Friday, October 31, 2014
HALLOWEEN
Halloween ရဲ့ဇစ်မြစ်က ရှေးဟောင်း Celtic လူမျိုးတွေရဲ့ Sa- mhain ပွဲတော်က လာပါတယ်။ ဒီ Celt လူမျိုးတွေရဲ့ဒေသ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင် ကအခု Ireland၊ UK နဲ့ ပြင်သစ် တောင်ပိုင်းမှာ ဖြစ်ပြီး သူတို့ရဲ့ နှစ်သစ်ကူးက နိုဝင်ဘာ တစ်ရက်နေ့ ဖြစ်ပါတယ်။ ဒီနေ့ ဟာ နွေရာသီ ကုန်လို့ သီးနှံတွေ ရိတ်သိမ်းပြီး အမှောင် ကြီးစိုးချိန်၊ အေး စက်တဲ့ ဆောင်းရာသီနဲ့ နှစ်တစ်နှစ်ရဲ့ လူတွေ သေဆုံးတာနဲ့ ဆက်စပ် တဲ့ အချိန် ကာလ ရယ်လို့ မှတ်သား ကြပါတယ်။ ဒါတင်မက သူတို့ဟာ နှစ်သစ်ကူး အကြိုနေ့ကို မရဏ လောက နဲ့လူ့လောက ကြားကစည်း တွေ ခြားနားမှုတွေေ၀၀ါး သွားတဲ့ အချိန်လို့လဲ ယုံကြည် ကြပါတယ်။ ဒါကြောင့် အောက်တိုဘာ ၃၁ညမှာ သူတို့က သေဆုံးသွား သူတွေ ပြန်လာ တယ်လို့ ယုံကြည်ပြီး Samhain ပွဲကို ကျင်းပ ကြပါတယ်။
ထို့အပြင် Druids လို့ခေါ်တဲ့ သူတို2့ လူမျိုးစု တရားဟော နတ်ဆရာ တွေကနေ အနာဂတ်မှာ သီးနှံတွေ ပျက်စီးမလား၊ ဘေးအန္တရာယ် ကြုံမလား ဆိုတာ ခန့်မှန်းရာမှာ ၀ိညာဉ်တွေ ရှိနေလို့ ပိုလွယ်ကူ စေတယ်လို့ ထင်ကြပါတယ်။ ဒါဟာ ပျက်စီး လွယ်တဲ့ သဘာဝကို မှီခိုနေရသူ လူသားတွေ အတွက်တော့ မှောင်မိုက် ကြာရှည်တဲ့ ဆောင်းတွင်းမှာ စိတ်သက်သာရာ ရစရာ တစ်မျိုးပါပဲ။ ဒီပွဲတော် အတွက် နတ်ဆရာ တွေက ကြီးမားတဲ့ ယဇ်မီးပုံတွေ ဖိုထားတယ်၊ ပြီးတော့ လူတွေ စုဝေးကြပြီး ကောက်ပဲသီးနှံ တွေနဲ့ တိရစ္ဆာန် တွေကို ယဇ်ပူဇော် ကြတယ်။ ဒီအခမ်းအနား အတွင်းမှာ Celtic လူမျိုး တွေဟာ တိရစ္ဆာန် ခေါင်းတွေ အရေပြား တွေနဲ့ စီယင်ထားတဲ့ ၀တ်စုံတွေ ၀တ်ပြီး တစ်ယောက် ကံကြမ္မာကို တစ်ယောက် နိမိတ်ဖတ် ကြတယ်။ ဒီပူဇော်ပွဲ ပြီးတဲ့အခါ မနေ့ ညနေ အစောပိုင်းက သူတို့ ငြိမ်းထားတဲ့ ကိုယ်ပိုင် မီးပုံလေး တွေကို ယဇ်မီးပုံက မီးကူးပြီး ပြန်ထွန်းညှိ ကြတယ်။ ဒါက သူတို့ကို လာမယ့် ဆောင်းတွင်းမှာ ကာကွယ် စောင့်ရှောက် ပေးစေဖို့လို့ ယူဆကြ ပါတယ်။
