Tuesday, May 14, 2013

ဘ၀ရဲ့ ဥတုလေးပါး



တစ်ခါတုန်းက ဖခင်တစ်ယောက်ဆီမှာ သားသုံးယောက်ရှိတယ်။ သူကသူ့ သားတွေကို ဘယ်အရာမဆို မြန်မြန် မဝေဖန်မိဖို့  သင်ယူစေချင်တယ်။ ဒါနဲ့ သူက သူ့ သားတွေကိုအလွန်ကွာဝေးတဲ့ နေရာမှာရှိနေတဲ့ သစ်တော်ပင်ကြီးကို တလှည့်စီ သွားကြည့်ခိုင်းတယ်။

ပထမသားက ဆောင်းရာသီမှာသွားတယ်။ ဒုတိယသားက နွေဦးရာသီမှာသွားတယ်။တတိယသားက နွေရာသီမှာသွားပြီးတော့ နောက်ဆုံးအငယ်ဆုံးသားကတော့ ဆောင်းဦးကျချိန်မှာသွားတယ်။

အားလုံးသွားပြီးလို့ ပြန်လာတဲ့အခါမှာ ဖခင်ဖြစ်သူက သူသားတွေကိုသူတို့ ဘာတွေမြင်ခဲ့လဲဆိုတာကို သူ့ ကို ပြောပြဖို့ ပြောတယ်။

ပထမသားက သစ်ပင်ကြီးက ဗျာ အရမ်း ရုပ်ဆိုးတာပဲ။ ကွေးကောက်ပြီးကိုင်းညွတ်နေတာပဲ အဖေ လို့ ပြောတယ်။

ဒုတိယသားက မဟုတ်တာဗျာ သစ်ပင်ကြီးက ပုရစ်ဖူးလေးတွေနဲ့  ကြည့်ကောင်းပါတယ်အဖေရာ လို့ ပြန်ပြောတယ်။

တတိယသားကတော့ မဟုတ်ဘူးအဖေ၊ သစ်ပင်ကြီးမှာ ပန်းတွေက ဝေေ၀ဆာဆာဆ ပွင့်နေတာပါ။ အနံ့ ကလည်းသင်းပြီး အရမ်းလည်းလှတယ်။ ကျွန်တော်မြင်ဖူးသမျှထဲမှာတော့ ကျက်သရေ အရှိဆုံးပဲ အဖေ လို့ ပြောတယ်။

အငယ်ဆုံးသားကတော့ အကိုတို့ ပြောတာ တစ်ခုမှ မဟုတ်ဘူး။ သစ်ပင်ကြီးမှာအသီးတွေနဲ့ ပြည့်ပြီး မှည့်တောင်မှည့်နေပြီ။ ကြည့်ရတာ စိမ်းစိမ်းစိုစိုနဲ့ အရမ်းစိတ်ချမ်းသာတယ်အဖေ လို့ ပြောပြန်တယ်။

ဖခင်ဖြစ်သူက သားတွေကို သစ်ပင်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ်ဘယ်အရာကိုမှ တစ်ရာသီလေးပဲကြည့်ပြီး ဝေဖန် ဆုံးဖြတ်လို့ မရဘူး။ တကယ့်အနှစ်သာရဖြစ်တဲ့ အဲဒီလူရဲ့ ပျော်ရွှင်ဝမ်းမြောက်မှု၊ချစ်ခြင်းမေတ္တာတွေကို ဥတုလေးပါး ကုန်ဆုံးချိန် အဆုံးသတ်မှာပဲ တိုင်းတာလို့ ရနိုင်မှာဖြစ်တယ်

သင့်ဘ၀ကို ခက်ခဲတဲ့ တစ်ရာသီကြောင့် မဝေဖန်လိုက်ပါနဲ့။ တစ်ရာသီရဲ့နာကျင်ခံစားရမှုကြောင့် အခြားသောရာသီများရဲ့  ၀မ်းမြောက်ပျော်ရွှင်မှုကို မဖျက်စီးမိပါစေနဲ့။

No comments:

Post a Comment