Tuesday, May 21, 2013

ကိုယ်နေဟန်ထား မမှန်တဲ့အခါ


အလုပ်လုပ်နေစဉ်မှာ ကိုယ်နေ ဟန်ထားမှန်ကန်စေဖို့ အကြံပြုချက် တွေ မကြာခဏကြားဖူးကြမှာပါ။ ခါး ဆန့်ပြီးမထိုင်လျှင် ခါးကုန်းတတ်တာ၊ လက်ပြင်ကုန်းတတ်တာ စသဖြင့် သိ ထားကြပေမယ့် စိတ်ပိုင်းဆိုင်ရာ ထိ ခိုက်စေတဲ့အချက်လေးတွေလည်း ရှိ ပါသေးတယ်။
ခါးမတ်မတ်မဆန့်ဘဲ နေ့တိုင်း အလုပ်လုပ်တဲ့အခါရေရှည်မှာ ကြွက်သားတွေ မသန်မာတော့ဘဲ လျော့တိ လျော့ရဲဖြစ်လာတတ်သလို အရိုးဆစ်တွေမှာပါ ပြောင်းလဲမှုတွေရှိလာနိုင်ပါတယ်။ ဒါ့အပြင် ခါးကိုင်းတာကြာလာတဲ့အခါ စိတ်ကျခြင်းနှင့် ထိုင်းမှိုင်းခြင်းတို့ကိုပါ ခံစားလာရတတ်ပါတယ်။ ခါးမတ်မတ်ဆန့် ထိုင်လိုက်တဲ့ အခါ စိတ်ပိုင်းဆိုင်ရာအရ တက်ကြွလာစေပါတယ်။
ကိုယ်နေဟန်ထားတည့်မတ် အောင်ပြုပြင်ဖို့မခက်ပါဘူး။ မတ်တတ်ရပ်အနေအထား မှန်မမှန်သိ သာစေဖို့ နံရံမှာကပ်ကြည့်နိုင်ပါ တယ်။ အလုပ်စားပွဲကိုလည်း ခါးမတ် မတ်ဆန့်ထိုင်နိုင်အောင် ပြုပြင်သင့်ပါ တယ်။
ခါးနာနေပြီဆိုလျှင် သတိထားပါ။ ကိုယ်နေဟန်ထားမမှန်လို့ ဖြစ်တတ်ပါတယ်။ ထိုင်တဲ့အခါ ကိုယ်နေဟန်ထားမှန်မှန်ထိန်းသိမ်းထားနိုင်ဖို့ ယောဂကျင့်စဉ်က ကူညီပေးနိုင်ပါ တယ်။

No comments:

Post a Comment