Sunday, August 4, 2013

အမှိုက်များမှ လျပ်စစ်ဓာတ်အားနှင့် CNG ထုတ်ယူခြင်း

ရန်ကုန်မြို့တော်မှ ထွက်ရှိသော အမှိုက်များမှ လျပ်စစ်ဓာတ်အားနှင့် CNG ထုတ်ယူခြင်း လုပ်ငန်းများကို ၂၀၁၄ ခုနှစ်တွင် စတင်နိုင်မည်

ရန်ကုန်မြို့တော်၏ နေ့စဉ်ထွက်ရှိသော အမှိုက်များမှ ရန်ကုန်မြို့တော်အတွက် လိုအပ်နေသော လျှပ်စစ်ဓာတ်အားနှင့် CNG ထုတ်ယူရေး လုပ်ငန်းများကို လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် စတင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့တော်၏ နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ဓာတ်အားနှင့် CNG ဓာတ်ငွေ့ ထုတ်ယူရေး လုပ်ငန်းများ လုပ်ကိုင်လိုသည့် ကုမ္ပဏီများအား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တင်ဒါခေါ်ယူခဲ့ပြီး ယခုနှစ် မတ်လကုန်တွင် တင်ဒါပိတ်ခဲ့ကြောင်း၊ ပြည်တွင်းနှင့် ပြည်ပပူးပေါင်းသော ကုမ္ပဏီများ၊ ပြည်ပသီးသန့် ကုမ္ပဏီများလာရောက် တင်ဒါတင်သွင်းသော ကုမ္ပဏီပေါင်း ၄၃ ခုက လာရောက် တင်ဒါ တင်သွင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ တင်သွင်းလာသော တင်ဒါများကို ယခုနှစ် ဧပြီလနှင့်မေလ နှစ်လ အချိန်ယူပြီး အဆိုပါ ကုမ္ပဏီများမှ ပတ်ဝန်းကျင်အား မည်သို့ထိန်းသိမ်းနိုင်မည်၊ မည်သို့လုပ်ငန်းများ ဆောင်ရွက်မည်ကို အကဲဖြတ်ကာ ယင်းကုမ္ပဏီ ၄၃ ခုထဲမှ ထိန်ပင် အမှိုက်ပုံတွင် အမှိုက်များမှတစ်ဆင့် CNG ထုတ်ယူရေး လုပ်ငန်းများအတွက် ကုမ္ပဏီငါးခုနှင့် ထားဝယ်ချောင် အမှိုက်ပုံတွင် အမှိုက်မီးရှို့ တည်ထောင်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများ ပြုလုပ်ရန် ကုမ္ပဏီ ခြောက်ခုကို ပဏာမ ရွေးချယ်ခဲ့သည်ဟု သိရသည်။ အဆိုပါ ကုမ္ပဏီများ အနေဖြင့် သြဂုတ် ၇ ရက်တွင် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် Final Full Proposal အပြီးသတ် တင်ရမည်ဖြစ်ပြီး လုပ်ငန်း၏ ရာနှုန်းပြည့်ကို အပြည့်အ၀ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမည် ဖြစ်ကြောင်းနှင့် CNG စနစ်ဖြင့် ပြုလုပ်ရမည် ဖြစ်ကြောင်း၊ အပြီးသတ် တင်ပြချက်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြကာ ထိန်ပင်အမှိုက်ပုံတွင် အမှိုက်များမှ တစ်ဆင့် CNG ထုတ်ယူရေး လုပ်ငန်းများအတွက် ကုမ္ပဏီတစ်ခုနှင့် ထားဝယ်ချောင် အမှိုက်ပုံတွင် အမှိုက်မီးရှို့ တည်ထောင်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများ ပြုလုပ်ရန် ကုမ္ပဏီ တစ်ခုတို့ကို အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း၊ ကုမ္ပဏီများ ရွေးချယ်ရာတွင် မြေအသုံးပြုခ၊ အကျိုးအမြတ်ခွဲဝေမှု ရာခိုင်နှုန်း အများဆုံးပေးနိုင်သည့် ကုမ္ပဏီကို ရွေးချယ်မည်ဖြစ်ပြီး လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် လုပ်ငန်းများ စတင်ရန် မှန်းထားကြောင်း သတင်းရရှိသည်။

အဆိုပါ လုပ်ငန်းများမှ လျှပ်စစ်ဓာတ်အားများ ထွက်ရှိလာပါက ရန်ကုန်မြို့တော်၏ နေအိမ်၊ စက်မှုလုပ်ငန်းများအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းနိုင်ရန် ရောင်းချပေးမည်ဖြစ်ပြီး ယင်းအတွက် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့နှင့် ညှိနှိုင်းရမည်ဖြစ်ပြီး မော်တော်ယာဉ်များအတွက် လိုအပ်သော CNG များကိုလည်း ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများမှ လျှပ်စစ်ဓာတ်အားဖြင့် CNG ပမာဏ မည်မျှရရှိမည်ကိုမူ မသိရှိ နိုင်သေးကြောင်း သတင်းရရှိသည်။

https://www.facebook.com/IndustrialChemisrty

No comments:

Post a Comment