A.D.43 မှာတော့ ရောမ အင်ပါယာက Celtic တွေရဲ့ နယ်မြေ အများစုကို သိမ်းပိုက် လိုက်ပါတယ်။ သူတို့က Celts တွေကို အုပ်စိုးခဲ့တဲ့ နှစ်လေးရာကျော်ခုနှစ် အတော အတွင်းမှာ Celts ရိုးရာပွဲတော် Samhain ဟာရောမ ရိုးရာပွဲတော် နှစ်ခုနဲ့ ပေါင်းစည်း သွားတယ်။ ပထမ တစ်ခုက အောက်တိုဘာ နှောင်းပိုင်းမှာ ကျင်းပတဲ့ ရောမ တွေရဲ့ သေပြီး သားသူတွေ အမှတ်တရ ပွဲတော် Feralia နဲ့ဒုတိယ တစ်ခု ကတော့ အသီးနဲ့ အပင်တွေကို စောင့်ရှောက်တဲ့ ရောမ နတ်သမီး Pomona ကိုဂုဏ်ပြုတဲ့ ပွဲပဲ ဖြစ်ပါတယ်။ ရောမ နတ်သမီးရဲ့ သင်္ကေတဟာ ပန်းသီး ဖြစ်တာမို့ အခု ဟောလိုးဝင်း ရိုးရာ ကစားနည်း ဖြစ်တဲ့ ပေါလောပေါ် နေတဲ့ ပန်းသီး တွေကို ကိုက်ဖမ်းတဲ့ ကစားနည်းဟာ Samhain ပွဲက ပါလာတာ ဖြစ်ပါတယ်။ A.D. ၆၀၉ မေ၁၃ရက် မှာတော့ ပုပ်ရဟန်း မင်းကြီး Boniface IV ကရောမရဲ့ Pantheon မှာခရစ်ယာန် သူရဲကောင်း တွေကို ဂုဏ်ပြုပြီး ကတ်သလစ် သူရဲကောင်း အပေါင်းတို့ရဲ့ စားပွဲကို အနောက် နိုင်ငံတွေရဲ့ ဘုရားကျောင်း တွေအတွက် ပြဋ္ဌာန်း ပါတယ်။
နောက်ပိုင်းမှာ Pope Gregory III (731–741) က သူရဲကောင်း တွေသာမက သူတော်ကောင်း တွေအတွက် ပါလို့ အကျယ်ချဲ့ ခဲ့ပြီး မေ၁၃ကနေ နိုဝင်ဘာ တစ်ရက်နေ့ကို ရွေ့ပြောင်း ကျင်းပ ခဲ့တယ်။ ကိုးရာစု ကစလို့ Celtic တွေထဲကို ခရစ်ယာန် ဘာသာက တဖြေးဖြေး ရောက်ရှိလာပြီး အရင် Celtic တွေရဲ့ ယုံကြည်မှု တွေနဲ့ ရောမွှေ သွားပါ တော့တယ်။ A.D 1000 မှာတော့ ဘုရားကျောင်း တွေဟာ နိုဝင်ဘာ နှစ်ရက်နေ့ကို သေဆုံးသူ တွေကို ဂုဏ်ပြုတဲ့ All Souls' Day အဖြစ် သတ်မှတ် ပါတယ်။ ဒါဟာ Samhain ပွဲကို အစားထိုး တာဖြစ်ပြီး လူတွေက ယဇ်မီးပုံတွေ၊ သူတော် ကောင်းတွေ၊ သူရဲကောင်းတွေ၊ မိစ္ဆာတွေ ပုံစံ ၀တ်စုံ တွေကို ၀တ်ဆင် ကြပါတယ်။ ဒီ All Saints Day ကို All-hallows ဒါမှမဟုတ် All-hallowmas လို့ခေါ်ပြီး အဲ့နေ့ မတိုင်ခင် ညနေ ဖြစ်တဲ့ အရင် Samhain ပွဲနေ့ ကိုတော့ All-hallows Eve ဒါမှမဟုတ် Halloween လို့ခေါ်ကြ ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာတုန်းက ဆောင်းရာသီဟာ အေးခဲပြီး ကြောက်စရာ ကောင်းပါတယ်။ စားစရာ တွေမရှိဘဲ မှောင်မိုက်တာမို့ လူတိုင်းက ဆောင်းရာသီကို ပူပန် ကြတယ်။ ဟောလိုးဝင်း မှာတော့ လူသေတွေ သရဲတွေက မြေကမ္ဘာကို ပြန်လာတယ်လို့ ဆိုကြတယ်။ ဒါကြောင့် လူတွေဟာအိမ် ပြန်တဲ့ အခါ သရဲတွေက မှတ်မိ တွေ့ဆုံမှာ စိုးကြတာမို့ မျက်နှာဖုံးတွေ တပ်ပြီး အိမ်ပြန်ကြ ပါတယ်။ ဒါဆိုရင် သရဲတွေက သူတို့နဲ့မျိုး နွယ်တူ တွေလို့ ထင်ပြီး မနှောင့်မယှက် ကြအောင်ပါ။ ဟောလိုးဝင်း မှာတော့ သရဲတွေက အိမ်တွေထဲ ၀င်ဖို့မ ကြိုးစား နိုင်အောင် စားစရာတွေ အပြင်မှာ ထားပေး ကြပါတယ်။ အမေရိကန် ရိုးရာ trick-or-treat က စားနည်း ကတော့ ဟိုးအရင် အစောပိုင်း All Souls' Day ကစပါတယ်။ ဒီပွဲတော် အချိန် တွေမှာ ဆင်းရဲသား တွေဟာ စားစရာ ရဖို့ တောင်းစား တဲ့အခါ လူတွေက ၀ိညာဉ်ကိတ် တွေလုပ်ပြီး ဝေကြ ပါတယ်။ အပြန်အလှန် အားဖြင့် သူတို့ကနေ အဲ့ဒီမိသားစု တွေရဲ့ သေဆုံးသွား သူတွေ အတွက် ဆုတောင်း ပေးမယ်လို့ ကတိပြု ကြရပါတယ်။ ဒီ soul cakes ဝေမျှခြင်းကို ဘုရားကျောင်း တွေက အားပေးပြီး အရင်က အော်ဟစ် ငိုကြွေးသူ ၀ိညာဉ်တွေ အတွက် မုန့်နဲ့ဝိုင် အရက်တွေ အပြင်မှာ ထားပေးတဲ့ ဓလေ့ကို အစားထိုး ပေးကြပါတယ်။ ဒီအလေ့အထဟာ ယခုအခါ ကလေးတွေက အိမ်တွေကို လျှောက်လည်ပြီး အိမ်နီးနား ချင်းတွေက မုန့်တွေ၊ ပိုက်ဆံ တွေပေးတဲ့ going a-souling ဆိုတဲ့ ဓလေ့ ဖြစ်လာ ပါတယ်။
ဟောလိုးဝင်းဟာ မှော်ဆန်တဲ့ လျို့ဝှက် ဆန်းပြားတဲ့ အားလပ်ရက် ဖြစ်ပါတယ်။ ဒီဟာက Celtic တွေရဲ့ သေဆုံး သွားတဲ့ မိသားစုဝင် တွေနဲ့ ပေါင်းဆုံရတယ် လို့ခံစားရ စေတဲ့ နွေအကုန် ပွဲတော်က စတင် ပါတယ်။ ဒီခင်မင်စရာ ၀ိညာဉ် တွေအတွက် ညစာစားပွဲမှာ နေရာတွေ စီစဉ်လို့၊ အိမ်တံခါးဝမှာ မုန့်လေးတွေ ချထားလို့၊ အပြန်လမ်း မှတ်မိအောင် လမ်းဘေးမှာ ဖယောင်းတိုင်တွေ ထွန်းလို့ ကြိုဆို ကြပါတယ်။ ယနေ့ခေတ် မှာတော့ ဟောလိုးဝင်း ဇာတ်လိုက် သရဲတွေ ဟာပိုပြီး ကြောက်စရာ ကောင်းလာ ပါတယ်။ ယုံကြည်မှု တွေကလည်းထိတ် လန့်စရာကောင်းလာ ပါတယ်။ ကြောင်မည်း ရှိတဲ့ လမ်းကြား တွေကနေ မဖြတ် သလိုပေါ့။ ဒီဇာတ်လမ်းက အလယ်ခေတ်က စုန်းမတွေဟာ ကြောင်အဖြစ် ပြောင်းလို့ သူတို့ကို မမှတ်မိအောင် လုပ်တယ် ဆိုတဲ့ ယုံကြည်မှုက စပါတယ်။ နောက်တစ်မျိုး ကတော့ ထောင်ထားတဲ့ လှေကား အောက်ကနေ ဖြတ်မလျှောက် တာမျိုး။ ဒါကတော့ ရှေးဟောင်း အီဂျစ် တွေရဲ့ တြိဂံတွေ အပေါ် အလေး အမြတ် ပြုမှုကနေ အစပြုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်တစ်မျိုး ကတော့ ထောင်ထားတဲ့ လှေကား အောက်ကနေ သွားတဲ့အခါ အန္တာရာယ် များတာ ကြောင့်လဲ ဖြစ်မှာပေါ့လေ။ ဒီလိုပါပဲ ဟောလိုဝင်းမှာ လူတွေက မှန်ကွဲ တာတို့၊ လမ်းပေါ်က အကွဲရာကို နင်းတာတို့၊ ဆားဖိတ် ကျတာတို့ မဖြစ်အောင် ရှောင်ကြ ပါတယ်။
ဒါပေမဲ့ ဟောလိုးဝင်းဟာ ကြောက်စရာ တွေပဲ ပြည့်နေ တာတော့ မဟုတ်ပါဘူး။ trick-or-treat ဓလေ့ကိုပဲ ကြည့်လေ။ တချို့ ဓလေ့လေး တွေဟာ အတော် ချစ်စရာ ကောင်းပါတယ်။ ဟုတ်ပါတယ်။ တချို့ယုံကြည် မှုတွေဟာ အတိတ်ထက် အနာဂတ်ကို အာရုံထားလို့ သေခြင်းထက်ရှင်သန် ခြင်းကို ပိုဂရုမူ ကြပါတယ်။ ဒီနေရာမှာ လက်မထပ် ရသေးတဲ့ အမျိုးသမီး တွေအတွက် သူတို့ရဲ့ အနာဂတ် ခင်ပွန်းလောင်းကို ရှာဖွေတာနဲ့ ကံကောင်း ထောက်မလို့ နောက်ဟောလိုးဝင်းမှာ လက်ထပ် နိုင်စေဖို့ ကူညီပေးတဲ့ယုံ ကြည်မှုလေးတွေလည်း ပါဝင်တယ်။ ၁၈ရာစု အိုင်ယာလန်မှာ အတွဲရှာနေတဲ့ စားဖိုမှုးဟာ သူမ ရဲ့ဟောလိုးဝင်းည အတွက် mash potatoes ထဲမှာ လက်စွပ်ကို ထည့်လို့ အချစ်စစ် ကသာ ဒီလက်စွပ်ကို ရပါစေလို့ ရှာဖွေ ခဲ့ပါတယ်။ စကော့တလန် မှာတော့ ရှေ့ဖြစ်ဟော သူတွေဟာ မိန်းကလေးငယ် အတွက် ရည်ရွယ်သူတွေ နာမည်ကို hazelnut မှာရေးလို့ မီးလင်းဖို ထဲကို ပစ်ထည့် ပေးပါတယ်။ ဒီသစ်စေ့ဟာ ပေါက်ကွဲ မသွားဘဲ ပြာကျ လောင်ကျွမ်း သွားမယ် ဆိုရင် အဲ့လူဟာ မိန်းကလေးရဲ့ ဖူးစာရှင်လို့ ဆိုကြတယ်။
