Tuesday, February 25, 2014
အမိအဖကို ပြုစုသူကို သူတော်ကောင်းတို့ ချီးမွန်းဧ။်
အမိအဖကို ပြုစုသူကို သူတော်ကောင်းတို့ ချီးမွန်းဧ။် ဗြဟ္မ (မြတ်သောအကျင့်) ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် ဗြဟ္မာ ရှိသည် မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် လက်ဦးဆရာ ရှိသည်မည်ကုန်၏၊ ... ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် အိမ်ဦးနတ်ရှိသည် မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသားအမျိုးသမီးတို့သည် အဝေးမှ ဆောင်အပ်သော အလှူကို ခံထိုက်သော အလှူခံရှိသည် မည်ကုန်၏။ ရဟန်းတို့... ''ဗြဟ္မာ'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊ ''လက်ဦးဆရာ'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊ ''အိမ်ဦးနတ်'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊ ''အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံ''ဟူသော အမည်သည် အမိအဖတို့၏ အမည်တည်း။ ထိုသို့ အမည်ရခြင်းသည် အဘယ် ကြောင့်နည်းဟူမူ- ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များသော ကျေးဇူး ရှိကုန်၏၊ အသက်ကိုစောင့်ရှောက် တတ်ကုန်၏၊ ကျွေးမွေး တတ်ကုန်၏၊ ဤလောကကို ညွှန်းပြတတ် ကုန်၏ ဟု မိန့်တော်မူ၏။ အမိအဖတို့ကို သားသမီးတို့၏ 'ဗြဟ္မာ' ဟူ၍ လည်းကောင်း၊ 'လက်ဦးဆရာ' ဟူ၍ လည်းကောင်းဆိုထိုက်ကုန်၏၊။ 'အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံတို့' ဟု ဆိုထိုက်ကုန်၏၊ ။ အမိအဖတို့သည် သားသမီးတို့အား အစဉ်သနားတတ် ကုန်၏။ ထို့ကြောင့်သာလျှင် ပညာရှိသားသမီးသည် ထို အမိအဖတို့ကို ရှိလည်း ခိုးရာ၏၊ ထမင်းဟင်းဖြင့် လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့် လည်းကောင်း၊အဝတ် အရုံဖြင့် လည်းကောင်း၊ အိပ်ရာ နေရာဖြင့်လည်းကောင်း၊ အမွှေး နံ့သာ လိမ်းကျံ ပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့် လည်းကောင်း၊ ခြေဆေးပေးခြင်းဖြင့် လည်းကောင်း အရိုအသေ ပြုလျက် ပူဇော်ရာ၏။ အမိအဖတို့၌ ထိုသို့ လုပ်ကျွေးမွေးမြူခြင်းကြောင့် ထို သားသမီးကို ယခုဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကြကုန်၏၊ ထို သားသမီးသည် တမလွန်ဘဝ၌လည်း နတ်ပြည်၌ မွေ့လျှော်ရလေ သတည်း။ 63 ၃ - ဗြဟ္မသုတ်၊ ပတ္တကမ္မ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။ ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။ သာဓု... သာဓု... သာဓု...။ ဗုဒ္ဓဓမ္မ ဦးလောကနာထ တရားကိုလှူဒါန်းပူဇော်ပါသည် ရွှေအိမ်စည်
အမိအဖကို ပြုစုသူကို သူတော်ကောင်းတို့ ချီးမွန်းဧ။် ဗြဟ္မ (မြတ်သောအကျင့်) ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် ဗြဟ္မာ ရှိသည် မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် လက်ဦးဆရာ ရှိသည်မည်ကုန်၏၊ ... ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် အိမ်ဦးနတ်ရှိသည် မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသားအမျိုးသမီးတို့သည် အဝေးမှ ဆောင်အပ်သော အလှူကို ခံထိုက်သော အလှူခံရှိသည် မည်ကုန်၏။ ရဟန်းတို့... ''ဗြဟ္မာ'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊ ''လက်ဦးဆရာ'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊ ''အိမ်ဦးနတ်'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊ ''အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံ''ဟူသော အမည်သည် အမိအဖတို့၏ အမည်တည်း။ ထိုသို့ အမည်ရခြင်းသည် အဘယ် ကြောင့်နည်းဟူမူ- ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များသော ကျေးဇူး ရှိကုန်၏၊ အသက်ကိုစောင့်ရှောက် တတ်ကုန်၏၊ ကျွေးမွေး တတ်ကုန်၏၊ ဤလောကကို ညွှန်းပြတတ် ကုန်၏ ဟု မိန့်တော်မူ၏။ အမိအဖတို့ကို သားသမီးတို့၏ 'ဗြဟ္မာ' ဟူ၍ လည်းကောင်း၊ 'လက်ဦးဆရာ' ဟူ၍ လည်းကောင်းဆိုထိုက်ကုန်၏၊။ 'အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံတို့' ဟု ဆိုထိုက်ကုန်၏၊ ။ အမိအဖတို့သည် သားသမီးတို့အား အစဉ်သနားတတ် ကုန်၏။ ထို့ကြောင့်သာလျှင် ပညာရှိသားသမီးသည် ထို အမိအဖတို့ကို ရှိလည်း ခိုးရာ၏၊ ထမင်းဟင်းဖြင့် လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့် လည်းကောင်း၊အဝတ် အရုံဖြင့် လည်းကောင်း၊ အိပ်ရာ နေရာဖြင့်လည်းကောင်း၊ အမွှေး နံ့သာ လိမ်းကျံ ပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့် လည်းကောင်း၊ ခြေဆေးပေးခြင်းဖြင့် လည်းကောင်း အရိုအသေ ပြုလျက် ပူဇော်ရာ၏။ အမိအဖတို့၌ ထိုသို့ လုပ်ကျွေးမွေးမြူခြင်းကြောင့် ထို သားသမီးကို ယခုဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကြကုန်၏၊ ထို သားသမီးသည် တမလွန်ဘဝ၌လည်း နတ်ပြည်၌ မွေ့လျှော်ရလေ သတည်း။ 63 ၃ - ဗြဟ္မသုတ်၊ ပတ္တကမ္မ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။ ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။ သာဓု... သာဓု... သာဓု...။ ဗုဒ္ဓဓမ္မ ဦးလောကနာထ တရားကိုလှူဒါန်းပူဇော်ပါသည်
ရွှေအိမ်စည်
လင်ကွန်းဧ။် ' မ ' ဆယ်လုံး
၁။ ချွေတာစုဆောင်းခြင်းကို အားမပေးပဲ မချမ်းသာနိုင်ပါ ။
၂။ အားကြီးသူတွေကို အစိတ်စိတ် ခွဲခြင်းဖြင့် အားငယ်သူများကို မကူညီနိုင်ပါ ။
၃။ အားကြီးသူကို အားပျော့အောင်လုပ်ခြင်းဖြင့် အားနည်းသူကို အားပြည့်လာအောင် မလုပ်နိုင်ပါ ။
၎။ လစာပေးနေသူတွေကို နှိမ်ချခြင်းဖြင့် လစာ ရသူတွေကိုဧ။် လစာကို တိုးမြင့်မပေးနိုင်ပါ ။
၅။ ချမ်းသာသူတွေကို ပျက်စီးစေခြင်းဖြင့် ဆင်းရဲသားများကို မကူညီနိုင်ပါ ။
၆။ ၀င်ငွေထက် ပိုသုံးခြင်းဖြင့် ဒုက္ခမှ မလွတ်မြောက်နိုင်ပါ ။
၇။ ချေးငှားထားသော ငွေဖြင့်လုံခြုံမှု မရရှိနိုင်ပါ ။
၉။ လူသားဧ။် လုပ်ကိုင်လိုစိတ်၊ လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုစိတ်ကို ဖယ်ရှားခြင်းဖြင့် သတ္တိနှင့် ကိုယ်ကျင့် စာရိတ္တကို
မတည်ဆောက်နိုင်ပါ ။
၉။ လူတို.အနေဖြင့် သူတို.ကိုယ်တိုင်လုပ်နိုင်သော ကိစ္စ၊ သူတို.အတွက် သူတို.ကိုယ်တိုင် လုပ်သင့်သော ကိစ္စများကို
လုပ်ပေးနေခြင်းအားဖြင့် သင်သည် လူများအား ထာဝရ မကူညီနိုင်ပါ ။
၁၀။ လူတန်းစားမုန်းတီးမှု အုံကြွအောင်လုပ်ခြင်းဖြင့် ညီရင်းအစ်ကို စိတ်ဓါတ်မျိုး တိုးတက်မလာနိုင်ပါ ။
ရွှေအိမ်စည်
MEANING
1.professor ပါမောက္ခ
2.rector ပါမောက္ခချုပ်
3. administrator အုပ်ချုပ်ရေးမူး
4.bursar ငွေစာရင်းမှူး
5.director of education ပညာမင်းကြီး
6.secretary အတွင်းရေးမှူး
7.dentist သွားဆရာဝန်
8.surgeon ခွဲစိတ်ဆရာဝန်
9.veterinary surgeon တိရိစ္ဆာန်ကုဆရာဝန်
10.physician သမားတော်ကြီး
11.composer သီချင်းရေးသူ
12.play wright ပြဇာတ်ရေးဆရာ
13.critic ဝေဖန်ရေးသမား
14.editor တည်းဖြတ်သူ
15.poet ကဗျာဆရာ
16.interpreter ဘာသာပြန်ဆရာ
17.novelist ၀တ္ထုရေးဆရာ
18.metallurgist သတ္ထုဗေဒပညာရှင်
19. archaeologist ရှေါ်စောင်းသုတေသနပညာရှင်
20. philosopher အတွေးအခေါ်ပညာရှင်
21.zoologist ဇိဝဗေဒပညာရှင်
22.anthropologist မနုသဗေဒပညာရှင်
23.satirist သရော်စာရေးသူ
24.biographer အတ္ထုပတ္ထိစာရေးဆရာ
25. camera man ဓါတ်ပုံဆရာ
26.actor မင်းသား
27.actress မင်းသမီး
28.artist အနုပညာရှင်
29.policeman ရဲသား
30.fortune teller ရှေ့ဖြစ်ဟောသူ
31.palmist လက္ခဏာဆရာ
32.astrologer ဗေဒင်ဆရာ
33.trader ကုန်သည်
34.merchant ကုန်သည်
35. scientist သိပ္ပံပညာရှင်
36.architect ဗသုကာပညာရှင်
37.producer ထုတ်လုပ်သူ
38.mechanic စက်ပြင်ဆရာ
39.artist ပန်းချီဆရာ
40.engineer စက်မူပညာရှင်
41.broker ပွဲစား
42. optician မျက်နှန်ဆရာ
43. geologist ဘူမိဗေဒပညာရှင်
44.gemologist ကျောက်မျက်ပညာရှင်
45. botanist ရုက္ခဗေဒပညာရှင်
46.economist စီးပွားရေးပညာရှင်
47.sculptor ပန်းပုဆရာ/ထုသူ
48.blacksmith ပန်းပဲဆရာ
49.tinsmith သံဖြုဆရာ
50.silversmith ငွေပန်းတိမ်ဆရာ
51.dress-maker ၀တ်စုံချုပ်သူ
Great 8 Lessons from Albert Einstein
၁။ တစ်ခါမှ မမှားဖူးတဲ့သူက တစ်စုံတစ်ခုသော ကိစ္စအသစ်ကို တစ်ခါမှ မကြိုးစားဖူးတဲ့လူဘဲ။
1-A person who never made a mistake never tried anything new.
၂.ပညာရေးဆိုတာက ကျောင်းမှာသင်ခဲ့တာတွေကို မေ့သွားပြီးနောက် ခေါင်းထဲမှာ ဘာကျန်လဲဆိုတာဘဲ ဖြစ်တယ်။
2.Education is what remains after one has forgotten what one has learned in school.
၃။ကျွန်တော်ဟာ လွတ်လွတ်လပ်လပ် စိတ်ကူးယဉ်တတ်တဲ့ အနုပညာသမားတစ်ယောက်ပါ။ စိတ်ကူးက အသိပညာထက်ပိုပြီး အရေးကြီးတယ်။ အသိပညာက အကန့်အသတ် ရှိတယ်။ စိတ်ကူးက ကမ္ဘာကို ၀န်းရံထားလို့ ရတယ်။
3. I am enough of an artist to draw freely upon my imagination. Imagination is more important than knowledge. Knowledge is limited. Imagination encircles the world.
၎။ ဖန်တီးနိုင်မှုရဲ့ လျှို့ဝှက်ချက်က အစွမ်းအစကို ဘယ်လိုလျှိုထားရမယ် ဆိုတာကို သိခြင်းဖြစ်တယ်။
4. The secret to creativity is knowing how to hide your sources.
၅။လူတစ်ယောက်ရဲ့ တန်ဖိုးကိုကြည့်တဲ့အခါ သူဘာပေးဆပ်လဲဆိုတာကို ကြည့်ပါ။ သူဘာပြန်ရလဲဆိုတာကို မကြည့်ပါနဲ့။ အောင်မြင်သောလူတစ်ယောက်ဖြစ်ဖို့ထက် တန်ဖိုးရှိသော လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။
5. The value of a man should be seen in what he gives and not in what he is able to receive. Try not to become a man of success, but rather try to become a man of value.
၆။အသက်ရှင်ရပ်တည်တဲ့ နည်းလမ်းနှစ်ခုရှိတယ်။ အရာရာဟာ အသစ်အဆန်းမဟုတ်ဖူးလို့သတ်မှတ်ပြီး ရပ်တည်ပါ (သို့) အားလုံးဟာ အသစ်အဆန်းလို့ သတ်မှတ်ပြီး ရပ်တည်ပါ။
6. There are two ways to live: you can live as if nothing is a miracle; you can live as if everything is a miracle.
၇။မင်းဟာ ကစားပွဲတစ်ခုရဲ့ စည်းမျဉ်းကို သင်ကြားရမယ်။ ပြီးရင် အားလုံးထက် ပိုကောင်းအောင် ဆော့ပြရမယ်။
7. You have to learn the rules of the game. And then you have to play better than anyone else.
၈။အရေးကြီးဆုံးအရာက မေးခွန်းမေးတာကို ရပ်မပစ်ဖို့ပါ။ စပ်စုခြင်းမှာ ရပ်တည်ဖို့အတွက် ကိုယ်ပိုင်အကြောင်းပြချက် ရှိတယ်။
8. The important thing is not to stop questioning. Curiosity has its own reason for existing.
ဆွေမျိုးသားချင်းများနဲ့ပတ်သက်သော အင်္ဂလိပ် အခေါ်အဝေါ်များ
အဖေ - Father , Daddy, Dad
အမေ - Mother, Mummy, Mum
ညီ၊ မောင် - Young brother
အစ်ကို - Elder brother
ညီမ ၊ နှမ - Young sister
အစ်မ - Elder sister
ယောက္ခမ ( ထီး ) - Father in law
ယောက္ခမ ( မ ) - Mother in law
ယောက္ခမများ - Parents in law
ယောက်ဖ ၊ မတ်၊ ခဲအို - Brother in law
မရီး ၊ ယောက်မ ၊ ခယ်မ - Sister in law
သားမက် - Son in law
ချွှေးမ - Daughter in law
ဦးကြီး ၊ ဦးလေး - Uncle
အဒေါ် - Aunt
ဘေး - Great grandfather
ဘေး ( မ ) - Great grandmother
မြစ် ( ယောကျာင်္း ) - Great grandson
မြစ် ( မိန်းမ ) - Great granddaughter
မြစ် ( ယောကျာင်္း ၊ မိန်းမ ) - Great grandchild
ဘကြီး - Great uncle
ကြီးဒေါ် - Great aunt
တူ - Nephew
တူမ - Niece
သား - Son
သမီး - Daughter
ဖအေတူ မအေကွဲ ညီအစ်ကိုမောင်နှမ - Half brother/sister
ပထွေးပါ ၊မိထွေးပါ - Step brother / sister
ပထွေး - Step father
မိထွေး - Step mother
လင် - Husband
မယား - Wife
လင်မယား - Man and wife
အဖိုး - Grandfather / Grandpa
အဖွား - Grandmother/ Grandma
မြေး - Grandchild
မြစ် - Great grand child
စုံတွဲ - Couple
မွေးစားမိဘ - Adoptive parent
လင်ပါ မယားပါ ကလေး - Step child
မွေးစားကလေး - Adopted child
ဝမ်းကွဲ ညီအစ်ကိုမောင်နှမ - Cousin
လင်ပါ မယားပါ သား - Step son
လင်ပါ မယားပါ သမီး - Step daughter
ဘိုးဘေး - Fore father
ဘိုးဘေးဘီဘင် ဆွေမျိုးဆက် - Forebear , Forbear
Monday, February 24, 2014
ဟိုးလေးတကျော်လုပ်ဖို့လိုလို့လား.........
တစ်ခါက နယ်စားကြီးတစ်ဦးဟာ အင်မတန် အဖိုးတန်တဲ့ သားရေ အကောင်းစားတစ်ချပ်ကို ရှားရှားပါးပါးရလာလို့ နာမည်ကျော် ဖိနပ်ချုပ်သမား တစ်ဦးဆီမှာ ဖိနပ်ချုပ်ဖို့ အပ်တယ်။ သူ့စိတ်တိုင်းကျ ဖြစ်အောင် ဘယ်လို ပုံစံမျိုးလိုချင်တယ်ဆိုတာကိုအချိန်ယူပြီးအသေးစိတ်စေ့စေ့စပ်စပ်မှာတယ်။ ဖိနပ်ချုပ်သမားလည်း သူ့ရဲ့အတော်ဆုံး လက်ထောက်ကို ခေါ်ပြီးနယ်စားကြီး မှာတာတွေကို သေသေချာချာကူမှတ်ခိုင်းတယ်။ နယ်စားကြီးက ဖိနပ်ဆိုရင်နူးညံ့ပြီး ခြေဖ၀ါးနဲ့ လုံးဝအံဝင်ခွင်ကျ ဖြစ်မှကြိုက်တာ၊ ပုံစံဒီဇိုင်း ကလည်းခန့်ညားရမယ်၊ ခေတ်မီရမယ်၊ ချုပ်ရိုးနဲ့ လက်ရာလက် သားက လည်း အနုစိတ်သေသပ်ရမယ်ဆိုပြီးလိုအပ်ချက်တွေက များလွန်း လို့ နယ်စားကြီးလည်း ပြန်သွားရော ဖိနပ်ချုပ်သမားက သူ့ထက်တောင် လက်ရာကောင်းတဲ့ သူ့ရဲ့ လက်ထောက်ကို တာဝန်ပေးပြီး ချုပ်ခိုင်းတယ်။ လက်ထောက်ကလည်း အကောင်းစား သားရေကိုယူပြီး ချက်ချင်း အချိန် မဆိုင်း ကတ်ကြေးနဲ့ ရွှပ်ကနဲ ရွှပ်ကနဲ နှစ်ပိုင်း သုံးပိုင်း ပိုင်းပစ်လိုက်တယ်။ အလျော်အစား ပေးစရာမရှိတဲ့ ရှားပါး သားရေချပ်ကို ဖြတ်ကတတ် ဆန်း ဖြတ်ညှပ်ပစ်လိုက်ပြီ၊ သွားပါပြီဆိုပြီးဖိနပ်ချုပ်သမားခမျာမတ်တပ်က လဲ ကျလုမတတ်ဖြစ်သွားတယ်။ နယ်စားကြီးက အင်မတန်တန်ခိုးထက်တာ၊ သူ့စိတ်နဲ့မတွေ့ရင် နေရာမှာပဲသေဒဏ်ပေးတတ်တယ်ဆိုပြီး နာမည်ကြီး တဲ့ နယ်စားကြီးမို့ ဖိနပ်ချုပ်သမားတုန်လှုပ်ခြောက်ခြားသွားတာ သဘာဝ ကျပါတယ်။
ညှပ်လိုက်တဲ့သားရေချပ်အပိုင်းအစတွေက သေးသေးလေး တွေ ဖြစ်သွားပြီမို့ ဖိနပ်ချုပ်လို့မရတော့ဘူး။ အသုဘချရင် အလောင်းကို ၀တ်ပေးတဲ့ဖိနပ်ပဲ ချုပ်လို့ရတော့မယ်လို့ ဖိနပ်ချုပ်သမားကသူ့ရဲ့ လက် ထောက်ကိုပြောတယ်။ “ငါ့လက်ထောက်လုပ်လာတာမင်းလောက် တော် တဲ့သူမရှိဘူး။ ငါ့ထက်လက်ရာကောင်းတဲ့သူပါ။ ဒါပေမယ့် ဒီတစ်ခါတော့ မင်းဒုက္ခပေးလိုက်တာ ငါတင်မက ငါ့မိသားစုပါ ဒုက်္ခရောက်တော့မယ်၊ လုပ်ရက်လိုက်တာ ငါ့တပည့်ရယ်၊ ဘယ်လို အငြိုးနဲ့ မင်းဒီလို လုပ်တာလဲ” လို့ သူ့ရဲ့ လက်ထောက်ကို မချိတင်ကဲ မေးရှာတယ်။
လက်ထောက်လုပ်တဲ့သူက “ဆရာမစိုးရိမ်ပါနဲ့။ တပည့် ဆရာ့ကို ဒုက္ခမပေးပါဘူး။ ဆရာအေးအေးဆေးဆေးအနားယူပါ။ နယ်စားကြီး မှာတဲ့ ဖိနပ်ကို တပည့်တာဝန်ယူပြီး ချုပ်ထားလိုက်ပါ့မယ်” လို့ ပြောတယ်။ ဖိနပ်ချုပ်သမားလည်း “မင်းကွာ၊ သားရေစက မသာဖိနပ်ဘဲ ချုပ်လို့ရ တော့မှာ။ ဘယ်လိုလုပ်ပြီး နယ်စားကြီးမှာတဲ့ဖိနပ်ကိုချုပ် မှာလဲ။ ပြောစမ်း ပါအုံး” လို့ဆောက်တည်ရာမရမေးနေတုန်းမှာပဲနယ် စားကြီးရဲ့ ကိုယ်ရံ တော်တပ်ဖွဲ့ကတပ်မှူးတစ်ယောက် မြင်းတစ်စီး နဲ့ရောက်လာတယ်။ နယ် စားကြီး မြင်းရထားပေါ်ကအဆင်း မှာလေဖြတ်ပြီး ဆုံးသွားပြီတဲ့။ အဲဒီတော့ ခုနက အပ်ထားတဲ့သားရေချပ်နဲ့ အသုဘဖိနပ်ပဲ ချုပ်လိုက်ပါတော့လို့လာပြန်ပြောတယ်။
ဒါကတော့ ကမ္ဘာကျော် ရုရှား စာရေးဆရာကြီး လီယိုတော် စတွိုင်းရဲ့ ပြဇာတ်ကလေးတစ်ပုဒ်ထဲက ဇာတ်လမ်းတစ်စိတ် တစ်ပိုင်းကို မှတ်မိသလောက်ပြန်ရေးထားတာဖြစ်ပါ တယ်။ ဇာတ်လမ်းထဲက လက်ထောက် ကတကယ်တော့ တန်ခိုးရှင်နတ် သားတစ်ပါးဖြစ်ပါသတဲ့။ တန်ခိုးကြီးတာ ကို အကြောင်းပြုပြီး ထောင်လွှားနေ လို့ ဘုရားက အပြစ်ပေးတဲ့ အနေနဲ့ သူ့ရဲ့တန်ခိုးတွေကို ရုတ်သိမ်းပြီး လူ့ပြည်ကို ပစ်ချထားတာလို့ ဆိုပါတယ်။ လူအဖြစ်နဲ့ ဖိနပ်ချုပ်သမားရဲ့ လက်ထောက်လုပ်ပြီး မေတ္တာကရုဏာ မုဒိတာ တရားတွေ နားလည်လာပြီမို့ အပြစ်က လွတ်တော့မယ့်အချိန်မှာ နယ်စားကြီးရောက်လာတာ၊ နယ်စားကြီးရဲ့ နောက်မှာ သေမင်းလိုက်လာ တာကိုလူဖြစ်နေတဲ့တန်ခိုးရှင် နတ်သားကမြင်တော့ နယ်စားကြီးသေတော့ မယ်ဆိုတာသိနေတယ်၊ ဒါပေမယ့် နယ်စားကြီးကတော့ သူသေတော့မှာ ကို သူ့ဖာသာမသိရှာဘဲ ဖိနပ်ကိုဘယ်လိုချုပ်ဆိုပြီးအသေးစိတ်မှာနေ သေးတယ်။ ကျောင်းတုန်း ကဒီပြဇာတ်ကို ပြဋ္ဌာန်းစာအနေနဲ့ သင်ရတော့ တန်ခိုး ရှင်နတ်သားလို ပတ်ဝန်းကျင်တစ်ခုလုံး အံ့အားသင့်သွားလောက်အောင် အဲဒီလို တန်ခိုးပြနိုင်တာမျိုးကိုသဘောကျမိပါတယ်။ သိပ်ကောင်းတာပဲ လို့ထင်ခဲ့ မိတယ်။ ဒါပေမယ့်အသက်ကလေးနည်းနည်းရလာတော့တစ်မျိုး စဉ်းစား မိပြန်တယ်။ ခဏစောင့်လိုက်တော့ဘာဖြစ်သွားမှာလဲလို့ပါ။ ဖိနပ်ချုပ်သမား ရဲ့လက်ထောက်ဖြစ်နေတဲ့တန်ခိုးရှင်နတ်သားဟာနယ်စားကြီးသေမှာ ကိုတောင် သိနေရင် ကိုယ်ရံတော်တပ်ဖွဲ့က တပ်မှူး ပြန်လာတော့မယ် ဆိုတာကိုလည်း တန်ခိုးနဲ့မသိတောင် စဉ်းစားဆင်ခြင်ပြီး သိမှာပဲ၊ မသိဘဲ မနေလောက်ဘူး။ အဲဒီအချိန်အထိ သားရေစကို မညှပ်သေးဘဲနေလို့ မရဘူးလား။ ဒါဆိုရင် သူ့ဆရာဖိနပ်ချုပ်သမားလည်း စိတ်ဒုက္ခ မရောက်ရတော့ဘူး။ ဆောက်တည်ရာမရ ဖြစ်စရာလည်း မလိုတော့ဘူး။ နောက်ပြီး ဖိနပ်ချုပ်သမားဆီမှာလည်း သာမန်လက်ထောက် တစ်ယောက်အဖြစ် အလိုရှိရင်ဆက်နေသွားလို့ရတာပေါ့။ ဆက်မနေချင် ရင်လည်း ခွင့်တောင်း ပြီးအခြားကိုတိတ်တဆိတ်ထွက်သွားလို့ရတယ်။ အခုလိုအုတ်အော်သောင်း တင်း ဖြစ်စရာမလိုတော့ဘူး။
အလုပ်ထဲမှာတကယ်တမ်းတော်တဲ့သူ၊ ထိပ်တန်းကို တက်မယ့်သူဆို တာ အုတ်အော်သောင်းတင်းဖြစ်လောက်အောင်ထူးခြားတဲ့အရည်အချင်း တွေ ကိုယ့်မှာအမှန်စင်စစ် ရှိနေတယ်ဆိုရင်တောင် အချိန်အခါမဟုတ်ဘဲ နတ်သား တန်ခိုးပြသလိုဟိုးလေးတကျော်ဖြစ်အောင် မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ အုတ်အော်သောင်းတင်းဟိုးလေးတကျော်ဖြစ်အောင် လုပ် စားတဲ့ လိုင်းကသတ်သတ်တစ်လိုင်းပါ။ တကယ်တမ်းလုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ် ပိုင်ခွင့်တွေကို ထိုက်ထိုက်တန်တန်ရချင်တဲ့သူဟာဟိုးလေးတကျော်လုပ်ဖို့ လိုအပ်လို့ တွက်ချက်ချိန်ဆပြီး လုပ်တာကလွဲလို့ ဟိုးလေးတကျော်လိုင်းနဲ့ လိုင်းမပူးသင့်ဘူးဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်။
ဆရာသုတ
လွတ်လပ်စွာသဘောကွဲလွဲခြင်း၊ ငြင်းခုံခြင်းနှင့် ရန်ဖြစ်ခြင်း
“ခြေဥ” ပြင်ရေး အစပျိုးမှုမှသည် မြေပြင်နိုင်ငံရေး၊ အွန်လိုင်းနိုင်ငံရေးတို့ ပို၍ သွက်လက်လာခဲ့၏။ Dynamic ဟူသော အဆင့်ဖြင့် သွက်လက်လာခြင်း သည်ကောင်းသောလက္ခဏာ ဖြစ်သော်လည်း၊ ထိုထက်လွန်၍ Fragility ဟူသော အလွယ်တကူ ပေါက်ကွဲပျက်စီးနိုင်သည့်အဆင့်သို့ ရောက် လျှင်သော် မြန်မာ့နိုင်ငံရေး အနာဂတ်ကို အကောင်းမြင်၍ ရနိုင်မည် မဟုတ်ချေ။ နိုင်ငံရေးယဉ်ကျေးမှုအသစ်တွင်ရင့်ကျက်ချိန်နှင့် နုနယ် ချိန် ဆောင်ရွက်ပုံဆောင်ရွက်နည်း တစ်ထပ်တည်းကျနိုင်မည်မဟုတ်ကိုမူ ကြီးစွာသတိထားမိကြရန် လိုသည်ဟုမြင်သည်။
လွတ်လပ်စွာ သဘောကွဲလွဲခြင်း
မြန်မာ့နိုင်ငံရေးစနစ် ပြောင်းတော့မည်ဟုမိုးဦးရနံ့သင်းသည်နှင့်ဒီမိုကရေစီအခြေခံ သဘောတရားပါသော အသုံးအနှုန်းတို့ကို စာရေးဆရာများစွာက မိတ်ဆက်ပေးခဲ့ကြပါ၏။ ထိုများလှစွာသော အသုံးတို့တွင် Agree to disagree ဟူသောသဘောကွဲလွဲခွင့်တစ်ခုပါခဲ့သည်။ ဒီမိုကရေစီ ယဉ်ကျေးမှု ပို၍အမြစ်စွဲလေ လူ့အဖွဲ့အစည်းတွင် လွတ်လပ်စွာသဘောကွဲလွဲသည့် လက္ခဏာပို၍ထင်ရှားလေဖြစ်သည်။ လက်အတိုအရှည်ပင်မညီသည်ဖြစ်၍ “စိတ်” များစွာဖြင့်ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းတစ်ရပ်တွင်အမြင်မတူနိုင် ကြမည်မှာ အဆန်းမဟုတ်၊ လွတ်လပ်စွာ သဘောကွဲလွဲခွင့်တွင် တစ်ဦးချင်းဖြစ်က ကိုယ့်လမ်းကိုယ်လျှောက်နိုင်ပါသည်၊ အဖွဲ့အစည်းဖြစ် ပါက “ညှိနှိုင်းမှု” အပေါ်အခြေခံပါသည်။ နှစ်ဖက်ရပ်တည်ချက်တို့ကို အနည်း ငယ် လျှော့ပေါ့ပေးကြရသည်။ဘုံသဘောတူညီချက်ရသောအခါအကောင် အထည်ဖော်သည့်အဆင့်၌ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အတွန့် တက်ရန်မလိုတော့၊ ညှိနှိုင်းသဘောတူပြီးဖြစ်၍လက်ညှိုးမထိုးကြတော့ဘဲ အားလုံးက တက်ညီလက်ညီ အကောင်အထည်ဖော်ကြရသည်။
၂၀၁၃-တွင်အမေရိကန်၌သမိုင်းတွင် Government shutdown ဟူ၍ကြီးကြီး မားမားသဘောကွဲလွဲခဲ့သည့် ဖြစ်ရပ်နှင့် နောက်ဆုံးဖြစ်စဉ်ကို စဉ်းစား ကြည့်နိုင်သည်။ အစဦးတွင် ဒီမိုကရက်ရော၊ ရီပတ်ဘလီကန်ရော မည်သူမျှ အလျှော့မပေးခဲ့၊ သို့နှင့် အစိုးရ၏ ယန္ဒရားအစိတ်အပိုင်းအချို့ စတင်ရပ်နားခဲ့ လိုက်ရပါသေးသည်။ နောက်ဆုံးအမေရိကန်လူမျိုး၊ အမေရိကန်နိုင်ငံနှင့် အမေရိကန်သမိုင်းကို အကျိုးစီးပွားတစ်ခုအနေဖြင့် နှစ်ဖက် ရပ်တည်နိုင် ကြသည့်အခါ ထိုပြဿနာပြေလည်သွားခဲ့သည်။ လွတ်လပ် စွာသဘော ကွဲလွဲခြင်းတွင်ဘုံအကျိုးစီးပွားကိုအခြေခံပါသည်၊ ကြီးကြီး ကျယ်ကျယ်ဆို လျှင် နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားကို အခြေပြုပါသည်။ မိမိတို့ရပ်တည် ချက်မှလျှော့ပေါ့ပေးကြရသည့်သဘောရှိသည်။ ဆွေးနွေးမှု၊ ညှိနှိုင်းမှုကို အခြေခံခြင်းသည် လွတ်လပ်စွာသဘောကွဲလွဲခွင့်၏ အနှစ်သာရ ဖြစ်၏။ စားပွဲဝိုင်းပေါ်မထိုင်မီ “ဘယ်လောက်မှမရလျှင် လက်မခံဘူး” ဟူသည့် တစ်ဖက်ကိုအလွန်အမင်းအကျပ်အတည်းဖြစ်စေမည့် တောင်းဆိုမှုမျိုး မရှိတတ်၊ မရှိသင့်။
မြန်မာ့နိုင်ငံရေး အကူးအပြောင်းပြုတော့မည်ဟု အရိပ်အယောင် များစတင် ထွက်ပေါ်မလာခင်မှာပင်ယဉ်ကျေးမှုသစ်၏မိတ်ဆက်အနေ ဖြင့်စာမျက်နှာပေါ်တွင် လွတ်လပ်စွာသဘောကွဲလွဲခဲ့ကြပြီးဖြစ်သည်။ နှစ်ပေါင်း(၂၅) နှစ်လုံးလုံး လည်းလက်တွေ့မြေပြင်နိုင်ငံရေးတွင်လွတ်လပ်စွာ သဘောကွဲလွဲခဲ့ကြပြီးဖြစ် သည်။ နိုင်ငံရေးပါတီများ တရားဝင်တည်ထောင်ခွင့်ရှိသည့်အချိန်မှစ၍ လွတ်လပ်စွာထုတ်ဖော်ခွင့်ကိုအခြေခံကာ ထင်သာမြင်သာရှိသော လွတ်လပ် စွာသဘောကွဲလွဲခွင့်ကိုနေရာအနှံ့ ပြသခဲ့ပြီးဖြစ်သည်။ ထိုမှသည်စေ့စပ် ညှိနှိုင်းမှုများဖြင့်လွှတ်တော်တွင်းသို့ ၀င်ရောက် သင့်သူတို့ဝင်ရောက်ခဲ့ကြပြီး၊ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ကို လွှတ်တော်နိုင်ငံရေးအပေါ်အခြေခံ၍ ဒီမိုကရေစီယဉ်ကျေးမှု ဆက်လက်ရင့် သန်ရန် ဆောင်ရွက်နေကြဆဲဟု သဘောပေါက်ထားပါသည်။
ငြင်းခုံခြင်း
တစ်ဆင့်တက်အခြေအနေဖြစ်ပါသည်။ လွတ်လပ်စွာသဘောထား ကွဲလွဲရာ တွင် စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာရသည်ဟုဆိုခဲ့ပြီး ဖြစ်သည်။ အချို့သောကိစ္စရပ်များတွင် အယူအဆ၊ သဘောတရားရေးရာ၊ အနာဂတ် အကျိုးတို့ကို ရှုထောင့်ဆန့်ကျင်မြင်သိ လက်ခံထားလွန်းလျှင် ငြင်းခုံဆင့် သို့ ရောက်တတ်သည်လည်းရှိနိုင်ပါသည်။ Debate အဆင့်ဟု တင်စားနိုင် ပါလိမ့်မည်။ တစ်ဖက်ဖက်မှကျိုးကြောင်းဆီလျော်မှုမည်မျှရှိခြင်း၊ အနာဂတ် အမြင် Vision ကောင်းကို တင်ပြနိုင်ခြင်း၊ မည်မျှအများအကျိုး အ လတွက် ရောင်ပြန်ဟပ်နိုင်ခြင်းကိုအခြားတစ်ဖက်မှ လက်ခံစဉ်းစားသင့် သည်။ ကျိုးကြောင်းဆီလျော်လျှင် လက်ခံပေးသင့်၏။ Brain Storming အပြင် Heart Storming လည်းလိုက်ပါသင့်၏။ အဖွဲ့အစည်းတို့၏ အကျိုး စီးပွားထက်ပို၍ကြည့်ရှုလက်ခံနိုင်လျှင် လက်မခံနိုင်စရာမရှိ။
မြန်မာ့နိုင်ငံရေးသမိုင်းကို ခပ်ကြမ်းကြမ်းကြည့်လျှင်ပင် ငြင်းခုံမှုတို့နှင့် ကင်းလွတ်သည်ကိုမရှိခဲ့ကြောင်း တွေ့ရသည်။ စေ့စပ်ညှိနှိုင်းမှုအဆင့်၊ ထိုယဉ်ကျေးမှုများစွာပါးလျခဲ့သည်။ အမှန်တကယ်က ဆွေးနွေးညှိနှိုင်းမှု များများ၊ ငြင်းခုံမှုနည်းနည်းဖြစ်သင့်၏။ ယခုတွေ့ရသည်က ငြင်းခုံမှုများ များ၊ ဆွေးနွေးညှိနှိုင်းမှုနည်းနည်းဟူ၍ အချိုးပြောင်းပြန်ဖြစ်နေသည်။ နောက် တစ်ဆင့်ဖြစ်သော “ပေါက်ကွဲဆင့်” ဟူသည် “ရန်ဖြစ်ခြင်း” တစ်နည်း၊ “ရန်-ငါ”ခွဲအဆင့်သို့ဦးတည်စေသောအချင်းအရာမှာ“စားပွဲခုံပေါ်၌ ငြင်းခုံခြင်း” မျိုးမဟုတ်ဘဲ၊ လေထဲမှငြင်းခုံနေကြခြင်း၊ အွန်လိုင်းမှ ငြင်းခုံ နေကြခြင်းဖြစ် သည်။ Physical Contact ဟူသောတစ်ဦးနှင့်တစ်ဦးမထိတွေ့ကြဘဲ၊ လေ လှိုင်း မှငြင်းခုံခြင်းသည် escalating ဟူသောသဘောထားကွဲမှုကို ပို၍ တိုးတက်မြင့်မားစေပါသည်။
နိုင်ငံရေးဟူသည်မှာဖိအားပေးကစားပွဲ(Pressure game) ဖြစ်သည် မှန်သော်လည်း ကိုယ်ပေးသောဖိအားများကမပေးတတ်၊ မသုံးတတ်လျှင် ကိုယ့်အတွက်ပြန်၍ အကျပ်အတည်း (Threat) ဖြစ်လာတတ်ပါသည်။ ကြမ်းကျွံနုတ်ရလွယ်သော်လည်း “စကားကျွံနုတ်မရ” ဟူသော မြန်မာ့ စကားပုံရှိနေပါသည်။ ထိတွေ့မှုမရှိသော ငြင်းခုံမှုသည် ပြဿနာကို ပို၍ တိုးပွားစေသည်ကို သတိထားသင့်သည်ဟုယူဆသည်။
ရန်ဖြစ်ခြင်း
ပေါက်ကွဲဆင့်ဖြစ်၍ ပေးဆပ်မှုများတတ်သည်၊ ရန်တစ်ခါဖြစ်ဖူးလျှင် နောက် တစ်ခါရန်ဖြစ်ရန် ၀န်မလေးတတ်တော့သည့်သဘောကို မမေ့သင့်၊ ရန်ဖြစ် ဆင့်ဖြစ်၍ “ရန်-ငါ” မခွဲပါဘူးဟု နှုတ်ကဆိုလျှင်ပင် လက်တွေ့တွင် ခွဲခြား ထားပြီးဖြစ်သည်။ Conflict Resolution ဟူသောပဋိပက္ခဖြေရှင်းခြင်း တွင် ယေဘုယျအဆင့် (၃) ဆင့်သတ်မှတ်ထားသည်။
- Skirmishes
- Confrontation
- Full-scale war ဟူ၍ဖြစ်သည်။
