Sunday, January 28, 2018

မန်နေဂျာကောင်းတစ်ယောက်သိရှိဂရုပြုသင့်သည့် ပြောင်းလဲ ရွေ့လျားနေသော ပညာစီမံခန့်ခွဲမှုနှင့် မျက်မှောက်ခေတ် သင်ယူလေ့ကျင့်ရေး သဘောတရား


၁။ ခေတ်သစ် စီမံခန့်ခွဲမှု ပညာတွင် တာဝန်ခံမှု (Accountability)သည် မိမိ တာဝန်ထမ်းရာ အဖွဲ့အစည်းဘောင်ကို ကျော်လွန်ပြီး လူအဖွဲ့အစည်း တစ်ရပ်လုံးနှင့် ဆက်စပ်လာသည့် အနေအထား လူမှုအဖွဲ့အစည်း တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် လူမှုဆောင်တာ (Social Function) သဘောသို့ ကူးပြောင်းလာသည့် ယနေ့ခေတ်ကာလ အခြေအနေတွင် ခေတ်သစ် မန်နေဂျာတစ်ဦး အနေဖြင့် အောက်ပါတာဝန် ၅ ရပ်ကို နေ့စဉ်နှင့်အမျှ ထမ်းဆောင်နေရပါသည်။
(က) မိမိကိုယ်ကို စီမံခန့်ခွဲရေး “Think as men of action, act as men of Thought” လက်တွေ့သမားကဲ့သို့ စဉ်းစား၍ တွေးခေါ်ရှင်ကဲ့သို့ လုပ်ဆောင်ပါ။
(ခ) မိမိဌာန အဖွဲ့အစည်းကို စီမံခန့်ခွဲရေး (Organization Management)
(ဂ) မိမိနှင့် ဆက်စပ်နေသည့် ဌာန အခြေအနေ အရပ်ရပ်ကို စီမံခန့်ခွဲရေး (Context Management)
(ဃ) မိမိ၏ လူမှုဆက်ဆံရေးကို စီမံခန့်ခွဲရေး (Social Relationship Management)
(င) အပြောင်းအလဲ အရပ်ရပ်ကို စီမံခန့်ခွဲရေး (Change Management)

၂။ အဆိုပါ တာဝန် ၅ ရပ်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် အောက်ပါ စိတ်အကျင့် အာရုံ ၅ ရပ် (Five Addiction) ထားရှိရန်လည်း မလွဲမသွေ လိုအပ်လာပါသည်။ အနှစ်ချုပ် ဆိုရပါမူ တာဝန် (၅)ရပ် ချောမော အောင်မြင်စွာ ပြီးမြောက်စေရန် အဆိုပါ စိတ်အကျင့် (၅)မျိုးကို လိုအပ်သလို ထုတ်ယူ အသုံးပြုတတ်သည့် မန်နေဂျာကောင်း တစ်ဦး ဖြစ်စေရန် အရေးကြီး လှပါသည်။
(က) မိမိကိုယ်ကို စီမံ ခန့်ခွဲနိုင်ရန် ပြန်လည် တွေးတောတတ်သည့် ဆင်ခြင်တတ်သည့် စိတ်အကျင့်(Reflective Mindset) လိုအပ်သည်။
(ခ) မိမိ အဖွဲ့အစည်းကို စီမံ ခန့်ခွဲနိုင်ရန် ခွဲခြမ်း စိတ်ဖြာတတ်သည့် စိတ်အကျင့် (Analytic Mindset) လိုအပ်သည်။
(ဂ) ဆက်စပ် အခြေအနေ အရပ်ရပ်ကို စီမံ ခန့်ခွဲနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ် စဉ်းစားတတ်သော စိတ်အကျင့်(Worldly Mindset) လိုအပ်သည်။
(ဃ) ယနေ့ Globalization ခေတ်ကာလတွင် အလွန် အရေးပါလာသည့် လူမှု ဆက်ဆံရေးပိုင်းကို စီမံ ခန့်ခွဲနိုင်ရန် ပူးပေါင်း ဆောင်ရွက်တတ်သည့် စိတ်အကျင့် (Collaborative Mindset)လည်း လိုအပ်ပါသည်။
(င) အပြောင်းအလဲကို စီမံခန့်ခွဲနိုင်ရန် လက်တွေ့ကျကျ ဆောင်ရွက်တတ်သည့် စိတ်အကျင့် (Pragmatic Mindset)လည်း ရှိရပါမည်။

၃။ အဆိုပါ တာဝန် (၅)ရပ်ကို ထမ်းဆောင်နိုင်မည့် စိတ်အကျင့် (၅)မျိုးကို ဖွံ့ဖြိုးလာစေရန် လေ့ကျင့် လုပ်ဆောင်ရာတွင် မန်နေဂျာ တစ်ဦးချင်း အနေဖြင့် အောက်ပါကဏ္ဍ ၃ ရပ်ကို မြှင့်တင် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
(က) အရည်အသွေးပိုင်း ဆိုင်ရာ မြှင့်တင်ခြင်း (Qualification)
(ခ) အတွေ့အကြုံကို ဆန်းစစ် အသုံးချနိုင်ခြင်း (Experience)
(ဂ) ဆက်ဆံနိုင်မှု စွမ်းရည်ကို မြှင့်တင်ခြင်း(Communication)

၎။ ကုန်ထုတ်လုပ်မှု မြင့်မား တိုးတက်ရေးအတွက် အဓိကကျသည့် ထုတ်လုပ်ရေး သွင်းအားများ အဖြစ် ယခင်က လုပ်သား(Labour or man)၊ အရင်းအနှီး (Capital)၊ သယံဇာတ သွင်းအားစု (Resource)ဟူ၍ Factor သုံးရပ်သာ ရှိခဲ့ရာမှ ယခုခေတ် အခြေအနေတွင် စတုတ္ထဖက်တာ ဟူသော ပညာ (Knowledge)တစ်ရပ် ပေါ်ထွန်းလာသည့် အပြင် မတူညီသော သမိုင်းခေတ် ကာလများ အလိုက် လူ့အဖွဲ့အစည်း တစ်ရပ်၏ ဖြစ်ပေါ် တိုးတက်မှုကို စေ့ဆော်ပေးသော အဓိက တွန်းအား (Motive Force)မှာလည်း ၁၈ ရာစုနှစ်တွင် မြေယာ(Farms)၊ ၁၉ ရာစုနှစ်တွင် ကုန်သွယ်စီးပွားရေး (Economy/Capital)၊ ၂၀ ရာစုတွင် ပါဝါကို တပ်မက်မှု (Attach to Power)ဟူ၍ ရှိခဲ့ရာမှ ယခုရာစုနှစ် ဖြစ်သည့် အရင်းလွန်ခေတ် (Post Capitalist Era) သို့တည်းမဟုတ် ပညာခေတ် (Knowledge Age)တွင်မူ အဓိက တွန်းအားမှာ “ပညာရေး” ဟူ၍ ပညာရှင် အများစုက သတ်မှတ် ဖေါ်ထုတ်လာကြသည်။
ပညာရေးဟူ၍ ဆိုရာ၌လည်း ယခင် သမိုင်းစဉ် တလျောက် အခြေကျလာသည့် အစဉ်အလာ ပညာရေး (Traditional Education) မျိုး မဟုတ်ဘဲ စဉ်ဆက်မပြတ် လေ့လာသင်ယူ အသုံးချနိုင်ပြီး ယနေ့ခေတ် လူ့အဖွဲ့အစည်း၏ ဒိုင်းနမစ်တွန်းအား ဖြစ်သည့် “စွန့်ဦးတီထွင် လုပ်ငန်းရှင်” များကို မွေးထုတ်ပေးနိုင်သော (Entrepreneurial Education)မျိုးကို ဆိုလိုလာကြသည်။ လုပ်ငန်းခွင်ရှိ သက်လတ်ပိုင်းအရွယ် စီမံခန့်ခွဲသူများကို လုပ်ငန်းခွင်မပျက် သင်ကြားပို့ချမှုမျိုး အပါအဝင် ဖြစ်ပေသည်။

၅။ သို့ဖြစ်၍ မန်နေဂျာများ အနေဖြင့် (Qualification) အရည်အသွေးပိုင်း ဆိုင်ရာ မြှင့်တင်ရေးအတွက် သင်ယူ လေ့ကျင့်ရေး လုပ်ငန်းရပ်များကို လုပ်ဆောင်ရာတွင် အောက်ပါ အချက်အလက်များကို ဂရုပြု လေ့ကျင့် ဆောင်ရွက်သွားရမည် ဖြစ်ပေသည်။
(က) စဉ်ဆက်မပြတ် လေ့လာသင်ယူသည့် ပညာရေး (Continual Learning) အစဉ်အလာ ပညာရေးတွင် အသက်အရွယ်နှင့် ပိုင်းခြား သတ်မှတ်လျက် ပထမအရွယ် ပညာရှာ၊ ဒုတိယအရွယ် ဥစ္စာရှာ စသည့်ဖြင့် တစ်သက်တာ ဘဝခရီးကို တကြိမ်တစ်ခါ ရှာဖွေပြီးသည့် ပညာမျှဖြင့် လျှောက်လှမ်းခဲ့ကြသည်မှာ ယခုအခါတွင် မလုံလောက်တော့ပါ၊ နည်းပညာ နယ်ပယ်တွင် ယနေ့ တွေ့ရှိချက်သည် မနက်ဖြန် ထပ်မံ ဖေါ်ထုတ်ချက်များ၏ လွှမ်းမိုးမှုကြောင့် မှားယွင်းလာနိုင်သည့် အတွက် “အမှန်တရား၏ သက်တမ်းသည် လွန်စွာ တိုတောင်းလာသည်” ဟူ၍ ဆိုရတော့မည် ဖြစ်ပါသည်။
သို့ဖြစ်၍ အသက်အရွယ်မရွေး လေ့လာသင်ယူဖို့ လိုအပ်သော စဉ်ဆက်မပြတ် ပညာရေးဖြစ်ရန် လိုအပ်လာပါသည်။ ပညာလုပ်သား အပေါ် အဓိက မှီခို ဖွံ့ဖြိုးလာသည့် ယနေ့ ပညာ လူ့အဖွဲ့အစည်းတွင် ပညာမှာ ငွေကြေးထက်ပို၍ သက်သာလွယ်ကူစွာ ခရီး နှင်နိုင်စွမ်းရှိ၍ ပညာ၏ သက်ရောက်မှုခွင်မှာ နယ်စည်းမခြားသည့် လက္ခဏာ (Boderiessness) သဘောကို ဆောင်ယူလာပါသည်။ လူတိုင်း ပညာသင်ကြားနိုင်မည့် အခွင့်အရေး များပြားလာသည့်နှင့် အမျှ မည်သူမဆို ဆန္ဒရှိလျှင် ပညာနှင့် နီးနိုင်သည့် အတွက် ပညာမှာ အကန့်အသတ်မရှိ စဉ်ဆက်မပြတ် မြင့်မားနေသည့် အမြင့်တက် လှုပ်ရှားနိုင်စွမ်း (Upward mobility)ရှိလာပြီး လျင်မြန်စွာ ပြောင်းလဲ ဖွံ့ဖြိုးနေသည့် Rapid Changes age တွင် ပညာရယူရန် အချိန်နှင့် ငွေကြေးသည် လွန်စွာ အရေးပါလာသည်ကို တွေ့ရပေမည်။
ပညာ လူ့အဖွဲ့အစည်းတွင် ကုန်ထုတ် အရင်းအနှီးသည် ပညာဖြစ်လာ၍ မည်သူမဆို ကုန်ထုတ် အရင်းအနှီး ပိုင်ဆိုင်နိုင်ခွင့် ရှိလာသော်လည်း လူတိုင်း မအောင်မြင်နိုင်သည့် အတွက် ဆုံးရှုံးနိုင်မည့် အလားအလာနှင့် အောင်မြင်နိုင်မည့် အလားအလာ အပြိုင်ရှိနေပြီး အဖွဲ့အစည်း တစ်ခုချင်း၊ လူတစ်ဦးချင်း အတွက် ပြိုင်ဆိုင်မှု အလွန်များပြား ပြင်းထန်လာသည်ကို သတိပြု၍ မိမိ အနေဖြင့် မကျန်ရစ်ခဲ့စေရန် မန်နေဂျာများ အနေဖြင့် အစဉ်မပြတ် လေ့လာသင်ယူ နေအပ်ပေသည်။
(ခ) ပညာရေးသည် အုတ်မြစ်မဟုတ် လေယာဉ်ကွင်းသဖွယ်ဖြစ်သည် (Education is not Foundation just Launching Pad) အစဉ်အလာ ပညာရေး အယူအဆအရ ယခင်က ပထမအရွယ် သင်ယူ လေ့လာရသော ပညာရေးမှာ ဘဝ တစ်ခုလုံးအတွက် အခြေခံ အုတ်မြစ်ဖြစ်ပြီး ၎င်းအပေါ်တွင် မိမိရွေးချယ်ရာ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ဖြင့် ဘဝကို မြင့်သည်ထက် မြင့်မားစေရန် တစ်ဆင့်ချင်း တည်ဆောက်ခဲ့ကြသည်။
ယခု အပြောင်းအလဲလွန်စွာ မြန်ဆန်သည့် မျက်မှောက်ခေတ်တွင် အဆိုပါ သဘောမှာ ဆီလျော်မှု မရှိတော့ဘဲ အပြောင်းအလဲ အရပ်ရပ်ကို စီမံခန့်ခွဲနိုင်ရန် မူလပညာဖြင့် မလုံလောက်တော့သည့် အတွက် ပညာရေးကို အချိန်မရွေး ပျံတက်နိုင်သော လေယာဉ်ကွင်းသဖွယ် ဘဝ လေယာဉ်အတွက် ပျံတက်မှု အရှိန်အဟုန်ကို အဟန့်အတား ဖြစ်စေသော အခုအခံများ မရှိစေသော အတားအဆီး ကင်းရှင်းသော လေ့လာရေးစိတ် အခံဖြင့် ကျယ်ကျယ်ပြန့်ပြန့် လေ့လာ သင်ယူနိုင်ရေးကို သတိမူ ဆောင်ရွက်အပ် ပေသည်။
(ဂ) တစ်ခုမကသော ဘဝခရီး (Alternative Career Path) အစဉ်အလာ ပညာရေးအရ ပထမ အရွယ် ငယ်စဉ်ဘဝကပင် အတိအကျ သတ်မှတ် ပြဌာန်းပြီးသည့် ရည်မှန်းချက်တစ်ရပ်၊ ဘဝလမ်းညွှန် မြေပုံ (Road map of Life)ဖြင့် အစဉ်တစိုက် ဘဝကို စိုက်လိုက်မတ်တတ် လျှောက်လှမ်းခဲ့ကြရာမှ မရေရာ မသေချာမှု၊ အပြောင်းအလဲ မြန်မှု၊ မတည်ငြိမ်မှုများနှင့် မကင်းနိုင်တော့သည့် မျက်မှောက် လူ့ဘဝတွင် တစ်ခုတည်းသော သတ်မှတ် ပြဌာန်းချက် Road map မှာ ဘဝကို အထောက်အကူ မပြုရုံမျှမက ချောင်ပိတ် မိစေနိုင်သည့် အတွက် ဖြစ်တန်ရာများကို မှန်းဆပြီး တစ်ခုမကသော ဘဝခရီး ကို အာရုံပြု နှလုံးသွင်းလျက် လမ်းညွှန်မြေပုံ အမျိုးမျိုးကို ပြုစုထားနိုင်ရန် မည်သည့် ဘာသာရပ်ကိုမဆို သိရှိဆက်စပ် စဉ်းစားနိုင်စွမ်း ရှိလာရန် အရေးကြီးလာသည်။ စူးစိုက် ထက်သန်မှု (Concentration) ထက် ပြောင်းလွယ်ပြင်လွယ်နိုင်စွမ်း (Flexibility)က ပိုမို အရေးပါလာသည်ကို သတိမူရပေမည်။
(ဃ) အထူးပြု လိုက်စားမှုကို ကျော်လွန်၍ (Beyond Specialization) အစဉ်အလာ ပညာရေးတွင် မိမိရွေးချယ်ရာ ဘာသာရပ် တစ်ခုကို အထူးပြု လေ့လာသင်ယူရေး (Specialization)မှာ ဘဝအောင်မြင်ရေး သော့ချက် ဖြစ်ခဲ့သော်လည်း ပညာရပ်တစ်ခုနှင့် တစ်ခုအကြား စည်းသတ် ခွဲခြား၍ မရတော့သော မျက်မှောက်ခေတ် အတွက်မူ ဆီလျော်မှု မရှိနိုင်တော့ပါ။ Information Technology (IT)၏ စွမ်းပကားနှင့် သက်ရောက်မှုသည် အရေးအကြီးဆုံးနှင့် အကြီးမားဆုံး သက်ရောက်မှု ဖြစ်လာပြီး အိုင်တီ၏ အရှိန်အဟုန် (Speed)နှင့် ပညာကို သယ်ဆောင်ပေးပြီး ကမ္ဘာအနှံ့ ပြန့်နှံ့ လာနိုင်သဖြင့် အင်တာနက် စွမ်းရည်ကို အသုံးချလာနိုင်သည့် အတွက် စပါယ်ရှယ် လိုက်ဇေးရှင်းကို လွန်၍ ဘာသာရပ် တစ်ခုနှင့် တစ်ခုအကြား ဆက်ထုံးများကို ဆုပ်ကိုင်မိရန်၊ ပညာအရှိန်ကို အမှီလိုက်ယူ ဆုပ်ကိုင်နိုင်ရန် ဆက်စပ် စဉ်းစားနိုင်စွမ်းကို အလေးကဲထားသည့် လစ်ဘရယ် ပညာရေး (Liberal Education) သဘောနှင့် အညီ လေ့လာ သင်ယူနိုင်စွမ်း ရှိရန် လိုအပ်လာပါသည်။
ထို့အပြင် ပညာနှင့် ကျွမ်းကျင်မှုတို့၏ ကွဲပြား ခြားနားသည့် သဘောကိုလည်း သတိမူမိရန် လိုအပ်ပါသည်။ ပညာ၏ သဘောမှာ အရှိန်အဟုန် ကြီးစွာဖြင့် အလျင်အမြန် တိုးတက်ပြောင်းလဲနေသည့် သဘောရှိပြီး ကျွမ်းကျင်မှု၏ သဘောမှာ နှစ်ကာလများ အတွင်း ဖြည်းဖြည်းနှေးနှေးသာ ပြောင်းလဲသည့် သဘော ရှိပါသည်။ ပညာကို သီးခြား သင်ကြားမှု အစီအမံများဖြင့် သင်ယူရပြီး ကျွမ်းကျင်မှုကို လုပ်ငန်းခွင် အတွင်း၌ပင် ပူးတွဲ ဆောင်ရွက်နိုင်သည် ဖြစ်ပါသည်။ ယနေ့ ခေတ်ကာလတွင် ပညာသစ်များ အဆက်မပြတ် ပေါ်ထွန်းလာသည် ဖြစ်ရာ အစဉ်အလာနှင့် မတူသော ပညာသင်ကြားရေး ပုံစံများဖြင့် စဉ်ဆက်မပြတ် ပညာ သင်ကြားရေးသည် အထူး အရေးပါလာကြောင်း သုံးသပ် ဖော်ပြအပ်ပါသည်။