တခြားပုံပြင် တစ်ခု ကတော့ ပြာကျ လောင်ကျွမ်းတဲ့ သစ်စေ့ဟာ မခိုင်မြဲ သောအချစ်ကို ရည်ညွှန်းတယ် ဆိုတာမို့ ရှုပ်ထွေး စရာပါ။ နောက်တစ်မျိုး ကတော့ မိန်းကလေးငယ် တစ်ယောက်ဟာ walnuts, hazelnuts နဲ့ nutmeg ပေါင်းစပ် ထားတဲ့ မုန့်ချို တစ်မျိုးကို ဟောလိုးဝင်း ညမှာ စားပြီးအိပ်ရင် သူမအတွက် အနာဂတ် ခင်ပွန်းလောင်းကို အိပ်မက်မက် ပါသတဲ့။ ဒါမှမဟုတ် မိန်းကလေးဟာ သူမပုခုံး ပေါ်ကနေ ပန်းသီး အခွံကို ကျော်ပစ်ရင် ခင်ပွန်း လောင်းရဲ့ လက်မှတ်ပုံ ပေါ်လာမယ် လို့လဲ ဆိုပါသေးတယ်။ နောက်ပြီး ကြက်ဥ အဆံကို ရေတစ်ခွက်ထဲမှာ ထည့်လို့ မှောင်မှိက်တဲ့ အခန်းက မှန်မှာ ရပ်၊ ဖယောင်းတိုင်ကို ကိုင်ပြီး သူတို့ရဲ့ ပုခုံးကို ကျော်ကြည့် လိုက်ရင် ခင်ပွန်း လောင်းရဲ့ မျက်နှာကို တွေ့ရမှာ ပါလို့ ဆိုပါသေးတယ်။ တခြား ယုံတမ်းစကား တွေက ပိုပျော်စရာ ကောင်းပါ သေးတယ်။ ဟောလိုးဝင်း ပါတီရဲ့ chestnut-hunt မှအခွံကို ပထမဆုံး တွေ့တဲ့ ပထမဆုံး ဧည့်သည်က အရင်ဆုံး လက်ထပ် ရမယ့်သူ ဆိုတာမျိုးပေါ့။
တကယ်တော့ ကျွန်မတို့ အတွက် ရင်ခုန်စရာ ဟောလိုးဝင်း ယုံကြည်မှု တွေရော၊ ကြောက်စရာ ခုနှစ်နှစ် ကံဆိုး စေမယ်ဆိုတဲ့ ယူဆချက်တွေ အကုန်လုံး ကကော ဟောလိုးဝင်း အစွဲအလန်း တွေဟာ ဟိုးအရင် Celtics တွေခိုင်ခိုင်မြဲမြဲ ယုံကြည် ခဲ့တဲ့ ၀ိညာဉ်တွေရဲ့ စိတ်ကောင်း နှလုံးကောင်း အပေါ် မူတည်နေ တာပဲလေ။ Canada နဲ့ US မှာတော့ Halloween ဟာပိုမို ကျော်ကြားပြီး US မှာဆိုရင် ၆၅ရာခိုင်နှုန်းသော အမေရိကန် တွေဟာ ဒီပွဲတော် အတွက် ပြင်ဆင်ထား ကြပါတယ်တဲ့။ နောက်သကြားလုံး တွေကိုလည်း တခြား အားလပ်ရက် တွေထက်ကို ပိုပြီး ရောင်းချရ ပါတယ်။ ဒီပွဲတော် ကျင်းပကြတဲ့ နိုင်ငံတွေ အလိုက် သူတို့ရဲ့ ကျင်းပပုံ ကျင်းပနည်း အသီးသီး ရှိကြပါတယ်။
From: Myanmar Youth Media Club
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment