရှိတာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်နေသူတွေ အတွက် အကျိုးကျေးဇူး ရှိပါတယ်။

သံပရာရည်ကို နေ့စဉ် သောက်ပေးရင်အဝလွန်တာနဲ့ဗိုက်အဆီကို လျော့စေပါတယ်။သံပရာရည်ဟာ အသားအရေနဲ့ ဆံပင်သား ကျန်းမာရေးအတွက် အရေးပါတဲ့ အိမ်သုံးဆေးပါ။ သံပရာရည်ကို ပုံမှန် သောက်တာက အရေပြားကို ကြည်လင်အောင် ပြုပြင်ပေးပြီး အသားအရေကို ဝင်းပသန့်စင် စေပါတယ်။

သံပရာရည်ကို မျက်နှာပေါ်မှာ လိမ်းပေးရင် နေလောင်ဒဏ် မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ သံပရာရည်ကို ခေါင်းမလျှော်ခင် ဆံပင်ပေါ် လိမ်းပေးပြီး ရေနဲ့ ဆေးချပေးရင်သန့်စင်တောက်ပ စေပါတယ်။ ဆောင်းရာသီမှာ နှုတ်ခမ်း ကွဲနေပါက နှုတ်ခမ်းသားပေါ် သံပရာရည်နဲ့ ဂလစ်ဆရင် အလှဆီကို ရောမွှေပြီး လိမ်းပေးရင် အနာကျက်စေ နိုင်ပါတယ်။

Wednesday, May 22, 2013

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ



ဦးသိန်းစိန် (၁၉၄၅- ) 



          ၁၉၄၅ ခုနှစ်၊ဧပြီလ (၂၀)ရက် သောကြာနေ့တွင် မွေးဖွားခဲ့ပြီး ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးရွာသား တစ်ယောက်ဖြစ်သည်။ဆင်းရဲနွမ်းပါးသော မိဘနှစ်ပါးဖြစ်သည့် ဖခင်ဦးမောင်ဖြိုး၊မိခင် ဒေါ်ခင်ညွန့်တို့မှ မွေးဖွားသည်။မွေးချင်း(၃)ယောက်တွင် အငယ်ဆုံးသား ဖြစ်သည်။အစ်မကြီးဖြစ်သူမှာ ဒေါ်ရင်လှိုင် ဖြစ်ပြီး အစ်ကိုကြီး ဖြစ်သူမှာ ဦးမြင့်ထွန်း ဖြစ်လေ၏။သမ္မတကြီး ဦးသိန်းစိန်သည် ငယ်စဉ်အခါက လွန်စွာမှ ဆင်းရဲသော်လည်း ပညာရေးကို အားပေးခဲ့သည့် မိဘဆွေမျိုး မောင်နှမများကြောင့်ပညာရေးကို အထူးကြိုးစားလေ့လာသင်ယူခဲ့ပြီး ထိပ်တန်းခေါင်းဆောင်ရာထူး အဆင့်ဆင့်ရသည်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံကို စစ်အစိုးရအုပ်ချုပ်သော နိုင်ငံတစ်နိုင်ငံအဖြစ်မှ ဒီမိုကရေစီနိုင်ငံအဖြစ် လျင်မြန်ညင်သာစွာဖြင့် ပြောင်းလဲမှုကို ခေါင်းဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်သည်မှာ မည်သူကမှ မငြင်းဆန်နိုင်ချေ။
*********************
          သမ္မတကြီး ဦးသိန်းစိန်သည် မူလတန်းမှဟ၍ ကျုံကူးမှ ဆရာဦးမောင်ဥ ထံတွင် ပညာစတင်သင်ကြားခဲ့၏။ထိုနောက် ဆရာတော်ဦးကေသရ ဘုန်းတော်ကြီးက အလွတ်ခေါ်သင်ကြားမှုဖြင့် တိုးတက်တဲ့အမြင်ရှိကာ အင်္ဂလိပ်စာ၊သချာင်္ သူငယ်တန်းမှ လေးတန်းအထိ သင်ကြားခဲ့ရလေသည်။ထိုစဉ်အခါက ကျုံကူးကျေရွာတွင် မူလတန်းကျောင်းခွင့်ပြုချက်ရရှိထားသော် ကျောင်းမဆောက်နိုင်သေးသဖြင့် ဘုန်းတော်ကြီးကျောင်းတွင် မူလတန်းကျောင်းဖွင့်ကာ သင်ကြားခဲ့ရလေ၏။ဦးသိန်းစိန်သည် စတုတ္ထတန်းအောင်ပြီး ကျောင်းဆက်တက်ရန် ၄င်းတို့ကျေးရွာတွင် အလယ်တန်း၊အထက်တန်းကျောင်းမရှိသဖြင့် မိဘများကလည်း ပုသိမ်သို့ပို့၍ ကျောင်းမထားနိုင်သဖြင့် ထိုနှစ်က ကျောင်းဆက် မတက်နိုင်ချေ။တစ်နှစ်စောင့်ပြီးကာမှ ငွေကြေးစုဆောင်း၍ အစ်ကိုကြီးဖြစ်သူ ဦးထွန်းမြင့်နှင့် အတူပုသိမ်တွင် ကျောင်းတက်ရလေတော့၏။
          သမ္မတကြီး ဦးသိန်းစိန်သည် ပုသိမ်မြို့တွင် ပဉ္စမတန်းပညာသင်ကြားရပြီးနောက် သမ္မတကြီးတို့ ညီအစ်ကိုနှစ်ယောက်စလုံးကို မိဘများက ဆက်လက်၍ ကျောင်းမထားနိုင်တော့သဖြင့် ရွာသို့ပြန်ခေါ်ပြီး ၄င်းတို့၏ ပြင်ခရိုင် ချောင်းဝ အလယ်တန်းကျောင်းတွင် ဆဋ္ဌမတန်း၊သတ္တမတန်းအထိ ပညာသင်ကြားပြီးနောက် ပုသိမ် အ.ထ.က(၁)တွင် ပညာဆက်လက် သင်ကြားခဲ့ရပြန်လေ၏။မက်ထရစ်ကူလေးရှင်းဆိုသည့် ဒသမတန်း တက်ရလေ၏။ထို့နောက် နှစ်ဝက်လောက်အကြားတွင် DSA ၀င်ဖြေရာ ပါသွားသောကြောင့် ဆယ်တန်းအောင်သလို ဖြစ်သွား၏။ထို့ကြောင့် DSA လေးနှစ်တက်ပြီး B.A.(DSA)ဘွဲ့ ရခဲ့လေသည်။
          လက်ရှိ သမ္မတ ဦးသိန်းစိန်သည် စစ်အုပ်ချုပ်ရေးစနစ်မှ ပါလီမန် ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် အရွေ့တွင် ပထမဦးဆုံးပေါ်ပေါက်လာသည့် သမ္မတ ဖြစ်ရလေ၏။ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် (၉)တွင်တက်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် သင်တန်းဆင်းရာ၊ဗိုလ်သိန်းစိန် ဖြစ်လာခဲ့ရလေ၏။နိုင်ငံတကာ အတွေ့အကြုံရှိပြီးလျှင် နာမည်ပျက်စာရင်းမရှိ၊စစ်မှုထမ်းလုပ်သက် ကြာလာသည်နှင့်အမျှ ရာထူးများလည်း တဖြည်းဖြည်း မှန်မှန်လေး တက်လာခဲ့ရလေ၏။
          ဦးသိန်းစိန်သည် နအဖခေတ်တွင် အတွင်းရေးမှူး(၂)၊ထိုနောက် အတွင်းရေးမှူး(၁) တစ်ဆင့်ပြီး တစ်ဆင့်တက်ခဲ့ရာ ၂၀၀၈ ခုနှစ်၊အောက်တိုဘာလတွင် ၀န်ကြီးချုပ် ဖြစ်လာခဲ့ရပြန်၏။၂၀၁၀ ပြည့်နှစ် ဧပြီလ(၂၄)ရက်နေ့တွင် ရွေးကောက်ပွဲဝင်ရန်အတွက် ဗိုလ်ချုပ်ကြီးရာထူးမှ နှုတ်ထွက်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုက်လေတော့သည်။၂၀၁၀ ပြည့်နှစ်၊နိုဝင်ဘာလတွင် ကျင်းပသော ရွေးကောက်ပွဲတွင် အနိုင်ရပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ ဖြစ်လာခဲ့ရလေသည်။သမ္မတ ဦးသိန်းစိန်ဖြစ်လာသောအခါ ခေါက်ရိုးကျိုးနေသော စစ်မှုထမ်းများနှင့် ဒီမိုကရေစီလိုလားသော ဟိုဘက်ဒီဘက်အကြားတွင် ရိုးသားဖြောင့်မတ်စွာ ရပ်တည်ပြီး ဒီမိုကရေစီနိုင်ငံတော်ကို ခိုင်မြဲစွာတည်ဆောက်ခဲ့ရလေ၏။
          လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ကာ ပူးပေါင်းဆောင်ရွက်မှုကို လက်တွဲခေါ်ကာ လွှတ်တော်အတွင်းသို့ဝင်ရောက်စေ၏။ငြိမ်းချမ်းရေး ပန်းခင်းလမ်းကိုလျှောက်ကာ လက်နက်ကိုင် လူတစ်စုနှင့် ငြိမ်းချမ်းရေး လက်ကမ်းကြိုဆိုရင်း နွေးထွေးမှုများပေးခဲ့လေ၏။သမ္မတကြီး ဦးသိန်းစိန်သည် ဒီမိုကရေစီ စနစ် နိုင်ငံတော်သို့ ကူးပြောင်းရာတွင် အကြောက်တရားများကို ပပျောက်စေရန် ရင်းခဲ့မှုများက လွန်စွာမှများပြားလှလေ၏။ထို့ကြောင့် လူထုက သမ္မတကြီး အား သြဘာလက်ခုပ်တီးကာ ထောက်ခံအားပေးခြင်း ခံရလေ၏။
သမ္မတကြီး ဦးသိန်းစိန်သည် ဗိုလ်ချုပ်ကြီးရာထူးတာဝန်များကို ထမ်းဆောင်သူဖြစ်သော်လည်း လူထုအားစစ်မိန့်မပါ ဂရုဏာ စေတနာဖြင့် အုပ်ချုပ်သည့်အတွက် လူထုကလွန်စွာမှ လေးစားကြလေတော့သည်။  

