> Sole Proprietors (တစ်ဦးတည်းပိုင်လုပ်ငန်း)
- တစ်ဦးတည်းပိုင်လုပ်ငန်းအမျိုးအစားဖြစ်ပြီး ကိုယ်ပိုင်ငွေအရင်းအနှီးဖြင့်စတင်နိုင်၍ အမြတ်ဝေစုရလျှင်လည်း တစ်ဦးတည်းသာရရှိပါသည်။
- လုပ်ငန်းသေးအမျိုးအစားဖြစ်ပြီး အရင်းအနှီးနဲနဲဖြင့်စတင်နိုင်ပါသည်။
ကောင်းကျိုးများမှာ-
- လုပ်ငန်းစတင်ရလွယ်ကူခြင်း။
- လုပ်ငန်းဖျက်သိမ်းရလွယ်ကူခြင်း။
- အမြတ်ဝေစုကိုတစ်တည်းပိုင်ဆိုင်နိုင်ခြင်း။
- ဘဏ်ကနေ ကုမ္ပဏီတွေထက် ငွေပိုချေးနိုင်ခြင်း။
- အခွန်တစ်ကြိမ်ပဲဆောင်ရခြင်း။
ဆိုးကျိုးများ-
- အကန့်အသတ်မရှိဘဲ အကြွေးတင်ရင် အကြေပြန်ဆပ်ကခြင်း။
- လုပ်ငန်းကြီးထွားနိုင်ဖို့ကြန့်ကြာစေခြင်း။
- ကိုယ်မဦးဆောင်ရင် ပြိုလဲနိုင်ချေရှိခြင်း။
~~~~~~~~
> Partnership
- အစုပ်စပ်သည် ၂ယောက်ကနေ အယောက် ၂၀ထိ စုပေါင်းလုပ်ကိုင်နိုင်သည်။
- Sole Proprietors ထက် လုပ်ငန်းဆိုဒ်ကြီးပြီး လုပ်ငန်းအကြီးစားထဲတော့မပါဝင်ပေ။
ဥပမာ - Finance, Insurance, Real Estate Firms, Wholesale and retail firms တို့လိုမျိုးဖြစ်သည်။
Partnership ရဲ့ကောင်းကျိုး၊ဆိုးကျိုးမပြောခင် Partnership Contract အကြောင်းကိုသိထားဖို့လိုပါတယ်။
Partnership Contract မှာပါရဲ့အချက်တွေကတော့ -
- လုပ်ခလစာရှင်းတမ်း
- အမြတ်၊အရှုံးကို ဘယ်လိုခွဲဝေမလဲဆိုတဲ့အချက်
- လုပ်ငန်းဖျက်သိမ်းတဲ့အခါ လုပ်ငန်းထဲက ဘယ်ပစ္စည်းတွေကို ပြန်လည်ခွဲဝေယူကြမလဲဆိုတဲ့အချက်
တွေ ကြိုတင်ထည့်သွင်း ချုပ်ဆိုထားဖို့လိုပါတယ်။
ကောင်းကျိုးများ-
- လုပ်ငန်းပေါင်းလုပ်ရတာလွယ်ကူခြင်း။
- အစုစပ်တွေက အမြတ်ကိုယ်စီခွဲဝေယူနိုင်ခြင်း။
- ငွေချေးရတာလွယ်ကြူ်ခင်း။
- အခွန်ကို အစုစပ်တစ်ဦးချင်းဆီကသာ ဆောင်ရခြင်း။
- အရင်းအနှီးများများသုံးနိုင်ခြင်း။
- လုပ်ငန်းကြီးထွားဖို့အလာလားကောင်းခြင်း။
ဆိုးကျိုးများ-
- အကြွေးဆပ်ရန်တာဝန်အကန့်အသတ်မရှိခြင်း။
- လုပ်ငန်းကြီးထွားဖို့ ဥပဒေအရအကန့်အသတ်ရှိနေခြင်း။
- အစုစပ်တစ်ဦးသေဆုံးခဲ့လျှင် အဖွဲ့ဝင်တွေကဆက်လက်လုပ်ကိုင်လိုခြင်းမရှိခြင်း။
- အစုစပ်တွေအကြား အငြင်းပွားမှု၊ မသမာမှု ခဏ ခဏဖြစ်ခြင်း။
Jimmy Hein (HRM Revolution)
Monday, April 3, 2017
Sunday, January 29, 2017
U Ko Ni
အမြင်တူမှ မဟုတ်ဘူး
ဘာသာတူမှ မဟုတ်ဘူး
လူမျိုးတူမှ မဟုတ်ဘူး
နိုင်ငံသားတစ်ဦး ဆုံးရှုံးတာဟာ ဆုံးရှုံးတာပဲ
မတရားတာ မတရားတာပဲ
မင်းဟာမင်း ဘာယုံယုံ ဘယ်ဘက်ကဖြစ်ဖြစ်
-------
ဘာသာတူမှ မဟုတ်ဘူး
လူမျိုးတူမှ မဟုတ်ဘူး
နိုင်ငံသားတစ်ဦး ဆုံးရှုံးတာဟာ ဆုံးရှုံးတာပဲ
မတရားတာ မတရားတာပဲ
မင်းဟာမင်း ဘာယုံယုံ ဘယ်ဘက်ကဖြစ်ဖြစ်
-------
Tuesday, January 10, 2017
HR Sales & Service
HR Call Center
ကုမ္ပဏီမှာဆို ဖုန်းလက်ခံရဆုံးကတော့ Reception ပါ။ ဒုတိယလက်ခံရဆုံးကတော့ HR ဌာနမှာရှိသော R&S service ပါ။ ကြေငြာလိုက်တဲ့ လစ်လပ်နေရာတွေအတွက် ဝန်ထမ်းလိုသေးလား? ဘယ်မှာလုပ်ရမှာလဲ? ဘာလုပ်တဲ့ ကုမ္ပဏီလဲ? လစာကကော? စုံလို့ပါပဲ။ Call တွေက နည်းတာမဟုတ်ဘူး။ ရုံးဖုန်းပါ မလောက်တော့ external ဖုန်းတစ်လုံးပါဆောင်ထားရတယ်။ ဒါကြောင့် ၀င်လာတဲ့ ဖုန်း call တိုင်းဟာ ကိုယ့်ကုမ္ပဏီကို အကျိုးပြုနိုင်မဲ့ ၀န်ထမ်းကောင်းတွေ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးလေ။ဒါကြောင့် Call center က အသံချိုချို၊ ကြားလိုက်တာနဲ့ အင်တာဗျူး ချက်ချင်းဝင်သွားစေမယ့် လေသံမျိုးနဲ့ ပြောရပါတယ်။ လိုအပ်ရင် လမ်းညွန်းမှုတွေပြန်ပေးရပါတယ်။ Conversation တစ်ခုမှာ ကိုယ့်ရဲ့ အပြောအဆိုဟာ ကိုယ့်ကုမ္ပဏီရဲ့ image ကို ထိခိုက်စေနိုင်ပါတယ်။ ငါတို့က အလုပ်ခန့်မယ်သူမယ် ငါတို့ကဘာလို့ချိုသာရမှာလဲ၊ မအားသေးဘူး နောက်မှ ဆက်လို့ လုပ်လို့မရပါဘူး။ R&S ကို တာဝန်ယူထားရင် Candidate တစ်ယောက် ကိုယ့်ကုမ္ပဏီ ထိုင်ခုံမှာ လာထိုင်နိုင်တဲ့အထိ ၀န်ဆောင်မှု ပေးရပါမယ်။ ပထမခြေလှမ်းကတော့ call တစ်ခုကစတာပါပဲ။ ကိုယ့်ရဲ့ စိတ်နေသဘောထားဟာ ဒီနေရာမှာ အရေးကြီးပါတယ်။
---------------------
HR Customer Service
HR ဌာနတစ်ခုဟာ Customer service ဆိုလည်းမမှားပါဘူး။ နေ့စဉ်ပေးနေရတဲ့ ၀န်ဆောင်မှုတွေဟာ ကုမ္ပဏီနဲ့ ၀န်ထမ်းတွေကြား အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ပါတယ်။ လူလူချင်း ချိတ်ဆက်လုပ်ကိုင်ရသည့်အပြင် ပြောဆိုဆက်ဆံရေးပါကောင်းရပါတယ်။ နေ့စဉ်လက်ခံရရှိလာတဲ့ Customer (Staffs) complain တွေကို စိတ်ရှည်စွာ နားထောင်ပေးရပြီး အကြံဥာဏ် ၀န်ဆောင်မှုတွေပါ ပြန်ပေးရပါတယ်။ ဆိုးဆိုးဝါးဝါးအခြေအနေမှာ ရှိနေတဲ့ customer တွေရဲ့ အပြုမူတွေကိုပါ HR ကဒဏ်ခံရပါတယ်။ HR ကပေးနေတဲ့ Service တွေကတော့ အများကြီးပါ။ R&S service , T&D service, Payroll service , PR service စသော ပေးနေတဲ့ service တွေကတော့ ပုံစံမတူပါဘူး။ R&S မှာဆို Candidate တွေဟာ မတူကွဲပြားတဲ့ လုပ်ငန်းအတွေ့အကြုံ နောက်ခံတွေလာကြတဲ့အတွက် ကိုယ့်ကုမ္ပဏီနဲ့ ကိုက်ညီမယ့်သူကို R&S က စစ်ထုတ်ပြီးရွေးပါမယ်။ ခန့်အပ်ထားတဲ့ ၀န်ထမ်းတစ်ယောက်ကိုလည်း follow လိုက်ပြီး Performance Appraisal လုပ်ရပါမယ်။ တိုင်းတာချက်တွေအရ လိုအပ်ရင် T&D service ကိုသုံးရပါမယ်။ Organization ထဲမှာ T&D အတွက် သင်တန်းနေရာ၊ ပေးသူ၊ ယူသူ၊ ကျွမ်းကျင်သူ
Friday, January 6, 2017
မှတ်တမ်းတစ်ခုရဲ့ နောက်ကွယ်
--- နေ့စဉ်နှင့်အမျှ သွားလာလှုပ်ရှား ရုန်းကန်ရင် ပျော်စရာအချိန်လေးတွေရှိသလိ
--- ပုံစံတူတွေများထဲကြားထဲမှာ အတုမခိုးမိဖို့အရေးကြီးတယ်။
--- ကိုယ်ကိုကိုယ် အားကျနိုင်ဖို့ထက် အမြင်မှာပေါ်လာတဲ့သူတွေကိုပဲ
--- သင်တို့မြင်တွေ့နေရတဲ့ အားကျရတဲ့ ဓါတ်ပုံတွေရဲ့နောက်မှာ တစ်ချို့တွေဟာ အလိမ်အညာတွေပါ။ တစ်ချို့အရာတွေကတော့ ရာနှုန်းပြည့် မပြည့်စုံပါဘူး။ ခံစားချက်တွေနဲ့လူမှာ ဖွင့်ဟဖို့အတွက် နေရာတစ်နေရာလိုတယ်။ ကိုယ်ဘေးမှာ နားထောင်ပေးမယ့်သူရှိတဲ့အတွ
--- ပေါ်ပင်တွေ အပေါ်ယံတွေနဲ့သာ ဖြစ်တည်လာတဲ့ အတုအပခေတ်တစ်ခုပါ။ လူအများတွေရောက်နေကြတဲ့ နေရာကို ရောက်ဖူးချင်တယ်၊ ငါလည်းသွားနိုင်တယ်ဆိုတာမျိ
--- ဓါတ်ပုံဆိုတာ မှတ်တမ်းတစ်ခုပါပဲ။ ကိုယ်အသုံးပြုခဲ့အချိန်တစ်ခ
--- ခေတ်အရ culture ချိန်းနေပေမယ့် မိသားစုမှတ်တမ်းမှာတော့ ထိန်းသိမ်းသင့်တဲ့ ယဉ်ကျေးမှုတစ်ခုပါ။ မိသားစုထက် ဖုန်းတစ်လုံးပေါ်မှာ အချိန်တွေ ပိုသုံးမိတဲ့အခါ ဖုန်းတစ်လုံးဟာ ကိုယ်အတွက်သီသန့် သူငယ်ချင်းဖြစ်လာတယ်။ အထူးသဖြင့် Facebook လိုနေရာမှာ အချိန်တွေရင်းနှီးမြှပ်နှံထ
--- မြင်နေရတာလေးနဲ့ စကားသတ်ရရင် “လူတစ်ယောက် ဖုန်းတစ်လုံး ဘ၀တစ်ခု နိဂုံး” ။ ဒါပါပဲ … စိတ်ထဲပေါ်လာတာလေး ပြန်လည်းမျှဝေတာပါ။ ဒါဟာ ကျွန်တော်ရဲ့ ထင်မြင်ချက်တစ်ခုပါ။ ဆွေးနွေးနိုင်ပါတယ်။
#Jimmy_Hein
Thursday, January 5, 2017
Mark Zuckerberg နိုင်ငံရေးဘက်ကို ကူးဖို့ပြင်ဆင်နေပြီလား လို့ ယူဆချက်တွေထွက်ပေါ်
Facebook တည်ထောင်သူ Mark Zuckerberg ဟာ ယခုနှစ်
၂၀၁၇ မှာ အမေရိကန်မှာရှိတဲ့ ပြည်နယ်တွေအားလုံးကို အရောက်
သွားဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ပြောဆိုခဲ့တာကြောင့် ၎င်းဟာ
နိုင်ငံရေးဘက်ကို ကူးပြောင်းသွားကောင်းသွားနိုင်တယ်လို့ ထုတ်
ဖော်အရိပ်ပြလိုက်သလိုဖြစ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတစ်ရပ်
မှာ ဖော်ပြထားပါတယ်။
အရင်နှစ်တွေတုန်းကတော့ သူဟာမန်းဒရင်းတရုတ်စာကို သင်
ယူခဲ့သလို နေ့စဉ်ခရီးမိုင်တစ်မိုင်နီးပါးပြေးမယ်လို့ ကတိပြုပြော
ကြားခဲ့သူဖြစ်ပါတယ်။ အလားတူ သူရဲ့ နေအိမ်ကိုထိန်းချုပ်ဖို့အ
တွက် Jarvis လို့ခေါ်တဲ့ Virtual assistant ကိုပါ ဖန်တီးခဲ့သူဖြစ်
ပါတယ်။
ယခုနှစ်မှာတော့ ၎င်းအနေနဲ့ အမေရိကန်မှာရှိတဲ့ ပြည်နယ်တွေ
အားလုံးကို သွားရောက်လည်ပတ်ပြီး ပြည်နယ်တိုင်းက ဒေသခံတွေ
နဲ့ တွေ့ဆုံချင်တယ်လို့ ထုတ်ဖော်သွားခဲ့ပါတယ်။ ၎င်းဟာ လက်ရှိအ
ချိန်ထိ ပြည်နယ် ၂၀ အထိ သွားခဲ့ပြီး အခုနှစ်ကုန်မတိုင်ခင် ပြည်နယ်
၃၀ ခန့်အထိ သွားရောက်လည်ပတ်ဖို့ရှိနေတာလည်း ဖြစ်ပါတယ်။
" ဒီနှစ်ပိုင်းမှာတော့ ကျွန်တော်ဆန္ဒရှိနေတာက ဒီမှာရှိတဲ့ လူတွေ
သူတို့ ဘယ်လိုတွေ နေထိုင်နေကြတယ်၊ ဘယ်လိုတွေ အလုပ်လုပ်
နေကြတယ်၊ အနာဂတ်အတွက် သူတို့ဘာတွေတွေးနေကြတယ်ဆို
တာတွေ့ပြီး ပြောချင်မိပါတယ်" လို့ Zuckerberg ကသူရဲ့ ဖေ့
ဘွတ်ခ်ပို့မှာ ရေးသားထားခဲ့ပါတယ်။
သူသွားလာမယ့်ခရီးစဉ်တွေထဲမှာ ဇနီးသည် Priscilla Chan နဲ့
အတူ သွားမယ့်လမ်းခရီးစဉ်တွေပါဝင်ပြီး ဖေ့ဘွတ်ခ် ရုံးတွေကို ၀င်
ရောက်မှာဖြစ်သလို ဆရာဆရာမတွေ၊ သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံ
ဖို့ရှိတဲ့အပြင် မြို့ငယ်လေးတွေနဲ့ တက္ကသိုလ်တွေကိုပါ ၀င်ရောက်ဖို့
ရှိနေတယ်လို့ သိရပါတယ်။
ယခုပြောဆိုမှုဟာ သူ့အနေနဲ့ အစိုးရလုပ်ငန်းထဲကို ပါဝင်ပတ်သက်ဖို့
ရည်ရွယ်နေတယ်ဆိုတာကို ပြသလိုက်တဲ့ အရွေ့တစ်ခုဖြစ်တယ်လို့
လည်း ယူဆနေကြပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလအစပိုင်းကတော့
ထွက်ပေါ်လာတဲ့သတင်းတွေအရ Facebook CEO Zuckerberg
နဲ့ အခြားဘုတ်အဖွဲ့ဝင်နှစ်ဦးတို့ဟာ လက်ရှိကုမ္ပဏီကို ထိန်းချုပ်ရင်း
နဲ့ပဲ နိုင်ငံရေးဘက်ကို စီအီးအိုတစ်ယောက်အနေနဲ့ ဘယ်လိုမျိုး
ကူးပြောင်းလုပ်ဆောင်နိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြ
တယ်လို့လည်း သိရပါတယ်။
Credit to ; Strategy First Journal
photo;wired.com
source;https://www.theguardian.com/…/mark-zuckerberg-facebook-2017

Monday, November 7, 2016
နိုင်ငံခြားပြန်လုပ်ငန်းတွေ့အကြုံရှိသူများ၏အရေးကြီးပုံ
အပိုင်း
(၁)
မြန်မာနိုင်ငံသည်
အာဆီယံစီးပွားရေး အသိုက်အ၀န်း (AEC) တွင်ပူးပေါင်းပါဝင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင်
ဒေသတွင်းနိုင်ငံများနှင့် ပိုမိုပေါင်းစည်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းလုပ်ငန်းများအပေါ်
စိန်ခေါ်မှုများလည်း တစ်ပါးတည်း မြင့်တက်လာမည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံတစ်နိုင်ငံမှ
စက်မှုထွန်းကားသည့် နိုင်ငံအဖြစ်သို့ တက်လှမ်းလာတော့မှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့
GDP တိုးတက်မှုနှုန်းကို နှစ်စဉ် ၇% မှ ၉% သို့တိုးတက်ရန် ရည်မှန်းထား၍ အကောင်အထည်ဖော်နိုင်မည်ဆိုပါက
လာမယ့် ၂၀၃၀ ပြည့်နှစ်တွင် တိုင်းပြည်၏ စက်မှုဖွံ့ဖြိုးမှုမှာ တစ်နှစ်လျှင် ၅% မှ ၆%
အကြားတိုးတက်လာမည်ဖြစ်ပါသည်။ AEC ၏ အဓိကသော့ချက်မှာ AFTA (ASEAN Free Trade Area) ခေါ်
လွတ်လပ်သော ကုန်သွယ်မှုဒေသ တစ်ခုအဖြစ် ၂၀၁၅ ခုနှစ်ကတည်းကစ၍ အကောင်အထည်ဖော်နေပြီး ဖြစ်ပါသည်။
AEC အဖွဲ့ဝင်နိုင်ငံတွေဟာ အချက် (၄) ချက်ကို လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်သည့် သဘောတူညီချက်အား
လက်မှတ်ထိုးထားကြပါသည်။ (၁) ကုန်စည်များ၊ (၂) ၀န်ဆောင်မှုများ၊ (၃) ရင်းနှီးမြှုပ်နှံမှု
နှင့် (၄) ကျွမ်းကျင်လုပ်သားများ တို့ပဲဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ
AFTA, AEC တွေနဲ့အတူပြောင်းလဲလာတဲ့ ဒီမိုကရက်တိုက်ဇေးရှင်းအရွေ့တစ်ခုဟာ နိုင်ငံတကာက
မြန်မာနိုင်ငံကို စီးပွားရေးဈေးကွက်အရ မျက်စိကျလာပြီဖြစ်ပါတယ်။ အစိုးရသစ်လက်ထက် ဒေသအတွင်း
စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့ ဥပဒေတွေပြင်ဆင်ခြင်း၊ အထူးစီးပွားရေးဇုန်တွင်တည်ဆောက်ပေးခြင်း၊
