အလွယ်ကူဆုံး ပို့စ်ခေါက်နည်း ၊ Read More ထည့်နည်းလေး ပြောပြပေးပါမယ်။
အရမ်းကို လွယ်ပါတယ်။
( ဒီနည်းလေးက wall.fm ဆိုက်မှာ သုံးတာမဟုတ်ပေမဲ့ လိုအပ်သူတွေအတွက် မျှဝေပေးခြင်းသဘောပါ)
ပထမဦးဆုံး ပို့စ်ကို ပြီးအောင် အရင်ရေးလိုက်ပါ။ ပြီးရင် ကိုယ်ခေါက်ချင်တဲ့နေရာလေးကို မောက်တစ်ချက်ထောက်ပြီး
အောက်က ပုံထဲမှာ အောက်ကပုံ ကျနော် ဝိုင်းပြထားတာလေးကို နှိပ်ပါ။

အဲဒါဆို အောက်ကပုံလို မျဉ်းကြောင်း တစ်ကြောင်း ပေါ်လာပါလိမ့်မယ်။

ပို့စ်ကို Publish လုပ်ပြီးရင် ပင်မစာမျက်နှာမှာ သွားကြည့်လိုက်ပါ။ ခုန မျဉ်းအထိပဲ ပေါ်ပြီးတော့ သူ့ အောက်မှာ Read More ဆိုပြီး ရှိနေမှာပါ။ ပို့စ်ကို အပြည့်အစုံဖတ်ချင်တယ်ဆိုရင် အဲဒီ Read More ကို နှိပ်လိုက်ရုံပါပဲ။
အဲဒီ Read More ကို တစ်ခြားစာပြောင်းရေးချင်တယ်ဆိုရင် Design >> Layout ကို သွားပြီးတော့
Blog Posts ရဲ့ ညာဘက်အောက်က Edit ကို နှိပ်ပြီး ပြင်ရေးနိုင်ပါတယ်။ ဥပမာ အပြည့်အစုံ ဖတ်ရန် ၊ ဆက်ဖတ်ရန် စသည်ဖြင့်ပေါ့။
ကျနော်ဆိုက်မှာ သုံးနေတဲ့  နည်းလေးကို ဒီဆိုက်မှ မျှဝေပေးတာပါ။
အားလုံးအဆင်ပြေပါစေ
No comments:
Post a Comment