Wednesday, December 13, 2017

အပိုင်း ( ၁ ) လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲခြင်း မိတ်ဆက် ၁


( က ) နိဒါန်း
အခုတလော၊ ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ ကျယ်ကျယ်ပြ့န့်ပြန့်တွေ့လာ၊ ကျယ်ကျယ်လောင် လောင် ကြားလာရတာကတော့ HR နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ပါ တယ်။ HR Journal ဆို တာတောင် ဖြစ်လာခဲ့ပြီကိုး။ တလောကဆိုရင် HR ဂျာနယ်နဲ့ ဆရာကြီးဒေါက်တာအောင်ထွန်းသက်တို့ ကိုယ်တိုင်ကြီးမှူးပြီး HR ဂျာ နယ် ( ၂ ) နှစ်ပြည့် အခမ်းအနားနှင့်အတူ HRAM လို့ခေါ်တဲံ့HR Association of Myanmar ဖွဲ့စည်းဖို့တောင် ကြိုးစားနေကြပြီလို့ ကြားသိရပါတယ်။ ( အခုဆိုရင်တော့ Myanmar Society for HumanResource Management ( MSHRM ) ကိုဖွဲ့စည်းပြီး Seminar တွေတောင်ပြုလုပ်နေနိုင်ခဲ့ပြီဖြစ်ပါတယ် )အင်မတန် ကောင်းမွန်လှတဲ့စိတ်ကူးတွေ၊ ပုံဖော်မှုတွေပါ။ HR နဲ့ပတ်သက်တဲ့ပညာရှင်တွေ၊ ကျွမ်း ကျင်သူတွေ၊ ဝန်ထမ်းတွေအားလုံး တစ်နေရာတည်းမှာစုစည်းပြီး အတွေ့အကြုံတွေ၊ သီအိုရီတွေဖလှယ် ကြမယ်ဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အင်မတန် ကောင်းမွန်လှတဲ့ အစီအမံတွေဖန်တီးနိုင်ကြမှာဖြစ် ပါတယ်။ စတင်ဖော်ဆောင်ပေးတဲ့ HR Journal ကိုလည်းအလွန် ကျေးဇူးတင်မိပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှု အင်မတန်ကြီးမားမှာ ဖြစ်တဲ့ လွတ်လပ်သော အာစီယံကုန်သွယ်မှုဇုန် ( ASEAN Free Trade Area ) ကသိပ်မကြာခင်ကာလမှာ အကောင်အထည် ဖော်လာရတော့မှာဖြစ်တယ်။ AFTA နဲ့အတူ နိုင်ငံခြားကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ အပြိုင်အဆိုင် ဝင်ရောက်လာကြတော့မှာပါ။ အဲဒီအခါကျရင် မြန်မာနိုင်ငံမှာရှိတဲ့ အင်မတန်ရှားပါးအဖိုးတန် လှတဲ့ အဖိုးတန်လူသားအရင်းအမြစ်တွေကို မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာတိုင်းရင်းသားကုမ္ပဏီတွေအနေနဲ့ ဆွဲဆောင်မထားနိုင်ခဲ့ဘူးဆိုရင် အတော်ဆုံးပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ နိုင်ငံခြားကုမ္ပဏီတွေနောက်ကို ပါ သွားကြတော့မှာ ဖြစ်ပါ တယ်။ဒါဆိုရင် ကျွန်တော်တို့ မြန်မာကုမ္ပဏီတွေ လက်လျော့အရှုံးပေးကြရတော့မှာဖြစ်ပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့အတော်ဆုံးလူတွေကို လစာများများပေးပြီး ခေါ်သွားကြတော့မှာပါ။ အချိန်ကာလတစ်ခု ရောက်လို့ မြန်မာကုမ္ပဏီတွေ မရပ်တည်နိုင်တော့မှ ခုနကပေးထားတဲ့လခတွေ ပြန်လျော့ချ၊ အနိုင်ကျင့် တာတွေလုပ်ကြမယ်ဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ဝန်ထမ်းဆိုတာလည်းလူသားတွေပဲဖြစ်တဲ့အတွက် ဆွဲဆောင်မှုရှိတဲ့မက်လုံးတွေနောက်တကောက် ကောက်ပါသွားကြမှာပါဘဲ။ သူတို့ကိုလည်း အပြစ်မဆိုသာပါဘူး၊ အင်မတန် ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ လောကကြီးထဲမှာ ကိုယ်နဲ့ ကိုယ့်မိသားစုရပ်တည်ဖို့အတွက် ရေကြည်ရာ၊ မြက်နုရာ ရေသစ်မြေသစ်ကို ရှာ ကြရမှာ ဓမ္မတာပါဘဲ။ဒါဆိုရင် ဘာတွေဆက်ဖြစ်ကြမလဲ။ Global ခေတ်ကြီးထဲမှာ Local အဆင့်ပဲရှိတဲ့လူတွေနဲ့ ပြိုင်ဆိုင် အနိုင်ယူဖို့ ဖြစ်နိုင်ပါဦးမလား။ ဝန်ထမ်းတွေကို ဘယ်လိုမက်လုံးတွေ၊ အခွင့်အလမ်းတွေနဲ့ ဆွဲဆောင်စည်း ရုံးထားကြမလဲ၊ စဉ်းစားဖို့လိုလာပါပြီ။ အဲဒီတော MSHRM လိုအဖွဲ့တွေ၊ HR မန်နေဂျာတွေ၊ ဝန်ထမ်းတွေရဲ့ အခြားကဏ္ဍကို ပိုပြီးမြှင့်တင်ပေးဖို့လိုလာတော့မှာပါ။ သူတို့တွေရဲ့အရည်အသွေးတွေ တိုးတက်မြင့်မားလာ မှဘဲ လိုအပ်တဲ့မဟာဗျူဟာ၊ နည်းဗျူဟာအစီအမံတွေ ချမှတ်အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။အဲဒီလို အရည်အသွေးတွေမြှင့်တင်တဲ့အခါမှာလဲ မြန်မာ့ရေမြေ၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မအပ်စပ်၊ မ ဆီလျော်တဲ့အလေ့အထတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ကျင့်သုံးမိလို့မဖြစ်ပြန်ဘူး။ သီအိုရီနဲ့လက်တွေ့ကို စနစ်တကျ ပေါင်းစပ်ပြီး အသုံးချနိုင်တဲံ့HR မန်နေဂျာတွေ၊ ဝန်ထမ်းကောင်းတွေလိုလာတော့မှာပါ။ သေချာ တာတစ်ခုကတော့ သင်တန်းစာမေးပွဲတစ်ခုခုမှာ တစ်ကမ္ဘာလုံးအမှတ်အများဆုံး ပထမရတာတစ်ခုတည်း နဲ့တော့ အလွန်ကောင်းတဲ့ HR မန်နေဂျာဖြစ်လာဖို့ မလွယ်ပါဘူး။ သီအိုရီအသစ်၊ အသစ်တွေကို လေ့လာ ဆည်းပူးနေဖို့လိုအပ်သလိုပဲ မိမိတို့ရဲ့လုပ်ငန်းအတွေ့အကြုံတွေကနေတစ်ဆင့် သင်ယူရမှာဖြစ်သလိုတခြား သူတွေရဲ့ အတွေ့အကြုံကနေတစ်ဆင့်လည်း သင်ယူရမှာဖြစ်ပါတယ်။ ဒါမှသာ သင့်တင့်မျှတတဲ့တွေးခေါ် မျှော်မြင်မှုတွေနဲ့ အတွေ့အကြုံတွေပေါင်းစပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာ လုပ်သင့်လုပ်ထိုက်တာတွေ အ ကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်။ဘာလို့လဲဆိုတော့ အတွေ့အကြုံနဲ့ပညာဥာဏ်ဆိုတာ တစ်ခုတည်းရှိနေရုံနဲ့ ပြည့်စုံနေတဲ့အရာ မဟုတ်ပဲ ယှဉ်တွဲနေမှသာလျှင် တစ်ခုရဲ့အားနည်းချက်ကိုတစ်ခုကဖြည့်စွက်ပြီး ပြည့်စုံနေနိုင်မှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင်တော့ ရွက်လှေတစ်စင်းရဲ့ ရွက်နဲ့ပဲ့လိုပဲဖြစ်ပါတယ်။ ပညာဆိုတာကတော့ ပဲ့နဲ့တူပြီး လှေကိုသွားရာလမ်းကြောင်းကို ပဲ့ကိုင်ပေးနိုင်ပါတယ်။ အတွေ့အကြုံကတော့ရွက်နဲ့တူပြီး လှေကိုရှေ့ကိုရွေ့ သွားစေနိုင်တဲ့အားဖြစ်ပါတယ်။ ပညာတစ်ခုပဲရှိခဲ့မယ်ဆိုရင် လှေကိုဘယ်သွားရမယ်ဆိုတာကိုပဲ့ကိုင်နိုင်မှာ ဖြစ်ပေမယ့် ရွေ့ဖို့အတွက်အားမရှိတဲ့အတွက်ကြောင့်ရှေ့ကိုရောက်မှာမဟုတ်ပါဘူး။ အဲဒီလိုပဲ အတွေ့အကြုံ ပဲရှိခဲ့မယ်ဆိုရင်လဲ ရှေ့ကိုတော့ရွေ့တော့ရွေ့မယ်၊ ဒါပေမယ့်ပဲ့မပါတဲ့အတွက် သွားလိုတဲ့နေရာကိုရောက် အောင်သွားဖို့မဖြစ်နိုင်ပါဘူး။ ရွက်ရော၊ပဲ့ရောပါမှသာလျှင်ကျွန်တော်တို့ဟာ သွားလိုရာနေရာကို အချိန်မီ ရောက်အောင် သွားနိုင်မှာဖြစ်ပါတယ်။ HR ပညာကို Professional တစ်ယောက်လို တစ်ဖက်ကမ်းခတ်တတ်ကျွမ်းလို့မဟုတ်ပေမယ့် ကျွန် တော်တို့ကြုံတွေ့ခဲ့ရတာတွေ အခက်အခဲတွေကိုသိရှိစေလို၊ မျှဝေလိုတဲ့အတွက် ယခုလိုရေးသားတင်ပြရ ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ မှားခဲ့ကြသလို၊ အားနည်းခဲ့ကြသလိုလူငယ်တွေမမှားစေချင်ပါဘူး
( ခ ) HRမန်နေဂျာများနှင့်လုပ်ပိုင်ခွင့် ပထမဆုံးအနေနဲ့အခုအများဆုံးကြားသိမြင်တွေ့နေရတဲ့အချက်တချက်ကို ထောက်ပြချင်ပါတယ်။ ဒါကတော့ HR မန်နေဂျာတွေ လုပ်ပိုင်ခွင့်အပြည့်အဝမရကြဘူးဆိုတာပါဘဲ။ မှန်ပါတယ်။ HR ဌာနရဲ့အသုံး စရိတ်ကို ရင်းနှီးမြှုပ်နှံမှု ( Investment ) လို့မမြင်ဘဲ (Expense ) လို့မြင်နေဆဲဖြစ်တဲ့ လုပ်ငန်းရှင်တွေ အများကြီးရှိနေ သေးသလို HR ကို စီမံရေးနဲ့ တွဲပြီးစဉ်းစားနေကြတုန်းပါပဲ။ ပြီးရင် HR မန်နေဂျာတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်သတ်မှတ်ပေးမထားဘဲ လုပ်ငန်းရှင်တွေက ဝင်ဆုံးဖြတ်ပေးတာ၊ မဖြစ်မနေခန့်ရတဲ့ကိစ္စ တွေကလည်းရှိနေပါသေးတယ်။ ရှိပါစေတော့လေ။ ဝန်ထမ်းနဲ့လုပ်ငန်းရှင်ကြားမှာ အဆင်မပြေမှု အဖုအ ထစ်လေးတွေကတော့နေရာ တိုင်းရှိစမြဲဖြစ်ပါတယ်။ HR မန်နေဂျာတွေဘက်ကဘာတွေဖြည့်ဆည်းပေးရ မယ်ဆိုတာကို စပြီးစဉ်းစားကြရအောင်ပါ။ ( ဂ ) HR မန်နေဂျာများနှင့်ကိုယ်ကျင့်သိက္ခာ ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ HR Manager တွေ ကိုယ်ကျင့်သိက္ခာနဲ့ပြည့်စုံရဲ့လား ဆို တာပါ။ ကိုယ်ကျင့်သိက္ခာဆိုတာ HR မန်နေဂျာတစ်ယောက်အတွက် အရေးကြီးဆုံးအရာဖြစ်ပါတယ်။ တကယ်တော့လည်း HR မန်နေဂျာဆိုတာထက် လူသားအားလုံးအတွက် အရေးအကြီးဆုံးဖြစ်ပါတယ်။ အများရဲ့ရှေ့မှာ စံပြဖြစ်အောင်နေပြဖို့ ဆိုတာ HR မန်နေဂျာတွေရဲ့တာဝန်ပါ။ ကိုယ်ရဲ့အလုပ်ရှင်အပေါ်မှာ လုပ်ငန်းဆိုင်ရာကျင့်ဝတ်စောင့်ထိန်းဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါမှမဟုတ်ရင်တော့ အလုပ်ရှင်နဲ့ ကိုယ်နဲ့ကြားက အပြန်အလှန်ယုံကြည်မှုပျောက်ဆုံးပြီး လုပ်ငန်းခွင်မှာ အခက်အခဲတွေ အများကြီးကြုံလာရနိုင်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကိုယ်တွေ့ကြုံဖူးတာလေးပြောပြချင်ပါတယ်။ တစ်ခါက ဘုရင့်နောင်လမ်းကကုမ္ပဏီတစ်ခုမှာ လုပ်ငန်းခွဲတစ်ခုအတွက် အထွေထွေမန်နေဂျာရာ ထူး အလုပ်ခေါ်ပါတယ်။ အဲဒါနဲ့ အသေးစိတ်သိချင်လို့ ကြော်ငြာမှာပါတဲ့ ဖုန်းနံပါတ်ကို လှမ်းပြီးဆက်သွယ် ကြည့်တော့ HR မန်နေဂျာနဲ့ ပြောပါလို့ဆိုပါတယ်။ အဲဒီ HR မန်နေဂျာနဲ့ဖုန်းဆက်ပြီးစကားပြောကြည့် တော့ အလုပ်ခေါ်တာ တွေ့လို့ အသေးစိတ်သိချင်လို့ လှမ်းဆက်တာပါဆိုတဲ့အခါ မမျှော်လင့်ထားတဲ့ အ ဖြေတစ်ခုရပါတယ်။ အဲဒါက အဲဒီရာထူးကို ခေါ်သာခေါ်တာပါတဲ့။ တကယ်တမ်းက အစကတည်းကသူ့ကို ဒီနေရာပေးဖို့ စီစဉ်ပြီးသားမို့လို့ လာလျှောက်လဲ ပင်ပန်းတာပဲရှိမှာပါတဲ့။ လျှောက်ချင်းလျှောက်ရင် သူရဲ့ HR မန်နေဂျာရာထူးကိုလျှောက်တာ ပိုကောင်းပါတယ်တဲ့။ ကျွန်တော်ကတော့ ဘာဆက်လုပ်ရမလဲတောင် စဉ်းစားလို့မရတော့ဘူး။ တကယ်တမ်းတော့ HR မှာ Recruitment လုပ်တယ်ဆိုတာ HR လုပ်ငန်းစဉ် တစ် ခုရဲ့အစိတ်အပိုင်းသေးသေးလေးတစ်ခုပါ။ Recruitment ရဲ့နောက်မှာ ဆက်လုပ်ရမည့် လုပ်ငန်းတာဝန် တွေ အများကြီးရှိပါသေးတယ်။ HRမန်နေဂျာတစ်ယောက်ရဲ့ Recruitment & Selection ပိုင်းကတာဝန်က လာရောက်လျှောက် ထားတဲ့သူ တွေရဲ့ CV ကိုသေချာဖတ်ရှုပြီး မိမိလုပ်ငန်းလိုအပ်ချက်အတွက် အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်တဲ့သူတွေရဲ့ CV တွေကိုရွေးချယ်၊ ပဏာမတွေ့ဆုံပြီးမှ အလားအလာရှိသူတွေကို မိမိအထက်ကို ဆက် လက်တင်ပြပြီး အဆုံး အဖြတ်ခံယူရမှာဖြစ်ပါတယ်။ ရံဖန်ရံခါမှာ လုပ်ငန်းရှင်တွေရဲ့လိုအပ်ချက်အားလုံးကို HR မန်နေဂျာကမသိနိုင်ပါဘူး။ HR မန်နေဂျာဆိုတာ ကိုယ်တင်ပေးချင်တဲ့သူရဲ့၊ ကိုယ်နဲ့ရင်းနှီးပတ်သက် တဲ့သူရဲ့ CV ကိုပဲ တင်ပေးဖို့မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီရာထူးအတွက် လျှောက်လွှာတင်ဖြစ်အောင် သွားတင်လိုက်ပါသေးတယ် ။ တစ်လ လောက်ကြာတဲ့အထိ အင်တာဗျူးမခေါ်လို့ (သိတာတော့ ကြိုသိပြီးသားပါ ) အေဂျင်စီတစ်ခုကို လှမ်းမေး လိုက်ပါတယ်။ သူတို့ဆီကကော အင်တာဗျူးခေါ်ထားသေးသလားပေါ့။ အဲတော့ သူတို့လဲ CV တွေတင် ထားတာ အခုထက်ထိ မခေါ်သေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့်အလုပ်ခေါ်ကြော်ငြာကတော့ထည့်နေတုန်း ပါဘဲ။ အဲဒါနဲ့အဲဒီအေဂျင်စီကို အကြံပေးလိုက်တယ်။ ဒီတခါ CV သွားတင်ပေးရင် HR မန်နေဂျာဆီကို မ တင်ဘဲ MD ဆီကို တိုက်ရိုက်တင်ပေးပါလို့။ ကိုယ်တိုင်လည်း HR လုပ်ဖူးလို့ နားလည်ပေမယ့် အဲဒီလိုမလုပ်ရင်မရနိုင်တော့ဘူးဆိုတာသိလို့ အကူအညီ တောင်းလိုက်ရတာပါ။ သိပ်မကြာခင်မှာဘဲ အင်တာဗျူး လာဖြေပါလို့ လှမ်းပြီးဆက်သွယ်ပါတယ်။ ဆက်သွယ်သူက ခုနကပြောတဲ့ HR မန်နေဂျာကြီးမဟုတ်ဘဲ အ ခြားဝန်ထမ်း တစ်ယောက်ပါ။ ကျွန်တော်ထင်ပါတယ်၊ သူ့ရဲ့လုပ်ငန်းရှင်ကတော့သိပုံမရပါဘူး။ ဆိုတော့ HRမန်နေဂျာတွေက ကိုယ့်ရဲ့အလုပ်ရှင်တွေအပေါ်မှာ Ethical ဖြစ်ရဲ့လားဆိုတာအလွန် အရေးကြီးပါတယ်။ ကိုယ့်ဘက်က ကိုယ်ကျင့်သိက္ခာမပြည့်စုံဘဲနဲ့အလုပ်ရှင်ရဲ့ယုံကြည်မှုရဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။ အပြန်အလှန်ယုံကြည် စိတ်ချရမှု ( Mutual Trust ) ရှိမှသာလျှင် လုပ်ပိုင်ခွင့်ဆိုတာ ဖြစ်လာမှာပါ။ ဒါမှလဲ ဝန်ထမ်းတွေကော လုပ်ငန်းရှင်တွေကော ယုံကြည်ကိုးစားမှုခံရပြီး HR လုပ်ငန်းစဉ်တွေ ဆက်လက် အကောင်အထည်ဖော်သွားနိုင်မှာဖြစ်ပါတယ်။ အဲဒီအချိန်ကျရင်တော့ အလုပ်ရှင်တွေကော ၊ ဝန်ထမ်း တွေ ကပါ HR လား ဟေ့၊ ဝင်ခဲ့လေကွယ်ဆိုပြီး လက်ကမ်းကြိုကြမှာဖြစ်ပါတယ်။ HR မန်နေဂျာတွေအနေနဲ့ အောက်ပါဆောင်ပုဒ် လေးကို သတိပြုမိစေချင်ပါတယ်။ “When you hire people who are who are smarter than you, you prove you are smarter than them.”
ဝန်ထမ်းကောင်းတွေရှိမှ လုပ်ငန်းအောင်မြင်မှာဖြစ်သလို လုပ်ငန်းရှင်ကောင်းတွေရှိမှလဲ ကျွန်တော် တို့ မျှော်မှန်းတဲ့ သာယာအေးချမ်းတဲ့ နိုင်ငံတော်သစ်ကို အရောက်ချီတက်နိုင်မှာမဟုတ်ပါလား။ ရှေ့ပိုင်းမှာ ကျွန်တော် HR မန်နေဂျာတွေ ကိုယ်ကျင့်သိက္ခာပြည့်စုံကြဖို့ ပြောခဲ့ပါတယ်။ ဒါမှလည်းလုပ်ငန်းရှင်နဲ့ကိုယ် နဲ့ကြား၊ ဝန်ထမ်းနဲ့ကိုယ့်ကြားမှာ အပြန်အလှန်ယုံကြည်မှုတွေရရှိပြီး ကိုယ်ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ကုမ္ပဏီအတွက်ကော၊ ဝန်ထမ်းတွေအတွက်ပါ နှစ်ဦးနှစ်ဖက် မျှမျှတတ ဖြစ်အောင် လုပ်ဆောင်နိုင်မှာမဟုတ်ပါလား။
Credit : ဆရာမင်းခေါင် (AMARA)

Tuesday, December 12, 2017

Talent Acquisition & Talent Management


ဒီနေ့ခေတ်မှာ Talent နဲ့ ပတ်သတ်တဲ့ အသုံးအနှုန်းတွေ တော်တော်များများ လုပ်ငန်းအဖွဲ့အစည်းတွေမှာ သုံးလာတာ တွေ့သလို ၊ တကယ်လည်း Talent War (or) War for Talent ဖြစ်နေတဲ့ခေတ်မှာ အရည်အသွေးပိုင်းနဲ့ ပတ်သတ်ြ
ပီး လုပ်ငန်းခွင်မှာ ၀န်ထမ်းတွေအတွက် မေးခွန်းထုတ်စရာဖြစ်စရာ ဖြစ်လာပါတယ် ။

ဒီတော့ Talent Management ဟာ အရေးပါဆုံးသော လူသားအရင်းအမြစ်ကို ဘယ်လို ဖွံ့ဖြိုးအောင် လုပ်မလဲ ဆိုတာကို ၀န်ထမ်းရေးရာ ကျွမ်းကျင်သူတွေအတွက် ခေါင်းခဲစရာ ဖြစ်သလို ၊ လွယ်ကူလှတဲ့ လုပ်ငန်းစဉ်လည်းမဟုတ်ပါဘူး ။

Talent ကို အဘိဓာန်မှာ ဖွင့်ဆိုထားတာက ပင်ကိုစွမ်းရည် ၊ပါရမီထူးသော လို့ဆိုထားပါတယ် ၊ ဒီတော့ Talent Person ဆိုတာက ပါရမီထူးသော ပင်ကိုအရည်အသွေးကို ပိုင်ဆိုင်ထားသူလို့ဆိုရပါမယ် ။ တော်တော်များများ ဒီအပိုင်းမှာ ကွဲပြားနေတာက Talent ဆိုတာကို ပင်ကိုအရည်အချင်း (သို့) မွေးရာပါ စွမ်းဆောင်ရည်လို့ သတ်မှတ်ကြတာပါပဲ ။

လူမှုစိတ်ပညာနဲ့ ဆင့်ကဲဖြစ်စဉ်အရ လူဟာ မွေးရာပါ ကျွမ်းကျင်မှုပါဝင်တဲ့ အမျိုးအစားထဲ မပါဝင်ဘူးလို့ ဆိုထားတာလည်း တွေ့ရပါတယ် ။ ဥပမာအားဖြင့် မွေးရာပါ ရေးကူးတတ်တဲ့ ပျံသန်းနိုင်တဲ့ ၊ အစရှိတဲ့ အခြားသော သတ္တ၀ါတွေ အများကြီးရှိကြပေမဲ့ လူသားဟာ သင်ယူလေ့လာခြင်းအားဖြင့်သာ ကျွမ်းကျင် တတ်မြောက်နိုင်တယ်လို့ စိတ်ပညာဆိုင်ရာ အယူအဆတွေမှာ တွေ့ရပါတယ် ။ တစ်ချို့သော လူသားတွေမှသာ ချွင်းချက်အနေနဲ့ ထူးခြားသော စွမ်းရည်များ ပါဝင်လာတာကို တွေ့ရမှာပါ ။ ဥပမာ အားဖြင့် မှတ်ညဏ်အားအရမ်းကောင်းတယ် ၊ အသံပါဝါအရမ်းအားကောင်းတယ် ၊ တစ်ခြားသော ထူးခြားသော ၀ိသေသများနဲ့ လူသားတွေလည်း ရှိကြပါတယ် ။

အနှစ်ချုပ်ပြောရရင် ပါရမီထူးခြားသော ပင်ကိုအရည် အချင်းဆိုတာကို လေ့ကျင့်သင်ကြားခြင်းဖြင့်သာ ကျွမ်းကျင်တတ်မြောက်နိုင်ပါတယ် ။

Talent is Right Practice လို့ သတ်မှတ်လို့ရပါတယ် ။

အောင်မြင်ကျော်ကြားပြီး ပါရမီထူးခြားတဲ့ စွမ်းရည်ပိုင်ဆိုင်ထားသူတွေက များစွာသော လေ့ကျင့် သင်ကြားမှုတွေကို ဇွဲ အပြည့်နဲ့ ကြိမ်ဖန်များစွာ လေ့ကျင့်ထားသူတွေပါ ။ တနည်းဆိုရရင် လေ့ကျင့်သူတိုင်း Talent Person မဖြစ်ပေမဲ့ Talent Person တိုင်းကတော့ Practice ရှိသူတိုင်းဖြစ်ကြမှာပါ ။ ဒါကတော့ Talent နဲ့ပတ်သတ်ပြီး တစ်ဦးတည်း ဖွင့်ဆိုချက်ဖြစ်ပါတယ် ။

လုပ်ငန်းခွင်ထဲမှာလည်း အရည်အချင်းရှိတဲ့ ပါရီမီရှိတဲ့ ပင်ကိုစွမ်းရည်ကို ပိုင်ဆိုင်ထားသူဝန်ထမ်းတွေကို ပိုင်ဆိုင်ထားနိုင်ဖို့ အရေးကြီးပါတယ် ။ Talent War လို့ ခေါ်တဲ့ ပင်ကိုစွမ်းရည်ရှိသူတွေ ၊ ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေ အလုအယက်အပြိုင်အဆိုင် ခေါ်ယူနေရတဲ့ ခေတ်ထားမှာ ၀န်ထမ်းရေးရာ လုပ်ငန်းဆောင်ရွက်နေရသူတွေ အနေနဲ့ အဓိကထားလုပ်နေရတဲ့ အပိုင်းက Talent Person တွေကို ရှာဖွေစုဆောင်းတာနဲ့ သူတို့ရဲ့ အရည်အချင်းတွေကို ဖော်ထုတ်မွေးမြူ ရတဲ့ အပိုင်းက လုပ်ငန်းတွေအတွက် အရေးကြီးတဲ့ အပိုင်းဖြစ်လာပါတယ် ။

အရင်တုန်းကတော့ Recruitment and Selection လို့ သုံးခဲ့ပေမဲ့ တစ်ချို့ နိုင်ငံတကာ လုပ်ငန်းတွေမှာ Talent Acquisition ဆိုတဲ့ စကားရပ်တွေအဖြစ် အသုံးချလာတာကို တွေ့နေရပါတယ် ။ ဒါဆိုရင် Talent ရှိသူတွေ မိမိအဖွဲ့အစည်းကို ရောက်ဖို့ အရေးကြီးနေတဲ့ အချိန်အခါမှာ ဘာတွေ ကြိုတင်ပြင်ဆင်ထားဖို့လိုမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒီနေ့ ဆောင်းပါကနေ တစ်ဆင့်တင်ပြချင်ပါတယ် ။ Recruitment and Selection တစ်ခုထက် ပိုပြိး 
ကျယ်ပြန်လို့ ထိရောက်ပြီး အရည်အချင်းရှိသူတွေကို ရွေးချယ် စုဆောင်းရတဲ့လုပ်ငန်းစဉ်တွေက Recruitment နဲ့ ကွဲပြားခြားနားနေတာကို တွေ့ရမှာပါ ။

The Recruitment is a part of Talent acquisition လို့ ဆိုထားတာကြောင့် Recruitment Function ထက်ပိုပြိး နက်နဲပါတယ် ။ မိမိလုပ်ငန်းအတွက် လိုအပ်တဲ့ သူကို ခေါ်ယူနိုင်ဖို့ ၊ ထမ်းဆောင်ရမယ့် တာဝန်တွေ ၊ လုပ်ငန်းတာဝန်သတ်မှတ်ချက် (JD) တွေနဲ့ ပြည့်စုံယုံတင်မကပဲ အဖွဲ့အစည်းအတွက် လိုအပ်တဲ့ အနာဂတ်ကာလကို မျှော်မှန်းပြီး ရောက်ရှိလာမယ့် Talent Person ကို လုပ်ငန်းအတွက် အသုံးပြုနိုင်ဖို့ ရွေးချယ် စုဆောင်းရတာမို့ လွယ်ကူတဲ့ လုပ်ငန်းစဉ်တော့မဟုတ်ပါဘူး ၊ ဒီတော့ အခြေခံကျနဲ့ 
လုပ်ငန်းစဉ်တွေကို တင်ပြပေးချင်ပါတယ်။

1️Planning and Strategy

အရင်ဆုံး မိမိလုပ်ငန်းရဲ့ လိုအပ်ချက် ၊ အနာဂတ်ကာလအတွက် Workplace ရဲ့ လိုအပ်ချက်ကို နက်ရှိင်းစွာ 
နားလည်သဘောပေါက်ရမှာဖြစ်သလို ၊ စီးပွားရေးဆိုင်ရာ
ရပ်တည်မှုအတွက် အနာဂတ်ကာလမှာ ဖြစ်လာမယ့် Local and Global Labor Markets ကိုလည်း ကြိတင် ရှမြင်သုံးသပ်နိုင်ဖို့ လိုပါတယ် ။ ဒါတွေကို သေချာစွာ ချိန်ဆနိုင်ပြီဆို
ရင်တော့ လိုအပ်တဲ့ Planning and Strategy ကို မိမိအဖွဲ့အစည်းအနေနဲ့ ဘယ်လို သုံးသပ်ဆောင်ရွက်မလဲ 
ဆိုတာကို ရေးဆွဲ ပြင်ဆင်ထားရမှာပါ ။

