Tuesday, February 24, 2015
စစ်တုရင်ရှုံးတဲ့ ဘီလ်ဂိတ်
မိုက်ခရိုဆော့ကုမ္ပဏီတည်ထောင်သူ ဘီလ်ဂိတ်ဟာ Talk Show အစီအစဉ်တစ်ခုမှာပါဝင်ဖို့ ဖိတ်ကြားခံခဲ့ရလို့ ၂ဝ၁၄ခုနှစ် ဇန်နဝါရီလမှာ နော်ဝေးနိုင်ငံကို သူရောက်ရှိခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူက စမိတ်ဆက်ပြီးတာနဲ့ ဘီလ်ဂိတ်ကိုစိန်ခေါ်လိုက်ပါတယ်။
“ခင်ဗျားရဲ့ဉာဏ်ရည်က ၁၆ဝကျော်တယ်လို့ ကြားဖူးထားတယ်။ ခင်ဗျားဟာ ကမ္ဘာပေါ်မှာ အထူးချွန်အထက်မြက်ဆုံးသူဆိုတော့ ကျွန်တော်တို့နော်ဝေးနိုင်ငံက ကမ္ဘာ့စစ်တုရင်ချန်ပီယံနဲ့ စစ်တုရင်တစ်ပွဲလောက် ပြိုင်ရဲရဲ့လားမသိဘူး”
“ဒီပြိုင်ပွဲကို မျှော်လင့်မထားပါဘူး.. ဒါပေမယ့် ကျွန်တော်ပြိုင်ကြည့်ချင်ပါတယ်”လို့ ဘီလ်ဂိတ်ဟာ ရယ်ပြီး စိန်ခေါ်မှုကို လက်ခံလိုက်တယ်။
အစီအစဉ်တင်ဆက်သူက ယှဉ်ပြိုင်မှုမျှတအောင် ဘီလ်ဂိတ်ကို တစ်ကွက်ရွေ့တိုင်း ၂မိနစ်စဉ်းစားခွင့်ပေးလိုက်တယ်။ စစ်တုရင် ချန်ပီယံကတော့ စက္ကန့်၃ဝအတွင်းမှာရွေ့ပါတယ်။ ပြိုင်ပွဲကို ဘီလ်ဂိတ်ဖက်က အရင်စပါတယ်။ တစ်ကွက်ရွေ့တိုင်း သူတွေဝေနေခဲ့ပြီး ဘယ်အကွက်မှာချရမှန်း အမြန်မဆုံးဖြတ်နိုင်ဖြစ်ခဲ့ပါတယ်။ စစ်တုရင်ချန်ပီယံကတော့ သိပ်စဉ်းစား စရာမလိုဘဲ သွက်သွက်လက်လက် ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ၉ကွက်လောက် ကြံ့ကြံ့ခံရွေ့ပြီးတဲ့နောက်မှာ ချန်ပီယံက ၇၉စက္ကန့်နဲ့ ဘီလ်ဂိတ်ကိုအနိုင် ရသွားခဲ့ပါတယ်။
အစီအစဉ်တင်ဆက်သူက ဘီလ်ဂိတ်ကို ဒဲ့ဒိုးပဲမေးလိုက်ပါတယ်။
“ဘီလ်ဂိတ်ခင်ဗျား… ဘယ်လိုအခြေအနေမျိုးမှာ ခင်ဗျား မထူးချွန်မထက်မြက်ဘူးလို့ ခံစားရပါသလဲ”
“ကမ္ဘာ့စစ်တုရင်ချန်ပီယံနဲ့ စစ်တုရင်ကစားတဲ့အချိန်ပေါ့”လို့ ဘီလ်ဂိတ်က သက်ပြင်းချပြီးပြောပါတယ်။
တစ်ခါတုန်းက အပယ်ခံ
ယနေ့ တရုတ်နိုင်ငံသာမက ကမ္ဘာအနှံ့အပြားမှာပါ E-commerce လုပ်ငန်းနဲ့
ပတ်သက်လို့ အောင်မြင်မှုသရဖူတွေ အထပ်ထပ် ဆောင်းနေတဲ့ Jack Ma ဆိုတဲ့
လူတစ်ယောက်ဟာ အရင်တုန်းက အများတကာရဲ့ အပါယ်ခံတစ်ယောက် ဖြစ်ခဲ့ဖူးတယ် ပြောရင် ယုံရခက်ခက်ပဲ နေမှာပါ။
Jack Ma ဆိုတာ E-Commerce ကုမ္ပဏီတစ်ခုဖြစ်တဲ့ Alibab လို့ခေါ်တဲ့
တစ်နေ့ကို 100 million ရောင်းအားရှိ အွန်လိုင်းရောင်းဝယ်ဆိုဒ် တစ်ခုကို
တည်ထောင်သူ ဖြစ်ပြီး လက်ရှိ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲမှာ တစ်ဦးအပါအ၀င်လည်း ဖြစ်ပါတယ်။ လက်ရှိ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ခန့်မှန်းချေအားဖြင့် $20.4 billion ထိတောင် ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း တစ်ခါတုန်းက သူဟာ အလုပ်ပေါင်း (၃၀) ကျော်ရဲ့ ငြင်းပယ်မှုကို ခံခဲ့ရသလို လူပေါင်းများစွာရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရတယ်လို့
ဆိုပါတယ်။ လွန်ခဲ့သော အင်တာဗျူးတစ်ခုမှာ ဒီအောင်မြင်နေတဲ့
တရုတ်ဗေလုဝလေးက ပြောခဲ့တာက-
Wednesday, February 4, 2015
အလုပ်အကိုင်ပြောင်းဖို့စဉ်းစားနေလား?
သင်အလုပ်အကိုင်ပြောင်းဖို့စဉ်းစားနေပါသလား? အခုလုပ်နေတဲ့
 အလုပ်ကိုမကြိုက်ဘူးလား? သင့်လုပ်နေတဲ့အလုပ်အကိုင်မှာ
 မပျော်မွေ့ဘူးဆိုရင်တော့ ထိုနေရာမှာသင်အောင်မြင်ဖို့ဆိုတာ
 မဖြစ်နိုင်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ အလုပ်အကိုင်ပြောင်း
 မယ်ဆိုရင် သင်စဉ်းစားသင့်တဲ့ အဓိကအချက်ငါးချက်ကို
 ဖော်ပြထားပါတယ်။
Dream (စိတ်ကူးပါ။စဉ်းစားပါ။)
သင့်ရဲ့စိတ်ဝင်စားမှုတွေကို ပြန်လည်စဉ်းစားဆုံးဖြတ်ပါ။ အသက်မွေး
 ဖတ်ပါ။အကယ်၍ပိုက်ဆံသာ လောကကြီးမှာ အရေးမကြီးဘူးဆိုရင်
 သင်ဘာလုပ်ဖြစ်မှာလဲစဉ်းစားပါ။ အကယ်၍သင်အလုပ်ကနေ
 တစ်နှစ်လောက်နားခွင့်ရမယ်ဆိုရင် ဘာလုပ်မလဲတွေးကြည့်ပါ။
 ကဗျာတွေရေးမှာလား၊ အားကစားပြိုင်ပွဲတွေမှာဝင်ပြိုင်မှာလား၊
 လုပ်ငန်းကြီးတစ်ခုထောင်မှာလား၊ ပုံနှိပ်လုပ်ငန်းလုပ်မှာလား၊
 ကုန်စုံဆိုင်လေးတစ်ဆိုင်ဖွင့်မှာလား၊ စာသင်မှာလား သင်လုပ်မဲ့
 အရာ တစ်ခုခုကိုတွေးကြည့်ပါ။
ကမ္ဘာ့လူကြိုက်အများဆုံး ပုဂ္ဂိုလ်များစာရင်း ဒေါ်စုပါဝင်
၂၀၁၅ ခုနှစ်အတွက် မြတ်နိုးစရာအကောင်းဆုံး (World’s Most Admired 2015) ပုဂ္ဂိုလ်တွေအဖြစ် ရုပ်ရှင်သရုပ်ဆောင် Angelina Jolie နဲ့ မိုက်ခရိုဆော့ဖ် ဘီလျံနာ သူဌေးကြီး Bill Gates တို့ကို မဲပေး ရွေးချယ်လိုက်ကြတယ်လို့ ဗြိတိန်က ဈေးကွက်သုတေသန YouGov က ကြေငြာလိုက်ပါတယ်။
နိုင်ငံပေါင်း ၂၃ နိုင်ငံက လူပေါင်း ၂သောင်းခွဲဆီက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ကမ္ဘာ့ပြည်သူတွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးသံ Jolie တို့၊ ကမ္ဘာတဝှမ်း ပညာရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်နေတဲ့ Gates တို့လို လူသားချင်း စာနာမှုဆိုင်ရာ လုပ်ဆောင်တဲ့ သူတွေကို ပိုမြတ်နိုးကြကြောင်းလည်း ပြောပါတယ်။