အခြေခံအဆောက်အအုံ တွေအတွက် နိုင်ငံတကာရဲ့ အကူညီတွေရယူခြင်း စတဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်
အဖက်ဖက်မှ ကြိုးစားဆောင်ရွက်နေသည်များကို တွေ့မြင်နေရတယ်။
နိုင်ငံခြားတိုက်ရိုက်
ရင်းနှီးမြှုပ်နှံမှု (FDI) ၀င်ဖို့ဆိုရင် အခြေခံအားဖြင့် ရင်းနှီးမြှုပ်နှံမဲ့သူတွေဟာ
အဓိကအချက် (၅)ချက်ကို ကြည့်မှာဖြစ်ပါတယ်။ (၁) နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှု
(Political & Stability) ၊ (၂) နိုင်ငံရဲ့ စီးပွားရေးအလားအလာကောင်းမှု
(Economic Potential)၊ (၃) နိုင်ငံရဲ့ စီပွားရေးဇုံကြမှု (Geographic Location) ၊(၄)
နိုင်ငံရဲ့ အလုပ်အကိုင်နှင့် လုပ်သားအရင်းအမြစ် (Skill Labour)၊ (၅) နိုင်ငံရဲ့ အဓိကစီးပွားရေးအဆောက်အအုံ
(Infrastructure) တို့ပဲဖြစ်ပါတယ်။
FDI
မှာရော AEC မှာရော နံပါတ် (၄) အချက်ဖြစ်တဲ့ Skill Labour ဆိုတာပါလာပြီ ဖြစ်ပါတယ်။ ကိုယ်နိုင်ငံထဲမှာ
ရှိတဲ့ Labour တွေဟာ Skill Full ဖြစ်ရဲ့လားဆိုတာ ပြန်သုံးသပ်ရပါတော့မယ်။ ဟိုယခင်က နိုင်ငံအတွင်းမှာ
နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စီးပွားရေးချွတ်ချုံကျမှုတွေကြောင့် ကိုယ်နိုင်ငံအတွင်းက
ပညာရှင်တွေ၊ ပညာတတ်တွေဟာ အလုပ်အကိုင်မဖန်တီပေးနိုင်၍ ပြည်ပကို ထွက်ခွာသွားခဲ့ကြပါတယ်။
ယခု နိုင်ငံရေးအပြောင်းအလဲတွေကြောင့်သော်၎င်း၊ စီးပွားရေးအခြေအနေပြောင်းလဲမှုကြောင့်သော်၎င်း
ပြန်လည်ရောက်ရှိလာကြပြီဖြစ်ပါတယ်။ နိုင်ငံခြားပြန်သူတွေနဲ့အတူ ပါလာတာကတော့ နိုင်ငံခြားလုပ်ငန်းအတွေ့အကြုံတွေပဲဖြစ်ပါတယ်။
တစ်ချို့တွေက ပညာရေးအတွက် တစ်ချို့တွေက အရင်းအနှီးရှာဖို့အတွက် နိုင်ငံခြားကိုထွက်သွားကြတာဖြစ်တယ်။
ဖွံ့ဖြိုးပြီးနိုင်ငံမှာရခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံဟာ ဖွံ့ဖြိုးဆဲနိုင်ငံအတွက်တော့
ဗဟုသုတ (သို့) သင်ခန်းစာအဖြစ် ပြန်လည်းယူသုံးလို့ရမယ်။ ဘာကြောင့်လဲဆိုတော့ သတ်မှတ်ပြဌာန်းထားတဲ့
ဥပဒေတွေဟာ မတူကြလို့ပဲ။
အပိုင်း
(၂)
ဥပမာ
ကုမ္ပဏီတစ်ခုမှာ Asst HR Manager တစ်ယောက်ရှိတယ်ထားပါတော့။ ထိုမန်နေဂျာဟာ လုပ်သက်ရင့်ပြီး
ကိုယ်နိုင်ငံအတွင်းက အလုပ်သမားဥပဒေတွေ ကောင်းကောင်းသိတယ်။ လုပ်ငန်းခွင် သဘာဝကို ကောင်းကောင်းနားလည်တယ်။
လုပ်ငန်းလိုအပ်ချက်အရ မဖြစ်မနေ နိုင်ငံခြားအတွေ့အကြုံရှိတဲ့ HR Manager တစ်ယောက်ကို
ခန့်လိုက်တယ်ဆိုပါစို့။ အဲဒီ HR Manager ဟာ ဘာသာစကားလည်းကျွမ်းကျင်ပြီး MBA လည်းပြီထားတယ်။
ဒါပေမယ့် HR လုပ်ငန်းအတွေ့အကြုံတော့ ရှိမနေဘူးဆိုရင်တော့ ပြဿာနာရှိပါတယ်။ လုပ်ငန်းတွေလိုအပ်ချက်အရ
ခန့်တယ်ဆိုရင်တောင် Owner က သူနဲ့ကိုက်ညီတဲ့ ရာထူးမျိုးပေးရပါမယ်။ နိုင်ငံခြားမှာ
MBA ပြီးထားရုံနဲ့တော့ HR Manager ဖြစ်မလာနိုင်ပါဘူး။ နောက်တစ်ခုက လစာ ကွာဟမှု ပြဿာနာတွေရှိလာနိုင်ပါတယ်။
နိုင်ငံခြားပြန်အလုပ်အတွေ့ကြုံရှိတယ်သူတွေဟာ လစာကို လက်ရှိ Local ကဈေးကိုမကြည့်ဘဲ
ဟိုအရင်နိုင်ငံခြားမှာ ရခဲ့တဲ့လစာထက်မနဲ တောင်းပါလိမ့်မယ်။ နိုင်ငံခြားပြန်တစ်ယောက်ကိုခန့်လိုက်ပြီးဆိုရင်တော့
အနီးဆုံး ရာထူးတူတစ်ယောက်ကတော့ လစာကိစ္စနဲ့ Feeling တစ်ခုတော့အမြဲဝင်နေမှာပါ။ နောက်တော့
လုပ်ငန်းမှာ မပျော်တော့ဘဲ လုပ်သက်ရင့်ဝန်ထမ်းကပဲ ပြောင်းသွားလိမ့်မယ်။ တစ်ခါတစ်လေ
Owner တွေရဲ့ Technic တစ်ခုလို့လဲ ဆိုလို့ရနိုင်တယ်။လက်ရှိဝန်ထမ်းတွေအပေါ်မှာ သြဇာသက်ရောက်မှုမရှိတော့လို့
ကြားလူခံပြီး စီမံခန့်ခွဲခိုင်းတာလည်းဖြစ်နိုင်တယ်။
ကျွန်တော်တို့ Local Company တွေရှိဝန်ထမ်းတွေဟာ
အေးအေးလူးလူးနဲ့ အလုပ်လောဘမရှိဘဲ မလုပ်မရှုပ်မပြုတ်ဆိုတာမျိုး နေလေ့ရှိတယ်။ တကယ်လို့
နိုင်ငံခြားကုမ္ပဏီတွေ ၀င်လာပြီဆိုရင် Local ကုမ္ပဏီတွေနဲ့ ပြိုင်ရတော့မယ်။ အဲဒီအချိန်ကြရင်
နိုင်ငံခြားသားတွေ၊ နိုင်ငံခြားပြန်တွေက Top Management ၊ Business Development ပိုင်းစတဲ့
နေရာကြီးကြီးတွေမှာ သူတို့ယူထားပြီး ကျန် Middle
Level ပိုင်းတွေလောက်သာ
Local Employee တွေကိုသုံးမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Labour Market ထဲမှာနစ်နာမှုတွေဖြစ်လာပါမယ်။
နိုင်ငံခြားလုပ်ငန်းအတွေ့အကြုံရှိတာမှန်ပေမယ့်
သက်ဆိုင်ရာနယ်ပယ်ကမဟုတ်ရင် အဆင်မပြေပါဘူး။ နိုင်ငံခြားပြန်တစ်ယောက်ဟာ လုပ်ငန်းမှာ စိတ်အားတတ်ကြွတာမှန်ပေမယ့်
လုပ်နေတဲ့အလုပ်က ဦးတည်ရာလွဲနေရင် သူနဲ့အတူတွဲလုပ်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ နောက်ကလုပ်မလုပ်နိုင်ဘဲ
