Monday, April 3, 2017

Non-Corporate Organization

> Sole Proprietors (တစ်ဦးတည်းပိုင်လုပ်ငန်း)
- တစ်ဦးတည်းပိုင်လုပ်ငန်းအမျိုးအစားဖြစ်ပြီး ကိုယ်ပိုင်ငွေအရင်းအနှီးဖြင့်စတင်နိုင်၍ အမြတ်ဝေစုရလျှင်လည်း တစ်ဦးတည်းသာရရှိပါသည်။
- လုပ်ငန်းသေးအမျိုးအစားဖြစ်ပြီး အရင်းအနှီးနဲနဲဖြင့်စတင်နိုင်ပါသည်။
ကောင်းကျိုးများမှာ-
- လုပ်ငန်းစတင်ရလွယ်ကူခြင်း။
- လုပ်ငန်းဖျက်သိမ်းရလွယ်ကူခြင်း။
- အမြတ်ဝေစုကိုတစ်တည်းပိုင်ဆိုင်နိုင်ခြင်း။
- ဘဏ်ကနေ ကုမ္ပဏီတွေထက် ငွေပိုချေးနိုင်ခြင်း။
- အခွန်တစ်ကြိမ်ပဲဆောင်ရခြင်း။
ဆိုးကျိုးများ-
- အကန့်အသတ်မရှိဘဲ အကြွေးတင်ရင် အကြေပြန်ဆပ်ကခြင်း။
- လုပ်ငန်းကြီးထွားနိုင်ဖို့ကြန့်ကြာစေခြင်း။
- ကိုယ်မဦးဆောင်ရင် ပြိုလဲနိုင်ချေရှိခြင်း။
~~~~~~~~
> Partnership
- အစုပ်စပ်သည် ၂ယောက်ကနေ အယောက် ၂၀ထိ စုပေါင်းလုပ်ကိုင်နိုင်သည်။
- Sole Proprietors ထက် လုပ်ငန်းဆိုဒ်ကြီးပြီး လုပ်ငန်းအကြီးစားထဲတော့မပါဝင်ပေ။
ဥပမာ - Finance, Insurance, Real Estate Firms, Wholesale and retail firms တို့လိုမျိုးဖြစ်သည်။
Partnership ရဲ့ကောင်းကျိုး၊ဆိုးကျိုးမပြောခင် Partnership Contract အကြောင်းကိုသိထားဖို့လိုပါတယ်။
Partnership Contract မှာပါရဲ့အချက်တွေကတော့ -
- လုပ်ခလစာရှင်းတမ်း
- အမြတ်၊အရှုံးကို ဘယ်လိုခွဲဝေမလဲဆိုတဲ့အချက်
- လုပ်ငန်းဖျက်သိမ်းတဲ့အခါ လုပ်ငန်းထဲက ဘယ်ပစ္စည်းတွေကို ပြန်လည်ခွဲဝေယူကြမလဲဆိုတဲ့အချက်
တွေ ကြိုတင်ထည့်သွင်း ချုပ်ဆိုထားဖို့လိုပါတယ်။

ကောင်းကျိုးများ-
- လုပ်ငန်းပေါင်းလုပ်ရတာလွယ်ကူခြင်း။
- အစုစပ်တွေက အမြတ်ကိုယ်စီခွဲဝေယူနိုင်ခြင်း။
- ငွေချေးရတာလွယ်ကြူ်ခင်း။
- အခွန်ကို အစုစပ်တစ်ဦးချင်းဆီကသာ ဆောင်ရခြင်း။
- အရင်းအနှီးများများသုံးနိုင်ခြင်း။
- လုပ်ငန်းကြီးထွားဖို့အလာလားကောင်းခြင်း။
ဆိုးကျိုးများ-
- အကြွေးဆပ်ရန်တာဝန်အကန့်အသတ်မရှိခြင်း။
- လုပ်ငန်းကြီးထွားဖို့ ဥပဒေအရအကန့်အသတ်ရှိနေခြင်း။
- အစုစပ်တစ်ဦးသေဆုံးခဲ့လျှင် အဖွဲ့ဝင်တွေကဆက်လက်လုပ်ကိုင်လိုခြင်းမရှိခြင်း။
- အစုစပ်တွေအကြား အငြင်းပွားမှု၊ မသမာမှု ခဏ ခဏဖြစ်ခြင်း။

Jimmy Hein (HRM Revolution)