၆။ မန်နေဂျာများ အနေဖြင့် အတွေ့အကြုံ (Experience)ကို ပြန်လည် အသုံးချနိုင်ရေးနှင့် စပ်လျဉ်း၍ အစဉ်အလာ ပညာရေးတွင် အဓိက ရည်မှန်းချက်မှာ အတိတ်မှ အတွေ့အကြုံများကို မှတ်သား ခံယူနိုင်စွမ်းပင် ဖြစ်သဖြင့် အတွေ့အကြုံ များလေ အောင်မြင်မှု အတွက် အာမခံချက်ရှိလေ ဟူ၍ ယခင်က မှတ်ယူ လုပ်ကိုင်ခဲ့ကြပေသည်။ မျဉ်းတန်းသဘော (Linear)ကို ဖောက်ထွက်လာသော ယနေ့ မျက်မှောက်ခေတ်တွင် လူထု မီဒီယာ၏ ကျယ်ပြန့် စူးရှမှု၊ တကမ္ဘာလုံး ချိတ်ဆက်နိုင်သည့် ခေတ်မှီ ဆက်သွယ်ရေး ကွန်ယက်စနစ်၊ အင်ဖော်မေးရှင်းနှင့် ဆက်သွယ်ရေး တက္ကနိုလိုဂျီများ ဆန်းသစ်လာမှုနှင့် ပညာဟူသော ကုန်ထုတ် အရင်းအနှီး အပါအဝင် အရာရာ သည် ရောင်းကုန်များ ဖြစ်လာမှု (Com-modification) တို့ကြောင့် အတွေ့အကြုံတိုင်းသည် မျက်မှောက်ခေတ်နှင့် အဟပ်မညီနိုင် ကိုယ်စား မပြုနိုင်တော့ပါ။ အတွေ့အကြုံ သက်သက်မှာ လမ်းညွှန် မဖြစ်နိုင်တော့သည် သာမက တရားသေ အခုအခံပင် ဖြစ်သွားနိုင်ပါသည်။
သို့အတွက် ယခင်သိရှိပြီး လေ့လာတွေ့ရှိချက်များ မှတ်သား ခံယူချက်များကိုပင်လျင် အသစ်တဖန် ပြန်လည် ချဉ်းကပ်၍ လေ့လာရန် ဆန့်ကျင်ဘက်မှပင် ချဉ်းကပ်၍ Relearning ပြုလုပ်ရန်၊ New Focus on Information and Knowledge ပြုလုပ်ရန် လက်တွေ့နှင့် မပြတ် ဆန်တုတ်တိုက်တတ်ရန် အရေးကြီးလာသည်။ Anti learning သဘောပြောရလျင် အစဉ်အလာ သင်ယူမှုထက် ပဋိပညာရေး သဘောက ပို၍ အချက်အခြာ ကျလာသည်။ လူမှုသိပ္ပံ ပညာအရ ပြောရလျင် ကမ္ဘာကြီး၏ အပိုင်းအခြား အသီးသီး၌ စုပေါင်းထားခြင်း (Totalizing)ထက် စိတ်ဖြာခွဲခြမ်းမှု (Fragmentation)က ပို၍ ဖြစ်ထွန်းလာသည်။ ပေါင်းကြည့်မည့်အစား ခွဲခြမ်းစိတ်ဖြာ ကြည့်လာကြသည်။ ပေါင်းစုထားသော အရာတို့ထက် စိတ်ဖြာထားသော အရာတို့က ပိုမို အရေးပါလာသည်။ Specialization, Centralization ထက် Flexibility, Liberal တို့က ပို၍ အခရာ ကျလာသည်။
ယဉ်ကျေးမှု မျိုးစုံ၊ နိုင်ငံမျိုးစုံကို အခြေခံ၍ တစ်နိုင်ငံတည်းကို ဗဟိုပြုနေရာ၊ ဗဟိုပြုစနစ် မရှိတော့သည့် ဗဟိုမဲ့ ကမ္ဘာစနစ် ပေါ်ထွန်းလာပြီး ဤစနစ်သစ်ကို ယခင်ကကဲ့သို့ အင်အားချိန်ခွင်လျှာမျှရေး (Balance of Power) ခေတ်ဟောင်း နည်းဖြင့် ထိန်းသိမ်းခြင်း မဟုတ်ဘဲ ယဉ်ကျေးမှုခြင်း နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် အဆင့်မြင့် လူ့ယဉ်ကျေးမှု (High Civilization ) ကို ထူထောင်ရန် ရည်ရွယ် လုပ်ဆောင် လာကြပေသည်။ လုပ်ငန်း အဖွဲ့အစည်းများ ကုမ္ပဏီများ အနေဖြင့် Productivity, Profitability သာမက Social Responsibility ကိုပါ ထမ်းရွက်လာကြပြီး အင်အားနိုင်ငံရေး (Power Politics) ကို အခြေခံမည့် အစား စီးပွားရေးနှင့် ယဉ်ကျေးမှုတို့ကို အခြေခံသောကမ္ဘာသစ် ပေါ်ထွန်းရေးကို ဦးတည် ဆောင်ရွက်လာနေပြီ ဖြစ်ရာ ထိပ်ပိုင်း စီမံခန့်ခွဲသူများ အနေဖြင့် စီးပွားရေး မျက်နှာစာ (စီးပွားရေး အဖွဲ့အစည်း)၊ လူသား မျက်နှာစာ (လူသား အဖွဲ့အစည်း)နှင့် လူမှုရေး မျက်နှာစာ (လူမှုရေး အဖွဲ့အစည်း) ဟူသည့် မျက်နှာစာ သုံးရပ်ကို ချိန်ခွင်လျှာ မျှစေရန် စီမံခန့်ခွဲရေးကို လုပ်ဆောင် လာရသည့် အခြေအနေသို့ ရောက်ရှိလာနေပြီ ဖြစ်ပါသည်။
ထိုသို့သော အခြေအနေတွင် အတွေ့အကြုံ (Experience) ကို ပြန်လည် ဆန်းစစ်ရန် ပညာကို တီထွင်ဖော်ထုတ် အသုံးချရန် (Creation & Application of Knowledge with new focus of Experience)သည် လွန်စွာ အရေးကြီးလာသည်ကို သတိမူ၍ သင်ကြား လေ့ကျင့်သွားရန် လိုအပ်လာပါသည်။ အထက်ဖော်ပြခဲ့သည့် ခြားနားချက်၊ သတိမူရန် ကိစ္စရပ်များကို မဆင်ခြင်နိုင်၊ အလေးမထားနိုင်လျင် မန်နေဂျာများ၏ အရည်အသွေး မြှင့်တင်ရေးပိုင်းတွင် လေ့လာသင်ယူမှု အံချော်နိုင်ဘွယ် ရှိသည်ကို ဂရုပြုမိစေရန် တင်ပြလိုခြင်း ဖြစ်ပါသည်။

၇။ ခေတ်သစ် စီမံခန့်ခွဲမှု အပိုင်းသည် ခေတ်နှင့်အညီ လိုက်လျော ပြောင်းလဲ၍ ဆက်လက် ရှင်သန်နိုင်သည့်သဘော ရှိနေသည့် အတွက် ယခင် ခေတ်အဆက်ဆက် စနစ်များမှသည် စက်မှု အရင်းရှင်ခေတ် (Industrial Capitalism)၊ ၎င်းမှသည် ဈေးကွက်စီးပွားရေး သဘောဆောင်သည့် ဒစ်ဂျစ်တယ် အရင်းရှင်စနစ် (Digital Capitalism)သို့ တိုင်အောင် ကူးပြောင်း လာနိုင်ခြင်း ဟူ၍ ပညာရှင်များမှ စီမံခန့်ခွဲမှု ပညာ၏ Regenerated Power (ဆက်လက် ရှင်သန်နိုင်သော အာနိသင်)ကို သုံးသပ်လျက် ရှေ့သို့ ဆက်လက် ချီတက်ရုံသာ ရှိသည်ဟု ဆိုကြပါသည်။
ထိုသို့ ရှေ့ဆက်ချီတက်ရာတွင် သတင်းအချက် အလက်နှင့် ပညာဉာဏ် အပေါ်တွင် အမြင်သစ် အတွေးသစ်တင်၍ ဆောင်ရွက်ရာ၌ ဆက်သွယ် လှုပ်ရှားနိုင်သည့် စွမ်းရည် (Communication Skill)မှာ လွန်စွာ အရေးပါလာသည့် အတွက် ယခင်ကကဲ့သို့ အင်္ဂလိပ်ဘာသာ စာပေဟူသည့် ကမ္ဘာသုံး ဘာသာစာပေ (Global Literacy)တစ်မျိုးတည်း တတ်ရုံမျှဖြင့် မလုံလောက်တော့သည် သာမက အင်တာနက်နှင့် အလုပ် လုပ်တတ်ရန် Digital Literacy တတ်သိရန်လည်း များစွာ အရေးကြီးလာပြီး လက်ရှိ စီမံခန့်ခွဲမှု ပညာထဲသို့ ဒစ်ဂျစ်တယ် အသိအမြင်များ ဖြည့်စွက် မောင်းနှင်သွားရေးကိုလည်း မန်နေဂျာကောင်း တစ်ယောက်အဖို့ သတိမူ လေ့လာသင်ကြားရန် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ အချုပ်အားဖြင့် ကျောင်းသင် အစဉ်အလာ ပညာရေးမှ လိုအပ်သော အသက်မွေးမှု ပညာကို ပေးခဲ့ပြီးနောက် စဉ်ဆက်မပြတ် ပညာရေးဖြင့် ရှိပြီးပညာကို ပြောင်းလဲလာသော ခေတ်နှင့်အညီ အဆင့်မြှင့် တင်ပေးဖို့ရန် ဖြစ်ပါသည်။
၈။ ယခင်က စီးပွားရေး လုပ်ဆောင်မှု၏ အဓိက ရည်မှန်းချက်မှာ ဘဝလုံခြုံမှု (Life Security)ဖြစ်သော်လည်း ပညာရပ်များ အလျင်အမြန် တိုးတက်ပြောင်းလဲ ပေါ်ထွက်လာမှု၊ အင်ဖော်မေးရှင်း တက္ကနိုလိုဂျီ ပေါက်ကွဲမှုနှင့် စွန့်ဦး တီထွင်သူများ၏ မျက် မှောက်ခေတ်တွင် လုံခြုံမှု သဘောသည် စိတ်ကူးယဉ် ဖြစ်သွားပြီး စွန့်စား လုပ်ကိုင်ရသော Right Culture ပေါ်ထွန်းလာပေသည်။ High Risk-High Return, Low Risk-Low Return ဖြစ်လာသည်။ ပညာနည်းလျှင် အရင်းအနှီးများများ လို၍ အရင်းအနှီး နည်းနည်းသာရှိလျှင် ပညာရည်မြင့်ရန် လိုအပ်လာသည်။ သို့ဖြစ်ပါ၍ ယခုမျက်မှောက် အရင်းလွန် လူ့အဖွဲ့အစည်း တစ်နည်းအားဖြင့် ပညာခေတ်တွင် အံ့မခန်း ဖွံ့ဖြိုးလာသော ပညာရပ် အသီးသီးကို အမှီလိုက်နိုင်သူ သာလျင် ဘဝလုံခြုံမှုကို တည်ဆောက် လာနိုင်စရာ ရှိပါသည်။ Mobile Security သဘောကိုလည်း ဆောင်ယူလာသည်ကို တွေ့ရှိနိုင်ပါသည်။ အဆိုပါ တိုးတက်မှုကို ထိန်းချုပ်နိုင်ရန် တစ်ဖက်မှလည်း လူမှုကျင့်ဝတ်၊ စီးပွားကျင့်ဝတ် Social/ Business Ethic များ လိုက်နာမှု ဖွံ့ဖြိုးရေးကိုလည်း လုပ်ဆောင်ရပေမည်။

၉။ အလားတူ ကုန်သွယ်ရေးနှင့် ထုတ်လုပ်မှု (Trade/ Production) တို့၏ ရည်မှန်းချက်မှာလည်း သိသိသာသာပင် ပြောင်းလဲ လာကြရပေသည်။ ယခင်က အမြင့်ဆုံး အမြတ်ရရှိရေး (Profit maximization) ကို ရည်မှန်း တည်ထောင်ခဲ့ကြ သော်လည်း ယခု အကြီးအကျယ် ယှဉ်ပြိုင်ရသည့် ခေတ်ကာလတွင် အမြင့်ဆုံး အမြတ်ကို မျှော်လင့်ခြင်းသည်ပင် စိတ်ကူးယဉ်ရာ ရောက်လာရသည့် အတွက် ဈေးကွက်ဝေစု အများဆုံး ရရှိရေး (Market Share maximization)သည်သာ အရင်းလွန် လူ့အဖွဲ့အစည်း၏ အမြင့်ဆုံး ရည်မှန်းချက် ဖြစ်လာရပေသည်။
၁ဝ။ ထို့အတူ မန်နေဂျာများ လုပ်ငန်း လုပ်ဆောင်ရာတွင်လည်း ကြိုးကြိုးစားစားလုပ် (Hard Working) ခေတ်မှ စမတ်တကျလုပ် (Smart Working)ခေတ်သို့ ကူးပြောင်းလာစေခဲ့ပြီး Smart Worker ဖြစ်လာစေရန်အတွက် ရာထူးအဆင့်နှင့် ညီသော Technical Skill, Human Skill, Conceptual Skill များ ရရှိစေရန်၊ မိမိ လုပ်ငန်းအပေါ် အကောင်းမြင် စိတ်ဝင်စားမှု Positive Attitude ရှိစေရန် လေ့ကျင့် သင်ကြားလာရပေသည်။ I.Q ကောင်းမွန်မှုက လုပ်ငန်းခွင်သုံး အသိပညာ၊ အတတ်ပညာများကို တတ်ကျွမ်းစေသည်။ နှလုံးသား အရည်အသွေး E.Q(Emotional Quotient) ကောင်းမွန်ခြင်းက ကျင်လည်ရာ လူမှုဘဝတွင် အရည်အသွေးမှီ လိုက်လျောညီထွေ ကောင်းကျိုးပြု ဝင်ဆန့်စေမည် ဖြစ်သည့်အတွက် အလေးထား စီစစ်လာရပေသည်။ လူများစုကို ဦးဆောင်၍ Implore / Energize လုပ်နိုင်ခြင်း၊ Integrity ကိုယ်ကျင့်သိက္ခာ၊ Ethic ကျင့်ဝတ်နှင့် ပြည့်စုံခြင်း၊ Trust ယုံကြည်မှု ရစေခြင်းတို့ကိုလည်း လေ့ကျင့်ပွားများ လာရပေသည်။
၁၁။ အချုပ်အားဖြင့် ဆိုရပါမူ ဤသို့ ပြောင်းလဲလာသော သင်ကြားသင်ယူမှု သဘောတရားများနှင့် အညီ စဉ်ဆက်မပြတ် လေ့လာ သင်ယူလျက် ပညာဖန်တီးရေး (Creation of Knowledge) နှင့် ပညာကို အသုံးချရေး (Application of Knowledge)တို့သည်ပင် ယနေ့ မျက်မှောက်ခေတ် အတွက် ဆုံချက် အကျဆုံး အချင်းအရာ ဖြစ်လာပေလိမ့်မည်။ Knowledge ကို အသုံးချနိုင်သည့် Knowledge Worker ပညာလုပ်သား အဖြစ် မိမိကိုယ်မိမိ ပျိုးထောင်ခြင်းဖြင့် “Positional Power မှသည် Personal Power” “မန်နေဂျာမှသည် ခေါင်းဆောင်အဆင့်” သို့ တက်လှမ်းနိုင်မည် ဖြစ်ကြောင်း လေ့ကျင့်ရေး ကဏ္ဍမှ လေ့လာစုစည်း တင်ပြလိုက်ရပေသည်။ “Think as men of action, act as men of Thought” လက်တွေ့ သမားကဲ့သို့ စဉ်းစား၍ တွေးခေါ်ရှင်ကဲ့သို့ လုပ်ဆောင်ပါ။
Credit to အောင်သူရ(စီမံကိန်း ဌာနခွဲ)

Thursday, January 18, 2018

ဝန်ထမ်းထိန်းသိမ်းခြင်းနဲ့ ပက်သက်၍....

မန်နေဂျာတစ်ယောက်ရဲ့တာဝန်တွေဟာ Recruitment and Selection လုပ်ပေးရုံနဲ့မပြီးသေးပါဘူး။ နောက်ထပ်ဆက်ပြီး
လုပ်ရမယ့်တာဝန်တွေရှိသေးတယ်။ အဲဒိထဲကမှ နောက်ထပ်တာဝန်တခုကတော့ ရရှိထားတဲ့ အရည်အသွေးပြည့်ဝန်ထမ်းတွေကိုမိမိရဲ့အဖွဲ့အစည်း / ကုမ္ပဏီအတွင်းမှာ ဆွဲဆောင်ထိန်း သိမ်းထားနိုင်ဖို့ဖြစ်ပါတယ်။
ဝန်ထမ်းမြဲအောင်ထိန်းသိမ်းဖို့ဆိုတာ အပြောလွယ်သလောက် အကောင်အထည်ဖော်ရတာ အ လွန်ခက်တဲ့ကိစ္စရပ်တခုပါ။ဝန်ထမ်းတဦးနဲ့တစ်ဦးလိုအပ်ချက်တွေ၊လိုအင်တွေဟာလူသားတွေဖြစ်တဲ့အ တွက်  အမျိုးမျိုးကွဲပြားနေမှာ အမှန်ပါပဲ။ပြီးတော့ HRရဲ့လုပ်ငန်းသဘာဝအရ ကျွန်တော်တို့ဟာ တခြား ဌာနတွေရဲ့ ပူးပေါင်းပါဝင်မှုမရှိပဲနဲ့ ဘယ်လိုမှဆောင်ရွက်လို့မရနိုင်ပါဘူး။ အဲဒါလေးတော့သတိချပ်စေ ချင်ပါတယ်။

( က ) အလုပ်ခွင်စိတ်ကျေနပ်မှုမေးခွန်းလွှာ  Job Satisfaction Questionnaire
ကုမ္ပဏီတွေရဲ့ လုပ်ငန်းသဘာဝဖွဲ့စည်းပုံပေါ်မူတည်ပြီး  အရည်အချင်းရှိတဲ့ဝန်ထမ်းတွေကို ကုမ္ပဏီမှာမြဲအောင်
ဆွဲဆောင်ထိန်းသိမ်းတဲ့နည်းလမ်းအမျိုးမျိုးရှိပါတယ်။ အဲဒီလိုမျိုးထိန်းသိမ်းတဲ့ အခါမှာ Benefit Plan တွေ အမျိုးမျိုးရေးဆွဲလေ့ရှိပါတယ်။အရေးကြီးတဲ့အချက်ကတော့ ကုမ္ပဏီ မှာရှိ တဲ့ ဝန်ထမ်းတွေကို JSQ လို့ခေါ်တဲ့ Job Satisfaction Questionnaire လုပ်ရပါမယ်။ အဲဒီလိုJSQ လုပ် ရာမှာ အောက်ဖော်ပြပါအချက်များ ပါဝင်ရပါလိမ့်မယ် -
(၁)     ကုမ္ပဏီဟာ အလုပ်လုပ်ဖို့ကောင်းတဲ့ကုမ္ပဏီတစ်ခုဟုတ်/မဟုတ်နဲ့ပတ်သက်တဲ့မေးခွန်းများ
(၂)     လက်ရှိအလုပ်အပေါ် စိတ်ကျေနပ်မှုနဲ့ ပတ်သက်တဲ့မေးခွန်းများ
(၃)     အလုပ်နဲ့ပတ်သက်ပြီး တိုးတက်ဖို့အလားအလာရှိ /မရှိနဲ့ပတ်သက်တဲ့မေးခွန်းများ
(၄)   လက်ရှိကြီးကြပ်သူမန်နေဂျာအပေါ် သဘောထား၊ မန်နေဂျာရဲ့သူ့အပေါ် သဘောထားနဲ့ ပတ်သက်တဲ့ မေးခွန်းများ
(၅)     လက်ရှိလုပ်ငန်းခွင်နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိ၊ မရှိနဲ့ပတ်သက်တဲ့မေးခွန်းများ။
(၆)    လက်ရှိရရှိနေတဲ့ခံစားခွင့်နဲ့ပတ်သက်ပြီး  စိတ်ကျေနပ်မှုရှိ/ မရှိ ၊အခက်အခဲရှိ / မရှိ နဲ့ ပတ်သက်တဲ့ မေးခွန်းများ။
(၇)     လက်ရှိအလုပ်နဲ့ပတ်သက်ပြီး အနှစ်သက်ဆုံးအကြောင်းအရာတစ်ခု၊ ဒါမှမဟုတ် အခြေအ နေတစ်ခု။
(၈)     လက်ရှိအလုပ်မှ အဆင်မပြေတဲ့ အကြောင်းအရာတစ်ခု၊ ဒါမှမဟုတ်အခြေအနေတစ်ခု
(၉) ဝန်ထမ်းရဲ့အရည်အချင်း၊ လုပ်ရည်ကိုင်ရည်တိုးတက်လာစေဖို့ကုမ္ပဏီက လုပ်ပေးသင့်တယ် လို့ဝန်ထမ်း ရဲ့ထင်မြင်ယူဆချက်
(၁ဝ)   လုပ်ငန်းခွင်မှာ တိုးတက်လာစေဖို့လုပ်ဆောင်တယ်လို့ယူဆချက်များ ——-
အဲဒီလို JSQလုပ်ပြီး ရလာတဲ့အဖြေတွေကို ပြန်ပြီးစီစစ်ပြီး စာရင်းပြုစုခြင်းအားဖြင့် မိမိဝန်ထမ်း တွေရဲ့ အခက်အခဲတွေ၊
လိုလားချက်တွေ၊ ကုမ္ပဏီရဲ့အားသာချက်၊ အားနည်းချက်တွေကို သိရှိလာပြီး Benefit Plan ကို ထိထိရောက်ရောက်
ရေးဆွဲအကောင်အထည်ဖော်လို့ရနိုင်မှာဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့လိုလားချက်တွေဟာအမျိုးမျိုးရှိနေကြပါတယ်။ သူတို့တွေအားလုံးရဲ့ လိုလားချက် တွေအားလုံးကို
အပြည့်အဝဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပေမယ့် အတိုင်းအတာတခုအထိတော့ ဖြည့် ဆည်းပေးနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ သာမန်အားဖြင့်စဉ်းစားရင်တော့ လစာတိုးတာ အားလုံးနှစ်သက် မယ်လို့ယူဆစရာပါ။ တကယ်တမ်းတော့အဲဒါဟာအမြဲတမ်းမမှန်ပါဘူး။ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေကိုတွေသိမထားခဲ့ပဲနဲ့  Benefit Plan တွေဆွဲထားတဲ့အခါ ခုတ်ရာတခြားရှရာတလွဲဖြစ်
တတ်ပါတယ်။ ဥပမာ- ရာထူးတက်ချင်တဲ့ ဝန်ထမ်းမျိုးကို လစာတိုးပေးမိတာမျိုး၊ လစာတိုးချင်တဲ့ ဝန်ထမ်းကို ချီးကျူးစာပေးမိတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုမျိုးဖြစ်ခဲ့ပြီဆိုရင်တော့ ကုမ္ပဏီအနေနဲ့ လုပ် သလောက်အရာမထင်တာမျိုးတွေဖြစ်တတ်ပါတယ်။

( ခ ) လုပ်ငန်းခွင်ကောင်းတစ်ခု
ဝန်ထမ်းတွေကိုဆွဲဆောင်ထိန်းသိမ်းတဲ့ နည်းလမ်းလေးတခုလောက် စပြီးစဉ်းစားကြည့်ကြရအောင်ပါ။ ပထမဆုံးအနေနဲ့ကတော့လုပ်ငန်းခွင်ဟာ လုပ်ငန်းတာဝန်တွေထမ်းဆောင်ဖို့အတွက် အဆင် ပြေချော မွေ့တဲ့လုပ်ငန်း ခွင်ဖြစ်ဖို့လိုပါတယ်။ အဲဒီလိုလုပ်ငန်းခွင်တခုဖြစ်ဖို့အတွက် အောက်ဖော်ပြပါ အချက်တွေ ပြည့် စုံဖို့လိုအပ်ပါ တယ်။ အဲဒါတွေကတော့
( ၁ ) ခင်မင်နှစ်လိုဖွယ်ကောင်းသောအလုပ်ခွင်ဖြစ်ခြင်း
( ၂ ) ကိုယ်ရေးကိုယ်တာကိစ္စရပ်များ၊ ဘက်လိုက်မှုများကင်းရှင်းသော အလုပ်ခွင်ဖြစ်ခြင်း
( ၃ ) မျှတမှုရှိသော အလုပ်ခွင်ဖြစ်ခြင်း
( ၄ ) မိသားစုသဖွယ်နွေးထွေးမှုအပြည့်ရှိသောအလုပ်ခွင်ဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်။
အထက်မှာပြောခဲ့တဲ့လုပ်ငန်းခွင်ကောင်းတခုဖြစ်ဖို့လိုအပ်တဲ့အချက်ကလေးတွေကိုဆက်ပြီးစဉ်းစား ကြည့်ကြရအောင်ပါ။ တကယ်တော့ မိမိရဲ့အလုပ်ခွင်နဲ့ပတ်သက်ပြီး ဝန်ထမ်းတစ်ဦးချင်း စီရဲ့ ခံယူ ချက်၊ ခံစားချက်ဟာ လုပ်ငန်းခွင်အတွင်း စွမ်းဆောင်နိုင်မှုအရည်အသွေးတွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတာ ကျွန်တော်တို့ မငြင်းနိုင်ပါဘူး။

( ၁ ) ခင်မင်နှစ်လိုဖွယ်ကောင်းသောလုပ်ငန်းခွင် ( A Friendly Place ) – ဖန်တရာတေနေတဲ့စကားလုံး လို့ ပြောနိုင်ပေမယ့် အလုပ်ခွင်ကောင်းတခုရဲ့အဓိကကျတဲ့ အင်္ဂါရပ်တစ်ခုပါ။ ဝန်ထမ်းအားလုံးဟာ တ ပါတ်ကို အနည်းဆုံး   ( ၅ ) ရက်တော့အနည်းဆုံးရုံးတက်ကြရပါတယ်။ အဲဒီလို ရုံးတက်ကြရတဲ့အခါမှာ မနက်မိုးလင်းလို့ အိပ်ရာကနိုးထလာတာနဲ့အလုပ်သွားရမယ်လို့စဉ်းစားမိတဲ့အခါတိုင်းမှာ အလုပ်ကို လိုလိုလားလားသွားချင်တဲ့ စိတ်ရှိဖို့အရေးကြီးပါတယ်။ အလုပ်သွားရမှာကို
တာဝန်တစ်ရပ်အနေနဲ့ သွား ရတာမျိုး၊ မဖြစ်လို့သွားနေရတာမျိုးဆိုရင် လုပ်ငန်းခွင်မှာ လုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်ဆောင် နိုင်ဖို့ မလွယ်ပါဘူး။ ရုံးရောက်လို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့တဲ့အခါ၊ အလုပ်တွေလုပ်ရတဲ့အခါမှာ ပျော်ရွှင်ရမယ်ဆိုရင်တော့သူတို့တွေရဲ့ Productivity ကောင်းမှာ သေချာပါတယ်။ အများအားဖြင့် လူ တွေရဲ့သဘာဝအရ သူများခြံထဲကမြက်ကပိုစိမ်း တယ်လို့ ထင်တတ်ကြပါတယ်။
( ၂ ) ဘက်လိုက်မှုများကင်းရှင်းသောလုပ်ငန်းခွင် ( There There isn’t much Politics Around Here) ကုမ္ပဏီအတွင်း
ဝန်ထမ်းတစ်ဦးနဲ့တစ်ဦးအားပြိုင်မှုတွေဟာ ကူးစက်တတ်တဲ့ သဘောသဘာဝရှိပြီး အပြန် အလှန်လေးစားမှုတွေ၊ကိုယ်ချင်းစာစိတ်တွေနဲ့သာ ကုစားနိုင်ပါမယ်။ အထူးသဖြင့်တော့ ဝန်ထမ်းတွေ ဟာ ရာထူးတိုးဖို့၊ လစာတိုးဖို့၊ ခံစားခွင့်တွေပိုမိုရရှိဖို့၊ အထက်လူကြီးရဲ့ ချီးမွမ်းစကားကြားရဖို့အတွက် တဦးနဲ့တဦး  ပြိုင်ဆိုင်နေကြရပါတယ်။ အပြိုင်အဆိုင်ရှိတာ ကောင်းတာမှန်ပေမယ့်အားကစားစိတ် ဓါတ်နဲ့ မျှမျှတတယှဉ်ပြိုင်နေကြတာတော့ဖြစ်ဖို့လိုပါတယ်။ ကျား/မ၊ အသက်အရွယ်၊ လူမျိုး၊ ဘာသာ သာသနာ၊ဆွေမျိုးတော်စပ်မှုတို့ကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံမှုတွေ ရှိလာခဲ့မယ်ဆိုရင် မျှတမှုတွေ ပျောက်ဆုံးသွားပါလိမ့်မယ်။မျှတမှူတွေရှိတယ်ဆိုရင်တောင်မှ ဖျက်လိုဖျက်စီး လုပ်တတ်တဲ့သူတွေ ရှိနေရင်၊ မသိကျိုးကျွံပြုထားရင် ဝန်ထမ်းတွေရဲ့စိတ်ထဲမှာအထိန်းအကွပ်မရှိတဲ့ နေရာတခုကိုရောက်နေ သလိုမျိုးခံစားရစေနိုင်ပါတယ်။အလုပ်ခွင်ကောင်းတစ်ခုဖြစ်အောင်ဖန်တီးနိုင်ခဲ့မယ်ဆိုရင် ဝန်ထမ်းတွေဟာနောက်ကျောကို ဓါးနဲ့ အထိုးခံရမှာကိုစိုးရိမ်ပူပန်နေစရာမလိုပါဘူး။ ပြီးတော့မိမိတို့ရဲ့အလုပ်တည်မြဲမှုနဲ့ ပတ်သက်ပြီး တဦး တစ်ယောက်ကိုမှ ကြောက်ရွံ့ပုပန်စရာမလိုတော့ဘဲမိမိတို့ရဲ့ တာဝန်ကျေပွန်အောင်ဆောင်ရွက်ဖို့ပဲ ဦးတည်လာပါလိမ့်မယ်။
( ၃ ) မျှတမှုရှိသောလုပ်ငန်းခွင် ( You Get a Fair Shake ) ။
 ဝန်ထမ်းတိုင်းဟာ တရားမျှတစွာ ဆက်ဆံ ခံရဖို့ကိုလိုလားကြပါတယ်။ဆောင်ရွက်သင့်တာကတော့ မိမိရဲ့ ကုမ္ပဏီ/အဖွဲ့အစည်းမှာ မကျေနပ်မှု ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ( Grievance Procedure )များရေးဆွဲထားပြီးဝန်ထမ်းအားလုံးကို အသိပေးထားဖို့ လိုအပ်ပါတယ်။ ဒါမှတရားမျှတမှုမရှိဘူး၊ အနိုင်ကျင့်ခံနေရတယ်လို့ခံစားရတဲ့ဝန်ထမ်း တစ်ဦးအတွက် တိုင်တည်စရာ၊ အားကိုးအားထားပြုစရာနေရာတခုရှိလာမှာပါ။ ဝန်ထမ်းတွေအပေါ်မှာတရားမျှတမှုရှိတဲ့ကုမ္ပဏီဆိုတာ အပြောလွယ်ပေမယ့် လက်တွေ့ကျင့်သုံးအကောင်အထည်ဖော်ဖို့ အ မှန်တကယ်ခက်ခဲပါတယ်။တကယ့် အလုပ်ခွင်ကောင်းတခုသာဖြစ်ခဲ့မယ်ဆိုရင် ဝန်ထမ်းတွေက ”ကုမ္ပဏီ က တို့ကိုမျှမျှတတ ဆက်ဆံပါတယ်”ဆိုတဲ့ စကားမျိုးပွင့်အံထွက်လာပါလိမ့်မယ်။ ဝန်ထမ်းတွေကို မျှမျှ တတမဆက်ဆံပဲ မျှမျှတတဆက်ဆံခံရတယ်ထင်ရအောင် လုပ်ဖို့အရမ်းခက်ခဲပါတယ်။ဝန်ထမ်းအားလုံး လိုလိုဟာ ဘက်လိုက်ဆုံးဖြတ်တာနဲ့ပတ်သက်ပြီး ခံစားခဲ့ဖူးတဲ့သူတွေဖြစ်ပါတယ်။ အများ အားဖြင့် တော့ဘက်လိုက်မှုတွေ၊ ဦးစားပေးဆက်ဆံမှုတွေ မမျှတမှုတွေ၊ အလွဲသုံးစားလုပ်မှုတွေကို ကြုံဖူးကြတဲ့သူတွေများပါတယ်။
(၄)     မိသားစုသဖွယ်နွေးထွေးမှုအပြည့်ရှိသောလုပ်ငန်းခွင် ( Feel Like Family )။   ဒါနဲ့ပတ်သက် ပြီး တော့ ပြောစရာတခုရှိပါတယ်၊
အဲဒါကတော့ မိသားစုပုံစံကုမ္ပဏီလို့ပြောရရင် ပုံစံမျိုးစုံဖြစ်နိုင်ပါတယ်။ တခါတလေကျအင်တာဗျူးတွေမှာပြောလေ့ပြောထရှိတတ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက မိသားစု ပုံစံအလုပ်လုပ်တယ်လို့ ပြောတတ်ကြပါတယ်။ဒါဆိုရင်အကြမ်းဖျင်းပြောလို့ရနိုင်တာက စနစ်တကျလုပ် နေတာမဟုတ်ဖူးလို့ သုံးသပ်လို့ရနိုင်ပါတယ်။ မိသားစုပုံစံကုမ္ပဏီလို့ပြောခဲ့ရင်အဲဒါက ဘယ်လိုမိသားစု လဲဆိုတာကိုသိဖို့လိုပါလိမ့်မယ်။ မိသားစုလို့ပြောရင် အရမ်းချစ်တတ်တဲ့မိဘနှစ်ပါးရှိတဲ့ မိသားစုရှိသလို ပဲမိန်းမနှင့်သားသမီး ကိုရိုက်နှက်နှိပ်စက်တတ်တဲ့အဖေမျိုးရှိတဲ့ မိသားစုလဲရှိပါတယ်။ ယေဘုယျ ပြော မယ်ဆိုရင်တော့
အလုပ်ရှင်ကောင်းကောင်းဆီမှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေက မိသားစုပုံစံလုပ်ငန်း ခွင်မျိုးမှာ အလုပ်လုပ်ခွင့်ရတယ်လို့ပြောလာတယ်ဆိုရင် တော့ဒါအကောင်းဖက်ကပြောတာပဲ ဖြစ်ပါ တယ်။ အောက်ဖော်ပြပါအချက်တွေနဲ့ပြည့်စုံမယ်ဆိုရင် ကောင်းမွန်တဲ့မိသားစုပုံစံကုမ္ပဏီလို့ ဆိုနိုင်ပါလိမ့်မယ် -

( ၁ )   ဂရုတစိုက်ပြုစုပျိုးထောင်ပေးတဲ့ လုပ်ငန်းခွင် (A Caring, Nurturing Environment) – ကြီးကြပ်
သူတွေဟာဝန်ထမ်းတွေအပေါ်မှာ စိတ်ဝင်တစားနဲ့ သူတို့ရဲ့လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးသိအောင် ကြိုးစားပြီး
လိုက်လံဖြည့်ဆည်းပေးလေ့ရှိသလိုပဲ ဝန်ထမ်းတွေကလဲ သူတို့ကို တန်ဖိုးအထားခံရတယ် လို့  ခံစားတတ်တယ်။ ဒါဆိုရင်တော့ ကုမ္ပဏီနဲ့ဝန်ထမ်းကြားမှာ ယုံကြည်မှုတစ်ခု တည်ဆောက်ပြီးဖြစ် ပါတယ်။
( ၂ )   A Long Term Commitment – ဘယ်သူမဆို ကိုယ်ထူထောင်ထားတဲ့မိသားစုထဲက အလွယ်တ ကူထွက်သွားလို့မရပါဘူး။
အဲဒီလိုပဲအလွန်ကောင်းမွန်တဲ့ လုပ်ငန်းခွင်ကိုရရှိထားတဲ့ ဝန်ထမ်းတွေအဖို့ ဘဝ တလျှောက်လုံး ဒီကုမ္ပဏီမှာပဲမြှုပ်နှံတော့မယ်လို့ဆုံးဖြတ်ချက်ချစေနိုင်ပါတယ်။ လုပ်ငန်းရှင်ကောင်း တွေက အဲဒီလို Commitment မျိုးကို ပိုပြီး လိုချင်တန်ဖိုးထားတတ်ကြပါတယ်။
( ၃ )   We are all in it – မိသားစုတစုထဲမှာပါဝင်ခွင့်ရတဲ့အခါမှာ တဦးချင်းအနေနဲ့ အရေးပါတဲ့ အခန်း ကဏ္ဍတခုစီကနေပါဝင်ကပြနေရတယ်ဆိုတာခံစားကြရဖို့လိုပါတယ်။ မိသားစုဝင်တွေဟာ တစ်ဦးကိုတစ် ဦး လိုအပ်တာတွေဖြည့်ဆည်းပေးရင်းနဲ့အောင်မြင်ပျော်ရွှင်တဲ့ ဘဝတစ်ခုဆီကို လျှောက်လှမ်းနေကြရ တာ ဖြစ်ပါတယ်။ မိသားစုဝင်အားလုံးဟာတစ်သွေးတည်းတစ်သားတည်းဖြစ်နေပြီး ပြင်ပမှဝင်ရောက်လာမယ့်  ဘယ်လို ဘေးဒုက္ခအန္တရာယ်မျိုးကိုမဆိုတွန်းလှန်တိုက်ခိုက်ဖို့အတွက်အဆင် သင့်ရှိနေတဲ့ခံစားချက်မျိုးမွေးမြူနိုင်အောင် ဆောင်ရွက်ပေးရပါမယ်။လုပ်ငန်းခွင်ကောင်းတခုဖြစ်အောင်ဖန်တီးနိုင်ခဲ့ပြီဆိုရင်တော့ HR မန်နေဂျာတစ်ယောက်ရဲ့ တာ ဝန်တော်တော်များများကျေပွန်ပြီလို့ပြောရမှာပါ။ ဒါပေမယ့် အထူးသတိပြုရမှာက အဲဒီလိုလုပ်ငန်းခွင် ကောင်းတခု ဖြစ်ဖို့ဆိုတာ HRမန်နေဂျာတဦးတည်းနဲ့ ဆောင်ရွက်နိုင်မှာမဟုတ်ဘဲ သက်ဆိုင်ရာမန်နေ ဂျာတွေအားလုံးရဲ့ ပူးပေါင်းမှု၊

Thursday, December 28, 2017

အပိုင်း (၁၀) - အလုပ်သမားအဖွဲ့အစည်းနှင့်အလုပ်ရှင်အဖွဲ့အစည်းများ


 သတ်မှတ်ထားသည့် အသက်ပြည့်/အရွယ်ရောက်ပြီးသူ အလုပ်သမားတိုင်းသည်
• အလုပ်သမားအဖွဲ့အစည်းတွင် ၄င်းတို့၏ဆန္ဒအလျှောက်ပါဝင်ခွင့်/နှုတ်ထွက်ခွင့်ရှိသည်။
• အလုပ်သမားများသည် ၄င်းတို့လုပ်ကိုင်နေသည့် လုပ်ငန်းကဏ္ဍတွင် အနည်းဆုံး အလုပ်သမားအဖွဲ့အစည်းတစ်ခုတွင် ပါဝင်နိုင်သည်။
• အခြေခံအလုပ်သမားအဖွဲ့အစည်းကို သက်ဆိုင်ရာကဏ္ဍတွင် အနည်းဆုံးအလုပ်သမားဦးရေ (၃၀)ရှိပါကဖွဲ့စည်းနိုင်သည်။
• အလုပ်သမားအဖွဲ့အစည်းတစ်ရပ်ကိုဖွဲ့စည်းရာတွင် စုစုပေါင်းအလုပ်သမားဦးရေး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကထောက်ခံရမည်။
• (မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီး၊ အဖွဲ့ချုပ်၊ အလုပ်သမားရေးရာအဖွဲ့) အလုပ်သမားအဖွဲ့အစည်းများကိုဖွဲ့စည်းနိုင်သည်။
 “အလုပ်ရှင်” အဖွဲ့အစည်းများကိုလည်း ယှဉ်ပြိုင်အဖွဲ့အစည်းများနည်းတူ ယှဉ်ပြိုင်ဖွဲ့စည်းနိုင်ခွင့်ရှိသည်။
• အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်နှင့်ညှိနှိုင်းဆွေးနွေးနိုင်သည်။ ညှိနှိုင်းဆွေးနွေးမှုမအောင်မြင်ခဲ့ပါက တောင်းဆုမှုပြုနိုင်သည်။
• အလုပ်သမားအဖွဲ့အစည်းအနေဖြင့် ဥပဒေနှင့်အညီတောင်းဆိုမှုများကို လွတ်လပ်စွာဖော်ထုတ်နိုင်သည်။
• မိမိ၏တောင်းဆိုချက်များအတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ ဖျန်ဖြေခြင်း၊ ခုံသမာဓိနည်းလမ်းအရ အဆုံးအဖြတ်ခံယူခြင်း စသဖြင့်အဆင့်ဆင့်လုပ်ဆောင်ပြီးနောက် အလုပ်သမားအဖွဲ့ချုပ်၏ သဘောတူခွင့်ပြုချက်ဖြင့် သပိတ်မှောက်ဆန္ဒပြနိုင်သည်။ အလုပ်ရှင်မှာလည်း အလုပ်ကိုပိတ်ပစ်နိုင်သည်။
• အလုပ်ရှင်များသည် အလုပ်သမားတစ်ဦးကို အလုပ်သမားအဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ပါဝင်မှုကြောင့်ဖြစ်စေ၊ သပိတ်မှောက်ရာတွင် ပါဝင်မှုကြောင့်ဖြစ်စေ အလုပ်မှထုတ်ပယ်ခြင်း၊ မပြုရ။
• တရားဝင် ခွင့်ပြုထားခြင်းမရှိသည့် ဥပဒေနှင့်ဆန့်ကျင်သော သပိတ်မှောက်ရာတွင်ပါဝင်သော အလုပ်သမားအား (၃၀၀၀၀) ကျပ်ထက်မပိုသော ငွေဒဏ်ရိုက်နိုင်ပါသည်။
Credit : UMFCCI/Supported by ILO paper
Knowledge Sharing (HRM) >> https://web.facebook.com/AdvisoryRole/
Youth's HR Partnership Group >> https://web.facebook.com/groups/youthhrpartnership

Tuesday, December 19, 2017

အပိုင်း ( ၂ ) ဝန်ထမ်းရွေးချယ်ခန့်ထားခြင်း (၇)


( ၇ ) အင်တာဗျုးအမှားအယွင်းများ
အင်တာဗျူးတခုပြုလုပ်ရာမှာ တွေ့ကြုံရနိုင်တဲ့အမှားအယွင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
( ၁ )   Inappropriate Question။     တကယ်တော့ အင်တာဗျူးတခုမှာအလုပ်နဲ့သက်ဆိုင်တဲ့ မေးခွန်း တွေပဲ မေးသင့်ပါတယ်။
Applicant မဖြေချင်တဲ့သူ့ရဲ့ Personal Data တွေ၊ အလုပ်နဲ့မသက်ဆိုင်တာ တွေလုံးဝမမေးသင့်ပါဘူး။
( ၂ )   Premature Judgments ။   တခါတလေကျတော့ သေသေချာချာကို မမေးရသေးဘူး။ Interviewer  စိတ်ထဲမှာ ရွေးမယ် ၊မရွေးဘူး ကြိုပြီးဆုံးဖြတ်ပြီးသားဖြစ်နေတတ်ပါတယ်။
( ၃ )   Interviewer Domination ။  တခါတလေကျတော့ အင်တာဗျူးမှာ Applicant ကဘာမှမပြောပဲ Interviewerကချည်းပဲပြောနေတာမျိုးရှိတတ်ပါတယ်။ တကယ်တန်းတော့ Interviewer ဆိုတာလိုအပ်မှ ပြောပြီးနားထောင်တတ်ဖို့လိုပါတယ်။
( ၄ )   Inconsistent Question ။      Interviewer အနေနဲ့ တူညီတဲ့ရာထူးတစ်ခုအတွက် လာရောက် ဖြေဆိုသူများကိုမတူညီတဲ့မေးခွန်းတွေချည်းပဲ မေးခဲ့မယ်ဆိုရင် အမှတ်ပေးရတာ / ဆုံးဖြတ်ရတာခက်ခဲ တာ ဖြစ်နိုင်ပါတယ်။
( ၅ )   Central Tendency။   လာဖြေသူတွေကို အမှတ်ပေးရာမှာ ပျမ်းမျှအလယ်အလတ်တွေချည်းပဲ ပေး
မိနေရင်ရွေးချယ်ဖို့ဆုံးဖြတ်ရာမှာခက်ခဲနိုင်ပါတယ်။
( ၆ )   Halo Error။ Interviewer ဟာ Applicant ဖြေဆိုသူတွေအားလုံးကို သူအာရုံကျတဲ့အချက်တ ချက်ထဲကိုပဲအခြေခံပြီးအမှတ်ပေးသွားတတ်ပါတယ်။
( ၇ )  Contrast Effect။ တစ်ခါတလေကျ Intenviewer ရှေ့ပိုင်းမှာ သိပ်ညံ့တဲ့ Applicants တွေကို ပဲ
တောက်လျှောက်တွေ့ခဲ့ရတဲ့အခါမှာသာမန်လူတယောက်ကိုတွေ့လိုက်ရုံနဲ့ ရှေ့ကလူတွေနဲ့ယှဉ်ပြီး နောက်ဆုံးလူကို သိပ်တော်တာပဲလို့ဖြစ်သွားတတ်ပါတယ်။
( ၈ )   Interviewer Bias ။  ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ Interviewer ဟာဘက်လိုက်ပြီး ဆုံးဖြတ် တာမျိုးမရှိသင့်ပါဘူး။ ( ဥပမာ-ဆွေမျိုးတော်လို့၊ အသိမိတ်ဆွေမို့လို့စသဖြင့်ပေါ့ )။
( ၉ )   Lack of Training ။  Interview  ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုမေးခွန်းတွေကိုမေးရမယ်။ ဘယ်လို အချက်တွေကိုအခြေခံပြီးဆုံးဖြတ်ရမယ်ဆိုတာသေချာမသိရင် ဆုံးဖြတ်ချက် မှားနိုင်ပါတယ်။
( ၁ဝ )           Behavior Samples ။   တကယ်လို့ Interviewer တစ်ယောက်ဟာ Applicant တစ်ဦးနဲ့ တပတ်လောက်အတူတူရှိနေခွင့်ရှိခဲ့တယ်ဆိုရင်မှ သူရဲ့တကယ်တမ်းစိတ်အမှန်ကို၊ Behavior ကိုသိဖို့ခက်ပါ တယ်။အင်တာဗျူးလုပ်တဲ့အချိန်ခဏကလေးအတွင်းမှာပဲဆို ပိုပြီးခက်ပါတယ်။
( ၁၁ )           Nonverbal Communication – မထင်မှတ်ပဲကိုယ်ဟန်အမူအရာအနေအထားနဲ့ Applicant ကိုနည်းပေးလမ်းပြမလုပ်မိစေဖို့ အရေးကြီးပါတယ်။

( ၈ ) Referee Check ။
 Selection Process တွေပြီးဆုံးလို့ applicant တဦးကိုကျွန်တော်တို့ရွေးချယ် ပြီးသွားရင် ဘာတွေဆက်လုပ်ရမလဲစဉ်းစားကြည့်ကြရအောင်။ အဲဒါဆိုရင် ကျွန်တော်တို့ဟာ ရွေးချယ် ခံရတဲ့ Applicant ကို Job  Offer လုပ် ရလိမ့်မယ်။အဲဒီလိုမျိုး Job Offer မလုပ်ခင်မှာအရေးကြီးတာ လေးတစ်ခုလုပ်ဖို့ကျန်ပါတယ်။ အဲဒါကတော့ Referee Check ဖြစ်ပါတယ်။ RefereeCheck ဆိုတာက တော့ကိုယ်စိတ်ကြိုက်စစ်ဆေးပြီးလို့ ကိုယ့်အဖွဲ့အစည်းအတွက်သင့်တော်ပြီလို့စဉ်းစားပြီး ရွေးချယ်ဖို့ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ကို သူအရင်တာဝန်ထမ်းဆောင်ခဲ့တဲ့လုပ်ငန်းတွေက အထက်အကြီး အကဲတွေရဲ့ဆီကသူ့ရဲ့အကျင့်စာရိတ္တ၊ လုပ်ရည်ကိုင်ရည်နဲ့ စိတ်နေသဘောထားတွေနဲ့ပတ်သက်ပြီး စစ်ဆေးအတည်ပြုချက်တွေ၊ထောက်ခံချက်တွေရယူတာဖြစ်ပါတယ်။ အဲဒီအခါမှာ အဲဒီထောက်ခံချက်ရ ယူဖို့အတွက် ပုံစံတစ်ခုသတ်သတ်ပြုစုထားရမှာဖြစ်ပါတယ်။တစ်ခါတလေမှာ ထည့်သွင်းစဉ်းစားရမှာက အရင်အလုပ်က လူကြီးကမထောက်ခံခဲ့ဘူးဆိုရင် လုံးဝမခန့်ဘဲနေမှာလားဆိုတာပါ။ ကျွန်တော်တို့ဆီမှာ က ဝန်ထမ်းတစ်ယောက်ထွက်သွားခဲ့ရင် အဲဒီလုပ်ငန်းရှင် သို့မဟုတ် အထက်အကြီးအကဲတွေက ထွက်သွားသူကိုအကောင်းမမြင်ဘဲ မကောင်းပြောတတ်ကြတာမျိုးတွေရှိလို့ပါ။ ယေဘုယျဆိုရင်တော့ အရင်အ လုပ်က ကြီးကြပ်သူ
ဒါမှမဟုတ်လုပ်ငန်းရှင်ကမထောက်ခံခဲ့ရင်တော့ မခန့်တာကောင်းတယ်လို့ပဲ ပြောရ မှာပါ။ ဒါပေမယ့် တစ်ခြားဘက်ကိုလည်းစဉ်းစားပေးဖို့လိုပါတယ်။ ကျွန်တော်တို့ဆီက လုပ်ငန်းရှင်ဘယ် နှစ်ယောက်ကများ ကိုယ့်ဆီကထွက်သွားတဲ့ဝန်ထမ်းတစ်ယောက်ကိုသိပ်ကောင်းပါတယ်လို့ ပြောဖူး တာများကြားဖူးပါသလဲ။ ရှားပါတယ်။  အဲဒီတော့ အဲဒီလိုကိစ္စရပ်မျိုးမှာဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့မူဝါဒတွေလဲချမှတ်ထားဖို့လိုအပ်ပါလိမ့်မယ်။ နောက်ပြီး အခုမှလုပ်ငန်းခွင်ကိုဝင်ဖို့ကြိုးစားတဲ့လူငယ် တွေ ကျရင်တော့ သူတို့ရဲ့ AcademicReocrd ကိုမေးမြန်းသင့်ပါတယ်။တခါတစ်လေကျ ဖြစ်တတ်ပါတယ်။ ကိုယ်ကခန့်လိုက်တဲ့အချိန်မှာ ခန့်အပ်ခံရတဲ့သူက  အလုပ် မဝင်ဖြစ်တော့တာမျိုး၊ အဲဒီအခါကျရင်Selection Process ကိုနောက်တခါအစကပြန်စရတော့မှာပေါ့။ တကယ်တမ်းတော့ ပထမတစ်ယောက်ကအလုပ်မဝင်ဖြစ်ခဲ့ဖူးဆိုရင်အစားထိုးနိုင်ဖို့ အရန်တစ်ယောက် ကြိုတင်ရွေးချယ်ထားဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ သတိထားဖို့လိုတာတစ်ချက်ကသီးခြားညွှန်ကြားချက် မရှိဘူးဆိုရင် ရွေးချယ်မခံရတဲ့သူတွေကိုပါ ရွေးချယ်မခံရတဲ့အကြောင်း အကြောင်းကြားပေးသင့်ပါ တယ်။

( ၉ ) လုပ်ငန်းခွင်မိတ်ဆက်ခြင်း Orientation Program
နောက်ထပ်ဆောင်ရွက်ရမှာတစ်ခုက စီမံဌာနနဲ့ညှိနှိုင်းတိုင်ပင်ပြီး ဝန်ထမ်းအသစ်အတွက် နေရာ ထိုင်ခင်းစီစဉ်ပေးဖို့လိုပါတယ်။စာရေးကိရိယာ၊ ကွန်ပြူတာစတာတွေ စီစဉ်ထားပေးဖို့လိုပါတယ်။ နောက် တစ်ခုက ဝန်ထမ်းအသစ်အတွက် လုပ်ငန်းခွင်မိတ်ဆက်Orientation Program စီစဉ်ထားပေးဖို့လိုပါ လိမ့်မယ်။ Orientation Program ဆိုတာကတော့ အသစ်ဝင်ရောက်လာတဲ့ဝန်ထမ်းကိုကုမ္ပဏီ အကြီးအကဲတွေ၊ ဖွဲ့စည်းပုံတွေ၊ လုပ်ငန်း စီစဉ်ဆောင်ရွက်မှုတွေ၊ လုပ်ဆောင်နေတဲ့ လုပ်ငန်း အစီအစဉ်တွေနဲ့၊လုပ်ထုံးလုပ်နည်းစည်းကမ်းချက်၊ တားမြစ်ကန့်သတ်ချက် ( Do’s and Don’ts) တွေ၊ ကြိုတင်သိရှိထားရအောင်ပါ။ အဲဒါမှလည်းဝန်ထမ်းအသစ်အနေနဲ့ လုပ်ငန်းခွင်မှာ အချိန်တိုအတွင်း အံဝင် ခွင် ကျဖြစ်သွားနိုင်အောင်ပါ။
တခါတစ်လေကျတော့ အခက်အခဲရှိတတ်ပါတယ်။ ဝန်ထမ်းတစ်ဦးအသစ်ဝင်တိုင်း Orientation Program တခါစီစဉ်မယ်ဆိုရင်သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ အချိန်အများကြီး ကုန်ဆုံးစေ နိုင်တာပါ။ ၄-၅ ယောက်လောက်ရှိမှလုပ်မယ်ဆိုရင်လည်းရည်ရွယ်ချက်မအောင်မြင်ဘဲဖြစ်တတ်ပါတယ်။ အဲဒိလို Orientation Program ပြုလုပ်ဖို့အတွက်သီးသန့်အချိန်တစ်ချိန်စီစဉ်ထားဖို့လိုပါတယ်။ လုပ်ခဲ့ဖူးတဲ့ အဖွဲ့အစည်းတစ်ခုမှာတော့ ပထမဆုံးအလုပ်ဝင်တဲ့တစ်ပတ်လုံးကိုOrientation  Program အတွက် လျာထားစီစဉ်ထားပေးပါတယ်။
အဲဒိ Orientation Program မှာအဖွဲ့အစည်း၊ ကုမ္ပဏီအတွင်းမှာရှိတဲ့ ( Admin, HR, Logistics, Procurement, Sales,Marketing, Accounting, Finance, Operation, Project  အစရှိတဲ့ ) ဌာနအား လုံးရဲ့ အကြီးအကဲ၊ မန်နေဂျာတွေအားလုံးပါဝင်ပြီးမိမိတို့တာဝန်ယူထားတဲ့ သက်ဆိုင်ရာဌာနအ သီးသီး ရှိ တာဝန်တွေ၊ လုပ်ထုံးလုပ်နည်းတွေကို သေချာစနစ်တကျရှင်းလင်း ပြောပြပေးဖို့အတွက် HR ဌာနက တာဝန်ယူပြီး စီစဉ်ပေးရပါလိမ့်မယ်။Orientation Program ပြီးမှ ဝန်ထမ်းအသစ်တွေကို သက်ဆိုင်ရာအကြီးအကဲ၊ Supervisor ရဲ့ လက်ထဲ အပ်ပေးသင့်ပါတယ်။
Credit : ဆရာမင်းခေါင် (AMARA)

အပိုင်း ( ၂ ) ဝန်ထမ်းရွေးချယ်ခန့်ထားခြင်း (၆)


( ၅ ) အင်တာဗျူးနည်းလမ်းများ Interview Methods
ကုမ္ပဏီအဖွဲ့အစည်းတွေဟာ အင်တာဗျူးကိုနည်းမျိုးစုံလုပ်တတ်ကြပါတယ်။ ဘယ်လိုအင် တာဗျူး မျိုးကို
လုပ်သင့်လဲဆိုတာကတော့ဆိုတာကလစ်လပ်ရာထူးနေရာနဲ့ Labor Market  ပေါ်မှာ မူ တည်ပါလိမ့်မယ်။ Interview Method ( ၅ )မျိုးလောက်ရှိပါတယ်။ အဲဒါတွေကတော့ -
( ၁ ) One to one Interview – မေးမြန်းသူနဲ့ဖြေဆိုသူတစ်ဦးချင်း တွေ့ဆုံမေးမြန်းတာမျိုးပါ။ အထူးသ ဖြင့်တော့ Executive  Levelတွေကို ရွေးချယ်တာမျိုးမှာ သုံးပါတယ်။
( ၂ ) Group interview -  Applicant ( ၃ / ၄ ) ဦးခန့်နဲ့ မေးမြန်းသူ ၃/၄ဦးခန့် စုစည်းပြီး စကားပြော ဆိုကြတာမျိုးပါ။ကျွန်တော်တို့ဆီမှာမတွေ့ဖူးသေးပါဘူး။ အဓိကတော့ တစ်ဦးချင်းစီရဲ့ ပေါင်းသင်းဆက် ဆံရေးစွမ်းရည်ကိုအကဲဖြတ်ဖို့ဖြစ်ပါတယ်။
( ၃ ) Board Interview ။   ကုမ္ပဏီကတာဝန်ရှိသူ ၄ျ / ၅ ဦးခန့်က ဖြေဆိုသူတစ်ဦးချင်းစီကို တွေ့ဆုံတာ မျိုးပါ။ အများအားဖြင့်ခန့်ထားမယ့်ရာထူးနှင့် အလားတူရာထူးမှာတာဝန်ထမ်းဆောင်နေသူတွေ၊ ကြီး ကြပ်သူတွေ၊ လက်အောက်မှာတာဝန်ထမ်းဆောင်ရမယ့်ဝန်ထမ်းတွေစုစည်းပြီး Applicant ကို တွေ့ဆုံ မေးမြန်းတာမျိုးဖြစ်ပါတယ်။
( ၄ ) Stress Interview  ။  အင်တာဗျူးတော်တော်များများမှာ ဖြေဆိုသူကို Stress အနည်းဆုံးဖြစ် အောင် စီစဉ်ထားလေ့ရှိပါတယ်။ဒါပေမယ့်တခါတရံတော့ တမင်တကာကိုပဲ ဖြေဆိုသူကို စိတ်တို အောင်ပြုလုပ်ပြီး မေးမြန်းရတာမျိုးလည်းရှိပါတယ်။အဓိကရည်ရွယ်ချက်ကတော့ ဖြေဆိုသူရဲ့စိတ်ဓာတ် ခွန်အားဘယ်လောက်ရှိသလဲ၊ လုပ်ငန်းခွင်ထဲဝင်ရောက်တဲ့အခါ Stressဒဏ်ကိုဘယ်လောက်ထိ ခံနိုင် ရည်ရှိမလဲ၊ အဲဒီလိုမျိုး Stress တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာတွေကိုသိဖို့အတွက်ပြုလုပ်တာဖြစ်ပါတယ်။ ( ဥပမာ ဖြေဆိုမယ့်သူကို ခြေထောက်တချောင်း ( ဒါမှမဟုတ် ) နှစ်ချောင်းတိုနေတဲ့ ထိုင်ခုံမျိုးပေးထိုင်ပြီး
အင်တာဗျူးလုပ်တာမျိုးပေါ့၊ တခါတရံကျတော့ ဘယ်လိုမှကိုမသိနိုင်တဲ့ မေးခွန်းမျိုး ကို မေးတတ်ပါတယ်။

( ၆ ) Realistic Job Preview
အများအားဖြင့်တော့ အလုပ်အင်တာဗျူးလာရောက်ဖြေဆိုသူအများစုဟာ မိမိတို့ လျှောက်ထားတဲ့အလုပ်နဲ့ ပတ်သက်ပြီးသေချာဂဃနဏသိရှိကြလေ့မရှိပါဘူး။ အထူးသဖြင့် Interviewer က သေချာမပြောပြခဲ့ရင် အကျိုးဆက်ကသိပ်မကောင်းတတ်ပါဘူး။အဲဒါမျိုးဆိုရင် လူမှန်နေ ရာမှန်ရဖို့ခက်ခဲပါတယ်။ ပိုဆိုးတာက လာရောက်ဖြေဆိုသူက သူရဲ့အရည်အချင်းကိုရှိတာထက် ပိုပြောတဲ့အခါမျိုးကျရင် ပိုပြီးလွဲသွားတတ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့လုပ်သင့်တာက Realistic Job Preview ပါ။Realistic Job Preview မှာ ကုမ္ပဏီနှင့်ပတ်သက်တဲ့ အားသာချက်တွေကော၊ အားနည်း ချက်တွေကောအားလုံးကိုအရှိအတိုင်းပြောပြသွားရမှာဖြစ်ပါတယ်။ ပြီးတော့ ခေါ်ယူတဲ့ရာထူးနဲ့ပတ် သက်ပြီး ရှိရမယ့်အရည်အချင်းတွေ စိတ်သဘောထားတွေကိုပွင့်ပွင့်လင်းလင်းပြောပြရမှာ ဖြစ်ပါတယ်။
အဲဒီလိုမျိုးပြောပြထားခြင်းအားဖြင့်ဝန်ထမ်းအနေနဲ့ ကုမ္ပဏီအကြောင်းဂဃနဏ သိရှိ သွားမှာ ဖြစ်လို့
သူရဲ့လက်ရှိအရည်အချင်းများနဲ့ ကိုက်ညီမှုရှိ /မရှိ၊ မိမိနဲ့သင့်တော်မှုရှိ /မရှိ သိသွားပြီး ဆုံးဖြတ်ရလွယ်ကူစေမှာဖြစ်ပါတယ်။
Realistic Job Preview လုပ်လိုက်တဲ့အခါမှာ Result ( ၂ ) မျိုးရလာနိုင်ပါတယ်။အဲဒါတွေကတော့-
( ၁ ) အလုပ်ဝင်တဲ့လူအရေအတွက် နည်းသွားတာ
( ၂ ) အလုပ်ဝင်လာတဲ့သူတွေဟာ အလုပ်မှာစွဲစွဲမြဲမြဲဆက်လက်လုပ်ကိုင်လျက်ရှိတာတို့ဖြစ်ပါတယ်။
Realistic Job Preview သုံးခြင်းအားဖြင့် ကိုယ်ကိုယ့်ကို အရည်အချင်းမပြည့်ဘူးလို့ယူဆတဲ့ Applicants တွေဟာသူအလိုလိုနောက်ဆုတ်သွားကြတဲ့အတွက် အရည်အချင်းမပြည့်မီသူတွေ ကိုယ့် ကိုယ်ကိုယုံကြည်မှုမရှိတဲ့သူတွေကိုဖယ်ထုတ်ပြီးဖြစ်ပါတယ်။Selection နည်းလမ်းတွေအားလုံးထဲမှာတော့အင်တာဗျူးလုပ်တာဟာ ဘက်လိုက်ဆုံးဖြတ်မှုအဖြစ် နိုင် ဆုံးနည်းလမ်းတခုပါ။သာမန်အားဖြင့် အင်တာဗျူးတခုမှာ Interviewer နဲ့ Interviewee လွတ်လပ်စွာ ပြောဆိုနိုင်တာဟာကောင်းမွန်တဲ့အချက်တချက်
ဖြစ်တာမှန်ပေမယ့်အဲဒီအချက်ကပဲ အားနည်းချက် ဖြစ် နေတာလဲအမှန်ပါပဲ။Intenieviewer  တဦးအနေနဲ့ တူညီတဲ့ရာထူးတခုအတွက် ၊ လာရောက်ဖြေဆိုသူတွေကို တူညီ တဲ့မေးခွန်းတွေကိုပဲမေးမြန်းသင့်ပါတယ်။ ပြီးတော့ ဖြေဆိုတဲ့အဖြေအားလုံးကို သေချာမှတ်တမ်းတင် ထားသင့်ပါတယ်။ Applicantကအလုပ်နဲ့မသက်ဆိုင်တဲ့အဖြေမျိုးတွေဖြေဆိုတဲ့အခါမှာ မူလမေးခွန်း လမ်းကြောင်းပေါ်ကို ပြန်လည်တည့်မတ်ပေးဖို့တာဝန်ရှိပါတယ်။
Credit : ဆရာမင်းခေါင် (AMARA)

Monday, December 18, 2017

အပိုင်း ( ၂ ) ဝန်ထမ်းရွေးချယ်ခန့်ထားခြင်း (၅)


Selection Test များ
စစ်ဆေးသင့်တဲ့ Test တွေကတော့အများကြီး ရှိပါတယ်။ အဲ့ဒါတွေကတော့
( ၁ ) Cognitive Aptitude Test – ကျိုးကြောင်းဆက်စပ်စဉ်းစားနိုင်မှု၊ မှတ်ဥာဏ်၊ စကားပြောဆိုမှုစွမ်း ရည်၊အတွက်အချက်စတာတွေကို စစ်ဆေးဖို့ပါ။
( ၂ ) Job-Knowledge Test – ဖြေဆိုသူရဲ့ အလုပ်နဲ့ပတ်သက်တဲ့ ဗဟုသုတဘယ်လောက်ရှိသလဲ ဆို တာစစ်ဆေးဖို့ပါ။
( ၃ ) Work-Sample Test – သက်ဆိုင်ရာရာထူးနဲ့ပတ်သက်တဲ့ တကယ့်လုပ်ဆောင်ရတဲ့ လုပ်ငန်းတာ ဝန်အချို့ကိုတကယ်ထမ်းဆောင်စေတာပါ။ ဥပမာစာစီစာရိုက်ခေါ်ရင် လက်တွေ့စာရိုက်ခိုင်းတာမျိုး၊ဂဟေ ဆော်မယ့်သူခေါ်ရင်လက်တွေ့ဂဟေဆော်ပြခိုင်းတာမျိုးပါ။
( ၄ ) Vocational Interest Test – လုပ်ရမယ့်အလုပ်ကို ဘယ်လောက်စိတ်ဝင်စားမှုရှိသလဲစစ်ဆေးတာ ပါ။
( ၅ )Personality Test – ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ခေါင်းဆောင်မှုစွမ်းရည်၊ အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင် ရွက်တတ်မှုစတာတွေကိုစစ်ဆေးဖို့ပါ။
( ၆ ) Substance Abuse Test – မူးယစ်ဆေးဝါးသုံးစွဲမှုရှိ၊ မရှိ အရက်သေစာသောက်စားမှုရှိ၊ မရှိ စတာ တွေကို စစ်ဆေးဖို့ပါ။
( ၇ ) General Test – တချို့နိုင်ငံတွေမှာ စစ်ဆေးတတ်ပါတယ်။ လူပုဂ္ဂိုလ် တစ်ဦးချင်းမျိုးရိုး လိုက်တတ် သော ရောဂါများရှိ/မရှိစစ်ဆေးဖို့ပါ(ဥပမာ – ကင်ဆာ၊ နှလုံးရောဂါစတာမျိုးပါ။)
( ၈ ) Graphoanalysis – လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ လက်ရေးတွေဟာ သူတို့ရဲ့အကျင့်စရိုက်တွေကို ထင် ဟပ်တယ်ဆိုတဲ့အယူအဆကိုအခြေခံပြီး စစ်ဆေးတာဖြစ်ပါတယ် ။ လက်ရေးပါရဂူတွေဟာ ရေးထားတဲ့ လက်ရေးတွေကို လေ့လာဖတ်ရှုပြီးအဲဒီလက်ရေးပိုင်ရှင်ရဲ့ စိတ်နေစိတ်ထားကိုခန့်မှန်းနိုင်ကြပါတယ်။
( ၉ ) Internet Testing – အခုဆိုရင် ကမ္ဘာကြီးဟာကမ္ဘာရွာ ( Global Village ) လို့ပြောရလောက်
အောင်ပဲနည်းပညာတိုးတက်လာတဲ့အတွက် အဲဒီ IT နည်းပညာတွေထဲမှာ စီးဝင်လိုက်ပါနိုင်မှုရှိ/မရှိ စစ် ဆေးတာပါ။
( ၁ဝ ) Assessment Centers ။ တကယ့်လုပ်ငန်းခွင်မှာလုပ်ရမယ့် လုပ်ငန်းတာဝန်တွေကို ပြင်ပ မှာ လက်တွေ့လုပ်ဆောင်ခိုင်းတာမျိုးပါ။Assessment Centers စနစ်က လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ Prioritizing, Delegating, Decision making skill တွေကိုစစ်ဆေးပေးနိုင်ပါတယ်။ဖော်ပြခဲ့တဲ့ Test တွေနဲ့ Preliminary Interview ကိုဖြေဆိုပြီးကျော်ဖြတ်နိုင်ခဲ့ပြီဆိုရင်တော့ Applicants တွေဟာ Final Interviewကိုရင်ဆိုင်ရတော့မှာပါ။ အဲဒီ Final Interview ဟာအင်မတန်ကို အရေးကြီးပါတယ်။ ဒီအင်တာဗျူးကိုသာကောင်းကောင်းမွန်မွန်ကျော်ဖြတ်နိုင်ခဲ့ပြီဆိုရင် သူဟာအရွေး ချယ်ခံရပြီး အလုပ်လုပ်ခွင့်ရပြီလို့ပြောရမှာဖြစ်ပါတယ်။ကုမ္ပဏီဘက်ကလည်း သူကိုယုံယုံကြည်ကြည် တာဝန်လွှဲပေးပြီး ကုမ္ပဏီရဲ့အနာဂတ်အစိတ်အပိုင်းအချို့ကို ပုံအပ်လိုက်ရတော့မှာပါ။Final Interview မှာဆိုရင် Interviewer ရော Applicant ရောနှစ်ဦးနှစ်ဘက်စလုံးဟာ တဘက်နဲ့ တဘက် Information Exchangeလုပ်ကြရပါတယ်။
ဒါကြောင့်မို့လို့ Final Interview တစ်ခုမပြုလုပ်ခင်မှာ ကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်ဖို့လိုအပ် ပါတယ်။ အင်တာဗျူးတခုအတွက်ပြင်ဆင်တော့မယ်ဆိုရင် အရေးကြီးတာတစ်ခုရှိပါတယ်။တကယ်ကို အရည်အချင်း ပြည့်မီတဲ့ ဝန်ထမ်းလောင်းတွေဟာ အချိန်တိုအတွင်းမှာ အလုပ်ရ သွားတတ်ကြပြီး ကိုယ်ကခန့်ချိန်တောင်မရလိုက်ကြပါဘူး။
ဆိုလိုချင်တာကတော့ အင်တာဗျူးအစီအစဉ်တွေ ဝန်ထမ်းရွေးချယ်ရေးအစီအစဉ်တွေဟာ သွက် လက်မြန်ဆန်ဖို့လိုတယ်လို့ပြောချင်တာပါ။ တစ်ခါတရံကျတော့ ကြုံရတတ်တာက ကိုယ်ကသိပ်ကြိုက် နေပြီ၊ ဒါပေမယ့် အတည်ပြုချက်ရဖို့အဆင့်ဆင့်ခွင့်ပြုချက်တောင်းခံနေရတဲ့အခါမျိုးဆိုရင် ကိုယ်ကုမ္ပ ဏီကခန့်မယ်လုပ်တဲ့အချိန်မှာ တခြားကုမ္ပဏီက ခန့်ပြီးသွားတာမျိုးခဏခဏတွေ့ရပါတယ်။ဆက်ပြောရမယ်ဆိုရင် အင်တာဗျူးပြုလုပ်မယ့်အခန်းဟာ မေးမြန်းသူရော၊ ဖြေဆိုသူအတွက်ပါသက်တောင့်သက်သာရှိတဲ့နေရာဖြစ်ဖို့ လိုအပ်ပါတယ်။ အင်တာဗျူးပြုလုပ်နေစဉ်အချိန်အတွင်းမှာ ပြင်ပကအနှောင့်အယှက်နည်းဖို့လိုအပ်ပါတယ်။ အများအားဖြင့်ဖြစ်တတ်တာကတော့ မေးမြန်းနေတုန်း ဖုန်းဝင်လာတာပဲဖြစ်ပါတယ်။တကယ်တော့အင်တာဗျူးပြုလုပ်နေချိန်မှာ တဖက်ကိုတဖက်လေးစားမှုရှိ တယ် ဆိုရင် ဖုံးပိတ်ထား တာမျိုး၊ ဒါမှမဟုတ် Silentလုပ်ထားတာမျိုးလုပ်သင့်ပါတယ်။နောက်ပြီးတော့ အင်တာဗျူးမေးမြန်းမယ့်သူအနေနဲ့အောက်ပါအချက်တွေပါဝင်တဲ့ Checklist တွေလုပ်ထားသင့်ပါတယ်။
( ၁ )   လျှောက်ထားတဲ့အလုပ်ရဲ့ လိုအပ်ချက်နဲ့လျှောက်ထားသူရဲ့အရည်အချင်းနှိုင်းယှဉ်ဖော်ပြချက်များ
( ၂ )   လိုအပ်တဲ့အရည်အချင်းနဲ့ပတ်သက်တဲ့မေးခွန်းတွေကို ကြိုပြီးပြုစုပေးထားဖို့
( ၃ )   တာဝန်ထမ်းဆောင်ရမည့်ဌာန၊ ကုမ္ပဏီနှင့် ပတ်သက်တဲ့အချက်အလက်များ
( ၄ )   လျှောက်ထားသူရဲ့ Behaviour နဲ့ပတ်သက်တဲ့မေးခွန်းများ
အဲဒါတွေအပြင် အင်တာဗျူးမှာ ဖြေဆိုသူတင်ပြထားတဲ့ ပညာရေးအထောက်အထားတွေ၊ အခြား သော
သက်ဆိုင်တဲ့ထောက်ခံချက်တွေ အစရှိတာတွေကိုတပါတည်းစစ်ဆေးသွားသင့်ပါတယ်။ ဘာလို့ လဲဆိုတော့ အချို့ Applicants တွေကအလုပ်ရဖို့အတွက် အချို့သောအထောက်အထားတွေကို လုပ်ကြံ တင်ပြတာမျိုးတွေ လုပ်တတ်ကြလို့ပါ။

အင်တာဗျူးတွင်မေးမြန်းသင့်သော အချက်အလက်များ
အင်တာဗျူးတစ်ခုမှာဆိုရင် Interviewer မှာ မေးမြန်းဖို့အစီအစဉ်တွေရှိသလိုပဲ Applicant ဖြစ်သူမှာ လည်းမေးမြန်းဖို့ကြိုတင်စီစဉ်ထားတာတွေရှိကြပါတယ်။ အထူးသဖြင့်တော့ Interviewer ဟာ လျှောက်ထားသူ ရဲ့ ကိုယ်ရေးရာဇဝင်မှာဖော်ပြထားတဲ့အချက်တွေမှန်ကန်မှုရှိ/မရှိအပြင် မပါဝင် တဲ့တခြားအချက်အလက်တွေ ကိုပါ သိရှိနိုင်ဖို့ကြိုးစားကြပါတယ်။ ပြီးတော့ဖြေဆိုသူသိသင့်သိထိုက် တဲ့ ကုမ္ပဏီနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုပြန်ပြီး အသိပေးလေ့ရှိပါတယ်။ (ကုမ္ပဏီရဲ့အရွယ် အစား၊လုပ်ငန်းဆောင်တာများစသဖြင့်ပေါ့) အင်တာဗျုးတစ်ခုမှာ အောက်ပါအချက်အလက်တွေ ပါဝင်မေးမြန်းဖို့လိုပါတယ်။(၁)     Occupational Experience။  Interviewer က Applicant ရဲ့ဗဟုသုတဥာဏ်ပညာ၊ ကျွမ်းကျင်မှု၊ စွမ်းဆောင်နိုင်မှု၊စိတ်ပါဝင်စားမှု၊ တာဝန်ယူနိုင်မှုတွေကို ပေါ်လွင်အောင် မေးမြန်းရပါလိမ့် မယ်။ အခြားအလုပ်တစ်ခုမှာအောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့တာဟာယခုအလုပ်အတွက် အာမခံချက် တခု မဟုတ်ပေမယ့် ပတ်သက်နှီးနွယ်မှုတော့ရှိပါတယ်။
(၂)     Academic Achievementm။ – ခေါ်ယူမယ့်လုပ်ငန်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ လုပ်ငန်း အတွေ့အကြုံမရှိဘူးဆိုရင်သူ့ရဲ့ပညာအရည်အချင်း၊ သင်ယူခဲ့တဲ့ဘာသာရပ်တွေကို ထည့်သွင်းစဉ်းစား ဖို့ လိုအပ်လာပါပြီ။ ပညာရေးနဲ့ပတ်သက်ပြီးဘယ်လောက်အထိစွမ်းဆောင်နိုင်ခဲ့သလဲဆိုတာ အများကြီး ထည့်သွင်းစဉ်းစားဖို့လိုပါ တယ်။
(၃)     Interpersonal Skill – တခါတရံမှာ တချို့သောပုဂ္ဂိုလ်တွေဟာ သက်ဆိုင်ရာလုပ်ငန်းနဲ့ ပတ်သက်တဲ့လုပ်ငန်းကျွမ်းကျင်မှုအပြည့်ရှိပေမယ့် တခြားသူတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင် တတ်တဲ့ အလေ့အထမရှိပါဘူး။အခုအချိန်လိုမျိုး  Teamwork နဲ့ပူးပေါင်းဆောင်ရွက်ကြ ရမယ့် အချိန် အခါမျိုးမှာ အဲဒီပုဂ္ဂိုလ် တွေဟာ အံဝင်ခွင်ကျမဖြစ်ပါဘူး။
(၄)     Personal Qualities – လူတစ်ဦးတစ်ယောက်ရဲ့ ဥပဓိရုပ်၊ စကားပြောဆိုမှုစွမ်းရည်၊ လိုက်
လျောညီထွေနေတတ်မှုစတာတွေ ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာအလုပ်နဲ့ သက်ဆိုင်မှုဘယ်လောက်ရှိသလဲဆိုတာ ပိုပြီးအရေးကြီးပါတယ်။ (ဥပမာ- လုံခြုံရေးဝန်ထမ်းဆိုရင် အရပ် ရှည်ပြီး ဗလကောင်းတာ စဉ်းစားရပြီးအများနဲ့ဆက်ဆံရတဲ့သူမျိုးဆိုရင် ရုပ်ရည်ပြေပြစ်တာ၊ စကား ပြောကောင်းတာမျိုးကိုပြောတာပါ။)
(၅)     Organizational Fit – Organization Fit ဆိုတာကတော့ Interviewer ရဲ့ စိတ်ခံစားမှု အရ ၊ တစ်ခါတစ်ရံမှာအင်တာဗျူးပြုလုပ်ကြည့်တဲ့အခါမှာအရည်အချင်းသိပ်ကောင်းနေပေမယ့် အဆင် မပြေလောက်ပါ ဘူးလို့စိတ်မှာခံစားရတာမျိုးတွေရှိပါတယ်။ (သက်သေပြလို့တော့မရဘူးပေါ့။)

( ၄ ) အင်တာဗျူး အမျိုးအစားများ  ( Types of  Interview )
ဒီတော့ အင်တာဗျူး ဘယ်နှစ်မျိုးလောက်ရှိသလဲ ကြည့်ကြရအောင်ပါ။ အင်တာဗျူး အမျိုးအစားခွဲရင် အဓိ ကအားဖြင့် ( ၂ )မျိုးပဲရှိပါတယ်။ အဲဒါတွေကတော့ –
( ၁ ) Structured Interview -         ဒီအင်တာဗျူးမှာဆိုရင် မေးမြန်းသူဟာအလုပ်နဲ့ပတ်သက်တဲ့ မေး ခွန်းတွေကို အစီအစဉ်တကျစီစဉ်ထားပြီး မေးမြန်းဖို့ပြင်ဆင်ထားကြပါတယ်။
( ၂ ) Un-Structured Interview -  ဒီအင်တာဗျူးမှာ မေးမြန်းသူဟာ ကြိုတင်ပြင်ဆင်ထားတာမဟုတ်ဘဲ
မေးခွန်းတွေကိုမေးမြန်းတာဖြစ်ပါတယ်။ ဖြေဆိုသူကို စကားတွေအများကြီးပြောဖြစ်အောင် တိုက်တွန်း တတ်ပါသေးတယ်။ ဒါပေမယ့်ဒီလိုအင်တာဗျူးမျိုးဟာ Structured Interview ထက်အချိန်အများကြီးပို ပေးရပါတယ်။ အချိန်ယူပြီးမေးရပါတယ်။ ကျွန်တော်တို့ဆီမှာအတွေ့ရများပါတယ်။ အင်တာဗျူးသူက သူ သိချင်တဲ့ အချက်အလက်တွေရအောင်မေးခွန်းတွေ အများကြီးမေးပါတယ်။Structured Interview မှာဆိုရင် မေးခွန်းပုံစံ ( ၄ ) မျိုးလောက်ပါရပါမယ်။
( က ) Situational Questions။ လုပ်ငန်းတစ်ခုမှာ တကယ်ကြုံတွေ့ရမယ့်အခြေအနေတစ်ခုကို ပြောပြပြီး
အဲဒီလိုအခြေအနေမျိုးနဲ့ကြုံတွေ့ရတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းမယ်ဆိုတာမျိုးဖော်ပြခိုင်းဖို့ပါ ။
( ခ ) Job- Knowledge Question။   လုပ်ငန်းနှင့်ပတ်သက်တဲ့ အသိပညာ၊ဗဟုသုတ၊ ကျွမ်းကျင်မှုဘယ်
လောက်ရှိသလဲဆိုတာမေးမြန်းဖို့ပါ။
( ဂ )  Job-Sample Simulation Question။ တာဝန်ယူဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေနဲ့ ပတ် သက် ပြီးသက်ဆိုင်တဲ့မေးခွန်းတွေမေးမြန်းဖို့ပါ။
( ဃ ) Worker Requirement Questions။   လျှောက်ထားသူကသူတစ်ကယ်လုပ်တော့မယ့်အလုပ်တွေ ကိုတကယ်စိတ်ပါလက်ပါလုပ်ချင်စိတ်ရှိလို့ မေးမြန်းတတ်ပါတယ်။ (ဥပမာ – အချိန်ပိုင်းအလုပ် လုပ်နိုင်/ မလုပ်နိုင် ၊နယ်မြို့တွေမှာသွားပြီးတာဝန်ထမ်းဆောင်နိုင်မှုရှိ / မရှိဆိုတာမျိုးပေါ့)။Structured Interview – အောက်မှာ Behavioral Interview ဆိုတာရှိပါသေးတယ်။ Behavioral Interview ဆိုတာApplicant ကို အရင်လုပ်ငန်းလုပ်ခဲ့တဲ့အတွေ့အကြုံနဲ့ လုပ်ငန်းသစ်မှာ လုပ်ရမယ့်လုပ်ငန်းတွေကိုဆက်စပ်ပြခိုင်းတာမျိုးဖြစ်ပါတယ်။အရင်လုပ်ငန်းကအတွေ့အကြုံဟာ လုပ်ငန်း သစ်မှာ ဆက်နွယ်မှုရှိတယ်ဆိုတဲ့အယူအဆနဲ့ပြုလုပ်တဲ့အင်တာဗျူးမျိုးပါ။ ဥပမာမေးခွန်းတွေအနေနဲ့ ပြောရမယ်ဆိုရင် ”အရင်အလုပ်မှာ ခင်ဗျားရဲ့လုပ်ငန်းကျွမ်းကျင်မှုနဲ့ ထူးထူးခြားခြားစွမ်းဆောင် နိုင်ခဲ့တာ ရှိရင်ပြောပြစမ်းပါ” ၊ ”အရင်အလုပ်မှာခင်ဗျားရဲ့ ဝန်ထမ်းတွေကိုဘယ်လို Motivate လုပ်ခဲ့သလဲ” ဆို တာမျိုးပေါ့။
Credit : ဆရာမင်းခေါင် (AMARA)

အပိုင်း ( ၂ ) ဝန်ထမ်းရွေးချယ်ခန့်ထားခြင်း (၄)