ပထမအဆင့်မှာတိုက်ပွဲငယ်အဆင့်၊ ပဋိပက္ခငယ်အဆင့် (သဘောထားကွဲ လွဲခွင့်) ဖြစ်ပြီး၊ နိစ္စဓူဝ တွေ့နေရတတ်သည်။ ဒုတိယအဆင့်မှာ တစ်ချိန် က မြန်မာ့နိုင်ငံရေးတွင် ရေပန်းစားခဲ့သော စကားလုံးဖြစ်သည့် Confrontation ဟူသောအဆင့်ဖြစ်သည်။ ထိုအဆင့်သည်ထိပ်တိုက်တွေ့ သည့်အဆင့်ဖြစ်၍ကုစားရမှုပို၍ကြီးမားသည်။ တစ်ခါတစ်ရံမှဖြစ်တတ် သော သဘောရှိသဖြင့် ထိုအဆင့်ကို မဖြေရှင်းနိုင်လျှင် နောက်တစ်ဆင့် ပေါက် ကွဲဆင့် ဟူသော ပေးဆပ်မှုကြီးမားသည့်အဆင့်သို့ရောက်သည်၊ ဤ အဆင့် အထိ တွေ့ဆုံညှိနှိုင်းမှုဖြင့်အဖြေရှာနိုင်သည်။ Debate လုပ်ခြင်းဖြင့် ထွက်ပေါက်တစ်ခုရှာဖွေနိုင်သည်။ နောက်ဆုံးအဆင့်မှာ Full-scale War ဟူသောရွက်ကုန်လွှင့်တိုက်ပွဲဖြစ်သည်။ မည်သို့ နှုတ်ကပြောစေကမူ “ရန်-ငါ”ကို အလိုအလျောက်သတ်မှတ်ပြီးသားဖြစ်နေတတ်သည်။ ပေးဆပ်မှု ကြီးမားမည်၊ ‘Win-win’ အခြေအနေမရတတ်တော့၊ Zero Sum Game ဟူသော သုညကြွင်းအဖြစ် နိဂုံးချုပ်သည်။ ဤအဆင့်ဖြစ်ပြီးလျှင် ရှုံးနိမ့်သူ အနေဖြင့် နလန်မထူတော့သည့်ပြင် အောင်နိုင်သူမှာလည်း “နိုင်ကြက်” ဖြစ် ၍ထပ်မံညှိနှိုင်းမှုကိုလက်မခံတတ်တော့သည့်သဘာဝရှိသည်ကို အထူး သတိပြုရန် လိုပါလိမ့်မည်။
မြန်မာ့မြေပြင်နိုင်ငံရေးတွင်တစ်ခါတစ်ခါတင်းမာမှုများ တွေ့နေရပါသည်။ လေလှိုင်းနိုင်ငံရေး သို့မဟုတ် အွန်လိုင်းနိုင်ငံရေးတွင်မူကား ပေါက်ကွဲဆင့် သို့ ရောက်နေလေပြီ၊ စစ်ဆင်ရေးတစ်ခုသဖွယ် တစ်ဖက်နှင့် တစ်ဖက်အပြတ် အသတ်ဆင်နွှဲနေကြသည်။ ပေါက်ကွဲဆင့်ထက်ပင်ဆိုးရွားစွာ စကားလုံး၊ အကြမ်းအတမ်းများ သုံးစွဲလာသည်ကိုပင်တွေ့ရ၏။ ထို လေလှိုင်းနိုင်ငံရေး ၏ဂယက်က မြေပြင်နိုင်ငံရေးအပေါ် သက်ရောက်မှု အထူးရှိနေသည်ကို သတိထားထိန်းချုပ်ကြရန်လိုသည်။
မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ် သည် နှစ်နှစ်ကျော်ကာလသို့တိုင် တည်ငြိမ်စွာရွေ့လျားနေရာမှ “ခြေဥ” ပြင် ဆင်ရေး မိတ်ဆက်ခဲ့ သည်မှ စ၍ လေနီကြမ်းတိုက်ကာ တင်းမာမှုအဆင့် တဖြည်းဖြည်း တိုးပွားလာသည် ကို တွေ့ရပါ၏။ “ခြေဥ” အသစ်ရေးဆွဲရ မည်ဟု လေသံပြုခြင်းသည် အခြား တစ်ဖက်ကို ကြီးမားသောရာဇသံဖြင့် လှုပ်နှိုးလိုက်သလို ဖြစ်နိုင်ကောင်းခဲ့ သည်၊ နောက်ပိုင်းပြည်သူ့သဘောထား ဆန္ဒဟူ၍ဖြစ်လာပြီး၊ ပြင်ဆင်ရေး ဘက်ဦးတည်သွားသည်။ နိုင်ငံရေး တင်းမာမှုအထိုက်အလျောက် လျော့ပါး လာသည်ဟု အမှတ်သညာ ထားလိုက်ရုံရှိပါသေးသည်။ ပုဒ်မ ၅၉ (စ) က တင်းမာမှုကို ရုတ်တရက် အရှိန်မြှင့်ပေးလိုက်သလို ဖြစ်သွားပြန်သည်။ မှန်သည်မှားသည်၊ ဖြစ်သင့်သည်၊မဖြစ်ထိုက်ပါဟု ဝေဖန်မှတ်ချက်ပေးလိုခြင်း မရှိပါ၊ မည်သို့ဆိုစေ ပြည်သူ သန်း(၆၀)မှ ကိုယ်စားလွှဲထားပြီးဖြစ် သော လွှတ်တော်ကိုယ်စားလှယ်များ၏ အများသဘောတူ ဆန္ဒအရသာ ဖြစ်လာ ပါလိမ့်မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ်ကိစ္စ ရပ်များ သည် လေးနက်ပြီးများစွာစဉ်းစားအချိန်ပေးရမည့် issue များဖြစ်သဖြင့် ယခု သက်တမ်းအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရန်လွန်စွာ ခက်ခဲပါလိမ့်မည် ဟုဆောင်းပါးအချို့တွင် ထည့်သွင်းရေးသားခဲ့ပြီးဖြစ်ပါ သည်။ ထိုကိစ္စတို့တွင် လွတ်လပ်စွာသဘောကွဲလွဲနိုင်ခွင့်များရှိနေပါသည်၊ နိုင်ငံနှင့်လူမျိုး၏ အနာ ဂတ်အရေးဖြစ်သဖြင့်ကျယ်ပြန့်နိုင်သလောက်ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင် ကြရန်လိုပါသည်။ လက်နက်ကိုင်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မှန်မှန်တိုး တက်မှု ရရှိနေပါ၏။ ကွဲပြားခြားနားသော (၁၇)ဖွဲ့နှင့် ညှိနှိုင်းရသောပွဲဖြစ်ပါ၏။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် လက်နက်ကိုင်ငြိမ်းချမ်းရေးလောက် အဖွဲ့ကွဲများ-များပြား မည်မဟုတ်ပါ၊လက်နက်မကိုင်သောကလောင်ကိုင်များ သာဖြစ်ကြပါသည်။
မြန်မာတို့နိုင်ငံရေးယဉ်ကျေးမှုသစ်ကို ကျင့်သုံးလာသည့် နှစ်နှစ်ခွဲ ကာလ အ တွင်းကန်ရေပြင်တည်တည်ငြိမ်ငြိမ်ရှိနေခဲ့ပါ၏။ “ခြေဥ” ပြင်ဆင် ရေးကြောင့် တည်ငြိမ်နေသော ကန်ရေပြင်တွင်း ခဲမကျစေလိုပါ၊ “ခြေဥ” ပြင်ဆင်ရေး သည် မြန်မာ့နိုင်ငံရေးအနာဂတ်အတွက် စနက်တံလည်း မဖြစ်သင့်ဟု ယူဆပါသည်။ နိုင်ငံရေးသည်ပါဝါဂိမ်းဖြစ်သဖြင့် အကဲဆတ်လှပါသည်၊ ထိလွယ်ရှလွယ် ဖြစ်လွန်းပါသည်၊ (၂၀၁၃) နှစ်ကုန်ခါနီးနှင့် (၂၀၁၄)အစတို့ ၏ ဖြစ်စဉ်များကိုလေ့လာလျှင်မြန်မာ့နိုင်ငံရေး မိုးလေ၀သ တစ်စုံတစ်ရာ အုံ့မှိုင်းလာသည်ဟုယူဆနိုင်ပါသည်။ ဦးတည်ချက်အပြောင်း အလဲတို့ ကိုတွေ့နေရပါသည်။ မိုးသက်လေပြင်းတို့၏ လက္ခဏာကိုလည်း ခပ်ပါးပါး စတင်တွေ့နေရသည်ဟု မြင်ပါသည်။ မြေပြင်နိုင်ငံရေး၏ လားရာ အပြောင်း အလဲတချို့ကိုစ၍သတိထားမိသည်နှင့်အတူ လေလှိုင်း နိုင်ငံရေးမှာလည်း မီးတောင်များအဆင့်လိုက်ပေါက်ကွဲနေသည့်ပမာ တွေ့နေရပါသည်။
မြန်မာ့နိုင်ငံရေး ရှေ့တန်းတိုက်စစ်မှူးများအနေဖြင့် ပကတိနိုင်ငံရေး၊ အရှိနိုင်ငံရေး၊ အလားအလာနိုင်ငံရေးသုံးပါးကိုမှန်ကန်စွာ တွက်ချက်တတ်စေ လိုသည်။ လွတ်လပ်စွာ သဘောကွဲလွဲခြင်းသည် စေ့စပ်ညှိနှိုင်း အဖြေရှာ မှုသို့သာဦးတည်သင့်ပြီး၊ တတ်နိုင်လျှင်ငြင်းခုံဆင့်သို့ပင်မရောက်စေလိုပါ၊ မဖြစ်မနေ ရှောင်ရှားရမည်ကတော့ Full-scale war ဟူသည့် ရွက်ကုန် လွှင့်တိုက်ပွဲ အဆင့်သို့ မရောက်ရှိရေးပင်ဖြစ်ပါသည်။ မြန်မာ့ နိုင်ငံရေး အလားအလာနှင့် ဆိုးခြင်းကောင်းခြင်းသည် ဆုံးဖြတ်ပိုင်ခွင့် ရှိသောသူ အချို့၏ပညာနှင့် မြော်မြင်မှုတို့အပေါ်တွင် တည်မှီနေသည်ကို နှလုံး မူနိုင်ကြစေရန် ဖြစ်ပါသည်။
နေဇင်လတ်
ငွေကြေးခ၀ါချမှု (၂)
ငွေကြေးခ၀ါချမှုသည် ခြစားမှုများ၊ လာဘ်စားမှုများနှင့်ယှဉ်လျှင
ငွေကြေးခ၀ါချမှုများကို လေ့လာရာတွင် ငွေကြေးခ၀ါချမှုအဆင့်များကို
အထက်ဖော်ပြပါ တင်ပြချက်များသည် ခ၀ါချနိုင်မှုအဆင့်(၃)ဆင့် ကို သာဖော်ပြခြင်းသာဖြစ်သည်။ ငွေကြေးခ၀ါချမှုနည်းလမ်းများ
နောက်တစ်မျိုးငွေကြေးခ၀ါချန
နောက်နည်းတစ်မျိုး ငွေကြေးခ၀ါချခြင်းတွင် Cash- intensive businesses နည်းလမ်းများဟုခေါ်ဆိုပါသည်။
ထို့အပြင် အခြားငွေဖြူပြနိုင်သောနည်းလ
နိုင်ငံခြားတွင် ငွေကြေးအပ်ထားသော Round- Tripping Methods ကို ဆက်လက်ဖော်ပြသွားပါမည်။
ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)
Wednesday, February 19, 2014
Entrepreneur တွေဟာ ဘာကြောင့် ကိုယ်ပိုင် အချိန် တွေပိုလိုအပ်သလဲ
သင်ဟာ Entrepreneur ဆိုလို့ရှိရင် ဒီလိုအခြေအနေမျိုးနဲ့သင်ကြုံဘူးမှာပါ။
Company အသစ်လုပ်ငန်းအသစ်မှာ ကြုံရတဲ့ ပြသနာတွေကိုဖြေရှင်းဖို့ တစ်ပတ်ကို
နာရီ၆၀ လောက် အလုပ်လုပ်နေရမယ်။ ဒါ့ အပြင် ရုံးပိတ်ရက်တွေတောင်မှပဲ သင်ဟာ
သင့် အလုပ်စားပွဲနဲ့ မခွဲနိုင်မခွာရက်ဖြစ်နေမယ်။ နောက်ဆုံး သင်ဟာ
သင့်သူငယ်ချင်းတွေနဲ့ တူတူရှိနေချိန်မှာတောင်
ဒါမှမဟုတ်မိသားစုအတွက်အချိန်ပေးနေရတာတောင်မှ သင်ဟာ အလုပ် အကြောင်းကိုပဲ
မစဉ်းစားပဲ ကို မနေနိုင်ပဲဖြစ်နေမယ်။ ဒီလိုဖြစ်နေတယ်ဆိုတာ Entrepreneur
တိုင်းရဲ့ ပုံမှန် အလေ့အထလိုဖြစ်နေပါပြီ။ဒါပေမယ့်
လေ့လာတွေ့ရှိချက်အသစ်တွေအရတော့ အဲလိုကြီုးစားနေတဲ့ကြားက ခဏ
နားချိန်ယူလိုက်တယ်ဆိုတာ အလုပ်အတွက်ပိုကောင်းတယ်ဆိုတာသိသာလာပါပြီ။
University of Toronto Rotman School of Business က Ph.D ကျောင်းသား
Bonnie Hayden Cheng ရဲ့ ပြောစကားအရ Entrepreneur Society မှာ ကျွန်မ
တို့ဟာ ကိုယ့်ကို ကိုယ် အနားပေးပြီး ကိုယ်ပိုင်ချိန်ယူတယ်ဆိုတာ ကို
အပျင်းကြီးတဲ့အပြစ်တစ်ခုလိုခံစားနေခဲ့ကြတာပါ။ သူမဟာတွဲဖက်ပါမောက္ခ Julie
MaCarthy နဲ့ ပူပေါင်းကာ အလုပ် မိသားစု နဲ့ ကျောင်းစာ များကြားမှာ
ရုံးကန်နေရတဲ့ ကျောင်းသားတွေကိုလေ့လာထားတဲ့စာတမ်းတစ်စောင်ကို
မကြာသေးမီကပဲထုတ်ပြန်ထားပါတယ်။လေ့လာတွေ့ရှိချက်အရ အဲဒီကျောင်းသားတွေမှာ
သူတို့နေ့စဉ်ကြုံတွေ့နေရတဲ့ ပြသနာတွေကိုခေါင်းထဲ အမြဲထည့်ထားတဲ့လူတွေဟာ
ပြသနာတွေ ကြုံလာတိုင်းပြသနာတွေကိုခေါင်းထဲက ခေတ္တထုတ်လိုက်ပြီး
ဖြေရှင်တဲ့လူတွေလောကပြသနာကို ဖြေရှင်းနိုင်စွမ်းအားမမြင့်တာကို
တွေ့ရှိရပါတယ်။
အလုပ်ကိုခုလိုမျိုးစူးစူးစိုက်စိုက်တစ်လျှောက်လုံးမလုပ်ဘူးဆိုတာ
အရင်ကဆိုရင်တော့
လုပ်ကိုင်နိုင်စွမ်းရည်ကျဆင်းသွားနိုင်ပြီးလုပ်ငန်းအရည်အသွေးပါထိခိုက်နိုင်တယ်လို့ယူဆခဲ့ကြတာပါ။ဒါပေမယ့်
အခု အခါမှာတော့ ဒီနည်းလမ်းဟာ လုပ်ငန်းအရည်အသွေး
အကောင်းမွန်ဆုံးအလေ့အထအဖြစ် လက်ခံလာကြပါပြီ။စိတ်ရှုပ်စရာ
အလုပ်တာဝန်တွေဆီကနေခဏလောက် အပြင်ထွက်ကြည့်လိုက်ခြင်းဟာသင့် ကို သင့်
Project ကြီးတစ်ခုလုံးကို လွှမ်းခြုံမြင်လာနိုင်စေပြီး သင့်
အတွက်လဲစိတ်ဖိစီးမှုကိုသက်သာစေပါတယ်လို့ Chang က
ဆက်ပြောပါတယ်။လေ့လာတွေ့ရှိချက်တွေအရလဲ မသိစိတ်ဟာသိစိတ်ထက်
အဆပေါင်းများစွာ အစွမ်းထက်ကြောင်းတွေ့ရှိရပါတယ်။အဲဒီလို
ခေတ္တခဏအနားပေးလိုက်ခြင်းဖြင့် သင့်မသိစိတ် အတွက်
သင့်လုပ်ငန်းကိုရှင်းလင်းပြတ်သားစွာမြင်နိုင်အောင်
လုပ်ဆောင်ပေးရာရောက်ပါတယ်။ဆက်ပြီးလေ့လာတွေ့ရှိချက်များအရလည်း အလုပ်
ကိုခေါင်းနှစ် ပြီးလုပ်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ ပုံမှန် အနားယူပြီး
ကိုယ်ပိုင် အချိန်ယူတဲ့လုပ်ငန်းရှင်တွေဆိုရင် ကိုယ်ပိုင်အချိန်ယူတဲ့
လုပ်ငန်းရှင်တွေရဲ့ဆုံးဖြတ်ချက်က ပိုပြီး မှန်ကန်တယ်လို့တွေ့ရှိရပါတယ်။
အချုပ်ပြောလိုတာကတော့ ကျွန်တော်တို့ဟာသာမန်လူသားတွေပဲဖြစ်တဲ့ အတွက်
အလုပ်လုပ်ချိန်မှာ အလုပ်လုပ်ပြီး အနားယူချိန်မှာလဲ အလုပ်တွေကိုခေါင်းထဲက
မထည့်ပဲသေချာစွာ အနားယူမှသာလျှင်
ကျွန်တော်တို့ရဲ့လုပ်ကိုင်နိုင်စွမ်းဟာတိုးတက်လာမှာဖြစ်ပါကြောင်း
တင်ပြလိုက်ရပါတယ်
Entrepreneur တွေအကြီးအကျယ် အောင်မြင်ချင်ရင် ရှောင်ရမည့်အချက်(၃)ချက်
Entrepreneur တွေအကြီးအကျယ် အောင်မြင်ချင်ရင် ရှောင်ရမည့်အချက်(၃)ချက်
Entrepreneur တွေ ရဲ့ လုပ်ငန်းအစဟာ ကြမ်းတမ်းပါတယ်။
လူနည်းနည်းနည်းနဲ့ပဲ လုပ်ငန်းစရ တယ်၊ ၀င်ငွေကလဲ ထင်သလောက်မကောင်းသေးဘူး၊
လုပ်ငန်းလည်ပတ်ရအောင်ကိုပဲ မနည်းကြိုး စားနေရတယ်။ ၀င်ငွေပိုဝင်ဖို့အတွက်
အလုပ်ကို ပိုကြိုးစားရပါတယ်။ Entrepreneur တွေကြိုးစားရင် ကြိုးစားသလောက်
အရာထင်ဖို့အတွက် ရှောင်ရမည့်ကိစ္စ(၃)ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) မန်နေဂျာကောင်းတစ်ယောက်ဖြစ်လာအောင် မကြိုးစားခြင်း
CEO တွေဘာလို့လစာတွေမယုံနိုင်လောက်အောင် ကောင်းရတယ်ဆိုတာကို
စဉ်းစားဖူးပါသလား။ ဘာလို့လဲဆိုတော့ သူတို့ဟာ သူတို့သွားစေချင်တဲ့
ရည်မှန်းချက်ကို လူပေါင်းများစွာရဲ့ အင်အားတွေ ကိုသုံးကာ ရရှိအောင်
လုပ်နိုင်လို့ပဲဖြစ်ပါတယ်၊ သူတို့ဟာ ဒီလိုလုပ်ဖို့ အရမ်းအား
ထုတ်နေတာမျိုးမ ဟုတ်ပဲ အေးဆေး သက်သာ စွာနဲ့ လုပ်နေတာဖြစ်ပါတယ်၊ သူတို့ဟာ
အဖွဲ့အစည်းတည်ဆောက်ပုံ Disign ကိုသေချာခိုင်မာစွာ ရေးဆွဲထားပြီး
စီမံခန့်ခွဲမှု အလွှာများကြား ချိတ်ဆက်မှုကို ကောင်းမွန် အောင်
ဆောင်ရွက်ထားနိုင်သူများ ဖြစ်ကြသည်။ သူတို့ရဲ့ ၀န်ထမ်းတွေဟာ သူတို့တွေကို
လေးစား ချစ်ခင်ကြပြီး သူတို့နဲ့သာ အလုပ်လုပ်မယ်ဆိုရင် ဘယ်အရာကိုမဆို
လုပ်ဆောင်ချင်ကြပါတယ်၊ သူတို့ရဲ့ ၀န်ထမ်းတွေဟာ သူတို့တွေကို
လေးစားချစ်ခင်ကြပြီး သူတို့နဲ့သာ အလုပ်လုပ်မယ်ဆိုရင် ဘယ်အရာကိုမဆို
လုပ်ဆောင်ချင်ကြပါတယ်၊ အဲဒီ CEO တွေဟာ ပြင်ပအနေအထားအရ မာကျော ရင်
မာကျောပါလိမ့်မယ်၊ ဒါပေမယ့် သူတို့ဟာ တဖက်သားကို သနားစိတ်ရှိတဲ့
တဖက်သားပြောတာ နားထောင်လိုတဲ့ တဖက်သားအပေါ် ကိုယ်ချင်းစာတရားရှိတဲ့
လူတွေဖြစ်ပါတယ်၊ သူတို့ရဲ့ အဓိက အကျဆုံး အရည်အချင်းတွေကတော့
စွန့်စားမှုကို မကြောက်ကာ တာဝန်ယူရဲတာနဲ့၊ တီထွင်လိုစိတ်ရှိ တာတွေပါပဲ၊
ဒါပေမယ့် Entrepreneur အများစုဟာ ကိုယ်နဲ့ Start-Up team
ကိုဦးဆောင်နိုင်ဖို့ကို တောင် သိပ်ပြီး အရည်အချင်း မပြည့်မှီကြပါဘူး။
သူတို့ရဲ့ Team ထဲကလူတွေကို ဖိဖိစီးစီး အုပ်ချုပ် လိုက်ရင် သူတို့ team
ထဲက လူ တွေက Team ကနေထွက်ခွာသွားမှာကို ကြောက်တာနဲ့ပဲ သေချာစွာ
မစီမံနိုင်ကြပါဘူး၊ သူတို့ Team ရဲ့ အများဆုံး အလုပ်လုပ်နိုင်စွမ်းကို
အကုန်ညှစ်ထုတ်ပြီး လုပ်လာအောင် မစွမ်းဆောင်နိုင်သေးပါဘူး။
လောဘကြီးသင့်သလောက်မကြီးသေးခြင်း
Entrepreneur အများစုဟာ သူတို့အလုပ်အပေါ်မှာ လောဘကြီးသင့်သလောက်
မကြီးကြပါဘူး။ သူတို့ဟာ သူတို့လုပ်ငန်းကို ပုံမှန်ထက်နည်းနည်းကျော်ရုံ၊
အရင်းကျေပြီးနောက် အမြတ်နည်းနည်း လောက် ပုံမှန်ရနေရုံဆိုရင်ပဲ
သူတို့အတွက်လုပ်ငန်းက အောင်မြင်နေပြီလို့ သတ်မှတ်ကြပါတယ်။ သူတို့ဘ၀အတွက်
ပုံမှန်ဝင်ငွေ တစ်ခုလောက်ကိုရချင်ရုံ၊ ဒါမှမဟုတ် သူတို့ကို
သူတို့လုပ်ငန်းရှင်လို့ မိတ်ဆက်ချင်ရုံထက်ပိုပြီး
သူတို့မမျှော်လင့်ပါဘူး။ သူတို့ဟာ စွန့်စားမှုပြုလုပ်ဖို့ကို
ကြောက်လေ့ရှိပြီး စွန့်စားတာက နေရလာမယ့် အကျိုးအမြတ်ထက် ပုံမှန်လေး ရ
နေတဲ့ အမြတ်အစွန်းကို ပိုနှစ်သက်ကြ ပါတယ်။ အဲဒါတွေရဲ့
အဓိကအကြောင်းအရင်းကတော့ လောဘမရှိတာပါ၊ လောဘမရှိလို့ မစွန့်စား ချင်၊
မစွန့်စားချင်လို့ အကျိုးအမြတ်အများကြီးရမှာနဲ့ လွဲချော်ရတာပါ။ ဒါပေမယ့်
တကယ့်ကို အောင်မြင်ချင်တယ်ဆိုရင်တော့ လောဘကြီးရပါမယ်၊ စွန့်စားရပါမယ်၊
စွန့်လွှတ်ရပါမယ်။ လုပ်ငန်း အောင်မြင်ဖို့ လောဘဟာ ဘ၀ရဲ့ တခြားသော
အရာအားလုံးကိုလိုချင်တဲ့ လောဘထက် ပိုကြီးနေရ ပါမယ်၊ ထို့ကြောင့်
Entrepreneur အနေနဲ့ အကြီးအကျယ်အောင်မြင်ချင်ရင် အလုပ်နဲ့ ပတ်သက်ရင်
လောဘကြီးနိုင်သမျှ ကြီးဖို့လို ပါတယ်။
အလုပ်ကိုအင်ပြည့်အားပြည့်မလုပ်ခြင်း
Start-up Entrepreneur အများစုဟာ အလုပ်ကိုလုပ်လို့
ဖြစ်လောက်ရုံပဲလုပ်ပါတယ်။ အလုပ် အပေါ် အကောင်းဆုံးလုပ်တယ်ဆိုပေမယ့်
တကယ့်အကောင်းဆုံးမဟုတ်ပါဘူး၊ သူတို့ဟာ သူတို့ အလုပ်အပေါ်ကို ဒီ
ထက်ပိုပြီးလုပ်နိုင်ရဲ့သားနဲ့ မလုပ်ဖြစ်ကြပါဘူး။ ဒါဟာ မကောင်းတဲ့ အလေ့
အကျင့်ဖြစ်ပြီး တကယ်အောင်မြင်ချင် တဲ့လူတွေက ဒီလိုမလုပ်ကြပါဘူး။ တကယ်
အောင်မြင်ချင်တဲ့ လူတွေဟာ သူတို့အလုပ်ကို ဘယ်လိုအောင်မြင် တိုးတက်အောင်
လုပ်ရပါ့မလဲဆိုတာကို အမြဲ လေ့လာနေသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့လို့
အောင်မြင်ချင်တယ်ဆိုရင် အလုပ်ကို အင်ပြည့် အားပြည့်လုပ်၊ တိုးတက်အောင်
အမြဲကြံဆ၊ အချိန်ရှိတိုင်းလေ့လာဆည်းပူးနေဖို့ လိုပါတယ်။ အလုပ်
ဖြစ်ရုံလုပ်မယ်ဆိုရင်တော့ ဘ၀ဟာလဲ အလုပ်ဖြစ်ရုံလောက်သာ
အောင်မြင်ပါလိမ့်မယ်။
ဒီအချက် (၃) ချက်ဟာ အမြဲမှန်နေတဲ့ အချက် ၃ချက်တော့ မဟုတ်ပါဘူး။
ဒါပေမယ့် အကြီး အကျယ် အောင်မြင်ချင်တ်ဆိုတဲ့ Entrepreneur တိုင်းဟာ
ဒီအချက်ကို ရှောင်ရပါမယ်။ အောင်မြင်မှု တိုင်းဟာ လုပ်ရမယ့် ကိစ္စတွေကို
လုပ်ခဲ့တာအပြင် ရှောင်ရမည့်ကိစ္စတွေကိုလဲ ရှောင်ခဲ့တာကြောင့်
ရရှိခဲ့တာပါလို့ ပြောကြားရင်းနိဂုံးချုပ်လိုက်ရပါတယ်။
Entrepreneur တွေ ရဲ့ လုပ်ငန်းအစဟာ ကြမ်းတမ်းပါတယ်။
လူနည်းနည်းနည်းနဲ့ပဲ လုပ်ငန်းစရ တယ်၊ ၀င်ငွေကလဲ ထင်သလောက်မကောင်းသေးဘူး၊
လုပ်ငန်းလည်ပတ်ရအောင်ကိုပဲ မနည်းကြိုး စားနေရတယ်။ ၀င်ငွေပိုဝင်ဖို့အတွက်
အလုပ်ကို ပိုကြိုးစားရပါတယ်။ Entrepreneur တွေကြိုးစားရင် ကြိုးစားသလောက်
အရာထင်ဖို့အတွက် ရှောင်ရမည့်ကိစ္စ(၃)ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) မန်နေဂျာကောင်းတစ်ယောက်ဖြစ်လာအောင် မကြိုးစားခြင်း
CEO တွေဘာလို့လစာတွေမယုံနိုင်လောက်အောင် ကောင်းရတယ်ဆိုတာကို
စဉ်းစားဖူးပါသလား။ ဘာလို့လဲဆိုတော့ သူတို့ဟာ သူတို့သွားစေချင်တဲ့
ရည်မှန်းချက်ကို လူပေါင်းများစွာရဲ့ အင်အားတွေ ကိုသုံးကာ ရရှိအောင်
လုပ်နိုင်လို့ပဲဖြစ်ပါတယ်၊ သူတို့ဟာ ဒီလိုလုပ်ဖို့ အရမ်းအား
ထုတ်နေတာမျိုးမ ဟုတ်ပဲ အေးဆေး သက်သာ စွာနဲ့ လုပ်နေတာဖြစ်ပါတယ်၊ သူတို့ဟာ
အဖွဲ့အစည်းတည်ဆောက်ပုံ Disign ကိုသေချာခိုင်မာစွာ ရေးဆွဲထားပြီး
စီမံခန့်ခွဲမှု အလွှာများကြား ချိတ်ဆက်မှုကို ကောင်းမွန် အောင်
ဆောင်ရွက်ထားနိုင်သူများ ဖြစ်ကြသည်။ သူတို့ရဲ့ ၀န်ထမ်းတွေဟာ သူတို့တွေကို
လေးစား ချစ်ခင်ကြပြီး သူတို့နဲ့သာ အလုပ်လုပ်မယ်ဆိုရင် ဘယ်အရာကိုမဆို
လုပ်ဆောင်ချင်ကြပါတယ်၊ သူတို့ရဲ့ ၀န်ထမ်းတွေဟာ သူတို့တွေကို
လေးစားချစ်ခင်ကြပြီး သူတို့နဲ့သာ အလုပ်လုပ်မယ်ဆိုရင် ဘယ်အရာကိုမဆို
လုပ်ဆောင်ချင်ကြပါတယ်၊ အဲဒီ CEO တွေဟာ ပြင်ပအနေအထားအရ မာကျော ရင်
မာကျောပါလိမ့်မယ်၊ ဒါပေမယ့် သူတို့ဟာ တဖက်သားကို သနားစိတ်ရှိတဲ့
တဖက်သားပြောတာ နားထောင်လိုတဲ့ တဖက်သားအပေါ် ကိုယ်ချင်းစာတရားရှိတဲ့
လူတွေဖြစ်ပါတယ်၊ သူတို့ရဲ့ အဓိက အကျဆုံး အရည်အချင်းတွေကတော့
စွန့်စားမှုကို မကြောက်ကာ တာဝန်ယူရဲတာနဲ့၊ တီထွင်လိုစိတ်ရှိ တာတွေပါပဲ၊
ဒါပေမယ့် Entrepreneur အများစုဟာ ကိုယ်နဲ့ Start-Up team
ကိုဦးဆောင်နိုင်ဖို့ကို တောင် သိပ်ပြီး အရည်အချင်း မပြည့်မှီကြပါဘူး။
သူတို့ရဲ့ Team ထဲကလူတွေကို ဖိဖိစီးစီး အုပ်ချုပ် လိုက်ရင် သူတို့ team
ထဲက လူ တွေက Team ကနေထွက်ခွာသွားမှာကို ကြောက်တာနဲ့ပဲ သေချာစွာ
မစီမံနိုင်ကြပါဘူး၊ သူတို့ Team ရဲ့ အများဆုံး အလုပ်လုပ်နိုင်စွမ်းကို
အကုန်ညှစ်ထုတ်ပြီး လုပ်လာအောင် မစွမ်းဆောင်နိုင်သေးပါဘူး။
လောဘကြီးသင့်သလောက်မကြီးသေးခြင်း
Entrepreneur အများစုဟာ သူတို့အလုပ်အပေါ်မှာ လောဘကြီးသင့်သလောက်
မကြီးကြပါဘူး။ သူတို့ဟာ သူတို့လုပ်ငန်းကို ပုံမှန်ထက်နည်းနည်းကျော်ရုံ၊
အရင်းကျေပြီးနောက် အမြတ်နည်းနည်း လောက် ပုံမှန်ရနေရုံဆိုရင်ပဲ
သူတို့အတွက်လုပ်ငန်းက အောင်မြင်နေပြီလို့ သတ်မှတ်ကြပါတယ်။ သူတို့ဘ၀အတွက်
ပုံမှန်ဝင်ငွေ တစ်ခုလောက်ကိုရချင်ရုံ၊ ဒါမှမဟုတ် သူတို့ကို
သူတို့လုပ်ငန်းရှင်လို့ မိတ်ဆက်ချင်ရုံထက်ပိုပြီး
သူတို့မမျှော်လင့်ပါဘူး။ သူတို့ဟာ စွန့်စားမှုပြုလုပ်ဖို့ကို
ကြောက်လေ့ရှိပြီး စွန့်စားတာက နေရလာမယ့် အကျိုးအမြတ်ထက် ပုံမှန်လေး ရ
နေတဲ့ အမြတ်အစွန်းကို ပိုနှစ်သက်ကြ ပါတယ်။ အဲဒါတွေရဲ့
အဓိကအကြောင်းအရင်းကတော့ လောဘမရှိတာပါ၊ လောဘမရှိလို့ မစွန့်စား ချင်၊
မစွန့်စားချင်လို့ အကျိုးအမြတ်အများကြီးရမှာနဲ့ လွဲချော်ရတာပါ။ ဒါပေမယ့်
တကယ့်ကို အောင်မြင်ချင်တယ်ဆိုရင်တော့ လောဘကြီးရပါမယ်၊ စွန့်စားရပါမယ်၊
စွန့်လွှတ်ရပါမယ်။ လုပ်ငန်း အောင်မြင်ဖို့ လောဘဟာ ဘ၀ရဲ့ တခြားသော
အရာအားလုံးကိုလိုချင်တဲ့ လောဘထက် ပိုကြီးနေရ ပါမယ်၊ ထို့ကြောင့်
Entrepreneur အနေနဲ့ အကြီးအကျယ်အောင်မြင်ချင်ရင် အလုပ်နဲ့ ပတ်သက်ရင်
လောဘကြီးနိုင်သမျှ ကြီးဖို့လို ပါတယ်။
အလုပ်ကိုအင်ပြည့်အားပြည့်မလုပ်ခြင်း
Start-up Entrepreneur အများစုဟာ အလုပ်ကိုလုပ်လို့
ဖြစ်လောက်ရုံပဲလုပ်ပါတယ်။ အလုပ် အပေါ် အကောင်းဆုံးလုပ်တယ်ဆိုပေမယ့်
တကယ့်အကောင်းဆုံးမဟုတ်ပါဘူး၊ သူတို့ဟာ သူတို့ အလုပ်အပေါ်ကို ဒီ
ထက်ပိုပြီးလုပ်နိုင်ရဲ့သားနဲ့ မလုပ်ဖြစ်ကြပါဘူး။ ဒါဟာ မကောင်းတဲ့ အလေ့
အကျင့်ဖြစ်ပြီး တကယ်အောင်မြင်ချင် တဲ့လူတွေက ဒီလိုမလုပ်ကြပါဘူး။ တကယ်
အောင်မြင်ချင်တဲ့ လူတွေဟာ သူတို့အလုပ်ကို ဘယ်လိုအောင်မြင် တိုးတက်အောင်
လုပ်ရပါ့မလဲဆိုတာကို အမြဲ လေ့လာနေသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့လို့
အောင်မြင်ချင်တယ်ဆိုရင် အလုပ်ကို အင်ပြည့် အားပြည့်လုပ်၊ တိုးတက်အောင်
အမြဲကြံဆ၊ အချိန်ရှိတိုင်းလေ့လာဆည်းပူးနေဖို့ လိုပါတယ်။ အလုပ်
ဖြစ်ရုံလုပ်မယ်ဆိုရင်တော့ ဘ၀ဟာလဲ အလုပ်ဖြစ်ရုံလောက်သာ
အောင်မြင်ပါလိမ့်မယ်။
ဒီအချက် (၃) ချက်ဟာ အမြဲမှန်နေတဲ့ အချက် ၃ချက်တော့ မဟုတ်ပါဘူး။
ဒါပေမယ့် အကြီး အကျယ် အောင်မြင်ချင်တ်ဆိုတဲ့ Entrepreneur တိုင်းဟာ
ဒီအချက်ကို ရှောင်ရပါမယ်။ အောင်မြင်မှု တိုင်းဟာ လုပ်ရမယ့် ကိစ္စတွေကို
လုပ်ခဲ့တာအပြင် ရှောင်ရမည့်ကိစ္စတွေကိုလဲ ရှောင်ခဲ့တာကြောင့်
ရရှိခဲ့တာပါလို့ ပြောကြားရင်းနိဂုံးချုပ်လိုက်ရပါတယ်။
(ZTK)
Tuesday, February 18, 2014
သီးခြားတည်ရှိနေကြလျှင် အသိနှင့်အတက်တို့သည် အကျိုးနှင့်အကန်းသာ ဖြစ်ပါသည်။
ပညာခေတ်ဟူသည်ကိုသံသယဖြင့်မည်သူမျှမမေးကြတော့၊ သာမန်အားဖြင့် Knowledge ဟူသောပညာကို အသိပညာနှင့် အတတ် ပညာနှစ်မျိုးပေါင်းစပ် သတ်မှတ်ပါသည်။သို့သော်လည်းအတတ်ပညာထီးတည်းသို့ မြင့်သ ထက်မြင့်အောင်ဖြည့်ဆည်းကြရင်းပညာရပြီဟု အထင်ရှိကြသူများ မနည်း လှချေ။ မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်က “သညာသိ” နှင့် “ပညာသိ” ဟူ၍ စာအုပ်တစ်အုပ် ရေးသားခွဲခြားပြခဲ့ဖူးပါ၏။ အတတ်ပညာသက်သက် လိုက်စားသောသူကို“အတတ်ပညာရှင်”ဟုသာသတ်မှတ်ထားပါသည်။ ရှေးကဖီလော်ဆော်ဖာများတွင်အားလုံးကိုမဆိုလိုသော်လည်း အချို့အတွေးအခေါ် များမှာလက်တွေ့သုံးမရတတ်၊ ယနေ့ပါမောက္ခကြီးများ “အချို့” မှာလည်း စာသင်ခန်းထဲတွင်စာများသင်ကြားနေသော်လည်း ပတ်ဝန်းကျင် လက်တွေ့လောကနှင့် များစွာဆက်ဆံမှုမရှိသဖြင့် အငြိမ်းစားယူသောအခါ ၀န်းကျင်နှင့်များစွာသဟဇာတမဖြစ်တတ်ကြချေ။ အားလုံးကိုဆိုလိုခြင်းမ ဟုတ်ပါ၊ အချို့သောသူများ၊ စာသင်ခန်းအတွေ့အကြုံသက်သက်မျှသာ ရှိသောသူအချို့ကိုသာဆိုလိုချင်ပါ၏။
ထို့ကြောင့်ဗုဒ္ဓက အတတ်ပညာသက်သက်ရှိသောသူကို “အကန်း”၊ အသိ သက်သက်ရှိသောသူကိုမူကား “အကျိုး” နှင့်တူသည်ဟု ဆိုမိန့်ခဲ့ခြင်းဖြစ် သည်။
ပညာအဆင့်များ ရှိပါသေးသည်၊
ယနေ့အသုံးများသော ပညာဟူသည့် Knowledge မှာ အခြေခံအားဖြင့် အသိပညာနှင့် အတတ်ပညာနှစ်ရပ်တို့၏ အပေါင်း အဖက်သာဖြစ်ပါသည်၊ ပညာအဆင့်ဖြင့်ဆိုလျှင် မူလတန်းအဆင့်ဟု သတ်မှတ်နိုင်ပါလိမ့်မည်။ ပို၍ ရင့်ကျက်လာသောအခါ Wisdom အဆင့်ဖြစ်လာပါ၏။ ထိုထက်ပို၍ရင့်ကျက် လာသောအခါ Enlightenment အဆင့်ရောက်လာပါ၏။ မိမိအနေဖြင့် Knowledge ကိုသုတပညာ၊ Wisdomudkကို “ထိုးထွင်းသိပညာ” နှင့် Enlightenment ကို “တပ်အပ်သိပညာ” ဟု မြန်မာမှုပြုထားပါ၏။ Wisdom အဆင့်တွင် Talent ဟူသော ထိုးထွင်းသိနိုင်သည့်ထူးခြားသည့်မြင်သိမှု ပါဝင်လာပါသည်။ ပါရမီသဘောဟု ဆိုလျှင်ရနိုင်ပါ၏။ နောက်ဆုံးပညာ ဆင့်ဖြစ်သော Enlightenment မှာမူ အရာရာကိုထွင်းဖောက်မြင်နိုင်ပြီးအကျိုး ဆက်များကို သေချာတပ်အပ်သိသောအဆင့်ဖြစ်ပါ၏။ ထွင်းဖောက်တပ် အပ်သိပညာဟုဆိုရပါလိမ့်မည်။
ဆင်ခြင်သည်နှင့် အရင်းအမြစ်အကျဆုံးတို့ကို စဉ်းစားနိုင်ပြီး၊ “ဤအလုပ် အတွက်ဤရလဒ်”၊“ထိုလမ်းလျှောက်လျှင် ထိုခရီးပေါက်သည်”၊“ထိုမှတစ်ပါး အခြားမရှိ” ဟု လက်ညှိုးတစ်ချောင်းထဲထောင်သော၊ အဖြေနှစ်ခု မရှိသော အသိမျိုးဟုဆိုနိုင်ပါလိမ့်မည်။
ပညာတစ်ဆင့်ချင်းတက်ရန် အတတ်ပညာ၊ လောက၏ လက်တွေ့ အတွေ့ အကြုံတို့ကိုပေါင်းစပ်ကျင့်သုံးနိုင်ကြရပါလိမ့်မည်။ မှားခြင်း၊ မှန်ခြင်း တို့ကို အမြဲတမ်း ဆင်ခြင်သုံးသပ်ရသည့်အလေ့အကျင့်ကိုလည်း မွေးမြူရပါ လိမ့် မည်။ ဆင်ခြင်သုံးသပ်ခြင်း၊ လှမ်းမျှော်ကြည့်ရှုခြင်း၊ ပြဿနာတို့၏ အရင်း အမြစ်ကိုထဲထဲနှိုက်နှိုက်မြင်အောင် ကြည့်နိုင်ခြင်းများသည် ပညာဖြစ်စေမှုများ ၏ အခြေခံသဘောတရားများဖြစ်ကြပါ၏။
ကြိုးစားရန်များစွာလိုနေပါသေးသည်၊
ချမ်းသာသောနိုင်ငံများ ချမ်းသာရခြင်းမှာ ပညာကိုကောင်းစွာ အသုံး ချနိုင်သောကြောင့်ဖြစ်သည်၊ ပညာနည်းသောနိုင်ငံများ၏ သယံဇာတ၊ ထို လူမျိုး၏လူ့အရင်းအမြစ်များကို ၎င်းတို့၏ပညာဖြင့်ကောင်းစွာအသုံးချ အမြတ် ထုတ်နိုင်ခဲ့သောကြောင့်ဖြစ်သည်၊ ဘာမှမဟုတ်သော Hand phone တစ်လုံး၏ တန်ဖိုးကိုခြောက်သိန်း၊ ခုနှစ်သိန်းဖြင့်ပညာအသုံးချနိုင်သောနိုင်ငံ များမှရောင်းနေနိုင်ခြင်းမှာထိုဆက်သွယ်ရေးစက်ထဲတွင်ဆက်သွယ်မှုအတတ် ပညာကိုထည့်သွင်းနိုင်သောအတတ်ပညာ၊ လူတို့၏ စိတ်ဆန္ဒနှင့် သဘာဝ၊ ဈေးကွက်၊ လိုအပ်ချက်စသည်တို့ကိုသိသော အသိပညာနှစ်ရပ် ကိုပေါင်းစပ် နိုင်သောကြောင့်ဖြစ်၏။ အတတ်ပညာရှင်သက်သက်သည် နည်းပညာကိုသာ ဆောင်ရွက်နိုင်ပါသည်၊ ထိုအတတ်ပညာရှင်များ၏ ကြိုးစားမှုရလဒ်အပေါ် အသိရှိသူကရယူအသုံးပြုပြီးပိုမိုကြီးမားသော အမြတ် အစွန်းကို ရယူသွား နိုင်ကြောင်းတွေ့ရပါလိမ့်မည်။ ကျကွဲပျက်စီးသွားပါက ထိုဖုန်းတစ်လုံး၏ တန်ဖိုး ဘာမှမရှိတော့ပါ၊ ကုန်ကြမ်းဖိုး ကျပ်နှစ်သောင်းမျှ မရှိသော Hand phone တစ်လုံးကို Function များထည့် စွဲမက်စေအောင် ဖန်တီးပြီး၊ ကျပ်ခြောက်သိန်း၊ ခုနှစ်သိန်းဖြင့်ရောင်းချနိုင်ခြင်းမှာပညာကို အသုံးပြုရုံမှ တစ်ပါးအခြားနည်းလမ်းဖြင့်ရနိုင်မည်မဟုတ်ပါ၊ ထိုထက်ပိုသောနိုင်ငံအဆင့် ပညာအမြင်များ၊ အသုံးချမှုများရှိနေပါသေး သည်။ ပညာအခြေခံအသုံးချနိုင်မှုကြောင့် ရလာနိုင်သော အကျိုးအမြတ် မည်မျှမြင့်မားသည်ကို အလွယ်တကူ တွေ့နိုင်ပါလိမ့်မည်။
မိမိတို့ကိုယ်တိုင်(1970s) ကျော်ကာလတစ်ဝိုက်စက်မှုတက္ကသိုလ်မှ ကျောင်းဆင်းစတွင်ခေတ်မမီတော့သော သင်ရိုးညွှန်းတမ်းများကိုသာ သင်ကြားခွင့်ရ ခဲ့သူဖြစ်သည်။ ကျောင်းမဆင်းမီနိုင်ငံခြားသားဆရာများတစ်စတစ်စ ပြန်သွား ခဲ့ကြသည်ကိုတွေ့ရ၏။ ဘွဲ့ရခဲ့သော်လည်း အတတ်ပညာ သက်သက်မျှကို ပင်တင်းပြည့်ကျပ်ပြည့်ရခဲ့သည်ဟုမခံစားမိ၊ အသိပညာဘက်ပိုင်းတွင်လည်း များစွာဖြည့်ဆည်းရန်လိုအပ်နေသေးသည်ဟုခံယူထားခဲ့ပါသည်။
လက်တွေ့နယ်ပယ်ထဲရောက်မှလိုအပ်သောအသိပညာနှင့်အတတ်ပညာကို ဒရောသောပါးဖြည့်ဆည်းခဲ့ကြရသည်၊သို့တိုင်အောင်သိစရာများပြားလွန်း
သောကြောင့်ဖြည့်၍မည်သည့်အခါမျှမပြည့်နိုင်ဟုယနေ့တိုင်ခံယူထား ပါသည်။တစ်ချိန်က တံခါးပိတ်ဝါဒကျင့်သုံးခဲ့ကြသည်ကြောင့် မြန်မာတို့ အနေ ဖြင့်နိုင်ငံတကာဆက်ဆံရေး ကောင်းစွာမရှိခဲ့၊ အသိရော၊ အတတ်ပါ ကိုယ့် တံခါးကိုယ်ပိတ်ခဲ့ခြင်းဖြစ်သည်။ အသိရော၊ အတတ်ရောကိုယ်ခံအား နည်းမှန်း မသိကျဆင်းခဲ့သည်။ ပညာမသန်စွမ်းခဲ့သည်မို့ နိုင်ငံနှင့်လူမျိုးတစ်စုံ တစ်ရာ နိမ့်ပါးခဲ့သည်မှာမဆန်းတော့၊ ယနေ့မြန်မာ့နိုင်ငံရေးသည် လည်းကောင်း၊ စီးပွားရေးသည်လည်းကောင်း လွတ်လပ်တံခါးဖွင့်ဝါဒကို ကျင့်သုံး ပြီဖြစ်၍ပညာကိုဖြည့်ဆည်းနိုင်ခွင့်အတော်အတန်ရနိုင်ခဲ့သည့် အခြေအနေ ဖြစ်ပါသည်။ အရေးကြီးသည်မှာအခွင့်အလမ်း ရရှိနိုင်ရန်နှင့် ဒုတိယမှာ ကိုယ်တိုင်ကြိုးစားလိုစိတ်ရှိခြင်းဖြစ်သည်။ တစ်ချိန်က ကြိုးစားလို ကြသူများပင်အခွင့်အလမ်းမရနိုင်ခဲ့ကြ၍ ဘာမှအရာမထင်ခဲ့ကြချေ။ ယခုအခွင့်အလမ်းများ ပြန်လည်ရရှိပြီး၊ ရွေးချယ်မှုများလည်း အတော်အတန် ရှိခဲ့ပြီ၊ မိမိတို့ကိုယ်တိုင်ကြိုးစားဖို့သာလိုပါတော့သည်၊ အရာရာတွင်ပညာ အခြေခံခြင်းကသာ အခြေခံအကျဆုံး၊ အရေးအကြီးဆုံး ဆိုသည်ကိုစွဲမြဲမှတ် သား၊ လေးလေးနက်နက်သိရှိလက်ခံနိုင်ကြရန်အရေးကြီးပါသည်။ သဘောမျှသာ လက်ခံသူအနေဖြင့်သဘောမျှသာဖြည့်ဆည်းတတ်သည့် သဘာဝကို သတိထားမိရန်ဖြစ်သည်။
ကိုယ်တော်မှမျိုးဆက်သစ်တို့တော်ကြပါမည်၊
ခေတ်ပြောင်းစနစ်ပြောင်းတွင်ရှိဆဲမျိုးဆက်တို့အနေဖြင့်အထူးတာဝန် ရှိသည် ဟုယူဆပါ၏။ အတွေးအခေါ် တော်လှန်ရေးလုပ်ဆောင်ကြရမည်ဟု ခံယူပါ သည်။ တစ်ချိန်ကကမ္ဘာတွင်မြန်မာ့ပညာတတ်များ အတော်အတန် မျက်နှာရ ခဲ့ကြသည်၊ ဧကစာရီကျင့်ကြံသော တံခါးပိတ်ဝါဒအတွင်း မြန်မာတို့ အတွေး အခေါ်နိမ့်ဆင်းလာခဲ့ကြရာမှ နောက်ဆုံးမတွေးတတ်၊ မခေါ်တတ် အဆင့် သို့ရောက်ခဲ့ပါသည်ဟုဆိုလျှင် လွန်အံ့ခြင်းရှိမည်မဟုတ်ပါ။ လမ်းတစ်လမ်း တွင် လမ်းဘေးလက်ဖက်ရည်ဆိုင်လေးဖြစ်လာလျှင် အားလုံး ကလိုက် လုပ်ကြခြင်း၊ မုန့်ဟင်းခါးဆိုင်လေးဖြစ်လာလျှင် အားလုံးကမုန့်ဟင်းခါး လိုက်ရောင်းကြခြင်းသည် ကိုယ်တိုင် ထွင်းဖောက်မစဉ်းစားနိုင်သော လက္ခဏာ ဖြစ်ပါသည်။
မြန်မာတို့သည် မျိုးရိုးဗီဇအရ “ဇ” ရှိကြသူများ ဖြစ်ပါ၏။ (၂၀၁၃) က အဖွဲ့ အစည်းတစ်ခုမှနေ၍ ဖြေဆိုသောသူများတွင် မြန်မာအင်ဂျင်နီယာ ကျောင်းသားတစ်ဦးသည်ကမ္ဘာတွင်အမှတ်အများဆုံးရသည်ဟုသတင်းများ၌ဖတ် လိုက်ရသည်။မျိုးရိုးဗီဇလက်ကျန်ရှိသေးခြင်းဖြစ်ပြီး၊ နိုင်ငံရေးစနစ်ပြောင်း(၂) နှစ်ကျော် ကာလတွင်ထွက်ပေါ်လာခြင်းဖြစ်၍ အားရဖွယ်ရာဖြစ်သည်ဟု မှတ်ချက်ပြုလိုပါ၏။ ဆရာကောင်းနှင့်တွေ့ရလျှင်မြန်မာတို့ “တပည့်ကျော်” ဖြစ်နိုင်ခွင့်များစွာရှိနေပါသည်။ ထို့ကြောင့်အပြောင်းအလဲ၏ အစဦးတွင်ကိုယ်တွေ့လက်တွေ့ထိစပ်နေသော ရှိဆဲမျိုးဆက်တို့အနေဖြင့် များစွာ တာဝန်ရှိကြသည်ဟုဆိုခြင်းဖြစ်သည်။ ကိုယ့်နောက်ဖြစ်လာမည့်အမွေဆက်ခံမျိုးဆက်သစ်တို့အတွက်လမ်းမှန်၊ လမ်းကောင်းကို ပြသပေးနိုင်ကြရပါမည်။ အထူးသဖြင့်ပညာရယူရာရယူမှု၊ ပညာအသုံးချရာ၊ အတွေးအခေါ်များကို အသုံးပြုရာအတွက် မှန်ကန်သော လမ်းကြောင်းဖြင့်မျိုးဆက်သစ်တို့ အတွက်အမွေကောင်းတစ်ရပ် ထားရစ်နိုင် ကြရမည်ဖြစ်သည်။
ရှိဆဲမျိုးဆက်သစ်တို့ “တော်” မှ “တော်” သောမျိုးဆက်သစ်တို့ကိုမွေးဖွားနိုင် ပါလိမ့်မည်။ ကိုယ့်ခေတ်မှာခပ်ပါးပါးဖြင့်အချိန်ကုန်ခံခဲ့ကြလျှင် ရှေးမျိုး ဆက်တို့၏ အပြုအမူနှင့်ယဉ်ကျေးမှုကိုကြည့်၍နောက်မျိုးဆက်တို့လည်း ခပ် ပါးပါးသာဖြစ်သွားနိုင်ကြသည်။ မြန်မာတို့တွင်“ဇ”ရှိသည်ဟုဆိုခဲ့ပြီးဖြစ်သည်၊ ထို “ဇ” ကိုကောင်းသော နေရာတို့တွင်မှန်ကန်စွာအသုံးပြုနိုင်ရန် အရေးကြီး သည်၊ ယနေ့အထိသုံးသင့်သည့်နေရာနှင့်မသုံးသင့်သည့်နေရာဟူ၍ ကောင်း စွာမခွဲခြားနိုင်သေးဟုမြင်ပါသည်။ ဥပမာအားဖြင့်လူမှုရေးယဉ်ကျေးမှုဆိုင် ရာတွင် အနောက်နိုင်ငံတို့၏ ၀တ်စားဆင်ယင်မှု၊ နေထိုင်မှုစရိုက်ကို လိုက်နာ ကျင့်သုံးကြရာ၌ မြန်ဆန်လွန်းနေပြီး၊ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ဘာသာရေးတို့၌များစွာနှေးကွေးနေသေးသည်ဟုမြင်ပါသည်။ လူမှုယဉ်ကျေးမှုမှာလူမျိုး တစ်မျိုးတွင်ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်လက္ခဏာများ ရှိထားသဖြင့် တတ်နိုင်သမျှထိန်းသိမ်းထားနိုင်ရန်လိုသောကဏ္ဍ ဖြစ်ပါ၏။ ခေတ်ကြောင့် တိုက်စားမှုရှိနိုင်သော်လည်း တတ်အားသရွေ့ထိန်းသိမ်း ကြမည့်ကိစ္စဖြစ် သည်။ ထိန်းသိမ်းရမည့်ကဏ္ဍ၌ မထိန်းသိမ်းနိုင်ခြင်း၊ အလွယ်တကူ ကျိုးပေါက်ဆုံးရှုံးခြင်းသည် “အသိပညာ” ဆိုင်ရာအားနည်းမှု တစ်ရပ်ကြောင့် ဟုဆိုနိုင်ပါ၏။
ပညာရေး၊ စီးပွားရေးကဏ္ဍ၌ တတ်နိုင်လျှင် ခုန်ပျံကျော်လွှား လိုက်ပါသင့် သည်။ ဤကဏ္ဍ၌မူ တစ်စုံတစ်ရာနှေးကွေးနေပြန်သေးသည်ဟု ယူဆပါ သည်။ ကိုယ်ကောင်းမှနောက်လူကောင်းပါသည်။ ကိုယ်တော်မှ နောက် လူတော်ပါမည်။ ထို့ကြောင့်အခွင့်အလမ်း တစ်စုံတစ်ရာရှိလာပြီဖြစ်သော ရှိဆဲမျိုးဆက်သစ်တို့အနေဖြင့်မှန်ကန်သောအသိ၊ ထက်မြက်သော အတတ် တို့ဖြင့် ပြည့်စုံကြရန်လိုပါသည်။ အတတ်ပညာတစ်ခုတည်း ဖြစ်တည်လျှင် အကန်းနှင့်တူ၍အသိပညာတစ်ခုတည်းတည်ရှိနေပြန်လျှင်လည်းအကန်း နှင့် တူသည်ဖြစ်သောကြောင့်မြန်မာလူမျိုး၊ မြန်မာနိုင်ငံကိုသန်စွမ်းသော လူကောင်း တစ်ဦးအဖြစ်ရှုမြင်လိုပါသည်။
နေဇင်လတ်
ငွေမည်းကို ခ၀ါဖွပ် ကြေးကမကျွတ်၊ အရောင်ကျွတ်
ငွေမည်းများကို ခ၀ါချခြင်းကို အလွယ်တကူငွေကြေးခ၀ါချခြင်းဟုသုံးနှုန်း သည်ကို တွေ့ဖူးပါသည်။သို့သော်လည်း ငွေကြေးခ၀ါမချမီ၊ ငွေမည်းဆိုသည် ကား မည်သည့် ငွေကြေးကို ခေါ်ပါသနည်းဟူသော အဓိပ္ပာယ် ဖွင့်ဆိုချက် သည်လည်း အရေးကြီးလာပါသည်။ ငွေမည်း(Black Money) ဟုခေါ်ခေါ် ငွေ ညစ် (Dirty Money) ဟုခေါ်ခေါ် အားလုံးသည် တရားမ၀င်ပိုင်ဆိုင် ထားသောငွေကြေးများကိုသာ ရည် ညွှန်းပါသည်။ ငွေကြေးလောက်ပဲပိုင်ဆိုင် ထားသည်ကို ငွေမည်းဟုခေါ်မလားဟူသော မေးခွန်းလည်းရှိလာပါသည်။ ငွေကြေးဟုခေါ်လိုက်သည်နှင့် တရားမ၀င်ပိုင်ဆိုင် ထားသောငွေကြေးသာ မဟုတ်တော့ ငွေကြေး money supply များတွင်ငွေဖြစ်လွယ်မှုများ liquidity များကို ပါပိုင်ဆိုင်ထားသော Near money များပါ ပါဝင်လာနိုင်ပါသည်။ တရားမ၀င်ငွေကြေးများကို အသွင်ပြောင်းထားသော ငွေဖြစ်လွယ်မှုများဖြစ် သည့်တိုက်တာ၊ အိမ်ခြေအဆောက်အအုံ၊ မြေများအားလုံးသည် ငွေမည်း စာရင်းတွင် အကျုံးဝင်လာပါသည်။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများ သည်လည်း ပိုင်ဆိုင်မှုကို ခြေခြေ မြစ်မြစ်မပြဆိုနိုင်ပါကလည်း ထိုဥစ္စာ ပစ္စည်းများသည် near money များဖြစ်သောကြောင့် ငွေမည်းစာရင်းတွင် ထည့်သွင်းရမည့် သဘောဖြစ်လာပါသည်။ Money Laundering သဘောသည် တရားမ ၀င်သော ငွေကြေးနှင့် ငွေကြေးဖြစ်လွယ်မှုရှိ မည့်အရာအားလုံးကိုတရား ၀င်ဖြစ်လာအောင် လုပ်သည့်နည်းပင်ဖြစ်တော့သည်။ တရားမ၀င်ပုံမှန် မဟုတ်သောနည်းဖြင့် ရရှိလာသည့် ငွေညစ်၊ ငွေမည်းများ dirty money ကို တရားဝင်ငွေကြေး legitimate income ဖြစ်လာအောင် ကြံဆောင် ခြင်းဖြစ် သည်။ တစ်နည်းအားဖြင့် dirty money များကို legitimate money ဖြစ်အောင် လုပ်ခြင်းမဟုတ်ဘဲ၊ တရားဝင် ၀င်ငွေ legitimate income ဖြစ်လာစေရန်လုပ်ဆောင်ခြင်းသာဖြစ်သည်။ တရားဝင် ၀င်ငွေ ဖြစ်လာမည်ဆိုပါက ၀င်ငွေ လည်ပတ်စီးဆင်းမှုများတွင် ၀င်ငွေ တစ်ရပ်အသွင်ဖြင့်ထည့်သွင်းပြီး ငွေကြေးအပေးအယူများကို တရားဝင်အကူး အပြောင်း လုပ်နိုင်သော ကြောင့်ဖြစ်သည်။
သို့သော်လည်း ငွေကြေးခ၀ါချမှုဖြစ်စဉ်တစ်ခုလုံးသည် လူသိ ထင်ရှား လုပ်လို့မရသောသဘောရှိသလို၊ ထိုသို့လည်းလုပ်ခွင့်မရှိပါ။ အစိုးရအနေဖြင့် လည်း လက်ခံဆောင်ရွက်ပေးလို့မရသောသဘော ရှိသည်။ ငွေကြေးခ၀ါချ နည်းကား နည်းမျိုးစုံရှိသည်။ ထိုနည်းမျိုးစုံသည်လည်း နေရာဒေသ၊ အချိန် အခါ နှင့်အခြေအနေပေါ်မူတည်ပြီး သင့်တော်မည့်နည်းဖြင့်ခ၀ါချကြသည်။ နည်းတိုင်းတွင်လည်း ပုံသေကားချပ် မရှိသလို၊ ပရိယာယ်လည်း ကြွယ် ကြသည်ချည်းဖြစ်သည်။ ငွေကြေး ခ၀ါချမှုတွင်ဝင်ငွေခွန်သဘော မဆောင်ခြင်းကြောင့်ဖြစ်သည်။ အခွန်ရှောင်သော ငွေကြေးများဖြစ်သည် ဟူသောအနေအထားမျိုးမြင်တတ်ကြမည်ဖြစ်သော်လည်း၊ ငွေမည်းတိုင်း သည်အခွန်ဆောင်လို့မရသော သဘောရှိသည်။ အခွန်ဆောင်ခွင့်ရပါလျှင် လည်း ငွေဖြူဖြစ်သွားနိုင်သည်။အခွန်ဆောင်ခွင့်ဆိုသည်မှာလည်းအစိုးရတွင် သာအခွင့်အာဏာရှိသည်။ အခြားသောတစ်ဖက်တွင်လည်းငွေမည်းဟု သတ်မှတ်သော ငွေညစ်များဆိုသည်မှာလည်း၊တော် ရုံပမာဏ ရှိသော ငွေများမဟုတ်၊ အစွန်းထွက်လောက်သော ငွေပမာဏလည်းမဟုတ် သည်ကားသေချာသည်။ မီလီယံလောက်စကားမပြော၊ ဘီလီယံနှင့်ထရီလီ ယံလောက်ရှိသောငွေပမာဏများသာ ဖြစ်နေသောကြောင့်လည်းခ၀ါချ လိုကြခြင်းဖြစ်သည်။
ထိုငွေပမာဏမျိုးရဖို့ဆိုသည်မှာလည်း နိုင်ငံတကာအဆင့်အလိုက်နိုင်ငံ လိုက်ဖြစ်ပေါ်တတ်သော အဖြစ်အပျက်များအရ ကြည့်လျှင် စစ်လက်နက် မှောင်ခို တင်သွင်းမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု များ၊ လူကုန်ကူးမှုများ၊ နိုင်ငံပိုင်သယံဇာတများကိုလက်လွတ်စပယ်ရောင်း ချမှု များစသည့်ရငွေများတွင်အများဆုံးဖြစ်ပေါ်တတ်သည့် သဘောကို လည်းတွေ့ရှိနိုင်ပါသည်။ ငွေမည်း ခါဝချမှုနှင့်ပတ်သက်သောအဓိပ္ပာယ် ဖွင့်ဆိုချက်များသည်လည်း တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ် ဆန်းသဘောမျိုးလည်း ရှိချင်ရှိပါမည်။ အကြောင်းမှာဖြစ်ပေါ် လာသောငွေမည်းဇာစ်မြစ်များကလည်း မတူသောကြောင့်ဖြစ်သည်။ ငွေ မည်းရရှိနိုင်မှု ဇာစ်မြစ်များသည် အတော်များများမသိရှိနိုင်သောဇာစ် မြစ်များ (Obfuscating sources of money ဟု ခေါ်သည်။) ဖြစ်နေသောကြောင့်ဖြစ် သည်။ ထို့ကြောင့် အတော်များများသည် ငွေမည်းမှန်း လည်းသိသည်။ သို့သော်လည်း တိတိကျကျဘယ်ကမည်းသောငွေမှန်း မဖော်ထုတ်နိုင်ခြင်း လည်းရှိသည်။ ထင်ကြေးဖြင့်သာ ငွေမည်းရရှိရာ ဇာစ်မြစ်ကို ကာယကံရှင်မှ လွဲပြီး၊ ထင်ကြေးဖြင့် ပြောဆိုနေကြခြင်းဖြစ်သည်။ ငွေမည်းဖြစ်ပေါ်လာရာ လမ်းကြောင်းကို ကာယကံရှင်မှ လွဲလျှင် ကျန်သူများအနေဖြင့် ထင်ကြေးဖြင့် သာပြောနိုင်သောကြောင့် ဖြစ်သည်။ သေချာသောအချက်က ငွေမည်းများ မည်သည် ရာဇ၀တ်မှု နှင့်မကင်းသော၊ ဥပဒေနှင့်မကင်းသောငွေ များဖြစ်သည်ဆိုသည့်သဘောထား၊ အလွဲသုံးစားမှုများနှင့်ပတ်သက်နေသည် ဟူသောအယူအဆများလည်းငွေမည်းအတွက် အဓိပ္ပာယ်ဖွင့်ဆိုမှုများလည်း ရှိကြပါသေးသည်။ ငွေကြေးခ၀ါချသည် ဆိုသည်မှာလည်း ကြိုတင်စီမံလို့ မရသောအခြေအနေမျိုးဖြစ်သည်။ အချိန်အခါနှင့် အခွင့်အရေးပေါ် မူတည်ပြီး လုပ်ကိုင်ရခြင်းဖြစ်သည်။ တည်ရှိနေသော အခြေအနေပေါ်မူတည်ပြီး တိုက်ဆိုင်လာမှသာလုပ်နိုင်သောခ၀ါချမှုမျိုးဖြစ်သည်။ မီးစင်ကြည့်ပြီး ကသွားခြင်းမျိုးလည်း ဖြစ်သည်။ ယင်းကို အချို့သောငွေကြေးဆိုင်ရာပညာ ရှင်များက ''Financial Thought-crime'' ဟုလည်းခေါ်ကြသည်။ Thought Crime ဟူသောဝေါဟာရသည် ဘာသာရေး နှင့် ဆက်နွယ်နေသောဝေါဟာ ရလည်းဖြစ်သည်။ လူမှုရေးအရ လက်မခံနိုင်သောသဘောဖြစ်သည်။ ဘုရားမဲ့၊ တရားမဲ့မျိုးဖြစ်သည်။ လူမှုပတ်ဝန်းကျင်နှင့် ဆန့်ကျင်သော သဘောလည်းရှိသည်။ မှန်သည်ထင်လျှင် လုပ်ရဲသောလူများဖြစ်သည်။ မှားသည်မှန်သည်ဆိုသည်မှာလည်း လူမှုရေးအရ လုပ်သင့် မလုပ်သင့် မဆုံးဖြတ်ဘဲ၊ ကိုယ့်ဘာ သာကိုယ်ဆုံးဖြတ်လုပ်ကိုင်ခြင်းမျိုးဖြစ် သည်။ ငွေကြေး ခ၀ါချမှုမျိုးဆို သည်မှာလည်း ထိုနည်းနှင်နှင်ဖြစ်သည်။ လူမှုရေးအရ မကြည့်ဘဲ၊ တိုင်းပြည်အတွက် မကြည့်ဘဲရသော အခွင့် အရေးပေါ်မူတည်ပြီး ရှိသောငွေကြေးများကို တရားဝင် ဖြစ်စေရန် ကြံဆောင်ခြင်းသာဖြစ်သည်။ထိုစကားလုံးကိုစာရေးဆရာကြီး ဂျော့အိုဝဲလ် ရေးသော Nineteen Eighty Four ၀တ္တုမှ အစ ပြုသုံးစွဲလာခြင်းဖြစ်သည်။ ငွေကြေး ခ၀ါချခြင်းမျိုးသည် တိုင်းပြည်တစ် ပြည်နှင့်တစ်ပြည်အနေအထားခြင်း လည်းတူညီကြမည်မဟုတ်ပါ။ ထို့ အတူ ပမာဏခြင်းလည်း တူညီကြ မည်မဟုတ်ပါ။ များသောအားဖြင့် တိုင်းပြည်များသည် အနည်းအများ ဆိုသလို တိုင်းပြည်တွင် ခန့်မှန်းခြေ ငွေကြေးခ၀ါချမှု ပမာဏမည်မျှရှိ သည်ဆိုသည့် အစီရင်ခံစာမျိုးကို နှစ်စဉ်ခန့်မှန်းခြေသဘောမျိုး ထုတ် ပြန်လေ့ရှိကြပါသည်။ ထိုသို့ခန့်မှန်း ခြေမျိုးထုတ်ပြန်ရာတွင်လည်း အပြည်ပြည်ဆိုင်ရာအဆင့်တွင်ဖြစ်စေ၊ ပြည်တွင်းအဆင့်နှင့်ပင်ဖြစ်စေ၊ ခန့် မှန်းခြေစာရင်းအင်းများကို ထုတ်ပြန်ပေးတတ်ကြသည်။ ၁၉၉၆ခုနှစ် အတွင်း က အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF: International Monetary Fund) ခန့်မှန်းချက်အရဆိုပါလျှင် တစ်ကမ္ဘာလုံး စီးပွားရေး လုပ်ငန်းများတွင် ၂% မှ ၅% အဆင့်သည် ငွေကြေးခ၀ါချ ထားသော ငွေ များအဖြစ် ပါဝင်နေသည်ကို အစီရင်ခံ ဖော်ပြထားဖူးသည်။ ငွေကြေးခ၀ါချ မှုများနှင့် ပတ်သက်သည့် စောင့်ကြည့်လေ့ လာသည့်အဖွဲ့ဖြစ်သည့်FATF: Financial Action Task Force on Money Laundering အဖွဲ့အနေ ဖြင့် ငွေကြေးခ၀ါချမှုပမာဏကို ကိန်းဂဏန်းအားဖြင့် တိတိ ကျကျ ဖော်ပြနိုင်ခြင်းသည် အခက်အခဲဆုံးသောအလုပ်တစ်ခုဖြစ်နေသည့် သဘောကိုလည်းတင်ပြခဲ့ဖူးသည်။ ရေရာသေချာမှုလည်း မရှိသည့်သဘော မျိုး တင်ပြခဲ့ဖူးသည်။ ငွေကြေးခ၀ါချမှုမျိုးသည် လူသိသူသိ မခံသောလုပ်ငန်း မျိုးမှ ပေါက်ဖွားလာခြင်းဖြစ်ရာ မြင်တာမြင်သော်လည်း၊ ထင်ကြေးဖြင့်သာ သွားနေရသည့်အဖြစ်ကြောင့်လည်း တိတိကျကျ မဆိုမတင်ပြနိုင်ကြခြင်းဖြစ် သည်။ ငွေကြေးခ၀ါချမှုမျိုးများကို မည်သည့်မည်မျှ အတိအကျစုံစမ်း ခန့်မှန်း ရန်လည်း ခက်သောအခြေအနေ ဖြစ်နေသောကြောင့်လည်း အစိုးရ များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ငွေကြေး ခ၀ါချမှုကို တိုင်းတာနေခြင်းထက်၊ ငွေကြေးခ၀ါချမှုမျိုးများ မပြုလုပ် နိုင်စေရန် ဟန့်တားခြင်း၊ ကာကွယ်ခြင်း၊ အရေးယူခြင်း စသည့်အလုပ်များကို လုပ်ကိုင်ခြင်းက ပိုမိုထိရောက်စေနိုင်မည့်သဘောမျိုး သုံးသပ် ဆွေးနွေး လာကြသည်။ ငွေကြေးခ၀ါချမှုနှင့်ပတ်သက်ပြီး ဖွံ့ဖြိုး ဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ အခြေအနေချင်းမတူသည့်သဘောကို လည်းတွေ့နေ ရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ငွေကြေးခ၀ါ ချမှုများတွင် ငွေကြေး ဆိုင်ရာအဖွဲ့ အစည်းများ၏ဟာကွက်၊ ယိုပေါက် များကြောင့် ခ၀ါချနိုင်ခြင်းဆို သည့် အတွေးမျိုးရှိနိုင်သော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ငွေကြေးဆိုင် ရာအဖွဲ့အစည်းများသည် အခန်းကဏ္ဍနှင့် ထိရောက်မှုတို့သည် အရေးပါ အရာရောက်မှုနည်းနေသော ကြောင့် အစိုးရအနေဖြင့် တိုက်ရိုက် ပိုမိုတာဝန် ယူရမှုအပိုင်း ပိုရှိလာမည် ဖြစ်သည်။
Subscribe to:
Posts (Atom)