Tuesday, January 13, 2015

Confidence ကျနေလား?


ကျွန်တော်တို့တွေဟာ ငယ်ငယ်လေးထဲက confidenceကျဆုံးဖို့အကြောင်းရင်းများစွာရှိခဲ့ပါတယ်။ ဥပမာ ငယ်ငယ်က
 သီချင်းမဆိုတတ်ဆိုတတ်နဲ့ဆိုခဲ့တယ်။အဲဒိအချိန်မှာမိဘတွေ၊ဆွေမျိုးတွေ၊သူငယ်ချင်းတွေရဲ့“မင်းအသံကဆိုးလိုက်တာကွာ” ဆိုတဲ့နောက်ပြောင်တဲ့စကားလုံးများဟာ ငယ်ငယ်ရွယ်ရွယ်အသဲနုနုပေါ်မှာ tattoo အထိုးခံလိုက်ရပါတယ်။အကျိုးဆက် အနေနဲ့ နောက်ဘယ်တော့မှာသီချင်းမဆိုချင်တော့ပါဘူး။ သီချင်းဆိုတိုင်း ယုံကြည်မှုမရှိသလိုခံစားရပါတယ်။ ဒါဟာ ဥပမာတစ်ခုပဲဖြစ်ပြီးအခြားအရာများစွာရှိပါသေးတယ်။ “မင်းဖြစ်မှာမဟုတ်ပါဘူးကွာ” “မင်းလုပ်နိုင်မှာမဟုတ်ပါဘူးကွာ”
ဆိုတဲ့စကားတွေအောက်မှာ ကျွန်တော်တို့ရဲ့မရှိမဲ့ရှိမဲ့ယုံကြည်မှုလေးတွေ ပျောက်ဆုံးခဲ့ရတယ်။

အမေရိကားမှာက ကလေးတွေကိုငယ်ငယ်ကတည်းကကိုယ့်ကိုကို ယုံကြည်မှုရှိအောင်လုပ်ပေးကြပါတယ်။ သူတို့သားသမီး
 ငယ်ငယ်လေးထဲကသီချင်းဆိုတာဝါသနာပါတယ်ထင်ရင်အသံဘယ်လောက်ဆိုးဆိုးအားပေးတယ်။ပြီးတော့သားသမီးတွေ
 ရဲ့ရည်မှန်းချက်ဖြစ်မြောက်အောင် Vocal trainingတွေပို့ပေးတယ်။ “America’s got talent” ဆိုတဲ့အစီအစဉ်ကို
 ကြည့်ဖူးကြပါသလား?