Saturday, April 9, 2016

ရင်ခုန်မိတာ ..... လား?



လူဆိုတာ စားဝတ်နေရေးအတွက်အလုပ်လုပ်ကြရတယ်။ အလုပ်တစ်ခုရှိမှလဲ လူတန်ဖိုးရှိမယ်။ ဒါဆို အလုပ်လုပ်နေကြတာလူတွေ အထူးသဖြင့် လခစား ၀န်ထမ်းတွေပေါ့ အလုပ်မှာ တစ်နေ့တာ ဘယ်လိုကုန်ဆုံးကြလဲ?
အလုပ်ချိန် မနက် ၉နာရီ - ညနေ ၅ နာရီ အထိဆိုပါစို့။ အဲဒီအချိန်အတောအတွင်းမှာ မိမိရဲ့ ပညာဖြင့် (သို့) ကျွမ်းကျင်မှုဖြင့် အလုပ်အတွက် Result တစ်ခုထွက်ရဲ့လားဆိုတာ သိဖို့လိုတယ်။ အလုပ်ဆိုတာ Result ရှိရတယ်။ လုပ်တော့လုပ်နေတာပဲ Result မရှိရင် အလုပ်လုပ်တာနဲ့ မတူတော့ဘူး။ အလုပ် “လုတ်”နေရုံသာဖြစ်တယ်။
လုပ်တော့ ဟဲ့.. လုပ်တော့နော် ဟဲ့..ဟဲ့ .. "ဟဲ့" ဆိုတာ ခိုင်းစေနေရတဲ့ စကားလုံးဖြစ်တယ်။ တစ်နေ့တာမှာ ခိုင်းမှာလုပ်တာလား? မခိုင်းဘဲလုပ်တာ လား? လူတိုင်း တစ်နေ့တာမှာ ၂၄ နာရီ ပိုင်ဆိုင်ကြတယ်။ ကိုယ်ပိုင်အချိန် ၈ နာရီကို ကျွန်တော်တို့တွေဟာ သူတစ်ပါးကို ပေးထားရတယ်။ အဲပေးထားရတဲ့အချိန် ၈နာရီဟာ တကယ်ကော ရတဲ့ လစာနဲ့ ထိုက်တန်ရဲ့လား? Reslut ထွက်ရဲ့လား? အလုပ်ဆိုတာ လေ့လာသင်ယူလို့ အကောင်းဆုံး နေရာတစ်ခုလို့ သတ်မှတ်လိုက်ရင် အလုပ်လုပ်နေတဲ့လို့တောင် ထင်မိမှာမဟုတ်ဘူး။ အလုပ်လုပ်တာ ရင်ခုန်ဖို့လိုတယ်၊ Professional ဆန်ဖို့လိုတယ်။ ငါကို လစာက ဒီလောက်ပေးထားတာ ဒီလောက်နဲ့ တန်အောင်ပဲလုပ်မယ် ဆိုတာမျိုးတွေ ၀န်ထမ်းစိတ်ထဲမှာရှိကြပါတယ်။ ဒါကြောင့်တစ်နေ့တာ အလုပ်မှာ ကိုယ့်အတွက် သူ့အတွက် ဘာအကျိုးရှိသွားစေလဲဆိုတာ Result ပဲ။ ၀န်ထမ်းဆိုတဲ့အတွက် အလုပ်ဝန်တွေကို ထမ်းတဲ့သူပေါ့. တစ်နေ့လာ ဒီအလုပ်လုပ်တယ်. နောက်တစ်နေ့လာ ဒီအလုပ်လုပ်တယ်။ ဒါနဲ့ပဲ ကိုယ်အလုပ်လေးထဲမှာပဲ ဒီလောက်နဲ့ ကျေနပ်နေကြတယ်။ ခုခေတ်က Idea ခေတ်ဖြစ်နေပြီ။ ခုချိန်ဟာ Business မှာရော Staff Life မှာရော သူတစ်လှမ်းလှမ်းနေရင် ကိုယ်က ဘယ်နှစ်လှမ်း ကျော်လှမ်းမယ်ဆိုတာမျိုးတွေ ဖြစ်လာပြီ။ ယှဉ်ပြိုင်မှုတွေ များလာပြီ။ ဒါဆို Innovation မရှိ၊ Challenging မရှိ၊ Vission မရှိနဲ့ဆိုရင် ပြိုင်ဖက်ကို ဘယ်လိုပြိုင်မလဲ?

