Friday, August 30, 2013

ကမ္ဘာကျော် ပုဂ္ဂိုလ် (၃) ယောက် အကြောင်း

အဲလ်ဘတ်အိုင်းစတိုင်း

 

သမိုင်းမှာ အကြီးကျယ်ဆုံး ရူပဗေဒပညာရှင်ကြီး တစ်ဦးဖြစ်ပြီး သူ့ရဲ့အမည်ဟာ ပါရမီဥာဏ် ကြီးကျယ်မှုရဲ့ အမှတ်သညာ တစ်ခုလည်း ဖြစ်ပါတယ်။ သူ့ရဲ့အကျော်ကြားဆုံး လုပ်ဆောင်ချက်
တစ်ရပ်ဖြစ်တဲ့ ရီလေတစ်ဗတီ သီအိုရီကို ၁၉၁၉ ခုနှစ်မှာ သက်သေပြ ဖော်ထုတ်ခဲ့ချိန်ကစလို့ သူဟာ ကမ္ဘာ့အထင်ရှားဆုံး  သိပ္ပံပညာရှင် တစ်ဦးဖြစ်လာခဲ့ပြီး ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ၁၉၂၁ ခုနှစ်မှာ ဆွတ်ခူးခဲ့ပါတယ်။ သူဟာ ငြိမ်းချမ်းရေး ဝါဒီတစ်ဦးဖြစ်ပေမဲ့ သူ့ရဲ့ သိပ္ပံသီအိုရီတွေက အမေရိကန် ပြည်ထောင်စုကို  အဏုမြူဗုံး ထုတ်လုပ်ဖို့  အကူအညီ ပေးခဲ့ပါတယ်။ သူမသေဆုံးမီ ရက်သတ္တတစ်ပတ် အလိုမှာ  အိုင်းစတိုင်းက နျူကလီးယား ဆန့်ကျင်ရေး လှုံ့ဆော်သူ တစ်ဦးဖြစ်တဲ့ ဗြိတိသျှ ဒဿနိကဗေဒ ပညာရှင် ဘာထရန်ရပ်ဆဲကို နိုင်ငံအားလုံး နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ကြဖို့ ကြေညာစာတမ်း တစ်ခုမှာ သူ့အမည်ထည့်သွင်း ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဒေါ့ဖ်ဟစ်တလာ

 


ဟစ်တလာဟာ ၁၉၃၃ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဂျာမနီနိုင်ငံရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။  အဲဒီကာလဟာ ကမ္ဘာ့သမိုင်းမှာ ပျက်စီးဆုံးရှုံးမှု အများဆုံး ဒုတိယ ကမ္ဘာစစ်ကြီး ဆီကို 
ဦးတည်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဟစ်တလာရဲ့ ဂျူးလူမျိုးတွေကို မုန်းတီးမှုက သူ့ကို ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ဂျူး ခြောက်သန်း သုတ်သင်သတ်ဖြတ်မှုကို ဦးတည်စေခဲ့ပါတယ်။  ဂျူးအများစုဟာ အရှေ့ဥရောပ ဒေသက အကျဉ်းစခန်းတွေမှာ သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

မဟတ္တမ ဂန္ဓီ

 

ဂန္ဓီဟာ သူ့ရဲ့ဘဝကို  ရှေ့နေတစ်ဦးအဖြစ် စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ   ကြီးကျယ်တဲ့ နိုင်ငံရေးနဲ့ ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။  သူဟာ ဗြိတိသျှ အစိုးရအပေါ် ငြိမ်းချမ်းစွာ
အာခံဆန္ဒပြမှုကို ဗြိတိသျှ အစိုးရနဲ့၁၉၄၇ ခုနှစ်မှာ စေ့စပ်ဆွေးနွေးချိန်အထိ ဦးဆောင်ခဲ့ပါတယ်။၁၉၄၇ ခုနှစ်မှာပဲ အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ဂန္ဓီဟာ အိန္ဒိယ ပြည်သူတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုကနေ ပြန်လည် ရုန်းကန်ခဲ့ရာမှာ ပထမဆုံး ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ရိုးရှင်းတဲ့ လူနေမှုဘဝပုံစံနဲ့ ဘာသာရေးဆိုင်ရာ သည်းခံမှုတွေမှာ သူ့ရဲ့ ယုံကြည်ချက်တွေက သူ့ကို သန့်ရှင်းငြိမ်းချမ်းတဲ့  အမှတ်သညာတစ်ခု ဖြစ်လာစေခဲ့ ပါတယ်။ 

No comments:

Post a Comment