Monday, April 29, 2013

အမွေးများဖယ်ရှားတော့ မည်ဆိုလျှင်


အမွေးများဖယ်ရှားတော့ မည်ဆိုလျှင်



(၁) မျက်ခုံးမွေးက ကျန်အမွေးတွေထက် ရှည်နှုန်းနှေးသလား
မျက်ခုံးမွေးနုတ်ရင် ဂရုတစိုက် နုတ်ဖို့လိုပါတယ်။ မျက်ခုံးမွေးပြန် ပေါက်ဖို့ ရက်သတ္တပတ်များစွာကြာ တတ်ပါတယ်။ ဒါကြောင့် မျက်ခုံးမွေး ညီအောင်ညှိဖို့ နုတ်တဲ့အခါ အလွန်အကျွံမနုတ်မိအောင် သတိပြု ရပါမယ်။
(၂) အမွေးရိတ်ခြင်းက အမွေးတွေ ထူကြမ်းလာစေသလား
အမွေးရိတ်လိုက်တဲ့အခါ ပေါက်ကာစထိပ်ပိုင်းအမွေးနုကို တိလိုက် သလိုဖြစ်တာကြောင့် အမွေးပြန်ရှည် လာတဲ့အခါ ကြမ်းလာတယ်လို့ ထင်ရစေပါတယ်။ ဒါဟာထင်မှတ်မှားခြင်းသာဖြစ်ပြီး မရိတ်မီအမွေးနဲ့ ရိတ်ပြီးအမွေးဟာတစ်ချောင်းတည်း အတူတူသာဖြစ်ပါတယ်။ ပိုကြမ်းလာ တာမဟုတ်ပါဘူး။
(၃) အမွေးရိတ်လို့ အဖုတွေပေါက်တာ ကို ဘယ်လိုကာကွယ်မလဲ
အမွေးရိတ်တဲ့အခါ Shaving Cream လို့ခေါ်တဲ့ မရိတ်မီလိမ်း ရတဲ့ ချောဆီကိုအသုံးပြုပါ။ ဘလိတ် ဓါး၊ ဂျုတ်ဓါး မကြာခဏအသစ်လဲပါ။ အမွေးပေါက်တဲ့လားရာအတိုင်း ဂျုတ်ဆွဲပါ။
(၄) မှဲ့ရှိတဲ့နေရာတွေမှာ အမွေးချွတ် ဆေး သုံးလို့ရလား
အမွေးချွတ်ဖယောင်းဆေး (waxing) သုံးတဲ့အခါ မှဲ့၊ ကြွက်နို့၊ သွေးကြောထုံးတွေရှိနေရင် ၎င်းနေ ရာများကိုရှောင်ပါ။ ဖယောင်းဆေး ဟာ အရေပြားအလွှာတစ်လွှာကိုပါ ဖယ်ရှားပစ်တာကြောင့် အနာရွတ် တွေ၊ ရောဂါပိုးကူးစက်ဝင်ရောက်မှု တွေ ဖြစ်တတ်ပါတယ်။
(၅) မုတ်ဆိတ်ရိတ်ကိရိယာနဲ့ ဂျုတ် ဘယ်ဟာက အမွေးပိုတိနိုင်သလဲ
သမားရိုးကျဂျုတ်အသုံးပြုခြင်းက အမွေးပိုတိပေးနိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ကိရိယာက ဆပ်ပြာနဲ့ရေမ လိုပေမယ့် အမွေးငုတ်တိုများကျန် ခြင်း၊ အမွေးစများ အသားထဲပြန် စိုက်ခြင်းဖြစ်စေနိုင်ပါတယ်။
(၆) လေဆာအသုံးပြု အမွေးဖယ်ရှားခြင်းက ဘယ်လိုလူတွေမှာအထိ ရောက်ဆုံးလဲ
လေဆာရောင်ခြည်တန်းတွေ ကို အရေပြားပေါ်ကျရောက်စေတဲ့ အခါ အနက်ရောင်ခြယ်ပစ္စည်းဖြစ်တဲ့ မယ်လနင်က လေဆာရောင်ခြည်ကို စုပ်ယူပါတယ်။ အသားဖြူပြီး အမွေး နက်သူတွေမှာ မယ်လနင်ဟာ အမွေး အိတ်ထဲမှာသာရှိတာကြောင့် လေ ဆာရောင်ခြည်ဟာ အမွေးအိတ်များကိုသာဖျက်ဆီးမှာဖြစ်ပါတယ်။ အမွေးဖြူ၊ ပြောင်းဖူးမွေးရောင် အမွေးများကို လေဆာရောင်ခြည် အသုံးပြုဖယ်ရှားနိုင်မှာမဟုတ်ပါဘူး။

No comments:

Post a Comment