Friday, November 27, 2015

ကမ္ဘာပေါ်မှာ ဗြိတိန်လုံးဝ မသိမ်းပိုက်ဖူးတဲ့ နိုင်ငံ ၂၂ နိုင်ငံ


ယနေ့စစ်အင်အားကြီးပါတယ်ဆိုတဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ် အစရှိတဲ့ နိုင်ငံများကိုတောင် သိမ်းပိုက်ခဲ့ဖူးပါတယ်။ သူ မသိမ်းပိုက်ဖူးတဲ့ နိုင်ငံ ၂၂ နိုင်ငံများကတော့ -

Andorra (အင်ဒိုရာ) - ဥရာပတွင် နံပါတ်၆ အသေးဆုံး နိုင်ငံ
Belarus (ဘီလာရုစ်) - ဥရောပအရှေ့ပိုင်းကုန်းတွင်းပိတ် နိုင်ငံ
Bolivia (ဘိုလီဗီးယား) - တောင်အမေရိကအလယ်ပိုင်းရှိ နိုင်ငံ
Burundi (ဘူရန်ဒီ) - အာဖရိကတိုက် အရှေ့ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံ
Central African Republic - ဗဟိုအာဖရိက သမ္မတ နိုင်ငံ
Chad (ချက်ဒ် သမ္မတနိုင်ငံ) - အာဖရိတိုက်အလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံ
Congo (ကွန်ဂို) - အာဖရိကတိုက် အလယ်ပိုင်းရှိနိုင်ငံ

Sunday, July 19, 2015

အရေးကြီးတာ အရင်လုပ်ပါ


တစ်ခါတုန်းက ဒသနိကဗေဒ ပါမောက္ခတစ်ယောက် က အတန်းမစခင်မှာ စားပွဲပေါ်မှာ ပစ္စည်း ပစ္စယ တချို့ တင်ပြီးတော့ ရပ်နေပါတယ် … ။
အတန်းလည်းစရော … ဘာမပြောညာမပြော နဲ့ ခရား အလွတ်တစ်ခု ကို ယူပြီးတော့ ကျောက်ခဲတွေ ထည့်လိုက်ပါတယ်။
ပြီးတော့မှ “ဒီ ခရားက ပြည့်နေပြီလား” လို့ ကျောင်းသားတွေကို မေးလိုက်ပါတယ် … ကျောင်းသား တွေကလည်း “ပြည့်နေပါပြီ” လို့ ဖြေကြပါတယ် … ။
အဲဒါနဲ့ ပါမောက္ခကြီးက ကျောက်စရစ်ခဲလေးတွေ ကောက်ပြီးတာ့ ခရားထဲကို လောင်းထည့် လိုက်ပါတယ် … ။ ခရားကို ဖြည်းဖြည်းခြင်း လှုပ်ပြီးတော့ ဆက်ထည့်ပါတယ် … ။ ကျောက်စရစ်ခဲလေး တွေက ပထမ ထည့်ထားတဲ့ ကျောက်ခဲတွေကြားက နေရာလွတ်လေးတွေကို … ရသလောက် နေရာဝင်ယူ ကြပါတယ်။
ပါမောက္ခကြီးက ကျောင်းသားတွေကို “ဒီ ခရားက ပြည့်နေပြီလား” လို့ ဆက်မေးပြန်ပါတယ် … ။
ကျောင်းသားတွေကလည်း “ပြည့်နေပါပြီ” လို့ ထပ်ဖြေကြပြန်ပါတယ် … ။
ဆက်ပြီးတော့ ပါမောက္ခကြီးက သဲတစ်ဗူးကို ယူပြီးတော့ ခရားထဲကို လောင်းထည့်ပြန်ပါတယ် … ။ သဲတွေကလည်း ခရားထဲမှာရှိတဲ့ နေရာလွတ်မှန်သမျှ နေရာဝင်ယူလိုက်ပါတယ် … ။
နောက်ထပ်တစ်ကြိမ် ဆက်ပြီးတော့ ပါမောက္ခကြီးက “ခရားက ပြည့်ပြီလား” မေးပြန်ပါတယ် … ။
ကျောင်းသားများကလည်း “ဟုတ်ကဲ့ပါ” လို့ တစ်ညီတစ်ညွတ်တည်း ဖြေကြပါတယ် …. ။

သင့်ကို တကယ် အလေးအနက်ထားသူ


သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင်နဲ့ စကားပြောတဲ့အခါ...
ဝတ္တရားကျေရုံ မပြောဘူး....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင်နဲ့ တွေ့ဆုံတဲ့အခါ...
ပြောစရာ စကားကို မရမက ရှာပြီး... စိတ်ဝင်စားအောင် ပြောတတ်တယ်....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင် ချမ်းတဲ့အခါ...
ချက်ချင်းပဲ အလျင်အမြန် သူ့အနွေးထည်ကို ချွတ်ပေးပြီး သင့်ကို ၀တ်ပေးတယ်...
သူ့မှာတော့ မချမ်းတဲ့ အမူအရာနဲ့ပေါ့...
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင့်ဆီက ဘာ သတင်းမှ မကြားရတဲ့အခါ....
သင့်ကို မရမက ဖုန်းဆက်ပြီး မေးလေ့ရှိတယ်...
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင် နေမကောင်းတဲ့အခါ...
သင့်ကို စိတ်ပူပန်ပြီး... အမြဲနှစ်သိမ့်အားပေးတတ်တယ်...
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သူမဟုတ်တဲ့ တခြား တစ်ယောက်နဲ့  အနေနီးစပ်လွန်းတဲ့အခါ...
သ၀န်တိုပြီး ကလေးတစ်ယောက်လို ဒေါသဖြစ်နေတတ်တယ်...
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင်နဲ့ စိတ်ဆိုးတဲ့အခါ....
သူ့ဘက်က မှားသည်ဖြစ်စေ...မှန်သည်ဖြစ်စေ....
ဒေါသကို လျော့ပြီး သူက အရင် တောင်းပန်လေ့ရှိတယ်...
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင့်ရှေ့မှာ သူဟာ ကလေးဆန်ဆန် ပြုမူနေထိုင်တတ်ပေမဲ့...
သူ့စိတ်ထဲမှာတော့... သင့်ကို အမြဲလိုလို ကလေးလို သဘောထားတတ်တယ်....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင့်ကို နေ့တိုင်း သတိရနေတတ်တယ်....
စကားလုံးတွေနဲ့ ပြောဆိုခွင့်မရှိသည့်တိုင်... သင့်ကို သတိရကြောင်း တစ်နည်းနည်းနဲ့ ပြသတတ်တယ်....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သူ ဘာကိစ္စပဲရှိရှိ သင့်ကို အရင်ဆုံးပြောပြတယ်...
ဘာလို့လဲဆိုတော့ သင် ဂရုစိုက်တာကို လိုချင်လို့ပါ....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
လုပ်နိုင်တဲ့ အရာမှန်သမျှကို သင့်အတွက် စိတ်ပါလက်ပါ လုပ်ပေးတတ်တယ်... ဘာကြောင့်လဲ ဆိုတာ မေးလေ့မရှိဘူး....
သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သံသယ များတတ်တယ်...
ဒါကလဲ သူ သင့်ကို တကယ်ဂရုစိုက်လို့ပါပဲ....
သင့်ကို အလေးအနက်ထားချစ်တဲ့သူဟာ....
သင့်ကို ဂရုစိုက်ဆုံး သူပါပဲ....
သူက.....
သင့်ရဲ့ ပျော်ရွှင်မှုကို ဂရုစိုက်တယ်...
သင့်ရဲ့ သောကတွေကို အလေးထားတယ်...
သင့်ရဲ့ စိတ်ချမ်းသာမှုတွေကို တန်ဖိုးထားတယ်...
သင့်ရဲ့ မျက်ရည်တွေကို ခြောက်ခမ်းစေတယ်...
သင့်ရဲ့ ဒဏ်ရာတွေကို ကုစားပေးတယ်...
သင့်ရဲ့ စကားလုံးတိုင်းကို အလေးအနက်ထားတယ်...
သင့်ရဲ့ လှုပ်ရှားမှုတိုင်းကို သတိထားမိတယ်...
ပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေကို သင် မရိပ်မိစေဖို့ပေါ့....
Credit to Hla Htay Oo

Friday, June 5, 2015

ဒါဗိုစ့် စီးပွားရေးဖိုရမ်မှာပြောဖြစ်ခဲ့တဲ့ Jack Ma အကြောင်း အပိုင်း(၃)