Tuesday, May 21, 2013

Windows 9 လာမည် !!!
=============
 


Windows 8 ထွက်တာတောင် မကြာသေးပါဘူး၊ Microsoft က အခု Windows 9 နဲ့ Windows Blue ဆိုတဲ့ Project သစ်နှစ်ခုကို လုပ်ဆောင်နေပြီး ဒီနှစ်နွေရာသီထဲမှာဘဲ အဆိုပါ Windows နှစ်ခုထဲက တစ်ခုခု ထွက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
Windows Blueက Windows 8 ရဲ့ upgrade ဖြစ်လာပြီး Windows 9 ကတော့ နောက်ထပ် သီးခြား Operating System တစ်ခုအဖြစ် သီးသန့်ထွက်ရှိ လာမှာဖြစ်တယ်လို့ သတင်းတွေပြန့်နေပါတယ်။
Microsoft ရဲ့ အတွင်းပိုင်းအသိုင်းအ၀န်းကလာတဲ့ သတင်းတွေအရ Windows 9 ရဲ့ Beta Version ကို 2014 ဇန်န၀ါရီလထဲမှာ စတင်တွေ့မြင်နိုင်မှာဖြစ်ပြီး နိုဝင်ဘာလထဲမှာ stable product အဖြစ် တွေ့မြင်နိုင်လိမ့်မယ်လို့ သိရပါတယ်။
Internet Explorer ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ie 11 ဟာ Windows Blue မှာ beta version အဖြစ်နဲ့သာ စတင်မိတ်ဆက်မှာ ဖြစ်ပြီး Windows 9 မှာမှ stable app တစ်ခုအဖြစ် ပွဲထွက်လာမယ်လို့လည်း ဆိုကြပါတယ်။
ဒါ့အပြင် Microsoft ဟာ လတ်တလောမှာ Windows 9 ရဲ့ touch support ပိုင်းကို စွမ်းဆောင်ရည်ပိုမိုကောင်းမွန်အောင် စီစဉ်နေတယ်လို့ ဆိုတဲ့အတွက် tablet version နဲ့ mobile phone version ပါ ထွက်လာလိမ့်မယ်လို့ သုံးသပ်ရပါတယ်။
Vista အောင်မြင်မှုမရခဲ့တုန်းက Windows 7 နဲ့ ပြန်ပြီး အဖတ်ဆယ်သလိုမျိုး ခုအချိန်မှာ ထင်သလောက်မပေါက်ဖြစ်နေတဲ့ Windows 8 အတွက် Microsoft က Windows 9 နဲ့ ပြန်လည်ဆယ်ယူနိုင်မလားဆိုတာတော့ စိတ်ဝင်စားစရာပါ။


ကိုယ်နေဟန်ထား မမှန်တဲ့အခါ


အလုပ်လုပ်နေစဉ်မှာ ကိုယ်နေ ဟန်ထားမှန်ကန်စေဖို့ အကြံပြုချက် တွေ မကြာခဏကြားဖူးကြမှာပါ။ ခါး ဆန့်ပြီးမထိုင်လျှင် ခါးကုန်းတတ်တာ၊ လက်ပြင်ကုန်းတတ်တာ စသဖြင့် သိ ထားကြပေမယ့် စိတ်ပိုင်းဆိုင်ရာ ထိ ခိုက်စေတဲ့အချက်လေးတွေလည်း ရှိ ပါသေးတယ်။
ခါးမတ်မတ်မဆန့်ဘဲ နေ့တိုင်း အလုပ်လုပ်တဲ့အခါရေရှည်မှာ ကြွက်သားတွေ မသန်မာတော့ဘဲ လျော့တိ လျော့ရဲဖြစ်လာတတ်သလို အရိုးဆစ်တွေမှာပါ ပြောင်းလဲမှုတွေရှိလာနိုင်ပါတယ်။ ဒါ့အပြင် ခါးကိုင်းတာကြာလာတဲ့အခါ စိတ်ကျခြင်းနှင့် ထိုင်းမှိုင်းခြင်းတို့ကိုပါ ခံစားလာရတတ်ပါတယ်။ ခါးမတ်မတ်ဆန့် ထိုင်လိုက်တဲ့ အခါ စိတ်ပိုင်းဆိုင်ရာအရ တက်ကြွလာစေပါတယ်။
ကိုယ်နေဟန်ထားတည့်မတ် အောင်ပြုပြင်ဖို့မခက်ပါဘူး။ မတ်တတ်ရပ်အနေအထား မှန်မမှန်သိ သာစေဖို့ နံရံမှာကပ်ကြည့်နိုင်ပါ တယ်။ အလုပ်စားပွဲကိုလည်း ခါးမတ် မတ်ဆန့်ထိုင်နိုင်အောင် ပြုပြင်သင့်ပါ တယ်။
ခါးနာနေပြီဆိုလျှင် သတိထားပါ။ ကိုယ်နေဟန်ထားမမှန်လို့ ဖြစ်တတ်ပါတယ်။ ထိုင်တဲ့အခါ ကိုယ်နေဟန်ထားမှန်မှန်ထိန်းသိမ်းထားနိုင်ဖို့ ယောဂကျင့်စဉ်က ကူညီပေးနိုင်ပါ တယ်။

Thursday, May 16, 2013

သားအိမ်ခေါင်းကင်ဆာဆိုတာ ..........



လူတွေအသိများတာက သားအိမ်ကင်ဆာလို့ ခေါ်ကြတယ်။ အမှန်တကယ်တော့ သားအိမ်လည်တံကင်ဆာ (သို့) သားအိမ် ခေါင်း ကင်ဆာလို့ခေါ်ပါတယ်။ အပေါ်ပိုင်းမှာရှိတဲ့ သားအိမ်ရဲ့ ကိုယ်ထည်မဟုတ်ပါဘူး။ သားအိမ်ကိုယ်ထည်ကလည်း သူ့ဟာသူ သီးခြားကင်ဆာဖြစ်နိုင်ပါတယ်။ စာရင်းဇယားအရ မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေ အဖြစ်အများဆုံးကင်ဆာဖြစ်ပါတယ်။


၂။ ရောဂါဖြစ်နိုင်ချေရှိသူတွေက ဘယ်သူတွေလဲ။ 

ရောဂါဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်ရှိတဲ့ အုပ်စုတွေကတော့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတဲ့ အမျိုးသမီးများ၊ အိမ်ထောင် တစ်ဆက်ထက် ပို၍များတဲ့အမျိုးသမီးများ၊ သားသမီးငါးယောက်ထက်များတဲ့ မိခင်များ၊ လိင်ဆက်ဆံရာမှတဆင့် ကူးစက်တက်တဲ့ ရောဂါတစ်ခုခု ရှိခဲ့ဖူးသူများ၊ မျိုးရိုးထဲမှာ သားအိမ်ကင်ဆာဖြစ်ဖူးသူရှိသူများ၊ အမျိုးသမီးများမှာ သဘာဝအတိုင်း ဆင်းတဲ့အဖြူ မဟုတ်ဘဲ ထူးခြားပြီး ရေရှည်အဖြူဆင်းနေတဲ့ အမျိုးသမီးများ၊ အမျိုးသားများနှင့် လိင်ဆက်ဆံတဲ့အခါ သွေးစသွေးနတွေ့တဲ့ အမျိုးသမီးများလည်း အန္တရာယ်ရှိတဲ့ အုပ်စုထဲမှာပါပါတယ်။ အရက်စွဲနေတဲ့ အမျိုးသမီးများ၊ ဆေးလိပ်များများသောက်တဲ့ အမျိုးသမီးများကိုလည်း အန္တရာယ်ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒီမှာ အထူးပြောချင်တာက ဒီအုပ်စုထဲမှာပါလို့ သားအိမ်ခေါင်း ကင်ဆာ ဖြစ်ရမယ်လို့ တစ်ထစ်ချမပြောနိုင်သလို၊ ဒီအုပ်စုစာရင်းထဲက လွတ်သွားတဲ့ အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်း ကင်ဆာ မဖြစ်တော့ဘူးလို့ မှတ်ယူလို့မရပါဘူး။ ဒါကို ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။


၃။ ရောဂါဖြစ်မှန်း ဘယ်လိုလုပ်သိမလဲ။ 

ကင်ဆာတွေအားလုံးဟာ အဆင့်စောတဲ့အခြေအနေမှာ နာကျင်ခြင်းစတဲ့ လက္ခဏာတွေမပြသလို့ ဒုက္ခရောက်နေကြရတာပါ။ သားအိမ်လည်တံ ကင်ဆာကလည်း ရောဂါဖြစ်မှန်း သိပ်မသိလွယ်ပါဘူး။ စောတုန်း အဆင့်မှာ အစားအသောက်လည်း မပျက်ပါဘူး ရောဂါရင့်တဲ့ အဆင့်ရောက်မှ ၀မ်းဗိုက်အောက်ပိုင်းနာတာတို့၊ ခါးနာတာတို့၊ ပေါင်ထိပ်နာတာတို့ ဖြစ်တတ်တာပါ။ အမျိုးသားနဲ့ ဆက်ဆံရင် သွေးစသွေးနတွေ့တယ်ဆိုတာကလည်း၊ ဆရာဝန်စမ်းသပ်တဲ့အခါ ရိုးရိုးမျက်စိနဲ့ မြင်နိုင်လောက်တဲ့ သဖန်းသီးများ ခွဲထားသလိုမျိုး၊ အနာလိုလို၊ အဖုလိုလိုတွေ့တဲ့အခါမှသာ သွေးထွက်ပါတယ်။ ရိုးရိုးမျက်စိနဲ့ ကြည့်လိုက်ရင် ချောမွေ့ပြီးဘာမျှ မမြင်ရဘူး။ ဒါပေမယ့် Pap-Smear လို့ခေါ်တဲ့ မှန်ပြားလေးနဲ့ သူ့မှာတွယ်ကပ်နေတဲ့ ကလာပ်စည်းလေးတွေကို ခြစ်ယူလိုက်ပြီး အဏုဇီဝမှန်ပြောင်းအောက်မှာ ကြည့်လိုက်ရင်၊ အဲဒီကလာပ် စည်းလေးတွေရဲ့ အတွင်းထဲမှာ ကလာပ်စည်း နံရံကို မကျော်သေးဘဲ ဖြစ်ပွားနေတဲ့ ကင်ဆာအဆင့်ကို တွေ့နိုင်ပါတယ်။ Pap-Smear လုပ်တဲ့နည်းဟာ သားအိမ်ခေါင်းကင်ဆာဖြစ်မှန်းကို အစောဆုံး သိနိုင်တဲ့ နည်းပါးပဲ။ ယနေ့အချိန်မှာ အားမရတဲ့အချက်တစ်ခုက ဆေးရုံတွေမှာရော၊ အပြင်ဆေးခန်းတွေမှာပါ သားအိမ်ခေါင်း ကင်ဆာသိရတဲ့အချိန်မှာ ၆၅% လောက်ဟာ အဆင့်လွန်နေတဲ့သူတွေပါပဲ။ ၃၅%ကသာ အန္တရာယ်ရှိနိုင်တဲ့ အုပ်စုထဲက လာရောက် ဆေးစစ်ရင်းနဲ့တွေ့တာပါ။ သားအိမ်ခေါင်း ကင်ဆာဖြစ်တဲ့ လူတော်တော်များများက မီးယပ်ဖြူ၊ မီးယပ်နီဆင်းတယ်။ ခါးတွေ၊ ဆီးစပ် တွေကို ခဲနာကျင်တယ်။ သွေးစသွေးနထွက်တယ်။ အစားအသောက်ပျက်လို့ ပိန်းချုံးသွားတယ်ဆိုတဲ့ သူတွေကများတယ်။ Pap-Smear စမ်းသပ်ခြင်းကို သားဖွားမီးယပ်ဆရာဝန်ထိုင်တဲ့ မည်သည့် ဆေးခန်းမှာမဆို လုပ်လို့ရနိုင်ပါတယ်။ ငွေကုန်ကြေးကျလည်း မများပါဘူး။ မှန်ပြားယူရတာလည်း မကြာပါဘူး။ မိနစ်ပိုင်းအတွင်းပြီးပါတယ်။ အဖြေကလည်း ငါးရက်မှ တစ်ပတ်အတွင်းရပါတယ်။ ပုံမှန်ဝင်ငွေရှိတဲ့ လူတိုင်းနီးပါး ဒီလောက်ကုန်ကျစရိတ်ကို တက်နိုင်ကြပါတယ်။ Pap-Smaear မှာ ကင်ဆာဖြစ်တယ်လို့ သိရရုံနဲ့ ဓာတ်ကင်လို့မရပါဘူး။ နောက်တစ်ဆင့် အသားစယူရပါတယ်။ အသာစယူတဲ့အခါမှာ တိုက်ရိုက်ပဲယူယူ၊ မှန်ပြောင်းနဲ့ ကြည့်ပြီယူယူ၊ အသားစအဖြေထွက်မှသာလျှင် သားအိမ်ခေါင်းကင်ဆာ တကယ်ဖြစ်ပြီလို့ ရာနှုန်းပြည့်ပြောနိုင်ပါတယ်။


၎။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။ 

ယခင်တုန်းကတည်းက သုံးလာတဲ့ စံကုထုံးတွေရှိပါတယ်။ ခေတ်မီရောဂါကုထုံး (၃)ခုရှိပါတယ်။ ပထမတစ်ခုက ခွဲစိတ်ကု သတဲ့နည်း။ စောသေးရင် သားအိမ်လည်တံလောက်ပဲဖြစ်တယ် (သို့) သားအိမ်ကိုပါ ထုတ်တယ် (သို့) သားအိမ်တင်မကဘူး သားဥ ပြွန်မျိုးဥ သားနံရည်ကျိတ်တွေတောင် အကုန်ထုတ်တဲ့နည်းရှိပါတယ်။ ဒုတိယနည်းကတော့ အခြားကင်ဆာများလိုပဲ ကင်ဆာဆေး များ နှစ်မျိုး၊ သုံးမျိုးပူးပေါင်းပြီး အကြောဆေးပေးတဲ့နည်းရှိပါတယ်။ စောစောကပြောတဲ့ သားအိမ်နှင့်တကွ သားဥပြွန်မျိုးဥ၊ သားနံ ရည် ကျိတ်တွေကို သမားရိုးကျခွဲစိတ်နည်းနဲ့ မထုတ်ဘဲ Key Hole ဆာဂျရီလို့ခေါ်တဲ့ ပေါက်သေးသေးလေးဖောက်ပြီး အဏုကြည့် မှန်ပြောင်းကို အသုံးပြုပြီး ခွဲတဲ့နည်းကို အသုံးပြုနေပါပြီ။ စင်ကာပူတို့၊ ဘန်ကောက်တို့မှာ လုပ်နေပါပြီ။ ဒီကုထုံး(၃)မျိုးထဲမှာ လူနာ ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ အဆင့်ပေါ်မူတည်ပြီး ခွဲသင့်တဲ့လူနာခွဲတယ်။ ဓာတ်ကင်တဲ့လူနာ ဓာတ်ကင်တယ်။ တစ်ခါတစ်ရံ ဓာတ်ကင်တာရော၊ ခွဲတာရော နှစ်ခုပေါင်းလုပ်တာရှိသလို ကင်ဆာဆေးပါ ပေးရတဲ့နည်း (၃) မျိုးစလုံး ပေါင်းလုပ်ရတာလည်း ရှိပါတယ်။


၅။ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေမှန်းသိပြီးရင် ဘာတွေလုပ်မလဲ။ 

ဒါက သိပ်အရေးကြီးပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီလို့ ဓာတ်ခွဲခန်းအဖြေရတဲ့အခါ စိတ်ဓာတ်ကျသွားတဲ့ အမျိုးသမီး တွေ အများကြီးပါပဲ။ အမျိုးတွေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေက တစ်ယောက်တစ်ပေါက် အကြံပေးကြတာ ဒါမျိုးဖြစ်ရင် ဓာတ်မကင်နဲ့ ရောဂါကနည်းနည်း၊ ဓာတ်ကင်တာက သေသွားမယ်၊ ဒါမျိုးဆိုရင် မခွဲနဲ့၊ ခွဲလိုက်ရင် ဆီးအိမ်ပေါက်တာတို့၊ ဆီးပြွန်ပြတ်တာတို့၊ အူမကြီးပေါက်တာတို့၊ ပြောတတ်ကြပါတယ်။ ဒါကြောင့် ဘေးစကားကို မယုံပါနဲ့။ ကုန်ကုန်ပြောရရင် သားအိမခေါင်းကင်ဆာ ရောဂါဖြစ်ပြီး ကုသမှုခံယူထားသူရဲ့ စကားကိုတောင်မယုံပါနဲ့။ ဘာလို့လဲဆိုတော့ ကင်ဆာကလာပ်စည်း အမျိုးအစားတူချင်မှ တူမယ်။ ကင်ဆာအဆင့်လည်း တူချင်မှတူမယ်။ ဒါ့ကြောင့် ကိုယ်ယုံကြည် အားကိုးလို့ အပ်နှံထားတဲ့ သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန် ဆုံးဖြတ်တဲ့ အတိုင်းလိုက်နာပါ။


၆။ အများပြည်သူအား မှာကြားချင်သော အကြံပေးချက်။ 

သားအိမ်ခေါင်း ကင်ဆာဟာရောဂါ လက္ခဏာတွေမပေါ်ခင် အစောဆုံး သိနိုင်တဲ့နည်းရှိပါတယ်။ အဲဒါကတော့ အသက် (၃၅) နှစ်ကျော်တဲ့ အိမ်ထောင် သားမွေးပြုဖူးသူတိုင်း တစ်နှစ်တစ်ခါ Pap-Smear ကို သတိထားပြီး စမ်းသပ်သင့်ပါတယ်၊ ငွေကုန်ကြေးကျ လည်း မများပါဘူး။

250 GB Hard Disk တွင် 233 GB အောက်သာ ပါရခြင်းအကြောင်း



ဝယ်လိုက်တော့ Hard Disk က 250 GB ။ Properties မှာ ဝင်စစ်ကြည့်တော့ 233 GB ထက်နည်းနေတာမျိုး ကြုံဖူးမယ်ထင်ပါတယ်။ 4GB Memory Stick လည်း ပြန်စစ်ကြည့်ရင် 4GB အပြည့်မရှိပါဘူး။ အဲဒါဘာကြောင့်ဘာလဲ။

ဟုတ်ကဲ့။ အဓိက ပြဿနာက အဖွဲ့နှစ်ဖွဲ့ကွဲနေတာဗျ။ ISO အဖွဲ့အစည်းက 1KB ကို 1000 Bytes လို့ လက်ခံတယ်။ Hardware ထုတ်တဲ့ Microsoft ကျတော့ 1024 Bytes လို့ ယူတယ်။ ဟုတ်။ 1KB ကို ISO က ၁၀ ကို ၃ ထပ်တင်ပေမယ့် အမေရိကန် Microsoft ကတော့ ကွန်ပြူတာ နည်းပညာ အရ ၂ ကို ၁၀ ထပ်တင်ပါတယ်။

တန်ဖိုးချင်းက သိပ်မကွာဘူးလေ။ ၂၄ ပဲကွာသွားပါတယ်။ သူ့မှာ ယူတဲ့အချိန် အဆ တစ်ခု ရှိပါတယ်။ Microsoft ကတော့ Base 2 လို့ခေါ်တဲ့ Binary သင်္ချာနဲ့ တွက်ယူခြင်း ဖြစ်ပါတယ်။ ISO မှာ K ကို Kilo လို့ ခေါ်ပေမယ့် Microsoft က Kibi လို့ခေါ်တယ်။ ၁၀ အခြေခံနဲ့၊ ၂ အခြေခံ ကွဲသွားတာ ပေါ့။

ဘယ်ဟာ အမှန်လဲ

ဟုတ်ကဲ့ နှစ်ခုလုံး မှန်ပါတယ်။ ကျနော်တို့ Microsoft ပစ္စည်းတွေ သုံးနေသရွှေ့  4GB ဝယ်ရင် 4GB အပြည့်မြင်ချင်မှ မြင်ရမှာပါ။ 500 GB ဆိုရင် လည်း မပြည့်ပါဘူး။ ဥပမာ ၁၀ ကို ၂၄ ထပ်တင်ရင် Binary Usage မှာကျ ၂ ကို အထပ် ၈၀ တင်ပါတယ်။

ဒီတော့ Apple ပစ္စည်းသုံးတဲ့အခါ စစ်ကြည့်ရင် 65,536 byte file ကို အနီးစပ်ဆုံး အနေနဲ့ 66 KB လို့ယူပေးပေမယ့် Microsoft Windows မှာကျ ထထပ်တောာင် လျော့ပြီး ဖော်ပြပါအုံးမယ်။ Networking content မှာလည်း Mac တွေမှာလို Kilo နဲ့ဖော်ပြမှုများပြီး Microsoft ရဲ့  RAM ဖော်ပြမှု အပိုင်းမှာကျ Kibi (KiB) နဲ့ သွားပါတယ်။

ဒီတော့ ဘယ်လိုပြောရမလဲ။ လကို လ လို့လည်းခေါ်သလို စန္ဒာလို့ ခေါ်သလို မျိုးပဲပေါ့။ ကဗျာဆန်သွားပြီထင်တယ်။ ၁၂ လက်မကို တစ်ပေ နဲ့တွက်သလို မျိုးဆို ပိုရှင်းမယ်ထင်ပါတယ်။ ဒီလောက်ဆိုရင် GB တွေ အနည်းအများကို အကြမ်းဖျင်း သိပြီလို့ မျှော်လင့်ပါတယ်။
အသက်ရှည်စေနိုင်သော ဆေးဝါးကောင်း
======================


 အသက်ရှည်စေနိုင်သော ဆေးဝါးကောင်းများအသက် အရွယ် အိုမင်းမှုကို အောင်နိုင်ပြီး ၁၅၀ နှစ် အထိ အသက် ရှည်နိုင်တဲ့ ဆေးဝါးဟာ ငါးနှစ် အတွင်း ပေါ်ပေါက် လာတော့ မယ်လို့ Landmark မှ သုတေသီတွေက ဆိုပါတယ်။ အနီရောင်ဝိုင်မှာ တွေ့ရှိရတတ်တဲ့ Resveratrol သူ ကို ပြုပြင်ထားတဲ့ ဆေးဝါး အသစ်ဖြစ်ပြီး SIRT 1 ခေါ်တဲ့ ပရိုတင်းရဲ့ လုပ်ဆောင်မှုကို မြင့်မား စေကာ အရွယ် နုပျိုနိုင် မယ့် အကျိုး သက်ရောက် မှုကို ရရှိ စေတယ်လို့ ဆိုပါတယ်။ ဒီဆေး ဝါးကို ကင်ဆာ ရောဂါ၊ ဆီးချို ရောဂါနဲ့ နှလုံး ရောဂါ အပါအဝင် ရောဂါ ခံစားရတဲ့ လူနာတွေ အပေါ်မှာ Glaxo Smith Klineဆေးကုမ္ပဏီက စမ်းသပ်မှုပြုလုပ်ပြီးပြီလို့ သိရပါတယ်။ အယ်လ်ဇိုင်း မားရောဂါ၊ ပါကင်ဆန်ရောဂါ၊ အသည်း အဆီဖုံး ရောဂါ၊ အတွင်း တိမ်ရောဂါ၊ အရိုးပါး ရောဂါ၊ ကြွက်သား သိမ်တာ၊ အိပ်ရေး ပျက်ခြင်း တာနဲ့ ဂျွတ်၊ အဆစ် ရောင် ရောဂါနဲ့ အူမကြီး ရောင်ရမ်းတဲ့ ရောဂါ လိုမျိုး ရောင် ရမ်းမှု ရောဂါတွေ အတွက်လည်း စမ်းသပ် နေပြီလို့ သိရပါ တယ်။ အခုပေါ်တဲ့ ဆေးဝါး အသစ်ဟာ ဝိုင်အနီ တစ်ခွက် သောက် တာထက် အဆ ၁၀ဝ ခန့် အကျိုး သက်ရောက်မှု ပို ကောင်းတယ်လို့ ဆိုပါတယ်။ ဒီဆေးကို သောက်ဆေး အဖြစ် အသုံးပြု နိုင်သလို လိမ်းဆေး အနေနဲ့လည်း အသုံးပြု နိုင်တော့ မယ်လို့ ဆိုပါတယ်။ နှလုံးသွေး ကြောရောဂါကို ကာကွယ်ဖို့ အတွက် Statin ဆေးဝါးကို အသုံးပြု သလိုမျိုး ဒီဆေးဝါးကို အသက် ရှည်ဖို့ အသုံးပြု နိုင်တော့ မယ်လို့ ဆိုပါတယ်။

လူအချင်းချင်း အနီးကပ် ထိစပ်မှုကြောင့် ကူးစက်နိုင်သော ဗိုင်းရပ်စ်ဆန်း



လူအချင်းချင်း အနီးကပ် ထိစပ်မှုကြောင့် NCo Vခေါ် ကော်ရိုနာဗိုင်းရပ်စ် ဆန်းတစ်မျိုး ကူးစက်နိုင်ဖွယ် ရှိသည်ဟု WHO ( ကမ္ဘာ့ကျန်းမာရေးအဖွဲ့) က ထုတ်ပြန် ကြေညာ ခဲ့ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။ လူအချင်းချင်း ကူးစက်စေနိုင် ၍ အဆိုပါ ဗိုင်းရပ်စ်ကို ဒုတိယလူ ကတစ်ဆင့် ကူးစက်မှု ပြန့်ပွားခဲ့ ကြောင်း ပြင်သစ် ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုအပြီး တွင် ထိုကဲ့သို့ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေး အရာရှိများ၏ အဆိုအရ ယင်းဗိုင်းရပ်စ်ကြောင့် ဆော်ဒီအာရေဗျမှ လူနှစ်ဦးသေဆုံး ခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။ NCo V ဗိုင်းရပ်စ်ကြောင့် အဆုတ် ရောင်ရောဂါကို ဖြစ်စေကာ တစ်ခါ တရံ ကျောက်ကပ် ပျက်စီးတတ် သည်ဟု ဆိုသည်။ ကော်ရိုနာ ဗိုင်းရပ်စ်ပိုးသည် ပျံ့နှံ့ဖွယ်ရာ ရှိ၍ စိုးရိမ်မကင်း ဖြစ်မိ ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ တာဝန်ရှိ သူများက ထုတ်ဖော်ပြော ဆိုခဲ့သည်။ အရှေ့အလယ်ပိုင်း တစ်ခွင်တွင် ၃၃ ဦးရောဂါ ခံစားခဲ့ ရကြောင်း၊ ၎င်းတို့ အနက် ၁၈ ဦးသေဆုံး ခဲ့ကြောင်း ဒဗလျူအိတ်ခ်ျအို၏ များမကြာမီ က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အဆိုပါ ရောဂါဖြစ်ပွားမှု ကြောင့် ဆော်ဒီအာရေဗျနှင့် ဂျော်ဒန် နိုင်ငံတို့တွင် စုံစမ်းစစ်ဆေးလျက် ရှိသည်။ ဂျာမဏီ၊ ယူကေနှင့် ပြင် သစ်နိုင်ငံတို့ အထိ ယင်းရောဂါ ပြန့်ပွားလျက် ရှိသည်ဟု ဆိုသည်။ ဆော်ဒီအာရေဗျနိုင်ငံ ကျန်းမာရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက် အရပြီးခဲ့သည့် နွေရာသီမှစ၍ ယင်း ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါဖြစ်ပွားသူ ၂၄ ဦးရှိခဲ့သည့် အနက် ၁၅ ဦး သေဆုံး ခဲ့ကြောင်း ဖော်ပြထား သည်။ NCo V ခေါ် ကော်ရိုနာဗိုင်း ရပ်စ်ဆန်း တစ်မျိုးသည် ၂၀၀၃ ခုနှစ်တွင် အာရှတိုက်၌ ပေါ်ပေါက် ဖြစ်ပွားခဲ့သော (Severe Acute Respiratory Syndrome - Sars) ခေါ်အသက်ရှု ကျပ်ရောဂါဖြစ်စေ သည့် ဗိုင်းရပ်စ်ပိုး တစ်မျိုးနှင့် မျိုး ရင်းတူဖြစ်ကြောင်း ဒဗလျူအိတ် ခ်ျအိုက ထုတ်ဖော်ပြောဆို ခဲ့သည်။
NCo V နှင့် Sars တို့သည် တစ်ဦး နှင့် တစ်ဦးကူးစက်ရန် လွယ်ကူ သည်ဟု မေလ ၁၂ ရက်နေ့ထုတ် ပြန်ကြေညာ ချက်ဖြင့် ဒဗလျူအိတ် ခ်ျအိုကဆိုသည်။ ကော်ရိုနာ ဗိုင်းရပ်စ်ပိုးသည် လူနှင့် တိရစ္ဆာန် နှစ်မျိုးစလုံးအတွက် အသက်ရှုလမ်းကြောင်းတွင် ကူး စက်စေနိုင်သည်ဟု ဆိုကြောင်း ဘီဘီစီ သတင်းတွင် ရေးသားထား သည်။

Tuesday, May 14, 2013

Mr.Bin(ဟာသ)