(၄) ဝန်ထမ်းရွေးချယ်ရေးလုပ်ငန်းစဉ် Selection Process

ကဲ နောက်ဆုံးသတ်မှတ်တဲ့ရက်ကိုရောက်လို့ CV တွေရပြီဆိုရင်တော့ဘာတွေ ဆက်လုပ်ကြမ လဲ၊ Selection Process
ဆက်ပြီးဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ Selection Process ဆိုတာက Recruitment Process အရ ဆောင်ရွက်ရမယ့်လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ပြီးတဲ့အခါ မိမိရဲ့ကုမ္ပ ဏီကို လျှောက်ထားလာတဲ့သူတွေထဲက ကုမ္ပဏီအတွက် အသင့်တော်ဆုံးသူကိုရွေးချယ်တဲ့လုပ်ငန်း စဉ်ပဲဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ရဲ့ Recruitment လုပ်ငန်းစဉ်တွေက အရည် အချင်းပြည့် ဝတဲ့သူတွေကိုသာ ဆွဲဆောင်စည်းရုံးမှုမလုပ်နိုင်ခဲ့ဘူးဆိုရင် Selection Process မှာ အခက်အခဲတွေ အ များကြီးရှိလာမှာပါ။သိပ်ပြီးအရည်အချင်းမပြည့်မီတဲ့သူတွေထဲကပဲ ရွေးရတော့မှာဆိုတော့ လူကြီးသူမ တွေ ပြောသလိုပြောရရင် အကောက်တွေထဲကကွေးကွေးလေးကိုပဲ ရွေးခွင့်ရှိတော့မှာပေါ့။ပထမဆုံးအနေနဲ့ ရရှိလာတဲ့ကိုယ်ရေးရာဇဝင်တွေကိုံHR မန်နေဂျာကသေချာဖတ်ရှုပြီး ခေါ်ယူ မယ့် ရာထူးတခုချင်းစီအတွက်သင့်လျော်မှုရှိမရှိစိစစ်ပြီး ပဏာမ စိစစ်ရွေးချယ်မှု ( Short Listing ) ပြုလုပ်ပေးရပါမယ်။ ပြီးမှ Selection Process ဆက်လုပ်ရမှာပေါ့။
( ၁ ) ဝန်ထမ်းရွေးချယ်ရေးလုပ်ငန်းစဉ်ကို အကျိုးသက်ရောက်မှုရှိသောအချက်များ Factors Affecting Selection Process Selection လုပ်တော့မယ်ဆိုရင် မလုပ်ခင်မှာ Selection Process ကို အကျိုးသက်ရောက်မှုရှိနိုင်တဲ့ အ ချက် တွေ ( EnvironmentaFactors ) ကို ထည့်သွင်းစဉ်းစားဖို့လိုပါလိမ့်မယ်။ အဲဒီ ( Environmental Factors ) တွေကတော့
( ၁ ) Other HR Functions
တစ်ခြားတခြားသော HR Function တွေကလဲ Selection Process အပေါ်မှာ အကျိုးသက်ရောက်မှုရှိပါ တယ်။ ဥပမာ –ကုမ္ပဏီကပေးနိုင်တဲ့ လစာနဲ့ခံစားခွင့်တွေဟာ ကိုယ့်ရဲ့ပြိုင်ဘက်ကုမ္ပဏီထက် လျော့ နည်းနေမယ်ဆိုရင် အကောင်းဆုံးဝန်ထမ်းတွေကိုခေါ်ယူရရှိနိုင်ဖို့မလွယ်ပါဘူး။
( ၂ ) Legal Consideration
ဥပဒေအရ သတ်မှတ်ချက်တွေကလဲ Selection Process အပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။ ဥပ မာ – တစ်ချို့နိုင်ငံတွေမှာဆိုရင်ဝန်ထမ်း ( ၅ ) ယောက် ခန့်ထားမယ်ဆိုရင် ( ၁ ) ယောက်ဟာ မသန်စွမ်း သူဖြစ် ရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးတွေ ရှိတတ်ပါတယ်။နောက်တစ်ခုက Applicant ဟာ ဥပဒေအရ တရားဝင်ခန့်ထားပိုင်ခွင့်ရှိသူဟုတ်ရဲ့လားဆိုတာ အရေးကြီးပါတယ်။ ( တရားဥပဒေအရ
အရေးယူခံထား ရသူတွေ၊ တရားဥပဒေအရ အရေးယူခံရနိုင်တဲ့ပြစ်မှုကျူးလွန်ထားသူတွေ ဖြစ်လို့မရပါဘူး)
( ၃ ) Speed of Decision Making.တစ်ခါတစ်လေကျတော့ HR မန်နေဂျာတွေအတွက် ဆုံးဖြတ်ချက်အမြန်ချဖို့ တွန်းအားတွေရှိတတ်ပါ တယ်။ ဥပမာ –လူတစ်ယောက်ထွက်သွားပြီး အဲဒီနေရာကိုချက်ခြင်းပြန်မဖြည့်နိုင်ဘူးဆိုရင် ဆက်ပြီး ထုတ်လုပ်မှုလုပ်လို့မရတော့တဲ့အခါမျိုးပေါ့။အဲဒီအချိန်ကျ အချိန်လုပြီးလုပ်ရတော့မှာဆိုတော့ Selection လုပ်ရတာ အရမ်းခက်တတ်ပါတယ်။
( ၄ ) Organizational Hierarchy
ကိုယ့်ခန့်ထားတဲ့ချင်တဲ့ရာထူးအဆင့်ပေါ်မူတည်ပြီး Selection Process အပေါ်သက်ရောက်မှု တချို့ရှိပါတယ်။ ဥပမာ –အထွေထွေမန်နေဂျာတစ်ယောက်ခန့်ထားဖို့နဲ့ စာရေးတစ်ယောက်ခန့်ထားဖို့ Selection Process မတူနိုင်သလိုပေါ့။စာရေးပဲခန့်မယ်ဆိုရင်တော့ စာစီစာရိုက်စစ်တာလောက်နဲ့ အင် တာဗျူးနာရီဝက်လောက်ပဲလုပ်ပြီး ဆုံးဖြတ်လို့ရနိုင်ပါတယ်။အထွေထွေမန်နေဂျာဆိုရင်တော့ အဲဒီလိုလုပ် လို့မရဘူးပေါ့။ အဲဒါနဲ့ပတ်သက်လို့ ကြုံဖူးတာလေးတစ်ခု ပြောပါရစေ။ ကုမ္ပဏီကြီးတစ်ခုမှာHR General Manager ရာထူးအတွက် အင်တာဗျူး သွားဖြေခဲ့ရတုန်းကအဖြစ်အပျက် ကလေးပြောပြချင်ပါ တယ်။ အဲဒီက HR
ရဲ့အားနည်းချက်လား မသိဘူးပေါ့။ HR General Manager ရာထူးအတွက် Typing Test လုပ်ပါတယ်။ ကိုယ့်ကိုကိုယ်တောင် HRGeneral Manager ရာထူးလာဖြေတာလား။ စာစီစာရိုက် လာဖြေတာလားလို့တောင် ဇဝေဇဝါ ဖြစ်သွားမိပါတယ်။တကယ်တော့ခန့်ထားမယ့်ရာထူးနဲ့စစ်ဆေးတဲ့ Test တွေဟာလိုက်လျောညီထွေဖြစ်ဖို့လိုအပ်ပါတယ်။
( ၅ ) Applicant Pool
ကိုယ်ခေါ်ချင်တဲ့ရာထူးအတွက် လျှောက်ထားတဲ့သူဘယ်လောက်ရှိသလဲဆိုတာတော်တော်လေး အရေးကြီးပါတယ်။ အဲဒီမှာကျွန်တော်တို့ Selection Ratio ကို ထည့်စဉ်းစားသင့်ပါတယ်။ Selection Ratio ဆိုတာ ခေါ်မယ့်ရာထူးနေရာအရေအတွက်ကိုလျှောက်ထားသူ အရေအတွက်နဲ့ စားကြည့်တာ ပါ။ Selection Ratio က ( ၁ ) ဖြစ်ခဲ့မယ် ဆိုရင်လျှောက်ထားတဲ့ဦးရေနဲ့လစ်လပ်တဲ့ရာထူးနေရာတူနေ တယ်လို့ပြောလို့ရပါတယ်။ လိုချင်တာက ( ၁ ) နေရာ၊ လျှောက်တာကတစ်ယောက်တည်းဆိုရင်တော့
ဘယ်လိုလုပ်ပြီးရွေးလို့ရမှာလဲ တန်းပြီးခန့်ထားရုံပဲရှိတာပေါ့။ Selection Ratio က ( ၁ ) ထက်နည်းလေ လေ၊ရွေးချယ်စရာများလေလေဖြစ်ပြီး စိတ်ကြိုက်ရွေးချယ်လို့ရနိုင်တာပေါ့။
တစ်ခါတစ်လေ HR မန်နေဂျာတွေမှာ အဲဒီပြဿနာတကယ်ပဲရှိပါတယ် ကိုယ်လိုချင်တဲ့လူက ( ၅ ) ယောက်၊ လာလျှောက်တဲ့လူက ( ၄)ယောက်ဆို ဘယ်လိုလုပ်ပြီး Selection လုပ်မှာလဲ။ အားလုံးကို ရွေးချယ်ရတော့မှာပါပဲ၊ မရွေးချင်ရင် အချိန်ထပ်စောင့်ဖို့ပဲရှိတော့တယ်။
( ၆ ) Type of Organization
ကိုယ်အလုပ်လုပ်တဲ့အဖွဲ့အစည်းဟာကိုယ်ပိုင်လုပ်ငန်း၊ အစိုးရအဖွဲ့အစည်းလား၊ N.G.O လား ဆို တဲ့အချက်ကလည်း Selection Processအပေါ်မှာ အလွန်သက်ရောက်မှုရှိပါတယ်။ ဥပမာ ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းတွေဆိုရင် အမြတ်များများရှာပေးနိုင်မယ့်သူကိုဦးစားပေးရွေးချယ်တတ်ကြပြီး အစိုးရဌာန တွေဆိုရင်တော့ လုပ်ငန်းစဉ်တွေအများကြီးနဲ့ စစ်ဆေးပြီးအမှတ်အများဆုံး၊ အတော်ဆုံး၊ထိပ်ဆုံးသူ တွေ ကိုပဲရွေးကြတယ်။ NGO တွေဆိုရင်တော့ အရည်အချင်းပြည့်မီရုံတစ်ခုတည်းနဲ့ရတယ်။ ဒါပေမယ့် လုပ်ဆောင်ရမယ့်လုပ်ငန်းအပေါ် တကယ်သက်ဝင်ယုံကြည်တဲ့သူဖြစ်ဖို့လိုပါလိမ့်မယ်။
( ၇ ) Probationary Period
ကုမ္ပဏီတော်တော်များများမှာ အစမ်းခန့်ကာလထားတတ်ကြပါတယ်။ အစမ်းခန့်တဲ့ကာလက Selection Process ရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ အစမ်းခန့်ထားခံရတဲ့သူဟာ အစမ်းခန့်ကာလအတွင်းမှာသူ့ကိုပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်တယ်ဆိုရင် Selection Process က အဲဒီမှာ ပြီးဆုံးသွားပါပြီ။အစမ်းခန့်ကာလအတွင်းမှာ ကုမ္ပဏီဘက်ကမကြိုက်ရင် ရက်အများကြီးကြိုမပြောဘဲ ဖြုတ်ပစ်လိုက်လို့ရသလို၊ ဝန်ထမ်းကလဲရက်အများကြီးကြိုမပြောဘဲ ထွက် လို့ရပါတယ်။ အစမ်းခန့်ကာလပြီးလို့ အတည်ပြုဝန်ထမ်းဖြစ်သွားပြီဆိုရင်တော့ အဲဒီဝန်ထမ်းဟာဝန်ထမ်းတစ်ယောက်ရဲ့ခံစားခွင့်တွေ အားလုံးရရှိသွားပြီဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ဥပဒေတွေအတိုင်း
ဆက်လက်ဆောင်ရွက်သွားရပါတော့မယ်။ကဲ Selection Process မစခင် ကြိုပြီးသိထားသင့်တဲ့အချက်တွေပြောပြီးသွားပြီဆိုတော့ Selection Process ကိုဆက်ပြီးကြည့်ကြရအောင်ပါ။ ကုမ္ပဏီတွေပေါ်မူတည်ပြီး Selection Process အမျိုးမျိုးရှိနိုင်ပါတယ်။ခေါ်ယူတဲ့ကုမ္ပဏီရဲ့လုပ်ဆောင်တဲ့လုပ်ငန်းတာဝန်တွေ၊ ခေါ်ယူတဲ့ရာထူးအဆင့်တွေပေါ်မှာမူ တည် ပြီးတော့ Selection Process နဲ့Procedure တွေကွဲပြားခြားနားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ HR မန်နေဂျာ တွေအနေနဲ့ HRပညာရပ်ကိုတတ်ကျွှမ်းကြမှာဖြစ်သော်လည်းပဲ ရှိတဲ့အလုပ်အားလုံး၊ လုပ်ငန်းတာဝန်အားလုံးနဲ့ပတ်သက်ပြီးထဲထဲဝင်ဝင်သိဖို့မဖြင်္စ်နိုင်ပါဘူး။ အဲဒီတော့ HR မန်နေဂျာတွေက ဝန်ထမ်းရွေးချယ်ခန့်ထားခြင်းမှာ ဘယ်အခန်းကဏ္ဍကပါရမလဲဆိုတာသိဖို့လိုအပ် လာပါပြီ။ အဲဒီမှာနောက်တခုထပ်ပြီး စဉ်းစားရမှာကတော့ ဘယ်လိုရာထူးအဆင့်မျိုးကိုရွေးချယ်မှာလဲဆိုတာလဲအရေးကြီးပါတယ်။ တကယ်တော့ကျွန်တော်တို့ HR မန်နေဂျာတွေဟာ Preliminary Interview ဆိုတဲ့ ပဏာမစိစစ်ရွေးချယ်မှုလုပ်တဲ့အပိုင်းတွေမှာပါဝင်သင့်ပြီး ဝန်ထမ်းလောင်းတွေရဲ့ Personality စစ်ဆေးတာ၊ IQ,EQ စစ်ဆေးတာစတဲ့အပိုင်းတွေကိုအကောင်အထည်ဖော်တဲ့ တာဝန်ယူ ပေးသင့်ပါတယ်။ နောက်ပြီးတော့ လူတွေ့စစ်ဆေးမယ့် Interview Panel Memberတွေကိုရွေးချယ် ပေးခြင်း၊ သူတို့နဲ့ အင်တာဗျူးပြုလုပ်မယ့်ရက်ကိုရွေးချယ်သတ်မှတ်ပေးခြင်း၊ လိုအပ်တဲ့ Arrangementတွေစီစဉ်ပေးခြင်း၊ အင်တာဗျူးလာရောက်ဖြေဆိုမယ့်သူကို ချိန်းဆိုပေးခြင်း၊ အင်တာဗျူးပြုလုပ်မယ့်နေရာများစီစဉ်ပေးခြင်းများကိုလည်းတာဝန်ယူပေးသင့်ပါတယ်။တချိုးအလုပ်တွေကကိုယ်တိုင်လုပ်စရာမလိုဘဲ ကိုယ့်ဝန်ထမ်းတွေကို ပြန်ပြီး တာဝန်ပေးရတာတွေ လဲရှိပါမယ်။အပြီးသတ်ဆုံးဖြတ်ချက်ချမယ့်သူကတော့ ကုမ္ပဏီရဲ့ BOD, MD ဒါမှမဟုတ်ရင် သက်ဆိုင်ရာဌာနတွေရဲ့အကြီးအကဲတွေပဲဖြစ်သင့်ပါတယ်။Preliminary Interview နဲ့ IQ , EQ Test ကိုစစ်ဆေးပြီးတဲ့အခါမှာ HR မန်နေဂျာအနေနဲ့ လိုအပ်တဲ့အရည်အချင်းမပြည့်မီတဲ့သူတွေကိုချန်ထားပေးခဲ့ရမှာဖြစ်ပါတယ်။အဲဒီလိုလုပ်ခြင်းအားဖြင့် BOD , MD နဲ့သက်ဆိုင်ရာဌာနအကြီးအကဲတွေရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုတန်ဖိုးထားရာရောက်ပါတယ်။အဲဒီမှာအဓိကအလေးထားဆောင်ရွက်သင့်တာတခုရှိပါတယ်။ ဘာလဲဆိုတော့ လာရောက်ဖြေဆိုတဲ့ ဝန်ထမ်းလောင်းတွေကိုတန်ဖိုးထားဆက်ဆံဖို့ပါ။ သူတို့ဟာကျွန်တော်တို့ရဲ့ဝန်ထမ်းမဖြစ်သေးဘူးဆိုတာလဲထည့်သွင်းစဉ်းစားဖို့လိုပါလိမ့်မယ်။ တခါတလေတွေ့ရတတ်ပါတယ်။ သူကကိုယ့်ဝန်ထမ်းမဖြစ်သေး ဘူး။ ဆက်ဆံရေးညံ့လိုက်ရင်
နောက်ကိုယ့်ဆီမှာ လာမလျှောက်ချင်လောက်အောင်ဖြစ်သွားတာမျိုးတွေ။ ပြီးတော့ အင်တာဗျူးချိန်းဆိုရာမှာလဲတပြိုင်နက်တည်းအများကြီးချိန်းဆိုမိရင် အကြာကြီးစောင့်နေရတာ မျိုးတွေ့ဖူးပါတယ်။ မနက် ( ၁ဝ ) နာရီ တချိန်တည်းအင်တာဗျူးခေါ်တာရောက်တော့ လူရေကြည့် တာ အယောက် ( ၆ဝ ) ကျော်ပါ တယ်။ တယောက်ကို ( ၅ ) မိနစ်ပဲအင်တာဗျူးပြုလုပ်မယ်ဆိုရင်တောင်မှ( ၅ ) နာရီိကျော်ကြာပါလိမ့်မယ်။ လူတယောက်ကို ( ၅ ) မိနစ်ထဲ တွေ့မေးပြီးတော့ရော ဘယ်လို ရွေးချယ်မှာလဲ။ ခက်ပါတယ်။နောက်ပြီးတော့ လာပြီးဖြေဆိုမယ့်သူတွေကို ကြိုဆိုနေရာ ချထားပေးမယ့် သူ စီစဉ်ထားဖို့လိုပါတယ်။ နို့မို့ရင် လာဖြေတဲ့သူကဘယ်မှာထိုင်စောင့်ရမှန်းမသိဖြစ်တတ်ပါတယ်။ ပြီး ရင်တော့ တပိုတပါးသွားဖို့နေရာပြထားပေးသင့်ပါတယ်။ နောက်ပြီးအင်တာဗျူးဖြေဖို့စောင့်ဆိုင်းရင်း သောက်နိုင်အောင် သောက်ရေ ၊ ကော်ဖီစတာတွေစီစဉ်ထားပေး သင့်ပါတယ်။ လာရောက်ဖြေဆိုတဲ့ သူကိုအတတ်နိုင်ဆုံး Stress နည်းအောင် စီစဉ်ထားပေးရပါမယ်။ ဒါမှလည်း လာရောက်ဖြေဆိုတဲ့သူတွေ က ဒီကုမ္ပဏီကငါတို့ကိုတန်ဖိုးထားဆက်ဆံပါလား၊ ဆက်ဆံမှာပါလားဆိုတဲ့ အတွေးဝင်ပြီး အလုပ်ဝင်ဖို့ စိတ်အားထက်သန်မှာပါ။ကုမ္ပဏီရဲ့ဂုဏ်သတင်းလည်းမွှေးပျံ့ပြီး အရည်အချင်းရှိသူတွေ ကိုယ့်ဆီကိုဝင် လာမှာပေါ့။နောက်တခုကတောံ့HRမန်နေဂျာတွေအနေနဲ့ ပဏာမရွေးချယ်ခံထားရသူတွေရဲ့ ကိုယ်ရေးရာ ဇဝင်တွေကို Interview Panel Member
တွေဆီကိုအင်တာဗျူးနေ့မတိုင်ခင်ကြိုတင်ပေးပို့ထားပြီး သေ ချာဖတ်ရှုထားစေ သင့်ပါတယ်။ တခါတလေကျတော့ကြုံဖူးပါတယ်။အင်တာဗျူး လှမ်းခေါ်လို့ သွား တော့ အင်တာဗျူးအခန်းထဲရောက်မှ ကိုယ်ရေးရာဇဝင်လှန်ဖတ်ပြီး ခင်ဗျားမှာ Marketing အတွေ့အကြုံမရှိဘူးနော်တဲ့၊ ကျွန်တော်တို့လိုချင် တာက Marketing DGM လို့ပြောပါတယ်။ တကယ်တမ်းတော့ CV ထဲမှာဖော်ပြပြီးသားပါ။သူတို့လိုချင်တဲ့ အတွေ့အကြုံရှိတယ်၊ မရှိဘူးဆိုတာ CV ကြိုဖတ်ထားရင် မသိစ ရာအကြောင်းမရှိပါဘူး။ ကြိုသိထားရင်သူတို့လဲအချိန်မကုန်၊ သွားဖြေရတဲ့သူလည်း အချိန်မကုန်ဘူး ပေါ့။ နောက်ကိုအဲဒီကုမ္ပဏီကခေါ်ရင်ဘယ်တော့မှသွားမဖြေတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ တခြား သူတွေကိုလဲ မသွားဖို့ပဲတိုက်တွန်းရမှာပေါ့။ အားလုံးလဲကျွန်တော့်လိုဘဲသဘောထားမယ်လို့ထင်ပါ တယ်။ အဲဒီတော့ ဘယ်သူကနစ်နာမလဲ ။ ကုမ္ပဏီပဲပေါ့ ။ သူတို့က တော့နားလည်မယ်မထင်ပါဘူး။ အဲဒါလေးတွေကတော့ ဆောင်ဖို့၊ ရှောင်ဖို့သင့််တာလေးတွေပြောပြတာပါ။Selection Process အကြောင်းဆက်ပြီးစဉ်းစားကြည့်ကြရအောင်ပါ။ လာရောက်လျှောက်ထား တဲ့ သူတွေအများကြီးထဲကကုမ္ပဏီအတွက် အသင့်တော်ဆုံးဖြစ်မယ့်သူကိုရွေးချယ်ချင်တယ်ဆိုရင် တော့ HR မန်နေဂျာဟာ Senior Management နဲ့တိုင်ပင်ပြီးလိုအပ်တဲ့ Selection Test တွေ၊ ရေးဖြေ မေးခွန်းတွေ ၊ နှုတ်ဖြေမေးခွန်းတွေ နဲ့ အမှတ်ပေးစနစ်တွေ ကြိုပြီးပြင်ဆင်ထားပေးရပါမယ်။အဲဒီလိုပြင်ဆင်တဲ့အခါမှာလည်း ခေါ်ယူမယ့် ရာထူးနဲ့လိုက်လျောညီထွေဖြစ်တဲ့ မေးခွန်းတွေ၊ အ မှတ်ပေးစနစ်တွေဖြစ်သင့်ပါတယ်။မေးခွန်းတွေပြင်ဆင်တဲ့ အခါမှာလည်း သက်ဆိုင်ရာရာထူးရဲ့ Job Description တွေ၊ Job Specification တွေကို အခြေခံသင့်ပါတယ်။တချို့ရာထူးတွေကျတော့ မဖြစ်မ နေဖြေကိုဖြေဆိုရမယ့် အချက်အလက်တွေရှိပါတယ်။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင် ယာဉ်မောင်းဆိုပါစို့၊ သူ့ရဲ့လိုင်စင်အမျိုးအစားကဘာလဲ၊ ယာဉ်တိုက်ခိုက်မှုဖြစ်ဖူး / မဖြစ်ဖူး၊ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဘယ်လောက်နားလည်ထားသလဲ စတာမျိုးတွေကိုပြောတာပါ။ Marketing Manager ဆိုရင်လဲ သိကိုသိထားသင့်တဲ့အချက်တွေရှိပါတယ်။ သူရဲ့သက်ဆိုင် ရာ Job Description, Job Specification တွေ ပေါ်မှာအခြေခံရမှာပါ။
ပြီးရင်တော့ အဲဒီအချက်တွေကိုပဲ အခြေခံပြီး အမှတ်ပေးစနစ် ရေးဆွဲရမှာပေါ့။ အဲဒီလိုမျိုးကြိုပြီး မပြင်ဆင်ထားရင်တကယ့်အင်တာဗျူးခန်းထဲ ရောက်တဲ့အခါကျရင် အရေးကြီးမေးခွန်း တွေကျန်ခဲ့တတ်ပါ တယ်။ အဲဒါဆို ရွေးချယ်ရဆုံးဖြတ်ရတာခက်တတ်ပါတယ်။ပြီးတော့ တိတိကျကျသက်မှတ်ထားတဲ့ အမှတ်ပေးစနစ်ကို အသုံးပြုပြီး ရွေးချယ်တာသာ မဟုတ် ခဲ့ဘူးဆိုရင်ဘက်လိုက်ဆုံးဖြတ်တာတွေ၊ ဖိအားပေးခန့်ထားစေတာတွေ၊ ကြုံလာရနိုင်ပါတယ်။
Credit : ဆရာမင်းခေါင် (AMARA)