CR - ဂျက်ပြောပါဦး။ ခုဘယ်ကို ခင်ဗျားရဲ့  Alibaba က ဦးတည်လျှောက်လှမ်းနေပြီလဲ။
Alibaba က တရုတ်ပြည်မှာ အခြေစိုက်တဲ့ အင်တာနက်ကုမ္ပဏီတစ်ခုပါ။ နောက်ပြီး စွန့်ဦးတီထွင်လိုစိတ်တွေပြင်းထန်တဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ကျွန်တော်မှတ်မိ ပါသေးတယ်။ Aliababa ကိုစတင်တည်ထောင်တုန်းက ထားခဲ့တဲ့ ရည်ရွယ်ချက်တစ်ခုရှိခဲ့တယ်ဗျ။ ဘာလဲဆိုတော့… တရုတ်ပြည်မှာ ရှိတဲ့ လုပ်ငန်းငယ်တွေကို အလုပ်ဖြစ်အောင်ကူညီချင်တာဗျာ။ သူတို့ရောင်းကုန်တွေ မြန်မြန်သွက်သွက်နဲ့ လွယ်လွယ်ကူကူ ရောင်းထွက်စေချင်တာပေါ့။
ခုချိန်မှာဆို သန်းနဲ့ချီတဲ့ လုပ်ငန်းငယ်လေးတွေ ကျွန်တော်တို့ အင်တာနက်စာမျက်နှာပေါ်မှာ အလုပ်တွေဖြစ်နေကြပြီ။ သန်း၃၀လောက်ရှိတဲ့ ဖောက်သည်တွေက ကျွန်တော်တို့ စာမျက်နှာပေါ်ကနေ… လိုသမျှ ၀ယ်ယူရနိုင်နေတယ်။ အဲအချိန်မှာ ဟုတ်ပြီ။ ငါ…ဘာထက်လုပ်ရမလဲ စဉ်းစားတယ်။
ကျွန်တော့်အတွေးကို ထပ်မြှင့်ကြည့်လိုက်တယ်။ တကမ္ဘာလုံးမှာရှိနေတဲ့ လုပ်ငန်းငယ်တွေ ရောင်းနေသမျှတွေကို ကျွန်တော်တို့ စာမျက်နှာပေါ်ကတဆင့် ၀ယ်လို့ရအောင်လုပ်ထားမယ်ဆိုတဲ့ အတွေးပဲ။ တစ်ကမ္ဘာလုံးနော်။
ဥပမာဗျာ - နော်ဝေးမှာရှိတဲ့ ရောင်းကုန်လုပ်ငန်းတစ်ခုကပစ္စည်းကို အာဂျင်တီးနားကလူတွေဆီရောင်းမယ်။ အဲလိုပဲ အာဂျင်တီးနား ဖောက်သည်တွေ ဆွစ်ဇလန်ကရောင်းကုန်တစ်ခုခု ၀ယ်ချင်တယ်ဆိုရင်လည်း အလုပ်ဖြစ်အောင်၊ ၀ယ်လို့ရအောင် လုပ်ထားတာမျိုးပေါ့။ ဒီနေ့ခေတ်ကြီးမှာ အင်တာနက်ပေါ်က တဆင့် ကုန်ပစ္စည်းတွေ နိုင်ငံတွေမခြားပဲ၊ နယ်စည်းတွေခြားမနေတော့ပဲ … ရောင်းဝယ်လို့ ရနေပြီလေ။
အဲတော့ ကျွန်တော့်တို့ရဲ့ နောက် ဦးတည်ချက်ကိုပြောမယ်ဆိုရင် ကျွန်တော့်စာမျက်နှာပေါ် တရုတ်ပြည်ကမဟုတ်တဲ့၊ ပြင်ပက ၂ ဘီလီယံ အရေအတွက်ရှိ ရောင်းဝယ်ဖောက်ကား ရောင်းသူ၊ ၀ယ်သူတွေ ရှိလာအောင် ကြိုးစားဖို့ပဲ။
တစ်ခေါက်ကဆို အမေရိကန်၊ ၀ါရှင်တန်ပြည်နယ်မှာရှိတဲ့ လယ်သမားတစ်ချို့နဲ့ တစ်ခေါက်အလုပ်ဖြစ်ဖူးတယ် မှတ်မှတ်ရရပဲဗျ။ အမေရိကန် သံအမတ်ကြီး တရုတ်ပြည်လာတုန်းက

Tuesday, June 2, 2015

မိမိ ဘ၀ ကို ရှာဖွေနည်း။


ခေါင်းစဉ်ကိုတော့ မိမိ ဘ၀ကို ရှာဖွေနည်းလို့ ပေးထားပါတယ်။ အဓိက ရေးမှာကတော့ လူငယ်တွေ မိမိ ဘ၀ရဲ့ ဦးတည်ချက်ကဘာလဲ၊ မိမိ အနေနဲ့ ဘယ်ဘ၀၊ ဘယ် professional ကို ပိုင်ဆိုင်ချင်တာလဲ ဆိုတာကို ရေးသွားမှာပါ။
ကျွန်တော်တို့ လူတော်တော်များများဟာ ကြုံရာနေရာမှာ ကျရာတာဝန်ကို ထမ်းဆောင်နေကြပါတယ်။ အဲ့ဒီအတွက်လည်း တစ်ခါတလေ မိမိ လုပ်နေရတာကို မပျော်တာ၊ အလုပ်ခွင်စိတ်ကျေနပ်မှု မရှိတာတွေ ဖြစ်လာတတ်ပါတယ်။ ဘ၀မှာလည်း တစ်ခါတလေ အဓိပ္ပါယ်မဲ့ သလို ခံစားရတတ်ပါတယ်။ ဒါကြောင့် တစ်ခါတရံ ကိုယ့်ကိုကိုယ် ပြန်လည် သုံးသပ်ပြီး ကိုယ့် ရဲ့  ဘ၀ကို ပြောင်းလဲ သင့် ပြောင်းလဲ ရပါမယ်။ ဒါပေမယ့် နေရာတစ်ခု မှာ အထိုင်ကျနေတဲ့ သူအတွက်တော့ ပြောင်းလဲ ဖို့ ရာ အရမ်းကြီး မတိုက်တွန်းလိုပါ။ ဘာလို့ လဲဆိုတော့ သင့်ကို မှီခိုနေတဲ့ မိသားစုတွေ ရှိနိုင်ပါသေးတယ်။
လူငယ်တွေအတွက်ကတော့ ဘ၀ ခရီး မစခင်မှာ ကိုယ့် ဘ၀ကို ရှာဖွေ တတ်စေချင်ပါတယ်။ ဒါဆိုလျှင်တော့ ဘ၀မှာ ပိုပြီးအောင်မြင်တဲ့လူ၊ အဓိပ္ပါယ်ပြည့်စုံတဲ့သူတွေ ဖြစ်လာမှာပါ။ ဒါဆိုလျှင် ဘယ်လို ရှာဖွေကြမလဲ။ အောက်မှာ ဆက်ဖတ်ကြည့်ပါခင်ဗျာ။
၁။ သင့်ရဲ့ အပျော်ရွှင်ဆုံး အချိန်တွေကို ပြန်လည် စဉ်းစားသုံးသပ်ပါ။
သင့်ကိုသင် ဘယ်လို မျိုး အချိန်မှာ ပျော်ရွှင်လဲ၊ ဘ၀ကို တန်ဖိုးရှိတယ်လို့ ထင်လဲဆိုတာကို ရိုးရိုးသားသား သုံးသပ်ကြည့်ပါ။ လူတွေနဲ့ ဆက်ဆံပြီး လူတွေရဲ့ အခက်အခဲတွေ ဖြေရှင်းရတာကို ပျော်လား၊ ကျေနပ်လား။ ဒါမှ မဟုတ် ကွန်ပြူတာ တစ်လုံးနဲ့ ပဲ အလုပ်ရှုပ်နေရတာကို ဘ၀ခံယူလား၊ စီးပွားရေး လုပ်ငန်းတွေ အကြောင်းဖတ်နေရတာ၊ စဉ်းစားနေရတာ ကို သဘောကျလား။
လူတွေနဲ့ ဆက်ဆံရတာကို ပျော်တယ်၊ ကျေနပ်တယ်ဆိုယင်တော့ customer service လို အလုပ်မျိုး ကို ရွေးချယ်သင့်ပါတယ်။ ကွန်ပြူတာ နဲ့ ပဲ ပျော်တယ်ဆိုလျှင်တော့ IT လိုင်းလို မျိုး စဉ်းစားပေါ့။
၂။ သင့် ပင်ကိုဗီဇ ကျွမ်းကျင်မှုကို သုံးသပ်ပါ။

Linkedin ကို professional ပီသစွာ သုံးရအောင်


LinkedIn မှာ သင့်ကိုယ်သင် ဘယ်လို ပရိုမိုးရှင်းလုပ်မလဲ။
အခု နောက်ပိုင်း မြန်မာပြည်မှာလည်း LinkedIn အသုံးပြုသူတွေ တစ်နေ့ ထက် တစ်နေ့ များပြားလာပါတယ်။ ဒါ့အပြင် linkedIn ပေါ်ကနေ ၀န်ထမ်းခေါ်ယူမှုတွေ လည်း တော်တော်များများ ရှိလာတာကို တွေ့ ရတယ်။ ၀န်ထမ်းခေါ်ယူတဲ့ အခါမှာလည်း company linkedIn account တွေကနေ ခေါ်ယူတာအပြင် HR professional တွေကလည်း သူတို့ linkedin မှာ ကြေငြာပြီး ခေါ်ယူတာ တွေ့ ရပါတယ်။ ဒီထက်ပိုပြီး ထူးခြားတာကတော့ passive job seekers တွေကို လိုက်ရှာတဲ့ recruiters (Head hunters) တွေလည်း မြန်မာပြည်မှာ ရှိလာပါပြီ။ head hunters ကို အလွယ်ဆုံး အဓိပ္ပါယ် ဖွင့်ဆိုရယင်တော့ Head hunters တွေဟာ သူတို့ ရဲ့  network ထဲ မှာ ရှိတဲ့ အရည်းအချင်း ရှိတဲ့သူတွေကို လေ့လာထားမယ်။ ချိတ်ဆက်ထားမယ်။ တကယ်လို့ သူတို့ ကို company တစ်ခုခု က ၀န်ထမ်းခေါ်ဖို့ အလုပ်လာအပ်တဲ့အခါမှာ ခုနက လေ့လာ ချိတ်ဆက်ထားတဲ့ သူတွေထဲ က သင့်တော်မယ့်သူကို ဆက်သွယ်ပြီး သူတို့  ဆီမှာ အပ်ထားတဲ့ အလုပ်မှာ ပြောင်းလုပ်ချင်လာအောင် စည်းရုံးတဲ့ မျိုးတွေပေါ့။ အဲ့ဒီလိုမျိုး Head hunters တွေ က သင့်ကို ဂရုပြုမိဖို့ အတွက် သင့် ရဲ့  linkedIn profile က သူတို့ ကို ဆွဲဆောင်နိုင်ဖို့ လိုပါတယ်။ အဲ့ဒီလို ဆွဲဆောင်နိုင်ဖို့ ၊ ကိုယ့်ကို လူသိများဖို့ ဘယ်လို promote လုပ်ကြမလဲ။ အောက်မှာ ဆက်လက်ဖတ်ရှုကြည့် ပါ ခင်ဗျာ။
၁။ သင့်ကို လာပြီး invite သမျှ ကို လက်ခံခြင်းမှ ရပ်လိုက်ပါ။
LinkedIn က professional network တစ်ခုပါ။ ဖေ့ဘွတ်လို့ မျိုး မဟုတ်ပါဘူး။ ဖေ့ဘွတ်မှာတောင် အပြင်မှာ မသိယင် လက်မခံသင့်ပါဘူး။
LinkedIn မှာ တစ်ယောက်ယောက်က လာ add ထားယင် အရင်ဆုံးလုပ်ရမှာက သူ့ profile ကို ကြည့်လိုက်ပါ။ သူ က ဘယ်သူလဲ။ ကိုယ်နဲ့ professional တူလား။ တကယ်လို့ professional တူတယ်ဆိုယင်တော့ လက်ခံလို့ ရပါတယ်။ အဲ့ဒီလိုမှ မဟုတ်ပဲ သင်က computer programmer၊ လာပြီး Invite ထားတဲ့သူက သတ္တု တူးဖော်ရေးသမားဆိုယင် professional ချင်း စပ်ဆက်ဖို့ ရာ ဝေးလွန်းပါတယ်။ ဒါဆိုယင် လက်မခံပါနဲ့ တော့။
