Saturday, May 23, 2015
Presentation ကောင်းကောင်းပေးနိုင်ဖို့
လူများများနည်းနည်း လူပုံအလယ်မှာ စကားပြောဆိုရပြီဆိုရင် စိတ်ဖိစီးမှုကတော့ ရှိနေမှာ ပဲဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး ပရိသတ်ရှေ့စကားပြောရတာပဲဖြစ်ဖြစ် အကြိမ် ၁၀၀ မြောက်ပြောရတာ ပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်သွားဖို့က အရေးကြီးပါတယ်။ ကြိုတင်ပြင်ဆင်ပြီးတော့မှသာ သင့်ရဲ့ပြောဆိုမှုကို တင်ဆက်ပြီး သင်ရဲ့တင်ဆက်မှုကို လူတွေ အမှတ်ရသွားအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ပညာရှင်တွေရဲ့ မှတ်ချက်
တစ်ခါတစ်ရံမှာ လူရှေ့ထွက် စကားပြောဆိုရတာက လူတွေရဲ့ အကြောက်ဆုံးအလုပ်တစ်ခုဖြစ်ပါတယ်။ "လူ တွေရဲ့ အကြည့်တွေအားလုံးက သင့်ကိုပဲ ကြည့်နေကြတာမို့ လူအားလုံးရှေ့မှာ တစ်ယောက်တည်း အကာ အကွယ်မဲ့ မလုံခြုံသလို ခံစားရတယ်"ဟု Public Words အဖွဲ့အစည်းကို တည်ထောင်သူ ဥက္ကဋ္ဌလည်းဖြစ်ပြီး Power Cues စာအုပ်ရေးသားသူ နစ်မော်ဂန် Nick Morgan ကပြောပါတယ်။
" အမှန်ကိုပဲ ရှက်ရွံ့စိတ်အားငယ်မှုတွေ ဖြစ်နေစေတာပါပဲ"ဟု သူက လူအများရှေ့ စကားပြောရတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။ နောက်တစ်ချက်ကလည်း အရှက်ကွဲမှာကို စိုးရိမ်တဲ့ ကြောက်စိတ်က လူရှေ့ ထွက်စကားပြောရတာမှာကိုကြောက်စေတဲ့ အဓိက စိုးရိမ်ပူပန်မှုဖြစ်ပါတယ်။
နောက်ထပ် ပြဿနာတစ်ခုကတော့ "လူရှေ့စကားပြောရမယ့်ဆိုရင် ခြောက်ပြစ်ကင်း အပြစ်တစ်စက်မှ မရှိအောင် လုပ်မယ်ဆိုပြီး ဘယ်တော့မှ မဖြစ်နိုင်တာကို ရည်မှန်းတတ်ကြပါတယ်။ ဒါကလည်း လွဲမှားမှုပါ"ဟု မော်ဂန်ကပြောပါတယ်။
"ပြောပြီးသွားရင်လည်း ငါ ဒီလိုပြောလိုက်ရကောင်းသား ဒါမှမဟုတ် ငါဒီလိုလုပ်လိုက်သင့်တာ ဆိုပြီး နောင်တရတဲ့အတွေးတွေကို ရက်ပေါင်းများစွာ ဆက်တွေးနေတတ်တော့တာပါပဲ။ ဒါပေမဲ့ တင်ဆက်ရမယ့်သူတွေအနေနဲ့ ကိုယ့်ကို စိတ်ဖိစီးမှုဖြစ်မယ့် ပရိသတ် အခင်းအကျင်းမျိုးကို တွေးပြီးကြောက်လန့်မနေသင့်ပါဘူး"ဟု Duarte Design ကျောင်းအုပ်ဆရာမကြီးနဲ့ စီအီးအို၊ HBR Guide to Persuasive Presentations စာအုပ်ရေးသားသူ နန်စီဒါတီ Nancy Duarte ကပြောပါတယ်။
"တကယ်တော့ ပရိသတ်ဆိုတာက သူတို့ရှေ့မှာ ပြောမယ့် သင့်တို့ရဲ့အားပေးချင်တဲ့လူတွေပါ။ ဘာကြောင့်လဲဆိုတော့ သင်ဘာပြောမယ်ဆိုတာ သူတို့ ကြားချင်ကြပြီး သင်အဆင်ပြေပြေ ပြောဆိုအောင် မြင်သွားတာကိုပဲ လိုချင်ကြပါတယ်။ ဒါတွေကတော့ သင့်အတွက် အကူအညီဖြစ်မယ့် အကြံပြုချက်တွေပါပဲ"လို့ သူက ပြောပါတယ်။
