Tuesday, June 3, 2014
How to build self confidence
ဘဝအောင်မြင်ရေးနည်းလမ်းအသွယ်သွယ်ရှိသည့်အနက် မိမိကိုယ် ကို ယုံကြည်မှု သည် အတော်အရေးပါသည့် အချက်ဖြစ်ပါသည်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါက တစ်ရာရာခိုင်နှုံး အောင်မြင်ရန်သေချာပါသည်။ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ရာ တွင်အရေးပါသောအချက်များမှာ
၁။ သပ်ရပ်စွာဝတ်စားခြင်း
အဝတ်အစားသည်လူ့အရည်အချင်းကို မလွှမ်းမိုးနိုင်သောငြား အသွင်ပြင်ကို တော့ပြောင်းလဲနိုင်သည်မှာ မငြင်းသာ သောအချက်ဖြစ်သည်။ သေသပ်ကျနစွာ ဝတ်စားဆင်ယင်ထားသောအခါ ကိုယ့်ကိုကိုယ်ပိုမို ယုံကြည်စိတ်ဝင်လာမည်။
အဝယ်ထက်ဝက်လျော့ ပြီး နှစ်ဆ ပိုသုံးပါ။ ဆိုလိုတာက အပေါစားအဝတ် အထည်တွေအများကြီးဝယ်မယ့်အစား အဖိုးတန်နာမည်ကြီးအဝတ်အထည်များ ကိုဝယ်ယူဝတ်ဆင်ခြင်းဖြင့် မိမိကိုယ်ကို ပိုမိုယုံကြည်လာပါလိမ့်မယ်။
၂။ မြန်ဆန်သွက်လက်စွာလျှောက်ပါ
ခြေလှမ်းရာတွင်လေးကန်ဖင့်နွှဲခြင်းသည် ယုံကြည်မှုကင်းမဲ့သူတို့၏အလေ့အထ ဖြစ်သည်။ ယုံကြည်ချက်ခိုင်မာပြတ်သား သူ၏ခြေလှမ်းမှာ မနှေးမမြန် သွက်သွက် လက်လက်ရှိကာ ကြည့်ရုံဖြင့်သိသာ သောခြေလှမ်းများဖြစ်ပါသည်။ သင့်ခြေလှမ်းကိုသွက်လက်တက်ကြွ အောင်ပြုပြင်ပါ။
၃။ ကိုယ်ဟန်ကောင်းပါစေ
သွားလာ နေထိုင် စားသောက် ဟန်များ စနစ်ကျသပ်ရပ်ပါ။ ခါးကိုမတ်မတ်ဆန့် ရပ် ခေါင်းကိုခပ်မော့မော့နေ လမ်းလျှောက်လျင် ကိုယ်ဖြောင့်ဖြောင့် ထား။ စကားပြောလျင် မျက်လုံးခြင်း ဆိုင် ပြော စသော အလေ့ထကောင်းများ ပျိုးထောင်ပါ။
၎။ ယုံကြည်စိတ်မွေးမြူပါ
စိတ်ဓါတ်ခွန်အားတိုးတက်စေသော စာများ ဟောပြောပို့ချချက်များကို ဖတ်ရှု ကြားနာပါ။ မိမိဘာဖြစ်ချင်သည်။ ဘယ်အချိန်ဘယ်ကကာလတွင်ဘာဖြစ် ရမည် စသဖြင့်ဖြစ်ချင်သည်များကို စာရွက်တစ်ရွက်ပေါ်တွင်ချရေးပြီး နေ့စဉ်မနက်ခင်းတိုင်းမှန်ရှေ့တွင်ထိုအ ချက်များကိုအသံထွက်ရွတ်ဆုပါ။ အခြေနေမပေးပါက စိတ်ထဲမှပြင်းပြ သောစိတ်အဟုန်ဖြင့်ရွတ်ဆိုပါ။
၅။ အောင်မြင်ခဲ့သမျှပြန်သတိရပါ