ဘာဖြစ်လို့ လက်မခံရတာလဲဆိုတော့ သင့်အနေနဲ့ computer field မှာလုပ်နေတယ်ဆိုယင် သင့်ရဲ့  network ကို computer field နဲ့ စပ်နွယ်တဲ့ network ထဲကို များများ ချဲ့ ထွင်ဖို့ လိုပါတယ်။ အကုန်ရောထွေးနေတဲ့ သင့် network မှာ မှန်ကန်တဲ့ အဆက်အသွယ်ကို ရှာဖို့ ရာ ခက်ခဲသွားပါမယ်။ နောက်တစ်ခုကတော့ LinkedIn က သင့်ရဲ့  CV နဲ့ တူတူပါပဲ။ ဒါကြောင့် သင့်ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေကို အခြားသူတွေကို အလွယ်တကူ ပေးမသိစေချင်ပါနဲ့ ။ ကိုယ်နဲ့ သက်ဆိုင်တဲ့ သူပဲ သိပါစေ။
၂။ လူတိုင်းကို လိုက်ပြီး invite မလုပ်ပါနဲ့ ။
အပေါ်က လိုမျိုးပါပဲ။ သင်က လူတိုင်းကို လက်မခံသင့်သလို သင့်အနေနဲ့ လည်း လူတိုင်းကို လိုက်ပြီး invite တာမျိုး မလုပ်သင့်ပါဘူး။ သင်နဲ့ သိတဲ့လူ၊ ဒါမှ မဟုတ် သင့်ရဲ့  professional နယ်ပယ်ထဲက လူတွေကို ပဲ invite လုပ်သင့်ပါတယ်။
အဲ့ဒါဆိုယင် သင့်ရဲ့  တိကျတဲ့ professional network ဟာ တဖြည်းဖြည်း ကျယ်ပြန့် လာပါလိမ့်မယ်။
(မှတ်ချက်။ ။ LinkedIn profile မှာ တင်ထားတဲ့ ပုံလေးက လန်းလို့ ဆိုပြီးလည်း invite မလုပ်ပါနဲ့ ။ လုပ်ချင်ယင် အဲ့ဒီ profile နာမည်နဲ့ ဖေ့ဘွတ်ကို ရှာကြည့်ပါ။ ဖေ့ဘွတ် ပေါ်မှာ ပဲ invite လုပ်ပါ။ လက်ခံတာ မခံတာတော့ နောက်တစ်ပိုင်းပေါ့၊ LinkedIn ကို professional အတွက်ပဲ သုံးဖြစ်ပါစေ)
၃။ Anonymous viewing ကို ရှောင်ကြဉ်ပါ။ ကြည့်ချင်တယ်ဆိုယင် သင်ဘယ်သူဆိုတာ ဖော်ပြပြီး ကြည့်လိုက်ပါ။
LinkedIn မှာ အခြားသူ အကောင့်ကို သင်ဝင်ကြည့်တဲ့ အခါ အခြား သူက သင်ဝင်ကြည့်တယ်ဆိုတာကို သိပါတယ်။ ဒါပေမယ့် အဲ့ဒီလို မသိစေချင်ယင် anonymous view ကို သုံးလို့ ရပါတယ်။ သင့်နာမည် မပေါ်တော့ပါဘူး။ ဒါပေမယ့် သင့်နဲ့ နီးစပ်တဲ့ အချက်အလက်တော့ ပေါ်ပါတယ်။ ဥပမာ သင်က KBZ bank မှာ customer services လုပ်တယ်ဆိုပါစို့ ။ anonymous view နဲ့ ကြည့်ယင် customer services expert from banking industry ဆိုတာ မျိုး ပဲ ပေါ်အောင်လုပ်လို့ ရပါတယ်။
ဒါပေမယ့် ဒါမျိုးလုပ်ဖို့ ကို အားမပေးပါဘူး။ ရဲရဲဝင့်ဝင့် သာ anonymous view ကိုပိတ်ပြီး ကိုယ်ကြည့်ချင်တဲ့ profile ကိုကြည့်လိုက်ပါ။ သင့်နာမည် ပေါ်ပါစေ။ ဒါဆိုယင် တစ်ဖက်က သူကလည်း သင့်ကို ပြန်ပြီး စိတ်ဝင်စားပြီး ပြန်ကြည့်မှာပါ။ အဲ့ဒီအခါမှာ သင့်ရဲ့ အရည်အချင်းကို ဖော်ပြဖို့ ရာ အခွင့်အရေးပေါ်လာပါပြီ။
၎။ အပြန်အလှန်ဆက်သွယ်မှု ကို မြှင့်တင်ပါ။