ကောင်းမွန်သော စတော့ဈေးကွက်တစ်ခုထူထောင်ရေး
ဈေးကွက်စီးပွားရေးစနစ်တစ်ခုအတွင်းစတော့အိတ်ချိန်း၏အရေးပါပုံကို
မကြာခဏရေး သားခဲ့ပါသည်။ ကာလ ရှည် ငွေကြေးအရင်းအနှီး
အမြဲတစေလိုအပ်လျက်ရှိသည့် စီးပွားရေး စနစ်အတွင်းတွင် စတော့ဈေးကွက်သည်
စီးပွားရေး စနစ်၏ဗဟိုချက်မအဖြစ် ရပ်တည်လျက်ရှိ ကာ
ငွေကြေးပိုသူနှင့်လိုသူတို့အကြား ပေါင်းကူးသဖွယ်ဆောင်ရွက်ပေးနေ သည်မှာအထင် အရှားဖြစ်ပါသည်။ နိုင်ငံတစ်ခု၏ စီးပွားရေးစနစ်ကို ဝိုင်းရံနေသည့်
အဓိကကဏ္ဍကြီး (၃) ခုရှိပါ သည်။ ယင်းကဏ္ဍကြီးများမှာ (၁)
ရင်းနှီးမြှုပ်နှံသူများ (၂) ကုမ္ပဏီများနှင့် (၃) စတော့အိတ်ချိန်း
တို့ဖြစ်ပါသည်။ ဤ ကဏ္ဍကြီး သုံးရပ်ဟန်ချက်ညီညီလည်ပတ်နေပါက
နိုင်ငံ၏စီးပွားရေးကို အားကောင်းလာစေပြီး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိ
စေပါသည်။
ရင်းနှီးမြှုပ်နှံသူတို့သည် မိမိတို့၏ငွေကြေးများကို စတော့ရှယ်ယာများဝယ်ယူရင်းနှီးကြပါသည်။
ယင်းသို့ဝယ်ယူ ရင်းနှီးရာမှာ အကျိုးအမြတ်များ ၊ အမြတ်ဝေစုများရရှိပြီး
မိမိတို့၏ ဓနြွကယ်ဝမှု ကို ဖြစ်စေပါသည်။ ကုမ္ပဏီများသည် လည်းမိမိတို့၏
လုပ်ငန်းများကို ချဲ့ထွင်ရေးအတွက် လို အပ်သော ကာလရှည် ငွေကြေးအရင်းအနှီးကို
စတော့ရှယ်ယာ များထုတ်ရောင်းခြင်းဖြင့် ရရှိပါသည်။
ရရှိလာသောငွေကြေးအရင်းအနှီးဖြင့်
လုပ်ငန်းများကိုချဲ့ထွင်ကာ မိမိတို့ ၏ လုပ်ငန်းများ
တစ်စထက်တစ်စကြီးထွားလာအောင် ဆောင်ရွက်ကြပါသည်။ စတော့အိတ်ချိန်းသည် အထက်ပါ
ငွေလို အပ်နေသော ကုမ္ပဏီများနှင့်ရင်းနှီးမြှုပ်နှံလိုသောသူတို့အကြား တွင် ပေါင်း ကူးအဖြစ်ဆောင်ရွက်ပေးပါသည်။ ထိုသို့ ကောင်းစွာလည်ပတ်နေသည့်ကဏ္ဍသုံးခုမှ
နိုင်ငံတော်အနေနှင့် အခွန်အကောက်များ ပိုမိုရရှိလာခြင်း၊ အလုပ်အကိုင်
အခွင့်အလန်းများ ရရှိ ခြင်းစသည်တို့ဖြစ်ပေါ်စေကာ စီးပွားရေးစနစ်
တိုးတက်မြင့်မားမှုကို ဖြစ်ပေါ်စေပါသည်။
ပညာရှင်များက ကောင်းမွန်စွာလည်ပတ်နိုင်သည့် စတော့အိတ်ချိန်းတစ်ခုပေါ်ပေါက်နိုင်ရန် lead time ဟု ခေါ်သည့်ကြိုတင်ပြင်ဆင်ချိန်ကာလကို
လုံလောက်စွာ ရယူရန်လိုအပ်ကြောင်း၊ စတော့အိတ်ချိန်းတစ်ခု တစ်ခုကောင်း
မွန်စွာလည်ပတ်နိုင်စေရန် အနည်းဆုံး (၁ဝ)နှစ်ခန့် အချိန်ယူရကြောင်း
ဆိုခဲ့ပါသည်။ ယင်းကာလအတွင်းတွင် ကုမ္ပဏီ များ၊ ရင်းနှီးမြှုပ်နှံသူ
များနှင့် ကြားခံအဖွဲ့အစည်းများရှင်သန်ကြီးထွားစေရေးအတွက် နိုင်ငံတော်မှ အားပေးဆောင် ရွက်ခြင်း၊ ပြုစုပျိုးထောင်ခြင်းများဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့အပြင်ခိုင်မာတောင့်တင်းသည့် ဥပဒေနှင့်စည်း မျဉ်းများကို ရေးဆွဲပြဌာန်းရန်လိုအပ်မည်ဖြစ်ကာ နောက်တစ်ဆင့်တွင် သင့်လျော် သည့် နည်းပညာများကို တပ်ဆင်ရန် လိုအပ်မည်ဖြစ်ကြောင်းဆိုခဲ့ပါသည်။
ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ကြားခံအဖွဲ့အစည်းများ
ရှင်သန်ကြီးထွားစေရေးသည် စီးပွားရေးစနစ်တစ်ခု အားကောင်းစေရေးအတွက်
အရေးပါသောတွန်းအားတစ်ရပ်ဖြစ်ပါသည်။
ကုမ္ပဏီများ ရင်းနှီးငွေလွယ်လင့်တကူရရှိစေ ရေး၊ စတော့အိတ်ချိန်းတွင်
စာရင်းဝင်ကုမ္ပဏီ များအဖြစ်ပါဝင်စေရေး နှင့် ထိရောက်သည့်
စာရင်းဝင်နည်းစနစ်များဖြစ် ပေါ်စေရေးအတွက် နိုင်ငံတော်အစိုးရတွင်ဆောင်ရွက်ပေးရန်တာဝန်ရှိပါသည်။ ရင်းနှီးမြှုပ်နှံသူများအတွက်လည်း
ဝယ်ယူ ထားသော စတော့ရှယ်ယာလက်မှတ်များကို ငွေဖြစ်လွယ်စေနိုင်သည့်
စနစ်တစ်ခုဖန် တီးပေးရေး၊ ကောင်းမွန်သော ကော်ပိုရိတ်စီမံခန့်ခွဲမှုစနစ်
(corporate governance) တစ် ခုဖြစ်ပေါ်လာစေရေး၊ ကောင်းမွန်သည့်
စည်းမျဉ်းထိန်း ကျောင်းမှုစနစ် (enforcement) များဖြစ်ပေါ်စေရေးနှင့်
ရင်းနှီးမြှုပ်နှံသူများအတွက်ပညာပေးစနစ်များ
ကိုဆောင် ရွက် ပေးရန် လိုအပ်ပါသည်။ ကြားခံအဖွဲ့အစည်းများအတွက်လည်း
လိုအပ်သော ဈေးကွက်ရောင်းကုန်သစ်များ တီထွင် ဖန်တီးပေးရန်၊
စတော့ဈေးကွက်ကြားခံအဖွဲ့အစည်းများအချင်းချင်းကွင်းဆက် နက်ဝပ်များ ချိတ်ဆက်ပေးရန် ၊ လိုက် လျောညီထွေ ရှိသည့်စည်းမျဉ်းစည်းကမ်းများကို ပြဌာန်းပေး ရန် နှင့် ဈေးကွက်တွင် ပါဝင်သူများအားလုံးအတွက် ဆွဲ ဆောင်မှုမက်လုံးများပေး ရန်လိုအပ် မည်ဖြစ်ပါသည်။