အပျက်တွေမတွေးပါနဲ့။ အတိတ်မှာ သင်အောင်မြင်ခဲ့တာတွေ အောင်မြင်စေ ရန်သင်လေ့လာဆည်းပူးခဲ့တာတွေ စသဖြင့်စိတ်ဓါတ်ခွန်အားဖြစ်စေမည့်အချက်များကိုသာ အချိန်ရသမျှတွေး တွေးတောပါ။ ဖြစ်ပါ့မလားဆိုသောသံ သယအတွေးမျိုးအဝင်မခံပါနှင့်။
၆။ အတင်းမပြောနှင့်
သူတစ်ပါးမကောင်းသတင်း အတင်းပြောခြင်းသည် သင့်စိတ်ခွန်အား နည်းပါးကြောင်းပြသရာရောက်သည်။ အတင်းမပြောပါနှင့်။ လူတိုင်း၏ကောင်းသောအပိုင်း (Positive side) ကိုသာကြည့်ပါ။ မည်သူ့ကိုမှ အပြစ်မမြင်တော့သည့်အ ပြင်အတုယူစရာတစ်ပုံတစ်ပင်ကိုတွေ့ရပေလိမ့်မည်။
၇။ ရှေ့ဆုံးမှာထိုင်ပါ
ရုံးမှာ ကျောင်းမှာ စည်းဝေးပွဲမှာ ဟောပြောပွဲမှာ အများစုသည်နောက်ဆုံး မှာသာထိုင်လိုကြသည်။ မိမိကိုလူအများသတိမမူမိသောကြောင့် အနေထိုင်လွတ်လပ်သည်ထင်သော ကြောင့်နောက်ဆုံးတန်းမှာထိုင်လိုကြ ခြင်းဖြစ်သည်။ ထိုအကျင့်ကိုစွန့်လွှတ် ပြီးရှေ့ ဆုံးတန်းမှာထိုင်ပါ။
၈။ ဝင်ရောက်ဆွေးနွေးပါ
မိမိအမြင်သဘောထားများကို ချက်ကျ လက်ကျဝင်ရောက်ပြောဆိုဆွေးနွေးပါ။ သင်နှုတ်ခမ်းများသည်စားဖို့ သွားတိုက် ပလုပ်ကျင်းဖို့ အတွက်သက်သက်သာ အသုံးဝင်သည်မဟုတ်ကြောင်းသတိပြု ပါလေ။
၉။ ကိုယ်ကာယသန်မာစေရန်လေ့ကျင့်ပါ
ခန္ဓာကိုယ်အချိုးစားကျနခြင်းသည်လဲ ဆွဲဆောင်မှု တစ်မျိုးဖြစ်ပြီးမိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေပါသည်။ ထို့ကြောင့်ကာယလေ့ကျင့်ခန်းယူပါ။ အကြံပြုလိုသည်မှာယောဂ ကျင့်ကြည့်စေချင်သည်။ အွန်လိုင်းမှာ လေ့လာပါ။ အလျဉ်းသငိ့ပါက ကျွနုပ် ကိုယ်တိုင်လေ့ကျင့်သောယောဂနည်းလမ်းများမျှဝေပေးပါဦးမည်။
၁၀။ အများအတွက်လုပ်ပါ
စိတ်ထားကလေးပြောင်းလိုက်ရုံပါ။ စာသင်နေသူဆိုပါက ကိုယ်တိုင်ထင်ပေါ်ကျော်ကြားလိုမှုကို အာရုံမထားပဲ စာသင်သားများအကျိုး အတွက်ဦးတည်ချက်ပြောင်းလိုက်ပါ။ မန်နေဂျာဆိုပါကလဲ မိမိကုမ္ပဏီ တိုးတက်ရေး ဝန်ထမ်းများတိုးတက်ရေး စသည်ဖြင့်စိတ်ထားပြောင်းလိုက်ရုံဖြင့် အတ္တပါယ်လိုက်သောအခါလုပ်သမျှသည်လိပ်ပြာသန့် ပြီးယုံကြည်မှု ပိုမိုတိုးပွားလာမည်ဖြစ်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။
Labels:
ဖတ်စရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment