Tuesday, February 18, 2014

ငွေမည်းကို ခ၀ါဖွပ် ကြေးကမကျွတ်၊ အရောင်ကျွတ်






ငွေမည်းများကို ခ၀ါချခြင်းကို အလွယ်တကူငွေကြေးခ၀ါချခြင်းဟုသုံးနှုန်း သည်ကို တွေ့ဖူးပါသည်။သို့သော်လည်း ငွေကြေးခ၀ါမချမီ၊ ငွေမည်းဆိုသည် ကား မည်သည့် ငွေကြေးကို ခေါ်ပါသနည်းဟူသော အဓိပ္ပာယ် ဖွင့်ဆိုချက် သည်လည်း အရေးကြီးလာပါသည်။ ငွေမည်း(Black Money) ဟုခေါ်ခေါ် ငွေ ညစ် (Dirty Money) ဟုခေါ်ခေါ် အားလုံးသည် တရားမ၀င်ပိုင်ဆိုင် ထားသောငွေကြေးများကိုသာ ရည် ညွှန်းပါသည်။ ငွေကြေးလောက်ပဲပိုင်ဆိုင် ထားသည်ကို ငွေမည်းဟုခေါ်မလားဟူသော မေးခွန်းလည်းရှိလာပါသည်။ ငွေကြေးဟုခေါ်လိုက်သည်နှင့် တရားမ၀င်ပိုင်ဆိုင် ထားသောငွေကြေးသာ မဟုတ်တော့ ငွေကြေး money supply များတွင်ငွေဖြစ်လွယ်မှုများ liquidity များကို ပါပိုင်ဆိုင်ထားသော Near money များပါ ပါဝင်လာနိုင်ပါသည်။ တရားမ၀င်ငွေကြေးများကို အသွင်ပြောင်းထားသော ငွေဖြစ်လွယ်မှုများဖြစ် သည့်တိုက်တာ၊ အိမ်ခြေအဆောက်အအုံ၊ မြေများအားလုံးသည် ငွေမည်း စာရင်းတွင် အကျုံးဝင်လာပါသည်။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများ သည်လည်း ပိုင်ဆိုင်မှုကို ခြေခြေ မြစ်မြစ်မပြဆိုနိုင်ပါကလည်း ထိုဥစ္စာ ပစ္စည်းများသည် near money များဖြစ်သောကြောင့် ငွေမည်းစာရင်းတွင် ထည့်သွင်းရမည့် သဘောဖြစ်လာပါသည်။ Money Laundering သဘောသည် တရားမ ၀င်သော ငွေကြေးနှင့် ငွေကြေးဖြစ်လွယ်မှုရှိ မည့်အရာအားလုံးကိုတရား ၀င်ဖြစ်လာအောင် လုပ်သည့်နည်းပင်ဖြစ်တော့သည်။ တရားမ၀င်ပုံမှန် မဟုတ်သောနည်းဖြင့် ရရှိလာသည့် ငွေညစ်၊ ငွေမည်းများ dirty money ကို တရားဝင်ငွေကြေး legitimate income ဖြစ်လာအောင် ကြံဆောင် ခြင်းဖြစ် သည်။ တစ်နည်းအားဖြင့် dirty money များကို legitimate money ဖြစ်အောင် လုပ်ခြင်းမဟုတ်ဘဲ၊ တရားဝင် ၀င်ငွေ legitimate income ဖြစ်လာစေရန်လုပ်ဆောင်ခြင်းသာဖြစ်သည်။ တရားဝင် ၀င်ငွေ ဖြစ်လာမည်ဆိုပါက ၀င်ငွေ လည်ပတ်စီးဆင်းမှုများတွင် ၀င်ငွေ တစ်ရပ်အသွင်ဖြင့်ထည့်သွင်းပြီး ငွေကြေးအပေးအယူများကို တရားဝင်အကူး အပြောင်း လုပ်နိုင်သော ကြောင့်ဖြစ်သည်။

သို့သော်လည်း ငွေကြေးခ၀ါချမှုဖြစ်စဉ်တစ်ခုလုံးသည် လူသိ ထင်ရှား လုပ်လို့မရသောသဘောရှိသလို၊ ထိုသို့လည်းလုပ်ခွင့်မရှိပါ။ အစိုးရအနေဖြင့် လည်း လက်ခံဆောင်ရွက်ပေးလို့မရသောသဘော ရှိသည်။ ငွေကြေးခ၀ါချ နည်းကား နည်းမျိုးစုံရှိသည်။ ထိုနည်းမျိုးစုံသည်လည်း နေရာဒေသ၊ အချိန် အခါ နှင့်အခြေအနေပေါ်မူတည်ပြီး သင့်တော်မည့်နည်းဖြင့်ခ၀ါချကြသည်။ နည်းတိုင်းတွင်လည်း ပုံသေကားချပ် မရှိသလို၊ ပရိယာယ်လည်း ကြွယ် ကြသည်ချည်းဖြစ်သည်။ ငွေကြေး ခ၀ါချမှုတွင်ဝင်ငွေခွန်သဘော မဆောင်ခြင်းကြောင့်ဖြစ်သည်။ အခွန်ရှောင်သော ငွေကြေးများဖြစ်သည် ဟူသောအနေအထားမျိုးမြင်တတ်ကြမည်ဖြစ်သော်လည်း၊ ငွေမည်းတိုင်း သည်အခွန်ဆောင်လို့မရသော သဘောရှိသည်။ အခွန်ဆောင်ခွင့်ရပါလျှင် လည်း ငွေဖြူဖြစ်သွားနိုင်သည်။အခွန်ဆောင်ခွင့်ဆိုသည်မှာလည်းအစိုးရတွင် သာအခွင့်အာဏာရှိသည်။ အခြားသောတစ်ဖက်တွင်လည်းငွေမည်းဟု သတ်မှတ်သော ငွေညစ်များဆိုသည်မှာလည်း၊တော် ရုံပမာဏ ရှိသော ငွေများမဟုတ်၊ အစွန်းထွက်လောက်သော ငွေပမာဏလည်းမဟုတ် သည်ကားသေချာသည်။ မီလီယံလောက်စကားမပြော၊ ဘီလီယံနှင့်ထရီလီ ယံလောက်ရှိသောငွေပမာဏများသာ ဖြစ်နေသောကြောင့်လည်းခ၀ါချ လိုကြခြင်းဖြစ်သည်။

ထိုငွေပမာဏမျိုးရဖို့ဆိုသည်မှာလည်း နိုင်ငံတကာအဆင့်အလိုက်နိုင်ငံ လိုက်ဖြစ်ပေါ်တတ်သော အဖြစ်အပျက်များအရ ကြည့်လျှင် စစ်လက်နက် မှောင်ခို တင်သွင်းမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု များ၊ လူကုန်ကူးမှုများ၊ နိုင်ငံပိုင်သယံဇာတများကိုလက်လွတ်စပယ်ရောင်း ချမှု များစသည့်ရငွေများတွင်အများဆုံးဖြစ်ပေါ်တတ်သည့် သဘောကို လည်းတွေ့ရှိနိုင်ပါသည်။ ငွေမည်း ခါဝချမှုနှင့်ပတ်သက်သောအဓိပ္ပာယ် ဖွင့်ဆိုချက်များသည်လည်း တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ် ဆန်းသဘောမျိုးလည်း ရှိချင်ရှိပါမည်။ အကြောင်းမှာဖြစ်ပေါ် လာသောငွေမည်းဇာစ်မြစ်များကလည်း မတူသောကြောင့်ဖြစ်သည်။ ငွေ မည်းရရှိနိုင်မှု ဇာစ်မြစ်များသည် အတော်များများမသိရှိနိုင်သောဇာစ် မြစ်များ (Obfuscating sources of money ဟု ခေါ်သည်။) ဖြစ်နေသောကြောင့်ဖြစ် သည်။ ထို့ကြောင့် အတော်များများသည် ငွေမည်းမှန်း လည်းသိသည်။ သို့သော်လည်း တိတိကျကျဘယ်ကမည်းသောငွေမှန်း မဖော်ထုတ်နိုင်ခြင်း လည်းရှိသည်။ ထင်ကြေးဖြင့်သာ ငွေမည်းရရှိရာ ဇာစ်မြစ်ကို ကာယကံရှင်မှ လွဲပြီး၊ ထင်ကြေးဖြင့် ပြောဆိုနေကြခြင်းဖြစ်သည်။ ငွေမည်းဖြစ်ပေါ်လာရာ လမ်းကြောင်းကို ကာယကံရှင်မှ လွဲလျှင် ကျန်သူများအနေဖြင့် ထင်ကြေးဖြင့် သာပြောနိုင်သောကြောင့် ဖြစ်သည်။ သေချာသောအချက်က ငွေမည်းများ မည်သည် ရာဇ၀တ်မှု နှင့်မကင်းသော၊ ဥပဒေနှင့်မကင်းသောငွေ များဖြစ်သည်ဆိုသည့်သဘောထား၊ အလွဲသုံးစားမှုများနှင့်ပတ်သက်နေသည် ဟူသောအယူအဆများလည်းငွေမည်းအတွက် အဓိပ္ပာယ်ဖွင့်ဆိုမှုများလည်း ရှိကြပါသေးသည်။ ငွေကြေးခ၀ါချသည် ဆိုသည်မှာလည်း ကြိုတင်စီမံလို့ မရသောအခြေအနေမျိုးဖြစ်သည်။ အချိန်အခါနှင့် အခွင့်အရေးပေါ် မူတည်ပြီး လုပ်ကိုင်ရခြင်းဖြစ်သည်။ တည်ရှိနေသော အခြေအနေပေါ်မူတည်ပြီး တိုက်ဆိုင်လာမှသာလုပ်နိုင်သောခ၀ါချမှုမျိုးဖြစ်သည်။ မီးစင်ကြည့်ပြီး ကသွားခြင်းမျိုးလည်း ဖြစ်သည်။ ယင်းကို အချို့သောငွေကြေးဆိုင်ရာပညာ ရှင်များက ''Financial Thought-crime'' ဟုလည်းခေါ်ကြသည်။ Thought Crime ဟူသောဝေါဟာရသည် ဘာသာရေး နှင့် ဆက်နွယ်နေသောဝေါဟာ ရလည်းဖြစ်သည်။ လူမှုရေးအရ လက်မခံနိုင်သောသဘောဖြစ်သည်။ ဘုရားမဲ့၊ တရားမဲ့မျိုးဖြစ်သည်။ လူမှုပတ်ဝန်းကျင်နှင့် ဆန့်ကျင်သော သဘောလည်းရှိသည်။ မှန်သည်ထင်လျှင် လုပ်ရဲသောလူများဖြစ်သည်။ မှားသည်မှန်သည်ဆိုသည်မှာလည်း လူမှုရေးအရ လုပ်သင့် မလုပ်သင့် မဆုံးဖြတ်ဘဲ၊ ကိုယ့်ဘာ သာကိုယ်ဆုံးဖြတ်လုပ်ကိုင်ခြင်းမျိုးဖြစ် သည်။ ငွေကြေး ခ၀ါချမှုမျိုးဆို သည်မှာလည်း ထိုနည်းနှင်နှင်ဖြစ်သည်။ လူမှုရေးအရ မကြည့်ဘဲ၊ တိုင်းပြည်အတွက် မကြည့်ဘဲရသော အခွင့် အရေးပေါ်မူတည်ပြီး ရှိသောငွေကြေးများကို တရားဝင် ဖြစ်စေရန် ကြံဆောင်ခြင်းသာဖြစ်သည်။ထိုစကားလုံးကိုစာရေးဆရာကြီး ဂျော့အိုဝဲလ် ရေးသော Nineteen Eighty Four ၀တ္တုမှ အစ ပြုသုံးစွဲလာခြင်းဖြစ်သည်။ ငွေကြေး ခ၀ါချခြင်းမျိုးသည် တိုင်းပြည်တစ် ပြည်နှင့်တစ်ပြည်အနေအထားခြင်း လည်းတူညီကြမည်မဟုတ်ပါ။ ထို့ အတူ ပမာဏခြင်းလည်း တူညီကြ မည်မဟုတ်ပါ။ များသောအားဖြင့် တိုင်းပြည်များသည် အနည်းအများ ဆိုသလို တိုင်းပြည်တွင် ခန့်မှန်းခြေ ငွေကြေးခ၀ါချမှု ပမာဏမည်မျှရှိ သည်ဆိုသည့် အစီရင်ခံစာမျိုးကို နှစ်စဉ်ခန့်မှန်းခြေသဘောမျိုး ထုတ် ပြန်လေ့ရှိကြပါသည်။ ထိုသို့ခန့်မှန်း ခြေမျိုးထုတ်ပြန်ရာတွင်လည်း အပြည်ပြည်ဆိုင်ရာအဆင့်တွင်ဖြစ်စေ၊ ပြည်တွင်းအဆင့်နှင့်ပင်ဖြစ်စေ၊ ခန့် မှန်းခြေစာရင်းအင်းများကို ထုတ်ပြန်ပေးတတ်ကြသည်။ ၁၉၉၆ခုနှစ် အတွင်း က အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF: International Monetary Fund) ခန့်မှန်းချက်အရဆိုပါလျှင် တစ်ကမ္ဘာလုံး စီးပွားရေး လုပ်ငန်းများတွင် ၂% မှ ၅% အဆင့်သည် ငွေကြေးခ၀ါချ ထားသော ငွေ များအဖြစ် ပါဝင်နေသည်ကို အစီရင်ခံ ဖော်ပြထားဖူးသည်။ ငွေကြေးခ၀ါချ မှုများနှင့် ပတ်သက်သည့် စောင့်ကြည့်လေ့ လာသည့်အဖွဲ့ဖြစ်သည့်FATF: Financial Action Task Force on Money Laundering အဖွဲ့အနေ ဖြင့် ငွေကြေးခ၀ါချမှုပမာဏကို ကိန်းဂဏန်းအားဖြင့် တိတိ ကျကျ ဖော်ပြနိုင်ခြင်းသည် အခက်အခဲဆုံးသောအလုပ်တစ်ခုဖြစ်နေသည့် သဘောကိုလည်းတင်ပြခဲ့ဖူးသည်။ ရေရာသေချာမှုလည်း မရှိသည့်သဘော မျိုး တင်ပြခဲ့ဖူးသည်။ ငွေကြေးခ၀ါချမှုမျိုးသည် လူသိသူသိ မခံသောလုပ်ငန်း မျိုးမှ ပေါက်ဖွားလာခြင်းဖြစ်ရာ မြင်တာမြင်သော်လည်း၊ ထင်ကြေးဖြင့်သာ သွားနေရသည့်အဖြစ်ကြောင့်လည်း တိတိကျကျ မဆိုမတင်ပြနိုင်ကြခြင်းဖြစ် သည်။ ငွေကြေးခ၀ါချမှုမျိုးများကို မည်သည့်မည်မျှ အတိအကျစုံစမ်း ခန့်မှန်း ရန်လည်း ခက်သောအခြေအနေ ဖြစ်နေသောကြောင့်လည်း အစိုးရ များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ငွေကြေး ခ၀ါချမှုကို တိုင်းတာနေခြင်းထက်၊ ငွေကြေးခ၀ါချမှုမျိုးများ မပြုလုပ် နိုင်စေရန် ဟန့်တားခြင်း၊ ကာကွယ်ခြင်း၊ အရေးယူခြင်း စသည့်အလုပ်များကို လုပ်ကိုင်ခြင်းက ပိုမိုထိရောက်စေနိုင်မည့်သဘောမျိုး သုံးသပ် ဆွေးနွေး လာကြသည်။ ငွေကြေးခ၀ါချမှုနှင့်ပတ်သက်ပြီး ဖွံ့ဖြိုး ဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ အခြေအနေချင်းမတူသည့်သဘောကို လည်းတွေ့နေ ရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ငွေကြေးခ၀ါ ချမှုများတွင် ငွေကြေး ဆိုင်ရာအဖွဲ့ အစည်းများ၏ဟာကွက်၊ ယိုပေါက် များကြောင့် ခ၀ါချနိုင်ခြင်းဆို သည့် အတွေးမျိုးရှိနိုင်သော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ငွေကြေးဆိုင် ရာအဖွဲ့အစည်းများသည် အခန်းကဏ္ဍနှင့် ထိရောက်မှုတို့သည် အရေးပါ အရာရောက်မှုနည်းနေသော ကြောင့် အစိုးရအနေဖြင့် တိုက်ရိုက် ပိုမိုတာဝန် ယူရမှုအပိုင်း ပိုရှိလာမည် ဖြစ်သည်။

No comments:

Post a Comment