Tuesday, April 9, 2013

အမြင့်ဆုံး IQ ပိုင်ရှင်များ


အမြင့်ဆုံး IQ ပိုင်ရှင်များ



၁. William James Sidis (1898-1944)
အသက်မရှိတော့တဲ့ အမြင့်ဆုံး IQ Level ပိုင်ဆိုင်သူကတော့ Jewish Ukrainian-American တစ်ယောက်ဖြစ်တဲ့ William James Sidis ဖြစ်ပါတယ်။ သူဟာ IQ အနေနဲ့ 250 – 300 လောက်ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ Harvard ကို အသက် 11 နှစ်နဲ့ ရောက်ရှိခဲ့ပါတယ်။ သူဟာ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ သေဆုံးခဲ့ပါတယ်။

၂. Terence Tao (1975-)
Terence Tao ဟာ အမြင့်ဆုံးသော သက်ရှိထင်ရှား IQ Level ရှိတဲ့ ပါရမီရှင် တစ်ယောက်ဖြစ်ပါတယ်။ Level 230 ဟာ အဲ့ဖွယ်သရဲဖြစ်ပြီး arithmetic questions တွေကို အသက် 2နှစ်နဲ့ ဖြေရှင်းနိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ 9နှစ်မှာ college level ရှိနေပြီး Master’s နဲ့ Bachelor’s degrees တွေကို အသက် 16နှစ်နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ Ph. D. ကိုတော့ Princeton မှာ အသက် 20နှစ် သာသာနဲ့ပဲ ရယူနိုင်ခဲ့ပါတယ်။ သူဟာ UCLA မှာ အသက်အငယ်ဆုံး အမြဲတမ်းပါမောက္ခ Professor တစ်ယောက်အဖြစ် လက်ရှိ သင်ကြားပြသနေပါတယ်။

၃. Christopher Hirata (1983-)
IQ level 225 ရှိတဲ့ Christopher Hirata ဟာ 4နှစ်နဲ့ Caltech ကိုရောက်ရှိခဲ့ပြီး အသက် 12နှစ်မှာ college-level courses တွေကို physics နဲ့ calculus ဘာသာရပ်တွေမှာ သင်ယူခဲ့ပါတယ်။ အသက် 13နှစ်မှာ International Physics Olympiad ရွှေတံဆိပ် ရရှိခဲ့ပါတယ်။ ဒါဟာ အငယ်ဆုံး American တစ်ယောက်အနေနဲ့ ရယူနိုင်ခဲ့တာဖြစ်ပြီး၊ အသက် 16 နှစ်နဲ့ NASA မှာ အလုပ်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ အသက် 22မှာတော့ Ph.D ဘွဲ့ကို ရယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ astrophysics ဘာသာရပ်ကို California Institute of Technology မှာ သင်ကြားပြသပေးနေပါတယ်။

၎. Kim Ung-Yong (1963- )
ကိုရီးယားနိုင်ငံသား UngYong ဟာ 6 လသားအရွယ်မှာ ကိုရီးယားနဲ့ တစ်ခြား ဘာသာရပ်တွေကို ဖတ်နိုင်ပြောနိုင်ခဲ့ပါတယ်။ ၄နှစ်မှာ (၇နှစ်အရွယ် ကလေးတွေကို မေးတဲ့) IQ test ကို ဖြေဆိုခဲ့ပြီး၊ အမှတ် 200ကျော် ရရှိခဲ့ပါတယ်။ ၈နှစ်အရွယ်မှာ NASA ကနေ US မှာ ပညာသင်ကြားဖို့ ဖိတ်ကြားခံခဲ့ရပြီး၊ အသက် 14နှစ်မှာ complex calculus problems ကို Japanese TV မှာ တိုက်ရိုက်ဖြေရှင်းပြခဲ့ပါတယ်။ သူဟာ Guinness Book of World Record ကို “Highest IQ” အနေနဲ့ရရှိခဲ့ပြီး သူရဲ့ IQ level ဟာ အံ့မခန်း 210 ရရှိနေ ပါတယ်။

၅. Garry Kasparov (1963-)
သမိုင်းတစ်လျှောက် အကြီးကျယ် အခန်းနားဆုံး chess player ဖြစ်တဲ့ Garry Kasparov ဟာ IQ level 190 ရှိပါတယ်။ သူဟာ အငယ်ဆုံး world chess champion ဖြစ်ခဲ့သလို အသက် 22မှာ အဲ့ဒီဆုကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
May 1997 ရောက်မှသာ 200 million moves per second တွက်ချက်နိုင်တဲ့ Deep Blue Super Computer ကို အရှုံးပေးခဲ့ရပေမဲ့ နံပါတ် ၁ စစ်တုရင်သရဖူကို အရှည်အကြာဆုံး ထိန်းသိမ်းနိုင်ခဲ့သူဖြစ်ပါတယ်။
သူဟာ စစ်တုရင်မှာ အောင်မြင်မှုတွေ ရရှိခဲ့သလို Russia နိုင်ငံရဲ့ သမ္မတအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ဖို့ ဆောင်ရွက်ခဲ့ပါသေးတယ်။ သို့ပေမဲ့ တကယ်တမ်း မပါဝင်ခဲ့ပါဘူး။ သူဟာ စစ်တုရင်လောက ကနေ အနားယူသွားတဲ့အချိန်အထိ နံပါတ်တစ် အဖြစ် ၂၅၅လတိုင်တိုင် ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ စစ်တုရင် အဆင့်သတ်မှတ်ချက်ဟာ 2851 နဲ့ ယခုနှစ် ၂၀၁၃
ဇန်န၀ါရီအထိ အမြင့်ဆုံး အဆင့်ကို ၁၉ ၉ ၉ ကတည်းက ရရှိခဲ့တာ ဖြစ်ပါတယ်။ ယခု လက်ရှိအမြင့်ဆုံး အဆင့်ကိုတော့ အသက် ၂၂နှစ်ရှိပြီဖြစ်တဲ့ Seven Magnus Oen Carlsen (1990) က 2872 နဲ့ ရယူထားပါတယ်။

၆. James Howard Woods (1947-)
IQ level 180 ရှိတဲ့ Woods ဟာ သရုပ်ဆောင် တစ်ယောက်အဖြစ်ပိုပြီး နာမည်ကြီးပါတယ်။ SAT exam Verbal မှာ 800နဲ့ Math မှာ 799 မှတ် ရရှိထားသူလဲ ဖြစ်ပါတယ်။ MIT က full scholarship ရရှိခဲ့ပေမဲ့လည်း သူဟာ celebrity တစ်ယောက်အဖြစ်သာ အသက်မွေးဝမ်းကြောင်း ပြုခဲ့ပါတယ်။ Emmy Awards သုံးကြိမ်၊ Academy Award စကာတင် နှစ်ကြိမ်ရရှိခဲ့တဲ့အတွက် IQ မြင့်သကဲ့သို့ သရုပ်ဆောင် ကောင်းသူလည်း ဖြစ်ပါတယ်။

၇. Sir Andrew Wiles (1953-)
တစ်ကမ္ဘာလုံး အဖြေရှာမရခဲ့တဲ့ “ဖားမားရဲ့ နောက်ဆုံးသီအိုရီ” Fermat’s Last Theorem ကို အသက် ၁၀နှစ်မှာ မိမိဘာသာ တွေ့ရှိခဲ့ပြီး၊ မှန်ကန်အောင်လည်း သက်သေပြနိုင်ခဲ့တဲ့ Sir Andrew John Wiles ဟာ သင်္ချာပညာရပ်မှာ လူသိများ ထင်ရှားပါတယ်။ သင်္ချာပညာရှင် တစ်ယောက်ဖြစ်ပြီး IQ level 170 ရှိတဲ့ Sir Andrew Wiles ဟာ သင်္ချာနဲ့ သိပ္ဗံနယ်ပယ်မှာ ဆုပေါင်း 15 ခုရရှိခဲ့ပါတယ်။ သူဟာ ကိန်းသီအိုရီ number theory ကို အထူးပြု သင်ကြားနေတဲ့ Oxford University က Royal Society Research Professor တစ်ယောက်လည်း ဖြစ်ပါတယ်။

၈. Judit Polgar (1976-)
စစ်တုရင် လောကမှာ အမြင့်ဆုံး Grand Master ဂုဏ်ပုဒ်ကို 15 နှစ် ၄လနဲ့ ရရှိခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီး ဖြစ်တဲ့ Judit Polgar ဟာ IQ အဆင့် ၁၇၀ ရှိပါတယ်။ သူမဟာ ကမ္ဘာ့ စစ်တုရင် ဘိုးတော်ကြီးများဖြစ်တဲ့ Garry Kasparov၊ Boris Spassky၊ Anatoly Karpov တို့ကို နိုင်အောင် ကစားနိုင်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီး စစ်တုရင် ဆရာမကြီးလဲ ဖြစ်ပါတယ်။

၉. Paul Gardner Allen (1953-)
Microsoft ကို ပူးတွဲတည်ထောင်ခဲ့တဲ့ Paul Gardner Allen ဟာ IQ over 160 (170 နီးပါး) ရှိတယ်လို့ ဆိုပါတယ်။ သူဟာ အမှတ်1600 နဲ့ SAT စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ သူဟာ လက်ရှိမှာတော့ ပိုင်ဆိုင်မှုပေါင်း $14.2 Billion ရှိတဲ့ IQ မြင့်သူတစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။ သူဟာ လူသားတွေရဲ့ လူနေမှုပုံစံတွေကို တိုးတက်ပြောင်းလဲစေနိုင်တဲ့ တီထွင်မှုတွေ ဖန်တီးခဲ့သူအဖြစ် ထင်ရှားကျော်ကြားပါတယ်။

10. Stephen Hawking (1942-)
Stephen Hawking ကတော့ Science နဲ့ Cosmology ပညာရပ်တွေမှာ ကမ္ဘာကျော် သိပ္ဗံပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ Galileo သေဆုံးတဲ့ နှစ် ၃၀၀ပြည့် ဇန်န၀ါရီလ ၈ရက် ၁၉ ၄၂ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ IQ ဟာ Einstein တို့ Bill Gate တို့ကဲ့သို့ 160 ရှိပါတယ်။ သူဟာ amyotrophic lateral sclerosis (ALS) ရောဂါကြောင့် မလှုပ်ရှားနိုင် စကားမပြောနိုင်ပေမဲ့ သူဟာ သိပ္ဗံပညာရပ်ကို များစွာ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ အမေရိကန် နိုင်ငံသားတွေကိုပေးတဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Presidential Medal of Freedom ကို ၁၉ ၉ ၀ မှာ ရရှိခဲ့ပါတယ်။ သို့ပေမဲ့လည်း ယခုအချိန်အထိ Hawking ဟာ Nobel ဆုကို ပေးအပ်ခြင်းမခံရသေးပါဘူး။ အချိန်၏ သမိုင်းအကျဉ်း A Brief History of Time ဆိုတဲ့ စာအုပ်ဟာ အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။ 
Tine Htet Aung: TSJ
Wiki, therichest, business insider, eoht, top10facts,
-----------------------------------------------------------------------

No comments:

Post a Comment