Tuesday, June 3, 2014

၂၀၁၅ ၌ စတော့အိတ်ချိန်းအတွက် စာရင်းတင်ရန် ပြင်ဆင်သည့် ကုမ္ပဏီနှစ်ခုသာရှိဟုဆို


ဂျပန်နှင့် မြန်မာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် ရန်ကုန် စတော့အိတ်ချိန်းအတွက် စာရင်းတင်ရန် ပြင်ဆင်သည့်ကုမ္ပဏီနှစ်ခုရှိ ရှိသေးကြောင်း စတော့ အိတ်ချိန်း အကောင်အထည်ဖော်ရေး အဖွဲ့ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါက်တာမောင်မောင်သိမ်း က ၂၄-၅-၂၀၀၄ ရက်တွင် ပြောကြားသည်။
ပြည်တွင်းရှိ အများပိုင်ကုမ္ပဏီများအနေဖြင့် မိမိရှယ်ယာများကို ရောင်းချလိုပါက စတော့ အိတ်ချိန်းတွင် စာရင်းတင်၍ ရောင်းချမည်ဖြစ်သောကြောင့် ကုမ္ပဏီများအနေဖြင့် ကြိုတင်ပြင်ဆင်ရန် လိုအပ်လာခြင်းဖြစ်ကြောင်း သိရသည်။ ဒေါက်တာမောင်မောင်သိမ်းက “ရှယ်ယာတွေ အရောင်း အ၀ယ်လုပ်တဲ့ ဈေးကွက်ကြီးတစ်ခုပေါ့နော်။ ခေတ်မီတဲ့နိုင်ငံတိုင်းမှာ ဒါရှိတယ်။ အများပိုင်ကုမ္ပဏီက ရှယ်ယာထုတ်ရောင်းချင်ရင် စတော့အိတ်ချိန်းမှာ စာရင်းသွင်းရတယ်။ ကုမ္ပဏီတိုင်းကိုတော့ စာရင်း တင်ခွင့်မပေးဘူး။ သူတို့မှာပေတံတွေရှိတယ်။ ဆိုလိုတာက ဒီကုမ္ပဏီသည် ခိုင်မာမှုရှိ၊ မရှိ၊ ကုမ္ပဏီ အုပ်ချုပ်တဲ့သူတွေက တော်၊ မတော်၊ အဲဒါတွေကို စီစစ်တဲ့ပေတံတွေရှိတယ်။ သတ်မှတ်ထားတဲ့ အချက်တွေနဲ့ကိုက်ညီတဲ့ ကုမ္ပဏီတွေကိုပဲ စာရင်းတင်ခွင့်ပေးတယ်။ စာရင်းတင်ခွင့်ရတဲ့ ကုမ္ပဏီတွေ ကသာလျှင် ရှယ်ယာထုတ်ရောင်းခွင့်ရှိတယ်။ စာရင်းတင်ခွင့်ရတဲ့ ကုမ္ပဏီတွေက ရောင်းတဲ့ရှယ်ယာ တွေကို ရောင်းမယ်ဆိုရင် အပြင်ကရောင်းတဲ့ ရှယ်ယာတွေထက်စာရင် ပိုပြီးစိတ်ချရတာပေါ့” ဟုဆို သည်။
လက်ရှိတွင် စတော့အိတ်ချိန်းအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် AGD ဘဏ်နှင့် MAPCO တို့က ဆောင်ရွက်လျက်ရှိပြီး ထက်မံ၍လည်း ကုမ္ပဏီသုံးခုခန့် စတော့အိတ်ချိန်းတွင် စာရင်းတင်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်ရန်ရှိကြောင်း သိရသည်။

KnowledgeOfManagement

No comments:

Post a Comment