2️Workforce Segmentation

Talent Acquisition အတွက် Workforce Segmentation အပေါ် ဘယ်လောက်နားလည်ထားသလဲ ဆိုတဲ့ အပေါ်မူတည်ပါတယ် ။ မိမိလုပ်ငန်းခွင်အတွင်းက ကွဲပြားခြားနားတဲ့ Workforce Segment တွေကို ကောင်းစွာ နားလည်သဘောပေါက်ဖို့လည်း လိုအပ်ပါတယ် ။ လုပ်ငန်းခွင်ထဲက မတူကွဲပြားတဲ့ လုပ်ငန်းစဉ်တွေ ၊ ရာထူး နေရာတွေ ၊ Skill and Competencies တွေ လုပ်ငန်းအတွေ့အကြုံတွေက အောင်မြင်မှုအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကို position တစ်ခုချင်းစီအလိုက် ကောင်းစွာ ပြင်ဆင်ထားဖို့လိုပါတယ် ။

3️Employer Branding

ဒီဘက်နှစ်ထဲမှာ Employer Branding နဲ့ပတ်သတ်ပြီး Award တွေ ပေးလာတာကို တွေ့ရမှာပါ ။ ဘာကြောင့်လဲဆိုတော့ Employer Branding ကို ဦးစားပေးတာဟာ အဖွဲ့အစည်းရဲ့ ပုံရိပ်ကို မြှင့်တင် စေတာဖြစ်သလို Talent Employee တွေကို ဆွဲဆောင် နိုင်တာတွေ ၊ Top Candidates တွေကို မိမိအဖွဲ့အစည်းအတွင်းရောက်လာအောင် လုပ်ဆောင်နေကြခြင်းပါပဲ ။ မိမိလုပ်ငန်းအဖွဲ့အစည်းအပေါ် ကောင်းမွန်တဲ့ ပုံရိပ်နဲ့ ဂုဏ်သတင်းအတွက် တည်ဆောက်နေကြတာပါပဲ ။ နောက်တစ်ချက်ကို Marketing အတွက်လည်း ကြီးမားတဲ့ လုပ်ငန်းအထောက်အပံ့ဖြစ်စေမှာပါ ။ နိုင်ငံတကာ လုပ်ငန်းတွေက Employee Branding ကိုပိုပြိး အလေးထား ဆောင်ရွက်ကြတာဟာ ဒီအခြေခံကျနဲ့ အချက်တွေကြောင့်ပါပဲ။

4️Talent Scoping and Management

အရည်အချင်းရှိသူ ၀န်ထမ်းလောင်းတွေက မတူကွဲပြားတဲ့ နေရာများစွာမှာ ရှိကြပါတယ်။ Internal & External မှာလည်း ရှိတတ်ပါတယ်၊ လုပ်ငန်းခွင်မှာ Talent ရှိပါလျက်နဲ့ မကျွမ်းကျင်တဲ့ နေရာမှာ လုပ်ကိုင် ဆောင်ရွက်နေရတဲ့ ၀န်ထမ်းတွေလည်း ရှိကြပါတယ် ။ဒါကြောင့်မို့ အလားအလာရှိတဲ့ ၀န်ထမ်းလောင်း တွေကို ရွေးချယ်ရှာဖွေရာမှာ လိုအပ်တဲ့ ဆက်သွယ်ချိတ်ဆက်ရမယ့် နေရာတွေ ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ရှာဖွေ သိရှိထားနိုင်ဖို့လိုအပ်ပါတယ်။ သူတို့တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ထားနိုင်ဖို့ လိုအပ်ပါတယ်။ မိမိအဖွဲအစည်းအတွက် လိုအပ်တဲ့အချိန်မှာ သူတွေကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ သင့်တော် အခြေအနေတစ်ရပ်မှာ ထည့်သွင်းနိုင်ဖို့ စီစဉ်ထားနိုင်ဖို့ပါ။

5️Matrices and Analytics

နောက်ဆုံးအချက်အနေနဲ့ မိမိရဲ့ Talent Acquisition Strategy ဟာ Key Matrices ကို အသုံးမပြုပဲ မပြည့်စုံဘူးလို့ဆိုထားပါတယ် ။ ဒါကြောင့် မိမိရဲ့ Strategy ကို ပြန်လည်သုံးသပ် Analysis လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာ မိမိလုပ်ငန်းဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ ၊ ရွေးချယ်စုဆောင်းထားခဲ့တဲ့ Talent Person တွေက Organization Goals အတွက် Effective ဘယ်လောက်အထိဖြစ်သလဲ ဆိုတာမျိုး ကအစ တိုင်းတာ လေ့လာလို့ရပါတယ် ၊ နောက်ပိုင်း Talent Matrices တွေနဲ့ နှိုင်းယှဉ်ချိန်ဆပြီး မိမိ ရဲ့ Talent Acquisition Strategy ကို ပြန်လည်လေ့လာသုံးသပ်ရမှာပါ

ဒီအပိုင်းအထိကတော့ Talent Acquisition ရဲ့ အခြေခံကျတဲ့ အချက်လောက်တွေကိုသာ အနည်းငယ်မျှဝေပေးခဲ့ခြင်းဖြစ်ပါတယ် ။ ဒိထက်ပိုမိုကျယ်ပြန်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရတာမို့ အရည်အချင်းရှိသူ ၊ပင်ကိုစွမ်းရည်ရှိသူတွေကို ရှာဖွေရတာ လွယ်ကူတဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ပါဘူး ။ ဒါတွေအားလုံးကတော့ Talent Management ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆောင်ရွက်ရတာမို့ Talent Management အကြောင်းကိုလည်း အနည်းငယ် ရေးသားလိုပါသေးတယ်။

Talent Management Process မှာ အခြေခံအားဖြင့် သိထားရမယ့် Process တွေကတော့

1. Understanding the Requirement
2. Sourcing the Talent
3. Attracting the Talent
4. Recruiting the Talent
5. Selecting the Talent
6. Training and Development
7. Retention
8. Promotion
9. Competency Mapping
10. Performance Appraisal
11. Career Planning
12. Succession Planning ဆိုပြီး process တွေ 
သတ်မှတ်ထားတာရှိပါတယ် ။

ဒါကတော့ အခြေခံအားဖြင့် လုပ်ရတဲ့ လုပ်ငန်းစဉ်တွေပါ ။ မိမိ အဖွဲ့အစည်းအတွက် အရေးအချင်းရှိသူတွေ ရွေးချယ်ရတာ မလွယ်ကူသလို ၊ ဖွံ့ဖြိုးတိုးတတ်အောင် လုပ်ပြီး ထိန်းသိမ်းရတာ မလွယ်ကူလှပါဘူး ။ ၀န်ထမ်းတွေမှာ ပါလာတဲ့ တစ်ဦးချင်းစီတို်င်းရဲ့ Talent ကို ဖော်ထုတ်အကောင်အထည်ဖော်ခြင်း အားဖြင့် အဖွဲ့အစည်းအတွက် အရေးပါအတဲ့ ပန်းတိုင်ကို ရောက်ရှိစေဖို့ဆိုတာ Human Resource Management ကို အကောင်အထည်ဖော်နေရတဲ့ HR သမားများအတွက် စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ 
အနာဂတ်ဆိုတာကို ကြိုတင် တွေးတော စဉ်းစားစေချင်ပါတယ် ။

Credit : ထိန်လင်းကျော် (HR)
Ref : Talent Management : A Focus on Excellence ( Managing Human Resource in a Knowledge Economy ) Patrick Merlevede

Employment Relations



မိတ်ဆက် (Introduction)
လက်ရှိမြန်မာနိုင်ငံ၏နိုင်ငံရေးစီးပွားရေးအခြေအနေအရ ပြောရမည်ဆို ပါကအသင်းအဖွဲ့အစည်းတွေ၏ စုပေါင်းလုပ်ရပ်အားအင်တွေအရင်ကထက် စာရင် ပိုမိုအားကောင်းလာတာတွေ့နေရပါတယ်။ ပညာရပ်ဆိုင်ရာအဖွဲ့အစည်း တွေ ဥပမာ မြန်မာနိုင်ငံလူ့စွမ်းအားစီမံခန့်ခွဲမှုပညာအသင်း (MSHRM) ကဲ့ သို့သောအဖွဲ့အစည်းအတော်များများ နယ်ပယ်အသီးသီးမှာတည်ထောင်ပြီး ကောင်းကျိုးပြုလျက်ရှိတာကိုတွေ့ရပါတယ်။ ဒါ့အပြင် လက်ရှိနိုင်ငံတော် အစိုးရ၏အလုပ်နှင့် အလုပ်အကိုင်အတွက်လိုအပ်သော ထိန်းကျောင်းမှုဆိုင်ရာ ဥပa’၊ နည်းဥပa’ အစရှိသည်တို့ကိုလည်း တတ်စွမ်းသမျှစီမံပံ့ပိုးဆောင် ရွက်ပေးနေတာတွေတွေ့နေရပါတယ်။ ဒါကြောင့် ယနေ့ ဒီဆောင်းပါးမှာတော့ မြန်မာနိုင်ငံရှိလူ့စွမ်းအားစီမံခန့်ခွဲမှု၏ အဓိကအစိတ်အပိုင်းဖြစ်သော “နှိုင်းယှဉ်လေ့လာ အလုပ်အကိုင်နှင့် အလုပ်သမားဆက်ဆံရေး (CERs) ပညာ” အကြောင်းနှင့်ပတ်သက်၍ သိထားသင့်သည့်အခြေခံသဘောတရားများကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ 
အလုပ်အကိုင်နှင့်အလုပ်သမားဆက်ဆံရေးပညာရပ်သည် နိုင်ငံရေး၊ စီး ပွားရေးရပ်ဝန်း (Political Economy) ထဲမှာကျင်လည်နေပါသည်။ ဒါ ကြောင့် အခြေခံအားဖြင့် ဤပညာရပ်သည်အလုပ်ရှင်၊ စီမံခန့်ခွဲသူ၊ အလုပ် သမား၊ ပြင်ပအဖွဲ့အစည်း၊ သမဂ္ဂ၊ နိုင်ငံတော်အစိုးရတို့အကြား လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ၊ အလုပ်နှင့် အလုပ်အကိုင်အခြေအနေဆိုင်ရာ၊ အလုပ် သမားဖူလုံရေးဆိုင်ရာ အစရှိသည်တို့နှင့်ပတ်သက်ပြီးလုပ်ပိုင်ခွင့် (Power)၊ အကျိုးစီးပွား (Interest)တို့ ခွဲဝေအသုံးချပုံတို့နှင့် အကြီးအကျယ်ပတ် သက်ဆက်နွယ်နေပါသည်။ ဆက်ဆံရေးတိုင်းပူးပေါင်းဆောင်ရွက်ခြင်း (Coordination) နှင့် ပဋိပက္ခ (Conflict) ဆိုတာတွေဒွန်တွဲပါလာသဖြင့် ဖြေရှင်းရစမြဲဖြစ်ပါသည်။ ဒါ့အပြင် ဒီပညာရပ်နှင့် ပတ်သက်ပြီးနိုင်ငံတကာမှာ တခြားနိုင်ငံတွေ၏ အလုပ်အကိုင်နှင့် အလုပ်သမားဆက်ဆံမှုပုံစံတွေ (Employment Relations Models) ကို နှိုင်းယှဉ်လေ့လာကြည့်ရန် လိုအပ်ပါသည်။ သို့မှသာ မြန်မာနိုင်ငံအတွက် မည်သို့မည်ပုံ Employment Relations Moedels ကို တည်ဆောက်ကျင့်သုံးသင့်သည်ကို စဉ်းစားဆုံး ဖြတ်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
CERs ၏ အခြေခံသဘောတရား (၂)မျိုး
“နှိုင်းယှဉ်လေ့လာအလုပ်အကိုင်နှင့် အလုပ်သမားဆက်ဆံရေးပညာရပ် (CERs)”တွင် အခြေခံသဘောတရား(၂)မျိုးရှိပါသည်။ ၎င်းတို့မှာ မူမတူ ယှဉ်တွဲမှုဝါဒီ(Pluralist) တစ်နည်းအားဖြင့် လက်ဝဲယိမ်းအယူနှင့် တစ်ခုတည်းဝါဒ(Unitarist) လက်ယာယိမ်းအယူဟူ၍ အကြမ်းအားဖြင့် နှစ်မျိုးခွဲခြား လေ့လာနိုင်ပါသည်။

၁။ မူမတူယှဉ်တွဲမှုဝါဒီ (Pluralist)
Pluralist သမားတွေရဲ့အလုပ်အကိုင်နှင့် အလုပ်သမားဆက်ဆံရေး Employment Relations (ERs) ကျင့်သုံးမှုပုံစံကိုနိုင်ငံရေး၊ စီးပွားရေး Political Economy ရှုထောင့်ကပြောလျှင် “ဟန်ချက်ညီ ညှိနှိုင်းဆောင် ရွက်မှုပြုဈေးကွက်စီးပွားရေး Coordinated Market Economy(CMEs) စနစ်ကိုကျင့်သုံးတယ်လို့ပြောနိုင်ပါတယ်။ ဒီဈေးကွက်စီးပွားရေးစနစ်ထဲမှာ လှုပ်ရှားနေတဲ့အလုပ်ရှင်၊ စီမံခန့်ခွဲသူ၊ အလုပ်သမား၊ အသင်းအဖွဲ့တွေရဲ့တစ်မူထူး ခြားတဲ့ အလုပ်အကိုင်အလေ့အကျင့် (Employment Practice)၊ လူ့စွမ်း အား စီမံခန့်ခွဲမှုအလေ့အကျင့် (HRM Practice) နှင့် ညှိနှိုင်းဆောင်ရွက်လှုပ် ရှားမှု (Coordination Activities) လေးတွေကိုသိထားဖို့လိုပါတယ်။ သူတို့ တွေဟာအလုပ်တစ်ခုလုပ်ရင်အဖွဲ့လိုက်၊ အသင်းလိုက်လုပ်ဆောင်ချက်တွေ ပေါ်မှာအထူးမှီခိုပါတယ်။ ဒါကြောင့် ဈေးကွက်စစ်စစ်ပေါ်မှာမမှီခိုပါဘူး၊ ဈေး ကွက်ပြင်ပမှာ သတင်းအချက်အလက်တွေကိုဖလှယ်ကြပါတယ်။ ဒီထက်ပိုပြော ရမည်ဆိုလျှင်အဖွဲ့အစည်းတစ်ခု၏ သို့မဟုတ် အဖွဲ့အစည်းများဖွဲ့စည်းထားသော သမဂ္ဂထဲမှာသာ သတင်းအချက်အလက်တွေကို ဖြန့်ဖြူးလေ့ရှိကြပါတယ်။ ပြီး တော့ သူတို့တွေဟာငွေကြေးဈေးကွက် Financial Market မှာ ရင်းနှီး မြှုပ်နှံမှုသိပ်မလုပ်ကြဘူး။ စွန့်စားမှုကိုစီမံခန့်ခွဲရာမှာတော့ အဖွဲ့ဝင် (Member of Association) တွေအချင်းချင်းအပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် အကျိုးပြုမှုတို့အပေါ်မှာ အထူးအားပြု လုပ်ဆောင်ကြပါတယ်။ အသင်းအဖွဲ့၏သတ်မှတ်ချက်သဘောတူညီချက်များသည် အဖွဲ့ဝင် (member) တို့၏အကျိုး စီးပွားနှင့် လုပ်ပိုင်ခွင့်ခွဲဝေမှုအပေါ် များစွာသက်ရောက်မှုရှိနေပါတယ်။ ဒါ့အပြင် အကျိုးဆိုင်သူတိုင်းရဲ့တန်ဖိုးနှင့် အကျိုးစီးပွားမျှဝေခံစားမှုကို ပိုမိုရှေးရှုပါတယ်။ ပြောရမယ်ဆိုရင် Stakeholder Value Model လို့ပြောနိုင်ပါတယ်။ ဥပမာ အနေဖြင့် (CMEs နိုင်ငံတွေထဲမှ စံနမူနာတင်ရသော ဂျာမနီနိုင်ငံ၏ ERs Model ကိုပြောပေးသွားပါမည်။ ဆရာကြီး Peter Hall & David Soskice (2001) ဟောပြောချက်အရဆိုလျှင် ဂျာမနီနိုင်ငံမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်တော့မည်ဆိုလျှင် ထိုရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့်သတင်းအချက် အလက်တွေကို Client များ၊ Supplier များနှင့် ချိတ်ဆက်နေသော ဆက်သွယ်မှုကွန်ရက် (Network) မှာသာ အပြည့်ရရှိနိုင်ပြီး employer တွေ အချင်းချင်းအပြန်အလှန်ရှယ်ယာ ထည့်ဝင်မှုရှိကြတယ်။ ဒါ့အပြင်သ မဂ္ဂအသင်းအဖွဲ့အစည်းတွေအတွင်း သတင်းစုဆောင်းဖလှယ်မှုမှလည်းရရှိကြပါတယ်။ ဒါကြောင့်ကုမ္ပဏီ၏ကုန် သွယ်မှုအရှုံးအမြတ်စာရင်း (Trading, Profit and Loss) နှင့် လက် ကျန်စာရင်းရှင်းတမ်း Balancesheet မှာဖော်ပြထား သောငွေကြေး အချက်အလက်တွေအပေါ်မှာ လုံးဝ မှီခို၍ ရင်းနှီး မြှုပ်နှံမှုပြုလုပ်လေ့နည်း ပါတယ်။
Top Management အတော် များများမှာ တစ်ဖက်သတ်ဆုံးဖြတ်လုပ် ကိုင်ခြင်းနည်းပါးပြီး၊ များသောအားဖြင့် ဆုံးဖြတ်ချက်တို့ကို အလုပ်သမား ကိုယ်စားလှယ်၊ စူပါဗိုက်ဆာအဖွဲ့နှင့် အခြားသောအရေးကြီးသော အကျိုး ဆိုင်သူများ (Major Stakeholder) များပါဝင်ပတ်သက်ပြီးမှ ဆုံးဖြတ်ချက်များချလေ့ရှိပါတယ်။ ဒါကြောင့် အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားကိုယ်စားလှယ်တို့၏ အခန်းဏ္ဍမှာ အတော်အရေးပါ အရာရောက်ပါတယ်။ ဂျာမနီ နိုင်ငံမှာထုတ်လုပ်မှုသည် ကျွမ်းကျင်မြင့်မားသောလုပ်သားအင်အားစုပေါ်မှာ အခြေခံထားတာတွေ့ရသည့် အပြင် လုပ်ပိုင်ခွင့်လည်း ပြည့်ပြည့်၀၀ပေးပြီး စဉ်ဆက်မပြတ်တိုးတက်ထုတ် လုပ်နိုင်မှုကို ဦးတည်ပြီးလုပ်ဆောင်ကြပါတယ်။
ကုမ္ပဏီတစ်ခုနှင့်တစ်ခု ကျွမ်းကျင်မှုပေါ်မူတည်၍လုပ်ခသတ်မှတ်ချက် စံနှုန်းကို လုပ်ငန်းနယ်ပယ်အလိုက် စနစ်တစ်ကျသတ်မှတ်ပြုလုပ်ထားကြပါတယ်။ လုပ်ခလစာတိုးပေးခြင်းကိုတော့ အဲဒီအလုပ်သမားဝန်ထမ်း၏အဖွဲ့ အစည်းအပေါ်စူးစိုက်နှစ်မြှုပ်လုပ်ကိုင်ပေးမှုအပေါ်မူတည်၍ လစာလုပ်ခတို့ကို တိုးပေးလေ့ရှိပါတယ်။ ကျွမ်းကျင်မှုမြှင့်တင်ခြင်း၊ အလုပ်ဖြုတ်ခြင်း အစရှိသည့် ကိစ္စတို့ကိုကုမ္ပဏီအဆင့်မှာထဲကိုက အလုပ်သမားကောင်စီဖွဲ့ခွင့်ပေးပြီး အ လုပ်သမားသမဂ္ဂ၏လမ်းညွှန်ချက်နှင့်အညီ စီစဉ်ဆုံးဖြတ်လေ့ရှိပါသည်။
အလုပ်သမားတွေ၏ကျွမ်းကျင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု (Training & Development) အတွက်ဂျာမနီမှာ တခြားနိုင်ငံတွေထက်မတူညီသော စနစ်တစ်ခုကို ကျင့်သုံးကြပါတယ်။ သူတို့မှာတိကျသောလုပ်ငန်း၊ အမျိုးစု အလိုက်ပညာရေးနှင့် လေ့ကျင့်ရေးကို အလုပ်ရှင်အဖွဲ့အစည်းနှင့် ကုန်သွယ်ရေး အဖွဲ့အစည်းတွေက ဦးဆောင်ပြီးစီစဉ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် ကုမ္ပဏီ အချင်းချင်း ကျွမ်းကျင်ဝန်ထမ်း ခိုးယူခြင်း Poaching of Skilled labor ဖြစ်ဖို့ အလွန်ခဲယဉ်းသွားရတာဖြစ်ပါတယ်။

HR, When Used Appropriately, Is the Most Important Department of a Company




တကယ်လို့သာ HR ဌာနဟာ မှန်မှန်ကန်ကန်လည်ပတ်နိုင်မယ်ဆိုရင်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ပုံစံသာရှိမယ်ဆိုရင် ကုမ္ပဏီတစ်ခုလုံးမှာ အရေးပါဆုံးဌာနတစ်ခုဖြစ်နေမှာပဲလို့ GE ရဲ့ CEO ဟောင်း Jack Welch က ပြောခဲ့ဖူးပါတယ်။
သူကဘာပြောလဲဆိုတော့-
"HR ဆိုတာ အောင်မြင်နေတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့နောက်ကနေတွန်းအားပေးနေတဲ့ အင်းအားကြီးတစ်ခုပဲ ဖြစ်ပါတယ် ။ ကစားကွင်းထဲကို အကောင်းဆုံးကစားသမားတွေနဲ့ ဆင်းလာကစားနိုင်တဲ့ အဖွဲ့က နိုင်တာပဲလို့ ငြင်းခုန်ခဲ့ဖူးတယ်။ အတော်ဆုံးကစားသမားတွေကို ကွင်းထဲဖြည့်ဖို့ရာမှာ HR ကအများကြီး ပါဝင်ပတ်သက်ရပါတယ်။
ဒါဟာ သူတို့ရဲအလုပ်ပဲဖြစ်တယ်။ သူတို့အလုပ်က အစည်းအဝေးတိုင်းမှာ ပါဝင်ကြရပြီး စီးပွားရေးလုပ်ငန်းညီမျှခြင်းတိုင်း အစိတ်အပိုင်းတွေအဖြစ် ပါဝင်ကြရပါတယ်။ သူတို့က တကယ်တော့ သာရေးနာရေး၊ ပျော်ပွဲစားထွက်ဖို့စီစဉ်၊ ခံစားခွင့်တွေပြောဆိုနေတဲ့ အဖွဲ့ မဟုတ်ပါဘူး။ သူတို့က ဖွံဖြိုးတိုးတက်ရေးလုပ်ဆောင်နေတဲ့အဖွဲ့၊ ဒီနေ့နဲ့မနက်ဖြန်ရဲ့ခေါင်းဆောင်တွေ မွေးထုတ်ပေးနေကြတာပါ။ တကယ်လိုများ HR ဆိုတာ စာရွက်စာတမ်းတွေနဲ့ ခံစားခွင့်နဲ့ဆိုင်တဲ့ လုပ်ငန်းအဖွဲ့မှာရောက်ရှိနေမယ်ဆိုတော့ ကစားပွဲအမှားထဲနေပြီဆိုတာ သိလိုက်ပါလေ။
ဥပမာတစ်ခုနဲ့ပြောချင်တယ်။ အားကစားအဖွဲ့တစ်ဖွဲ့ကို တာဝန်ယူနေရတယ်ဆိုပါစို့။ New York Yankees ပဲဖြစ်ဖြစ် Boston Red Sox ပဲဖြစ်ဖြစ် ဘယ်သူနဲ့ အချိန်ပေးချင်လဲ ကစားသမားတွေ ကိုယ်စားပြုခေါင်းဆောင်နဲ့လား၊ အသင်းရဲ့ စာရင်းကိုင်နဲ့လား။ အတော်ဆုံးကစားသမားတွေ ကွင်းထဲရောက်ဖို့ ဘယ်သူကကူမှာလဲ၊ အသင်းရဲ့ စာရင်းကိုင်တော့ လုံးဝမဟုတ်ဘူး။
စီးပွားရေးလုပ်ငန်းမှာလဲပဲ ဒီအတိုင်းပဲလေ။ အရမ်းတော်တဲ့ HR တစ်ယောက်ကိုရှာဖွေထားလိုက်ပါ။ ပိုကောင်းတာက စွယ်စုံရတဲ့သူမျိုးပေါ့။ ထုတ်လုပ်ရေး ဒါမဟုတ်မဟုတ် အရောင်းဖက်ကိုပါနှံ့ စပ်ပြီး လူကိုအဓိကထားတဲ့သူမျိုးပေါ့။ HR ခေါင်းဆောင်တစ်ယောက်ဟာ ဘုန်းတော်ကြီးလိုမျိုးဖြစ်ဖြစ်၊ မိဘလိုမျိုးမျိုးဖြစ်ဖြစ်တာဝန်ရှိတယ်လို့ နားလည်တဲ့သူဖြစ်တယ်။ ဘုန်တော်ကြီးက လျှို့ဝှက်ချက်တွေကိုထိန်းပေးတတ်သလို့ မိဘတွေကတော့ တဲ့တိုးပြောတတ်ကြတယ်။ လူတွေကို ဖွံဖြိုးတိုးတက်လာတာကိုမြင်ရတာကို နှစ်ခြိုက်တဲ့သူကိုရွေးလိုက်ပါ။ ကိုယ်လဲ အောင်မြင်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။"
Welch က စီးပွားရေးလုပ်ငန်းဟာ လူတွေကိစ္စသက်သက်ဖြစ်တယ်၊ ကြွေးကြော်သံမဟုတ်ဘူး၊ အမှန်တရားဖြစ်တယ်၊ ကြွေးကြော်သံလို့သာခံယူသူတွေဟာ နားမလည်ကြသေးဘူ လို့ခံယူထားပါတယ်။
Welch ကထပ်ပြောပါတယ်။
"ဘဏ္ဍာရေးဌာနက HR ဌာနထက် အရေးပါတယ်လို့ ခံယူထားတဲ့သူတွေဟာ နောက်ပြန်သွားနေတဲ့သူတွေဖြစ်ပါတယ်။ သူဟာ ဒီကိစ္စကို ဆွေးနွေးလိုက်တိုင်း HR က အားကစားအသင်းက အားကစားများရဲ့ ကိုယ်စားပြုသူတွေဖြစ်ပြီး Finance ဌာနကတော့ အသင်းရဲ့စာရင်းကိုင်တွေဆိုပြီး ဥပမာ အမြဲပေးလေ့ရှိပါတယ်။ သူတို့တွေဟာ အသင်းသားတွေနဲ့ သိပ်ပြီး မနီးစပ်ပဲ၊ အသင်းကို မတိုးတက်စေနိုင်ပါဘူး။
စီးပွားရေးလုပ်ငန်းတွေမှာတွေမှာတော့ ဒီ finance manager နားပဲနေချင်ကြတာလဲ။ လူတိုင်းက finance manager လက်ကိုပဲတွဲနေချင်ကြတယ်။ သူဟာတကယ်တော့ ပျင်းစရာကြီးပါ။ အမှတ်တွေရဖို့ပဲပြောနေတတ်ပြီး အမှတ်တွေကို မဖန်တီးနိုင်ပါဘူး။
HR သမားတွေကတော့ သူတို့ကို မှန်မှန်ကန်ကန် လမ်းညွှန်ပေးနိုင်ရင် သူတို့ဟာ အနိုင်မှတ်တွေ ရယူပေးမယ့် အသင်းကို တည်ဆောက်မယ့်သူတွေဖြစ်ပါတယ်။ ဒါဟာ အောင်မြင်မှု အတွက် ဖေါ်မြူလာပါပဲ။ So many places have it ass backwards. It’s crazy.”
Credit KC Myanmar
Ref: Jack Welch

Monday, December 11, 2017

အပိုင်း (၉) - သင်တန်းများ


(၁) အလုပ်ရှင်သည် အလုပ်သမားများ ကျွမ်းကျင်မှု ပိုမိုတိုးတက်လာစေရန်နှင့် လုပ်ငန်းလိုအပ်ချက်အရ အမြဲတမ်း ၀န်ထမ်းများကို သင့်လျော်ကိုက်ညီသော သင်တန်းများပို့ချသင့်သည်။
(၂) အလုပ်ရှင်များသည်
(က) အလုပ်သမား တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း အလုပ်သင်တန်းများ၊ လုပ်ငန်းခွင်ကျွမ်းကျင်သင်တန်းများ ပြင်ပသင်တန်းများသို့စေလွှတ်ခြင်းများလုပ်ဆောင်သင့်ပါသည်။
(ခ) အလုပ်သင်အဖြစ်ခန့်ထားသော အသက် (၁၆)နှစ်အထက် အလုပ်သမားများကိုလည်း သင်တန်းများပေးနိုင်ပါသည်။
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership

အလုပ်မဝင်ခင် ဆေးစစ်ခြင်းအကြောင်း


(Pre-Employment Medical Check Up)


(HR များအတွက်)

Medical Check-Up ဆိုတာ Selection Process ထဲက တစ်ခုပါ။ 
HR တော်တော်များများလည်း သိကြပါတယ်။ ခက်တာက ဘာတွေစစ်မှာလဲမေးရင် ယောင်းဝါးဝါးဖြစ်ကုန်ကြတာပဲ။

သူများတွေတော့ ဟိုဟာ-ဒီဟာတွေ စစ်တယ်။ ဟိုဟာလည်းထည့်စစ်သင့်တယ်။ ဒီဟာလည်း စစ်လိုက်ရင်ကောင်းမယ်။
ဈေးတွက်လိုက်တော့များသွား။ ဒါနဲ့ပဲ ဟိုဟာလျှော့၊ ဒီဟာလျှော့။ ဒါလောက်ပဲ စစ်ကြတာပေါ့ဖြစ်ရော။
အဲသလိုမျိုး ဖြစ်တဲ့အခါ What ဆိုတဲ့ ဘာလုပ်ရမယ် ဆိုတာရယ် Howဆိုတဲ့ ဘယ်လိုလုပ်ရမယ် ဆိုတာရယ်ကို သိသည့်တိုင် Why ဆိုတဲ့ ဘာ့ကြောင့်လုပ်ရလဲ ဆိုတာလေး သိဖို့လိုပါတယ်။
ဘာ့ကြောင့်ဆေးစစ်ချင်တယ် ဆိုတဲ့ အကြောင်းအရင်း နဲ့ လုပ်ကြရမှာပါ။
ဘာ့ကြောင့်ဆေးစစ်သလဲ?
အကြမ်းအားဖြင့် အောက်က (၃) ချက်ဖြစ်ပါတယ်။
၁။ လုပ်ငန်းခွင်မှာထမ်းဆောင်ရမယ့် တာဝန်အတွက် လုံလောက်တဲ့ကျန်းမာကြံ့ခိုင်မှုရှိမရှိ သိဖို့
၂။ လုပ်ငန်းခွင်တွင်းကူးစက်နိုင်သော ရောဂါကင်းရှင်းတဲ့လုပ်ငန်းခွင်တည်ဆောက်ဖို့
၃။ Medical Insurance Program တစ်ခုခု အတွက် လိုအပ်ချက်အရစစ်ဖို့

အခုနောက်ပိုင်းခေတ်မှာတော့ လိုအပ်ချက်အရ နောက်တစ်မျိုးတိုးလာပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူ ဟုတ်မဟုတ် စစ်ခြင်း။
ဆိုတော့ ဘာတွေစစ်မှာလဲ* ဆိုတာကို ဆုံးဖြတ်ရွေးချယ်ဖို့အတွက် 
အထက်က အချက်တွေထဲက ဘာ့ကြောင့်စစ်မှာလဲ* ကို လုပ်ငန်းရှင်များနဲ့ HR များ အရင်ဆွေးနွေးဆုံးဖြတ်ကြပါ။ မူ တစ်ခု ထွက်ထားဖို့လိုပါတယ်။ ဟိုဟာစစ်လိုက်။ ဒီဟာစစ်လိုက် နဲ့ ရည်ရွယ်ချက် မပြတ်သားရင် လုပ်ပုံကိုင်ပုံတွေ လွဲပြီး နောက်ဆက်တွဲ ရှုပ်လာနိုင်တာတွေ ရှိပါတယ်။

၁။ သူ့ကို ပေးအပ်မယ့် တာဝန်အတွက် လုံလောက်တဲ့ကျန်းမာကြံ့ခိုင်မှုရှိမရှိသိချင်လို့ ဝန်ထမ်းအဖြစ် မရွေးချယ်ခင် စစ်ချင်တာ ဆုံရင်တော့ ပုံမှန် လုပ်ငန်းခွင်တွေအတွက် Physical Medical Exam လောက်ဆိုရင် ရပါပြီ။ မူးယစ်ဆေးသုံးစွဲသူဟုတ်မဟုတ် ထည့်စစ်ချင်ရင်စစ်ပေါ့။ ပေးမယ့်တာဝန်က သာမန်လုပ်ငန်းခွင်မဟုတ်တဲ့ လုပ်ငန်းခွင်အနေအထားမျိုးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဘာတွေထပ်စစ်ရမယ် ဆိုတာ ဆရာဝန် အကြံပေးတဲ့အတိုင်း ထည့်စစ်ရပါလိမ့်မယ်။
၂။ ကျန်းမာကြံ့ခိုင်ကြပြီး လုပ်ငန်းခွင်တွင်းကူးစက်နိုင်သောရောဂါကင်းရှင်းဖို့ ဆိုရင်ကတော့ Physical Medical Exam အပြင် "လုပ်ငန်းခွင်တွင်းကူးစက်နိုင်သောရောဂါ" ဆိုတာတွေကို ထည့်စစ်ရပါမယ်။ (သံရုံးတွေက ဒီခေါင်းစဉ်အောက်က စစ်လေ့ရှိတယ်) သာမန်လုပ်ငန်းခွင်တွေမှာတော့ လုပ်ငန်းခွင်အတွင်း ကူးစက်တတ်တဲ့ရောဂါ က TB လို့ခေါ်တဲ့ အဆုတ်ရောဂါပါ။ ပထမဆင့် Chest X-Ray စစ်ပြီး လိုအပ်ရင် သလိပ်ထပ်စစ်တာမျိုးရှိသလို၊ Rapid Test လည်းရှိပါတယ်။ အရေပြားပေါ်ဆေးတစ်စက်ထိုးသွင်းပြီး Reaction စောင့်ကြည့်တာမျိုးပါ။ ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်တော်တဲ့ နည်းနဲ့ စစ်လို့ရတယ်။ 
သာမန်လုပ်ငန်းခွင်မှာ A,B,C လို့ခေါ်တဲ့ သွေးကတဆင့် ဖြစ်စေ၊ Sexual Intercourse မှဖြစ်စေ ကူးတတ်တဲ့ရောဂါတွေက စစ်ဖို့ မလိုပါဘူး။ ဒါလည်း စစ်တတ်ကြတယ်။ 
အစားအစာ ချက်ပြုတ်ကိုင်တွယ်သူလို ဝန်ထမ်းမျိုးတွေအတွက် Hepatitis ထည့်စစ်သင့်ပေမယ့် HIV စစ်ဖို့ဆိုတာ သိပ်မလိုလှပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အလွန့်အလွန်ကို ထည့်စစ်ကြတာပဲ။

ပြသနာက စစ်ပြီး ဘာလုပ်မှာလဲ ဆိုတာပါ။ လုပ်ငန်းခွင်တွင်းကူးစက်နိုင်သော ရောဂါ ကင်းရှင်းစေချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စစ်ကြမယ် ဆိုရင် အသစ်ဝင်မယ့်သူကို မဝင်ခင် စစ်လိုက်ရင် ကိစ္စပြီးပြီလား တွေးဖို့ လိုပါတယ်။ 
ဥပမာ TB လိုရောဂါမျိုးက ကူးချင်တဲ့အချိန် ကူးလာနိုင်ပါတယ်။ လုပ်ငန်းခွင်တင်မကဘူး သူ့ဟာသူ အခြားနေရာတွေက ကူးလာတဲ့ ဝန်ထမ်းဟောင်းတစ်ယောက်ကလည်း ရောဂါသယ်ဆောင်သူအဖြစ် လုပ်ငန်းခွင်ထဲရောထွေးရောက်ရှိနေနိုင်တယ်။ အလုပ်ဝင်စဉ်က မရှိခဲ့တဲ့ ကူးစက် ရောဂါတွေ အလုပ်ဝင်ပြီးမှ ဝင်နေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီခေါင်းစဉ်အောက်ကနေ ဆေးစစ်တယ် ဆိုရင်ကတော့ Periodic စစ်ဖို့ လိုပါတယ်။ Periodic မစစ်နိုင်ရင် ဘာလို့ ဝင်ဝင်ချင်း စစ်ပြီး ရောဂါရှိတဲ့သူ မခန့်ဘူး ရယ်လို့ ခွဲခြားဆက်ဆံနေမလဲ?

နောက်ပြီး အထူးသဖြင့် HIV ရှိနေလို့ အလုပ်မခန့်ဘူးလို့ ငြင်းတာသည်လည်း ပြသနာရှိတယ် ဆိုတာကိုလည်း သိထားဖို့ လိုပါတယ်။ လုပ်ငန်းခွင်တွင်း ကူးစက်နိုင်ခြေမရှိဘူးဆိုရင် သူ့ရဲ့ပကတိကျန်းမာတဲ့ ခန္ဒာကိုယ်ရှိနေတယ် ဆိုရင် ခန့်ရမှာပါ။ ဆေးနဲ့ Control ရနေတဲ့ PLHIV တွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။ ကျွန်မတို့ထက်တောင် ကျန်းမာ နေပါသေးတယ်။
အချို့က HIV စစ်တာတော့ စစ်ခိုင်းတာပဲ။ Positive တွေ့ရင် ဘာလုပ်မလဲ ဆိုတဲ့ အဖြေမရှိဘူး။ HIV Positive ဆိုရင် ကာယကံရှင်ကို အသိပေးပြောပြဖို့ ဆိုတာ အလွန်အင်မတန် သတိထားရတဲ့ ကိစ္စပါ။ စစ်ခိုင်းတဲ့သူကို Positive တွေ့ရင် ဘယ်လိုလုပ်မှာလဲဆိုတော့ လွယ်လွယ်ပဲ ပြောပါတယ်။ ဆေးမအောင်လို့ မခန့်ဘူး လို့ပဲ ပြောပေါ့တဲ့။ ဒါကလည်း အလွန် အန္တရာယ်များပါတယ်။ ကိုယ့်လုပ်ငန်းအတွက်တော့ ပြီးသွားတာပါပဲ။ ဒါပေမယ့် ကျွန်မတို့ လူမှုရေးအရ၊ သူနုဲ့သူ့အသိုင်းအဝိုင်း၊ သူ့မိသားစုအတွက်တော တာဝန်မဲ့သွားပါပြီ။ 
HIV Positive ဖြစ်နေသူ တစ်ယောက်ဟာ သူ့မှာ ဒီရောဂါ ရှိနေတယ် ဆိုတာကို သိဖို့လိုပါတယ်။ သိမှသာ သူနဲ့အနီးကပ် ဆက်ဆံပတ်သက်နေတဲ့ အိမ်ထောင်ဖက်တို့ ချစ်သူတို့ကို မကူးစက်အောင် ဆင်ခြင်နိုင်မှာပါ။ HIV Positive ဖြစ်နေကြောင်း လူတစ်ယောက်ကို အသိမပေးခြင်းဟာ လူသားမျိုးနွယ် တစ်ခုလုံးအပေါ် တာဝန်မဲ့ရာရောက်ပါတယ်။