Tuesday, February 24, 2015
စစ်တုရင်ရှုံးတဲ့ ဘီလ်ဂိတ်
မိုက်ခရိုဆော့ကုမ္ပဏီတည်ထောင်သူ ဘီလ်ဂိတ်ဟာ Talk Show အစီအစဉ်တစ်ခုမှာပါဝင်ဖို့ ဖိတ်ကြားခံခဲ့ရလို့ ၂ဝ၁၄ခုနှစ် ဇန်နဝါရီလမှာ နော်ဝေးနိုင်ငံကို သူရောက်ရှိခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူက စမိတ်ဆက်ပြီးတာနဲ့ ဘီလ်ဂိတ်ကိုစိန်ခေါ်လိုက်ပါတယ်။
“ခင်ဗျားရဲ့ဉာဏ်ရည်က ၁၆ဝကျော်တယ်လို့ ကြားဖူးထားတယ်။ ခင်ဗျားဟာ ကမ္ဘာပေါ်မှာ အထူးချွန်အထက်မြက်ဆုံးသူဆိုတော့ ကျွန်တော်တို့နော်ဝေးနိုင်ငံက ကမ္ဘာ့စစ်တုရင်ချန်ပီယံနဲ့ စစ်တုရင်တစ်ပွဲလောက် ပြိုင်ရဲရဲ့လားမသိဘူး”
“ဒီပြိုင်ပွဲကို မျှော်လင့်မထားပါဘူး.. ဒါပေမယ့် ကျွန်တော်ပြိုင်ကြည့်ချင်ပါတယ်”လို့ ဘီလ်ဂိတ်ဟာ ရယ်ပြီး စိန်ခေါ်မှုကို လက်ခံလိုက်တယ်။
အစီအစဉ်တင်ဆက်သူက ယှဉ်ပြိုင်မှုမျှတအောင် ဘီလ်ဂိတ်ကို တစ်ကွက်ရွေ့တိုင်း ၂မိနစ်စဉ်းစားခွင့်ပေးလိုက်တယ်။ စစ်တုရင် ချန်ပီယံကတော့ စက္ကန့်၃ဝအတွင်းမှာရွေ့ပါတယ်။ ပြိုင်ပွဲကို ဘီလ်ဂိတ်ဖက်က အရင်စပါတယ်။ တစ်ကွက်ရွေ့တိုင်း သူတွေဝေနေခဲ့ပြီး ဘယ်အကွက်မှာချရမှန်း အမြန်မဆုံးဖြတ်နိုင်ဖြစ်ခဲ့ပါတယ်။ စစ်တုရင်ချန်ပီယံကတော့ သိပ်စဉ်းစား စရာမလိုဘဲ သွက်သွက်လက်လက် ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ၉ကွက်လောက် ကြံ့ကြံ့ခံရွေ့ပြီးတဲ့နောက်မှာ ချန်ပီယံက ၇၉စက္ကန့်နဲ့ ဘီလ်ဂိတ်ကိုအနိုင် ရသွားခဲ့ပါတယ်။
အစီအစဉ်တင်ဆက်သူက ဘီလ်ဂိတ်ကို ဒဲ့ဒိုးပဲမေးလိုက်ပါတယ်။
“ဘီလ်ဂိတ်ခင်ဗျား… ဘယ်လိုအခြေအနေမျိုးမှာ ခင်ဗျား မထူးချွန်မထက်မြက်ဘူးလို့ ခံစားရပါသလဲ”
“ကမ္ဘာ့စစ်တုရင်ချန်ပီယံနဲ့ စစ်တုရင်ကစားတဲ့အချိန်ပေါ့”လို့ ဘီလ်ဂိတ်က သက်ပြင်းချပြီးပြောပါတယ်။
တစ်ခါတုန်းက အပယ်ခံ
ယနေ့ တရုတ်နိုင်ငံသာမက ကမ္ဘာအနှံ့အပြားမှာပါ E-commerce လုပ်ငန်းနဲ့
ပတ်သက်လို့ အောင်မြင်မှုသရဖူတွေ အထပ်ထပ် ဆောင်းနေတဲ့ Jack Ma ဆိုတဲ့
လူတစ်ယောက်ဟာ အရင်တုန်းက အများတကာရဲ့ အပါယ်ခံတစ်ယောက် ဖြစ်ခဲ့ဖူးတယ် ပြောရင် ယုံရခက်ခက်ပဲ နေမှာပါ။
Jack Ma ဆိုတာ E-Commerce ကုမ္ပဏီတစ်ခုဖြစ်တဲ့ Alibab လို့ခေါ်တဲ့
တစ်နေ့ကို 100 million ရောင်းအားရှိ အွန်လိုင်းရောင်းဝယ်ဆိုဒ် တစ်ခုကို
တည်ထောင်သူ ဖြစ်ပြီး လက်ရှိ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲမှာ တစ်ဦးအပါအ၀င်လည်း ဖြစ်ပါတယ်။ လက်ရှိ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ခန့်မှန်းချေအားဖြင့် $20.4 billion ထိတောင် ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း တစ်ခါတုန်းက သူဟာ အလုပ်ပေါင်း (၃၀) ကျော်ရဲ့ ငြင်းပယ်မှုကို ခံခဲ့ရသလို လူပေါင်းများစွာရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရတယ်လို့
ဆိုပါတယ်။ လွန်ခဲ့သော အင်တာဗျူးတစ်ခုမှာ ဒီအောင်မြင်နေတဲ့
တရုတ်ဗေလုဝလေးက ပြောခဲ့တာက-
Wednesday, February 4, 2015
အလုပ်အကိုင်ပြောင်းဖို့စဉ်းစားနေလား?
သင်အလုပ်အကိုင်ပြောင်းဖို့စဉ်းစားနေပါသလား? အခုလုပ်နေတဲ့
 အလုပ်ကိုမကြိုက်ဘူးလား? သင့်လုပ်နေတဲ့အလုပ်အကိုင်မှာ
 မပျော်မွေ့ဘူးဆိုရင်တော့ ထိုနေရာမှာသင်အောင်မြင်ဖို့ဆိုတာ
 မဖြစ်နိုင်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ အလုပ်အကိုင်ပြောင်း
 မယ်ဆိုရင် သင်စဉ်းစားသင့်တဲ့ အဓိကအချက်ငါးချက်ကို
 ဖော်ပြထားပါတယ်။
Dream (စိတ်ကူးပါ။စဉ်းစားပါ။)
သင့်ရဲ့စိတ်ဝင်စားမှုတွေကို ပြန်လည်စဉ်းစားဆုံးဖြတ်ပါ။ အသက်မွေး
 ဖတ်ပါ။အကယ်၍ပိုက်ဆံသာ လောကကြီးမှာ အရေးမကြီးဘူးဆိုရင်
 သင်ဘာလုပ်ဖြစ်မှာလဲစဉ်းစားပါ။ အကယ်၍သင်အလုပ်ကနေ
 တစ်နှစ်လောက်နားခွင့်ရမယ်ဆိုရင် ဘာလုပ်မလဲတွေးကြည့်ပါ။
 ကဗျာတွေရေးမှာလား၊ အားကစားပြိုင်ပွဲတွေမှာဝင်ပြိုင်မှာလား၊
 လုပ်ငန်းကြီးတစ်ခုထောင်မှာလား၊ ပုံနှိပ်လုပ်ငန်းလုပ်မှာလား၊
 ကုန်စုံဆိုင်လေးတစ်ဆိုင်ဖွင့်မှာလား၊ စာသင်မှာလား သင်လုပ်မဲ့
 အရာ တစ်ခုခုကိုတွေးကြည့်ပါ။
ကမ္ဘာ့လူကြိုက်အများဆုံး ပုဂ္ဂိုလ်များစာရင်း ဒေါ်စုပါဝင်
၂၀၁၅ ခုနှစ်အတွက် မြတ်နိုးစရာအကောင်းဆုံး (World’s Most Admired 2015) ပုဂ္ဂိုလ်တွေအဖြစ် ရုပ်ရှင်သရုပ်ဆောင် Angelina Jolie နဲ့ မိုက်ခရိုဆော့ဖ် ဘီလျံနာ သူဌေးကြီး Bill Gates တို့ကို မဲပေး ရွေးချယ်လိုက်ကြတယ်လို့ ဗြိတိန်က ဈေးကွက်သုတေသန YouGov က ကြေငြာလိုက်ပါတယ်။
နိုင်ငံပေါင်း ၂၃ နိုင်ငံက လူပေါင်း ၂သောင်းခွဲဆီက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ကမ္ဘာ့ပြည်သူတွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးသံ Jolie တို့၊ ကမ္ဘာတဝှမ်း ပညာရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်နေတဲ့ Gates တို့လို လူသားချင်း စာနာမှုဆိုင်ရာ လုပ်ဆောင်တဲ့ သူတွေကို ပိုမြတ်နိုးကြကြောင်းလည်း ပြောပါတယ်။
Tuesday, January 13, 2015
Confidence ကျနေလား?
ကျွန်တော်တို့တွေဟာ ငယ်ငယ်လေးထဲက confidenceကျဆုံးဖို့အကြောင်းရင်းများစွာရှိခဲ့ပါတယ်။ ဥပမာ ငယ်ငယ်က
 သီချင်းမဆိုတတ်ဆိုတတ်နဲ့ဆိုခဲ့တယ်။အဲဒိအချိန်မှာမိဘတွေ၊ဆွေမျိုးတွေ၊သူငယ်ချင်းတွေရဲ့“မင်းအသံကဆိုးလိုက်တာကွာ” ဆိုတဲ့နောက်ပြောင်တဲ့စကားလုံးများဟာ ငယ်ငယ်ရွယ်ရွယ်အသဲနုနုပေါ်မှာ tattoo အထိုးခံလိုက်ရပါတယ်။အကျိုးဆက် အနေနဲ့ နောက်ဘယ်တော့မှာသီချင်းမဆိုချင်တော့ပါဘူး။ သီချင်းဆိုတိုင်း ယုံကြည်မှုမရှိသလိုခံစားရပါတယ်။ ဒါဟာ ဥပမာတစ်ခုပဲဖြစ်ပြီးအခြားအရာများစွာရှိပါသေးတယ်။ “မင်းဖြစ်မှာမဟုတ်ပါဘူးကွာ” “မင်းလုပ်နိုင်မှာမဟုတ်ပါဘူးကွာ”
ဆိုတဲ့စကားတွေအောက်မှာ ကျွန်တော်တို့ရဲ့မရှိမဲ့ရှိမဲ့ယုံကြည်မှုလေးတွေ ပျောက်ဆုံးခဲ့ရတယ်။
အမေရိကားမှာက ကလေးတွေကိုငယ်ငယ်ကတည်းကကိုယ့်ကိုကို ယုံကြည်မှုရှိအောင်လုပ်ပေးကြပါတယ်။ သူတို့သားသမီး
 ငယ်ငယ်လေးထဲကသီချင်းဆိုတာဝါသနာပါတယ်ထင်ရင်အသံဘယ်လောက်ဆိုးဆိုးအားပေးတယ်။ပြီးတော့သားသမီးတွေ
 ရဲ့ရည်မှန်းချက်ဖြစ်မြောက်အောင် Vocal trainingတွေပို့ပေးတယ်။ “America’s got talent” ဆိုတဲ့အစီအစဉ်ကို
 ကြည့်ဖူးကြပါသလား?
Monday, December 15, 2014
®ဦးဖီးလစ်မောင်၏ဟောပြောချက် ®
မင်္ဂလာပါ....
ပထမဦးစွာ ပြောကြားလိုတာကတော့ ကျွန်တော့်ရဲ့ Story of lifeပါ...ကျွန်တော်က ငယ်စဉ်ကအရမ်းဆင်းရဲပါတယ်။ ဒါကလည်းကျွန်တော့်ဘ၀အတွက် အကောင်းဆုံး တွန်းအားတစ်ခုဖြစ်လာတာပါပဲ။ ကျွန်တော်အမေရိကန်ကို စထွက်တော့ 1987ခုနှစ်မှာပါ ဘွဲမရသေးပါဘူး။ လက်ထဲမှာပါတာဆိုလို့ အဲခေတ်က 13 ဒေါ်လာလောက်ပဲပါ ပါတယ်။ ကျွန်တော် California ရောက်ပြီးအလုပ်လုပ်ပါတယ်။ နောက်ကျွန်တော်လုပ်တဲ့အလုပ်က တစ်သက်လုံးလုပ်ဖို့ မဖြစ်သေးဘူးဆိုပြီး ကိုယ်ပိုင်အလုပ်စလုပ်ဖို ဆုဲံ့ဖတ်လိုက်ပါတယ်။ အဲ့အချိန်တုန်းက California မှာ ဆူရှီဆိုင်တွေ စခေတ်စားခါစ။ ကျွန်တော်ကလည်း ၀ါသနာပါတယ်ဆိုတော့ အစားအသောက်လိုင်းကို ရွေးချယ်မိတယ်။ လေ့လာတယ်။ဒေသတစ်ခုလုံးပတ်ပြီး နောက်ဆုံး မီးဖိုချောင်လေးကနေ ကျွန်တော့်ရဲ့ဆူရှီဆိုင်လေးကို အစပျိုးခဲ့ပါတယ်။ အခုတော့ ပြည်နယ်အနှံ့မှာ ဆိုင်ခွဲပေါင်း ၁ထောင်နီးပါးရှိနေပါပြီ။ Franchise ပေးထားတာပေါ့...။
 ကျွန်တော် အစပိုင်းကအလုပ်လုပ်တာ ငွေရဖို့ပဲသိခဲ့တာပါ။ နောက်ပိုင်း အလုပ်လုပ်ရတာ မပျော်ဘူးဖြစ်လာတယ်။ ငွေက၀င်နေပေမယ့် အောင်မြင်တယ်လို့မခံစားရဘူးလေ။ နောက်ပိုင်းမှ ၁၀နှစ်ကျော်လောက်ရှိမယ် စာအုပ်လေးတစ်ခုကိုဖတ်မိပြီး သဘောတွေ့သွားတယ်။ ကုမ္ပဏီ နှစ်မျိုးရှိပါတယ်...ကောင်းတဲ့ကုမ္ပဏီနဲ့ ကြီးကျယ်မြင့်မြတ်သော ကုမ္ပဏီ ပေါ့...။ ကောင်းတာက ၀င်ငွေတိုးတက်မှုရှိနေပြီး အမြတ်အစွန်းများများရနေတဲ့ ကုမ္ပဏီပေါ့။ နောက်တစ်ခုက ကြီးကျယ်မြင့်မြတ်သောကုမ္ပဏီ ...သူကျတော့ ငွေကြေးတစ်ခုတည်းတင်မကတော့ပါဘူး.. ၀န်ထမ်းတွေရဲ့ဘ၀နဲ့ ကုမ္ပဏီယဉ်ကျေးမှုတွေပါ ပါဝင်လာပါတယ်။
 အလုပ်စလုပ်မယ်ဆိုရင် 3Pကို မေ့ထားလို့မရပါဘူး။
1.Pacsion နှစ်ခြိုက်မှု
2.Purpose ရည်ရွယ်ချက်
3. Profit အမြတ်ပါပဲ။
 ဆိလြိုတာက မိမိအလုပ်ကို နှစ်ခြိုက်မှုရှိရမယ်။ စိတ်မ၀င်စားဘဲလုပ်နေရင်တော့ ဘာမှထူးလာမှမဟုတ်ဘူးလေ။ Purpose အနေနဲ့ကတော့ တိကျတဲ့ရည်ရွချက်ရှိရ်ယ်။ ငွေကြေးတစ်ခုတည်းမကတဲ့ရည်ရွယ်ချက်ပေါ့။ ကိုယ်အောင်မြင်လာရင် ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လိုထောက်ပံ့ပေးမလဲဆိုတာမျိုး။ဒါမှရှင်သန်ရတာ အဓိပ္ပါယ်ရှိမှာပေါ့။ တကယ်တမ်းအောင်မြင်လာတော့ ရှာဖွေရတာထက် ပေူဆပ်ရတာက ပိုအဓိပ္ပါယ်ရှိတယ်ဆိုတာ သိလာတယ်။ ဒါကိုအခြေခံ ကြိုးစားမယ်ဆိုရင် နောက်ဆုံးProfitက အလိုလိုရလာမှာပါ...။
 နောက်ပိုင်း Leadership နဲ့ပက်သက်ပြီး ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုသုံးသပ်ကြည့်ရမယ်။ ကျွန်တော်ဖတ်ဖူးတာ လူ၅မျိုးရှိတယ်...။
1. ရန်လိုတတ်တဲ့ လူမျိုး
2. အပျက်သဘောမြင်တတ်တဲ့လူမျိုး
3. ငါအတ္တများနေတဲ့လူမျိုး(49%in American)
 4. We...ငါတို့(22%in American)
 5. Target (2% in American eg; Iphone)
ကိုယ်နဲ့ ထိတွေ့လိုက်တဲ့လူမျိုးဟာ ဘယ်အမျိုးအစားထဲကလူဆိုတာ သိမှသူ့ကိုဘယ်လို စီမံခန်ခွဲရမလဲဆိုတာ သိလာမှာဖြစ်ပါတယ်။ HR အပိုင်းထဲရောက်သွား လိမ့်မယ်ထင်ပါတယ်။