Mr.Bin(ဟာသ)
:D--:D--:D--:D--

မစ္စတာဘင်ကို သူ့သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်။ မင်းဒီနေ့ဘာနေ့လဲသိလား။ဘင်က သိတာပေါ့ ဒီည သရဲများညလေကွာ(သူတို့နိုင်ငံရဲ့နှစ်စဉ်ကျင်းပလေ့ရှိတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်) သူ့ သူငယ်ချင်းက အေးသိရင်
အိမ်ကိုလာခဲ့ အိမ်မှာ သရဲများည အတွက် ပွဲစီစဉ်ထားတယ်။ လာရင်တော့ သရဲမျက်နှာဖုံးပါမှ ရမယ်နော်သူငယ်ချင်း ဆိုပြီး ဖုန်းချသွားတယ်။မစ္စတာ ဘင် တစ်ယောက်လည်း သူအရင်နှစ်က စွပ်တဲ့ မျက်နှာဖုံး ကိုပြန်ရှာတာပေါ့
ဒါပေမဲ့ မတွေ့ဘူး။ည ၂နာရီ လောက်ရှိပြီးဆိုတော့ ဆိုင်တွေကလည်း ပိတ်နေပြီး ကြံလို့မရတဲ့ အဆုံး ဒီတိုင်းပဲ ထွက်လာခဲ့တယ်။ဒီလိုနဲ့ သူ့သူငယ်ချင်း အိမ် ရောက်သွားတာပေါ့ လူတွေကလည်း သရဲမျက်နှာဖုံး ကိုယ်ဆီ ဖြင့်
အချင်းချင်း စကားတွေပြောနေကြတယ်။တစ်ချို့ သရဲမျက်နှာဖုံးတွေဆို တော်တော် ကြောက်ဖို့ကောင်းတယ်။ဒီလိုနဲ့ မစ္စတာဘင်က ခပ်တည်တည်ပဲ အိမ်တယ်ဝင်သွားတယ် ၀င်ပေါက်က သရဲမျက်နှာဖုံးနဲ့ အစောင့်က သူကို ၀င်ခွင့်ပြုလိုက်တယ်
အားလုံးက သရဲမျက်နှာဖုံးပါမှ ၀င်လို့ရတာလေ။မစ္စတာဘင်လည်းဝင်လို့ရတာနဲ့ ၀င်သွားတာပေါ့ အထဲရောက်တော့သူ့သူငယ်ချင်းကိုလိုက်ရှာတယ် မတွေ့တဲ့အဆုံး အနားကလူတွေနဲ့ စကားတွေဝင်ပြောပြီး သောက်ကြစားကြတာပေါ့ ဒါနဲ့သူတို့ရဲ့ သရဲများည
ဆိုတဲ့ အချိန်ကျော်သွားတာကြောင့် လူတစ်ယောက်က ဦးဆောင်ပြီး အော်လိုက်တယ် "အားလုံးပဲ သရဲမျက်နှာဖုံးတွေ ချွတ်လို့ရပါပြီး" ,အားလုံးကိုယ့် မျက်နှာဖုံး ကိုယ်ချွတ်ကြတာပေါ့ မစ္စတာ ဘင် တစ်ယောက်ကတော့ ဘာမျက်နှာဖုံးမှ မစွပ်ထားလို့ ချွတ်စရာ မလိုပဲ ဒီတိုင်းပဲ
ရပ်နေပါတယ်။ဒါကို ဘေးနားက သူနဲ့စကားတွေ ပြောခဲ့တဲ့မိတ်ဆွေတွေက မစ္စဘင်ကို လှမ်းပြောလိုက်တယ် " ဟေ့လူ -- ခင်ဗျာ မျက်နှာက သရဲမျက်နှာဖုံးကို ခု ချွတ်လိုက်ပါတော့ဗျာ။ ကျွန်တော်တို့ ကြောက်လို့ပါ မြင်ဖူးသမျှ သရဲမျက်နှာဖုံးထဲမှာ ခင်ဗျာ မျက်နှာဖုံးက
ရုပ်အဆိုးဆုံးပဲလို့ " ပြောလိုက်ပါတယ်။မစ္စတာ ဘင် တစ်ယောက် ဘာပြောရမှန်းတောင် မသိဖြစ်သွားပါတယ်။ :=)) :=)) :=))
----------------------------------------------------------------
Created by ဖိုးချစ် (I.C), Own funny

ဘ၀ရဲ့ ဥတုလေးပါး



တစ်ခါတုန်းက ဖခင်တစ်ယောက်ဆီမှာ သားသုံးယောက်ရှိတယ်။ သူကသူ့ သားတွေကို ဘယ်အရာမဆို မြန်မြန် မဝေဖန်မိဖို့  သင်ယူစေချင်တယ်။ ဒါနဲ့ သူက သူ့ သားတွေကိုအလွန်ကွာဝေးတဲ့ နေရာမှာရှိနေတဲ့ သစ်တော်ပင်ကြီးကို တလှည့်စီ သွားကြည့်ခိုင်းတယ်။

ပထမသားက ဆောင်းရာသီမှာသွားတယ်။ ဒုတိယသားက နွေဦးရာသီမှာသွားတယ်။တတိယသားက နွေရာသီမှာသွားပြီးတော့ နောက်ဆုံးအငယ်ဆုံးသားကတော့ ဆောင်းဦးကျချိန်မှာသွားတယ်။

အားလုံးသွားပြီးလို့ ပြန်လာတဲ့အခါမှာ ဖခင်ဖြစ်သူက သူသားတွေကိုသူတို့ ဘာတွေမြင်ခဲ့လဲဆိုတာကို သူ့ ကို ပြောပြဖို့ ပြောတယ်။

ပထမသားက သစ်ပင်ကြီးက ဗျာ အရမ်း ရုပ်ဆိုးတာပဲ။ ကွေးကောက်ပြီးကိုင်းညွတ်နေတာပဲ အဖေ လို့ ပြောတယ်။

ဒုတိယသားက မဟုတ်တာဗျာ သစ်ပင်ကြီးက ပုရစ်ဖူးလေးတွေနဲ့  ကြည့်ကောင်းပါတယ်အဖေရာ လို့ ပြန်ပြောတယ်။

တတိယသားကတော့ မဟုတ်ဘူးအဖေ၊ သစ်ပင်ကြီးမှာ ပန်းတွေက ဝေေ၀ဆာဆာဆ ပွင့်နေတာပါ။ အနံ့ ကလည်းသင်းပြီး အရမ်းလည်းလှတယ်။ ကျွန်တော်မြင်ဖူးသမျှထဲမှာတော့ ကျက်သရေ အရှိဆုံးပဲ အဖေ လို့ ပြောတယ်။

အငယ်ဆုံးသားကတော့ အကိုတို့ ပြောတာ တစ်ခုမှ မဟုတ်ဘူး။ သစ်ပင်ကြီးမှာအသီးတွေနဲ့ ပြည့်ပြီး မှည့်တောင်မှည့်နေပြီ။ ကြည့်ရတာ စိမ်းစိမ်းစိုစိုနဲ့ အရမ်းစိတ်ချမ်းသာတယ်အဖေ လို့ ပြောပြန်တယ်။

ဖခင်ဖြစ်သူက သားတွေကို သစ်ပင်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ်ဘယ်အရာကိုမှ တစ်ရာသီလေးပဲကြည့်ပြီး ဝေဖန် ဆုံးဖြတ်လို့ မရဘူး။ တကယ့်အနှစ်သာရဖြစ်တဲ့ အဲဒီလူရဲ့ ပျော်ရွှင်ဝမ်းမြောက်မှု၊ချစ်ခြင်းမေတ္တာတွေကို ဥတုလေးပါး ကုန်ဆုံးချိန် အဆုံးသတ်မှာပဲ တိုင်းတာလို့ ရနိုင်မှာဖြစ်တယ်

သင့်ဘ၀ကို ခက်ခဲတဲ့ တစ်ရာသီကြောင့် မဝေဖန်လိုက်ပါနဲ့။ တစ်ရာသီရဲ့နာကျင်ခံစားရမှုကြောင့် အခြားသောရာသီများရဲ့  ၀မ်းမြောက်ပျော်ရွှင်မှုကို မဖျက်စီးမိပါစေနဲ့။

Projectable Keyboard



ပြင်ညီမျက်နှာပြင်တစ်ခုရှိရုံဖြင့် ကွန်ပျုတာကဲ့သို့သုံးနိုင်မည့် Projectable Keyboard



အခြား ကိရိယာ တွေက ကြားခံ ပစ္စည်းတွေ လိုအပ်ပါတယ်။ဒါပေမဲ့ ဒီဆက်သွယ်ရေး ကိရိယာလေးကတော့ ဘာ ကြားခံ ပစ္စည်းမှ မလိုပါဘူး။”မာရိတ် ကူဒရိုင် အဲဗက်စီ” တီထွင်ခဲ့တာပါ။လှပတဲ့ဒီဇိုင်းဖြင့်ဖန်တီးထားပြီတော့ မြင်နိုင်ရုံ မျက်နှာပြင်လေးရယ် ကီဘုတ်လေးရယ် က သင့်ကွန်ပျုတာ ကဲ့သို့ လုပ်ဆောင်ချက်တွေ စေခိုင်းချက်တွေ ကိုတွက်ချက် ဖော်ပြပေးနိုင်ပါတယ်။ISQ server နဲ့ချိတ်ဆက်ထား သလိုပါပဲ စာသားတွေ ပုံရိပ်တွေကို ပြင်ညီမျက်နှာ ပြင်တစ်ခု ပေါ်မှာ ဖော်ပြပေးမှာ ပဲဖြစ်ပါတယ်။

ဘာသာပြန်  > ဖိုးချစ်(I.C)

Thursday, May 9, 2013

Server အကြောင်းပြောရအောင်


Server အကြောင်းပြောရအောင်



ဆာဗာ၊ ဆာဗာနဲ့ ပြောနေလိုက်ကြတာ တော်တော်များများ စိတ်ဝင်စားကြမှာ အမှန်ပါပဲ။ ဥပမာ ဝဘ်ဆိုဒ် တစ်ခု ဝင်လို့ မရတဲ့အခါ လူတစ်ယောက် သွားမေးတော့ “အဲဒါဆာဗာဒေါင်းနေတယ်ကွာ”လို့ဖြေတယ်လေ။ နားမလည်တဲ့ အချိန်တုန်းက ဆာဗာ ဒေါင်းတယ်ဆိုတာ နားထဲကို ကန့်လန့်လိုက်ဝင်ပါတယ်။ ကဲ တည့်ကြရအောင်။ အင်တာနက် အသုံးပြုတဲ့ လူတိုင်း နားလည်အောင် အလွယ်ကူဆုံး နည်းနဲ့ ရှင်းပြပါမယ်။ 

အဲဒီ ဆိုဒ်တစ်ခု ဖွင့်မရ ဆာဗာ ဒေါင်းတယ်ဆိုတာ Web Server ကိုပြောတာပါ။ Server မှာတောင် အမျိုးမျိုး ကွဲသေး တယ်လေ။ ကဲ စကြရအောင်။

Server အဓိပ္ပါယ်

ကွန်ပြူတာကွန်ရက်များအား ချိတ်ဆက်၍ သတင်းအချက်အလက် ပေး ပို့ပေးခြင်း၊ သိမ်းဆည်းထားပေးခြင်း တို့ ပြုလုပ်ပေးသော ကွန်ပြူတာ စနစ်ကို Server လို့ ခေါ်ပါတယ်။ အလွယ်ကူဆုံး ပြောပြပါမယ်။ ခုနေ ရုံးအကြီးစား တစ်ခုကိုသွားရင် သူ့မှာ စာရွက်စာတန်းတွေ ထိမ်းထား တဲ့ နေရာတစ်ခုတော့ ရှိမှာပဲလေ။ ဂိုထောင်တစ်ခုနဲ့ကို သီးသန့်တောင် ထားကြပါတယ်။ ဆေးရုံတွေမှာဆို ပိုအရေးကြီးပါတယ်။ အခန်းကြီး တစ်ခုထဲမှာ။ ဘယ်နေ့က ဘယ်လူနာ၊ ဘယ်နေ့က ဘယ်ဆေးတိုက်၊ ဘယ်သူဆင်း၊ ဘယ်သူသေ၊ ဘယ်သူတက်၊ ဆေးရုံအသုံးစရိတ် ဘယ်လောက်၊ ဝန်ထမ်းအင်အား ဘယ်လောက် အစရှိသဖြင့် အချက်အလက်အားလုံးကို ဂိုဒေါင် တစ်ခုထဲမှာသိမ်းထားပါမယ်။ လိုအပ်တဲ့အခါကျ ဂိုထောင်ထဲမှာ ဖိုင်စာရင်းအတိအကျကို ထုတ်ယူလို့ရအောင် စနစ်တကျ သေသေသပ်သပ် ထည့်ထားပါတယ်။

ဟုတ်ကဲ့။ အဲဒီအချက်အလက်တွေအားလုံးကို ကွန်ပြူတာတစ်ခုထဲမှာပဲ ထည့်ပြီး ယင်းကွန်ပြူတာကနေ လိုသလို ထုတ်သုံးမယ်။ နောက်ထပ်ကွန်ပြူ တာ တစ်ခုစီ ရောက်အောင်လည်း ရုံးတွင် network နဲ့ ပို့ပေးနိုင်မယ်ဆိုရင် ယင်းကွန်ပြူတာက Server အနေနဲ့ အလုပ်လုပ်နေပါပြီ။ ဒီတော့ သူ့ကို Database Server လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။

Server မှာ ဘာလိုအလုပ်လုပ်လဲ

သာမန် ဂိုဒေါင်တစ်လုံးမှာတောင် Store keeper ဆိုပြီး သီးသန့်ခန့်ရ တယ်လေ။ ဒီတော့ Server တန်းဝင်ဖို့အတွက် Server လုပ်မယ့် ကွန်ပြူတာမှာ Server Operating System ကို ထည့်ထားရပါတယ်။ အချို့ ကျတော့ ဂိုထောင်ဝန်ထမ်းမထားချင်ဘူး။ အချက်အလက် ကလည်း နည်းတော့ အဆင်ပြေသလိုထားတယ်။ ဟုတ်ကဲ့။ ကွန်ပြူတာ မှာလည်း ကိုယ် ထောက်ပံ့၊ မျှဝေ၊ သိမ်းဆည်းပေးရမယ့် အချက်အလက်က သိပ်မများဘူးဆိုပြီး အချို့ များကလည်း Server Operating System မသုံးပါဘူး။

သုံးတယ်ဆိုရင် ရွေးစရာက အများကြီးပဲ။ Linux Server OS သုံးမလား၊ Windows လား၊ Mac လား အစရှိသဖြင့် ပေါ့။ Server OS ဆိုလို့ ဘာများလည်းလို့ အတွေးနက်မသွားပါနဲ့။ သူက ဂိုထောင်တစ်ခုလို တာဝန်ထမ်းပေးမယ့် ကွန်ပြူတာကို အကောင်းဆုံး ဝန်ဆောင်မှု ပေးမယ့် OS ပါ။ တော်ရုံ OS ကမလုပ်နိုင်တာတွေ လုပ်ပေးမှာလေ။

Server အမျိုးအစားများ

Web Server ဝဘ်ဆိုဒ်၊ ဒေတာ အချက်အလက် များ အား သိမ်းဆည်းပေး၊ စေခိုင်းမှု (command လက်ခံပေး) ပြန်လည် အကြောင်းကြားပေးဖို့ အလုပ်လုပ်ပါတယ်။ ဥပမာ ကျနော်က ဝဘ်ဆိုဒ် တစ်ခု ထောင်လိုက်မယ်။ ထောင်တယ်ဆိုလို့ နို့ဆီဗူးထောင်သလို ထောင်လိုက်တာ မဟုတ်ဘူးနော်။ ဆိုဒ်တစ်ခု ပရိုဂရမ်နဲ့ဆွဲပြီး အင်တာနက်ပေါ် လွင့်ပါမယ်။ ဒီလိုလွင့်ဖို့အတွက် ယင်းအချက်အလက်တွေကို ဘယ်မှာ သိမ်းမလည်းက ရှိလာမယ်။ ဥပမာ ခုနေ စာဖတ်သူတို့ Facebook ပေါ်မှာ ပုံတွေ တင်ကြတယ်။ အဲ့ပုံတွေ ဘယ်ရောက်သွားလဲ။ Facebook က အကိုတွေ၊အမတွေကပဲ အလှဆုံးပုံတွေရွေးလို့ ဝိုင်ကြည့်နေကြမယ်လို့ ထင်လို့လား။

အမှန်တာ့ ယင်းပို့သမျှပုံတွေကို Server (ဂိုဒေါင်)ထဲ ထည့်ပါတယ်။ အချက် အလက်သိမ်းဆည်းပြီး Hard Disk အကြီးစားလိုပါပဲ။ Google ဆိုရင် ကမ္ဘာ့အကြီးဆုံး Data Center တောင် ပိုင်ပါတယ်။ Web Server အနေနဲ့ Website ရဲ့  အချက်အလက်များကို သိမ်းဆည်းပေး၊ Command လက်ခံပေး၊ ပြန်လည် အကြောင်းကြားပေး အစရှိသဖြင့် အလုပ်လုပ် ပါတယ်။ Web Server အကြောင်းနောက်မှ သက်သက်ရှင်းပါမယ်။

Application Server – Software app များအား အလုပ်လုပ်ရန် ဝန်ဆောင်မှုပေးသော Server

Catalog Server – network ပေါင်းများစွာမှာ အချက်လက်များကို အလွယ်တကူ ဆီးကူးစေရန် central search point အဖြစ် ဝန်ဆောင်မှုပေးသော Server

Communication Server - တယ်လီဖိုး တို့ကဲ့သို့ ဆက်သွယ်ရေးအတွက် အသုံးပြုသော Server

Database server - ကွန်ပြူတာ ပရိုဂရမ်နှင့် ကွန်ပြူတာများအား သတင်းအချက်အလက်များအား သိမ်းဆည်းပေးသည့် Server

Fax server – Fax ဝန်ဆောင်မှု ပေးသော Server

File server - ဖိုင်များအား အပေးအယူ၊ အကူးအပြောင်း ပြုလုပ်ပေးသော Server

Game server - ဗီဒိယိုဂိမ်းပရိုဂရမ်နှင့် User များအား ထောက်ပံ့ပေးသည့် Server

Home Server - အိမ်များအတွက် Server

Name Server - ဝဘ်ဆိုဒ် လိပ်စာ DNS များအား သိမ်းဆည်းဝန်ဆောင် မှုပေးသည့် Server

Print Server (Printer ဝန်ဆောင်မှုအတွက် ဆာဗာ)၊ Proxy Server (မတူညီသော server များချိတ်ဆက်နိုင်ရန် ကြားခံ ဆက်သွယ်ပေးသော Server, Sound server (ရေဒီယိုတို့ကဲ့သို့ multimedia broadcasting, streaming များအတွက် အလုပ်လုပ်သော ဆာဗာ)၊ Stand-alone Server, Computer Server အစရှိသဖြင့် အမျိုးမျိုး ထပ်ကွဲပါတယ်။ အချို့  ကျတော့ လည်း Server တစ်ခုချင်းစီမခွဲပဲ သုံးလေးမျိုးကို Server တစ်လုံးတည်းနဲ့ လုပ်လို့ရအောင် ဖန်တီး ပေးပါတယ်။ နောက်မှ Server တစ်ခုချင်းစီ အကြောင်း အသေးစိတ် ရှင်းပြပါ့မယ်။

Server မှာ ဘာတွေ ပါလဲ။

Server မှာ ပရိုဂရမ်အနေနဲ့ Server OS ပါရမယ်လို့ ပြောပြီးသွားပြီ။ (မပါလည်း ကိစ္စမရှိဘူးနော်)။ Hardware ပစ္စည်း အနေနဲ့ ကတော့ Memory (အချက်အလက် သိမ်းဆည်းထားမယ့် ပစ္စည်း) လိုအပ်ပါတယ်။ Google တို့လို ကုမ္မဏီကြီး ကတော့ Data Center ဟဲဗီး သုံးပြီး သူ့ ကို Run ဖို့အတွက် သီးသန့် Data Center Server OS တောင် သက်သက်သုံးရ ပါတယ်။ အေးအောင်လည်း အမြဲ လုပ်ပေးရပါတယ်။ ဒါမှ Server မဒေါင်းမှာလေ။ တစ်မိနစ်ဒေါင်းရင် Google ဆုံးရှုံးမယ့် ငွေက ကန်ဒေါ်လာ သန်းထောင်နဲ့ချီမှာပါ။ သူ့ကိုမှီနေတဲ့ ကုမ္မဏီ တွေ နိုင်ငံတိုင်းမှာ ရှိနေလို့ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ဒီတော့ Server မှာ အချက်အလက် သိမ်းဆည်း ပေးမည့် ဟာ့ဒ်ဝဲ၊ Server အလုပ်လုပ်ရန် စီမံခန့်ခွဲပေးမည့် software တို့ လိုအပ်ပါတယ်။

"Server တို့ ဘယ်လို အလုပ်လုပ်လဲ"

သာမန်ကွန်ပြူတာပဲလေ။ Mail server ဆိုပါစို့။ ကျနော်က Gmail စာတစ်စောင်ရေးလို့ ပို့လိုက်ပြီး mail server ထဲ ရောက်ပြီး အဲ့မေးလ်ကို စစ်ပေး။ ဘယ်ကိုယ်ပို့ရမယ်ဆိုတာ သေသေချာချာ ပြန်ကြည့်ပြီး ပို့ရမယ့် လိပ်စာ၊ နေရာ၊ နိုင်ငံ၊ အင်တာနက်လိုင်းကို စီးကူး ပေးလိုက်ပါတယ်။ ဒါတွေအားလုံးက တစ်မိနစ်အတွင်းမှာ ဖြစ်သွားတာနော်။ အင်တာနက် လိုင်းမြန် ရင် စက္ကန့်နဲ့တောင် ဖြစ်တယ်။ Game server ဆိုရင်လည်း ဘယ်သူတွေ Log in ဝင်ထားလဲ။ ဘယ်သူတွေ ဘာလုပ်နေလဲ။ သူကတော့ ဘာ အချက်အလက်တွေ ပို့လိုက်ပါပြီ။ ဟိုဘက်ကို ဘာအချက် အလက် ပြန်ပို့ပေးရမယ် အစရှိသဖြင့် တော်တော်အလုပ်ရှုပ်ပါတယ်။ သူ့ရဲ့  Data စီးဆင်းမှုကလည်း အတော်လည်း မြန်ဆန်ပါတယ်။

Facebook ဆိုရင်တော့ Web server ပေါ့။ ကျနော်တို့က Log in ဝင်ရင် ဘယ်သူက ဘယ် IP နဲ့ ဝင်လာပါတယ်။ ဘယ် folder ကိုပို့ပေးရမယ်။ ဘာတွေ ပြန်ပို့ပေးရမယ်။ အစရှိသဖြင့် အလုပ်ရှုပ်ပါတယ်။ Domain Name Server ဆိုရင်လည်း ဘယ်ဝဘ်ဆိုဒ် လိပ်စာ ဘယ် IP ကတော့ register လုပ်လိုက်ပါပြီ။ ငါဒီ IP နဲ့ လိပ်စာကို အခြားလူပေးလို့ မရတော့ဘူး အစရှိသဖြင့် DNS က အလုပ်လုပ်ပါတယ်။ ခုနေ www.facebook.com နဲ့ ဆိုဒ်တစ်ခု ရလားလို့ register လုပ်ကြည့်လေ။ ယင်း နာမည်ကို DNS မှာ register လုပ်ထားပြီးပြီမို့ နောက်လူတွေ လုပ်ယူလို့ မရတော့ပါဘူး။ ဒါက ရှင်းရရင် အများကြီးရှိပါသေးတယ်။ နောက်မှ ရှင်းပါ့မယ်။

Server ကို သာမန်ကွန်ပြူတာနဲ့ မလုပ်ရခြင်းက အကြောင်း ၂ ချက်ရှိ ပါတယ်။ တစ်ခုက ၂၄ နာရီအလုပ်လုပ်ရန် သာမန် ကွန်ပြူတာက မသင့်တော်ခြင်းနဲ့ သတင်းအချက်အလက်မြောက်များစွာကို လုံခြုံစွာ သိမ်းဆည်းမပေးနိုင်ခြင်းတို့ကြောင်းပါ။ ဒါကြောင့် Server ဆိုပြီး သီးသန့်စက်ကြီးတွေ၊ OS တွေနဲ့ run ရပါတယ်။

နိဂုံးချုပ်

ဒီလောက်ဆိုရင် Server ဆိုတာ ဘာကိုခေါ်တယ်။ ဘယ်လိုကွဲတယ်။ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အကြမ်းဖျင်း သိပြီလို့ ယုံကြည် ပါတယ်။ နောက်မှပဲ လိုအပ်ရင် အချက်တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြသွားပါမယ်။

Wednesday, May 8, 2013

ခုခံအားစနစ်ကို မြင့်တင် ပေးနိုင်သော အစားအစာ(၅)မျိုး


ခုခံအားစနစ်ကို မြင့်တင် ပေးနိုင်သော အစားအစာ(၅)မျိုး
================================


၁။ ဒိန်ချဉ်

ဒိန်ချဉ်တွင် အူလမ်းကြောင်း အတွင်းရှိ ကောင်းမွန်သော ပိုးမွှားများကို အထောက်အပံ့ ပေးနိုင်သော အစွမ်းရှိပြီး သင့်ခန္ဓာကိုယ်က အာဟာရများကို ပိုမို စုပ်ယူနိုင်ရန် ကူညီ ပေးနိုင်ပါတယ်။
သင့်ကိုလည်း ဖျားနာခြင်းမှ ကင်းဝေး စေနိုင်ပါတယ်။ လေ့လာမှု တစ်ခုတွင် ဒိန်ချဉ် သောက်ခြင်းက အအေးမိဖျားနာခြင်း၊ ရောဂါပိုးကူး စက်ခံရခြင်းတို့အား ၁၉%ပိုမိုသက် သာစေနိုင်ကြောင်း သိရပါတယ်။

၂။ နို့ဖျော်ရည်

ယင်းKefir)နို့ကို အချဉ်ဖောက် ထားသော နို့ဖျော်ရည် များတွင်လည်း အူလမ်းကြောင်း အတွင်းရှိ ပိုးမွှားများ ကိုအထောက်အပံ့ ပေးနိုင်ပြီး ခုခံအား စနစ်ကို အထောက်အပံ့ ပေးနိုင်ပါ တယ်။

၃။ အခွံမာသီးများ

အခွံမာသီးများဟာ Omega 3 fatty အက်စစ်များစွာ ပါဝင်ပြီး ယင်းက ဖျားနာခြင်းကို သက်သာစေကာ၊ လေ့လာမှု တစ်ခုအရ Omega 3 fatty အက်စစ်က လေပြွန်တွင်း ပိုးဝင်ခြင်းကို သက်သာ စေကြောင်း သိရပါတယ်။

၎။ အသီးအရွက်နှင့် သစ်သီးများ

၎င်းတို့က သင့်ရဲ့ ခုခံအားစနစ်ကို မြှင့်တင် ပေးနိုင်ပြီး အထူးသဖြင့် ဗီတာမင်စီ ကြွယ်ဝစေတဲ့ အသီး များဖြစ်တဲ့ စတော်ဘယ်ရီ၊ ပန်ဂေါ်ဖီ စိမ်း၊ မုန်လာဥနီစတဲ့ အသီးတွေက ပိုပြီးမြှင့်တင် ပေးနိုင်ပါတယ်။
AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ




လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုးသစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာ ရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြား ထားသည်။
အဆိုပါ ရောဂါပိုးကို လွန်ခဲ့သော နှစ်နှစ်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းရောဂါပိုးသည် ခုခံအားကျဆင်းမှုကို ပို၍ဖြစ်ပွား နိုင်ခြေ ရှိကြောင်း အမေရိကန် အမျိုးသား လိင် ကျန်းမာရေး ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ ဝီလျံစမစ်က သတိပေး ပြောကြားခဲ့သည်။

၎င်းရောဂါပိုးသစ်ကို ပျောက်ကင်းအောင် ကုသနိုင်မည့် ဆေးဝါးတစ်မျိုးကို ယခုထိတိုင်အောင် ဖော်ထုတ်နိုင်ခြင်း မရှိသေး သော်လည်း စမ်းသပ် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင် သွားရန်လို အပ်ကြောင်း မစ္စတာ စမစ်က ပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးသစ်သည် အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း၊ အကယ်၍ ရောဂါပိုးကူးစက် ပျံ့နှံ့ လာပြီးနောက် ထိရောက်စွာ ကာကွယ်နိုင်စွမ်းမရှိပါက ၎င်းရောဂါပိုးကို ကုသရန် အမေရိကန် ဒေါ်လာ သန်း ၇၈ဝ ကုန်ကျနိုင်ဖွယ်ရှိကြောင်း မစ္စတာ စမစ်က အခိုင်အမာ ပြောကြား ထားသည်။

၎င်းရောဂါပိုးသည် လူအများအပြားကို လျင်မြန်စွာ ကူးစက် နိုင်သောကြောင့်AIDS ရောဂါပိုး ထက်ပို၍ ကြောက်မက် ဖွယ်ကောင်းကြောင်း naturopathic ဆေးဝါးဌာနမှ ဆရာဝန် တစ်ဦးဖြစ်သူ အလန်ခရစ် စတင်းစန်းက CNBC သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုးသစ် ကူးစက်ခြင်းကြောင့် သားအိမ် မျိုးဥပြွန်နှင့် မျိုးဥအိမ် လတ်တလော နာတာရှည် ရောဂါပိုးဝင် ရောက်ခြင်း၊ သားအိမ်တွင် မဟုတ်သော အခြားနေရာ တစ်ခုတွင် သန္ဓေ တည်ခြင်းနှင့် သားသမီး မရနိုင်ခြင်း စသော ရောဂါများကို ဖြစ်စေနိုင်သည်။