ပြဿာနာရှိနိုင်ပါတယ်။ နောက်တစ်ခုက ကိုယ်နဲ့အတူတွဲလုပ်ရမယ့်သူတွေနဲ့ သဟဇာတ ဖြစ်ဖို့လိုအပ်ပါတယ်။
လုပ်ငန်းခွင်တစ်ခုလုံးရဲ့ သဘောသဘာဝများကိုလည်း သိရှိလာအောင် အချိန်တစ်ခုယူရပါမယ်။ နိုင်ငံခြားပြန်လုပ်ငန်းအတွေ့အကြုံ
ရှိသူတစ်ယောက်ဟာ ပညာတတ်တစ်ယောက်ဆိုရင်တော့ တစ်ကိုယ်ကောင်ဆန်မှုမရှိသင့်ပါဘူး။ ကိုယ်လက်အောက်က
လူတွေအောင်မြင်တာဟာ ကိုယ်ရဲ့အောင်မြင်မှုလို သဘောထားပြီ လက်တွဲသင်ယူပေးရပါမယ်။ ပညာမာန်မာနထားရင်တော့
လက်အောက်ဝန်ထမ်းတွေဟာ နောက်ကွယ်မှာ မကောင်းပြောကြပါလိမ့်မယ်။ ကိုယ်သိတဲ့ နိုင်ငံခြားပြန်အတွေ့အကြုံတွေ
ပြန်လည်မျှဝေပေးရပါမယ်။ Top Management ပိုင်းမှာ ယူထားတဲ့သူဆိုရင်တော့ စီမံခန့်ခွဲ့မှုအပိုင်းရော
လုပ်ငန်းအတွေ့အကြုံပါ ကောင်းမွန်ရပါမယ်။
Sunday, June 19, 2016
" Potential Leader "
အလားအလာရှိတဲ့ ခေါင်းဆောင်း
လက်ရှိအဖွဲ့အစည်းမှာ Middle level manager အဖြစ် အလုပ်လုပ်ခဲ့တဲ့ ဒီတစ်နှစ်ခွဲကာလအတွင်း အကြီးမားဆုံးအခက်အခဲက ဘာလဲဆိုရင် Front line manager တွေကို ဘယ်လိုမျိုး စွမ်းဆောင်ရည်မြှင့်ပေးရမလဲ ဆိုတာပါပဲ။ သူတို့ တော်ရင်တော်သလောက် လုပ်ငန်းတွေ သိသိသာသာ အောင်မြင်လာတတ်ကြတာမို့ အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်လို ဒေသလေးတစ်ခုလောက် တာဝန်ယူရသူတောင် ဒီလောက်ဆိုရင် တစ်နိုင်ငံလုံးကို ဦးဆောင်ရသူဆို ဘယ်လိုများနေမလဲ။ တကယ်တော်တဲ့ မန်နေဂျာတစ်ယောက်ကို တွေ့ပြီဆို လုပ်ငန်းရှင်တွေဟာ လက်လွတ်မခံနိုင်ကြလို့ လစာကောင်းကောင်းပေးဖို့ လက်မတွန့်ကြဘူး ဆိုပြီး လုပ်ငန်းရှင်တစ်ယောက် ရေးဖူးတာလေး သွားသတိရမိပါတယ်။
ခုလို နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ပိုဝင်လာတော့မယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာတော့မယ့် အချိန်မျိုးမှာဆို ကိုယ့်မှာသာ ခေါင်းဆောင်မှုအတွေ့အကြုံနဲ့ အရည်အချင်းတွေ ကောင်းကောင်းရှိထားရင် သူများထက် ခေါင်းတစ်လုံးသာနေမှာ အမှန်ပါပဲ။
ဒါဖြင့် အလားအလာရှိတဲ့ခေါင်းဆောင် (Potential Leader) တစ်ယောက်မှာ ဘယ်လိုအရည်အသွေးတွေ ရှိနေဖို့ လိုမလဲ

Subscribe to:
Posts (Atom)