လူဆိုတာ
စားဝတ်နေရေးအတွက်အလုပ်လုပ်ကြရတယ်။ အလုပ်တစ်ခုရှိမှလဲ လူတန်ဖိုးရှိမယ်။ ဒါဆို အလုပ်လုပ်နေကြတာလူတွေ
အထူးသဖြင့် လခစား ၀န်ထမ်းတွေပေါ့ အလုပ်မှာ တစ်နေ့တာ ဘယ်လိုကုန်ဆုံးကြလဲ?
အလုပ်ချိန်
မနက် ၉နာရီ - ညနေ ၅ နာရီ အထိဆိုပါစို့။ အဲဒီအချိန်အတောအတွင်းမှာ မိမိရဲ့ ပညာဖြင့်
(သို့) ကျွမ်းကျင်မှုဖြင့် အလုပ်အတွက် Result တစ်ခုထွက်ရဲ့လားဆိုတာ သိဖို့လိုတယ်။ အလုပ်ဆိုတာ Result ရှိရတယ်။ လုပ်တော့လုပ်နေတာပဲ
Result မရှိရင် အလုပ်လုပ်တာနဲ့ မတူတော့ဘူး။ အလုပ် “လုတ်”နေရုံသာဖြစ်တယ်။
လုပ်တော့
ဟဲ့.. လုပ်တော့နော် ဟဲ့..ဟဲ့ .. "ဟဲ့" ဆိုတာ ခိုင်းစေနေရတဲ့ စကားလုံးဖြစ်တယ်။
တစ်နေ့တာမှာ ခိုင်းမှာလုပ်တာလား? မခိုင်းဘဲလုပ်တာ လား? လူတိုင်း တစ်နေ့တာမှာ
၂၄ နာရီ ပိုင်ဆိုင်ကြတယ်။ ကိုယ်ပိုင်အချိန် ၈ နာရီကို ကျွန်တော်တို့တွေဟာ သူတစ်ပါးကို
ပေးထားရတယ်။ အဲပေးထားရတဲ့အချိန် ၈နာရီဟာ တကယ်ကော ရတဲ့ လစာနဲ့ ထိုက်တန်ရဲ့လား?
Reslut ထွက်ရဲ့လား? အလုပ်ဆိုတာ လေ့လာသင်ယူလို့ အကောင်းဆုံး နေရာတစ်ခုလို့ သတ်မှတ်လိုက်ရင်
အလုပ်လုပ်နေတဲ့လို့တောင် ထင်မိမှာမဟုတ်ဘူး။ အလုပ်လုပ်တာ ရင်ခုန်ဖို့လိုတယ်၊
Professional ဆန်ဖို့လိုတယ်။ ငါကို လစာက ဒီလောက်ပေးထားတာ ဒီလောက်နဲ့ တန်အောင်ပဲလုပ်မယ်
ဆိုတာမျိုးတွေ ၀န်ထမ်းစိတ်ထဲမှာရှိကြပါတယ်။ ဒါကြောင့်တစ်နေ့တာ အလုပ်မှာ ကိုယ့်အတွက်
သူ့အတွက် ဘာအကျိုးရှိသွားစေလဲဆိုတာ Result ပဲ။ ၀န်ထမ်းဆိုတဲ့အတွက် အလုပ်ဝန်တွေကို ထမ်းတဲ့သူပေါ့.
တစ်နေ့လာ ဒီအလုပ်လုပ်တယ်. နောက်တစ်နေ့လာ ဒီအလုပ်လုပ်တယ်။ ဒါနဲ့ပဲ ကိုယ်အလုပ်လေးထဲမှာပဲ
ဒီလောက်နဲ့ ကျေနပ်နေကြတယ်။ ခုခေတ်က Idea ခေတ်ဖြစ်နေပြီ။ ခုချိန်ဟာ Business မှာရော
Staff Life မှာရော သူတစ်လှမ်းလှမ်းနေရင် ကိုယ်က ဘယ်နှစ်လှမ်း ကျော်လှမ်းမယ်ဆိုတာမျိုးတွေ
ဖြစ်လာပြီ။ ယှဉ်ပြိုင်မှုတွေ များလာပြီ။ ဒါဆို Innovation မရှိ၊ Challenging မရှိ၊
Vission မရှိနဲ့ဆိုရင် ပြိုင်ဖက်ကို ဘယ်လိုပြိုင်မလဲ?
အလုပ်လုပ်တယ်ဆိုတာ
ကုမ္ပဏီအတွက်၊ မိသားစုအတွက်၊ နိုင်ငံအတွက်လို မပြောဘဲနေအုန် “ကိုယ်အတွက်”လို အရင်ပြောကြည့်ပါ။
ကိုယ်ဟာ အလုပ်မှာ တော်သော ပျော်သော ၀န်ထမ်းဖြစ်ရဲ့လား? ပျော်နေရုံနဲ့မရပါဘူး တော်ဖို့လဲ လိုအပ်ပါတယ်။ “Happy
person is a winnner” ပျော်တဲ့သူဟာ အနိုင်ရသူတဲ့။
မနက် အလုပ်သွားရတော့မယ်ဆိုတာနဲ့ ဒီအလုပ်ကို စိတ်ပါလက်ပါဖြင့် သွားချင်ကြရဲ့လား? ၀န်ထမ်းတော်တော်များများ
အလုပ်ချိန်နောက်ကျတတ်ကြတယ်။ ဘယ်အကြောင်းအရာတွေကြောင့် နောက်ကျလဲဆိုတာ ၀န်ထမ်းကိုယ်တိုင်ပဲသိတယ်။
အလုပ်ကို လာရမှာ ပျင်းတယ်၊ အလုပ်ထက် ဦးစားပေး ရမှာတွေ ရှိလို့ နောက်ကျတယ်။ ရုံးတက်
နောက်မကျဖို့ ဘယ်လောက်ပဲ Time Cut System တွေရှိရှိ ၀န်ထမ်းတွေရဲ့ ကိုယ့်အလုပ်ပေါ်ထားတဲ့
Mind Self မပြောင်းသ၍ကတော့ နောက်ကျနေကြအုန်မှာ ပဲ၊ ဘာ System နဲ့မှ အစားထိုးလို့ရမှာ
မဟုတ်ဘူး။ ဒါကြောင့် ကုမ္ပဏီတစ်ခုဟာလည်း အောင်မြင်သော၊ အလုပ်လုပ်ချင်စရာကောင်းသော ၊
ယုံကြည်ရသော လုပ်ငန်းတစ်ခု ဖြစ်နေဖို့လိုတယ်။ အဲဒါဆို တော်သော ၊ ပျော်သော ၀န်ထမ်းတွေ
ဝင်လာလိုက်မယ်။ အရေးကြီးဆုံးက ကောင်းမွန်သော စီမံခန့်ခွဲမှုရှိပြီး ဘက်မလိုက်သော အုပ်ချုပ်မှုရှိဖို့
လိုအပ်ပါတယ်။ ကျွန်တော်တို့တွေ ၀န်ထမ်းဘ၀က မစွန့်ခွာနိုင်သေး ရင်တောင် ကိုယ်ကို မန်နေဂျာလို
CEO လို စိတ်ထားပြီ အလုပ်လုပ်ကြည့်ပါ။ အရာရာ အားလုံးက ကိုယ်ကပဲ စတင်ပြောင်းလဲ ရတာပါ။
အခွင့်ရေးကို ထိုင်စောင့်မနေပါနဲ့ ထလုပ်လိုက်ပါ။ အလုပ်လုပ်တယ်ဆိုတာ ရင်ခုန်ဖို့ကောင်းပါတယ်။
တကယ်အလုပ်လုပ်ပြီးဆို စိန်ခေါ်မှုတွေ၊ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ ပြဿာနာ အခက်အခဲတွေ၊
လူတွေအကြောင်းတွေ စသော ရင်ခုန်စရာတွေနဲ့ ပြည့်နက်နေပါတယ်။ ထိုသို့သောနေ့စဉ် ရင်ခုန်စရာတွေကို
မင်းဘယ်လို ဖြေရှင်းလဲဆိုတာ မင်းရဲ့ ကိုယ်စွမ်းကိုယ်စပဲ ဖြစ်ပါတယ်။အလုပ်လုပ်တာ ရင်ခုန်စရာပါ။
ရင်ခုန်ပြီးတဲ့နောက် အောင်မြင်ဖို့ လိုအပ်ပါတယ်။ အရင်ဦးဆုံး ရင်ခုန်လိုက်ပါ ပြီးရင်
အောင်မြင်အောင် ကြိုးစား။ ဒါဆို နေ့စဉ် အလုပ်တွေ လုပ်တဲ့အခါ စိတ်ဝင်စားစရာတွေ ဖြစ်လာလိမ့်မယ်။
ဒါကြောင့်…
“ရင်ခုန်မိတာ .. အောင်မြင်ဖို့လား?” လို့ အမြဲပြောကြည့်ပါ။
Author : ချစ်မင်းဟိန်း
(၁၀.၄.၁၆၊ ၁း၀၀)
https://www.facebook.com/chitmin.hein.3
No comments:
Post a Comment