ဖုန်းနှင့်ကွန်ပျူတာချိတ်ပြီး Internet သုံးမယ်ဆိုရင်



ဖုန်းများကိုကွန်ပျူတာဖြင့် ချိတ်ဆက်သုံးရန် ရည်ရွယ်ပါက... ဂျီအက်အမ်ဖုန်းများ အတွက်လည်း 3G ပါသောဖုန်းကို သာရွေးစေလိုပါသည်။ EDGE ရိုးရိုးဂျီအက်အမ် အချက်အလက်ဖြတ်သန်းမှု အင်တာနက် နည်းပညာအတွက် ယခုဖုန်းများသည် 2.75 gb သာရသေးသဖြင့် အနည်းငယ်နှေးပါသည်။ 3G ဟန်းဆက်ဖြစ်ပါက အင်တာနက်သုံးခါနီးတွင် နက်ဝပ်အမျိုးအစားတွင် 3G ပြောင်းသုံးပါက ယခုတချို့နေရာများတွင် 3.5G ဟုမိလာပြီး တော်တော် အဆင်ပြေပါသည်။ 3G အတွက် High speed data mode သို့မဟုတ် UMTS ဟုရေးထားပါသည်။ Data Transfer Rate အချက်အလက်ဖြတ် သန်းမှုနှုန်းမြန်သဖြင့် Download လုပ်ရန်ရှိပါက အဆင်ပြေပါသည်။ အချို့နေရာများတွင် 3G မမိပါက 2G EDGE ဖြင့်သာသုံးရပါသည်။ Sony ဖုန်းများကိုကွန်ပျူတာဖြင့် ချိတ်ဆက်သုံးရန် PC COMPANIOM SOFTWARE ဖြင့်သုံးရပါသည်။ update အသစ်ထွက်တိုင်း ထပ်တင်ပေးမှသာ သုံးလို့ရပါသည်။ အပ်ဒိတ်မလုပ်ပါက သုံးလို့မရတော့ပါ။ ကွန်ပျူတာနှင့်ချိတ်သုံး လိုပါကအန်းဒရိုက်များ အတွက်တော့ (Huawei) ဟဝေးတံဆိပ်က ပိုအဆင်ပြေနိုင်ပါသည်။ သို့သော်ဆိုင်များတွင် အန်းဒရိုက် အိုအက်အတွက် ရီကွန်မန်းမလုပ်ပါ။ Android အိုအက်ဖုန်းများ ၀ယ်ကိုင်ပါက အိုအက်ဗားရှင်းအား 2.3 နှင့်အထက် ကိုသာဝယ်ပါ။ ဂိမ်းများ၊ Application များထပ်တင်ပါက SD memory card ထဲတွင်ပြောင်း သွင်းနိုင်သဖြင့် phone (internal memory) ကိုနေရာစားတာ သက်သာသွားပါသည်။ ဖုန်းအတွင်းပိုင်း မှတ်ညဏ်နေရာနည်းသွား ပါကစက်ဟန်းမှု၊ စက်လေးမှုဖြစ်နိုင်ပါသည်။ နောက်ပိုင်းဆော့ဝဲမြင့် တင်ရမည့်အပိုင်းများကိုပါ စဉ်းစားသင့်ပါသည်။ နိုကီယာဖုန်းများ ကတော့ကွန်ပျူတာနှင့် ချိတ်သုံးလျှင် လောလောဆယ် အကောင်းဆုံးဟုဆိုချင်ပါသည်။ကွန်ပျူတာနှင့် ချိတ်ဆက်သုံးလိုပါက Nokia Ovi Suit, PC Suit ဆော့ဝဲအား ကွန်ပျူတာအတွင်းထည့်သွင်း ချိတ်ဆက်သုံးရပါသည်။ စီးပွါးရေး အတွက်အလို့ငှာသုံးလိုပါက နိုကီယာသည် ဆော့ဝဲပိုင်းဆိုင်ရာနောက်ပိုင်း ပန့်ပိုးမှုတော်တော်ကောင်းပြီး ရှုပ်ထွေးမှုမရှိပါ။ အလွန်စနစ်ကြပြီး အပ်ဒိတ်လုပ်ပြီး သုံးလိုပါကလည်း အဆင်ပြေပါသည်။ တခုရှိတာက အန်းဒရိုက်ဖုန်းများ တွင်မြန်မာစာထည့်ပြီး အင်တာနက်အားဟန်းဆက်ဖြင့်သာသုံးပါ ကတော်တော်ကောင်းပါသည်။ ဂျာဗား၊ ဆပ်ဘီယမ်ဖုန်းများ အတွက်မြန်မာဖွန့်ကတော့ ယခင် ၅၈၀၀ နိုကီယာဗားရှင်း အနိမ့်တွင်သာအဆင်ပြေပြီး အပ်ဒိတ်လုပ်ထားပါက အဆင်မပြေပါ။ ဟန်းဆက်ဖြင့်သာ ဂျီတော့၊ ဖေ့ဘုတ်ချက်တင်သုံးလိုပါက ebuddy နှင့် Nimbuzz နှစ်ခုဖြစ်သော ဖုန်းဆော့ဝဲများ တော်တော် ကာင်းပါသည်။ ယခုနောက်ပိုင်း Nimbuzz ကပိုပြီးအဆင်ပြေပါသည်။ ebuddy ဆော့ဝဲကတော့ ၅၈၀၀ ဖုန်းများတွင်သုံးရင်းဟန်းသွားတတ်ပါသည်။ ဂျာဗား၊ ဆပ်ဘီယမ်၊ အန်းဒရိုက်အိုအက် အားလုံးအတွက် အထက်ပါဆော့ဝဲနှစ်ခုထွက်ပါသည်။ နောက်ပိုင်းနိုကီယာ အိုဗီအိုင်စုမှပံပိုးပေးသောဖုန်းဆော့ဝဲများသည် ဗားရှင်းထပ်မြင့် လာသဖြင့်ယခင်ဖုန်းမော်ဒယ်များ လိုက်မြင့်ပြီးတင်သုံးပါက Phone specification ဖုန်းပါစက်အစိတ်ပိုင်းများ ကကောင်းစွာလိုက်မလုပ်နိုင်ဘဲ စက်ပါဝါသေခြင်း၊ သုံးနေစဉ်ရပ်သွားခြင်း (ဟန်းသွားခြင်း) မကြာခဏဖြစ်ပါသည်။ လက်ရှိသုံးနေသော ဗားရှင်းဖြင့်သာအဆင်ပြေပါက မလိုအပ်ဘဲမော်ဒယ် အဟောင်းဟန်းဆက်များအား ဗားရှင်းမမြင့်စေချင်ပါ။ စီးပွါးရေးအတွက်နှင့် အင်တာနက်အတွက် သုံးပါက လောလောဆယ် နိုကီယာတံဆိပ်ကိုပိုသဘောကျပါသည်၊အဆင်ပြေပါသည်ဟု အတွေ့အကြုံအချို့အား မျှဝေပေးလိုပါသည်။
Android တွေ၊ နာက်ပိုင်းထွက် Sambium OS တွေမှာ Wi Fi ပါရင်... wifi tethering သို့မဟုတ် wifi hotsopt စတဲ့ဖန်ရှင်ဖွင့်ပြီး ၀ိုင်ဖိုင်ပါတဲ့ကွန် ပျူတာနဲ့ချိတ်သုံးကြတယ်။ ဘက်ထရီအကုန်မြန်တယ်။ ကြိုးနဲ့ချိတ်သုံးတာက နောက်ပိုင်းထွက်ဖုန်းတွေမှာ ဒေတာရော ပါဝါတခါတည်း သုံးနေစဉ် သွင်းတဲ့စနစ်ပါပါတယ်။
......................................................
Nokia, Sony Java, ဆမ်ဘီယမ် ဖုန်းများတွင်....
menu....setting....connectivity....network...destination..အောက်ရှိ...Access point name တွင် mptnet ရိုက်ပါ။ connectivity အောက်ရှိ admin setting တွင် packet data အောက်တွက် when need နှင့် အောက်အကွက်တွင် mptnet ရိုက်ပါ။ web browser ရှိ setting တွင်ဝင်ပြီး always ask ပဲထားပါ။ ဒါမှ wifi ရတဲ့နေရာမှာသုံးလိုရင်လည်း ရွေးနိုင်မှာဖြစ်ပါတယ်
...................................................
Android ဖုန်းများတွင်
setting......wireless and network.... mobile network... Menu key နှိပ်.. New APN.. Name မှာ ကြိုက်တာထည့်၊ APN (access point name) မှာ mptnet နှင့် Authentication Type မှာ PAP/CHAP ရွေး၊ Type မှာ Internet ရွေး ( Blank ပြရင်မထည့်ရပါ။) home key ဘေး Menu ခလုတ်နှိပ်ပါ save လုပ်ထွက်ပြီး browser ဖွင့်သုံးပါ။
......................................................
အိုင်ဖုန်းတွေမှာဆိုင်လျှင် Goto Settings,General, Network,
Cellular data Network and enter the below settings:
Cellular data
APN: mptnet ရိုက်ပါ
username: မလိုပါ
password: မလိုပါ
MMS (မာတီမီဒီယာမက်စေ့) အတွက်မလိုပါ။
Tethering အတွက်
APN: mptnet ရိုက်ပါ။
username: မလိုပါ
password: မလိုပါ
*** သုံးတဲ့နေရာမှာ Traffic data, Data Roaming တို့ကို on ထားပါ။

From: ကိုလတ်(ကျွဲဆင်း)နည်းပညာစု့စည်းမှု