Tuesday, October 28, 2014
ကန် ရင်းနှီးမြုပ်နှံမှုနဲ့ မြန်မာနိုင်ငံ
၂၀၁၁ခုနှစ် မြန်မာနိုင်ငံမှာ အစိုးရတွေ အပြောင်းအလဲတွေ ဖြစ်ပြီးကတည်းက မြန်မာနိုင်ငံထဲ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ တိုးတက်လာခဲ့ရာမှာ ၂၀၁၂-၁၃ထဲ ဒီမြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၄၀ ဘီလီလျံကျော်အထိ တိုးလာတယ်လို့ မြန်မာအစိုးရဘဏ္ဍာရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့စီးပွားရေး အပြောင်းအလဲတွေ ဖြစ်ပြီးနောက် တံခါးဖွင့်လိုက်တာကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေအတွက် မြန်မာနိုင်ငံဟာ နေရာအသစ်တစ်ခုလိုမျိုး စိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။မြန်နိုင်ငံမှာ အရင်တုန်းကဆို အိမ်နီးချင်း တရုတ်ကအများဆုံးရင်းနှီးမြှပ်နှံ လုပ်ကိုင်ခဲ့တာပါ။ ဒါကြောင့်မို့ နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေအနေနဲ့ ရှိပြီးသာ တရုတ်ပိုင်လုပ်ငန်း တွေနဲ့ယှဉ်ရသလိုပဲ တစ်ဖက်မှာလည်းတရုတ်နိုင်ငံစီးပွားရေးဖက်ကလည်း အသစ်ဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေနဲ့ ယှဉ်လာရတဲ့ သဘောမှာရှိပါတယ်။
အထူးသဖြင့် အနောက်နိုင်ငံက လုပ်ငန်းတွေ ၀င်လာတော့ မြန်မာစီးပွားရေးလုပ်ငန်းတွေမှာ တစ်လျောက်လုံး ပစ်ပယ်လာခဲ့တဲ့ သဘာဝပတ်ကျင်းကိစ္စ၊ လူအခွင့်အရေးကိစ္စတွေကို ပြောလာ ဆိုလာပါတယ်။ဒါပေမယ့် အနောက်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံ မယ်ဆိုရင်တော့ စိန်ခေါ်ချက်တွေ ရှိနေအုန်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လုပ်ခဲ့ဘူးတဲ့ လက်ရှိမြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းအချို့မှာ အကြံပေးလုပ်နေသော Card Canvel က ၀ါရှင်တန်ဒီစီ စတန်တန့် အင်စတီကျူမှာ ပြောသွားခဲ့ပါတယ်။မြန်မာနိုင်ငံအတွင်းမှာ ညဏပိုင်ဆိုင်ခွင့် ဥပဒေအကြောင်းအရပ်တွေ၊ လုပ်ငန်းခွင် အတွင်း စွမ်းအင်လုံလောက်မှုဆိုင်ရာ ကိစ္စတွေနဲ့ ပက်သက်ပြီး တိုးတက်မှုတွေ မရှိသေးဘူးလို့ အမေရိကန်ကုမ္ပဏီတွေကော ဥရောပက ကုမ္ပဏီတွေကပါ တွက်ချက်ထားတာပါ။
တိုးတက်မှုတွေ ဖြစ်လာဖို့ ဒီလို အခြေနေကောင်းတွေ မရှိမဖြစ် လိုပါတယ်။ မြန်မာနိုင်ငံထဲမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ အစုအဖွဲ့တွေအတွက်က အခုစိန်ခေါ်ချက် တော်တော်များများကို ရင်ဆိုင်နေရပါတယ်လို့ Card Canvel က ပြောသွားတာပါ။ တစ်ချိန်ထဲမှာပဲ အမေရိကန်နိုင်ငံအတွင်း သူရဲ့ကုမ္ပဏီတွေကို မြန်မာနိုင်ငံထဲ ရင်းနှီးမြှပ်နှံလုပ်ဖို့ အားပေးနေပေမယ့် တာဝန်သိရင်းနှီးမြှပ်ဖြစ်ဖို့ တင်းတင်းကြပ်ကြပ် စည်းမျဉ်းတွေ ထုတ်ထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် စံပြုလောက်တဲ့ ရင်းနှီးမြှပ်နှံမှု ဖြစ်လိမ့်မယ်လို့ အမေရိကန် GE company ရဲ့မြန်မာနိုင်ငံကိုယ်စားလှယ် Andrule က VOA ကို ပြောပါတယ်။ "ခုဆို မြန်မာအစိုးရက Reform for Business Investment ကို လိုချင်လာတယ်။အဲဒါက ဘာလဲဆိုတော့ Corportae Social Responsibilities ထဲမှာ တစ်ခုပါဝင်ပါတယ်"လို့ပြောပါတယ်။တင်းကြပ်တဲ့ စီးပွားရေးဥပဒေတွေကြောင့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေအဖို့ တရုတ်နဲ့ယှဉ်ရင်တောင် တစ်ဗန်ရှုံးတယ်လို့ယူဆထားပါတယ်။ ၀န်ကြီးဟောင်း Card Canvel ကိုယ်တိုင်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်ဖို့ တွန့်ဆုတ်နေတာ အမေရိကန်တစ်ခုပဲ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ရန်ကုန်မြို့ထဲရှိနေရာ တော်တော်များများကို လျောက်ကြည့်မယ်ဆိုရင် ကရိန်းစက်ကိရိယာတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တွေ့ရပါမယ်။ အာရှက ဂျပန်၊တောင်ကိုးရိယားစတဲ့ နိုင်ငံတွေက သက်ဆိုင်ရာ သူတို့ရဲ့နိုင်ငံတွေက ငွေကြေးထောက်ပံ့မှုနဲ့ ရင်းနှီးလုပ်ကိုင်နေကြပါတယ်။အရှေ့အလယ်ပိုင်းတိုင်းပြည်များနဲ့ ဥရောပက လုပ်ငန်းအချို့လည်း တွေ့ရပါတယ်။ပြောရမယ်ဆိုရင် ရင်းနှီးမြှပ်နှံဖို့ တွန့်ဆုတ်နေတဲ့ နိုင်ငံဆိုလို့ ထူးထူးခြားခြား အမေရိကန် တစ်နိုင်ငံတည်း ရှိပါတယ်လို့ ပြောခဲ့ပါတယ်။အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေး ဒဏ်ခတ်မှု တော်တော်များကို ယာယီဆိုင်းငံပေးခဲ့ပေမယ့် တချို့ ပစ်မှတ်ထား ဒဏ်ခတ်မှုတွေကတော့ ရှိနေတုန်းပါပဲ။အရင် စစ်အစိုးရလက်ထက် အာဏာပိုင်တွေနဲ့ ပက်သက်တဲ့ လူပုဂ္ဂိုလ်တွေရဲ့ လုပ်ငန်းတွေကို စာရင်းပြုစုထားတဲ့ ဒဏ်ခတ်မှု စာရင်းကတော့ အသက်ဝင်ဆဲ ရှိတာမို့လို့ အမေရိကန် လုပ်ငန်းတွေ အနေနဲ့ ရင်းနှီးမြှပ်နှံဖို့လုပ်တဲ့အခါမှာ အဲဒီလူတွေနဲ့ လုပ်ငန်းတွေနဲ့ ပက်သက်မှုမရှိအောင် စစ်ဆေးရတာ ကြန့်ကြာမှုနဲ့ ကြုံရတဲ့လို့ GE ကုမ္ပဏီရဲ့ Andrule ကပြောပါတယ်။"အခြားတိုင်းပြည်တွေနဲ့ ပြန်ဆက်သွယ်မယ်ဆိုရင် Due diligence နဲ့ Compline ကို ဦးစားပေးလုပ်ရတော့ ပိုပြီးအလုပ်ရှုပ်ပါတယ်" လို့ပြောခဲ့ပါတယ်။လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှပ်နေတဲ့ အပိုင်းတွေကတော့ လျှပ်စစ်ဓါတ်အားနဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းတွေမှာ ဖြစ်တယ်လို့ သိရပါတယ်။အမေရိကန်ပြည်ထောင်စုအနေ နဲ့ကလည်း ဒီလို လုပ်ငန်းမျိုးတွေမှာ စိတ်ဝင်စားမှုရှိပြီ ပါဝင်ပက်သက်မှု တစ်စုံတစ်ရာ စတင်ဆောင်ရွက်နေပြီလို့ မြန်မာနိုင်ငံ၏ရင်းနှီးမြှပ်နှံမှု ကော်မရှင် ဥက္ကဌလည်းဖြစ် စွမ်းအင်ဝန်ကြီးလည်း ဖြစ်တဲ့ ဦးဇေယျာအောင်က ပြောခဲ့ပါတယ်။"ခုဆို ကျွန်တော်တို့ နိုင်ငံမှာ အရှေ့အာရှနဲ့ ဥရောပက တော်တော်များများ ၀င်ရောက်လာပါတယ်။ သို့သော်လည်း အမေရိကန်နိုင်ငံရဲ့ ကုမ္ပဏီကြီးများ အဖွဲ့အစည်းများကတော့ နည်းပါးနေပါတယ်။မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ကန်လွန်ရေနံရှာဖွေရဲ့ သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းတစ်ခု ဖြစ်တဲ့ ရတနာ ဓါတ်ငွေ့ စီမံကိန်းမှာဆိုရင် ပထမဆုံး Sherun က ပါဝင်ခဲ့တာဖြစ်ပါတယ်။စီးပွားရေးပိတ်စို့မှုတွေ ချမှတ်ပြီတဲ့နောက်မှာ unocal အဖြစ် သူရဲ့ ရှယ်ယာ၂၆ ရာခိုင်နှုန်းလောက်ကျန်ရှိခဲ့ပြီ ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။နှစ် ၂၀ကျော်လောက် ရင်းနှီးမြှပ်ပြီတော့ သူတို့ရဲ့ အကျိုး ဖြစ်ထွန်းမှု၊ ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးဖြစ်ထွန်းမှု ပါအပါအ၀င် အခြေချခဲ့ပြီး ဖြစ်ပါတယ်။သို့သော်လည်းပဲ ပြီခဲ့တဲ့ အစိုးရလက်ထက်မှာတော့ နိုင်ငံရဲ့ စွမ်းအင် ဖူလုံမှုအတွက် ကုန်ပိုင်းကော ကန်လွန်ပိုင်းမှာပါ တိုးချဲ့ပြီး ရေနံရှာဖွေရေးတွေ သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေးတွေဆောင်ရွက်ဖို့အတွက ဖိတ်ခေါ်မှုတွေ ဆောင်ရွက်ခဲ့တယ်။ ဒီလိုဖိတ်ခေါ်မှုမှာ အမေရိကန်ရော ဥရောပ ကုမ္ပဏီတော်တော်များပါ ပါဝင် ယှဉ်ခဲ့ကြပါတယ်။အကယ်၍ ရေနံကုမ္ပဏီကြီးတွေပဲ Technology ရှိပြီး ငွေကုန်ကြေးကျခံနိုင်ပြီ အရင်းအနှီးမြှပ်နှံမှု များတဲ့ လုပ်ငန်းကြီးတွေကို ဆောင်ရွက်နိုင်တာဖြစ်ပါတယ်” မြန်မာနိုင်ငံနဲ့လုပ်ကိုင်နေကြတဲ့ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ သူတို့လုပ်ငန်းနဲ့ ပက်သက်တဲ့ လူအခွင့်အရေးဆိုင်ရာ အခြေအနေတွေ၊ တာဝန်သိရင်းနှီးမြှပ်နှံမှုဆိုင်ရာ လုပ်ဆောင်ချက်တွေ ပက်သက်ပြီးတော့ ပုံမှန်လိုလို အမေရိကန်အစိုးရကို အစီရင်ခံစာတင်ပေးရမယ်ဆိုတဲ့ စည်းမျဉ်းကို အမေရိကန်ဖက်က ချမှတ်ထားသလိုပဲ တစ်ဖက်မှာလည်း စီးပွားရေး ဒဏ်ခတ်မှုအချို့က အသက်ဝင်ဆဲ ရှိပါတယ်။အထူးသဖြင့် ပစ်မှတ်ထား အရေးယူခံထားရတဲ့ သူတွေနဲ့ မြန်မာစစ်တပ်နဲ့ ပက်သက်ဆက်နွယ် လုပ်ကိုင်ဆောင်ရွက်မှုတွေ မရှိဖို့ တားမြစ်ချက် ဖြစ်ပါတယ်။ ဒီအချိန်မှာ အမေရိကန် လုပ်ငန်းတွေ အခြားလုပ်ငန်းတွေနဲ့ ယှဉ်ရင် ကြန့်ကြာမှု ဖြစ်စေတယ်လို့ယူဆသလိုပဲ တစ်ဖက်မှာ ဒီကန့်သတ်ချက်တွေဟာ မြန်မာနိုင်ငံအတွက်တော့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အပိုင်းမှာ စံပြကောင်းတွေ ဖြစ်လာနိုင်တယ်လို့ ယူဆမှုတွေလည်း ရှိပါတယ်။
Credit to : VOA (သားညိုဦး)
Labels:
သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment