Monday, June 23, 2014

စိတ်ကူးပေါက်ကွဲပါစေ


လူဦးရေပေါက်ကွဲနေကြတဲ့ တရုတ်လို၊ အိန္ဒိယလို နိုင်ငံတွေက လူဦးရေပေါက်ကွဲမှု (Population Explosion)ကတစ်ဆင့်စိတ်ကူးပေါက်ကွဲမှု (Idea Explosion)ကိုကူးပြောင်းနိုင်ဖို့ ကြိုးစားနေကြတယ်။ စိတ်ကူးပေါက်ကွဲမှုဟာ လူတစ်ဦးချင်းအတွက်ပဲဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံအတွက်ပဲဖြစ်ဖြစ်၊ကမ္ဘာကြီးအတွက်ဖြစ်ဖြစ် အလွန်ကောင်းပါတယ်။ စိတ်ကူးဟောင်းတွေထဲမှာ နစ်မြုပ်နေရာက စိတ်ကူးတွေပေါက်ကွဲလာတဲ့အခါ အရင်ကမတွေ့ဖူး၊ မကြုံဖူးတဲ့ကိစ္စတွေ ပေါ်လာလိမ့်မယ်။ ဒီကတစ်ဆင့်ကမ္ဘာကြီးရဲ့ တိုးတက်မှုကို ရှေ့တစ်ဆင့်တွန်းအားပေးနိုင်တာ အမှန်ပါ။

ရုပ်ဝတ္ထုပစ္စည်းတွေကို တီထွင်ခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေဟာ စိတ်ကူးသစ်အမျိုးမျိုး ပေါ်ပေါက်လာရာကတစ်ဆင့် လက်တွေ့ကျကျ ဆန်းသစ်အကောင်အထည်ဖော်ကြရင်း လူ့လောကကြီးကို တိုးတက်အောင် ဆောင်ရွက်ကြတာဖြစ်ပါတယ်။ကျောက်ဂူထဲမှာ နေထိုင်ခဲ့တဲ့ ကျောက်ခေတ်လူသားဘ၀ကနေ အနုမြူသိပ္ပံခေတ်က စူပါမင်းတွေဖြစ်လာတဲ့အထိ လူတွေဟာ စိတ်ကူးပေါက်ကွဲခဲ့ကြပါတယ်။ အဆင့်ဆင့်ပဲ တိုးတက်မှုရရှိစေခဲ့တယ်။ ဒီနေ့အထိလည်း ဒီပေါက်ကွဲမှုဟာ ရပ်တန့်မသွားသေးဘူး။

ပေါက်ကွဲမှုတိုင်းကိုတော့ အားလုံးအကောင်းချည်းပဲလို့ ပြောလို့ရမယ်မထင်ဘူး။ကောင်းတဲ့စိတ်ကူးပေါက်ကွဲမှုနဲ့ မကောင်းတဲ့စိတ်ကူးပေါက်ကွဲမှုဆိုပြီး ရှိလိမ့်မယ်။လူတွေအတွက် လူ့လောကကြီးအတွက်အကျိုးရှိစေမယ့် စိတ်ကူးမျိုးဟာ အမှန်တကယ်ပဲ လိုအပ်မှာဖြစ်ပြီး လူ့လောကကြီးတစ်ခုလုံး ဆုတ်ယုတ်ပျက်စီးသွားစေမယ်စိတ်ကူးမျိုးကတော့ အင်မတန်အန္တရာယ်ရှိမှာ အမှန်ပဲ။

ကုန်ထုတ်စွမ်းအားတိုးတက်ဖို့အတွက် နွားနဲ့လယ်ထွန်ရာက လယ်ထွန်စက်နဲ့ လယ်ထွန်လာနိုင်အောင် ကြိုးစားတာမျိုးက ကောင်းတယ်။ နွားလှည်း၊ မြင်းလှည်းတွေနဲ့ ခရီးဆက်နေရာက မော်တော်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ လိုရာခရီးတွေကို သွားရတာကောင်းတယ်။ လှေနဲ့သွားနေရာက သင်္ဘောနဲ့သွားရပြီဆိုရင်ကောင်းတာပေါ့။ ဒီလိုပဲ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ တိုးတက် လာစေဖို့ တီထွင်ကြံဆကြတာကို အားလုံးလက်ခံကြရမှာပဲ မဟုတ်လား။ အဲဒီလိုကိစ္စတွေဆောင်ရွက်နိုင်ဖို့ ပထမဆုံး စိတ်ကူးကောင်းတွေ ရှိဖို့လိုလိမ့်မယ်။ အဲဒီစိတ်ကူးတွေပေါက်ကွဲအောင် နှိုးဆွနိုင်ဖို့ လိုလိမ့်မယ်။ စိတ်ကူးပေါက်ကွဲမှုများတစ်ဆင့် တိုးတက်ကောင်းမွန်တဲ့ လူ့လောကကြီးကို တည်ဆောက်နိုင်လိမ့်မယ်။ လိုအပ်ချက်တွေပြည့်စုံသွားစေလိမ့်မယ်။

ဒါပေမဲ့ အဲဒီစိတ်ကူးဆိုတာကလည်းအတ္တနဲ့ ယှဉ်တဲ့ စိတ်ကူးမျိုးမဖြစ်ဖို့တော့လိုလိမ့်မယ်။ တစ်ဦးချင်းတစ်ယောက်ချင်းချမ်းသာကြယ်ဝဖို့အတွက် ဆောင်ရွက်မယ့်စိတ်ကူးမျိုးဟာ အမှန်ထက် အမှားဘက်ကိုဦးတည်သွားတတ်တယ်။ အများအတွက်ကောင်းဖို့ထက် တစ်ဦးချင်းကောင်းဖို့ဘက်ကို ဦးတည်သွားတတ်တယ်။ ဒါကြောင့်လည်း လောဘဇောကို ဇတ်မသတ်နိုင်တဲ့ပုဂ္ဂိုလ်များဟာ လူသားကမ္ဘာကြီးကိုချောက်ထဲကျသွားအောင် လုပ်တတ်ကြတယ်။

သာမန်ကျည်ဆံတစ်ထောင့် ဗုံးတစ်လုံးလောက်က ကိစ္စမရှိသေးပေမဲ့ လူတွေအများကြီး ဒုက္ခရောက်စေမယ့်ဗုံးတွေ၊ဖျက်အားပြင်းလက်နက်တွေအထိ တီထွင်နိုင်ဖို့အတွက် စိတ်ကူးပေါက်ကွဲကြတာမျိုးကတော့ ကောင်းမယ်မထင်ဘူး။ ငွေနောက်၊ လောဘနောက်ကို လိုက်ကြရင်းက နောက်ဆုံးမှာ လက်နက်ကုန်သည်ကြီးတွေ ဖြစ်သွားတတ်တယ်။ အမှားအယွင်းတစ်ခုကို ကျူးလွန်လိုက်မိတာနဲ့ လူတွေအမြောက်အမြား သေကြကြေကြရတော့မယ်။ အိုးအိမ်တိုက်တာတွေ မြေပြင်ပေါ်က ပျောက်ကွယ်သွားလိမ့်မယ်။

စိတ်ကူးပေါက်ကွဲတယ်ဆိုရာမှာ စိတ်ကူးဆိုတာက စိတ်ကူးဉာဏ်ဆိုတာက အစချီတာဖြစ်ပါတယ်။ စိတ်ကူးဉာဏ်က တွေးတောကြံစည်တတ်တဲ့ စွမ်းရည်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါဟာ မဖြစ်နိုင်တာတွေ၊ဖြစ်နိုင်ခဲတာတွေကို တွေးနေတဲ့ စိတ်ကူးယဉ်တာမျိုးတော့ မဟုတ်ပါဘူး။ စိတ်ကူးဉာဏ်အသီးသီးဟာ ကြိုးစားအားထုတ်မှုအရ ရှိတတ်ပါတယ်။

ဥပမာ-လူတစ်ယောက်က ငါးတစ်ကောင်လို ကူးခတ်သွားလာချင်တယ်ဆိုပါတော့။ ပထမဆုံးသူဟာ ငါးတစ်ကောင်ဘ၀ကို ရောက်အောင် ကြံစည်အားထုတ်ရတော့မယ်။ တွေးတောရတော့မယ်။ သိပ်ပြီးပြင်းပြလာတဲ့အခါ စိတ်ကူးပေါက်ကွဲမှုပေါ်လာပြီး တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားအားထုတ်တော့မယ်။ ဒီတော့ သင်္ဘောတွေပေါ်လာတယ်။ ရေငုပ်သင်္ဘောတွေပေါ်လာတယ်။ ရေငုပ်ကိရိယာတွေ ပေါ်လာတယ်မဟုတ်လား။
ဒီနေရာမှာ ပေါက်ကွဲတယ်ဆိုတာကပွင့်အာစင်ထွက်တဲ့သဘော။ ထိန်းသိမ်းမရအောင် ပေါ်ပေါက်လာတဲ့သဘော အဓိပ္ပာယ်ဆောင်ပါတယ်။ ဒီတော့ ကိုယ်ဖြစ်စေချင်တဲ့ ကိစ္စတွေဖြစ်လာဖို့အတွက် အပြင်းအထန်ဖြစ်ပေါ်လာတဲ့ စိတ်ကူးစိတ်သန်းတွေကို စိတ်ကူးပေါက်ကွဲတယ်လို့ ယူဆရင်ရပါလိမ့်မယ်။ ကာယကံရှင်များရဲ့ဆန္ဒဟာ တော်တည့်မှန်ကန်ရင် ပေါ်ပေါက်လာတဲ့ စိတ်ကူးပေါက်ကွဲမှုဟာကမ္ဘာကြီးကောင်းကျိုး၊ လူ့လောကကောင်းကျိုးကို သယ်ပိုးရွက်ဆောင်နိုင်မှာဖြစ်ပြီးကာယကံရှင်ရဲ့ မမှန်ကန်တဲ့ စိတ်ကူးတွေကတစ်ဆင့် ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှုကတော့ မကောင်းတဲ့အချင်းအရာတွေ အနိဋ္ဌာရုံတွေကို ဖြစ်ပေါ်စေလိမ့်မယ်။

လူတစ်ယောက်မှာ ကြီးမားတဲ့ အတ္တကနေ အစပြုလိုက်တဲ့ စိတ်ကူးပေါက်ကွဲမှုမျိုးဟာ တစ်ဦးချင်းကြယ်ဝချမ်းသာဖို့ကို ဦးတည်တတ်တာမို့ ကမ္ဘာကြီးကောင်းဖို့ထက်ဆိုးဖို့ကိုသာ ဦးတည်လိမ့်မယ်။ သူဟာ“ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့ လူမျိုး၊ အောက်တန်းကျတဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားတဲ့ လူမျိုးဖြစ်တာကြောင့်သူစိတ်ကူးစိတ်သန်းတွေရဲ့ နိဂုံးဟာ သူကြယ်ဝချမ်းသာဖို့သာ အဓိကဖြစ်လိမ့်မယ်။သူကြယ်ဝချမ်းသာပြီး အများစုဒုက္ခရောက်သွားစေဦးတော့ ဂရုစိုက်မှာမဟုတ်ဘူး။
အတ္တဟိတဆိုတဲ့ ကိုယ်ကျိုးကို ပထမဆုံး စဉ်းစားတတ်တဲ့ လူတွေရဲ့ စိတ်ကူးပေါက်ကွဲမှုဟာ ကောင်းတဲ့ကိစ္စမဟုတ်ဘူး။အင်မတန် အန္တရာယ်များလိမ့်မယ်။ နေရာတိုင်းမှာ မိမိအကျိုးကို ရှေ့မှာထားပြီး တီထွင်ဖန်တီးဆောင်ရွက်တာမျိုးဟာ စစ်ပွဲကိုလက်ယပ်ခေါ်နေရုံသာမက အဆင်မသင့်ရင် ကမ္ဘာကြီးကို ဆိုးဆိုးဝါးဝါး ဖျက်ဆီးပစ်လိမ့်မယ်။

ပြောရမယ်ဆိုရင် လူတွေရဲ့စိတ်ကူးပေါက်ကွဲမှုတွေကတစ်ဆင့် ကမ္ဘာကြီးဟာရှေ့ကို ရွေ့နေတာကို ချွင်းချက်မရှိလက်ခံရလိမ့်မယ်။ ကျောက်ခေတ်လူသားဘ၀ကနေ အနုမြူသိပ္ပံခေတ် လူသားဘ၀ကိုရောက်အောင် အဲဒီစိတ်ကူးပေါက်ကွဲမှုတွေက သယ်ဆောင်ပေးခဲ့တာကို နားလည်နိုင်ပါတယ်။ ဒါဟာ ကောင်းတဲ့ကိစ္စလို့ ယေဘုယျလက်ခံလို့ ရပေမဲ့ မကောင်းတဲ့ ကိစ္စမကောင်းတဲ့ အချင်းအရာတွေကလည်း ဓမ္မတာပဲရှိနေတတ်တယ်။ ဒါကိုတားဆီးပိတ်ပင်လို့လည်းရမယ်မထင်ဘူး။ လူဆိုတာကလည်း စိတ်ကူးအမျိုးမျိုးမဟုတ်လား။ လူအမျိုးမျိုး၊ နတ်အမျိုးမျိုး၊ဘုရားရှိခိုးအမျိုးမျိုးတောင် ရှိတတ်တာပဲ။
မမှန်ကန်တဲ့ လူတွေရဲ့ စိတ်ကူးပေါက်ကွဲမှုတွေဟာ ကြိုဆိုစရာ မကောင်းဘူး။မှန်ကန်တရားတဲ့လူတွေရဲ့ စိတ်ကူးပေါက်ကွဲမှုတွေကိုသာ လိုလားကြိုဆိုကြရမှာဖြစ်ပါတယ်။ Idea Explosion တွေကို ခွဲခြားနားလည်နိုင်ကြပါစေ။
(ထက်ကျော်)

စင်ကာပူ (သို့မဟုတ်) အောင်မြင်နေသောကုန်လှောင်ရုံ


ဖွံ့ဖြိုးတိုးတက်နေတဲ့ စင်ကာပူနိုင်ငံအကြောင်းလေ့လာကြည့်တော့ ဟိုးရှေးရှေးကာလတုန်းက ငါးဖမ်းတဲ့တံငါသည်တွေနေထိုင်တဲ့ရွာလေးတစ်ရွာပဲဖြစ်ခဲ့တယ်လို့သိရတယ်။ အခုတော့ အဲဒီတံငါရွာလေးဟာ ကမ္ဘာပေါ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေပါပြီ။

စင်ကာပူနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေတဲ့အချက်အလက်များစွာ ရှိနိုင်ပါတယ်။ဥပမာအားဖြင့်ဆိုရရင် စည်းကမ်းလိုက်နာမှုအားကောင်းခြင်း၊ စီမံခန့်ခွဲမှုကောင်းမွန်ခြင်း၊ ခေတ်မှီနည်းပညာများအသုံးချခြင်း၊လူ့စွမ်းအားအရင်းအမြစ်ကို အကျိုးရှိစွာအသုံးချနိုင်ခြင်း၊ နိုင်ငံ၏အကျယ်အ၀န်းပမာဏသေးငယ်ခြင်းတို့ပဲဖြစ်ပါတယ်။

သေသေချာချာစဉ်းစားတွေးတောကြည့်ရင် စင်ကာပူနိုင်ငံမှာ သဘာဝသယံဇာတအရင်းအမြစ်တွေမရှိပါဘူး။ ရေကိုတောင်ဝယ်ယူသုံးစွဲရတဲ့အခြေအနေရှိပါတယ်။ အဲဒီလို အခြေအနေမျိုးထဲက စင်ကာပူနိုင်ငံကို ကြယ်ဝချမ်းသာစေတဲ့ လုပ်ငန်းတစ်ခုက ကုန်လှောင်ရုံလုပ်ငန်းပဲဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်က Export Service International (ESI) လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာပို့ကုန်လုပ်ငန်းများရဲ့ ညီလာခံကိုစင်ကာပူမှာ ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံကို ဥရောပကော်မရှင်က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတယ်။ ညီလာခံမှာ စင်ကာပူနိုင်ငံရဲ့ကုန်သွယ်ရေးနဲ့စက်မှုဝန်ကြီးဖြစ်တဲ့ LEE HSIEN LOONG က မိန့်ခွန်းပြောကြားခဲ့တယ်။သူ့ရဲ့မိန့်ခွန်းထဲမှာ စင်ကာပူနိုင်ငံရဲ့ အောင်မြင်တဲ့ကုန်လှောင်ရုံလုပ်ငန်း အကြောင်းထည့်သွင်းပြောကြားသွားခဲ့တယ်။ အဲဒီမိန့်ခွန်းကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

အာရှ-ပစိဖိတ်ဒေသဟာ ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ စက်မှုလုပ်ငန်းအသစ်တွေနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေ ပေါ်ထွန်းလာခဲ့တယ်။ စီးပွားရေးဖွံ့ဖြိုးမှုနဲ့အတူ ကုန်သွယ်မှုတွေလည်း ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ အာရှပစိဖိတ်ရဲ့ ရေကြောင်းကုန်သွယ်မှုမှာ စင်ကာပူနိုင်ငံပါဝင်ပတ်သက်လာခဲ့ရပါတယ်။ အဲဒီလို ပါဝင်ပတ်သက်ခဲ့ရတာကလည်း အခုအချိန်မှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ရာစုနှစ်နှစ်ခု ကတည်းကပါ။ ကုန်သွယ်စီးမျောမှုနဲ့အတူ စင်ကာပူနိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်မှုရဲ့အဓိကနေရာတစ်ခုဖြစ်ခဲ့တယ်။ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကလည်း စင်ကာပူနိုင်ငံရဲ့အခြေခံစီးပွားရေးအုတ်မြစ်လာခဲ့တယ်။

စင်ကာပူနိုင်ငံချမ်းသာအောင်မြင်ခဲ့တာဟာ ကုန်လှောင်ရုံတစ်ခုလိုပဲဖြစ်တယ်။ စီးပွားရေး ပတ်ဝန်းကျင်အခြေအနေတွေကလည်း စင်ကာပူနိုင်ငံကို ကုန်လှောင်ရုံလိုပဲဖြစ်ပေါ်စေခဲ့တယ်။ အစိုးရရဲ့လွတ်လပ်စွာကုန်သွယ်မှုတံခါးဖွင့်မူဝါဒ၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးနဲ့ ကုန်သွယ်မှုကို အထောက်အပံ့ဖြစ်စေတဲ့ အခြေခံအဆောက်အအုံတွေက ကုမ္ပဏီတွေကို စီးပွားရေးနဲ့ ပတ်သက်ပြီး အကျိုးရှိစေတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ လွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်မှုပြုနိုင်တယ်။

စင်ကာပူနိုင်ငံဟာ ဘယ်အမျိုးအမည်ပစ္စည်းကိုမှ အဓိကထုတ်လုပ်သူမဟုတ်သလို အဓိကစားသုံးသူလည်းမဟုတ်ပါဘူး။အဲဒီအချက်ရဲ့အကျိုးသက်ရောက်မှုက စင်ကာပူနိုင်ငံဟာကုန်သွယ်မှုရဲ့ ကြားနေအခြေခံစခန်းဖြစ်နေတာပါပဲ။ ဒါကြောင့် စင်ကာပူဟာ ကမ္ဘာလုံးဆိုင်ရာကုန်လှောင်ရုံဖြစ်လာခဲ့တယ်။ ကမ္ဘာလုံးဆိုင်ရာကုန်လှောင်ရုံဖြစ်ဖို့လည်း ရည်ရွယ်ချက်ထားရှိပြီး ခိုင်မာအောင်တည်ဆောက်ရပါမယ်။ စင်ကာပူနိုင်ငံမှာရှိတဲ့ ဆောင်ရွက်မှုလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ကုမ္ပဏီတွေက လည်းလှုပ်ရှား ဆောင်ရွက်နေကြတယ်။ သီးခြားဈေးကွက်နဲ့ သီးခြားထုတ်ကုန်ပစ္စည်းတွေအတွက်ရော ဆောင်ရွက်လှုပ်ရှားနေကြတာပါ။



ဖွံ့ဖြိုးတိုးတက်မှုအတွက် အချက်ငါးချက်ရှိပါတယ်။ အဲဒါတွေက

(၁) အပြည်ပြည်ဆိုင်ရာကုန်သွယ်လှုပ်ရှားမှုတွေအတွက် အခွန်အကောက်ဆိုင်ရာပတ်ဝန်းကျင်တိုးမြှင့်စေခြင်း

(၂) ကုန်ပစ္စည်းရောင်းဝယ်ခြင်းအတွက်စွန့်စားသော စီမံခန့်ခွဲမှု

(၃) အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဆုံးဖြတ်ခြင်း

(၄) အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး အထူးတလည်ကျွမ်းကျင်သူများရဲ့ လေ့ကျင့်သင်ကြားမှု

(၅) ရေကြောင်းသွားလာမှု၊ ဘဏ္ဍာရေးနဲ့စီးပွားရေးလုပ်ငန်းများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကို ပိုမိုတိုးတက်အောင်အထောက်အကူပေးခြင်းတို့ဖြစ်ကြပါတယ်။ အခွန်နဲ့ပတ်သက်ပြီး လေ့လာသင့်တာတွေကို လေ့လာရမယ်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတိုးတက်မှုရှိမယ့် အစီအစဉ်တွေကို ဆောင်ရွက်ရမယ်။ သတ်မှတ်ထားတဲ့အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ကုမ္ပဏီတွေက လည်းသူတို့ရဲ့ကုန်သွယ်ဖက်တွေအတွက် တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်ကြမှာပဲဖြစ်တယ်။

ကုန်သွယ်မှုပတ်ဝန်းကျင်အခြေအနေကလည်း လျင်မြန်စွာပြောင်းလဲနေပြီဖြစ်ပါတယ်။ ကုန်သွယ်မှုပတ်ဝန်းကျင်အသစ်မှာ အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ဖို့ဆိုရင်နိုင်ငံရပ်ခြားဈေးကွက်မှာ ရင်ပေါင်တန်းနိုင်ဖို့လိုအပ်ပါလိမ့်မယ်။ ထုတ်ကုန်ပစ္စည်းနဲ့ ပတ်သက်တဲ့ဆောင်ရွက်မှု လုပ်ငန်းတွေဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့လည်း ရှေ့ရောက်အောင်လုပ်ဆောင်နိုင်ရပါမယ်။


ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်တဲ့အခါ အချိန်တိုအတွင်းမှာ မိမိရောက်လိုရာကို မရောက်နိုင်ပါဘူး။ အဲဒီအတွက်မရှိမဖြစ်ကြားခံဒေသတွေရှိလာမှာဖြစ်တယ်။ စင်ကာပူနိုင်ငံလို အောင်မြင်မှုရှိတဲ့ကုန်လှောင်ရုံလုပ်ငန်းတွေလည်း မလွှဲမသွေလိုအပ်မှာဖြစ်ပါတယ်။

Singpore: A Successful Entrepot by LEE HSIEN LOONG

Wednesday, June 18, 2014

အနမ်းနဲ့ ကျမ်းမာရေး


သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။
ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး ဖတ်ကြည့် ပေါ့နော်။
တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် နမ်းတယ် ဆိုတာ ခံစားချက် အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အရပါ ချစ်ခင် နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံ ရတဲ့သူကို ချစ်ပါတယ် ဆိုတဲ့ အဓိပ္ပါယ် ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ ပတ်သတ်တဲ့ Definiton လေး တစ်ခုလောက် ထုတ်ကြည့် ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်း ယုံကြည်မှု အရတော့ နမ်းတယ် ဆိုတာ “နှစ်လိုဖွယ် ခံစား ဆက်ယှက်မှုကို ပါးစပ်က မပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့ သင်္ကေတ” လို့ ဖော်ပြ ထားပါတယ်။
နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလို ရရှိနိုင် တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …
၁။ တစ်ယောက်ကို တစ်ယောက် နမ်းနေကြတဲ့ အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့သွေးကြော တွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်း ကိုလည်း မြန်လာ စေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေ ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်း စေပါတယ်။
၂။ နမ်းနေတဲ့ အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာ ပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှား လာအောင် ဦးနှောက်က လှုံ့ဆော် ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာ ရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှား သန့်စင်စေပြီး မျက်နှာ တစ်ပြင်လုံး ပိုမို ချောမွေ့ လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြော တွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီး ကောင်းလာ စေပါတယ်။
၃။ နောက်တစ်ခု ကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့် ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်း စေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများ နမ်းကြပါ။
၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာ ရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှု တွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော် ပေးတဲ့ ဟိုမုန်းဓာတ် တစ်မျိုး ဦးနှောက်က ထုတ်ပေးတာ ကိုလည်း တားဆီး ပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီး တွေလို့ ထင်မှတ်လာတတ် တယ်လို့ သုတေသီတွေက အတည်ပြု ထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ
ကုထုံး တစ်ခုပါပဲ။
၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါ ကာကွယ်ဆေး တစ်မျိုး ပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦး ဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝ ကိုယ်ခံစွမ်းအား တွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေ တဆင့် ပေါင်းစပ် သွားပါတယ်။ အဲဒီကနေ တဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာ ကိုယ်ထဲ ပေါင်းစပ် ရောက်ရှိ လာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင် တွေက နာမည် ပေးထား ပါတယ်။
၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွ ပေးပါတယ်။ ဘယ်လို အချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံး အကြိမ် နမ်းဖူးတဲ့ အခါ ပေါ်ပေါက် လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင် ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက် အရည်အသွေးဟာ ထိပ်ဆုံး အဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည် ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ် တယ်လို့ ဆိုပါတယ်။
၇။ နောက်ဆုံး တစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန် ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား၊၊၊ အခု ရေးသား ဖော်ပြချက် အနမ်းကို ပြုစုရေးသားသူ ကမ္ဘာကျော် အချစ် သုတေသန ဆရာကြီး ဒေါက်တာ ၀ီလျံစတိုင်းဘတ်၏ ကိုယ်တွေ့များ ဖြစ်ကြောင်းပါ ခင်ဗျား။
NLABR

Tuesday, June 17, 2014

Business Plan



Business Plan ကိုမြန်မာလိုလုပ်ငန်းစီမံကိန်းဟု တိုက်ရိုက်ပြန်ဆိုသည်ကိုကြားဖူးသည်။ လိုချင်သည်ကား လုပ်ငန်းစီမံချက်ဖြစ်သည်။ လုပ်ငန်းကိုဘယ်လို စတင်တည်ထောင်မလဲ ဟူသောခေါင်းစဉ်သာဖြစ်သည်။ ဈေးကွက်စီးပွားရေးနှင့် အလှမ်းဝေးခဲ့သောမြန်မာနိုင်ငံအဖို့ လုပ်ငန်းတစ်ခုထူထောင်ဖို့ စဉ်းစားကြရာတွင် ဈေးကွက်စီးပွားရေးစနစ်တွင်ကျင်လည်ခဲ့ သောနိုင်ငံများနှင့် စဉ်းစားပုံ၊ စဉ်းစားခြင်းကတော့ မတူကြသည်ကိုတွေ့နေရသည်။ လုပ်ငန်းတစ်ခုကိုထူထောင်တော့မည်ဆိုလျှင်ကျွန်တော်တို့ စတင်စဉ်းစားသောအရာများသည် ဘာကိုထုတ်လုပ်ရောင်းချပြီး၊ မည်သည့် အမည်ကိုပေးမည်ဆိုသည်ကို ဦးစားပေးစဉ်းစားလေ့ရှိသည်။ အမည်ကို ထုတ်ကုန်နှင့်လည်းကိုက်စေ၊ ဗေဒင် အရလည်းဖြစ်စေမည့်အမည် မျိုးလောက်ကိုဦးစားပေးစဉ်းစားကြသည်။

သို့သော်လည်း ဈေးကွက်စီးပွားရေးစနစ်တွင်လုပ်ငန်းထူထောင်တော့မည်ဆိုလျှင် ဈေးကွက်စီးပွားရေးတွင် ကျင်လည်ခဲ့သူများအနေဖြင့် ငွေပင်ငွေရင်း၊ အရင်းအနှီးမည်ကဲ့ သို့ရရှိနိုင်မည်ဆိုသည့်အချက်ကို စတင်စဉ်းစားလေ့ရှိသည်။ များသောအားဖြင့် သူတို့ Business Plan ဆွဲခြင်းနှင့်ကျွန်တော်တို့ Business Plan ဆွဲခြင်းတို့ကတော့ ဦးတည်ချက်မတူသည့်သဘောကိုတွေ့နေရသည်။ များသောအားဖြင့်Business Plan ကိုဆွဲကြခြင်းအကြောင်းရင်းတွင် ဘဏ်မှချေးငွေရရှိရန်အတွက် ဆွဲကြခြင်းကို အဓိကထားသည်ဟုဆို လျှင်ကျွန်တော်တို့အမြင်အရ လက်မခံသောသဘောတွေ့နေရသည်။ ဘဏ်များအနေဖြင့်လုပ်ငန်း တစ်ခုအတွက်ငွေထုတ်ချေးတော့မည်ဆိုလျှင် ထုတ်ချေးရန်သင့်မသင့်ဆိုသည့် ဘဏ်ဘက်မှ စဉ်းစားနိုင်ရန်အတွက်လုပ်ငန်း၏ Business Plan ကိုမလွဲမသွေတောင်းလေ့ရှိကြသည်။ Business Planတိုင်းတွင် ချေးငွေ Loan အတွက်ဖြစ်စေ၊ ချေးငွေရရှိပြီးဖြစ်သည့်တိုင်ထပ်မံချေးငှားလိုသော Overdraft အတွက်ဖြစ်စေ၊Business Plan ကိုတောင်းလေ့ရှိသည်။

Business Plan တစ်ခုတွင် အဓိကလိုအပ်သောအခြေခံအချက်များမှာ လုပ်ငန်းလုပ်ကိုင်ခြင်း၏ ရည်ရွယ်ချက်များနှင့်ထိုလုပ်ငန်းကို မည်ကဲ့သို့လုပ်ကိုင်ဆောင်ရွက်မည်ဆိုသည့် လုပ်ငန်းလည်ပတ်မှုOperation နှင့် ထိုလုပ်ငန်းလည်ပတ်မှုအတွက် လိုအပ်မည့် ဘဏ္ဍာရေးအခြေအနေပြည့်ပြည့်စုံစုံ ပါရှိရမည်ဖြစ်သည်။ Business Plan များကို လုပ်ငန်းများကရေးဆွဲကြသည်မှန်သော်လည်း၊ အမှန်တကယ်လမ်းကြောင်း၊ လမ်းညွှန်လုပ်ပေးသူကား ဘဏ်အနေဖြင့် လိုအပ်သောအချက် အလက်မပြည့်မစုံကိုတောင်းလေ့ရှိသည်။ Business Plan နှင့် ပတ်သက်သော ဖြည့်စွက်ရမည့်ပုံစံများရှိသော်လည်း ထိုပုံစံများဖြည့်စွက်ရေးသွင်းရာတွင် လုပ်ငန်းရှင်အနေဖြင့် သတိထားပြီးလုပ်ငန်းဖြည့်သွင်းရန်လိုအပ်သည်။ အကြောင်းမှာ ဖြည့်စွက်ရန်ပုံစံတွင်ပင် အချို့သောအချက်အလက် များသည် အပြန်အလှန်စစ်ဆေးသောမေးခွန်းပုံစံမျိုး Counter Check Questions သဘောမျိုးလည်းပါနေသောကြောင့်လွန်စွာသတိထားဖြည့်စွက်ရသည်။

Business Plan များရေးဆွဲရာတွင် သတိထားရမည့်အခြေခံအချက်များရှိသည်။ ပထမဦးဆုံးလုပ်ငန်းထူထောင်ရာတွင် အဓိကထားပြီးစဉ်းစားရမည့်အချက်(၄)ချက်ရှိတတ်သည်။

ပထမအချက်မှာ မည်သည့်ကုန်စည်များကထို ထုတ်လုပ်မည့်  သို့မဟုတ် မည်သည့် ၀န်ဆောင်မှုများကို လုပ်ကိုင်ဆောင်ရွက်မည်ဆိုသည်ကို စဉ်းစားဆုံးဖြတ်ပြီးဖြစ်ရမည်။ ထိုသို့စဉ်းစားဆုံးဖြတ်ပြီးသည်နှင့် တစ်ဆက်တည်းဆက်လက်စဉ်းစားရမည်မှာမည်သူတို့ကို ရောင်းချရန်ရည်ရွယ်သည်ဟူသော Consumers' target or aiming target များကိုသတ်မှတ်ပြီးဖြစ်ရမည်။ တစ်နည်းအားဖြင့်ရည်ရွယ်ပြီးသော ဈေးကွက်ရှိပြီးသားဖြစ်ရပါမည်။

 ဒုတိယအချက်က ထုတ်လုပ်မှုကုန်ကျစရိတ်စဉ်းစားခြင်းဖြစ်သည်။ ထို့သို့စဉ်းစားရာတွင် အဓိကကုန်ကျမည့် စရိတ်ကြီးများကိုဦးတည်စေပြီး၊ ထိုကုန်ကျစရိတ်များသည် ထုတ်လုပ်မှုကိုကာမိအောင် သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချနိုင်မည့် အခြေအနေ၊ ဈေးကွက်လိုအပ်ချက်အရထုတ်လုပ်နိုင်မည့်အခြေအနေရှိ ၊မရှိအတွက်ကိုပါစဉ်းစားနိုင်ရမည်ဖြစ်သည်။

တတိယအချက်သည် လုပ်ငန်းတည်နေရာဖြစ်သည်။ ထုတ်လုပ်မှုအတွက်စဉ်း စားရာတွင် ကုန်ကြမ်းရှိသည့်နေရာတွင်ထုတ်လုပ်မည့် Raw Material Orientated Industry မျိုးလား၊ ဈေးကွက်တွင်သာထုတ်လုပ်ရမည့် Market Orientated Industryဆိုသည့်အချက်အလက်များကို စဉ်းစားနိုင်ရမည်ဖြစ်သည်။ အထူးသဖြင့်ရေသန့်ထုတ်လုပ်ရေးလုပ်ငန်းများ၊ မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းများ၊ ဆန်စက်၊ ဂျုံစက်၊ သကြားစက်တို့လို လုပ်ငန်းများသည် ကုန်ကြမ်းရှိမည့်နေရာတွင် စက်ရုံထောင်ခြင်းသည်အကောင်းဆုံးဖြစ်သည်။ ထိုစက်ရုံမျိုးကို Raw Material Orientated Industries များဟေု ခ်ါကြသည။် သေို့ သ်ာလည်း အလှပြင်ဆိုင်တို့၊ စားသောက်ဆိုင်တို့လိုလုပ်ငန်းမျိုးများသည် ဈေးကွက်အတွင်းတွင် လာရောက်ဖွင့်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ထိုသို့သောလုပ်ငန်းမျိုးများကို Market Orientated Industries များဟု ခေါ်ကြသည်။ လုပ်ငန်းသဘာဝနှင့်အခြေအနေပေါ်လိုက်ပြီး Business Plan တွင် အကျိုးအကြောင်း အားဖြင့်ဖော်ပြနိုင်ရမည်ဖြစ်သည်။

စတုတ္ထအချက်ကား လူအင်အားခန့်ထားအသုံးပြုမှုနှင့် စက်အင်အားများအသုံးချနိုင်မှုအခြေအနေကို အသေးစိတ်တင်ပြနိုင်ရမည်ဖြစ်သည်။ ထုတ်လုပ်သည့်ပမာဏ၊ ထုတ်လုပ်သည့်ကုန်စည်တို့နှင့် ဆီလျော်ညီညွတ်မည့် လူအင်အား အခြေအနေထားကိုပြည့်စုံစွာတင်ပြနိုင်ရမည်ဖြစ်သည်။

 အထက်ပါအချက်အလက်များကိုဘဏ်များက ချေးငွေထုတ်ချေးသင့်မသင့်ကို စဉ်းစားဆောင်ရွက်လေ့ရှိသည်။ အသေးစိတ်ဖော်ပြနိုင်သည့်တိုင် လုပ်ငန်းအနေဖြင့် ငွေစီးဝင်၊ စီးထွက်သွားသည့် Cash Flow ခန့်မှန်းချက် သည်အားနည်းနေသည်ဆိုပါက ချေးငွေထုတ်ချေးရန်ဘဏ်အနေဖြင့် ငြင်းဆန်နိုင် သောကြောင့်ဖြစ်သည်။ များသောအားဖြင့် Business Plans များတွင် လုပ်ငန်းနှင့် ပတ်သက်သောပါဝင်သော်လည်း လိုအပ်ချက် အရကြည့်မည်ဆိုလျှင် ဘဏ်မှ ချေးငွေရရှိရန်အတွက် Business Plan ကိုရေးဆွဲခြင်းသာဖြစ်သည်။

သာမန်အားဖြင့် Business Plan များ၏ရေးဆွဲမှုများကိုလေ့လာမည်ဆိုလျှင်အောက်ပါအချက်များကို ပါဝင်အောင်ရေးဆွဲလေ့ရှိကြသည်။

၁။ လုပ်ငန်း၏အမည်

၂။ လုပ်ငန်းအမျိုးအစား၊ တစ်ဦးတည်းပိုင်ဖြစ်သော Sole Trader မျိုးလား၊ အစု စပ်လား၊ ထို့အတူ အစုစပ်လုပ်ငန်းဖြစ်သည့်တိုင် Unlimited Liabilities ခေါ်အကန့်အသတ်မရှိ ပေးလျော်သည့်လုပ်ငန်းမျိုးလား၊ အကန့်အသတ်ဖြင့်ပေးလျော်သည့် Private Limited Liabilityလုပ်ငန်းမျိုးလား... စသည်ဖြင့် လုပ်ငန်းအမျိုးအစားကိုဖော်ပြရမည်ဖြစ်သည်။

၃။ ထုတ်လုပ်မည့်ကုန်စည် သို့မဟုတ်လုပ်ကိုင်ဆောင်ရွက်မည့် ၀န်ဆောင်မှု အမျိုးအစားကို တိတိကျကျဖော်ပြပေးရန်လိုအပ်သည်။

၎။ ထိုသို့ဖော်ပြပေးပြီး စားသုံးမည့်သူများ မည်သူတို့အတွက်ရည်ရွယ်ပြီး ထုတ်လုပ်ရောင်းချမည်ဆိုသည့် အချက်ကိုလည်းတင်ပြနိုင်ရမည်ဖြစ်သည်။ အကြောင်းမှာထုတ်ကုန်နှင့် ၀န်ဆောင်မှုတို့သည် ထုတ်လုပ်လိုက်သည့်တိုင် မည်သူတို့ဝယ်ယူစားသုံးကြမည်ဆိုသည့် အချက်ကိုလည်း Business Plan တွင်ဖော်ပြနိုင်ရမည်ဖြစ်သည်။

၅။ မိမိထုတ်လုပ်မည့် ကုန်စည်နှင့် ၀န်ဆောင်မှုအတွက် စားသုံးသူများသည်မည်သူများဖြစ်သည်။ မည်မျှရှိသည်ဟူသော ဈေးကွက်သုတေသနလုပ်ဆောင်ချက်များလုပ်ခဲ့ခြင်းရှိ၊ မရှိကိုလည်း ဖော်ပြနိုင်ရမည်ဖြစ်သည်။ မိမိလုပ်ငန်းနှင့် တူညီသောလုပ်ငန်းစုများမည်မျှရှိသည်။ သူတို့၏ အနာဂတ် ဈေးကွက်အလားအလာများကိုလည်း သုတေသနပြုပြီးတင်ပြနိုင်ရမည်ဖြစ်သည်။

၆။ လုပ်သားအင်အားစီမံခန့်ခွဲမှုအနေဖြင့် ၀န်ထမ်းမည်မျှခန့်မည်၊ မည်သည့်အဆင့်ဝန်ထမ်းမျိုး၊ လုပ်ကိုင်ဆောင်ရွက်ရမည့်တာဝန်နှင့် တာဝန်ခံလုပ်ကိုင်ဆောင်ရွက်မှု အခြေအနေများကိုလည်း တင်ပြနိုင်ရမည်ဖြစ်သည်။ ခန့်ထားသောဝန်ထမ်းဦးရေနှင့် တာဝန်အလိုက်ခွဲဝေချထားနိုင်မှုများကိုလည်း တင်ပြနိုင်ရမည်ဖြစ်သည်။

၇။ ထုတ်လုပ်မည့်ကုန်ကျစရိတ်များနှင့်ပတသ် က်ြပီး စကပ် စည္စ်း ကရိ ယိာအတက်ွကုန်ကျမှု၊ ဆိုင်ခန်းခ၊ ပုံသေကုန်ကျစရိတ်များနှင့် ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်များကို ခွဲခြားတင်ပြနိုင်ရမည်ဖြစ်သည်။

၈။ လုပ်ငန်းတည်နေရာသည် Business Plan တွင် အရေးကြီးသည်။ လုပ်ငန်းတည်နေရာတွင် ထုတ်လုပ်မည့်နေရာသည်လည်း အရေးပါသလို၊ ရောင်းချမည့်နေရာသည်လည်း Business Plan တွင် လွန်စွာအရေးပါသည်။

၉။ ခန့်မှန်းအမြတ်အနေဖြင့် မရှုံးမမြတ်အခြေအနေ Break even point သာမက၊လုပ်ငန်းအနေဖြင့် မည်မျှထုတ်လုပ်မည်၊တစ်ကြိမ်ထုတ်လုပ်ရောင်းချမှုရှိတိုင်း မည်မျှအမြတ်အစွမ်းရရှိနိုင်သည့် အခြေအနေများကိုလည်း တင်ပြနိုင်ရမည်ဖြစ်သည်။

၁၀။ လုပ်ငန်းအတွက် လိုအပ်သောငွေအရင်းအနှီးများကို တင်ပြပြီး ထိုအရင်းအနှီးများထဲမှ မည်မျှသော ပမာဏကို ဘဏ်မှရယူလိုပါကြောင်းနှင့် လုပ်ငန်းအနေဖြင့်ငွေဝင်၊ ငွေထွက်မှုအခြေအနေ Cash Flow အားဖြင့် မည်မျှရှိနိုင်မည့်အခြေအနေများကို အသေးစိတ်တင်ပြရန်လိုအပ်သည်။ ပြီးပြည့်စုံသော Business Planတစ်ခုသည် လုပ်ငန်း၏ထုတ်ကုန်အမျိုးအစားပေါ်လိုက်ပြီး ကွဲပြားခြားနားလေ့ရှိတတ်ပါသည်။

 ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)

Source: HR Journal

အအောင်မြင်ဆုံးသူတို့ရဲ့ ယုံကြည့်ချက် (၇) ချက်



ဒီနေ့ထိတိုင် ကမ္ဘာကျော်ကွန်ဖူးမင်းသားအဖြစ် လက်ခံထားဆဲ Bruce Lee က ကိုယ်ပိုင်အရည်အသွေးအမြဲရှိဖို့၊ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ပြဖို့၊ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့၊ တခြားအောင်မြင်သူတွေရဲ့မူဟန်တွေကို အတုမယူဖို့ ပြောခဲ့ဖူးပါတယ်။စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ အအောင်မြင်ဆုံးဆိုတဲ့ပုဂ္ဂိုလ်တွေဟာ တခြားအောင်မြင်သူအများစုထက်ပိုပြီး လုပ်နည်းလုပ်ဟန်တွေကွာခြားကြတာတွေ့ရပါတယ်။ သူတို့ ဘယ်လိုဘယ်ပုံစဉ်းစားလေ့ရှိသလဲ၊ ဘာကြောင့် အဲဒီစဉ်းစားပုံစဉ်းစားနည်းဟာ အောင်မြင်စေသလဲ ဆိုတာကိုလေ့လာကြည့်စေချင်ပါတယ်။ လုပ်ငန်းနယ်ပယ်မတူ၊ ကျွမ်းကျင်မှု ပညာရပ်ကွဲပြားကြပေမယ့် သူတို့မှာ ယထာဘူတကျကျရှုမြင်သုံးသပ်မှုနဲ့ ယုံကြည်မှုတို့တူညီစွာရှိနေကြတာ သိရပါတယ်။

(၁) အချိန်ဆိုတာ ကိုယ့်စိတ်ကြိုက် အသုံးချစရာ

ပြီးစီးဖို့ နောက်ဆုံးသတ်မှတ်ထားချိန် (deadline) တွေ၊ အချိန်တာသတ်မှတ်မှုတွေက “အကန့်အသတ်စည်းဘောင်” ဖြစ်တယ်ဆိုပေမယ့် နည်းမှန်လမ်းမှန်အဖြစ် အမြဲမဆိုနိုင်ပါဘူး။ သာမန်အရည် အသွေးရှိသူတစ်ဦးကို တာဝန်တစ်ခုပေးပြီး နှစ်ပတ်အကြာမှာအပြီးသတ်စေမယ်ဆိုရင် အဲဒီလူဟာနှစ်ပတ်ကြာမှအလုပ်ပြီးမယ့်အားထုတ်မှုကိုပဲ ပင်ကိုဗီဇအရ အလိုအလျောက် ချိန်ဆလုပ်ကိုင်ပါလိမ့်မယ်။ဒါကြောင့် ကိုယ့်စွမ်းဆောင်မှုကို ကောင်းကောင်းစီမံနိုင်ဖို့အတွက် deadline ကို မေ့ထားဖို့လိုပါတယ်။တာဝန်တိုင်း အလုပ်တိုင်းကို လုပ်သင့်လုပ်ထိုက်တဲ့အချိန်ပမာဏ ပေးရပါမယ်။ ဒါပေမယ့် စွမ်းရည်အပြည့်စိုက်ထုတ်ပြီး မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်လုပ်ရမှာပါ။ ပြီး “ပိုထွက်လာတဲ့အားလပ်ချိန်” ကို တခြားကိစ္စတွေအတွက် ကိုယ့်မူအတိုင်း မြန်မြန်ဆန်ဆန်၊ ထိထိရောက်ရောက် အသုံးချနိုင်ပါလိမ့်မယ်။သာမန်အရည်အသွေးရှိသူတွေကတော့ အချိန်ရဲ့ဘောင်အကန့်အသတ်အတွင်း ခြေချုပ်မိနေလေ့ရှိသလောက် ထက်မြက်သူတွေကတော့ အချိန်ကို ကိုယ့်စိတ်တိုင်းကျ အကျိုးရှိရှိ အသုံးချနိုင်ပါတယ်။

(၂) ကိုယ်ရွေးချယ်ထားသူသာ ကိုယ့်အနားမှာ

လက်အောက်ဝန်ထမ်းတချို့ကြောင့် “ဦးနှောက်စား”ရလေ့ရှိပါတယ်။ “တစ်ခါဆက်ဆံ ဆယ်ခါလန်”တဲ့ကပ်စ်တမာတချို့ လည်းကြုံတတ်ပါတယ်။ အတ္တကြီးတဲ့မိတ်ဆွေ၊ ပြဿနာရှာတဲ့ သူငယ်ချင်းတွေနဲ့လည်းပေါင်းသင်းရတတ်ပါတယ်။ အဲဒီသူတွေ အားလုံးကိုရွေးချယ်သူဟာကိုယ်တိုင်ပါပဲ။ ကိုယ့်ဝန်းကျင်ကလူတွေကြောင့် ဒုက္ခရောက်ရတယ်ဆိုရင် ဒါဟာသူတို့အမှား မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ရဲ့အမှားပါ။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးရာမှာပဲဖြစ်ဖြစ် ဒီလိုလူတွေပါဝင်ပတ်သက် နေတာဟာ ကိုယ်တိုင်ကလက်ခံထားလို့ဆိုတာကိုမမေ့ပါနဲ့။

ဘယ်လိုလူမျိုးနဲ့ အလုပ်တွဲလုပ်ချင်သလဲ၊ ဘယ်လိုကပ်စ်တမာမျိုးကို ၀န်ဆောင်မှုပေးချင်သလဲ၊ ဘယ်လိုမိတ်ဆွေ အပေါင်းအသင်း လိုချင်တာလဲ ဆိုတာကို စဉ်းစားပါ။ ပြီး ကိုယ်တိုင် ပြောင်းလဲပါ။ ဒါမှသာ ကိုယ်အလိုရှိသူတွေ ကိုယ့်ဝန်းကျင်ဆီရောက်လာအောင် စတင်ဆွဲဆောင်နိုင်ပါလိမ့်မယ်။ အလုပ်ကြိုးစားသူတွေကအလုပ်ကြိုးစားသူတွေနဲ့ပဲ အလုပ်လုပ်ချင်ပါတယ်။ ထက်မြက်တဲ့ဝန်ထမ်းက ထက်မြက်တဲ့ဘော့စ်တွေနဲ့ပဲအလုပ်လုပ်ချင်ပါတယ်။ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာ အောင်မြင်တဲ့လူတွေကိုပဲ အလိုအလျောက်ဆွဲဆောင်နိုင်ပါတယ်။

(၃) တာဝန်နဲ့ဝတ္တရားဖြည့်စည်းရုံသာ မလုပ်ပါ

လူ့တန်ဖိုးအတွက် တစ်ခုတည်းသောစစ်မှန်တဲ့တိုင်းတာမှုဟာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ပါဝင်ဆောင်ရွက်မှုတစ်ခုခုကို နေ့စဉ်လုပ်ကိုင်မှုပါပဲ။ ဘာတွေပဲပြီးအောင်လုပ်လုပ်၊ အတိတ်ကဘာတွေပဲ ပြီးမြောက်ခဲ့ပါစေ၊ ကြိုးစားရကျိုးနပ်ပြီ၊ ပင်ပန်းရကျိုးနပ်ပြီ၊ ခက်ခက်ခဲခဲလုပ်ခဲ့ပြီးပြီ လို့ မဆိုနိုင်ပါဘူး။ သေးဖွဲလွန်းတဲ့အလုပ်ဆိုတာ ထာဝရ မရှိသလို၊ ကျွမ်းကျင်မှု မလိုတဲ့အလုပ်၊ ငြီးငွေ့စရာကောင်းတဲ့အလုပ်ဆိုတာလည်းအမြဲတစေမရှိနိုင်ပါဘူး။

ပြောစမှတ်တွင်လောက်အောင် အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာ သူတို့စွမ်းဆောင်မှုရဲ့အသီးအပွင့်ကလွဲပြီးကျန်အရာတွေက ရမယ့်ခံစားခွင့်အပေါ် အလေးထားလေ့မရှိပါဘူး။

(၄) အတွေ့အကြုံကို ဘေးဖယ်ထား အလုပ်ပြီးမြှောက်မှုသာ အလေးထား

မားကစ်တင်းနယ်ပယ်မှာ ၁၀ နှစ်ရှိပြီတဲ့လား။ ဘယ်နယ်မှာ ဘယ်လောက်ကြာကြာလုပ်ခဲ့သလဲ ဆိုတာအလေးထားစရာ မလိုပါဘူး။ အတွေ့အကြုံနှစ်ကာလတွေဟာ ဘာမှမဟုတ်တာမျိုးလည်းရှိတတ်ပါတယ်။ မားကစ်တင်းနယ်ပယ်တွင်း အညံ့ဆုံး ၀န်ထမ်းအဖြစ် ၁၀ နှစ်ကြာနေခဲ့သူလည်းဖြစ်နိုင်တာကိုး။

အောင်မြင်သူတွေက (ထိရောက်အောင်မြင်စွာ) အလုပ်ပြီးမြောက်မှုကိုပဲ အလေးထားကြပါတယ်။ကုန်ပစ္စည်းဘယ်နှမျိုးကို ဈေးကွက်ပေါက်အောင်၊ ရောင်းအားတက်အောင် စွမ်းဆောင်နိုင်ခဲ့သလဲ၊ပြိုင်ဘက်တွေထက်သာလွန်အောင် ဘာတွေလုပ်နိုင်သလဲ၊ ကပ်စ်တမာတွေကို ဘယ်လောက်အတိုင်းအတာအထိ ဆွဲဆောင်နိုင်သလဲ ... စတဲ့အချက်တွေက သာ အမှန်တကယ်အလေးထားစရာဖြစ်ပါတယ်။

(၅) အရှုံးဆိုတာ ကြုံလာတိုင်း လက်ခံရမယ့်အရာ

လူတွေကို ဘာကြောင့် သူတို့အောင်မြင်ရသလဲ မေးကြည့်တဲ့အခါ သူတို့အဖြေတွေမှာ “ကျွန်တော်.../ကျွန်မ်မ ...” ၊ “ကျွန်တော့်ကို .../ ကျွန်မကို ...””စတဲ့ နာမ်စားတွေနဲ့ ပြည့်နှက်နေတာကို သတိပြုမိပါတယ်။ တစ်ခါတလေမှာငာ “ကျွန်တော်တို့... / ကျွန်မတို့ ...” ဆိုတာမျိုး ကြပါတယ။်ဘာကြောင့် အရှုံးကြုံရတာလဲ လို့ မေးတဲ့အခါမှာတော့ အများစုက “ကလေး” ပြန်ဖြစ်သွားကြပြီး““ကျွန်တော့်ကြောင့် အရုပ်ကျိုးသွားတာဗျ”” လို့ မပြောဘဲ “ကျွန်တော့်အရုပ်တော့ ကျိုးပါပြီဗျာ” လို့ဖြေတတ်ကြပါတယ်။သူတို့က စီးပွားထိုင်းမှိုင်းတာ၊ ဈေးကွက်အသင့်မဖြစ်တာ၊ ပစ္စည်းထောက်ပံ့သူတွေ ပျက်ကွက်တာ လို့ပြောပါလိမ့်မယ်။ တစ်စုံတစ်ယောက်ကြောင့်၊ တစ်ခုခုကြောင့် လို့ ပြောပါလိမ့်မယ်။ သူတို့တွေဟာ အမှားကနေသင်ခန်းစာမယူကြသူတွေပါ။ တကယ်တော့ အောင်မြင်သူတိုင်း ရှုံးနိမ့်ဖူးသူတွေဖြစ်ပါတယ်။ ထိန်းချုပ်စီမံလို့မရနိုင်တဲ့ ပြင်ပကိစ္စရပ် တွေ ဖြစ်တတ်တာမို့ အောင်မြင်သူတိုင်းဟာ အကြိမ်ကြိမ် ရှုံးနိမ့်ဖူးတွေဖြစ်ပါတယ်။ဒါပေမယ့် လက်ရှိအချိန်မှာ ဘာကြောင့်အောင်မြင်တာပါလဲ၊ အရှုံးကို လက်ခံလို့ပါ၊ အရှုံးကနေ သင်ခန်းစာယူလို့ပါ။

(၆) မခိုင်းဘဲ လုပ်မှ ထာဝရ အနိုင်

ကိုယ့်ကိုရွေးချယ် တာဝန်ပေးတာမျိုးမဟုတ်တဲ့ကိစ္စတွေကို လက်မရှောင်ပါနဲ့။ ကိုယ်တိုင်ဆန္ဒပြုတောင်းဆိုတဲ့အခါတိုင်း လုပ်ခွင့်ပိုမိုရလာပါလိမ့်မယ်။ ဒါဟာ (အောင်မြင်လိုသူတွေ အတွက်) အခွင့်ထူးပါပဲ။ပိုမိုလုပ်ခွင့်ရလာရင် သင်ယူလေ့လာဖို့၊ အသိအမှတ်ပြုစေဖို့၊ ကျွမ်းကျင်မှုတွေ ပိုရလာဖို့၊ (လုပ်နိုင်တာထက်ကျယ်ကျယ်ပြန့်ပြန့်ပိုလုပ်နိုင်စေမယ့်) အဆက်အသွယ်သစ်တွေ တိုးပွားလာဖို့ စတဲ့အခွင့်အရေးတွေပိုမိုရရှိပါလိမ့်မယ်။အောင်မြင်မှုဟာ လုပ်ကိုင်ဆောင်ရွက်မှုအပေါ် အခြေခံပါတယ်။ ကိုယ်တိုင်ဆန္ဒပြုလုပ်ကိုင်လေလေလုပ်ခွင့်ရလာ လေလေပါပဲ။ အောင်မြင်သူတွေဟာ အခွင့်အလမ်းတွေကို ဖန်တီးနိုင်ဖို့ ရှေ့တိုးလုပ်ဆောင်တတ်ကြပါတယ်။

(၇) အများမသွားတဲ့ နေရာဆီ ရောက်အောင်သွား

အများမသွားတဲ့ “နေရာ” ဆီ ရောက်အောင်သွားမယ် လို့ လူအများပြောလေ့ရှိပါတယ်။ တကယ်တော့သူတို့ရောက် အောင်မသွားပါဘူး။ ဒီလိုနေရာဟာ ကျယ်ပြောသလောက် လူနေကျဲပါးတဲ့နေရာ၊အထီးကျန်တဲ့နေရာပါ။ စီမံခန့်ခွဲမှုပညာရှင် ဆရာမကြီးတစ်ဦးက ပြောခဲ့ဖူးပါတယ်။ အမြင့်ရောက်လေလေလူနည်းလေလေပါတဲ့။ ဒါကြောင့်လည်း ဒီလိုနေရာမှာ အခွင့်ကောင်းတွေအပြည့်ရှိနေတတ်ပါတယ်။ ကိုယ့်ကိုငွေပေးသူဟာ (အလုပ်ရှင်ဖြစ်ဖြစ်၊ ကပ်စ်တမာဖြစ်ဖြစ်) ကိုယ်ဘာလုပ်ရ မယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာပြောခွင့်ရှိသူမို့ ငွေပေးသူလုပ်စေချင်တာနဲ့ ကိုယ်တိုင်လုပ်ချင်တာနှစ်ခုကို ဟန်ချက်ညီညီချိန် ဆရင်းလုပ်ကိုင်ရပါမယ်။


Source: HR Journal

ဒီ့အတွက် ၀ီရိယစိုက်ထုတ်ပါ။ သူများထက် စောစောအလုပ်စ၊ သူများထက် နောက်ကျခံအလုပ်လုပ်၊လိုအပ်ရင် ဖုန်းအကြိမ်ရေ တိုးခေါ်၊ အီးမေးလ် စောင်ရေ ပိုပို့၊ ဆန်းစစ်လေ့လာချက်တွေ ပိုလုပ်ပါ။အမေးမစောင့်ပါနဲ့။ ကိုယ့်ဘက်က စတင်ကမ်းလှမ်းနိုင်အောင် လုပ်ပါ။ ၀န်ထမ်းတွေ လုပ်ရမှာကိုပြောရုံမပြောဘဲ၊ ကိုယ်တိုင်လုပ်ပြပါ၊ သူတို့နဲ့အတူ အလုပ်လုပ်ပါ။အချိန်တိုင်းမှာ တစ်ခုခု လုပ်နေပါ။ တခြားသူတွေ မလုပ်နိုင်တဲ့အလုပ် ဘာထပ်လုပ်နိုင်မလဲ စဉ်းစားပါ။သေချာတာ ကတော့ အများမလုပ်တဲ့အလုပ်မို့ ခက်ခဲပါမယ်။

လုပ်ငန်းခွင်အတွင်း မပြောသင့်သော အကြောင်းအရာများ



လုပ်ငန်းခွင်းအတွင်းမှာ မပြောသင့်သော အရာများ မြောက်မြားစွာ ရှိပါတယ်။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ အကြောင်းအရင်းတစ်ခုကို မှားယွင်းစွာ ပြောမိပါက လုပ်ဖော်ကိုင်ဖက်များ ဆုံးရှုံးရတာတွေ၊ အပယ်ခံရတာတွေ၊ စိတ်မလုံတာတော့တာတွေ ဖြစ်လာနိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ကျီစယ်တာတွေက အချင်းချင်း ရင်းနှီးမှုတွေ၊ လုပ်ငန်းခွင်အတွက် အမောအပန်းတွေ ပြေစေနိုင်ပါတယ်။ ဒါပေမယ့် သေသေချာချာ မှတ်ထားရမှာက စည်းမကျော်ဖို့ပါပဲ။ ကျီစားသန်က ရန်များလှသည် ဆိုတဲ့ စကားပုံလည်း ရှိတယ် မဟုတ်ပါလား။

လူတိုင်းကတော့ ဒီလို ကျီစားလိုက်လို့ ရန်ဖြစ်ရတာတွေ၊ စိတ်မနှောက်အယှက်ဖြစ်ရတာတွေ ရှိပါတယ်။ ငါ အပါအဝင်ပါပဲ။ ငါတို့ စကြနောက်ကျတဲ့ အခါ လက်ခံနိုင်တဲ့ စကားလုံးတွေ ရှိသလို၊ လက်မခံနိုင်တဲ့ စကားလုံးတွေလည်း ရှိပါတယ်။ ဒီလို စကြရင်းနဲ့ စကားကျွံသွားတဲ့ အခါ ချက်ခြင်း မိမိစကား မှားသွားတယ်ဆိုတာကို သိနိုင်တဲ့ ခံစားချက်တွေ ရှိကြပါတယ်။

အကြောင်းအရာတစ်ခုကို မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ကို ပြောပြခြင်းဟာ Kate Middleton နဲ့ Justin Bieber ရဲ့ ဝတ်လစ်စလစ် အခွေကို Facebook ဒါမှမဟုတ် Twitter တို့မှာ share ခြင်းထဲ ပိုပြီး မြန်ဆန်ပါတယ်။ သင်အမြဲတမ်း မှတ်ထားရမှာက လူတိုင်းဟာ ကောလဟာလ ပြောချင်းကို ဝါသနာပါကြပါတယ်။ ဒီထက်ပိုတာတွေက လူတိုင်းဟာ မိမိရဲ့ လုပ်ဖော်ကိုင်ဖက် အကြောင်းတွေကို အိမ်ပြန်ရောက်ရင် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ တွေ့ရင် ဒီလူတွေရဲ့ အကြောင်း ပြောပြကြတဲ့ လူတွေပိုများပါတယ်။

ဒီအောက်က ၁၀ ချက်ကတော့ လုပ်ငန်းခွင်အတွင်း မပြောသင့်သော အကြောင်းအရာများ ဖြစ်ပါတယ်။

၁) Salary or money details

ပိုက်ဆံအကြောင်းကို လုပ်ငန်းခွင်ထဲမှာ ဘယ်တော့မှ မပြောပါနဲ့။ ပြီးတော့ သင့်ရဲ့ လစာ။ ပြီးတော့ သင်အိမ်မှာ ဘယ်လောက် ပိုက်ဆံသုံးနိုင်တာတွေ၊ သင့်အိမ်အကြောင်းတွေ၊ သင့်ရဲ့ နောက်ဆုံးပေါ် ပစ္စည်းတွေရော ပါပါတယ်။ ပိုက်ဆံအကြောင်း ပြောခြင်းဟာ မနာလိုမှုတွေ၊ စိတ်ခုစရာတွေကို ဖြစ်ပေါ်လာအောင် မောင်းတင်ပေးလိုက်တာနဲ့ အတူတူပါပဲ။

၂) Intimate details about your love and sex life

သင့်မှာ အချစ်အကြောင်းတွေ ရှိပါလိမ့်မယ်။ ကောင်းတာ ဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ဘယ်တော့မှ သင့် လုပ်ဖော်ကိုင်းဖက်တွေကို မပြောမိပါစေနဲ့။

၃) Whether and how much alcohol you drink

အရက်နာကျလို့ ဆေးသောက်နေရတာပဲ ဖြစ်ဖြစ်၊ သင် ရဲ့ weekend super party က အလွန်အကျွံ သောက်လာလို့ပဲ ဖြစ်ဖြစ် သင် မအီမသာ ဖြစ်နေတဲ့ အချိန် အလုပ်မှာ ဒီလိုဖြစ်ခဲ့တယ် ဆိုတာ လူမသိအောင် နေသင့်ပါတယ်။ ဒါက လူကြီးလူကောင်းဆန်တဲ့ အရာမဟုတ်ပါဘူး။ ပြီးတော့ မှုးယစ်ဆေးနဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို အလုပ်မှာ ယောင်လို့အောင် မစဉ်းစားမိပါစေနဲ့။

၎) Political views

လူတွေဟာ ဘာကြောင့် Obama ကို မဲပေးကြသလဲဆိုတာ မင်းစဉ်းစားခြင်စိတ် ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီအကြောင်းကို မဆွေးနွေးမိပါစေနဲ့။ နိုင်ငံရေးဟာ လူတွေကို သွေးခွဲနိုင်သလို ဒီထက်ပိုဆိုးခဲ့ရင် ရုံးတွင်းမှာ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

၅) Religious views

လူတိုင်းမှာ ယုံကြည်ချက် ကိုယ်စီရှိကြပါတယ်။ လူတိုင်းမှာ သူတို့ယုံကြည်တဲ့ ဘာသာတရား ရှိတယ်ဆိုတာ ကောင်းတဲ့ အရာပါ။ ဒါပေမယ့် စစ်ပွဲ အများစုဟာ ဒီလို ယုံကြည်ချက် မတူတာတွေကြောင့် ဖြစ်ပေါ်လာခဲ့တာကို သင်လည်း သိမှာပါ။ ဥပမာ - ခရူးဆိတ် စစ်ပွဲပေါ့

၆) Non-pic jokes

လူတိုင်းလူတိုင်း အလုပ်မှာ ဟာသတွေ ပြောရင်း ရယ်မောပျော်ရွင်ရတာ ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဒီလို ရယ်မောပျော်ရွင်ရတာဟာ လူတစ်ဦးတစ်ယောက်ကို နစ်နာစေလို စနောက်ပြီး ဖြစ်ပေါ်လာတဲ့ ရယ်မောပျော်ရွင်နိုင်ခြင်း မဖြစ်အောင် ဂရုစိုက်ရပါမယ်။ သင် တစ်ဦးတစ်ယောက်ကို ဟာသ တစ်ခုခုပြောတော့မယ် ဆိုရင် ဒီဟာသဟာ လူတစ်ဦးတစ်ယောက်ကို ထိနိုင်စေနိုင်သလား ဆိုတာကို ၂ ကြိမ်လောက် စဉ်းစားပြီးမှ ပြောသင့်ပါတယ်။

၇) Your Facebook account

လုပ်ငန်းခွင်မှာ သူငယ်ချင်းဖွဲ့ခြင်းဟာ ကောင်းတဲ့ အရာပါ။ ဒါပေမယ့် လုပ်ငန်းခွင်ထဲက သိပ်မရင်းနှီးတဲ့ လူတွေကို Facebook သူငယ်ချင်းဖွဲ့ခြင်းကတော့ ကောင်းတယ်ထင်တဲ့ အရာထဲမှာ မပါနိုင်ပါဘူး။ Linkedin ကိုတော့ ရုံးမှာ သိတဲ့သူတွေကော မသိတဲ့သူတွေကော invite လုပ်ပြီး ဆက်သွယ်ပါတယ်။ ဒါပေမယ့် Facebook မှာတော့ အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့ပဲ အဆက်အသွယ်လုပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတာ Facebook မှာ ရေးလိုက်တဲ့ Posts တွေ၊ Comments တွေ၊ ဓါတ်ပုံတွေဟာ လုပ်ငန်းခွင်က လူတွေအတွက် မသင့်လျှော်တာတွေ၊ လုပ်ငန်းခွင်အတွက် အနည်းနဲ့ အများထိခိုက်လာနိုင်တာတွေ ရှိလာနိုင်လို့ပါ။

အောင်မြင်စေမယ့် အလေ့အထ ၈ ချက်


အောင်မြင်သူတွေဟာ အကျပ်အတည်းကာလကို နည်းရာက ပိုမိုများပြားလာ ဖို့၊ငယ်ရာက ပိုမိုကြီးထွားလာဖို့အတွက်အပြောင်းအလဲလုပ်ရမယ့်ကာလအဖြစ်လက်ခံလေ့ရှိကြပါတယ်။

စီးပွားရေးလုပ်ငန်းတွေမှာ အအောင်မြင်ဆုံးပုဂ္ဂိုလ်တွေဟာ တခြားသူနဲ့မတူကွဲပြားခြားနားစွာ လုပ်ကိုင်လေ့ရှိကြပါတယ်။ သူတို့ဘယ်လိုလုပ်ကြတာလဲ၊ ဘာကြောင့် သူတို့လုပ်ကိုင်ပုံလုပ်ကိုင်နည်းဟာအောင်မြင်တာလဲဆိုတဲ့အချက်ကို ဆန်းစစ်ကြည့်တဲ့အခါ ထိုသူတို့ရဲ့အလေ့အထတွေကို စုစည်းထုတ်နုတ်ယူနိုင်ပါလိမ့်မယ်။

၁။ အထောက်အပံ့ပစ္စည်းတွေကို အားမထားပါနဲ့

အလုပ်တစ်ခုခုလုပ်တဲ့အခါ အပံ့အပိုးဖြစ်မယ့်အစီအစဉ်တွေချမှတ်ပြီး အဲဒီအစီအမံတွေရှိနေတဲ့အပေါ် အားကိုးအားထားပြုနေရင် အေးအေးဆေးဆေး “နှပ်”နေနိုင်ပါလိမ့်မယ်။ အကျပ်အတည်းကာလကြုံနေတာတောင် စိတ်ချလက်ချဖြစ်နေစေတတ်ပါတယ်။ တကယ်လို့ ““ဘုရင့်နောင် ဖောင်ဖျက်”” စိတ်ဓာတ်မျိုး၊ ငါ့မှာတော့ နောက်ထပ်ရွေးစရာအစီအစဉ် မရှိတော့ဘူး ဆိုတဲ့အနေအထားမျိုးဆိုရင်အချိန်အမြောက်အမြား ပိုပေး၊ ပိုပြီး အားထုတ်ကြိုးပမ်းမှာပါပဲ။ “ရွေးစရာမရှိ” ဆိုတဲ့အကျနာမယ့်အနေအထားမှာ အပြည့်အ၀နှစ်မြှုပ်လုပ်ကိုင်မှုကြောင့် အရင်က မဖြစ်နိုင်ဘူးလို့ ခံယူထားခဲ့တာထက်ပိုပြီး အားထုတ်ကြိုးပမ်းလုပ်ကိုင်နိုင်ပါလိမ့်မယ်။

တကယ်လို့ အဆိုးဝါးဆုံးအခြေအနေတစ်ခုခု တစ်နည်းနည်းနဲ့ ဖြစ်လာရင်““အဆိုးဝါးဆုံး”” ဆိုတာကလည်း ထင်ထားသလောက် ဘယ်တော့မှ မဆိုးရွားပါဘူး။ပြန်လည်ကောင်းမွန်လာစေမယ့် နည်းလမ်းတစ်ခုခုကိုရှာနိုင်မယ်လို့ ယုံကြည်ထားပါ။ ကြိုးစားအားထုတ်လုပ်ကိုင်နေသမျှကာလပတ်လုံး၊ အမှားတွေကနေသင်ခန်းစာယူ ပြုပြင်နေသမျှကာလပတ်လုံး အောင်မြင်မှုကို ဆုပ်ကိုင်နိုင်မယ့်လမ်းပေါ်မှာ မလွဲမသွေရှိနေပါလိမ့်မယ်။

၂။ အလုပ်အမြဲလုပ်ပါ

နည်းနည်းပါးပါး အားထုတ်လုပ်ရုံနဲ့အဆင်ပြေနိုင်သလို နည်းနည်းပိုပြီးထပ်အားထုတ်လုပ်ရုံနဲ့လည်း ပိုပြီး အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ဒီလောက်အားထုတ်မှုပမာဏဟာ ဘယ်အရာမှာမှထူးချွန်စေမှာမဟုတ်ပါဘူး။ အမှန်တကယ်ထူးချွန်ပြောင်မြောက်ချင်ရင်တော့မလုပ်စဖူးလို့ ဆိုရလောက်အောင် စူးစူးနစ်နစ်ကြိုးပမ်းအားထုတ်ရပါမယ်။ ရှားရှားပါးပါး ထူးချွန်ပြောင်မြောက်သူ ဘယ်သူ့ကိုမဆို စေ့စေ့စပ်စပ်လေ့လာကြည့်ရင်ဒီအခြေဒီအနေရောက်အောင်ကိုယ့်ကိုယ်ကိုယ်ပျိုးထောင်ဖို့ အချိန်ပေါင်းများစွာ၊နေ့ရက်ကာလရှည်ကြာ အားထုတ်ကြိုးစားခဲ့တာကို သိမြင်ပါလိမ့်မယ်။ စစ်မှန်တဲ့အောင်မြင်မှုအတွက် ဖြတ်လမ်းမရှိပါဘူး။တစ်ကြိမ်တည်းနဲ့လည်း အောင်ပန်းမဆွတ်နိုင်ပါဘူး။ အောင်မြင်မှုအတွက် အချိန်နဲ့ကြိုးစားမှု ရင်းနှီးရတယ်ဆိုတာ လူတိုင်းလက်ခံကောင်း လက်ခံကြပေမယ့် ထူးထူးခြားခြားအောင်မြင်သူတွေကလွဲလို့ လူတိုင်းမလိုက်နာကြပါဘူး။

 ဒါကြောင့် အခုပဲ ကြိုးစားပမ်းစားလုပ်ဆောင်ပါ။ မဟုတ်ရင် အစားပြန်မရမယ့်အချိန်တွေ အလဟဿကုန်ဆုံးသွားပါလိမ့်မယ်။



၃။ ဆထက်ထမ်းပိုး ပိုပြီး အလုပ်လုပ်ပါ

““ရုံးဆင်းချိန်မှန်အောင်၊ အချိန်ပိုမလုပ်ရအောင်စီမံခန့်ခွဲနိုင်ပါစေ”” ဆိုတဲ့အကြံပေးချက်တွေကိုမေ့ထားပါ။ ဒီလိုအောင်မြင်စေမယ့် အလေ့အထအကြံပေးသူတွေအတွက် သူတို့နည်းသူတို့ဟန်နဲ့ အိုကေပေမယ့် အဲဒါက အအောင်မြင်ဆုံးဖြစ်ချင်သူအတွက်တော့ မဟုတ်ပါဘူး။ လျှမ်းလျှမ်းတောက် စွန့်ဦးတီထွင်လုပ်ငန်းရှင်တိုင်းဟာ သာမန်လူတွေထက်ပိုပြီး၊ အချိန်အများကြီး ပိုပေးပြီး အလုပ်လုပ်ကြသူတွေချည်းပဲဆိုတာ လေ့လာကြည့်ရင်သိနိုင်ပါတယ်။ သူတို့တွေမှာအပြီးသတ်သည်အထိ သူတို့လုပ်ချင်တဲ့“လုပ်ရန်စာရင်း” အရှည်ကြီးရှိနေတတ်ပါတယ်။ ဒါကြောင့်လည်း သူများတွေထက်ပိုပြီး အလုပ်လုပ်ချိန်အများအပြားပေးရတာပါ။ အခြေအနေတိုးတက်သထက်တိုးတက်လာတာတောင် အလုပ်လုပ်ချိန်များများပေးချင်နေတုန်းပါပဲ။

 အလုပ်အပေါ် စွဲစွဲနစ်နစ်မရှိရင်ကိုယ့်ပန်းတိုင်ရောက်ဖို့ အာသီသမပြင်းထန်သူ၊ ကိုယ့်ပန်းတိုင်အပေါ် တန်ဖိုးမထားသူ၊ ဒါမှမဟုတ် “အလွယ်တကူရနိုင်တဲ့ပန်းတိုင်ပါကွာ” ဆိုပြီး တခြားသူတွေက ယူဆမှာဖြစ်သလို ကိုယ်တိုင်လည်း ထူးထူးခြားခြားအောင်မြင်မှု ရတော့မှာမဟုတ်ပါဘူး။



၎။ အုပ်စုတွေကို ရှောင်ကြဉ်ပါ

လူအများရဲ့ သမားရိုးကျအသိအမြင်ဟာ သမားရိုးကျအကျိုးရလဒ်တွေကိုပဲပေးပါလိမ့်မယ်။ အုပ်စု၊ အဖွဲ့အစည်းတစ်ခုခုမှာ ရောရိရောရာပါဝင်တဲ့အခါဘယ်လောက်ပဲ အဲဒီအုပ်စုက အလားအလာကောင်းပါစေ၊ အခွင့်အလမ်းတွေများနေပါစေ သာမန်သူလို ငါလိုအနေအထားမျိုးပဲဖြစ်ထွန်းတတ်ပါတယ်။ လျှမ်းလျှမ်းတောက်အောင်မြင်သူတွေဟာလူအများမလုပ်တာမျိုးကို အလေ့အထအားဖြင့်လုပ်လေ့ရှိသူတွေပါ။ အပြိုင်အဆိုင်အလွန်နည်းပါးပြီး အောင်မြင်နိုင်ခြေ အလွန်မြင့်မားတဲ့အတွက် လူအများ“မသွားတဲ့လမ်း” ကိုမှ သူတို့က ယုံယုံကြည်ကြည်သွားချင်သူတွေပါ။



၅။ အဆုံးကနေ အစပြုပါ

သာမန်ကာလျှံကာအောင်မြင်မှုကိုဆန်းစစ်ကြည့်ရင် သာမန်ရည်ရွယ်ချက်တွေကနေအခြေခံပြီး ပေါ်ပေါက်လာကြောင်း မကြာမကြာတွေ့ရပါတယ်။ဒါကြောင့် ဘယ်လိုအောင်မြင်မှုမျိုး ကိုယ့်နယ်ပယ်မှာ အကောင်းဆုံး၊ တိုးတက်မှုအမြန်ဆုံး၊ ဈေးအချိုဆုံး၊ လုပ်ငန်းအကြီးဆုံးစသဖြင့် ဘာမဆို အမှန်တကယ်လိုချင်တာလဲဆိုတာ သေသေချာချာဆုံးဖြတ်ပါ။ ဆုံးခန်းတိုင်သည်အထိ ရည်ရွယ်ပါ။ ဘယ်နေရာ၊ ဘယ်အဆင့်မှာ ပြီးဆုံးချင်သလဲဆုံးဖြတ်ပါ။ ဒီလိုလုပ်ဆောင်မှုအဆင့်ဆင့်ဟာ ရည်မှန်းချက် ချမှတ်တာဖြစ်ပါတယ်။

 ပြီးတဲ့အခါ ရည်မှန်းချက်အောင်မြင်မှုဆီသွားရာလမ်းကို လက်ရှိ “နေရာ”ကတစ်ဆင့်ချင်းတစ်လှမ်းချင်းသွားပါ။ ရည်မှန်းချက်တွေနဲ့ပတ်သက်လာရင် အသေးအဖွဲကနေ ဘယ်တော့မှမစတင်ပါနဲ့။အန္တိမရည်မှန်းချက်ဟာ အဆုံးစွန်သောအောင်မြင်မှုဖြစ်လာတဲ့အခါ ကောင်းသထက်ကောင်းတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပြီး ပိုပြီးကြိုးစားအားထုတ်လုပ်ကိုင်ဖို့လည်း ပိုမိုလွယ်ကူလာပါလိမ့်မယ်။



၆။ အောင်မြင်မှုမှာ မရပ်တန့်ပါနဲ့

ဘယ်လောက်ပဲ ကြီးမားတဲ့အောင်မြင်မှုကိုပိုင်ဆိုင်ပါစေ၊ လျှမ်းလျှမ်းတောက်အောင်မြင်လိုသူအတွက် နိဂုံးမဟုတ်သေးပါဘူး။ ကြီးမားတဲ့အောင်မြင်မှုတစ်ခုရရှိတာဟာ နောက်ထပ်အောင်မြင်မှုကြီးတစ်ခုခု ပိုင်ဆိုင်ဖို့အတွက် ရေခံမြေခံတစ်ခုဖန်တီးလိုက်တာပါပဲ။ ဒေါ်လာမီလီယံပေါင်းများစွာ တန်တဲ့လုပ်ငန်းတစ်ခုကိုဖန်တီးလိုတယ်ဆိုပါစို့၊ အဆက်အသွယ်တိုးပွားအောင်လုပ်တာ၊ သြဇာကျယ်ပြန့်အောင် ကရုဏာဖောင်ဒေးရှင်းတည်ထောင်တာတွေလုပ်နိုင်ပါတယ်။ ဒီ့နောက်မှာ လုပ်ငန်းရဲ့အောင်မြင်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုကနေရလာတဲ့အောင်မြင်မှုဟာ ပြောနိုင်၊ ရေးနိုင်၊ တွေးနိုင်၊ ဦးဆောင်နိုင်မယ့် အုတ်မြစ်တစ်ခုကိုဖန်တီးပေးနိုင်ပါတယ်။ နယ်ပယ်တစ်ခုတွင်းအောင်မြင်မှုအတွက် လုပ်ဆောင်မှုအဆင့်ဆင့်ကနေတစ်ဆင့် တခြားနယ်ပယ်တွေမှာလည်း အောင်မြင်စေမယ့် ကျွမ်းကျင်မှုတွေ၊ ကွန်ရက်အဆက်အသွယ်တွေပေါ်ပေါက်စေပါလိမ့်မယ်။

 လျှမ်းလျှမ်းတောက် အောင်မြင်သူတွေဟာ “ပြိုင်ကွင်း” တစ်ခုတည်းမှာပဲအနိုင်ရဖို့ ကြိုးပမ်းသူတွေမဟုတ်ပါဘူး။သူတို့ဟာ ဆက်စပ်ရာ “ပြိုင်ကွင်းအသီးသီး”မှာ အောင်မြင်ဖို့ မျှော်မှန်းချက်ထားပြီးစီမံကြသူတွေဖြစ်ပါတယ်။



၇။ ဈေးကွက်တင်တတ်ပါ

လုပ်ငန်းရှင်တွေ၊ စီအီးအိုတွေကိုသူတို့အောင်မြင်မှုရဲ့အရေးအကြီးဆုံးသော့ချက်ဖြစ်တဲ့ ကျွမ်းကျင်မှုကို မေးမြန်းတဲ့အခါ ““ရောင်းတတ်တဲ့စွမ်းရည်”” လို့လူတိုင်းက ဖြေကြပါ တယ်။ “ရောင်းခြင်း”ဟာ သူတစ်ပါးကို ဖိအားပေးခြင်း၊ခြယ်လှယ်ခြင်း၊ ချော့မော့မြှောက်ပင့်နားချခြင်းမဟုတ်ဘူးဆိုတာကို လက်ခံရပါမယ်။ တကယ်တော့ “ရောင်းချခြင်း” ဟာဆုံးဖြတ်ချက်တစ်ခုခု၊ ဒါမှမဟုတ် အခြေအနေတစ်ခုခုဆိုင်ရာ အခြေခံတွက်ချက်မှုနဲ့ အကျိုးရလဒ်တွေပဲဖြစ်ပါတယ်။ ရောင်းချခြင်းဟာ တခြားသူတွေကို ကိုယ်နဲ့အတူ“အလုပ်”လုပ်အောင် ဆွဲဆောင်စည်းရုံးခြင်းဖြစ်သလို ငြင်းဆန်မှုတွေ၊ အထစ်အငေါ့တွေကို ကျော်ဖြတ်တာဖြစ်ပါတယ်။

 ရောင်းချခြင်းဟာ ဆွေးနွေးညှိနှိုင်းဖို့၊“ငြင်းဆန်မှု”ကို ဖြေရှင်းဖို့၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့နဲ့ ငြင်းဆန်မှုနဲ့ကြုံလာရင်တောင် စိတ်မပျက်အားမလျှော့ဘဲကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားဖို့၊ လူအမျိုးမျိုးနဲ့ ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်ဖို့၊ ရေရှည်ဆက်နွှယ်မှုတည်ဆောက်ဖို့စတဲ့ လုပ်ငန်းနဲ့ ပုဂ္ဂိုလ်ရေးရာအောင်မြင်မှုတို့ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

 ကိုယ့်စိတ်ကူးကိုပဲဖြစ်ဖြစ်၊ ကိုယ့်ကုမ္ပဏီကိုပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ်ပဲဖြစ်ဖြစ် ကိုယ်တိုင်စစ်စစ်မှန်မှန် ယုံကြည်တဲ့အခါ အတ္တမာန၊ ကိုယ်ရည်ကိုယ်သွေးတွေ ကြီးကြီးမားမားထားစရာမလိုတော့ပါဘူး။ ““ရောင်းချဖို့မလိုအပ်”” ဆက်သွယ်ပြောဆိုဖို့သာ လိုအပ်ပါလိမ့်မယ်။

၈။ မာန်မတက်ပါနဲ့

အမှားလုပ်ပြီးရင် မှားကြောင်း ၀န်ခံပါ။ ၀မ်းနည်းကြောင်းပြောပါ။ ရည်မှန်းချက်စိတ်ကူး ကြီးကြီးမားမားထားပါ။ ကိုယ့်အောင်မြင်မှုမှာ တခြားသူတွေရဲ့ကျေးဇူးမကင်းကြောင်း လက်ခံပါ။ လိုအပ်လာရင်ကိုယ့်ကိုယ်ကိုယ် သရော်လှောင်ပြောင်ပါ။ကိုယ်ချည်းပဲ တော်လှချေရဲ့မလုပ်ပါနဲ့။ တခြားသူထံ အကူအညီတောင်းပါ။ ရှုံးနိမ့်မှုဖြစ်လာရင် လက်ခံပါ။ ပြီးထပ်ကာထပ်ကာ ကြိုးစားအားထုတ်ပါ။

Source: HR Journal

မန်နေဂျာ၏ အခန်းကဏ္ဍများ



လုပ်ငန်းတစ်ခုရဲ့ မန်နေဂျာတွေမှာ သူတို့ထမ်းဆောင်ရတဲ့အခန်းကဏ္ဍတွေရှိ ကြတယ်။ အဲဒီအခန်းကဏ္ဍတွေကို အမျိုး အစားသုံးခုခွဲခြားနိုင်တယ်။ အဲဒီအမျိုးအ စားသုံးခုက အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) လူများနှင့် အပြန်အလှန်ဆက်စပ်ခြင်း (၂) သတင်းအချက်အလက်နှင့် ပတ်သက် ၍ လုပ်ဆောင်ခြင်း (၃) ဆုံးဖြတ်ချက်အမျိုးမျိုးချမှတ်၍ အလုပ် လုပ်ခြင်း လူအများနှင့် အပြန်အလှန်ဆက်စပ် ပြီး လုပ်ကိုင်တဲ့အခါ အခန်းကဏ္ဍသုံးခုမှာ လှုပ်ရှားပါဝင်ဆောင်ရွက်ရတယ်။ အဲဒီအ ခန်းကဏ္ဍသုံးခုကတော့ (၁) အမည်ခံခေါင်းဆောင်အဖြစ် ဆောင် ရွက်ခြင်း (၂) ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခြင်း (၃) ဆက်သွယ်သူအဖြစ်ဆောင်ရွက်ခြင်း
အမည်ခံခေါင်းဆောင်အဖြစ် ဆောင် ရွက်ရတာတွေက အခန်းကဏ္ဍတွေမှာ ပါ ဝင်ပတ်သက်ရတာမျိုးဖြစ်တယ်။ အခမ်းအ နားတွေမှာ တက်ရောက်လာတဲ့သူတွေကို ကိုယ့်အဖွဲ့အစည်းရဲ့ခေါင်းဆောင်အနေနဲ့ နှုတ်ခွန်းဆက်ရတယ်။ တရားဝင်မှတ်တမ်း အထောက်အထားတွေမှာ လက်မှတ်ရေး ထိုးရတယ်။ ခေါင်းဆောင်အနေနဲ့ လုပ် ဆောင်ရတာတွေကတော့ ညွှန်ကြားမှုပေး တာ၊ ကိုယ့်ရဲ့လက်အောက်က ဝန်ထမ်းတွေ ကို တက်ြွကမှုရှိအောင် လုပ်ဆောင်တာ၊ လေ့ကျင့်ပေးတာ၊ အကြံÓဏ်ပေးတာ၊ ဝန် ထမ်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်တာတို့ ဖြစ်ပါတယ်။ ဆက်သွယ်ဆောင်ရွက်သူအ ဖြစ် လုပ်ကိုင်ဆောင်ရွက်ရတဲ့နေရာမှာ တော့ အတွင်းအပြင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး သတင်းအချက်အလက် ထိန်းသိမ်းမှုတွေကို ပြုလုပ်ရတယ်။ စာပို့ ရတယ်၊ ဖုန်းပြောရတယ်၊ အစည်းအဝေး တွေတက်ရတယ်၊ အစည်းအဝေးပြုလုပ်ရတယ်။ သတင်းအချက်အလက်နဲ့ ပတ်သက် ပြီး လုပ်ဆောင်တဲ့နေရာမှာတော့ အခန်း ကဏ္ဍသုံးခုရှိပါတယ်။ အဲဒီအခန်းကဏ္ဍ တွေကတော့

(၁) သတင်းကို ဖမ်းယူနားထောင်သူ (၂) သတင်းအချက်အလက်ကို ဖြန့်ဝေသူ (၃) သတင်းအချက်အလက်နှင့် ပတ်သက် ပြီး ပြောရေးဆိုခွင့်ရှိသူတို့ဖြစ်ကြတယ်။ မန်နေဂျာတစ်ဦးဟာ သတင်းအချက် အလက်တွေကို ရှာဖွေရပါမယ်။ လက်ခံရ ပါမယ်။ ပြီးတော့ အချိန်မှန်စစ်ဆေးပြီးအစီ ရင်ခံတင်ပြစရာရှိရင် တင်ပြရမယ်။ ပုဂ္ဂိုလ် ရေးအချက်အလက်တွေနဲ့ ပတ်သက်ပြီး ထိန်းသိမ်းစရာရှိရင် ထိန်းသိမ်းရမယ်။ သ တင်းအချက်အလက်ဖြန့်ဝေတဲ့နေရာမှာ တော့ တခြားသောအဖွဲ့အစည်းဝင်တွေဆီ သတင်းအချက်အလက်ဖြန့်ဝေစရာရှိရင် ဖြန့်ဝေရမယ်။ မှတ်ချက်နှင့် အစီရင်ခံစာ ပို့စရာရှိရင်ပို့ရတယ်။ တယ်လီဖုန်းဆက်စ ရာရှိရင် ဆက်ရပါတယ်။ ပြင်ပပုဂ္ဂိုလ်တွေ ဆီကို ပြောရေးဆိုခွင့်ရှိသူအနေနဲ့ သတင်း ထုတ်လွှင့်ရပါမယ်။ မိန့်ခွန်းပြောစရာရှိရင် ပြောရမယ်။ အစီရင်ခံစရာရှိရင် အစီရင်ခံ ရမယ်။ မှတ်ချက်ပေးစရာရှိရင်ပေးရမယ်။ ဆုံးဖြတ်ချက်အမျိုးမျိုးချမှတ်ပြီး အလုပ်လုပ်တဲ့နေရာမှာတော့ အခန်းကဏ္ဍလေးခုရှိပါတယ်။ အဲဒါတွေက

(၁) စွန့်စားတီထွင်သူ (၂) နှောင့်ယှက်သင်ကြားသူ (၃) အရင်းအမြစ်သတ်မှတ်သူ (၄) စေ့စပ်ညှိနှိုင်းဆွေးနွေးသူတို့ ဖြစ်ကြပါ တယ်။ စီမံချက်တွေကို တိုးတက်မှုရှိအောင် အစပထမလုပ်ဆောင်တဲ့အခါ အတွေးအ ခေါ်အယူအဆအသစ်တွေကို သတ်မှတ် ပြဋ္ဌာန်းတဲ့အခါ တခြားသူတွေကို အယူအ ဆတွေနဲ့ ပတ်သက်ပြီး တာဝန်ခံကိုယ်စား ပြုတင်ပြတဲ့အခါ စွန့်ဦးတီထွင်သူအနေနဲ့လုပ်ဆောင်ရပါမယ်။ အငြင်းပွားရတဲ့အ ချိန်ကာလတွေ၊ အကျပ်အတည်းကာလ တွေ၊ မှားယွင်းတဲ့လုပ်ဆောင်မှုတွေအတွက် နှောင့်ယှက်သင်ကြားသူအနေနဲ့ လုပ် ဆောင်ရပါမယ်။ မိမိရဲ့လက်အောက်ခံဝန် ထမ်းတွေအကြားမှာ ရန်ဖြစ်တာတွေသ ဘောထားကွဲလွဲတာတွေအတွက် ဖြေရှင်း ပေးတဲ့သူဖြစ်ရမယ်။ ပတ်ဝန်းကျင်အခက် အခဲတွေကိုလည်း ပုံစံပြောင်းပစ်နိုင်စွမ်းရှိ ရမယ်။ အချိန်ဇယားရေးဆွဲခြင်း၊ ခန့်မှန်း ခြေရသုံးငွေစာရင်းရေးဆွဲခြင်း၊ ဦးစားပေး မှုသတ်မှတ်ခြင်းတွေမှာတော့ မန်နေဂျာ တွေဟာ အရင်းအမြစ်သတ်မှတ်သူတွေ ဖြစ်ပါလိမ့်မယ်။ ပဋိÓဉ်ပြုခြင်း၊ ရောင်းချ ခြင်း၊ ဝယ်ယူခြင်း ခန့်မှန်းခြေရသုံးငွေစာ ရင်းရေးဆွဲခြင်းတွေမှာတော့ ဌာနရဲ့အကျိုး စီးပွားအတွက် ကိုယ်စားပြုပြီးစေ့စပ်ညှိနှိုင်း တဲ့သူဖြစ်ရပါမယ်။ မန်နေဂျာဆိုတာ ခေါင်းဆောင်တစ် ဦးလည်းဖြစ်တယ်ဆိုတာ လူအများစုက လက်ခံယုံကြည်ပါတယ်။ ခေါင်းဆောင် တွေ သတိပြုရမယ့်အချက်တွေကတော့

(၁) ကိုယ့်ရဲ့အဖွဲ့အစည်းအောင်မြင်ဖို့အ တွက် ထူးချွန်ထက်မြက်သူတွေ လိုအပ် တယ်ဆိုတာ သိရှိရပါမယ်။ (၂) ကိုယ်ကိုယ်တိုင်လည်း ထူးချွန်ထက် မြက်သူဖြစ်ရပါမယ်။ (၃) နေရာတိုင်းမှာ ကိုယ့်အနေနဲ့ မတော် နိုင်တဲ့အကြောင်း၊ တော်ဖို့လည်းမလိုတဲ့အ ကြောင်းသိရပါမယ်။ အထက်က ဖော်ပြခဲ့တာတွေက တော့ မန်နေဂျာတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ် သက်ပြီး မှတ်သားမိတာဖြစ်ပါတယ်။

Ref: HR journal

လုပ်ငန်းရှင်တစ်ဦး ရဲ့ ဖွင့်ဟဝန်ခံချက်



တစ်လောက လုပ်ငန်းငယ်ကလေးတစ်ခုက လုပ်ငန်းရှင်တစ်ဦးနဲ့ တွေ့ဆုံမိပြီးသူခံစားရတာတွေ၊ သူကြုံတွေ့နေရတာတွေကို ပြောပြလို့နားထောင်ခဲ့ရတယ်။ သူကစားသောက်ကုန်လုပ်ငန်းတစ်ခုလုပ်ကိုင်နေတဲ့သူပါ။ အလုပ်သမားဝန်ထမ်းအင်အားငါးဆယ်ခန့်ရှိပါတယ်။ လုပ်ငန်းငယ်လေးဆိုတော့ ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုရောထွေးနေတာပေါ့။ သူပဲ လုပ်ငန်းရှင်၊ သူပဲမန်နေဂျာဖြစ်နေပါတယ်။ သူပြောပြတာတွေက ဒီလိုပါ။

“တစ်လောက သတင်းစာမှာ ပညာပေးမေတ္တာရပ်ခံချက်ဆိုပြီး ဖတ်လိုက်ရတယ်။ အဲဒီပညာပေးမေတ္တာရပ်ခံချက်ကလူမှုရေးအဖွဲ့က ထုတ်ပြန်တာပါ။ ကွန်ပျူတာနဲ့ ဖတ်နိုင်တဲ့ အာမခံစိစစ်ရေးကတ်ပြားတွေလုပ်ပေးမယ်ဆိုတာနဲ့ ကျွန်တော့်လုပ်ငန်းကအလုပ်သမားတွေကို လူမှုဖူလုံရေးကတ်လုပ်ခိုင်းလိုက်တယ်။ ကျွန်တော့်လုပ်ငန်းက အလုပ်သမားတွေကလည်းအမြဲတမ်းရှိကြတာမဟုတ်ဘူး။ ၀င်လိုက်၊ထွက်လိုက်နဲ့ပေါ့ဗျာ။ အဲဒီတော့ လူမှုဖူလုံရေးမှာ စာရင်းဝင်နေတာက ဆယ့်ငါးယောက်လောက်ပဲရှိနေတယ်။ အဲဒီဆယ့်ငါးယောက်ကိုလည်း ကျွန်တော်ကလူမှုဖူလုံရေးကြေးတွေဘာတွေဖြတ်နေတာမလုပ်ပါဘူး။ ကျွန်တော့်ဘာသာပဲ ထည့်ပေးနေတာ၊ သူတို့ရဲ့သာရေး၊ နာရေးကိစ္စတွေလည်း ကျွန်တော်ပဲတာဝန်ယူလုပ်ကိုင်ပေးနေတာပေါ့။ အခုတော့ လူမှုဖူလုံရေးဥပဒေအသစ်ထွက်လာတာလို့ ကြားမိတာရယ်၊ ကျွန်တော့်အနေနဲ့လည်းထောက်ပံ့စရာရှိရင် အရင်ကလိုများများစားစားထောက်ပံ့စရာလိုတော့ဘူးဆိုပြီး လက်ရှိအချိန်မှာ ကျွန်တော့်ဆီမှာ အလုပ်လုပ်နေတဲ့လူတွေအားလုံးကို လူမှုဖူလုံရေးကတ်ပြားလုပ်ခိုင်းလိုက်တယ်။ အဲဒီမှာ စပြီးပြဿနာတက်တော့တာပဲဗျို့။ အရင်လအတွက်ပါပြန်ပြီးသွင်းပေးရမယ်လို့ဆိုတယ်။ ကျွန်တော်လည်း အလုပ်သမားတွေကို ဘာမှပြောမနေတော့ပါဘူး။ ကျွန်တော့်ဘာသာပဲသွင်းပေးလိုက်တယ်။ ဒါပေမဲ့ နောက်လကျတော့ အလုပ်သမားတွေအားလုံးကိုခေါ်ပြီးပြောပြလိုက်တယ်။ အလုပ်သမားတွေကို သူတို့လစဉ်ဝင်ငွေရဲ့ ၄ ရာခိုင်နှုန်းကို လူမှုဖူလုံရေးကြေးထည့်ရမှာဖြစ်တဲ့အကြောင်း ကျွန်တော်က ၂ ဒသမ ၅ ရာခိုင်နှုန်း၊ သူတို့တတွေက ၁ ဒသမ ၅ ရာခိုင်နှုန်းထည့်ဝင်ရမှာဖြစ်တဲ့အကြောင်း၊ အဲဒါကြောင့် သူတို့ရဲ့လစဉ်ဝင်ငွေထဲကနေဖြတ်တောက်ရမယ်ဆိုတဲ့အကြောင်းပေါ့။သူတို့လေးတွေကလည်း ဘာမှမပြောကြပါဘူး။ သူတို့တတွေကိုလည်း ကျွန်တော်ကရှင်းပြထားပါတယ်။ ဆေးဝါးကုသလို့ရတဲ့အကြောင်း၊ ကျန်တဲ့အကျိုးကျေးဇူးတွေလည်းရှိတဲ့အကြောင်း ရှင်းပြထားတယ်။

တစ်နေ့တော့ ကျွန်တော့်ရဲ့အလုပ်သမားလေးတစ်ယောက်က အအေးမိပြီးနေမကောင်းဖြစ်တယ်။ အဲဒီဌာနရဲ့ဆေးခန်းကို သွားတယ်။ အဲဒီမှာ တာဝန်ရှိတဲ့အမျိုးသမီးတစ်ဦးက သူ့ကိုမေးတယ်။ ကျွန်တော့်ဆီမှာ အလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲပေါ့။ သူကတစ်နှစ်ရှိပြီလို့ပြောလိုက်တယ်။ ကျွန်တော့်အလုပ်သမားလေးက လွယ်လွယ်ဖြေလိုက်တာပါဗျာ။သူက ကျွန်တော့်ဆီမှာ အလုပ်လုပ်တာတစ်နှစ်ရှိပြီဆိုတာက တင်းပြည့်ကျပ်ပြည့်တစ်နှစ်မဟုတ်ပါဘူး။ ၀င်လိုက်ထွက်လိုက်နဲ့ လုပ်နေတာပါ။ အလွန်ဆုံးရှိလှ ကျွန်တော့်ဆီမှာ သူအလုပ်လုပ်တာ သုံးလပါပဲ။ဒါပေမဲ့ အဲဒီအလုပ်သမားလေးနဲ့ စာရေးပေးလိုက်တယ်ဗျို့။ နောက်ကြောင်းပြန်ပြီးထည့်ဝင်ကြေးတွေသွင်းရမတဲ့။ ကျွန်တော်လည်း စိတ်ညစ်သွားပြီး အဲဒီရုံးကို သွားရှင်းပြရတယ်။

ပြီးတော့ အခွန်အခကလည်းမျိုးစုံပါပဲဗျာ။ စည်ပင်သာယာခွန်ရှိတယ်၊ စီမံခန့်ခွဲရေးရန်ပုံငွေရှိတယ်၊ ကျွန်တော်လည်းနားလည်ပါတယ်ဗျာ။ အခွန်အခရှိမှ နိုင်ငံတော်အနေနဲ့ အလုပ်လုပ်လို့ရမှာပေါ့။ ပြီးတော့ အခွန်ဦးစီးဌာနကို သွင်းရတာလည်းရှိသေးတယ်။ ပြီးတော့တချို့တချို့ဌာနတွေကလည်း အလှူငွေကောက်ခံစာတွေရှိသေးတယ်ဗျို့။ ကျွန်တော်လည်း ကျသင့်တဲ့အခွန်အခပေး၊ လှူသင့်တဲ့အလှူငွေထည့်ပေါ့ဗျာ။

ပြီးတော့ ကျွန်တော်နားမလည်တာတွေလည်း ရှိသေးတယ်။ ဥပမာ ဆေးစစ်တဲ့ ကျန်းမာရေးစစ်တဲ့ကိစ္စဆိုပါစို့။ ကျန်းမာရေးဌာနကလည်း စစ်တယ်၊ စည်ပင်သာယာကလည်းစစ်တယ်၊ လူမှုဖူလုံရေးကလည်းစစ်တယ်။ အားလုံးအတွက် ကျန်းမာရေးဆေးစစ်တာနဲ့ ပတ်သက်ပြီး ကုန်ကျစရိတ်တွေပေးရတော့တာပဲ။ ဌာနတစ်ခုတည်းက စစ်တာနဲ့ မပြည့်စုံ၊ မလုံလောက်ဘူးလားဗျာ။

အခုလည်း လျှပ်စစ်မီတာခတွေ ဈေးတက်ပြန်ပြီဗျို့။ ကျွန်တော်လည်းစိတ်ညစ်ပြီးရင်း စိတ်ညစ်ရင်းပဲ။ ကျွန်တော့်ပစ္စည်းကို ဈေးတက်ပြီးရောင်းရဦးမယ်။ ဈေးမတက်ချင်ဘဲနဲ့ တက်ရဦးမယ်။ ဈေးတက်တိုင်းလည်း အဆင်ပြေတာမဟုတ်ဘူးဗျ။ကုန်ကျစရိတ်တွေများလာလို့သာ ဈေးတက်ရတာပါ။ ၀ယ်ယူစားသုံးတဲ့သူအနေနဲ့ဈေးကြီးတယ်လို့မြင်ပေမဲ့ ကျွန်တော့်အနေနဲ့ ရောင်းအားတက်ပြီး အမြတ်တွေအများကြီးရတာမဟုတ်ဘူး။ လုပ်ငန်းလည်ပတ်နိုင်အောင်မနည်းကြိုးစားနေရတယ်။

ကျွန်တော့်အနေနဲ့ကလည်း လုပ်ငန်းရှင်လို့သာအမည်ခံနေရတာပါဗျာ။ ကြိုးစားရုန်းကန်ရင်းနဲ့ ဒီဘ၀ရောက်ခဲ့တာ။ အခုလည်းသူဌေးကြီး၊ သူကြယ်ကြီးဖြစ်နေတာမဟုတ်ဘူး။ လုပ်ငန်းလည်ပတ်နေအောင်လို့မနည်းကြိုးစားနေရတယ်။ လုပ်ငန်းလည်ပတ်နေအောင်လို့ဆိုတာက ကျွန်တော်အဆင်ပြေကြီးပွားဖို့ မဟုတ်ဘူး။ကျွန်တော့်မိသားစုအပါအ၀င် ကျွန်တော့်ကို မှီခိုနေတဲ့အလုပ်သမားတွေအားလုံးအဆင်ပြေအောင် လုပ်ကိုင်နေရတာဗျို့။

ကျွန်တော်တို့မှာ အလုပ်သမားပြဿနာမရှိပါဘူး။ ကျွန်တော်ကိုယ်ချင်းစာစိတ်ရှိပါတယ်။ သူတို့လည်း ဘ၀ရပ်တည်ရေးအတွက် အလုပ်လုပ်နေတာ။ ကျွန်တော်လည်း ဘ၀ရပ်တည်ရေးအတွက် အလုပ်လုပ်နေတာပဲ။ ကျွန်တော်ထောက်ပံ့သင့်တာ ထောက်ပံ့ပါတယ်။ ပေးကမ်းသင့်တာပေးကမ်းပါတယ်။ သာရေး၊ နာရေး၊ ကျန်းမာရေးတို့နဲ့ပတ်သက်ရင်လည်း လုပ်ခလစာဖြတ်တောက်တာတွေမလုပ်ပါဘူး။ ကုန်ကျစရိတ်တွေများလာတော့ သူတို့ကို လုပ်ခလစာမတိုးပေးနိုင်တာဘဲ စိတ်မကောင်းဖြစ်မိတယ်။ ပြီးတော့ အနည်းဆုံးလုပ်ခလစာသတ်မှတ်တဲ့အခါ ကျွန်တော်ပေးနိုင်တဲ့အနေအထားဖြစ်ပါစေလို့ပဲဆုတောင်းပါတယ်ဗျာ”

အဲဒီလိုပြောဆိုပြီး မောသွားတဲ့အတွက် ရေနွေးကြမ်းတစ်ခွက်ကို သောက်နေပါတယ်။ ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင်အပြင်ဘက်ကို ငေးပြီးကြည့်နေမိတယ်။ ကျွန်တော်ငေးပြီးကြည့်နေတာကလည်း စဉ်းစားခန်းဝင်နေတာပါ။ ရှေ့လာမည့်နှစ်အပိုင်းအခြားကာလတွေမှာ သူဘယ်လိုရုန်းကန်လှုပ်ရှားဦးမလဲဆိုတာပေါ့။လုပ်ငန်းငယ်ဖြစ်စေ၊ လုပ်ငန်းကြီးဖြစ်စေအခွန်ကိစ္စအပါအ၀င် တခြားကုန်ကျစရိတ်တွေရှိနေမှာပဲဖြစ်တယ်။ စ၊ လယ်၊ ဆုံးကုန်ကျစရိတ်အားလုံးပေါ်မှာ တွက်ချက်ပြီးထုတ် ကုန်ပစ္စည်းဈေးနှုန်းသတ်မှတ်ရတာပဲ ဖြစ်ပါတယ်။ အသေးစား၊ အလတ်စားလုပ်ငန်းတွေ ရှင်သန်နိုင်ပါစေလို့ပဲမျှော်လင့်မိပါတော့တယ်။
Source: HR Journal

အဲဒီ ၇ ယောက်ကို ဖြုတ်ပစ်လိုက်


သိပ်မကြာခင်ကလေးကပဲ ငOS software chief Scott Forstall နဲ့ Windows president Steven Sinofsky တို့အလုပ်ကနုတ်ထွက်သွားခဲ့ကြရပါတယ်။ နှစ်ယောက်စလုံးဟာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သက်ဆိုင်ရာ အလုပ်တွေကနေ ထွက်သွားကြရတာဖြစ်ပါတယ်။ ထွက်သွားကြရတဲ့အကြောင်းရင်းကလည်း ခပ်ဆင်ဆင်ပါပဲ။ နှစ်ယောက်စလုံးဟာ အင်မတန်တော်တဲ့ပါရမီရှင်တွေဖြစ်ကြပြီး ထိန်းကွပ်ရတာလည်း ခက်ပါတယ်။ သူတို့ဟာ အမြဲတမ်းလိုလိုခက်ထန်နေတတ်ပြီး သူတို့လုပ်ပေးနိုင်တာထက်ပိုပြီး ပြဿနာ ရှာတတ်ကြသူတွေ လည်းဖြစ်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ သူတို့ဘက်ကအမြင်ကတော့ တစ်မျိုးဖြစ်မှာပေါ့။ အရာအားလုံးက ထဲထဲဝင်ဝင်သိဖို့မဖြစ်နိုင်ပေမဲ့ သေချာတာတစ်ခုတော့ရှိပါတယ်။ သူတို့ကို အနားပေးလိုက်ဖို့ဆိုတာ သူတို့ရဲ့ CEO တွေအတွက်တော့ အင်မတန်ကိုမှခက်ခက်ခဲခဲချလိုက်ရတဲ့ဆုံးဖြတ်ချက်ဖြစ်မှာပါ။ အဲဒီလိုမျိုးလူတွေဟာ လုပ်ငန်းခွင်မှာ ဆက်လက်ရှင်သန်အောင်မြင်ဖို့ မလွယ်တဲ့လူတွေဖြစ်လာပါတယ်။ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါဟာလုပ်ကိုလုပ်ရမယ့် အလုပ်တစ်ခုပဲ။သူတို့ထွက်ကို ထွက်သွားကြရပါပြီ။ကုမ္ပဏီတစ်ခုကို အောင်မြင်ဖို့ အားလုံးသောသူတွေဝိုင်းပြီးကြိုးစားကြရတာမှန်ပေမဲ့ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသလို တစ်ဦးတစ်ယောက်တည်း ကြောင့်လည်း အဖွဲ့အစည်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည် ကျဆင်းပျက်စီးသွားစေနိုင်တာက တော့အမှန်ပဲပေါ့။ ကုမ္ပဏီတွေအနေနဲ့အဲဒီလိုလူမျိုးတွေကို ကုမ္ပဏီမှာဆက်ပြီးထိန်းထားဖို့က မဖြစ်နိုင်ပါဘူး။ ကြာကြာထားလေလေ၊ များများပျက်စီးလေလေဖြစ်မှာမို့လို့ပါ။ ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်ထဲမှာလည်းအဲဒီလိုမျိုး အခုဒါမှမဟုတ်တောင်အချိန်ကာလတစ်ခုကြာတဲ့အခါမှာ အလုပ်ထဲကထုတ်ပစ်ရမယ့်လူတွေရှိပါတယ်။ အဲဒီလူတွေကဘယ်သူတွေလဲကြည့်ကြရအောင်။

(၁) ပြဿနာငနဲတွေပါ

လုပ်ငန်းခွင်ထဲမှာ အဆင်မပြေမှုတွေရှိနေခဲ့တယ် ဆိုရင်တောင် ဘယ်လိုများ ကျွန်တော်တို့အလုပ်တွေ ပြီးအောင်ဆောင်ရွက်နေကြလည်း အံ့သြစရာကောင်းပါတယ်။ အခုထက်ထိတော့ ကျွန်တော်တို့အကောင်းဆုံး စွမ်းဆောင်ခဲ့ကြတယ်မဟုတ်လား။ တကယ်လို့သာ ၀န်ထမ်းတွေဟာ ကုမ္ပဏီအတွက် သူတို့လုပ်ပေးနိုင်တာ ထက်ပိုပြီး ပြဿနာတွေရှာလာတဲ့အခါ၊ သူတို့ဖန်တီးပေးခဲ့တာထက် ပိုပြီးဖျက်ဆီးကြတဲ့အခါ သူတို့ကိုထုတ်ပစ်လိုက်တာအကောင်းဆုံးပါ။

(၂) လုပ်နိုင်တာထက် ပိုပြောသူတွေ

တချို့လူတွေက သူတို့ကိုယ်ကို သူတို့ရှိတဲ့အရည်အချင်းထက်ပိုပြီးအထင်ကြီးနေတတ်ပြီး သူတို့သာလုပ်ရင် ဘာမဆိုဖြစ်နိုင်တယ် ထင်တဲ့လူတွေရှိပါတယ်။ တကယ်တာဝန်ပေးတဲ့အခါကျတော့ သူတို့လေကြီးခဲ့သလောက် မဟုတ်ကြပါဘူး။ဒါတကယ့် ပြဿနာတစ်ခုပါ။

(၃) ဖောက်သည်တွေကို ဂရုမစိုက်တဲ့သူတွေ

ခင်ဗျားဘာသာခင်ဗျား ကိုယ်ပိုင် လုပ်ငန်းပဲလုပ်လုပ်၊ fortune 500 ထဲကကုမ္ပဏီမှာပဲ လုပ်လုပ်အရေးမကြီးပါဘူး။ အရေးကြီးတာက ဖောက်သည်ဆိုတာရဖို့ခက်ခဲပြီး တခဏအတွင်းပြန်လည် ဆုံးရှုံးသွားနိုင်တယ်ဆိုတာကို အမြဲတမ်း ခေါင်းထဲထည့်ထားရမှာပါ။ ဖောက်သည်တွေနဲ့အမြဲထိတွေ့နေရပြီး စီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာ ဖောက်သည်တွေရဖို့နဲ့ ထိန်းထားနိုင်ဖို့ဆိုတာကို နားမလည်ကြတဲ့ လူတွေကိုမထားသင့်ပါဘူး။လူကြောင့်မဟုတ်ဘဲသူတို့ရဲ့ Attitudeကြောင့် ပြောရတာဖြစ်ပါတယ်။

(၄) အလုပ်ကို အလုပ်နဲ့ တူအောင် မလုပ်နိုင်တဲ့ သူတွေ

တကယ်တော့ ကျွန်တော်တို့ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတာ အလုပ်လုပ်ဖို့မဟုတ်ပါလား။ ကျွန်တော်တို့ရဲ့တာဝန်ကသူတို့ကို တိကျပြတ်သားတဲ့ တာဝန်တွေပေးမယ်။ နောက်ပြီးလိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုတွေပြုလုပ်ပေးပြီး လိုအပ်တဲ့Resources တွေပံ့ပိုးပေးဖို့ပဲမဟုတ်လား။ သူတို့အလုပ်က အလုပ်ကို ပြီးမြောက်အောင်လုပ်ဖို့ပဲပေါ့။ သူတို့ကို အခွင့်အရေးတွေအများကြီးပေးပြီး အလုပ်ကိုအလုပ်နဲ့ တူအောင်လုပ်မပြနိုင်ဘူးဆိုရင်တော့ -------------------။

(၅) ငပျင်းများ

တချို့လူတွေက ပါးစပ်ကသာပြောနေတယ်။ တကယ်အလုပ်လုပ်မယ်လည်းဆိုရော ဘယ်ရောက်နေလဲ မသိတဲ့သူတွေအများကြီးရှိပါတယ်။ တစ်ခါတလေရုံးတောင်မှန်မှန်မတက်ကြဘူး။ ဘာပဲဖြစ် ဖြစ်ပါ။ သူတို့လိုလူမျိုးတွေကို ဘယ်လိုမှယုံကြည်စိတ်ချထားလို့မရတာတော့ အသေအချာပေါ့။ ဒီလိုလူတွေနဲ့တွဲပြီး အလုပ်လုပ်ဖို့အချိန်မလုံလောက်ပါဘူး။

(၆) ရသင့် ရထိုက်တာထက် ပိုပြီး အခွင့်အရေးယူသူတွေ

တချို့ဝန်ထမ်းတွေက ဆတ်ဆတ်ထိမခံနေတတ်ကြပြီး သူတို့တကယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပိုရနေတတ်ကြပါတယ်။ သူတို့ဟာ စိတ်တစ်ဝက်ဟာ အလုပ်ထဲမှာရှိနေပြီး ကျန်တဲ့တစ်ဝက်ကကျတော့ တခြားလူကို ပြဿနာရှာဖို့ ချောင်းနေတတ်ကြပါတယ်။ သူတို့ကိုလည်း --------။ ထိုက်သင့်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

(၇) စည်းကမ်းမရှိသူများ

ကုမ္ပဏီမှာသတ်မှတ်ထားတဲ့ စည်းမျဉ်း/စည်းကမ်း၊ လုပ်ထုံး လုပ်နည်းဆိုတာတွေဟာ ခိုင်ခိုင်မာမာ ရှိနေဖို့လိုအပ်ပါတယ်။ နောက်ပြီးမျှတမှုရှိဖို့လည်း လိုအပ်ပါတယ်။ တကယ်လို့သာ ၀န်ထမ်းတစ်ယောက်ဟာ သူ့ရဲ့ကြီးကြပ်သူရဲ့တရားသဖြင့် ပေးအပ်တဲ့တာဝန်ကို မနာခံဘူး ဒါမှမဟုတ် သူ့ရဲ့ကိုယ်ရေးရာဇ၀င်မှာ မဟုတ်မမှန်တဲ့အချက်အလက်တွေကို တမင်တကာရည်ရွယ်ချက်နဲ့ ဖော်ပြထားမယ်၊ မရရှိထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို ဖော်ပြထားမယ်ဆိုရင် ဒါဟာချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း လုပ်ထုံး လုပ်နည်းတွေကို ချိုးဖောက်တာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ လုပ်စရာက တစ်လမ်းပဲရှိပါတယ်။ ၀န်ထမ်းတော်တော်များများကတော့ သူတို့ရဲ့ အလုပ်တွေ ဘယ်လောက်များကြောင်း၊ ဘယ်လောက် ပင်ပန်းကြောင်း အမြဲတမ်းညည်းတွားနေတတ်ကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ တကယ်တော့ ဘယ်သူမှကိုယ်လုပ်နိုင်တာထက် ပိုပြီးမလုပ်နိုင်ကြပါဘူး။ ကိုယ့်အစွမ်းအစရှိသလောက် တောင်အပြည့်အ၀ မလုပ်တဲ့သူတွေက ပိုများပါတယ်။ ဒါကြောင့်မို့ ပြောခဲ့တဲ့လူမျိုးတွေကို ကိုယ့်ရဲ့ကုမ္ပဏီထဲမှာ သေချာရှာဖွေပြီး လုပ်သင့် လုပ်ထိုက်တဲ့အတိုင်းအရေးယူဆောင်ရွက်မှုတွေပြုလုပ်ခဲ့မယ်ဆိုရင်တော့ ညဘက် အိပ်လို့ပျော်နိုင်ပြီပေါ့။
Source: HR Journal

ပန်းတိုင်ကို မြင်ထားမှ ပန်းတိုင်ကိုသွားနိုင်မယ်



ဆောင်းပါးခေါင်းစဉ်ကိုမြင်တာနဲ့ သူ့ရဲ့အတွင်းသဘောကို ခန့်မှန်းမိကြမှာပါ။ဘယ်ကိစ္စ၊ ဘယ်လုပ်ကိုင်ဆောင်ရွက်မှုမျိုးမှာမဆို ပန်းတိုင်ဆိုတာရှိတတ်ပါတယ်။အဲဒီပန်းတိုင်ကို ရည်ရွယ်ပြီး ကြိုးပမ်းလျှောက်လှမ်းရတာတွေလည်း ရှိပါတယ်။ဒါမှသာ အောင်မြင်ပြီးဆန္ဒပြည့်ဝပေမပေါ့။

တစ်ခါတစ်ခါတော့ လူတွေဟာပန်းတိုင်ပျောက်နေတတ်တယ်။ ကိုယ့်ရဲ့ဆန္ဒအမှန်ပါေ၀၀ါးတိမ်မြှုပ်နေတတ်တယ်။ ဒီတော့ ကိုယ်လျှောက်ချင်တဲ့လမ်းဟာပျောက်သွားတတ်သလို ကိုယ့်ရဲ့ပန်းတိုင်ဟာလည်း ဘာမှန်းမသိတော့ဘဲ ရည်ရွယ်ချက်တွေမဲ့သွားတတ်တာ အမှန်ပဲ။ ပန်းတိုင်ကို မမြင်ဘဲ လျှောက်နေတာမျိုးဟာမျက်ကန်းလမ်းလျှောက်တာမျိုးပဲ မဟုတ်လား။ ဦးတည်ချက်မရှိဘဲ ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက်သွားနေတာနဲ့တူသွားလိမ့်မယ်။

ပြောချင်တာက ဘယ်သူမဆို ကိုယ့်ဘ၀ရဲ့ရည်မှန်းချက်ပန်းတိုင်ဆိုတာ ရှိတတ်ကြတယ်။ ရှိရလိမ့်မယ်။ တချို့က အဲဒီရည်ရွယ်ချက်ပန်းတိုင်ဟာ ပျောက်နေတတ်သလို၊ အဲဒီကို ဘယ်လိုယုံကြည် လျှောက်လှမ်းရမယ်၊ ဘယ်လိုဇွဲနပဲနဲ့ ရောက်အောင်သွားမယ်၊ ဘယ်လိုအောင်ပွဲရယူကြမယ်ဆိုတာ မသိဘဲဖြစ်နေတတ်တယ်။

ရည်မှန်းရာလမ်းဆုံလို့လည်း အဓိပ္ပါယ်ရ၊ ရည်ရွယ်မျှော်မှန်းချက်တွေလို့လည်း အဓိပ္ပါယ်ရတဲ့ပန်းတိုင်ဆိုတာအောင်မြင်မှုတွေကို နောက်ဆုံးအောင်မြင်ရယူတဲ့နေရာလို့ ပြောရင်လည်း ရပါတယ်။ ပန်းတိုင်ကို ရောက်အောင်လှမ်းပြီးအောင်မြင်မှုရယူနိုင်တဲ့ အချင်းအရာတွေဟာ ပန်းဆွတ်တာပါပဲ။ ဒါကို ပန်းဝင်တယ်လို့ တချို့ကလည်းပြောကြပါတယ်။

 ဘယ်လိုလူမဆို ဘ၀မှာ ရည်မှန်းချက်ဆိုတာရှိရမယ်။ ပန်းတိုင်ဆိုတာလည်း ရှိရမယ်။ သူ့ရဲ့နိုင်ငံရေး၊ ကြီးပွားရေး၊ လူမှုရေးစတဲ့ ဘ၀ထဲက သူ့စိတ်ကြိုက်ရွေးချယ်ပြီး ရည်မှန်းချက်ထားတဲ့အတိုင်း ပြုမူဆောင်ရွက်တာဟာ ပန်းတိုင်ကို မြင်ပြီးပန်းတိုင်ကို အရောက်သွားနေတာပဲဖြစ်ပါလိမ့်မယ်။ သူဟာ ပန်းတိုင်ရှိနေသမျှ ပန်းတိုင်ကို မြင်တွေ့ပြီး၊ မမှိတ်မသုန်လျှောက်လှမ်းနေသမျှ တစ်ရက်မှာ သူအောင်မြင်လိမ့်မယ်ဆိုတာ ယုံမှားသံသယဖြစ်စရာလိုမယ်မထင်ပါဘူး။

ရည်မှန်းချက်ပန်းတိုင်ရှိဖို့၊ အဲဒီပန်းတိုင်ကို မြင်သိနေစေဖို့ဆိုတဲ့အကြောင်းကိုစီနီကာ (ဃနညခနေ) ဆိုတဲ့ အတွေးအခေါ်ပညာရှင်တစ်ဦးရဲ့ စကားကိုမှတ်မှတ်သားသားရှိခဲ့ဖူးတယ်။ "When a man does not know what harbour he is working for no window is the right wind" ပါတဲ့။ဘယ်ဆိပ်ကမ်းကို ဆိုက်ရမယ်ဆိုတာ ဦးတည်ချက်မရှိတဲ့ လူတစ်ယောက်ဟာဘယ်အရပ်ကတိုက်လာတဲ့ လေပဲဖြစ်ပါစေအကျိုးမရှိနိုင်ပါဘူး။ ဦးတည်ချက်ပျောက်၊ပန်းတိုင်ပျောက်နေလေတော့ တိုက်လာတဲ့လေကို ဘယ်လိုအသုံးချရကောင်းမှန်းလည်း သိမှာမဟုတ်ပါဘူး။ ပန်းတိုင်မရှိတဲ့လူတစ်ယောက်ရဲ့အဖြစ်ကလည်း အဲဒါနဲ့ခပ်ဆင်ဆင်ပဲဖြစ်လိမ့်မယ်။

 ဘ၀ရဲ့ရည်မှန်းချက်တွေဟာ ပန်းတိုင်ပါပဲ။ ကဗျာရေးတာဝါသနာထုံတဲ့ လူတစ်ယောက်အဖို့ ကဗျာဆရာတစ်ယောက်ဖြစ်ရေး၊ ကဗျာလောကမှာ အောင်မြင်ထင်ရှားရေးဟာ သူ့ရဲ့ပန်းတိုင်ဖြစ်ပါလိမ့်မယ်။ ဒီလိုပဲ မတူကွဲပြားတဲ့နေရာတိုင်းမှာ မတူကွဲပြားတဲ့ပန်းတိုင်တွေ ရှိနေတတ်ပြီး အဲဒီပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ ဆိုင်ရာဆိုင်ရာပုဂ္ဂိုလ်တွေ ရည်မှန်းကြိုးစားကြမှာပါ။

 ဒီနေရာမှာ ပန်းတိုင်ပျောက်နေတဲ့လူတွေကိုလည်း ဓမ္မတာပဲတွေ့ရလိမ့်မယ်။ကိုယ်ကဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာမသိဘဲ ဘ၀ကိုအလိုက်သင့်မျောပါနေကြတဲ့သူတွေလည်း ရှိတယ်။ဘ၀မှာ ပန်းတိုင်မရှိတဲ့၊ ပန်းတိုင်ပျောက်နေတဲ့အတွက် ဘယ်လိုအချက်အလက်ကောင်းတွေပဲ ရင်ဆိုင်ကြုံတွေ့ရသည်ဖြစ်စေ၊ သူတို့ဟာ အဲဒီအခွင့်အရေးကို ဆုတ်ဖမ်းမိမှာမဟုတ်ဘူး။ ဘယ်လို အသုံးပြုရမယ်ဆိုတာကိုလည်း နားလည်ကြမှာမဟုတ်တာ သေချာတယ်။

 စီနီကာ (Cencea) ပြောသလိုပေါ့။ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ဆိုတဲ့ ဆိပ်ကမ်းမရှိခဲ့ရင် ဘယ်လိုလေမျိုးတိုက်လာရင်လှေရွက်ကို ဘယ်လိုအနေအထားမျိုးနဲ့လွှင့်တင်ရမယ်မသိတော့ဘူးလေ။ ဒီတော့အဲဒီလှေဟာ ကမ်းနဲ့ ဝေးဝေးရောက်ချင်ရောက်သွားမယ်။ ကမ်းမမြင်၊ လမ်းမမြင်ဖြစ်ချင်ဖြစ်သွားမယ်။ ဒါမှမဟုတ် တိမ်းမှောက်ပျက်စီးသွားနိုင်တယ်။

လူတိုင်းလူတိုင်း (အထူးသဖြင့် လူငယ်တွေတိုင်း) ဘ၀ရဲ့ရည်မှန်းချက်ပန်းတိုင်တွေရှိသင့်တယ်။ အဲဒီပန်းတိုင်ကို မရောက်ရောက်အောင်လည်း ချီတက်ကြရလိမ့်မယ်။ လမ်းခရီးမှာ ဓမ္မတာပဲ အခက်အခဲဆိုတာတွေ့ရမှာပါ။ ဒါပေမဲ့ တကယ်ဆန္ဒရှိရင် အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ပန်းတိုင်အရောက်လှမ်းနိုင်ပါတယ်။ အရေးကြီးတာက ဇွဲနပဲနဲ့ လုပ်ရည်ကိုင်ရည်တွေပဲ ဖြစ်ပါလိမ့်မယ်။

အားလုံးဟာ အရာရာမှာကျွမ်းကျင်လိမ္မာတဲ့သူတွေ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ဒါက အရေးကြီးတယ်လို့ မထင်ဘူး။ အဓိကပန်းတိုင်ကို အရောက်သွားမယ်ဆိုတဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ရှေ့မှာပန်းတိုင်ရှိနေမယ်ဆိုရင် အဲဒီပန်းတိုင်ကိုအရောက်သွားဖို့ မခက်တော့ပါဘူး။ ပန်းတိုင်ကို မြင်နေရတဲ့ လူတစ်ယောက်အဖို့လေးလေးမှန်မှန်သာ ချီတက်သွားစမ်းပါ။ပန်းတိုင်ဟာ အနှေးနဲ့ အမြန်ရောက်မှာပါပဲ။

“ပန်းတိုင်ကို မြင်ထားမှ ပန်းတိုင်ကိုသွားနိုင်မယ်” ဆိုတာကို အားလုံးပဲ သဘောပေါက်စေချင်ပါတယ်။ ပန်းတိုင်မရှိဘဲသွားနေရတဲ့ ခရီးတစ်ခုဟာ အရူးအိပ်မက်လိုဖြစ်နေမှာ အမှန်ပဲ။ ကရွတ်ကင်းပေါ်လမ်းလျှောက်နေသလိုလည်း ဖြစ်နေလိမ့်မယ်။ ခရီးဆုံးကိုလည်း ရောက်မှာမဟုတ်ဘူး။ ဒါကြောင့် ဘယ်သူမဆို ဘာသာရေး၊စီးပွားရေး၊ နိုင်ငံရေး၊ လှုမှုရေး၊ ဘယ်ကဏ္ဍမှာ ပန်းတိုင်ကို အရောက်သွားစေချင်တယ်။

လူတစ်ယောက်ရဲ့ ကိုယ်စွမ်းကိုယ်စဟာ ပန်းတိုင်ကိုအရောက်သွားနိုင်တာဖြစ်သလို၊ အဲဒီပန်းတိုင်ကို မြင်အောင်ကြည့်နိုင်ပြီး တူရူခရီးသွားနိုင်တာလည်းဖြစ်ပါတယ်။သူဟာ သူ့ပန်းတိုင်ကို သူမြင်နေခဲ့သလို၊သူမြင်တဲ့အတိုင်းလည်း မဖြစ်မနေအရောက်လှမ်းဖို့ ကြိုးစားတယ်။ အခက်အခဲအတားအဆီးတွေကို ရင်ဆိုင်ကျော်လွှားခဲ့တယ်။ ဒီအတွက် စွန့်လွှတ်အနစ်နာခံခဲ့ရတာတွေ ရှိကောင်းရှိမယ်၊ ရှိနိုင်တယ်။ခရီးလမ်းဆုံးကတော့ မရောက်သေးဘူးပဲထား၊ သူဟာ လူစွမ်းကောင်းပါ။ ကိုယ်စွမ်းကိုယ်စရှိတဲ့လူပါ။ ဒါဟာ အင်မတန်ရိုးရှင်းတဲ့ အမြင်ပဲဖြစ်ပါတယ်။

ဘယ်သူမဆို မိမိပန်းတိုင်ကို တွေ့အောင်ရှာသင့်တယ်။ ပန်းတိုင်ကို မျက်နှာမူသင့်တယ်။ တစ်ဆက်တည်းကိုယ်ရွေးချယ်လိုက်တဲ့ ပန်းတိုင်အရောက်လည်းအားကြိုးမာန်တက် လျှောက်လှမ်းသင့်တယ်။ အောင်မြင်တာ၊ မအောင်မြင်တာ၊နှေးတာမြန်တာက အဓိကမဟုတ်ဘူး။ပန်းတိုင်မပျောက်ဖို့က အဓိကမဟုတ်လား။


ပန်းတိုင်ကို မြင်ထားမှ ပန်းတိုင်ကိုသွားနိုင်မယ်
Source: HR Journal

သိမှရမည့် JD



“စိတ်ညစ်တယ်ဗျာ။ အလုပ်ထွက်ရရင်ကောင်းမလားမသိဘူး”

“ဟ..ဘာဖြစ်ပြန်တာလဲ သူငယ်ချင်းရ”

“အလုပ်ထဲမှာ ဟိုဟာဆိုလည်း လုပ်လိုက်ပါဦး၊ ဒီဟာဆိုလည်း လုပ်လိုက်ပါဦးနဲ့ ငါ့မှာတောက်တိုမယ်ရဖြစ်နေတယ်ကွာ။ အလုပ်ချိန်စ၀င်လို့ ဘာလုပ်ရမယ်ဆိုတာတောင် သေသေချာချာမသိရဘူးကွာ”

“မင်းတို့ဆီမှာ JD (Job Description)မရှိဘူးလား”

“ဘာပြောတယ်။ JD ဟုတ်လား”“ကြားတောင်မကြားဖူးဘူး။ အဲဒီ JD ဆိုတာဘာကိုပြောတာလဲကွ”

“JD ဆိုတာ Job Description ကိုအတိုကောက်ခေါ်တာ။ ၀န်ထမ်းတစ်ဦးလုပ်ငန်းခွင်စ၀င်ချိန်ကနေ ညနေရုံးဆင်းချိန်အထိ ဆောင်ရွက်ရမည့်လုပ်ငန်းများလုပ်ဆောင်ရခြင်း ရည်ရွယ်ချက်၊ အလုပ်တာဝန်များ၊ ပုံမှန်ပေးပို့ရမည့် Report၊လုပ်ပိုင်ခွင့်အစရှိသည့်တို့ကို တိကျစွာဖော်ပြထားတဲ့ Official Document ကိုခေါ်တာ”

ကုမ္ပဏီမတူဘဲ အလုပ်လုပ်နေကြသော သူငယ်ချင်းနှစ်ယောက် ညနေအပြန်လမ်းမှာဆုံရင်း စကားပြောနေကြခြင်းဖြစ်ပါသည်။ သူငယ်ချင်းတစ်ယောက်အလုပ်မှာ မိမိအထက်တာဝန်ခံများမှ လက်တန်းတာဝန်ပေးမှုများကိုသာ လုပ်ကိုင်နေရပြီး တာဝန်မပေးချိန်တွင် ဘာလုပ်ရမည်ကို မသိဖြစ်နေသည်ကို ရင်ဖွင့်နေခြင်းဖြစ်ပါသည်။

အခုလို မိမိလုပ်ရမည့် အလုပ်တာဝန်ဖော်ပြချက် (Job Description) အားကုမ္ပဏီတိုင်း အကောင်အထည်ဖော်ဆောင်ရွက်မှုအားနည်းနေသည်ကို ကြားတွေ့သိနေရပါသည်။ အချို့သော ကုမ္ပဏီများတွင် Job Description အား အကြမ်းအားဖြင့် ပြုစုထားသော်လည်း တကယ့်လုပ်ငန်းခွင်တွင် အလုပ်တာဝန်များကိုလက်တန်းပေးအပ်ပြီး လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် အမှားများ၊လိုအပ်ချက်များရှိလာပါမှ အပြစ်ပေးအရေးယူသင့်၊ မသင့်ကို Job Descriptionဖြင့် ပြန်လည်သုံးသပ်နေကြသည်ကိုလည်းသိနေရပါသည်။ ထို့အတွက် အလုပ်တာဝန်ဖော်ပြချက် (Job Description) တစ်ခုဖြစ်အောင် ဆောင်ရွက်သင့်သည်တို့ကို မျှဝေလိုက်ပါသည်။

ပါဝင်သည့်အချက်များ (Part of the job description)

(က) ခေါင်းစဉ် (Heading) ဝန်ထမ်းတစ်ဦးအနေဖြင့် မိမိဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်သော ရာထူးခေါင်းစဉ်ဖော်ပြထားရှိခြင်းဖြစ်ပါသည်။

(ခ) အကျဉ်းချုပ်ဖော်ပြချက်(Job Summary) ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၏ရည်ရွယ်ချက်ကို အကျဉ်းချုံ့ဖော်ပြထားခြင်းဖြစ်သည်။ သို့မှသာ ၀န်ထမ်းအနေဖြင့် မိမိဘာကြောင့်ဖော်ပြပါအလုပ်များကို လုပ်ဆောင်ရသည်ကို သိရှိနားလည်မည်ဖြစ်ပါသည်။

(ဂ) အဓိကဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ (Major Duties & Responsibilities) ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်ပြီး အဓိကတာဝန်ခံဆောင်ရွက်ရမည်များ (Principal Accountabilities)ဟုတစ်ခါတစ်ရံအသုံးပြုကြပါသည်။မည်ကဲ့သို့ အသုံးပြုသည်ဖြစ်စေ အဓိက ရည်ရွယ်ချက်သည် ၀န်ထမ်း၏တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆောင်မှုပြီးဆုံးပါက ရရှိအောင်မြင်ရမည့်အကျိုးရလဒ် (Result) တို့ကိုဖော်ပြထားရှိခြင်းဖြစ်သည်။ ၀န်ထမ်းသည် ဖော်ပြပါတာဝန်များကို သိရှိခြင်းဖြင့် မိမိနှင့်သက်ဆိုင်သည့် အလုပ်များကိုကြိုတင်ပြင်ဆင်နိုင်ခြင်း၊ မိမိဆောင်ရွက်မှုမှ လုပ်ငန်းအတွက် မည်သို့သောအကျိုးရလဒ်များရရှိမည်တို့ကို သိရှိခြင်းဖြင့် အလုပ်ကိုပိုမိုလိုလားစွာ ထမ်းဆောင်သွားနိုင်မည်ဖြစ်သည်။

(ဃ) အခြေခံလိုအပ်သည့် ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုများ (Qualifications & Competencies) ဖော်ပြပါတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် လိုအပ်သည့်ပညာအရည်အချင်းနှင့်ကျွမ်းကျင်မှုတို့ကို ဖော်ပြထားခြင်းဖြစ်သည်။ သို့မှသာ ၀န်ထမ်းအနေဖြင့် မိမိတွင်ရှိနေသော အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့ကို ပြန်လည်သုံးသပ်ပြီး လိုအပ်သည့် ကျွမ်းကျင်မှုကို ဖြည့်စွမ်းနိုင်မည်ဖြစ်သည်။

(င) လက်မှတ်ရေးထိုင်းခြင်း (Signatures)ပြုစုပြီး အလုပ်တာဝန်ဖော်ပြချက်ကို ၀န်ထမ်းအား နားလည် သဘောပေါက်လိုက်နာစေရန် သေချာစွာရှင်းလင်းပြောကြားပြီး နောက်ဆုံးစာမျက်နှာတွင် ၀န်ထမ်း၏ လက်မှတ်၊ ဌာနတာဝန်ခံ၏လက်မှတ်တို့ကို ရေးထိုးထားရှိရပါမည်။ ထိုသို့လက်မှတ်ရေးထိုးရှိမှုအပေါ် Board of Directors အဖွဲ့မှလည်း အတည်ပြုလက်မှတ်ရေးထိုးပြီး ၀န်ထမ်းအားတစ်စုံ၊ ဌာန တာဝန်ခံအားတစ်စုံ၊ HR Departmentတွင်တစ်စုံ၊ BODs တွင်တစ်စုံ ထားရှိထားရမည်ဖြစ်ပါသည်။(စ) အမြဲပြန်လည်စိစစ်ပြုပြင်ခြင်း (Updating & Modifying) လက်ရှိအသုံးပြုနေသော အလုပ် တာဝန်ဖော်ပြချက်အား လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ခေတ်စနစ်တို့နှင့် ကိုက်ညီမှုရှိအောင် အမြဲစိစစ်သုံးသပ်ပြီး (အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်) update ပြုလုပ်ရန်လိုအပ်ပါမည်။

အထက်ဖော်ပြပါအချက်များ သည်အလုပ် တာဝန်ဖော်ပြချက် (Job Description) တစ်ခုတွင် မရှိမဖြစ် ပါဝင်သင့်သည့်အခြေခံအချက်များဖြစ်ပါသည်။ အဆိုပါအချက်များအပြင် မိမိတို့၏ လုပ်ငန်းအနေအထားအရ ထပ်မံဖြည့်စွက်သည်များ လည်းရှိမည်ဖြစ်ပါသည်။

အလုပ်တာဝန်ဖော်ပြချက် (Job Decription) ထားရှိခြင်းဖြင့် ၀န်ထမ်းရွေးချယ်ခန့်ထားခြင်း (Recruiting & Screening) တွင် သော်လည်းကောင်း၊ ၀န်ထမ်းအသစ်များ လုပ်ငန်းခွင်မိတ်ဆက်ပေးရာ (Orientation) တွင်သော်လည်း ကောင်း၊ လေ့ကျင့်သင်တန်း (Training & Development) ပေးရာတွင်လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်မှုအကဲဖြတ် (Performance Appraisal) ရာတွင်လည်းကောင်းများစွာ အသုံးဝင်လှပါသည်။

ထိုသို့အသုံးဝင်ပြီး လုပ်ငန်းအတွက်အခြေခံကျသော အလုပ်တာဝန်ဖော်ပြချက် (Job Description) ကို မိမိတို့လုပ်ငန်းအဖွဲ့အစည်းအတွင်း ဌာနအသီးသီးမှ ဝန်ထမ်းများအတွက် စနစ်တကျပြုစုဖော်ပြထားရှိခြင်းသည် မဖြစ်မနေဆောင်ရွက်ရမည့်/ရှိနေရမည့် မှတ်တမ်းများဖြစ်သည်။ သို့မှသာ လာမည့် နိုင်ငံတကာ ကုမဏီတစ်ခုအနေဖြင့် ဆက်လက်ဆောက်ရွက်သွားမည်ဆိုလျှင်သော်လည်းကောင် ကုမဏီတစ်ခု၏ အခြေဂံအင်္ဂါရပ် အနေဖြင့် မရှိမဖြစ် ဆောင်ရွက်ထားရှိသင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။


Source: HR Journal

Tuesday, June 10, 2014

စတော့ဈေးကွက်၌ ဈေးကစားမှုများ၏ အန္တရာယ်ကို သတိပြုရန် လို



စတော့ဈေးကွက်ကို အချို့ပြည်သူများနှင့် ပညာရှင်အချို့က စိုးရိမ်နေကြသည်။ အချို့သော သူများက ရှယ်ယာဈေး ကစားခြင်း (speculation) ပြုလုပ်မည်ကို ကြောက်ရွံ့သလို အချို့သော အများပိုင်ကုမ္ပဏီ များကလည်း မိမိတို့ထုတ်ရောင်းသောရှယ်ယာများကို ဝယ်ယူ ရင်းနှီးမည့်သူများတွင် ငွေမည်း ခဝါချရန်ဝင် ရောက်လာသူများကို စိုးရွံ့သူများလည်း ရှိပါသည်။ အချို့ကလည်း နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားများထဲကလို မိမိတို့ကုမ္ပဏီကို  ဝယ်ယူသိမ်းပိုက်သွားမည်ကို စိုးရိမ်နေကြသည်။
အမှန်စင်စစ်တွင် စတော့ဈေးကွက်သည် စည်းကမ်းတကျလိုက်နာဆောင်ရွက်လျှင် အကျိုးများ သလောက် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်ပါက ဆုံးရှုံးနိုင်ခြေရှိသောဈေးကွက်တစ်ခု ဖြစ်ပါ သည်။  ထို့ကြောင့်စတော့ဈေးကွက်သို့ ပါဝင်ကြမည့်ရင်းနှီးမြှုပ်နှံသူများ၊ ထုတ်ဝေရောင်းချမည့်သူများ၊ ကြားခံ အဖွဲ့အစည်းများအားလုံးသည် စတော့ဈေးကွက်ကြီးတစ်ခုလုံးအား ထိန်းကျောင်းသည့်အာဏာပိုင် အဖွဲ့ အစည်းများ၏ သတ်မှတ်ပြဋ္ဌာန်းထားသော စည်းမျဉ်းများကို လိုက်နာကြရန် လိုအပ်ပါသည်။
အမှန်စင်စစ် စတော့ဈေးကွက်ကြီး၏ ရည်ရွယ်ချက်မှာ ကုမ္ပဏီများအတွက် လိုအပ်သည့် ကာလရှည် ငွေကြေးအရင်းအနှီးကို ရရှိစေရန်၊ ပြည်သူလူထုအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များ ရရှိစေရန်၊ ကိုင်ဆောင်ထားသည့် စတော့ရှယ်ယာများအတွက် ငွေဖြစ်လွယ်မှု (liquidity) ဖြစ်စေသည့် ဈေးကွက်ကို ဖန်တီးပေးရန်၊ လွတ်လပ် ပွင့်လင်းမျှတသည့် ဈေးကွက်တစ်ခု ဖြစ်စေရန်အပြင် လူလတ်တန်းစားများပေါ်ပေါက် ရေးအတွက် မြေတောင်မြှောက်ပေးသော ဈေးကွက်တစ်ခုဖြစ်ပေါ်လာစေရန်တို့ ဖြစ်ပါသည်။
ဤသို့သော ကောင်းမွန်သည့်ရည်ရွယ်ချက်များဖြင့် တည်ထောင်မည့် စတော့ဈေးကွက်တွင် ပါဝင်မည့် သူ stakeholder အားလုံးသည်စိတ်ရင်းစေတနာအပြည့်၊ နိုးကြားမှုအပြည့်ဖြင့် ပါဝင်ရန် လိုအပ်သလိုတစ်ဖက် တွင် ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်များကို ကာကွယ်ကြရန်လည်း လိုအပ်ပါသည်။ နိုင်ငံတကာ ဈေးကွက် များတွင် ပေါ်ပေါက်လေ့ရှိသော ဘဏ္ဍာရေးပြစ်မှုများကို လေ့လာကာ ကြိုတင်ကာကွယ်မှုများကိုပြုလုပ်ထားရန် လိုအပ်သော်လည်း မဖြစ်လာသေးသော ပြဿနာများကိုကြိုတင်တွေးတောကာ ကြောက်ရွံ့နေရန် မလိုအပ်ပါ။
ဈေးကစားခြင်းနှင့် စတော့ဈေးကွက် ။          ။ ဈေးကစားခြင်း (speculation) ဆိုသည့် အဓိပ္ပာယ်မှာ ကုန်စည် သို့မဟုတ် ငွေကြေးတစ်ရပ်သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်တစ်ခုခုကို ဈေးကွက်တွင် တန်ဖိုးပြောင်းလဲမည်ဟူသော မျှော်လင့်ချက်ဖြင့် ရောင်းဝယ်ခြင်းကိုဆိုလိုပါသည်။ ကမ္ဘာကျော် ဘောဂဗေဒ ပညာရှင် Keynes က လူတို့တွင်မျှော်လင့်ချက်သုံးမျိုးဖြင့် ငွေကိုကိုင်ဆောင်ထားကြကြောင်း၊ ငွေကြေးများကို လုပ်ငန်းများတွင် ထည့်သွင်းထားရာမှ အမြတ်အစွန်းများ ရရှိလိုကြကြောင်း၊ ဤသည်မှာ လူတို့၏ speculative motive ဖြစ်ကြောင်းဆိုခဲ့ပါသည်။ ပထမမျှော်လင့်ချက်မှာငွေချေးစာချုပ်များ၊ စတော့များ ဈေးကျသည့်အခါ ဝယ်ယူကိုင်ဆောင်ထားကြသည်။ ရည်ရွယ်ချက်မှာ ယင်းစတော့များ ငွေချေး စာချုပ်များ ဈေးပြန်တက်မည်ဟု မျှော်လင့်ထားကြသောကြောင့် ဖြစ်သည်ဟုဆိုသည်။ ဒုတိယမျှော်လင့်ချက် မှာ စတော့များ၊ ငွေချေးစာချုပ်များ ဈေးတက်နေချိန်တွင် ငွေသားကိုသာ ကိုင်ဆောင်ထားကြပြီး ၎င်းတို့၏ မျှော်လင့်ချက်မှာ အဆိုပါ ငွေချေးစာချုပ်များ၊ စတော့ဈေးနှုန်းများသည် ထိပ်ဆုံးရောက်ပြီး တစ်ချိန်တွင် ပြန်လည် ကျဆင်းမည်ဟု မျှော်လင့်သောကြောင့်ဖြစ်သည်။ တတိယ မျှော်လင့်ချက်မှာ ငွေသားကိုင်ဆောင်မှု ပမာဏနှင့် အတိုးနှုန်းနှင့် ပြန်ရချက်များအချိုးမှာ ပြောင်းပြန်အချိုး သက်ရောက်နေသဖြင့် လူတို့၏ မျှော်လင့်ချက်သည် အတိုးများနှင့် ပြန်ရချက်များ မြင့်မားလာမှုပင် ဖြစ်သည်။
သို့ဖြစ်ရာ စတော့ဈေးကွက်အတွင်း ဝယ်ယူထားသော စတော့လက်မှတ်တစ်ခုကို အနာဂတ်တွင် ဈေးတက်မည်ဟူ၍၊ အနာဂတ်ကာလတွင် ဈေးကျသွားမည်ဟူ၍ လူတိုင်းတွင် မျှော်လင့်နိုင်သည့် အခွင့်အရေး ရှိသလို ယင်းမျှော်လင့်ချက်များကို အကောင်အထည်ဖော်ပိုင်ခွင့်လည်း ရှိပါသည်။ ယင်းသို့ ရောင်းခြင်းဝယ် ခြင်းကို စည်းကမ်းဘောင်များအတွင်း ဆောင်ရွက်နိုင်ခွင့် ရှိပါသည်။ ရှယ်ယာထုတ်ဝေမည့် အများပိုင်ကုမ္ပဏီ များသည် မိမိတို့ ထိန်းချုပ်ထားလိုသော (Controlling Ratio) ရှယ်ယာအရေအတွက် အချိုးအစား ကို သတ်မှတ်နိုင်ပါသည်။ ဥပမာကုမ္ပဏီတည်ထောင်သူ ဒါရိုက်တာအဖွဲ့မှ ၎င်းတို့ထုတ်ဝေထားသည့် ရှယ်ယာ ၏ ၃ဝ% ရာခိုင်နှုန်းကို ထိန်းချုပ်ရှယ်ယာများအဖြစ် မရောင်းချဘဲ ကိုင်ဆောင်ထားကာ ကျန် ၇ဝ ရာခိုင် နှုန်းကိုသာ အများပြည်သူသို့ ရောင်းချခြင်းကို ပြုလုပ်နိုင်ပါသည်။ ထိုသို့ရောင်းချရာတွင်လည်း ရင်းနှီးမြှုပ်နှံ လိုသူများသို့ အများဆုံးဝယ်ယူနိုင်ခွင့်ကိုလည်း ကန့်သတ်ထားနိုင်ပါသည်။ ဥပမာ ကုမ္ပဏီဆိုလျှင် အများဆုံး ၅%၊ တစ်ဦးချင်း ဝယ်ယူရင်းနှီးလိုသူများသို့ အများဆုံးဝယ်ယူနိုင် ခွင့်ကို  ၂%  အစရှိသည်ဖြင့် ကန့်သတ်နိုင်ပါသည်။ ဤသို့ သတ်မှတ်ထားလိုက်ခြင်းဖြင့် မိမိတို့ တည်ထောင်သူများ၏ ထိန်းချုပ်မှုကို မည်သူမျှ ဝင်ရောက်စွက် ဖက်နိုင်မည် မဟုတ်တော့ပါ။
သို့ဖြစ်ရာ ကုမ္ပဏီတည်ထောင်သူတို့သည် ကုမ္ပဏီကို ထိန်းချုပ်ရန်ပမာဏတစ်ခု ချန်လှပ်ပြီးနောက် အများပြည်သူသို့ ရောင်းချလိုက်သောရှယ်ယာများအတွက် သံယောဇဉ်ပြတ်ရန် လိုအပ်ပါသည်။ အဆိုပါ ၇ဝ% သော ရှယ်ယာများသည် ဈေးကွက်အတွင်းတွင် တစ်ဦးနှင့်တစ်ဦး လွတ်လပ်စွာ လွှဲပြောင်းရောင်းချနေမည် ဖြစ်ရာ ထုတ်ဝေသူများအနေနှင့် အဆိုပါရောင်းချမှုများအတွက် သောကရောက်နေရန် မလိုအပ်တော့ပါ။
ကုမ္ပဏီ၏ book closing date Criteria တွင် တင်ပြလာသော ရှယ်ယာရှင်များသည် မိမိတို့ကုမ္ပဏီ၏  ရှယ်ယာ ရှင်များဖြစ်ကာ ၎င်းတို့ကို ကြိုဆိုရမည်ဖြစ်ပါသည်။ ၎င်းတို့အထဲမှ အရည်အချင်းပြည့်စုံသည့်သူများကို ဒါရိုက်တာအဖွဲ့ဝင်များအဖြစ်ပင် ဝင်ရောက်ခွင့်ပေးနိုင်ပါသည်။ မိမိတို့၏ကုမ္ပဏီကောင်းကျိုးအတွက် ပါဝင် ဆောင်ရွက်နိုင်ကြပါသည်။ ရှယ်ယာထုတ်ဝေသူတို့၏ တာဝန်မှာ မိမိကုမ္ပဏီ၏ စွမ်းဆောင်ရည်တက်အောင်၊ အကျိုး အမြတ်ကောင်းအောင် ဆောင်ရွက်ရန်နှင့် သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ရန် ဖြစ်ပါသည်။
စတော့ဈေးကွက်တွင် ပါဝင်နိုင်မည့် ကုမ္ပဏီများ၏ စံသတ်မှတ်ချက် Criteria များထဲမှ တစ်ခုမှာ အများပိုင်ကုမ္ပဏီတစ်ခုသည် ရှယ်ယာများကိုအများပြည်သူသို့ လွတ်လပ်စွာလွှဲပြောင်း ရောင်းဝယ်မှုအတွက် ကန့်သတ်မှုမရှိစေရဟု ပါရှိပါသည်။သို့အတွက် ရှယ်ယာရှင်တို့ကို ချုပ်ကိုင်ရန် လိုပါသလားဟု မေးလျှင် အဖြေမှာ မလိုအပ်ပါဟုပင် ဖြေရပါမည်။ စတော့ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားရာတွင် ကုမ္ပဏီ၏ သတ်မှတ်ထားသော အများဆုံးဝယ်နိုင်သည့် အရေအတွက်၊ အနည်းဆုံးဝယ်ယူနိုင်သော အရေအတွက်ကို စတော့ရောင်းဝယ်ရေး ကွန်ပျူတာစနစ်များက အလိုအလျောက်ထိန်းချုပ်သွားမည် ဖြစ်သဖြင့် လူတစ်ဦး၊ ကုမ္ပဏီတစ်ခု အများဆုံး ဝယ်ယူနိုင်ခွင့်သည်လည်း သတ်မှတ်ထားချက်ထက် ပိုနိုင်မည်မဟုတ်ပါ။
ထို့အတူ စတော့ဈေးနှုန်းများ တစ်နေ့တာအတွင်း အမြင့်ဆုံးတက်ခွင့်ပြုသည့် ဘောင် (upper price  limit) များ၊ အနိမ့်ဆုံးကျခွင့်ရှိသည်ဘောင် (lower price limit) များကိုလည်း စတော့ရောင်းချရေး စနစ်များက ထိန်းချုပ်သွားမည်ဖြစ်ပေရာစတော့ဈေးနှုန်းများ တစ်ရက်အတွင်း အလွန်အကျွံကျဆင်းခြင်း၊ မြင့်တက်ခြင်း ဒဏ်များမှ ကာကွယ်ပေးသွားနိုင်မည်ဖြစ်ပါသည်။ စတော့ဈေးတက်ခြင်း၊ ကျခြင်းမှာ ကုမ္ပဏီ၏အနာဂတ်အလား အလာနှင့် ရောင်းလိုအား၊ ဝယ်လိုအားအပေါ်တွင်သာမူတည်ပါသည်။
ဝယ်ယူလိုသူတို့၏ အဓိကတာဝန်မှာ မဝယ်ယူမီ စတော့ပွဲစားကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများမှ အကြံဉာဏ်ကို ရယူရန်နှင့် သုတေသနအဖွဲ့များမှ ထုတ်ပြန်သော အချက်များကို စနစ်တကျ လေ့လာဖတ်ရှုရန်ဖြစ်သည်။ စည်းမျဉ်းထိန်းကျောင်းသူများ၏ တာဝန်မှာ မူမမှန်သော ရောင်းဝယ်မှုများ၊ ကောလာဟလသတင်း ထုတ်ပြန်မှုများ၊  အတွင်းလူတို့၏ ကြိုတင်သတင်းရမှုကို အခွင့်ကောင်းယူကာ ရောင်း ဝယ်မှု (insider trading) များကိုထောက်လှမ်းရန်၊ ကောလာဟလထုတ်လွှင့်သူများ၊ အလံရှူးများ၏ရန်ကို ကာကွယ်ရန်၊ ပြင်ပသတင်းအချက်အလက်များကို ထောက်လှမ်း ရန် ဖြစ်ပါသည်။
ဈေးကွက်တွင် ပါဝင်မည့် ငွေကြေးများတွင်လည်း ဝင်ငွေရရှိသည့်နည်းလမ်းဖော်ပြပြီး အခွန်ဆောင် ထားသည့်ဝင်ငွေ၊ အခွန်ရှောင်ထားသည့်ဝင်ငွေ၊  တရားမဝင် နည်းလမ်းများမှ ရရှိလာသောဝင်ငွေ အစရှိသည် ဖြင့် များစွာရှုပ်ထွေးမှု ရှိနိုင်ပါသည်။ ယင်းငွေကြေးများဖြင့် စီးပွားရေးလုပ်ငန်းများသို့ ဝင်ရောက်လုပ်ကိုင်ကာ ငွေကြေးခဝါချသောသူများလည်းရှိနိုင်ပါသည်။ ယင်းကဲ့သို့သော ငွေဖြူငွေမည်း ခွဲခြားစစ်ဆေးရန်မှာ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးအဖွဲ့များတွင် အဓိကတာဝန်ရှိပါသည်။ ၎င်းကို ထိန်းချုပ်ရန်အတွက် သီးခြားဥပဒေဖြင့် သတ်မှတ်ထားပြီး ၁၄-၃-၂ဝ၁၄ နေ့စွဲဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။
ယင်းဥပဒေအရ အာဏာအပ်နှင်းထားသည့်အဖွဲ့များအနေဖြင့်စတော့ဈေးကွက်အပါအဝင်ငွေရေးကြေး ရေးအဖွဲ့အစည်းများအတွင်း ဘဏ္ဍာရေးဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှု၊ ငွေသွင်း-ငွေထုတ်၊ ငွေလွှဲများအား လုံးကို စစ်ဆေးရန် တာဝန်ရှိပြီး ၎င်းအဖွဲ့များ၏ ငွေကြေးခဝါချမှုအတွက်သတ်မှတ်ထားသည့် ပမာဏ (Threshold amount) နှင့် သံသယရှိသော ရောင်းဝယ်မှုအားလုံးကို စစ်ဆေးနိုင်သည့် အာဏာရှိပါသည်။ စတော့ရှယ်ယာ ဈေးကွက်အတွင်း ပါဝင်ပတ်သက်ကြသည့် အဖွဲ့များသည် အထက်ပါ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့မှ တောင်းဆိုလာသည့် သတင်းအချက်အလက်များကိုပေးပို့ရန် တာဝန်ရှိပါသည်။ သို့ရာ တွင် ရှယ်ယာ ထုတ်ဝေရောင်းချမည့် ကုမ္ပဏီများအနေဖြင့် ရှယ်ယာဝယ်ယူရန် လျှောက်ထားလာသူများ အပေါ် ငွေဖြူငွေမည်း ခွဲခြားစိစစ်ရန်မှာမူ များစွာ ခက်ခဲမည်ဖြစ်ပါသည်။
ထွန်းသက်ထွန်း

အိုတီစီဈေးကွက်ဆိုသည်မှာ



စတော့ဈေးကွက် အကြိုကာလများအတွင်း ရေပန်းစားလာသောစကားလုံးတစ်ခုမှာ အိုတီစီ ဈေး ကွက်ဆိုသော စကားလုံးပင် ဖြစ်ပါသည်။ အိုတီစီဆိုသည့်စကားလုံးသည်လွန်စွာကျယ်ပြန့်ကာစတော့ဈေးကွက် တွင်သာမက ဆေးဝါးရောင်းဝယ်ရေးတွင်လည်း သုံးလေ့ရှိပြီးဆရာဝန်ထောက်ခံချက် မပါဝင်ဘဲဝယ်ယူနိုင်သော ဆေးဝါးဈေးကွက်ကိုလည်း အိုတီစီဟု ခေါ်တွင်သုံးစွဲလေ့ရှိသည်။ အမှန်စင်စစ် အိုတီစီဈေးကွက် သို့မဟုတ် ကောင်တာဈေးကွက် over-the-counter market ဆိုသည်မှာ ဖောက်သည်နှင့် ဈေးသည် အရောင်း ကောင်တာတစ်ခုတွင် တိုက်ရိုက် ထိတွေ့နိုင်ခြင်းကို ဆိုလိုရင်း ဖြစ်ပါသည်။
နိုင်ငံတကာ စတော့ဈေးကွက်များတွင် အိုတီစီဈေးကွက်က ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities Company) များဖြင့်ပေါင်းစပ်ဖွဲ့စည်းထားပြီး တတိယဈေးကွက် (third market) ဟုလည်း ခေါ်ဆိုကြပါသည်။ အိုတီစီ ဈေးကွက်တွင် အလတ်စားနှင့် အသေးစားအများပိုင်ကုမ္ပဏီ၏ စတော့ရှယ်ယာများ၊ ငွေချေးစာချုပ်များနှင့် အစိုးရငွေတိုက်စာချုပ်များ၊ ဘဏ်များနှင့်အာမခံကုမ္ပဏီတို့၏ စတော့များ၊ မြူနီစီပယ် အဖွဲ့များ၏ ငွေချေးစာချုပ်များ၊ အကျိုးတူ ရန်ပုံငွေအဖွဲ့များ၏စတော့များ၊ ကော်ပိုရေးရှင်းများ၏ ငွေချေး စာချုပ်များနှင့် နိုင်ငံခြားကုမ္ပဏီများ၏ စတော့များကို ရောင်းဝယ်ပေးပါသည်။ အထူးသဖြင့်စတော့အိတ်ချိန်းတွင် စာရင်းတင်သွင်းရန် အရည်အချင်း မပြည့်မီသေးသောကုမ္ပဏီများ၏ ရှယ်ယာများကိုအိုတီစီတွင် ရောင်းဝယ်ကြ ပါသည်။
စတော့ရှယ်ယာများကို ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများအကြား ကွန်ပျူတာ ကွန်ရက်များဖြင့် ဆက်သွယ်ထားကြပြီး သက်ဆိုင်ရာ ကုမ္ပဏီ၏ ကောင်တာများ၌ပင်ရောင်းဝယ်နိုင်ကြပါသည်။ အိုတီစီတွင် လည်း အဖွဲ့ဝင်မှုဆိုင်ရာ စံသတ်မှတ်ချက် (listing rules) များ ပြဋ္ဌာန်းထားသော်လည်း စတော့အိတ်ချိန်း များလောက် တင်းကျပ်ခြင်း မရှိပါ။ အိုတီစီဈေးကွက်များကို တည်ထောင်ရာတွင် နိုင်ငံတော်တစ်ခုအတွင်းရှိ ပြဋ္ဌာန်းပြီးဖြစ်သော ငွေချေးသက်သေခံလက်မှတ် ဥပဒေများအရ တည်ထောင်ဖွဲ့စည်းကြပြီးအများအားဖြင့် ငွေချေးသက်သေခံလက်မှတ်ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာကာ တည်ထောင်ကြပါသည်။ အိုတီစီ ဈေးကွက်သည်စတော့ဈေးကွက်ကဲ့သို့ သတ်မှတ်ထားသောနေရာတစ်ခုတွင် သတ်မှတ်ထားသော ရောင်းဝယ် ရေးစည်းမျဉ်းများ ချမှတ်၍ ရောင်းဝယ်ခြင်းမဟုတ်ဘဲ အဖွဲ့ဝင် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီပေါင်း မြောက်မြားစွာတို့၏ ကောင်တာအသီးသီးတွင်ရောင်းဝယ်ဖောက်ကားကြပါသည်။ ယင်းငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများကို broker/dealer များဟုလည်း ခေါ်ဆိုပါသည်။ စတော့ရှယ်ယာများကို အဆိုပါ ကောင်တာအသီးသီးတွင် မိမိတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ဆုံးရှုံးနိုင်ခြေ (risk) များ ရယူကာ ရောင်းဝယ်ကြ ပါသည်။
အထက်ပါ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများသည် ရောင်းဝယ်မှုများ အဆင်ပြေချောမွေ့စေ ရေးအတွက် နိုင်ငံတစ်ဝန်းရှိ မိမိတို့၏ကိုယ်စားလှယ်ရုံးခွဲများမှ တစ်ဆင့်တယ်လီဖုန်းနှင့် အင်တာနက်များကို အသုံးပြုကာ ရောင်းဝယ်လေ့ရှိကြပါသည်။
အိုတီစီဈေးကွက်၏ ထူးခြားသောလက္ခဏာများမှာ (၁) စတော့အိတ်ချိန်းကဲ့သို့ ဗဟိုဌာနတစ်ခု မရှိပါ။ (၂) ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities Companies) အချင်းချင်း တယ်လီဖုန်း၊ ကွန်ပျူတာ ကွန်ရက်များဖြင့် ဆက်သွယ်ရောင်းဝယ်ကြသည်။ (၃) အဝယ်အော်ဒါ၊ အရောင်းအော်ဒါများအပေါ် မူတည်၍ ဈေးနှုန်း သတ်မှတ်သည်။ (၄) အဝယ်အော်ဒါ၊ အရောင်းအော်ဒါများနေ့ချင်းပြီး အရောင်းအဝယ် မဖြစ်ပါက ပျက်ပြယ်သည်။ (၅) စတော့ရှယ်ယာများ၏ ဈေးနှုန်းများကို နေ့အတွင်း၊ အချိန်အလိုက် သတ်မှတ်ချက်များ နှင့်အညီ သတ်မှတ်ခြင်းမရှိပါ စသည်တို့ ဖြစ်ပါသည်။
အိုတီစီဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားနေသည့် ရှယ်ယာများ၏ အရွယ်အစားနှင့် ပမာဏကို အတိအကျသိရှိနိုင်ရန်မှာ မလွယ်ကူလှပါ။ အဘယ့်ကြောင့်ဆိုသော်ရောင်းဝယ်မှုများမှာ နေရာအနှံ့ ပြန့်ကျဲ လျက်ရှိပြီး ဈေးနှုန်းများမှာလည်းနေရာအနှံ­့ အမျိုးမျိုးဖြစ်နေသောကြောင့်ပင်။
သို့သော်လည်း နိုင်ငံတော်အဆင့်ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေး အသင်း (Securities Dealers Association) များတည်ထောင်ပြီးသည့်နောက်ပိုင်း၌ နိုင်ငံတစ်ဝန်းရှိ ငွေချေးသက်သေ ခံလက်မှတ်ကုမ္ပဏီများသည် ယင်းအသင်း၏ အဖွဲ့ဝင်များအဖြစ် ပါဝင်လာပြီးနောက် ပြန့်ကျဲနေသောဈေးနှုန်း များနှင့် အရောင်းအဝယ်ဖြစ်သော ရှယ်ယာအရေအတွက်များကို စနစ်တကျ စုစည်းမှတ်တမ်းတင်နိုင်ခဲ့ပါသည်။
အမေရိကန်နိုင်ငံတွင် နိုင်ငံတော်အဆင့် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး အသင်း (National Association of Securities Dealers-NASD) ကိုကောင်တာဈေးကွက် ကြီးကြပ်သည့် အဖွဲ့တစ်ခုအဖြစ် တည်ထောင်ပြီးနောက်တွင် နိုင်ငံတစ်ဝန်းရှိ အိုတီစီကောင်တာများတွင်ရှိသော စတော့ရှယ် ယာရောင်းဝယ်မှုများကို ကြီးကြပ်နိုင်ခဲ့သည့်အပြင် ကိုယ်တိုင် ဥပဒေပြဋ္ဌာန်းနိုင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ပင် တည်ထောင်နိုင်ခဲ့ပါသည်။
အများသိပြီးဖြစ်သည့် အမေရိကန်စတော့ဈေးကွက်၏ အညွှန်းကိန်းတစ်ခုဖြစ်သည့် နက်စ်ဒက်ဆိုသည် မှာ အထက်ပါအဖွဲ့ NASD မှနေ၍အဖွဲ့ဝင် အိုတီစီကောင်တာများတွင်ရောင်းဝယ်သော ရှယ်ယာဈေးနှုန်းများကို ကွန်ပျူတာဖြင့် အလိုအလျောက် တွက်ချက်ထုတ်ပြန်ပေးကာ ယင်းတွက်ချက်ထုတ်ပြန်သောကိန်း (National Association of Securities Dealers Automatic Quotation) ကို အတိုအားဖြင့်နက်စ်ဒက် (NASDAQ) အဖြစ် လူ သိများသောအညွှန်းကိန်းတစ်ခု ဖြစ်လာပေသည်။
ဂျပန်နိုင်ငံသည်လည်း တိုကျိုစတော့အိတ်ချိန်းအပြင် ဂျပန်ငွေချေးသက်သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေးအသင်း (Japan Securities Dealers Association)) ကို ဖွဲ့စည်းကာ ကောင်တာ ဈေးကွက် များကို ကြီးကြပ်သည့် အဖွဲ့တစ်ခုကိုတည်ထောင်ခဲ့ပါသည်။ ယင်းတွင်လည်း ကောင်တာဈေးကွက်များတွင် အရောင်းအဝယ်ဖြစ်သော စတော့ဈေးနှုန်းများကို တွက်ချက်ထုတ်ပြန်သည့် Japan Securities Dealers Automatic Quotation ကို ထုတ်ပြန်ခဲ့ပြီး ဂျက်စဒက် (JASDAQ)အဖြစ် လူသိများလာခဲ့ပါသည်။
မြန်မာနိုင်ငံတွင်လည်း စတော့ဈေးကွက်ကို ကြီးကြပ်မည့် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေးဥပဒေ Securities Exchange Law ကို ၂ဝ၁၃ ခုနှစ်ဇူလိုင်လ ၃၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။ ယင်းဥပဒေ အခန်း(၈) ပုဒ်မ ၄၄ တွင် ဖော်ပြထားသည်မှာကောင်တာဈေးကွက် တည်ထောင် လိုသည့် သုံးခုအောက်မနည်းသောငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများသည်ကော်မရှင်သို့စုပေါင်းလျှောက် ထားပြီး ခွင့်ပြုချက်ရရှိသည့်အခါ ကောင်တာဈေးကွက် တည်ထောင်နိုင်သည်­ဟု ဖော်ပြထားပါသည်။
ထို့ပြင် ပုဒ်မ ၄၅၊ အပိုဒ်ခွဲ (က)တွင် ဖော်ပြထားသည်မှာ ပုဒ်မ ၄၄ အရ ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ကောင်တာဈေးကွက်ကို တည်ထောင်သည့်အခါ အဖွဲ့ဝင် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများက ရွေးချယ်တင်မြှောက်သည့် ငါးဦးထက် မပိုသော အဖွဲ့ဝင်များပါဝင်သည့် ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းရမည်ဟု ပါရှိပါသည်။ အပိုဒ်ခွဲ (ခ) တွင်ကောင်တာဈေးကွက်၏ ဒါရိုက်တာအဖွဲ့သည် ဒါရိုက်တာအဖွဲ့မှ တစ်ဦးအား ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရမည်ဟုပါရှိပါသည်။ အပိုဒ်ခွဲ (ဂ) တွင်မူကောင်တာဈေးကွက် ဥက္ကဋ္ဌသည်ဒါရိုက်တာ အဖွဲ့မှတစ်ဦးအား အတွင်းရေးမှူးအဖြစ် သတ်မှတ်တာဝန်ပေးနိုင်သည်ဟု ဖော်ပြထားပါသည်။
ပုဒ်မ ၄၆ တွင် ဖော်ပြထားသည်မှာ ကော်မရှင်၏ ခွင့်ပြုချက်အရ တည်ထောင်သော ကောင်တာ ဈေးကွက်သည် ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုပိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသဖြင့် မြန်မာနိုင်ငံ၏ ကောင်တာဈေးကွက်သည်လည်း အနာဂတ်တွင် နိုင်ငံခြားရှိ ဈေးကွက်များနည်းတူ MASDAQ တစ်ခု ဖြစ်လာနိုင်စရာ အကြောင်းရှိပါသည်။
ဆက်လက်ပြီး ပုဒ်မ ၄၇ တွင်တည်ထောင်ပြီးသော ကောင်တာဈေးကွက်သည် ဤဥပဒေအရ ထုတ်ပြန် သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဟုလည်းကောင်း၊ ပုဒ်မ ၄၈ တွင် ကောင်တာဈေးကွက်၏ လုပ်ငန်းဆောင်ရွက်မှုမှာ ဥပဒေအခန်း (၉) ပါ တားမြစ်သည့် ပြုလုပ်မှုများအရ အများပြည်သူအကျိုးနှင့် ရင်းနှီးမြှုပ်နှံသူများအားအကာအကွယ်ပေးမှုကို ထင်ရှားစွာထိခိုက်နစ်နာစေလျှင် ကော်မရှင်သည် ကောင်တာဈေးကွက်အားထုတ်ပေးထားသည့် ခွင့်ပြုမိန့်ကို ကာလသတ်မှတ်၍ ရပ်ဆိုင်းခြင်းသို့မဟုတ် ရုပ်သိမ်းခြင်း ပြုနိုင်သည်ဟု ဖော်ပြထားပြီး ဖြစ်ပါသည်။
သို့အတွက် ကောင်တာဈေးကွက် OTC တည်ထောင်လိုသူများအဖို့ အထက်ဖော်ပြပါ ဥပဒေတွင် ပါရှိ သည့်အချက်များအတိုင်း လိုက်နာကြရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ စတော့ဈေးကွက်သည် ယခုမှ စတင်တည်ထောင်ခါစ ဖြစ်သည်။ စတော့ဈေးကွက်တွင် ပါဝင်မည့် ထုတ်ဝေသူ (issuer) များ၊ ကြားခံအဖွဲ့ (Intermediaries) များ၊ ဥပဒေပြုအဖွဲ့များ၊ ရင်းနှီးမြှုပ်နှံသူများအကြား ညီညွတ်မျှတရန် လိုသည်။ ရှယ်ယာ ထုတ်ဝေသူ (Issuer) သည်ကြားခံအဖွဲ့ (Intermediaries) အဖြစ်ဆောင်ရွက်၍မရသလို ဥပဒေပြုအဖွဲ့များ သည်လည်း ကြားခံအဖွဲ့တွင်လည်း ပါဝင်ဆောင်ရွက်၍ မရပါချေ။
ထွန်းသက်ထွန်း

ရှယ်ယာဈေးကွက်မှာ အမြတ်ဝေစု ချက်ချင်းရနိုင်မှာလား


ရှယ်ယာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံကြသည့် အစုရှယ်ယာရှင်များမကြာခဏမေးသည့် မေးခွန်းမှာမိမိတို့ ထည့်ဝင်ထားသည့် ရင်းနှီးငွေအတွက် အမြတ်ဝေစု (dividend)မည်သည့်အချိန်တွင် ရရှိမည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။ ရှယ်ယာရှင်များအနေနှင့် မိမိတို့ ထည့်ဝင်ထားသည့် ငွေကြေးတစ်ရပ်အတွက်အမြတ်ဝေစု တစ်စုံတစ်ရာကို ရရှိလိုသည်မှာ သဘာဝကျပါသည်။ သို့သော်လည်း အစုရှယ်ယာဈေးကွက်၏ သဘော သဘာဝနှင့် ကုမ္ပဏီတို့၏အမြတ်ဝေစု မူဝါဒများကိုလည်းလေ့လာသိရှိထားရန် လိုအပ်ပါသည်။
ရင်းနှီးမြှုပ်နှံသူတို့အနေနှင့် စဉ်းစားရမည့် အချက်နှစ်ချက် ရှိပါသည်။ ပထမအချက်မှာ မိမိတို့အနေနှင့် ဈေးကွက်တွင် အတော်အသင့် အောင်မြင်နေပြီးသော ရှယ်ယာများကိုဝယ်ယူရင်းနှီးမည်လား သို့မဟုတ် ဈေးကွက်သို့ ယခုမှ စတင်ဝင်ရောက်လာသည့် ကုမ္ပဏီအသစ်တစ်ခု၏ရှယ်ယာများကိုဝယ်ယူရင်းနှီးမည်လားဆို သည့်အချက် ဖြစ်ပါသည်။ ဈေးကွက်၌ အတော်အသင့် အောင်မြင်ပြီးသား စတော့များအတွက်၎င်းကုမ္ပဏီများမှ ထုတ်ပြန်ထားသည့်နှစ်ပတ်လည် အစီရင်ခံစာများ၊ ဘဏ္ဍာရေးရှင်းတမ်းများကို ကြည့်၍အဆိုပါကုမ္ပဏီ၏ ရှေ့အလားအလာနှင့် အကျိုးအမြတ်တို့ကို ခန့်မှန်းတွက်ချက်နိုင်ပါသည်။ ယင်းကုမ္ပဏီ၏ပုံမှန်ပေးနေသော အမြတ်ဝေစုကိုလည်း ရရှိနိုင်ပါသည်။ သို့သော်လည်း ယခုမှ စတင်တည်ထောင်သည့် လုပ်ငန်းသစ် (green fi eld)များ စတင်လုပ်ဆောင်မည့်ကုမ္ပဏီတို့၌ ရင်းနှီးမြှုပ်နှံရာတွင်မူ မိမိတို့၏ထည့်ဝင်ငွေအတွက် အကျိုးအမြတ် အား မည်သည့်အချိန်တွင် မည်မျှရရှိမည်ဆိုသည်ကို တွက်ချက်ခန့်မှန်းရန်မှာ လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ပါ။ သို့အတွက် မိမိတို့ စွန့်စားထည့်ဝင်ရသည့် ငွေကြေး (venturecapital) များအတွက် အဆိုပါကုမ္ပဏီ အပေါ်တွင် ယုံကြည်မှုတစ်ခု ထားရှိရန် လိုပါသည်။
ကုမ္ပဏီအသစ်များသည် ရှယ်ယာများ စတင်ရောင်းချခြင်း မပြုမီ၎င်းတို့ကုမ္ပဏီ၏ လုပ်ငန်းစဉ်အားလုံး ကို ဖော်ပြထားသည့် ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်သည့် လုပ်ငန်းလမ်းညွှန်စာတမ်း (prospectus) ကို ကြိုတင်ဝေငှလေ့ရှိပါသည်။ ယင်းလုပ်ငန်းလမ်းညွှန်စာတမ်းတွင် ကုမ္ပဏီ၏ အမြတ်ဝေစုမူဝါဒ(dividendpolicy) ကို ရှင်းလင်းစွာ ဖော်ပြထားလေ့ရှိသဖြင့် ယင်းအချက်အလက်များအား ရှယ်ယာဝယ်ယူမည့်သူများအနေဖြင့် ကျေလည်စွာ ဖတ်ရှုကြရန် လိုအပ်ပါသည်။ ကုမ္ပဏီတို့၏အမြတ်ဝေစု မူဝါဒ အတော်များများမှာ ဆင်တူပြီး အထူးသဖြင့် အမြတ်ဝေစုကို နောင်နှစ်များတွင် ပြန်လည်ရင်းနှီးရန် ရာခိုင်နှုန်း တချို့တစ်ဝက်ကို ချန်ထား လေ့ရှိခြင်းနှင့် အမြတ်ဝေစု မည်မျှပေးမည်ကို ဒါရိုက်တာအဖွဲ့၏ သဘောတူညီချက်ဖြင့် ပေးနိုင်သည်ဆိုသည့် အချက်များမှာတူညီလေ့ ရှိပါသည်။
ယေဘုယျအားဖြင့် အသစ်စတင်ဖွဲ့စည်းသည့် ကုမ္ပဏီတစ်ခုအနေဖြင့်လုပ်ငန်းစတင်တည်ထောင်သည့် အစောပိုင်းကာလများတွင် အမြတ်ငွေပေါ်ထွက်ရန် မလွယ်ကူပါ။ ကုမ္ပဏီစတင်တည်ထောင်သည့် ကာလများ တွင် လုပ်ငန်း၏ အခြေခံအဆောက်အဦများ တည်ဆောက်ရေး၊ လုပ်ငန်းများ စတင်လည်ပတ်နိုင်ရေးအတွက် အစပျိုးကြရသည့် ကာလဖြစ်ပေရာအစောပိုင်းကာလများတွင် ကုမ္ပဏီအနေဖြင့် အမြတ်ငွေပေါ်ထွက်ရန် လွန်စွာခဲယဉ်းပါသည်။ အမြတ်ငွေစတင်ပေါ်သည့် ကာလတွင်လည်းယင်းငွေကိုပြန်လည်ရင်းနှီးမြှုပ်နှံ(reinvest) ပြုလုပ်ခြင်းဖြင့် ကုမ္ပဏီ၏တိုးတက်မှုနှုန်းကို မြန်ဆန်အောင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ လုပ်ငန်းအစပိုင်း ကာလများတွင် မြတ်စွန်းသော အမြတ်ငွေထဲမှ အခွန်ပေးဆောင်ပြီး အသားတင် အမြတ်ငွေအားလုံးကို ရှယ်ယာရှင်များသို့ ခွဲဝေပေးလိုက်ပါကလည်း ကုမ္ပဏီ၏တိုးတက်မှု (growth) ကို ထိခိုက်စေကာ ကုမ္ပဏီ၏ တန်ဖိုးမြင့်တက်သင့်သလောက် မြင့်တက်လာမည် မဟုတ်တော့ပါ။
မကြာမီက ရှယ်ယာများထုတ်ဝေရောင်းချသည့် ကုမ္ပဏီတစ်ခု၏အမြတ်ဝေစုမူဝါဒကို လေ့လာကြည့် နိုင်ပါသည်။ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ဤကုမ္ပဏီသည်အထွေထွေအစည်းအဝေးတွင်၎င်း၏ အစုရှင် များက ချမှတ်သောသာမန်ဆုံးဖြတ်ချက်ဖြင့် အမြတ်ဝေစုများကို ကြေညာနိုင်ပါသည်။ သို့ရာတွင် ဒါရိုက်တာ များက ထောက်ခံသော ငွေပမာဏထက် ကျော်လွန်၍ အမြတ်ဝေစုများ ထုတ်ပေးခွင့်မရှိပါ။ အမြတ်ဝေစုမှန် သမျှကို ဤကုမ္ပဏီ၏ အမြတ်ငွေထဲမှသာ ပေးရမည်ဖြစ်သည်။ ဒါရိုက်တာများသည်ကြားဖြတ် အမြတ်ငွေကို ဤကုမ္ပဏီ၏ အစုရှင်များ၏ ခွင့်ပြုချက်မလိုဘဲကြေညာနိုင်သည်။ သို့ရာတွင် အမြတ်ဝေစု ခွဲဝေထုတ်ပေးခြင်း မပြုမီအောက်ပါတို့ ဆောင်ရွက်ရန်အလို့ငှာကြောင်းကျိုးညီညွတ်ပြီး အမြော်အမြင်ရှိစွာ လိုအပ်သော ငွေသား လျာထားချက်နှင့် သီးသန့်ရန်ပုံငွေတို့အတွက်လျာထားချက် အားလုံးကို လုပ်ဆောင်ပြီး ဖြစ်ရမည်ဟု ဖြစ်ပါ သည်။
- အခွန်အတုတ်များ
- ချေးငွေများအတွက် ပြန်ဆပ်ရန် ကိစ္စများ
­- ငွေလုံးငွေရင်းအသုံးစရိတ်နှင့်ဆောက်လုပ်ရေးဆိုင်ရာ လိုအပ်ချက်များ
- ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်ငွေ လိုအပ်ချက်များ ဖြည့်ဆည်းရန်ငွေများနှင့်
­- ကုမ္ပဏီ၏ ကတိကဝတ်များဖြည့်ဆည်းရန် လိုအပ်သည့်ကိစ္စတစ်စုံတစ်ရာအတွက် ငွေများ စသည်တို့ကို လျာထားရမည်ဟု ဆိုသည်။
သို့ဖြစ်ပေရာ ရှယ်ယာရှင်တို့အနေနှင့် မိမိတို့ထည့်ဝင်ထားသောငွေကြေးတစ်ရပ်အတွက် တိုတောင်း သော ကာလတစ်ရပ်အတွင်း အကျိုးအမြတ်တစ်ခုကို ရရှိရန်ထက် မိမိတို့ထည့်ဝင်ထားသည့်ကုမ္ပဏီ တိုတောင်း သော ကာလတစ်ခုအတွင်း အောင်မြင်မှုရရှိရေးအတွက် ဝိုင်းဝန်းကူညီကြရန် လိုအပ်ပါသည်။
ကုမ္ပဏီအောင်မြင်မှု ရရှိလာသည်နှင့်အမျှ ရှယ်ယာရှင်များအနေနှင့် အကျိုးအမြတ်နှစ်ခုကို ရရှိနိုင်မည် ဖြစ်ပါသည်။ ယင်းတို့မှာ ကုမ္ပဏီမှခွဲဝေပေးသည့် အမြတ်ငွေ (dividend)ဖြစ်ပြီး ယင်းကို ငညခသာနါငေည ဟု လည်း ခေါ်ဆိုပါသည်။ နောက်တစ်မျိုးမှာ ကုမ္ပဏီတန်ဖိုး တဖြည်းဖြည်းမြင့်တက်လာပြီးနောက် ဈေးကွက် အတွင်းတွင် ရှယ်ယာဈေးနှုန်းများမြင့်တက်လာပြီးနောက် ပြန်လည်ရောင်းချရာမှ မြတ်စွန်းသောငွေ ဖြစ်ပါသည်။ ယင်းကို တစ်နည်းအားဖြင့် income gain ဟုလည်း ခေါ်ဆိုပါသည်။
အောက်ဖော်ပြပါ သရုပ်ဖော်ပုံတွင် ကုမ္ပဏီတစ်ခု၏ တန်ဖိုးမြင့်တက်လာပုံနှင့် အမြတ်ဝေစုနှင့် ရှယ်ယာ တန်ဖိုး မြင့်တက်လာပုံတို့ကို ဖော်ပြထားပါသည်။ ကုမ္ပဏီတစ်ခု စတင်တည်ထောင်သည့် အစောပိုင်းတွင် အမြတ်ငွေတချို့ ရရှိပါသည်။ ယင်းအမြတ်ငွေထဲမှ ရာခိုင်နှုန်းအတော်များများ (ဥပမာ ၇၅­) ကို ကုမ္ပဏီ၏ နောက်နှစ်များတွင် ရင်းနှီးမြှုပ်နှံခြင်းအတွက် ထည့်ဝင် သုံးစွဲလိုက်ကာကျန်ရာခိုင်နှုန်း အနည်းငယ်ကိုသာ အမြတ်ဝေစုအဖြစ် ခွဲဝေပါသည်။ အဆိုပါ ပြန်လည်ရင်းနှီးမြှုပ်နှံလိုက်သော ငွေကြေးတစ်ရပ်သည် ကုမ္ပဏီ၏ နောက်တစ်နှစ်အတွက် ရှယ်ယာတန်ဖိုးကို မြင့်တက်စေသည့် တွန်းအားတစ်ရပ် (enhancement of shareholder value) ကို ဖြစ်ပေါ်စေပါသည်။
ဤပုံပါအတိုင်း တစ်နှစ်ပြီး တစ်နှစ် ဆက်တိုက် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုမ္ပဏီသည် အချိန်တို အတွင်း လျင်မြန်သည့်အရှိန်အဟုန်ဖြင့် တိုးတက်မှုရရှိစေကာ ရှယ်ယာရှင်များ၏ တန်ဖိုးသည်လည်း ထက်ကြပ် မကွာ မြင့်တက်လာမည်ဖြစ်သည်။
သို­့အတွက် မိမိတို့၏ ရှယ်ယာများကို ဈေးကွက်တွင် ပြန်လည်ရောင်းချရာမှ အမြတ်ငွေ (capital gain)ကို အချိန်တိုအတွင်း ခံစားနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ကုမ္ပဏီတိုးတက်လာမှုနှင့်အတူ အမြတ်ဝေစု ကိုလည်း တဖြည်းဖြည်းချင်း တိုးမြှင့်ရရှိလာနိုင်မည်ဖြစ်ပါသည်။
မိမိတို့နိုင်ငံအတွင်း ရှယ်ယာရှင်တို့ အရိုးစွဲနေသည့်အချက်တစ်ခုမှာအမြတ်ဝေစု များများရရှိလိုခြင်းဖြစ် ပြီး ရှယ်ယာဈေးနှုန်းတက်ခြင်းမှ ရရှိမည့်အကျိုးအမြတ် (capital gain)ကို အကျွမ်းတဝင် မရှိသေးပါ။
မကြာမီ စတော့ရှယ်ယာ ဈေးကွက်တစ်ခု တည်ထောင်တော့မည်ဖြစ်ပါသည်။ ယင်းဈေးကွက် ပေါ် ပေါက်လာပါက ရှယ်ယာရှင်တို့အနေနှင့် capital gain ကို ခံစားနိုင်မည်ဖြစ်ပါသည်။
ထွန်းသက်ထွန်း

အရည်အချင်းပြည့်ဝသည့် အများပိုင်ကုမ္ပဏီများ လိုအပ်


စတော့ရှယ်ယာ ဈေးကွက်အတွင်း ပါဝင်ကြမည့် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများ ပေါ်ပေါက်လာ ရေးအတွက် နိုင်ငံတော်အစိုးရမှ အားပေးကာ အလွယ်တကူဖွဲ့စည်းတည်ထောင်ခွင့် ပေးခဲ့ပါသည်။ ထိုသို့ဖွဲ့ စည်းခွင့် ပြုခဲ့ရာတွင်မူဝါဒအရ ရင်းနှီးမြှုပ်နှံသူတို့ မကွဲပြားကြသည့်အချက်မှာ going public နှင့် forming public တို့ပင် ဖြစ်သည်။ going public သည် မူလရှိပြီးသား ပုဂ္ဂလိကကုမ္ပဏီတစ်ခုကိုအများပိုင် ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ အဘယ်ကြောင့်အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲကြပါသနည်း။ ကုမ္ပဏီတစ်ခုတည်ထောင်ပြီးနောက် မိမိတို့ရှယ်ယာရှင်များစုစည်းထားသည့် ငွေပင်ငွေရင်းနှင့်လုပ်ငန်းများ စတင်လုပ်ဆောင်ပါသည်။ လုပ်ငန်းများဆိုရာတွင် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု၊ ခရီးသွားလာရေး၊ ငွေကြေးဝန်ဆောင်မှု စသည့် မည်သည့်လုပ်ငန်းတစ်ခု သို့မဟုတ် လုပ်ငန်းအစုကိုရည်ညွှန်းပါသည်။
ထိုသို့ လုပ်ငန်းများ စတင်ဆောင်ရွက်ရင်း အောင်မြင်မှုတစ်ခု ရရှိလာသည့်အချိန်တွင် လုပ်ငန်းများ ချဲ့ထွင်ရန်အတွက် ငွေကြေးတစ်ရပ် ထပ်မံရရှိရန် လိုအပ်ပါသည်။ ထိုသို့ လိုအပ်သည့် ငွေကြေးကိုလည်း မိမိတို့ ဒါရိုက်တာများအချင်းချင်းထံမှ ထပ်မံစုစည်းပါသည်။ စုစည်း၍ မလုံလောက်ပါကအခြားသော မိတ်ဆွေများထံမှ ချေးငှားပါသည်။ ဆက်လက်၍ မလုံလောက်သေးပါမူ ဘဏ်များထံမှ ငွေကြေးများချေးငှားရယူကြရပါသည်။
ဘဏ်များမှ ငွေကြေးရယူရာတွင်လည်း မိမိတို့လိုအပ်သည့် ငွေကြေးပမာဏ လုံလောက်စွာ မရရှိမှု၊ ကာလသက်တမ်းတိုတောင်းမှု စသည်ဖြင့် အခက်အခဲများနှင့် ကြုံတွေ့နိုင်ပါသည်။
သို့ဖြစ်ရာ အဆိုပါကုမ္ပဏီသည်မိမိတို့လုပ်ငန်းကို ချဲ့ထွင်ကာ ဈေးကွက်အား ထိုးဖောက်တော့မည်ဆိုပါ က အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ်သို့ပြောင်းလဲပြီး လိုအပ်သောငွေပင်ငွေရင်းကို အများပြည်သူတို့ အား ရှယ်ယာများ ဖိတ်ခေါ်ရောင်းချခြင်းဖြင့် စုစည်းရယူနိုင်ပါသည်။ ထိုသို့ နဂိုရှိပြီးသား ကုမ္ပဏီအနေဖြင့် မူလကတည်းက နာမည်ပျက် မရှိခဲ့ခြင်း၊ အောင်မြင်မှု အသင့်အတင့် ရရှိခဲ့ခြင်း၊ လုပ်ငန်းအတွေ့အကြုံများ လည်း ရှိခဲ့ခြင်း၊ အမည်ကောင်းတန်ဖိုးများရရှိခဲ့ခြင်း စသည့် မှတ်တမ်းကောင်းများရှိခဲ့ပါက နဂိုက အောင်မြင်မှု မှတ်တမ်းများကို အခြေခံလျက်ရှယ်ယာရှင်များသို့ ရှယ်ယာများအလွယ်တကူ ရောင်းချနိုင်ပါသည်။ ရှယ်ယာ ရှင်များအနေနှင့်လည်း နဂိုကတည်းက မှတ်တမ်းကောင်းများရှိခဲ့သော အများပိုင်တစ်ဖြစ်လဲ ကုမ္ပဏီထံတွင် ရှယ်ယာများ အားတက်သရောထည့်ဝင်ရန် အဆင်သင့် ရှိကြမည်ဖြစ်ပါသည်။ အများပိုင်သို့ ပြောင်းလဲကာ ရှယ်ယာများရောင်းချပြီး ငွေကြေးရယူခြင်းကြောင့် ကုမ္ပဏီ၏အရွယ်အစား တဖြည်းဖြည်းချင်း ကြီးမားလာကာ အရွယ်အစားကြီးမားခြင်းကြောင့် စီးပွားရေးတွက်ခြေကိုက်မှု(economy of scale) ကို ရရှိစေပါသည်။ ထို့ကြောင့် ကုန်ပစ္စည်း တစ်ယူနစ်၏ ထုတ်လုပ်မှုစရိတ် လျော့ကျသက်သာစေကာ အစွန်းထွက်တန်ဖိုး (marginal cost) များကို လျော့ကျသွားစေပါသည်။ သို့ဖြင့် အဆိုပါအများပိုင်ကုမ္ပဏီသည် ယှဉ်ပြိုင်မှုစွမ်း ရည်များ ကြီးထွားလာကာ တစ်စထက်တစ်စကြီးထွားလာပြီး ရှယ်ယာထည့်ဝင်ထားသူများသို့လည်း အမြတ် ဝေစုများ ပေးဝေနိုင်ခြင်း၊ စတော့ဈေးကွက်မှ သတ်မှတ်သည့်စံများကိုအချိန်တိုအတွင်း ပြည့်စေခြင်း၊ စတော့ ဈေးကွက်တွင် ရှယ်ယာတန်ဖိုးများတက်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ ဤသည်မှာ going public ၏အနှစ်သာရဖြစ်သည်။ နိုင်ငံတကာဈေးကွက်တွင်လည်း ထိုသို့ ကျင့်သုံးကြသည်။
Forming public မှာကားထိုသို့မဟုတ်။ အစိမ်းသက်သက်စတင် တည်ထောင်ရသည်။ တည်ထောင်သူ ဒါရိုက်တာများ စုစည်းရသည်။ လုပ်ငန်းအခြေခံများ မရှိခဲ့သဖြင့် အသစ်စတင်ရသည်။ အစပျိုးငွေကြေး (seed capital) ကို စတင်စုစည်းရသည်။ လုပ်ငန်းများကိုလည်း တည်ထောင်သူတို့ စိတ်ကူးကောင်းလျှင် ကောင်းသလို စတင်ရေးဆွဲကြရသည်။ လုပ်ငန်းများကိုမြေစမ်း ခရမ်းပျိုးကြရသည်။ လုပ်ငန်းအများစုမှာ စွန့်စားမှုအပြည့်နှင့် စတင်ရသည်။ လုပ်ငန်းအောင်မြင်မှုသည်ဒါရိုက်တာများ၊ ဝန်ထမ်းများ၏အရည်အချင်းနှင့် ကိုယ်ရည်ကိုယ်သွေးများ၊ လုပ်ရည်ကိုင်ရည်များအပေါ်တွင် မူတည်သည်။ ရှယ်ယာများ ဖိတ်ခေါ်ရာတွင်လည်း ပညာရှင်များစွာ၏ အကြံဉာဏ်များစွာကို ရယူကာ အများပြည်သူတို့၏ ယုံကြည်မှုရရှိစေရေးအတွက် ဆောင်ရွက်ကြရပါသည်။ ရှယ်ယာရှင်များကလည်းတည်ထောင်သူတို့၏ အရည်အချင်းများကို ယုံကြည်ကာ စွန့်စားထည့်ဝင်ကြရသည်။ ယင်းသို့ စွန့်စားထည့်ဝင်သည့်ငွေကို (venture capital) ဟုခေါ်ကြသည်။ အဆိုပါ forming public သမားများသည် ကုမ္ပဏီ၏ရလဒ်ကောင်းများရရှိရန် နှစ်ပေါင်းများစွာ ကြိုးစားကြရသည်။ စတော့ဈေးကွက်မှ စံသတ်မှတ်ချက်များကိုပြည့်မီရန်လည်း နှစ်ပေါင်းများစွာကြိုးစားကြရမည်ဖြစ်ပါသည်။
ထို့ကြောင့် စတော့ဈေးကွက်တွင် ပါဝင်ကြမည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများသည် အသစ်တည်ထောင်သည်ဖြစ်စေ၊ ပုဂ္ဂလိကပိုင်မှကူးပြောင်းလာသည်ဖြစ်စေ တစ်ချိန်တွင် မိမိတို့ကုမ္ပဏီ၏ ရှယ်ယာများအတွက် ငွေဖြစ်လွယ်ရေး (liquidity)၊ ကုမ္ပဏီရှယ်ယာများ တန်ရာတန်ကြေးရရှိစေရေး (fair value)၊ ပြန်လည် ထွက်ခွာဗျူဟာ (exit strategy)ရှိစေရေး၊ သိက္ခာမြင့်တက်ရေး၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှ အသိအမှတ်ပြုရေး စသည်တို့အတွက်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ်ပါဝင်ရေးကို ဦးတည် ဆောင်ရွက်ကြရမည်ဖြစ်သည်။
စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်စေရေးအတွက်နိုင်ငံတကာ စတော့အိတ်ချိန်းများတွင် စံသတ်မှတ်ချက် (listing criteria)များ ချမှတ်ထားရာ ယင်းစံများတွင်ကိန်းဂဏန်းဖြင့် ဖော်ပြနိုင်သည့် စံများ (numerical criteria) အပြင်ကိန်းဂဏန်းဖြင့် ဖော်ပြရန် မဖြစ်နိုင်သည့်စံများ (non-numerical criteria) ကိုလည်း သတ်မှတ်ထားရှိပါသည်။
ယင်းစံများကို အကျဉ်းချုပ် ဖော်ပြရပါက-
(က) ကုမ္ပဏီ၏ ထည့်ဝင်ပြီးမတည်ငွေရင်း (paid-in-capital) ။ ။ ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်း မျဉ်းပါ အများဆုံး ထည့်ဝင်နိုင်သည့်ပမာဏမှ သတ်မှတ်ကာလတစ်ခုအတွင်း ထည့်ဝင်ပြီး ပမာဏကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း အနည်းဆုံး ကျပ်သန်း ၅ဝဝ သတ်မှတ်လျာထားမည် ဖြစ်ကြောင်း သိရှိရပါသည်။
(ခ) အမြတ်ရရှိသည့်ကာလ။ ။ ကုမ္ပဏီတည်ထောင်ပြီး အမြတ်ငွေစတင်ပေါ်သည့်ကာလကို သတ်မှတ်ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာ စံနှုန်းများအရ အမြတ်ငွေ ပေါ်ပြီးသည့်ကာလအနည်းဆုံး နှစ်နှစ်ရှိရမည်ဟု သတ်မှတ် ထားပါသည်။
(ဂ) အနည်းဆုံးရှိရမည့် ရှယ်ယာရှင်အရေအတွက် ။ ။ စတော့အိတ်ချိန်းသို့ စာရင်းဝင်ကုမ္ပဏီအဖြစ်လျှောက်ထား သည့်အချိန်တွင် စုစုပေါင်းရှိရမည့် ရှယ်ယာရှင် အရေအတွက် ဖြစ်ပါသည်။ နိုင်ငံတကာတွင်လည်း ၁ဝဝ ဦးမှသည် ၁,ဝဝဝ၊ ၅,ဝဝဝ စသည်ဖြင့် သတ်မှတ်သော်လည်း မြန်မာနိုင်ငံတွင် ၁ဝဝ ဦး သတ်မှတ်လျာထားမည် ဖြစ်ကြောင်း သိရှိရပါသည်။
(ဃ) ရှယ်ယာရှင်များ အချိုးအစား။ ။ ရှယ်ယာရှင် အရေအတွက်တွင်လည်း ရှယ်ယာအရေအတွက် အနည်းစု ကိုင်ဆောင်နိုင်သူ(minor shareholder) အရေအတွက်ကို သတ်မှတ်ခြင်းဖြစ်ပါသည်။ နိုင်ငံတကာစံများအရ ရှယ်ယာအနည်းစုကိုင်ဆောင်သူ အချိုးအစား (၁ဝရာခိုင်နှုန်း) သတ်မှတ်သည်။
(င) ရှယ်ယာ လွှဲပြောင်းရောင်းဝယ်မှု လွတ်လပ်ခွင့်ပေးခြင်း။ ။ စတော့ဈေးကွက်တွင် စာရင်းတင်သွင်းရောင်းဝယ် ကြမည့် ရှယ်ယာများ ဈေးကွက်တွင် လွှဲပြောင်းရောင်းချခြင်းကို ထုတ်ဝေသူ ကုမ္ပဏီအနေဖြင့် ကန့်သတ်ချုပ် ခြယ်မှု မရှိရပါ။
(စ) ရှယ်ယာများသည် အပြည့်ထည့်ဝင်ပြီး ရှယ်ယာများဖြစ်ခြင်း။ ။ စတော့အိတ်ချိန်းစာရင်းဝင်မည့် ရှယ်ယာများ သည် အပြည့်အဝ ထည့်ဝင်ပြီး (fully paid) ဖြစ်သော ရှယ်ယာများ ဖြစ်ရပါမည်။
(ဆ) ကုမ္ပဏီ စဉ်ဆက်မပြတ်တည်ရှိခြင်း ။ ။ ကုမ္ပဏီ၏ သမိုင်းကြောင်းတွင် လုပ်ငန်းများ ပြတ်တောက်ခဲ့ခြင်း၊ နာမည်ဆိုးများ ရှိခဲ့ခြင်း၊ လူမွဲခံခဲ့ခြင်း၊ ကြီးမားသည့်ဆုံးရှုံးမှုများရှိခဲ့ခြင်း စသည်တို့ မဖြစ်ပေါ်ခဲ့ရပါ။
(ဈ) ကော်ပိုရိတ် စီမံခန့်ခွဲမှုစနစ်။ ။ ကုမ္ပဏီအနေနှင့် ကောင်းမွန်သောစီမံခန့်ခွဲမှုစနစ် (good corporate governmance) နှင့် ဌာနတွင်း ထိန်းချုပ်မှုစနစ် (internal control) များကောင်းမွန်သည့် ကုမ္ပဏီဖြစ်ရပါမည်။
(ည) ပွင့်လင်းမြင်သာမှုနှင့် ဖွင့်ဟကြေညာမှုစနစ်များရှိခြင်း။ ။ ကုမ္ပဏီ၏ လုပ်ငန်းဆောင်တာ အားလုံးအတွက် သတ်မှတ်ထားသော စာရင်းကိုင်နည်းစနစ်များ၊ စာရင်းထိန်းသိမ်းမှုစနစ်များ၊ ထိန်းချုပ်မှုစနစ်များ ကောင်းမွန် ခြင်း၊ အချိန်မရွေး စစ်ဆေးခံနိုင်သော စနစ်ထားရှိခြင်း၊ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွင့်ဟကြေညာ သည့်စနစ်၊ အစီရင်ခံသည့်စနစ်များ ရှိခြင်း။
(ဋ) ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း။ ။ အများပြည်သူစိတ်ဝင်စားသည့် အချက်များ၊ ရင်းနှီး မြှုပ်နှံသူတို့၏ အကျိုးစီးပွားကိုအကာအကွယ်ပေးသည့် အစီအမံများ၊ ဝန်ထမ်းများ၏ အကျိုးစီးပွားကိုအထောက် အပံ့ဖြစ်စေသည့် အစီအစဉ်များထားရှိခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးအရ တာဝန်ရှိမှုအချက်များကို ကောင်းမွန်စွာ ရေးဆွဲထားရှိခြင်း၊ လိုက်နာခြင်း စသည်တို့ဖြစ်ပါကြောင်း။
ထွန်းသက်ထွန်း