Saturday, May 4, 2013

ကမ္ဘာ့ ပထမဆုံးသော အင်တာနက် စာမျက်နှာအား ပြန်လည်လွှင့်တင်


ကမ္ဘာ့ ပထမဆုံးသော အင်တာနက် စာမျက်နှာအား ပြန်လည်လွှင့်တင်



အင်တာနက်ဆိုတာ ကြီးမားကျယ်ပြန့်လှပါတယ်။ ဘာပဲလိုလို အင်တာနက်မှာ ရှာဖွေပါဆိုတဲ့ စကားရပ်ဟာ လွန်စွာမှန်ကန်လှပါတယ်။ ဘီလီယံနဲ့ချီတဲ့ အင်တာနက် စာမျက်နှာတွေဟာ World Wide Web (W3) လို့ခေါ်တဲ့ ကွန်ယက်ကြီးပေါ်မှာ လွှင့်တင်ထားပါတယ်။ နှစ်ပေါင်းများစွာ တာရှည်ခံပြီး နာမည်ကျော်သွားတဲ့ စာမျက်နှာတွေ ရှိသလို သက်ဆိုးမရှည်ပဲ နေ့မြင်ညပျော် ဖြစ်ခဲ့ရတဲ့ စာမျက်နှာတွေလဲ ဒုနဲ့ဒေးပါပဲ။

W3 ဆိုတဲ့ အင်တာနက် ကွန်ယက်ကြီးကို လူအများ စတင်ပြီး အသုံးပြုနိုင်ခဲ့တာ ပြီးခဲ့သည့် ဧပရယ်လ ၃၀ ရက်နေ့က နှစ်ပေါင်း ၂၀ ပြည့်ခဲ့ပါတယ်။ ဒီ ဆယ်စုနှစ် ၂ ခုအတွင်းမှာ ပျောက်ကွယ်သွားတဲ့ ထောင်သောင်းချီတဲ့ စာမျက်နှာတွေထဲမှာ အင်တာနက်ခေတ်ဦးပိုင်းက စာမျက်နှာတွေက အများစု ဖြစ်နေပါတယ်။

MCG ရဲ့ W3 ပေါ်ပေါက်လာပုံ ဆောင်းပါအား ဖတ်ရှုရန် - http://on.fb.me/10wGgAs

သို့သော်လည်း W3 ရဲ့ မျိုးစေ့လဲဖြစ်၊ ကမ္ဘာ့ ပထမဦးဆုံးသော အင်တာနက် စာမျက်နှာလို့လဲ ခေါ်ဆိုနိုင်တဲ့ စာမျက်နှာတစ်ခုကို သမိုင်းကြောင်းကနေ မပျောက်ကွယ်သွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အင်တာနက် စတင်မွေးဖွားခဲ့ရာ European Organization for Nuclear Research (CERN) အနေနဲ့ ဤ သမိုင်းဝင် အင်တာနက် စာမျက်နှာအား အင်တာနက် နှစ်ပေါင်း ၂၀ ပြည့် အထိန်းအမှတ်အဖြစ် ယမန်နေ့တွင် ပြန်လည်လွှင့်တင် ပေးခဲ့ပါတယ်။

အောက်ပါပုံအား ကြည့်မယ်ဆိုရင် ကမ္ဘာ့ ပထမဆုံး အင်တာနက် စာမျက်နှာနဲ့ ယနေ့ခေတ် အင်တာနက် စာမျက်နှာများရဲ့ ကြီးမားတဲ့ ကွာခြားမှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

မျက်မှောက်ခေတ်မှာလို ရှုပ်ထွေးလှတဲ့ ကြော်ငြာတွေ ၊ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ မပါရှိသလို CSS တို့ ၊ HTML5 တို့ ၊ Flash တို့ လည်း အသုံးမပြုထားပဲ အလွန်ရိုးရှင်းတဲ့ မူလပထမ Hypertext Markup Language (သို့) HTML ကို အသုံးပြုကာ Times New Roman ဖောင့်ကို အသုံးပြုကာ text သီသန့် စာမျက်နှာအဖြစ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။

W3 Project နှင့် မူလပထမ အင်တာနက် စာမျက်နှာတို့ကို လေ့လာလိုပါက - http://info.cern.ch/hypertext/WWW/

No comments:

Post a Comment