ခိုင်မာသည့်စည်းမျဉ်းနှင့် ဥပဒေရေးရာများပြဌာန်းရေးကိုဆောင်ရွက်ရာတွင်
ခိုင်မာ၍ လက်တွေ့ကျသော စည်း မျဉ်းများကို ပြဌာန်းနိုင်ရန်အရေးကြီးပါသည်။
စတော့ဈေးကွက်အား ထိန်းကျောင်းသည့် ဥပဒေနှစ်ခုရှိပြီး ယင်းတို့ မှာ
ကုမ္ပဏီဥပဒေနှင့် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေတို့ဖြစ်ပါသည်။ ယင်းဥပဒေနှစ်ရပ် လိုက်လျောညီထွေ ရှိရန် အရေးကြီးပါသည်။
ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေး
ဥပဒေတွင် အပိုင်းနှစ်ပိုင်းခွဲခြား ထားပါသည်။ ပထမ တစ် ပိုင်းတွင်
လိုင်စင်များထုတ်ပေးခြင်း နှင့် ဒုတိယပိုင်းတွင် စည်းမျဉ်း
ထိန်းကျောင်းခြင်းဖြစ်ပါသည်။ အဆိုပါလိုင်စင် ထုတ် ပေးရေးနှင့် စည်းမျဉ်း
ထိန်းကျောင်းရေး လုပ်ငန်းများကို ဥပဒေအရအာဏာပေးအပ်ထားသည့် ငွေချေးသက်သေခံ
လက်မှတ်ကော်မရှင် (Securities Exchange Commission, SEC)မှ
တာဝန်ယူမည်ဖြစ်ပါသည်။ လိုင်စင် ထုတ်ပေးရေး အပိုင်းတွင် စတော့ဈေးကွက်တွင်
အဓိကပါဝင်လှုပ်ရှားမည့် စတော့အိတ်ချိန်းအား လုပ်ငန်းလုပ်ပိုင် ခွင့်
လိုင်စင်ထုတ်ပေးခြင်းဖြစ်ပြီး ဆက်လက်၍ ကြားခံအဖွဲ့ intermediaries
များဖြစ်သည့် broker, dealer, underwriter , investment adviser များ
လုပ်ငန်းလိုင်စင်လျှောက်ထားလာပါက ခွင့်ပြုချက်လိုင်စင် ချပေးခြင်း ဖြစ် သည်။ ဆက်လက်၍စည်းမျဉ်းထိန်းကျောင်းခြင်းအပိုင်းဖြစ်ပါသည်။ စည်းမျဉ်းထိန်းကျောင်းခြင်းအပိုင်းတွင် လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရယူထားသည့် ကြားခံ အဖွဲ့များကို စည်းမျဉ်းထိန်းကျောင်းခြင်းဖြစ်ပြီး ဒုတိယအပိုင်းတွင် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီကြီးများကို စည်းကမ်းထိန်းကျောင်းခြင်းဖြစ် ပါသည်။
စတော့အိတ်ချိန်းသည်လည်း မိမိကိုယ်တိုင်းစည်းမျဉ်းထိန်းကျောင်းသည့်အဖွဲ့တစ်ခု (self-regulatory organization)အဖြစ်ဆောင်ရွက်သလို မိမိစတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် အများပိုင်ကုမ္ပဏီများ ၊ စတော့ အိတ်ချိန်းတွင်အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ကြားခံ အဖွဲ့အစည်း များကိုလည်း စည်းမျဉ်းထိန်းကျောင်းရမည့်တာဝန်ရှိလာ
ပါသည်။ စတော့အိတ်ချိန်းသည် မိမိထံ တွင် ရောင်းဝယ်ကြသည့် စတော့များအတွက်
မျှတသော၊ ထိရောက်သော ရောင်းဝယ်မှုများ ကို ဆောင်ရွက်ပေးသကဲ့သို
အရောင်းအဝယ်ဖြစ်မြောက်ပြီးသော ရှယ်ယာများ၊ ငွေပေးချေးမှုများ အတွက်
စာရင်းရှင်းလင်းခြင်း (clearance and settlement )
လုပ်ငန်းများကိုဆောင်ရွက်ပေး ရန်တာဝန်ယူဆောင် ရွက်ရသလို
စတော့ရှယ်ယာလက်မှတ်များကို လက်ခံထိန်းသိမ်းစောင့်ရှောက် သည့် (depository)
လုပ်ငန်း များကို လည်းဆောင်ရွက်ပေးရန်တာဝန်ရှိပါသည်။
အခိျု့နိုင်ငံရှိ စတော့အိတ်ချိန်းများသည် စာရင်းရှင်းလင်းခြင်းနှင့်
ရှယ်ယာ များ ထိန်းသိမ်းခြင်းကို မိမိတို့ ကိုယ်တိုင်
လက်အောက်ခံလုပ်ငန်းခွဲများအဖြစ်
ဆောင်ရွက်ကြသည်ရှိသလို အခိျု့နိုင်ငံ ၏ စတော့အိတ်ချိန်းများသည်လည်း
အဆိုပါဌာနများကို သီးခြားအဖွဲ့အစည်းများအဖြစ် တည်ထောင်ဆောင် ရွက်ြ
သည်လည်းရှိပါသည်။ သို့ရာတွင် ပေါ်ထွန်းစ စတော့အိတ်ချိန်းများ တွင်
ခွဲထုတ်ခြင်းပြုသေးဘဲ လုပ်ငန်းများ အခြေ တည်တံ့၍အောင်မြင်သည့်အချိန်တစ်ခုရောက်မှသာ ခွဲထုတ်ကြသည့်သာဓကများရှိပါသည်။
နောက်ဆုံးလုပ်ဆောင်ရန်လုပ်ငန်းမှာ
ရင်းနှီးမြှုပ်နှံသူများ ၊ ကြားခံအဖွဲ့အစည်းများ နှင့်
စတော့အိတ်ချိန်းတို့ အတွက် နည်းပညာပလက်ဖေါင်းတစ်ခုကို
တည်ထောင်ရန်ဖြစ်ပါသည်။ နည်းပညာပလက်ဖောင်းထူထောင်ရာတွင် အစိတ်အပိုင်း(၄)ပိုင်းခွဲ၍ဆောင်ရွက်ရန်ဖြစ်ပါသည်။
ယင်းအစိတ်အပိုင်းလေးပိုင်းမှာ (က) ဈေးကွက်မှထုတ်ပြန်မည့်
ကိန်းဂဏန်းအချက်အလက်များကို နည်းပညာအသုံးပြု၍ထုတ်ပြန်ခြင်း (ခ)
စတော့ရှယ်ယာရောင်းဝယ်ရေး လုပ်ငန်း များကို နည်းပညာအသုံးပြုဆောင်ရွက်ခြင်း
(ဂ) ငွေကြေးနှင့် စတော့လက်မှတ်များကို နည်းပညာ အသုံးပြု၍ စာရင်း
ရှင်းလင်းခြင်း နှင့် (ဃ) စတော့ရှယ်ယာအစရှိသည့် ငွေချေးသက်သေခံ
လက်မှတ်များကို လက်ခံထိန်းသိမ်းရာတွင် နည်းပညာများအသုံးပြု ၍
ထိန်းသိမ်းသွားခြင်းစသည်တို့ဖြစ်ပါသည်။
စတော့အိတ်ချိန်းတစ်ခုပေါ်ပေါက်ရေးသည်
အပြောလွယ်သလောက်အလုပ်ခက်ပါသည်။ စတော့ အိတ်ချိန်း ဆိုသည်မှာ
ဈေးကွက်နေရာတစ်ခုသာဖြစ်ပါသည်။ ဈေးကွက်တွင် တင်ရောင်းမည့် ကုန်စည်များမှာ
အများနှင့် သက်ဆိုင် သည့်ကုမ္ပဏီများ ၊ ကော်ပိုရေးရှင်းများမှ ထုတ်ဝေသည့်
စတော့၊ ရှယ်ယာ၊ ငွေချေးစာချုပ် များဖြစ်ပါသည်။ စတော့ ဈေးကွက် တွင်
ရောင်းကုန်မရှိပါက အောင်မြင်သည့် ဈေးကွက်ဟု ဆိုနိုင်မည်မဟုတ်ပါ။ သို့ဖြစ်၍
အရည်အချင်းပြည့်မီ သည့် မြန်မာကုမ္ပဏီများပေါ်ပေါက်ရေး၊ ပွင့်လင်းမြင်သာပြီး
ခိုင်မာသည့် ကုမ္ပဏီများပေါ်ပေါက်ရေး၊ အများပြည်သူ ပါဝင်နိုင်သည့်
ကုမ္ပဏီများပေါ်ပေါက်ရေး သည်လွန်စွာအရေးကြီးလှပါသည်။
ခိုင်မာ၍
အောင်မြင်သော မြန်မာကုမ္ပဏီများဖြစ်ပေါ်လာရေး၊ နိုင်ငံတကာဈေးကွက်များနှင့်
ယှဉ်ပြိုင်နိုင်ရေး အတွက် McKinsay စီးပွားရေးသုတေသနအစီရင်ခံစာ က
အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့ပါသည်။ “မြန်မာကုမ္ပဏီ များ
ယှဉ်ပြိုင်မှုစွမ်းရည် မြင့်မားလာစေရေးအတွက် တစ်ခုတည်းသောနည်းလမ်းမှာ
အောင်မြင်မှုရရှိပြီးသော နိုင်ငံခြား ကုမ္ပဏီများနှင့်
လက်တွဲပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ယင်းသို့ပူးပေါင်းဆောင်ရွက်ခြင်းမှ
လိုအပ်သော အရင်းအနှီးများကို ရရှိစေရုံမျှမက လုပ်ငန်းစီမံအုပ်ချုပ်မှုများ၊
လုပ်ငန်းလည်ပတ်မှုနှင့် ဖွဲ့စည်းမှုများ အတွက် အကောင်း ဆုံးအလေ့အကျင့်
များကိုရရှိစေခြင်း၊ နည်းပညာနှင့်နိုင်ငံတကာ ကွန်ယက်များ ကို
ရရှိစေကြောင်းဆိုခဲ့ပါသည်။ ဤနည်း လမ်းဖြင့် မြန်မာကုမ္ပဏီများ
၏စွမ်းဆောင်ရည်ကို အမြန်ဆုံးမြှင့်တင်နိုင်မှာဖြစ်ကြောင်းဆိုခဲ့ပါသည်။
ဆက်လက်၍ မြန်မာကုမ္ပဏီ တို့အနေနှင့် အလားအလားကောင်းမွန်သည့်
လုပ်ဖေါ်ကိုင်ဖက်ကို ရွေးချယ် တတ်ရန် အရေးကြာင်း၊ ငွေကြေး ထည့်
ဝင်ကာပူးပေါင်း ပါဝင်နိုင်သူဖြစ်ရမည့်အပြင် ကြီးမားသည့်အကျိုး
အမြတ်ရရှိနိုင်သည့် ကုမ္ပဏီ ဖြစ်ရန် အရေးကြီးကြောင်း” ဆိုခဲ့ပါသည်။
ZTK
No comments:
Post a Comment