၃။ ကျန်းမာရေးနဲ့ အသက်အာမခံ ထား ပေးတာကြောင့် စစ်ရမယ့် ကိစ္စကတော့ ရှင်းပါတယ်။ များသောအားဖြင့် ရည်ရွယ်ချက်က (၁+၃) ရည်ရွယ်ချက်နဲ့ စစ်ကြတာပါ။ ထားမယ့်အာမခံ နဲ့ လိုအပ်တဲ့ အချက်တွေအတိုင်း စစ်ရမှာမျိုး ဖြစ်ပါတယ်။ တစ်ကြိမ်စစ်ပြီး နောက်ပိုင်း ကိုယ်ထားတဲ့ Insurance Package အတိုင်း လိုအပ်ရင် လိုအပ်သလို စစ်ဆေးနိုင်ပြီး စစ်ဆေးတာ၊ကုသတာတွေကို အာမခံကနေ ပြန်လည်တောာင်းခံနိုင်ပါတယ်။
အရေးအကြီးဆုံးအချက်က လုပ်ငန်းခွင်မဝင်မီ ကုမ္ပဏီ အစီအစဉ်နဲ့ ဆေးစစ်ခိုင်းတဲ့အခါ 
Consent ယူဖို့ အရေးကြီးပါတယ်။ ကာယကံရှင်ရဲ့ တရားဝင် သဘောတူညီကြောင်း ဆိုတာ ရှိရပါမယ်။ တောေ်တော်များများ မရှိပါဘူး။ ဆေးစစ်ရမယ်။ ဒါတွေ၊ ဒါတွေ ဒီတွေမှာ စစ် ဆိုတာမျိုးပေါ့။ မသိနားမလည်သူက အများသားနိုင်ငံဆိုတော့ စစ်ခိုင်းရင်သွားစစ်လိုက်တာပဲ။ 
ကိုယ့်သဘောထား လိုမလို ဆိုတာ လည်း သိပ်မစဉ်းစားကြတော့ ပြသနာမရှိသလို ဖြစ်နေကြတာ။ တကယ်က လိုအပ်ပါတယ်။ အဲသည်တော့ ဆေးစစ်ခိုင်းမယ့် အခါ Form ပုံစံ တစ်မျိုး ဖြည့်သွင်းခိုင်းရမှာပါ။ Selection Process ရဲ့ တစ်ခု ဖြစ်တဲ့ Pre-Employment Medical Check Up ဆောင်ရွက်ရမှာဖြစ်တယ်။ အောက်ပါတို့ကို စစ်ဆေးရမယ်။ အဲသလို စစ်ဆေးခြင်းကို သဘောတူလက်ခံပါတယ် ဆိုတာကို ဖြည့်ခိုင်းရပါမယ်။ ငြင်းပယ်တဲ့သူတွေရှိနိုင်ပါတယ်။ အဲသည်အခါ အတင်းဖိအားပေး စစ်ဆေးစေခြင်း မပြုရပဘူး။
ဆေးစစ်ခြင်း အဆင့်ကို သဘောမတူ လက်မခံဘူးဆိုရင် Selection Process ရဲ့ Next Step တွေမှာ သူဆက်ပါ ဖို့ မလိုတော့ပါဘူး။ အဲသည် နားမှာပဲ ရပ်လိုက်လို့ရပါတယ်။ သဘောထားမှတ်ချက် မပါဘဲ ဇွတ်အတင်း ဆေးစစ်ခိုင်းခြင်းဟာ တစ်ဖက်သားရဲ့ ကိုယ်ရေးကိုယ်တာ အခွင့်အရေးကို ချိုးဖောက်ရာ ကျတတ်ပါတယ်။ 
နောက်တစ်ခုက ဆေးစစ်ချက်မှတ်တမ်းများ ထိန်းသိမ်းခြင်းပါ။ Confidential အဆင့်လုံခြုံစွာထိမ်းသိမ်းပေးထားရမှာ ဖြစ်ပါတယ်။ ယင်းမှတ်တမ်းဖိုင်များကို သိခွင့်ရှိနေတဲ့ HR များအနေနဲ့ ဘယ်သူက ဘာရောဂါ ဆိုတာ ထုတ်ဖော်ပြောကြား သတင်းဖြန့်ဝေခြင်း လုံးဝ မလုပ်ရပါဘူး။ ကျွန်မလုပ်ခဲ့ဖူးတဲ့ International Organisation မှာဆိုရင် Occupational Health Unit (OHU) သီးသန့်ရှိပြီး Results တွေကို HR မှလုံးဝဖွင့်ဖောက်ကြည့်ခြင်း မပြုဘဲ သူတို့ဆီကိုသာ ပို့ရပါတယ်။ ကျန်တဲ့ Process ကိုသူတို့ဘက်က Fit to work လား Temporarily Unfit လား Unfit လား အစရှိသဖြင့် သာ ပြန်ပို့ပေးပါတယ်။ HIV လုံးဝမစစ်ပါဘူး။

နိုင်ငံတကာ ကုမ္ပဏီများမှာတော့ ဒါနဲ့ ပတ်သက်လို့ Policy (မူဝါဒ) နဲ့ Procedure (လုပ်ထုံးလုပ်နည်းတွေ) စနစ်တကျ ရှိထားပြီး ဖြစ်တတ်ပေမယ့် အဲသလို စနစ်တကျ သတ်မှတ်ထားခြင်း မရှိသေးတဲ့ မြန်မာလုပ်ငန်းများနဲ့ သတ်မှတ်ထားသော်လည်း စံမညီတဲ့ မူဝါဒများကို ပြန်သုံးသပ်နိုင်ဖို့နဲ့သင့်တော်သလို လေ့လာမှတ်သား အသုံးပြုနိုင်အောင် HR များအတွက် ကျွန်မသိထားသမျှ မျှဝေပေးလိုက်ရပါတယ်..
Credit : Daw Maw Maw Tun (Top HR)

Thursday, December 7, 2017

အပိုင်း (၈) - လူမှုဖူလုံရေးအာမခံစနစ်နှင့်လျော်ကြေးပေးခြင်း

အလုပ်ရှင်နှင့်အလုပ်သမားသည် အလုပ်သမားအခြေခံလစာ၏ (၃%)နှင့် (၂%)အသီးသီးကို လူမှုဖူလုံရေးအာမခံအတွက် လစဉ်ပေးဆောင်ရမည်။
အလုပ်ရှင်နှင့်စီမံခန့်ခွဲသူများသည် မိမိတို့အလုပ်သမားများ လူမှုဖူလုံရေးရုံးများတွင်အာမခံထားရှိမှုများအတွက် လိုအပ်သော လုပ်ဆောင်မှုများကို ပြုလုပ်ထားရမည်။
အကျိုးခံစားခွင့်အမျိုးအစားများ
ကျန်းမာရေးနှင့်လူမှုဖူလုံရေးအာမခံစနစ်
မိသားစုအထောက်အပံ့အာမခံစနစ်
နာရေးထောက်ပံ့ကြေး အာမခံစနစ်
အလုပ်လက်မဲ့ထောက်ပံ့ကြေးစနစ်
လူမှုဖူလုံရေး အိမ်ယာအထောက်အပံ့စနစ်
အလုပ်သမားလျော်ကြေးဥပဒေ (အလုပ်သမားများနှင့် ၄င်းတို့၏ မှီခိုသူများအတွက် အောက်ပါအခြေအနေမျိုးတွင် အထောက်အကူရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်)
အလုပ်ခွင်တွင်ထိခိုက်ဒဏ်ရာရပြီးသေဆုံးခြင်းများ
အလုပ်ကိုအကြောင်းပြု၍ ဖြစ်ပွားသည့်ထိခိုက်ဒဏ်ရာရမှုကြောင့် အမြဲတမ်းတစ်စိတ်တစ်ဒေသ မသန်စွမ်းမှု (သို့) အမြဲတမ်းလုံးဝ မသန်စွမ်းမှုဖြစ်ပွားပေါ်ပေါက်ခြင်း
အလုပ်ကိုအကြောင်းပြု၍ ဖြစ်ပွားသည့် ထိခိုက်ဒဏ်ရာရမှုကြောင့် အမြဲတမ်းတစ်စိတ်တစ်ဒေသ မသန်စွမ်းမှု (သို့မဟုတ်) အမြဲတမ်းလုံးဝ မသန်စွမ်းမှုဖြစ်ပွားပေါ်ပေါက်ခြင်း
အလုပ်ကိုအကြောင်းပြု၍ ဖြစ်ပွားသည့် ထိခိုက်ဒဏ်ရာရမှုကြောင့် ယာယီတစ်စိတ်တစ်ဒေသမသန်စွမ်းမှု။ ယာယီလုံးဝမသန်းစွမ်းမှု ဖြစ်ပွားပေါ်ပေါက်ခြင်း
အလုပ်သမားများအနေဖြင့်လျော်ကြေးရပိုင်ခွင့်ရှိသည့် သတ်မှတ်ချက်များ အဆိုပါမတော်တဆဖြစ်မှုသည်
အလုပ်ချိန်အတွင်း၌ ဖြစ်ပွားခြင်း
သက်ဆိုင်ရာလုပ်ငန်း၏ ဥပစာအတွင်း၌ဖြစ်ပွားခြင်း
အလုပ်လုပ်ကိုင်နေစဉ်အတွင်း ဖြစ်ပွားခြင်း
အလုပ်ကိုအကြောင်းပြ၍ ဖြစ်ပွားခြင်း
ကိုယ်လက်အင်္ဂါဆုံးရှုံးမှု (သို့မဟုတ်) သေဆုံးမှုဖြစ်ရခြင်း
လျော်ကြေးရပိုင်ခွင့်မရှိသည့် ထိခိုက်ဒဏ်ရာရမှုဖြစ်ခြင်းအခြေအနေမျိုးမှာ
အရက်သေစာ သောက်စားထားခြင်း (သို့မဟုတ်) ဘိန်း/မူးယစ်ဆေးဝါး သုံးစွဲထားခြင်း
ဘေးအန္တရာယ် ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းများနှင့် ညွန်ကြားချက်များကို ဂရုမထားခြင်း
ထိခိုက်မှု အကာအကွယ်ပစ္စည်းများကို အသုံးပြုရန် ပျက်ကွက်ခြင်း (သို့ရာတွင် သေဆုံးသည့် ကိစ္စမျိုးတွင်မူ ဤကန့်သတ်ချက်များသည် အကျုံးဝင်ခြင်းမရှိဘဲ လျော်ကြေးခံစားခွင့်ရှိသည်။)
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership