Tuesday, June 3, 2014
စတော့ဈေးကွက်ဆိုသည်မှာ-
အရင်းအနှီးဈေးကွက် (Capital Market)ဟုလည်းခေါ်၊စတော့ဈေးကွက် (Stock Market) ဟုလည်းခေါ် ငွေချေးသက်သေခံလက်မှတ်များဈေးကွက် (Securities Market) ဟုလည်း ခေါ်သည့်စတော့ဈေးကွက် သည် အများပိုင်ကုမဏီ (Public Company) ဖြစ်လာသည့် ကုမဏီကြီးတစ်ခု၏ အစုရှယ်ယာများကိုစတင်ထုတ်ရောင်းသည့်အချိန်မှစတင်လာသည်။အများပိုင်ကုမဏီတစ်ခု၏အစု၇ှယ်ယာအသစ်များ(စတော့)ကိုစတင်ထုတ်ဝေရောင်းချပြီးဝယ်ယူသူများအနေဖြင့်ဝယ်ယူပြီးနောက်ပြန်လည်ရောင်းချသည့်အခါအမြတ်အစွန်းရရန် သေချာမှု၊မသေချာမှုမှာမရေမရာ၇ှိလှပါသည်။ပုံမှန်စတော့ရှယ်ယာဝယ်ယူရင်းနှီးမြှုပ်နှံသူများမှာ သေချာသည်ဟုထင်မှသာဝယ်ယူကြသည်။ပုဂလိကပိုင် ကုမဏီတစ်ခုသည် အများပိုင်ကုမဏီ (အများအားဖြင့် အစုရှယ်ယာဝင်ဦးရေ၅၀ကျော်)တစ်ခုသို့ကူးပြောင်းဖွဲ့စည်းပြီးအများပြည်သူအားအစုရှယ်ယာများ ရောင်းချသည့်အခါယင်းရှယ်ယာများ အောင်အောင်င်ြမင်ရောင်းချရန်လိုအပ်သည်။စက်ရုံတစ်ခုတိုးချဲ့တည်ဆောက်ခြင်း၊လုပ်ငန်းသစ်တစ်ခုချဲ့ထွင်ခြင်း၊စသည့်လုပ်ငန်းများတိုးချဲ့သည့်အခါများပြားသည့်ငွေပင်ငွေရင်းများလိုအပ်သောကြောင့်အများပိုင်အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း ဖြစ်သည်။မြန်မာနိုင်ငံတွင်အများပိုင်ကုမဏီအဖြစ်ဖွဲ့စည်းတည်ထောင်သည့်ကုမဏီမှဦးစီးခေါင်းဆောင်စီမံခန့်ခွဲမှုအဖွဲ့သည်အစုရှယ်ယာများကိုပြည်ပသို့ တိုက်ရိုက်ရောင်းချကြသည်။ လူတစ်ဦးချင်း ဆီသို့အဖွဲ့ အစည်းမှ တိုက်ရိုက်ရောင်းချခြင်းဖြစ်သည်။MFICompany၊ပထမပုဂလိကဘဏ်၊မြန်မာနိုင်ငံသားများဘဏ်၊သစ်တောထွက်ဖက်စပ်ကုမဏီတို့ဖြစ်သည်။နိုင်ငံတကာတွင် ပုဂလိက ကုမဏီတစ်ခုသည် နှစ် ပေါင်း အတော်ကြာပုဂလိကပိုင် companyအဖြစ်လုပ်ဆောင်ကာ အောင်မြင်ပြီးနောက်အများပိုင်ကုမဏီအဖြစ်သို့ကူးပြောင်းသည့်အခါ ရောင်းချမည့် ဒေါ်လာသန်းပေါင်းများစွာတန်သည့်ဒေါ်လာများကိုထုတ်ဝေရောင်းချကြသည်။ထိုမျှများပြားသည့်တန်ဖိုးရှိရှယ်ယာများကိုအချိန်တိုအတွင်း ရောင်းချပြီးစီးရန်လိုအပ်ပါသည်။ယေဘုယျအားဖြင့် ၄င်းရှယ်ယာများကို စတော့ဈေးကွက်တွင်စတော့ရှယ်ယာရောင်း ၀ယ်နေသူများ(Investors)အနေဖြင့်ဝယ်ယူခဲ့ပါက၀ယ်ယူပြီးနောက်တစ်ဆင့် ပြန်လည်ရောင်းချသည့်အ ခါ အဆင့်သင့် ၀ယ်ယူမည့်သူ ရှိမည်၊ မရှိမည် မသေချာသဖြင့် ၀ယ်ယူကြမည် မဟုတ်ပါ။ ထို့ကြောင့် ရှယ်ယာသစ် စတင်ထုတ်ဝေမည့်သူများကုမဏီများသည်ရှယ်ယာများကိုဝယ်ယူနိုင်မည့် ငွေကြေးအင်အား ကြီးမားသည့် ရင်းနှီးမြှုပ်နှုံမှုဘဏ်များ (Investment Bank) ကို ချဉ်းကပ်ရပါသည်။
Julyshwemoe
Labels:
သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment